YinThway Maternal & Child Call Center

YinThway Maternal & Child Call Center ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး

မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသမှမဆို ဆက်သွယ်နိုင်ခြင်း

24 နာရီပိတ်ရက်မရှိခေါ်ဆိုမှုအကြိမ်အရေအတွက်၊ အချိန်အကန့်အသတ်မရှိခေါ်ဆိုဆွေးနွေးနိုင်ခြင်း

မည်သည့်ဖုန်းနံပါတ်နှင့်မဆို ဆက်သွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင် (သို့မဟုတ်) Baby လေးတို့ရဲ့ အခြေအနေ‌ နှင့် ဆေးမှတ်တမ်း၊ ဆေးပုံတို့ကို ဓာတ်ပုံ သို့မဟုတ် Video များဖြင့်ပေးပို့ဆွေးနွေးပေးနိုင်ခြင်း

ဆေးမှတ်တမ်းအခြေပြု စနစ်ဖြစ်ခြင်း (Electronic Medical

Record)

မိသားစုဆရာဝန်တစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဖွင့်ဟဆွေးနွေးနိုင်ခြင်း၊ နွေးထွေးမှုကို ခံစားရခြင်း

ဖုန်းခေါ်ဆိုလိုက်သည်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် ဆရာဝန် အဆင်သင့်ရှိနေခြင်း၊ ချက်ချင်း တိုင်ပင်ဆွေးနွေးနိုင်ခြင်း

Mobile Banking၊ အွန်လိုင်း Payment များမှတဆင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း

တစ်လစာ Member ဝင်မယ်ဆိုရင် ဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ် နှင့် တစ်လစာအတွက် 5,000 ကျပ် စုစုပေါင်း (10,000) ကျပ်သာ ကျသင့်မှာပါ။

သုံးလစာဝင်မယ်ဆိုရင် တစ်သက်တာဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ်နှင့် သုံးလစာအတွက် 15,000 ကျပ် စုစုပေါင်း 20,000 ကျပ်ပါရှင့်

အီလက်ထရောနစ်ဆေးမှတ်တမ်း EMR အတွက် Member စဝင်တဲ့တစ်ကြိမ်သာပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းထပ်တိုးမည်ဆိုပါက တစ်လလျှင် 5000 ကျပ်ဖြင့် မေမေတို့အဆင်ပြေရာ လအလိုက် Member သက်တမ်းတိုးနိုင်မှာပဲဖြစ်ပါတယ်ရှင့်။

မိခင်နှင့်ရင်‌သွေးတိုင်းအတွက်   ဖြစ်တည်လာတာ   YinThway Call Center 🩺📞ဖေဖေမေမေတို့ဟာ ရင်သွေးလေးရှိပြီလို့ စသိတဲ့နေ့ကစ ပျေ...
11/03/2026

မိခင်နှင့်ရင်‌သွေးတိုင်းအတွက် ဖြစ်တည်လာတာ YinThway Call Center 🩺📞

ဖေဖေမေမေတို့ဟာ ရင်သွေးလေးရှိပြီလို့ စသိတဲ့နေ့ကစ ပျော်ရွှင်မှုနဲ့အတူ ရင်ထဲမှာစိုးရိမ်စိတ်လေးတွေဖြစ်ပေါ်လာကြရပါတယ်။

ဖေဖေဟာ သူ့ရဲ့ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားပေးတဲ့ ဇနီးသည်ကို စိတ်ပူသလို ကလေးငယ်ကိုစိတ်ပူရပါတယ်။ မေမေဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုကိုယ်စိတ်ပူသလို ရင်သွေးလေးအတွက်လည်း ပူပန်ရပြန်ပါတယ်။

စိတ်မချမှု၊ပူပန်မှု၊စိုးရိမ်မှုတွေဟာ ချစ်ခြင်းမေတ္တာကြောင့် ဆိုပေမဲ့ ဖေဖေမေမေတို့အနေနဲ့ တကယ်ကိုပင်ပန်းပါတယ်။

YinThway Call Center က တော့ ပါရမီဆေးရုံအခြေစိုက် မိခင်နှင့်ရင်သွေး အထူးပြု Call Center ဖြစ်တာကြောင့် ပူပန်မှုတွေကို လျော့ချပေးဖို့ တည်ရှိနေပါတယ်။

မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလကို စိတ်မချတဲ့ ဖေဖေတို့အနေနဲ့ ချစ်ရတဲ့ဇနီးအတွက် မန်ဘာဝင်ထားပေးလို့ရသလို မွေးလာတဲ့ ကလေးငယ်လေးအတွက်လည်း YinThway Call Center ကို အားကိုးလို့ရပါတယ်။

မေမေနဲ့ရင်သွေးလေးလိုအပ်တဲ့အချိန် (၂၄) နာရီ (၇) ရက်လုံး YinThway Call Center က ကျန်းမာရေးပညာရှင်များက စိတ်ရှည်စေတနာပါစွာဖြေကြားပေးနေမှာမို့

ပူပန်မှုတွေကို လျော့ချပြီး ချစ်ခြင်းမေတ္တာကြောင့် ကျန်းမာတဲ့ မိခင်နှင့်ကလေးဖြစ်ဖို့ YinThway Call Center ကိုသာ ယုံကြည်လိုက်ပါနော် 🫶🤍


#မိခင်နှင့်ကလေး

မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်အလှတရားနဲ့ အိပ်မက်တွေရှိတယ်ဆိုတာ စာနာပါ 🩺❤️ယနေ့မတ်လ(၁၀) ရက်နေ့ဟာ HIV / AIDS ရောဂါကို မိန်းက...
10/03/2026

မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်အလှတရားနဲ့ အိပ်မက်တွေရှိတယ်ဆိုတာ စာနာပါ 🩺❤️

ယနေ့မတ်လ(၁၀) ရက်နေ့ဟာ HIV / AIDS ရောဂါကို မိန်းကလေးများပိုမိုအသိကြွယ်ဝဖို့ အသိပညာပေးခြင်းနဲ့ ရောဂါခံစားနေရတဲ့ အမျိုးသမီးများကို စာနာသနားခြင်းဖြင့် ဖေးမဖို့ နှိုးဆော်တဲ့ "National Women and Girls HIV/AIDS Awareness Day" ဖြစ်ပါတယ်။

HIV/ AIDS ကို ကာကွယ်နိုင်ဖို့ဆိုတာ မိန်းကလေးတိုင်း အသိပညာဗဟုသုတကြွယ်ဝဖို့ လိုအပ်ပါတယ်၊ မေမေတို့အနေနဲ့ ကိုယ့်ရဲ့သမီးလေးတွေကို ငယ်စဉ်တည်းက သင်ပြပေးထားဖို့ အရေးကြီးပါတယ်။

တိုးတက်လာတဲ့ဆေးပညာတွေနဲ့အတူ HIV/ AIDS ရောဂါ‌ဟာလည်း သာမန်လူကဲ့သို့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်တဲ့ အခွင့်အရေးကိုရရှိလာပြီဖြစ်ပါတယ်။

ရောဂါခံစားနေရတဲ့ အမျိုးသမီးတိုင်းဟာလည်း သူတို့ရဲ့ ကိုယ်ပိုင်အလှတရားနဲ့ အိပ်မက်တွေရှိတာမို့ စာနာသနားသောအားဖြင့် နှိမ်ချ
မလှောင်ပြောင်ကြဘဲ ဖေးမကူညီအားပေးဖို့ 🩺YinThway Maternal & Child Call Center ✨မှ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်ရှင်။🤍


#မိခင်နှင့်ကလေး
Women and Girls HIV/AIDS Awareness Day

ကမ္ဘာကြီးလှပဖို့ဆိုတာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသောအရာတခုပါ🤍🌹ယနေ့မတ်လ (၈) ရက်နေ့ဟာ ကမ္ဘာကြီးရဲ့ အခန်းကဏ္ဍတစ်ခုခ...
08/03/2026

ကမ္ဘာကြီးလှပဖို့ဆိုတာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသောအရာတခုပါ🤍🌹

ယနေ့မတ်လ (၈) ရက်နေ့ဟာ ကမ္ဘာကြီးရဲ့ အခန်းကဏ္ဍတစ်ခုချင်းစီမှာ အရေးပါတဲ့ အမျိုးသမီးများကို ဂုဏ်ပြုတဲ့ "နိုင်ငံတကာအမျိုးသမီးများနေ့" ( International Women's Day ) ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးတွေဟာ အရေးပါတယ်ဆိုတာကို YinThway Call Center အနေနဲ့ ဂုဏ်ပြုဖော်ညွှန်းချင်ပါတယ်။

🌏ကမ္ဘာကြီးတိုးတက်ခေတ်မှီအောင် ကြိုးစားပြောင်းလဲနေသူတိုင်းကို အပင်ပန်းခံမွေးထုတ်ထားတာဟာ အမျိုးသမီး (မိခင်ဖြစ်ပါတယ်) ၊ မိခင်ကမွေးထုတ်လိုက်ပြီး ဆိုးတူကောင်းဖက် ပါရမီဖြည့်ပေးတာဟာလည်း ဇနီး ( အမျိုးသမီးဖြစ်ပါတယ်) ။

✨အောင်မြင်တဲ့ အမျိုးသားတစ်ယောက်နောက်မှာ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတဲ့ အမေရိကန်သမ္မတ‌ဟောင်းကတော်" မီရှယ်အိုဘားမား" ပြောခဲ့သလိုပဲ အမျိုးသမီးတွေဟာ ကမ္ဘာကြီးကိုလှပစွာ တည်ဆောက်တဲ့ နေရာမှာ မိခင်လိုအဖြစ်၊ ဇနီးအဖြစ်သာမက ကိုယ်တိုင်တည်ဆောက်တဲ့ အမျိုးသမီးပညာရှင်များအဖြစ်လည်း ရပ်တည်နိုင်ကြသူများဖြစ်ပါတယ်။

ဒီနေ့နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကမ္ဘာကြီးကို လှပစွာတည်ဆောက်တဲ့နေရာမှာ အရေးပါသော အခန်းကဏ္ဍကနေပါဝင်တဲ့ နိုင်ငံတကာမှ အမျိုးသမီးများအားလုံးကို တလေးတစားဖြင့် ‌YinThway Call Center မှ ဂုဏ်ပြုအပ်ပါတယ်ရှင်။ 🫶🤍

"ရနံ့မွှေးသောပန်းများရဲ့ မေတ္တာကြောင့် ကမ္ဘာကြီး ပိုမိုလှပနိုင်ပါစေ "


#အမျိုးသမီးများနေ့

မေမေတို့ရဲ့ကလေးငယ်တွေ Heat Stroke မဖြစ်ဖို့ရာ ဒါတွေကိုလုပ်ပေးပါ🩺☀️Heat Stroke ဆိုတာဟာ ပြင်ပအပူချိန်အလွန်ပူပြင်းနေတဲ့အချိ...
05/03/2026

မေမေတို့ရဲ့ကလေးငယ်တွေ Heat Stroke မဖြစ်ဖို့ရာ ဒါတွေကိုလုပ်ပေးပါ🩺☀️

Heat Stroke ဆိုတာဟာ ပြင်ပအပူချိန်အလွန်ပူပြင်းနေတဲ့အချိန်မှာ ကိုယ်ခန္ဓာက ကိုယ်အပူချိန်ကို ထိန်းညှိတဲ့စနစ် ချို့ယွင်းပြီး ကိုယ်ခန္ဓာအပူချိန်ကို သာမာန်အတိုင်း ဆက်လက်ထိန်းညှိပေးနိုင်ခြင်းမရှိနိုင်တော့တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။

Heat Stroke ကိုများသောအားဖြင့် ရာသီဥတုအလွန်ပူပြင်းတဲ့ နွေရာသီလိုအချိန်မှာ နေပူရှိန်နဲ့တိုက်ရိုက်ထိတွေ့ပြီး အလုပ်လုပ်နေရတဲ့သူတွေအဖြစ်များပေမယ့် ဘာမှမလုပ်ပဲ အရိပ်ထဲမှာနေတဲ့သူတွေလည်း အပူဒဏ်ကြောင့် heat Stroke ဖြစ်နိုင်ပါတယ်။

အလားတူပဲ မွေးကင်းစနှင့်ကလေးငယ်တွေဟာ Heat Stroke ဖြစ်နိုင်ချေအရှိဆုံးသူတွေဖြစ်တာကြောင့် မေမေတို့အနေနဲ့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

မေမေတို့အနေနဲ့ ကလေးငယ်လေးတွေကို

▪️ပေါ့ပါးချောင်ချိပြီးအရောင်နုတဲ့ ချည်ထည်လေးတွေဝတ်ဆင်ပေးပါ

▪️အပြင်သွားတဲ့အခါ ကားထဲမှမထားခဲ့ပါနဲ့

▪️ရေတိုက်လို့ရတဲ့အရွယ်ဆိုရင်‌ ရေ၊ နို့၊ အာဟာရရည်များတိုက်ကျွေးပေးပါ

▪️နေပူရှိန်မခံစားရအောင် အိမ်ထဲမှာထားပါ

▪️ ကလေးရဲ့ ကျန်းမာရေးအခြေအနေကို ဂရုတစိုက် စောင့်ကြည့်ပါ

မေမေတို့အနေနဲ့ ရာသီဥတုပူပြင်းတဲ့အချိန်မှာ ကလေးကချွေးအများကြီးထွက်တာက အပူဒဏ်ကိုတုံ့ပြန်တဲ့ပုံမှန်နည်းလမ်းဖြစ်ပေမယ့် ရာသီဥတုပူနေပေမယ့် ကလေးကချွေးလုံးဝမထွက်တော့တာ၊ ကလေးကို လက်နဲ့စမ်းကြည့်လို့ ကိုယ်ခန္ဓာကအရမ်းပူလာတယ်ဆိုရင်တော့ ဒါကအပူရှပ်ခြင်းရဲ့အဓိကလက္ခဏာဖြစ်ပါတယ်။

ကလေးငယ်တွေဟာ သူတို့ဘာဖြစ်နေလဲဆိုတာ သေချာထုတ်မပြောပြတတ်တဲ့ နုနယ်သူလေးတွေမို့ မေမေတို့အနေနဲ့ သေချာဂရုစိုက်ပေးပါနော်။

အပူရှပ်ခြင်း ( Heat Stroke ) ဟာ သတိလစ်ခြင်းကနေ အသက်ဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်တာမို့ မေမေတို့ဂရုစိုက်ပေးနိုင်ကြစေဖို့ " YinThway " မှ မျှဝေလိုက်ပါတယ်ရှင်။

မေမေတို့အတွက်အကျိုးရှိရင် အခြားသောမေမေတွေအတွက် တဆင့်မျှဝေပေးခဲ့ပါဦးနော်။



#အပူရှပ်ခြင်း

𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 (𝐔𝐫𝐠𝐞𝐧𝐭)𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲• Customer service ၀န်ဆောင်မှု သဘောသဘာ၀များကို ကောင်းစ...
05/03/2026

𝐖𝐞'𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 (𝐔𝐫𝐠𝐞𝐧𝐭)
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞

𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲

• Customer service ၀န်ဆောင်မှု သဘောသဘာ၀များကို ကောင်းစွာ သိရှိနားလည်နိုင်ရမည် ။

• Problem solving skill ဖြင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများကို တည်ငြိမ်အေးဆေးစွာ ဖြေရှင်းနိုင် ရမည်။

• လုပ်ငန်းလည်ပတ်မှုဆိုင်ရာ Standard operation procedures and guidelines များကို ကောင်းစွာ နားလည်လိုက်နာနိုင်ရမည်။

• Team နှင့် လိုက်လျောညီထွေစွာ Teamwork ကောင်းကောင်းဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။

𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬

• စကားအပြောအဆို ပြေပြစ်ချိုသာ ရမည်။

• Microsoft office (Excel, Word, Power Point) ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

• Facebook, Youtube, Viber, Telegram စသည့် Social media and messaging app များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

• အင်္ဂလိပ်စာ အခြေခံနားလည်တတ်ကျွမ်းရန် လိုအပ်ပါသည်။

• ကျန်းမာရေးနယ်ပယ်အတွေ့အကြုံရှိသူများ ဦးစားပေးမည်။

• အလုပ်အတွက် လိုအပ်သော Training များကို အစမ်းခန့်ကာလအတွင်း လေ့ကျင်သင်ကြားပေးပါမည်။

• Medical knowledge training
• Customer service training
• Operation work flows and SOP training
• Data analysis training
• Facebook Tools Training

• ရုံးလိပ်စာ - ကမ္ဘာအေးဘုရားလမ်း၊ Inya Lake ဟော်တယ်အနီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

စိတ်ပါ၀င်စားသူများ အောက်ပါ email address များသို့ မျှော်မှန်းလစာနှင့်တကွ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

info@myancare.org
dr.kaung.mon@myancare.org

နွေနေပူကြားမှာ ကလေးငယ်လေးကျန်းမာဖို့ ဆိုတာ ...... 🌤🤱 မတ်လစတင်ဝင်ရောက်တာနဲ့ နွေရာသီရဲ့ အပူရှိန်ဟာ  မေမေတို့ရဲ့ကလေးငယ်လေးဆ...
03/03/2026

နွေနေပူကြားမှာ ကလေးငယ်လေးကျန်းမာဖို့ ဆိုတာ ...... 🌤🤱

မတ်လစတင်ဝင်ရောက်တာနဲ့ နွေရာသီရဲ့ အပူရှိန်ဟာ မေမေတို့ရဲ့ကလေးငယ်လေးဆီကို စတင်ရောက်ရှိလာပါပြီ။

မနက်ဘက်ဆိုအေးပြီး နေ့လည်ကစ အပူရှိန်နဲ့ဖြတ်သန်းရတဲ့ တနေ့တာဟာ လူကြီးတွေအတွက်တောင် ခက်ခဲတာမို့ ကလေးငယ်တွေဆိုရင် ပိုလို့တောင် ခံရခက်စေပါတယ်။

နွေနေပူရဲ့ အပူရှိန်ကြောင့် မေမေတို့ရဲ့ ကလေးငယ်လေးတွေ နေမကောင်းဖြစ်ချိန်မှာ အများကြီးပူပန်စရာမလိုဘဲ စိတ်အေးလက်အေးရှိစေဖို့တော့ YinThway Call Center ရှိပါတယ်။

မေမေတို့ရဲ့ နေအိမ်ထဲကနေပဲ (၂၄) နာရီ (၇) ရက်လုံးလိုအပ်တဲ့အချိန် ဖုန်းဆက်ပြီး ကလေးလေးကဒီလိုဖြစ်နေတယ် ဘာလုပ်ရမလဲလို့ မေးလိုက်ရုံပါပဲ။🩺🤍

ကျွမ်းကျင်ကလေးအထူးကုဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်ကိုရရှိမှာဖြစ်တာမို့ ကလေးငယ်လေးကျန်းမာရေးအတွက် စိတ်ချလို့ရပါတယ်ရှင်။

နွေနေပူမှာ ကလေးငယ်လေးကျန်းမာပျော်ရွှင်နေဖို့ဆိုတာ ပြုစုစောင့်ရှောက်နေတဲ့ မေမေဟာ အခရာပဲမို့

ဉတုသုံးပါးစလုံး မေမေတို့ရဲ့ ကလေးငယ်ကျန်းမာရေးအတွက် စိတ်ချရစေဖို့ YinThway မှာ အခုပဲ မန်ဘာလာဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့နော်။ 🌤🩺


#မိခင်နှင့်ရင်သွေး
#မတ်လ

မေမေနှင့်ရင်သွေးငယ်တို့ လေထုညစ်ညမ်းခြင်းကို ဂရုစိုက်ကြရဲ့လား 💬⁉️မနက်ပိုင်းတွေမှာ မြူတွေကျနေသလိုလို၊ မိုးတွေအုံ့နေသလိုလို...
01/03/2026

မေမေနှင့်ရင်သွေးငယ်တို့ လေထုညစ်ညမ်းခြင်းကို ဂရုစိုက်ကြရဲ့လား 💬⁉️

မနက်ပိုင်းတွေမှာ မြူတွေကျနေသလိုလို၊ မိုးတွေအုံ့နေသလိုလိုနဲ့ မြင်နေရတာကို မေမေတို့သတိထားမိကြမှာပါ။

တကယ်တော့ ဒီအရာတွေက မေမေနဲ့ ရင်သွေးငယ်လေးရဲ့ အဆုတ်ထဲထိဝင်ရောက်ပြီး ကျန်းမာရေးပြဿနာတွေဖြစ်စေမဲ့ လေထုညစ်ညမ်းခြင်းဖြစ်နေတာပါ။

လေထုညစ်ညမ်းမှုဟာ ကိုယ်ဝန်ဆောင်မေမေနဲ့ ကလေးငယ်တွေကို ပိုမိုခံစားရစေတဲ့ ပြဿနာဖြစ်တာမို့

🫄မေမေက ကိုယ်ဝန်ဆောင်မေမေဆိုရင်

▪️အတတ်နိုင်ဆုံးအိမ်ပြင်မထွက်ဘဲနေပါ

▪️အပြင်ထွက်ရမယ်ဆိုရင်လည်း N(95)/ KN (95) Mask တွေကိုစနစ်တကျတပ်ဆင်ပါ

▪️ကိုယ်ဝန်ဆောင်အားဆေးအပြင် အဆုတ်အားကောင်းစေတဲ့ ဖြည့်စွက်စာတွေ သောက်ဖို့လိုအပ်မလား‌ဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ

▪️အပြင်ထွက်လမ်းလျှောက်တာထက် အိမ်မှာပဲလမ်းလျှောက်တာ၊ကိုယ်ဝန်ဆောင်ယောဂလုပ်တာမျိုးနဲ့ နေထိုင်ပေးပါ

▪️VitaminC/ Omega 3 / Vitamin E ပါတဲ့အသီးအနှံ၊အသားငါးအာဟာရစုံလင်အောင်စားပေးပါ။

▪️မီးခိုးထွက်တဲ့ အမှိုက်မီးရှို့ခြင်း၊ထင်းမီးဖိုနဲ့ချက်ခြင်း၊‌ခြင်ဆေးခွေ၊အမွှေးတိုင် အစရှိတာတွေကို ရှောင်ကြဉ်ပါ။

လေထုညစ်ညမ်းမှုကြောင့် ‌ကိုယ်ဝန်ဆောင်မေမေတို့
အနေနဲ့ အချိန်မတိုင်မီကလေးမွေးဖွားခြင်း၊ကလေးပေါင်မပြည့်ခြင်းနဲ့ သွေးတိုးရောဂါကို ခံစားရနိုင်တာကြောင့် မပေါ့ဆဘဲလိုက်နာပေးပါနော်။

မေမေအနေနဲ့ အသက်ရှူကြပ်တာ၊ရင်ဘတ်အောင့်တာမျိုးဖြစ်လာခဲ့ရင်နီးစပ်ရာကျန်းမာရေးဌာနကိုသွားရောက်ကုသဖို့လည်း မမေ့ပါနဲ့နော်။

👶ကလေးငယ်လေးတွေဟာလည်း နုနယ်လွန်းတာမို့ လေထုညစ်ညမ်းမှုကို မခံစားနိုင်ကြပါဘူး။

မေမေတို့အနေနဲ့ ကလေးငယ်လေး‌ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ပြဿနာတွေမဖြစ်ရစေဖို့

▪️ကလေးနဲ့အတူအပြင်ထွက်ခြင်းကို တတ်နိုင်သမျှရှောင်ပါ

▪️မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက (၂) နှစ်အထက်ဆိုရင်N95/KN 95 Mask ကိုစနစ်တကျတပ်ဆင်ပါ ( ၂ နှစ်အောက်ကလေးကတော့ Mask လည်းမတပ်ရသလို အပြင်လည်းလုံးဝမထွက်ရပါဘူး)

▪️အိမ်ထဲမှာဖုန်မရှိအောင်ဂရုစိုက်ပါ

▪️လေသန့်စင်စက်ထားရှိပါ

▪️Vitamin ဓာတ် စုံလင်မျှတအောင် ကလေးအပါအဝင် တမိသားစုလုံးစားပေးပါ။

▪️အပြင်ကပြန်လာရင် အိမ်သားအားလုံး လက်ဆေးပြီးမှ ကလေးကိုချီပါ၊ထိပါ။

ကလေးတွေအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဆက်တိုက်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊မောခြင်းများရှိလာပါက နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ကုသမှုခံယူရပါမယ်။

လေထုညစ်ညမ်းမှုဟာ လူတိုင်းမ‌
ပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာဖြစ်တာမို့ 🩺YinThway Call Center 🤍က ချစ်ရတဲ့ မေမေနဲ့ ကလေးငယ်တို့ ကျန်းမာရေးအသိသတိရှိစေဖို့ စေတနာရှေ့ထားပြီး မျှဝေလိုက်ပါတယ်ရှင်။

မေမေတို့ရော လက်ရှိလေထုညစ်ညမ်းမှုပြဿနာကို ဘယ်လိုကာကွယ်နေထိုင်နေကြလဲ မေမေတွေအချင်းချင်း အကူအညီဖြစ်စေဖို့ မျှဝေပေးခဲ့ပါဦးနော်။ 🩺🤍

မှတ်ချက် ။။ ယခုဖော်ပြပါအချက်အလက်များဟာ အထွေထွေဗဟုသုတအဖြစ် မျှဝေခြင်းသာဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များနှင့်သာပြသရန် တိုက်တွန်းအပ်ပါသည်။


#လေထုညစ်ညမ်းခြင်း
#မိခင်နှင့်ရင်သွေး
#ကိုယ်ဝန်ဆောင်

မေမေနဲ့ ရင်သွေးငယ်ကို အမြဲမပြတ် ဘယ်သူက စောင့်ရှောက်ပေးနိုင်မှာလဲ 🤔💬ကိုယ်ဝန်ဆောင်မေမေတွေအတွက် ကျန်းမာရေးဟာ စက္ကန့်နဲ့အမျှ...
23/02/2026

မေမေနဲ့ ရင်သွေးငယ်ကို အမြဲမပြတ် ဘယ်သူက စောင့်ရှောက်ပေးနိုင်မှာလဲ 🤔💬

ကိုယ်ဝန်ဆောင်မေမေတွေအတွက် ကျန်းမာရေးဟာ စက္ကန့်နဲ့အမျှ အရေးပါသလို ကလေးလေးမွေးဖွားပြီးရင်လည်း ကျန်းမာရေးအတွက်က လိုအပ်ချက်တွေများပါတယ်။

ကလေးငယ်နဲ့ မေမေရဲ့ ကျန်းမာရေးလိုအပ်ချက်၊သိချင်သမျှ မေးခွန်းတွေကို အမြဲမပြတ် ပြောပြရှင်းပြပေးမဲ့ နေရာဆိုတာ ရှိရောရှိပါ့မလား ။

✨YinThway Maternal & Child Call Center🩺 မှာတော့ မေမေ့ရဲ့ကိုယ်ဝန်ဆောင်ကာလ လိုအပ်သမျှ၊သိချင်သမျှ ကျန်းမာရေးအကြံပြုချက်များကို ‌ရယူနိုင်တဲ့အပြင် မွေးဖွားပြီးတဲ့ ကလေးငယ်ရဲ့ မွေးကင်းစကနေ ကြီးပြင်းလာတဲ့အထိ ကျန်းမာရေးအကြောင်းတွေကို မေးမြန်းဆွေးနွေးနိုင်အောင် စီစဉ်ပေးထားပါတယ်။

⏰ဘယ်အချိန်မှာ မေးလို့ရမလဲဆိုရင်တော့ YinThway မှာ မန်ဘာဝင်ထားရုံနဲ့" (၂၄) နာရီ (၇) ရက်လုံး" မေမေတို့သိချင်တာကို ဖုန်းတစ်ချက် ကောက်ဆက်လိုက်ရုံပါပဲ။

ကျွမ်းကျင်ကျန်းမာရေးပညာရှင်များက ဖြေဆိုဖို့ အဆင်သင့်စောင့်နေတာဖြစ်လို့ မေမေတို့ဘက်က ဖုန်းလေးခေါ်လိုက်ရုံပါပဲရှင်။🤭🤍

ဒီလောက်ထိ အမြဲမပြတ် အကူအညီဖြစ်စေတဲ့ YinThway Call Center ရှိနေသားနဲ့ ကျန်းမာရေးကိစ္စတွေကို မေမေတစ်ယောက်တည်း ပူပန်မနေပါနဲ့တော့ ။

အခုပဲမန်ဘာဝင်ပြီး စိတ်အေးချမ်းသာစွာ နေလိုက်ပါတော့နော်။🩺🤍


#မိခင်နှင့်ရင်သွေး
#ကျန်းမာရေး

ကလေးမီးဖွားပြီးတဲ့ မေမေတွေကျန်းမာဖို့ ဒီနည်းလမ်းလေးတွေအသုံးချကြည့်ပါ 💬🩺ဘေဘီလေးဗိုက်ထဲမှာရှိစဉ်က အစစအရာရာစိတ်ပူပြီး ဂရုစိ...
20/02/2026

ကလေးမီးဖွားပြီးတဲ့ မေမေတွေကျန်းမာဖို့ ဒီနည်းလမ်းလေးတွေအသုံးချကြည့်ပါ 💬🩺

ဘေဘီလေးဗိုက်ထဲမှာရှိစဉ်က အစစအရာရာစိတ်ပူပြီး ဂရုစိုက်ရတဲ့ မေမေတို့အနေနဲ့ မွေးဖွားပြီးချိန်မှာလည်း ကိုယ်ကိုတိုင်အတွက်ရော ရင်သွေးလေးကိုပါ ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

မေမေတို့အနေနဲ့ မီးဖွားပြီးချိန်မှာ ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူးဆိုရင် တဘဝလုံး ကျန်းမာရေးပြဿနာတွေကို ကြုံရနိုင်တာမို့ ✨YinThway ✨က မျှဝေဖော်ပြမဲ့ နည်းလမ်းလေးတွေကို အသုံးချလိုက်နာကြည့်ပါနော်။

💬🤍 လှုပ်လှုပ်ရှားရှား အရမ်းမလုပ်ပါနဲ့

ကလေးငယ်လေးကို မွေးဖွားပြီးတာနဲ့ မေမေတို့အနေနဲ့ တအားပင်ပန်းတဲ့အလုပ်တွေလုပ်တာ၊ အလေးအပင်မတာ အထပ်မြင့်တက်တာတွေကိုရှောင်သင့်ပါတယ်။

💬🤍 ကောင်းမွန်စွာအနားယူပါ

ကိုယ်ဝန်ဆောင်ကာလမှာလည်း မေမေတို့ပင်ပန်းခဲ့ပြီးပါပြီ။ ကလေးငယ်လေး မွေးပြီးချိန်မှာလည်း အရမ်းကိုပင်ပန်းပြီး ကိုယ်ခန္ဓာကအားနည်းနေတာကြောင့် အပြည့်အဝအနားယူသင့်ပါတယ်။

💬🤍ရေဓာတ်ပြည့်ဝအောင်နေထိုင်ပါ

ကိုယ်ခန္ဓာအားနည်းနေတဲ့အချိန်မှာ ရေဓာတ်ဟာ မေမေတို့အတွက် အလိုအပ်ဆုံးအရာပါ။ ရေဓာတ်ပြည့်ဝနေဖို့ တစ်နေ့ကို ရေ(၈)ခွက်သောက်ပေးရပါမယ်။

💬🤍 အာဟာရမျှဝပြည့်ဝအောင်စားပါ

ကိုယ်ခန္ဓာအားနည်းနေတဲ့အချိန်မှာ မေမေတို့အနေနဲ့ ဘေဘီလေးကိုလည်း နို့ချိုတိုက်ကျွေးရသေးတာမို့ အာဟာရပြည့်ဝနေဖို့လိုပါတယ်။ ဒါကြောင့် အစားအသောက်အစုံအလင်ကို အာဟာရမျှတအောင် စားပေးရပါမယ်။

ကလေးမီးဖွားပြီးချိန်ပင်ပန်းတာတဖက်၊ ကိုယ်ခန္ဓာအားနည်းတာတဖက်မို့ မေမေတို့အနေနဲ့ စိတ်ရောလူရောပင်ပန်းကြတာကြောင့် အတူနေမိသားစုဝင်များက ဂရုစိုက်ပေးဖို့သိပ်ကိုအရေးကြီးပါတယ်။

မေမေတို့ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့၊ကိုယ်ပျော်ရွှင်ဖို့ကို ပထမထားပြီး YinThway က ‌မျှဝေတဲ့နည်းလမ်းတွေအတိုင်း ကျန်းမာအောင်နေကြည့်ပါနော်။

အခြားသောမေမေတွေသိဖို့လည်း စာနာမှုအပြည့်နဲ့ ပြန်လည်မျှဝေပေးပါဦးရှင်။ 🤍🩺


#မိခင်နှင့်ရင်သွေး
#မီးဖွားပြီးချိန်ကျန်းမာရေး

ကိုယ်ဝန်စရှိထဲက စိတ်ချရဖို့  YinThway မှာ မန်ဘာဝင်ထားမှဖြစ်မယ်နော် 🩺🤍ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ကျန်းမာပြီး ကလေးငယ်လ...
18/02/2026

ကိုယ်ဝန်စရှိထဲက စိတ်ချရဖို့ YinThway မှာ မန်ဘာဝင်ထားမှဖြစ်မယ်နော် 🩺🤍

ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ကျန်းမာပြီး ကလေးငယ်လေးကို ကောင်းမွန်စွာ မွေးဖွားနိုင်ဖို့ဆိုတာ ‌ကိုယ်ဝန်စရှိထဲက ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဗိုက်ထဲက ကလေးငယ်နဲ့ မိမိကိုယ်ကို စောင့်ရှောက်ဖို့ဆိုတာ မသိတဲ့ ကျန်းမာရေးအကြောင်းအရာတွေအလွန်များတာမို့ တွေးထားတာထက်တောင် ပိုခက်ခဲမှာပါ။

🩺YinThway Maternal & Child Call Center🤍 မှာတော့ကိုယ်ဝန်ဆောင်မေမေတို့ ကိုယ်ဝန်စရှိထဲက မန်ဘာဝင်ထားရုံနဲ့ ကလေးမွေးပြီးချိန် ကျန်းမာရေးအပြင် ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးဖို့ အသင့်ရှိပါတယ်။

မေမေတို့ ကိုယ်ဝန်စရှိထဲက သိချင်တဲ့ ကျန်းမာရေးမေးခွန်းတွေကို ကလေးအထူးကု ဆရာဝန်ကြီးများက (၂၄)နာရီ (၇) ရက်လုံး ဖြေဆိုပေးနေမှာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအကြံပြုချက်တွေမှာ စိုးရိမ်စရာရှိ၊မရှိ သေချာစွာသိရမှာမို့ ကိုယ်ဝန်ဆောင်မေမေနဲ့ ကလေးငယ်အတွက် မလိုအပ်ဘဲ အချိန်ကုန်လူပင်ပန်းတာမျိုးလည်း မဖြစ်တော့ပါဘူးနော်။

YinThway မှာ မန်ဘာဝင်ရတာဟာ ဈေးနှုန်းပမာဏသေးငယ်ပေမဲ့ပြန်လည်ရရှိမဲ့ မေမေတို့ရဲ့ ကျန်းမာရေးကောင်းကျိုးတွေက မနည်းတာမို့ မန်ဘာဝင်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

မေမေတို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုက မေမေနဲ့ကလေးငယ်လေးဘဝကို လုံခြုံစေမှာမို့ တွေဝေမနေဘဲ အခုပဲ မန်ဘာ လာဝင်လိုက်တော့နော်။



#ကိုယ်ဝန်ဆောင်
#မိခင်နှင့်ရင်သွေး

🧧တရုတ်နှစ်သစ်ကူးဆိုတာဟာ ကောင်းမွန်ခြင်းတွေဘဝထဲကို စတင်ဝင်ရောက်ပြီး မကောင်းသောအရာတွေကိုချန်ထားခဲ့ရတဲ့ ထူးခြားသောနေ့ရက်ဖြစ...
17/02/2026

🧧တရုတ်နှစ်သစ်ကူးဆိုတာဟာ ကောင်းမွန်ခြင်းတွေဘဝထဲကို စတင်ဝင်ရောက်ပြီး မကောင်းသောအရာတွေကိုချန်ထားခဲ့ရတဲ့ ထူးခြားသောနေ့ရက်ဖြစ်ပါတယ်။

နှစ်ဟောင်းမှာဘယ်လောက်ပဲ ကျန်းမာရေးလိုအပ်ချက်တွေရှိခဲ့ပါစေ ဒီနှစ်ကူးအချိန်ကစ အရာအားလုံးဟာ ပိုမိုကောင်းမွန်လာတော့မယ်ဆိုတာကို တရုတ်နှစ်ကူးအချိန်အခါဟာ ယူဆောင်လာပေးတော့မှာပါ။

ဒီလိုထူးခြားတဲ့ နှစ်ကူးနေ့ရက်လေးကစ မကျန်းမာခြင်း၊အဆင်မပြေခြင်းတွေကို နှစ်ဟောင်းမှာထားခဲ့ပြီး ချမ်းသာကြွယ်ဝခြင်း၊ကိုယ်ခန္ဓာကျန်းမာခြင်းတွေကို ယနေ့မှစလက်ဝယ်ပိုင်ဆိုင်ကာပျော်ရွှင်ကြပါစေကြောင်း 🏮YinThway Maternal & Child Call Center🧧 မှ နှစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

Shēn Tǐ Jiàn Kāng🎉


#မိခင်နှင့်ရင်သွေး
#တရုတ်နှစ်သစ်ကူး

ကလေးတွေရဲ့ပျော်ရွှင်ကျန်းမာခြင်းဟာ ကမ္ဘာကြီးကို ပိုမိုလှပစေမှာ 🤍🌷ယနေ့ဖေဖော်ဝါရီလ (၁၃) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကလေးများ...
13/02/2026

ကလေးတွေရဲ့ပျော်ရွှင်ကျန်းမာခြင်းဟာ ကမ္ဘာကြီးကို ပိုမိုလှပစေမှာ 🤍🌷

ယနေ့ဖေဖော်ဝါရီလ (၁၃) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကလေးများရဲ့ ပျော်ရွှင်ကျန်းမာခြင်း‌တွေကို ကိုယ်စားပြုတဲ့ ကလေးများနေ့ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့နေ့လေးမှာ ကလေးများအားလုံးကျန်းမာပျော်ရွှင်ပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ကောင်းမွန်စွာ ရှင်သန်နိုင်တဲ့ ပန်းကောင်းလေးများဖြစ်ကြပါစေကြောင်း "YinThway " မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်

#ကလေးများနေ့

Address

Yangon

Alerts

Be the first to know and let us send you an email when YinThway Maternal & Child Call Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YinThway Maternal & Child Call Center:

Share

ရင်သွေး ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ...

မိမိ ရင်သွေးလေးကို နည်းစနစ်တကျ ပြုစု ပျိုးထောင်ဖို့ ဘယ်သူနဲ့ တိုင်ပင်မလဲ?ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။ကျွမ်းကျင် ဆရာဝန် ၁ ယောက်နဲ့ သီးသန့် အချိန်ယူပြီး အေးအေးဆေးဆေး ဆွေးနွေးလို့ရတာကြောင့် မိမိ ရင်သွေးလေးအတွက် စိတ်ချလက်ချ အကြံရယူနိုင်တယ်။မွေးစ မှ လက်ရှိ အခြေအနေထိ ကလေး ကျန်းမာရေး အခြေအနေများကို မှတ်တမ်းတင် သိမ်းဆည်းပေးထားပြီးတဲ့အပြင် ဖြေကြားပြီးတိုင်းမှာ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ထပ်မံမှတ်တမ်းတင် ထားပေးတယ်။ကုသဖို့ထက် ဆွေးနွေးတိုင်ပင်ဖို့ကို သာရည်ရွယ်ထားပြီး ဆေးရုံဆေးခန်းကို မသွားခင်/ သွားပြီး မှာလည်း ဆွေးနွေးတိုင်ပင်နိုင်တယ်။မိမိရင်သွေး ကို နည်းစနစ်တကျ ပြုစုပျိုးထောင်ဖို့ မိသားစု ဆရာဝန်ကဲ့ သို့ အချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရပြီး ဒီအခွင့်အလမ်း တွေ ရရှိဖို့ အတွက် မန်ဘာဝင်ထားလိုက်ရအောင်မန်ဘာဝင်ရန်အတွက်ဖုန်းဖြင့်စုံစမ်းရန် > ၀၉၇၉၉၂၂၅၅၆၆Messenger တွင်စုံစမ်းရန် > https://m.me/yinthwaymm


  • ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။

  • စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။

  • နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။