Myint Clinic

Myint Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myint Clinic, Home Health Care Service, Sittaung Villa, Yangon.

မဂ်လာပါရှင့် 🙏မြင့် အထွေထွေရောဂါကုဆေးခန်းလေးမှ နွေးထွေးစွာကြိုဆိုပါတယ်ရှင့်🙏ယခုလို မိုးဦးကျလာပြီမို့ 🌧🌧Seasonal flu vac...
20/05/2022

မဂ်လာပါရှင့် 🙏

မြင့် အထွေထွေရောဂါကုဆေးခန်းလေးမှ နွေးထွေးစွာကြိုဆိုပါတယ်ရှင့်🙏

ယခုလို မိုးဦးကျလာပြီမို့ 🌧🌧Seasonal flu vaccine( ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး) လေးကို ကြိုတင်ထိုးနှံထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်သာမက ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါသည်။

ကျွန်မတို့ရဲ့ 🏥မြင့် ဆေးကုခန်းလေး🏥မှာ 2022 ခုနှစ်အတွက် ​ပြင်းထန်ရာသီတုပ်​ကွေးကာကွယ်​ဆေး (​လေးမျိုးစပ်) WHO အသိအမှတ်ပြုVaxigrip Tetra Myanmar FDA Registered လေးကို ထိုးနှံနိုင်ပါပြီ။

ရာသီတုပ်​ကွေးကာကွယ်​ဆေးထိုးပြီး ၇ - ၁၀ ရက်ကြာမှကိုယ်ခံအား စထွက်တာမို့ တုပ်​ကွေးရာသီမစမီ ​စော​စောထိုး​လေ ပိုကာကွယ်နိုင်လေမို့ ကျန်းမာရေးအတွက် အမြန်ဆုံး ထိုးနှံထားဖို့ လိုအပ်ပါတယ်ရှင့်။

ကာကွယ်​ဆေးများအရည်အ​သွေးအပြည့်အဝရ​စေရန် WHO အသိအမှတ်ပြု ကာကွယ်​ဆေးသီးသန့်ထားသိုသည့်​ရေခဲ​သေတ္တာ (Medical grade ice-lined refrigerator) ဖြင့်ထားသိုသည့်အတွက် မီးပျက်လျှင်လည်း Cold chain ပျက်မှာ စိတ်ပူစရာမလို​တော့ပါ။

Vaxigrip Tetra vaccine လေးမှ ကာကွယ်ပေးတဲ့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကတော့

▫️A/H1 N1
▫️A/H3 N2
▫️B/Washington
▫️B/Phuket တို့ ဖြစ်ပါတယ်။

WHO မှ အသိအမှတ်ပြု ဆေးဖြစ်ပြီး

» ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို အသက်(၆)လအထက်မှ စတင်၍ထိုးနှံနိုင်ပါသည်။

» အောက်ပါသတ်မှတ်ချက်ရှိသူများမှာ ပုံမှန်လူများထက် ပိုမိုထိုးနှံသင့်ပါသည်။

- ကိုယ်ဝန်ဆောင်မိခင်များ
- အသက်(၆) လမှ(၅)နှစ်အထိကလေးများ
- သက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့)
- ကျန်းမာရေးဝန်ထမ်းများ

အသက်အရွယ်အလိုက်

❇️အသက်(၉)နှစ်အောက်ကလေးများတွင် ယခင်ကထိုးခဲ့ဖူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။

❇️ယခင်ကထိုးခဲ့ဖူးခြင်းမရှိပါက ပထမအကြိမ်(၁)လုံးထိုးပြီး တစ်လ (4 ပတ်) အကြာတွင်နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။

❇️အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်
လိုအပ်ပါသည်။

ဈေးနှုန်း - တစ်ဦးလျှင် ၃၀၀၀၀ ကျပ်

ဆေးခန်းတွင် တစ်ရက်ကြိုတင်ရက်ချိန်းပေး၍ လာရောက်ထိုးနှံနိုင်သလို ကျွမ်းကျင်သော ဆရာဝန်များမှ အိမ်တိုင်ရာရောက်ထိုးနှံပေးသည့် vaccine service ကိုလဲ ရရှိနိုင်ပါသည်။

မြို့နယ်အလိုက် သယ်ယူပို့ဆောင်စရိတ်ကို အသက်သာဆုံးနှုန်းထားများဖြင့် ဆောင်ရွက်ပေးထားပါတယ်။

ကာကွယ်ဆေးထိုးနှံလိုသူများ page messenger မှ ဆက်သွယ်နိုင်သကဲ့သို့

☎️hotline - 09424007115ကိုလဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်🔔🔔

အားလုံးပဲ ရောဂါအပေါင်းမှ ကင်းဝေးပြီး စိတ်အေးချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင့်🙏🙏


Healthcare Service

ဟုတ်ကဲ့ မဂ်လာပါရှင့်🙏မြင့်အထွေထွေရောဂါကု ဆေးခန်း Home health care service လေးမှာ လူကြီးမင်းတို့ကိုနွေးထွေးစွာကြိုဆိုပါတယ...
20/05/2022

ဟုတ်ကဲ့ မဂ်လာပါရှင့်🙏
မြင့်အထွေထွေရောဂါကု ဆေးခန်း
Home health care service လေးမှာ လူကြီးမင်းတို့ကိုနွေးထွေးစွာကြိုဆိုပါတယ်ရှင့်🙏

20/05/2022
20/05/2022
20/05/2022

Address

Sittaung Villa
Yangon

Opening Hours

09:00 - 17:00

Telephone

+959424007115

Website

Alerts

Be the first to know and let us send you an email when Myint Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram