YinThway Maternal & Child Call Center

YinThway Maternal & Child Call Center ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေး

မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသမှမဆို ဆက်သွယ်နိုင်ခြင်း

24 နာရီပိတ်ရက်မရှိခေါ်ဆိုမှုအကြိမ်အရေအတွက်၊ အချိန်အကန့်အသတ်မရှိခေါ်ဆိုဆွေးနွေးနိုင်ခြင်း

မည်သည့်ဖုန်းနံပါတ်နှင့်မဆို ဆက်သွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင် (သို့မဟုတ်) Baby လေးတို့ရဲ့ အခြေအနေ‌ နှင့် ဆေးမှတ်တမ်း၊ ဆေးပုံတို့ကို ဓာတ်ပုံ သို့မဟုတ် Video များဖြင့်ပေးပို့ဆွေးနွေးပေးနိုင်ခြင်း

ဆေးမှတ်တမ်းအခြေပြု စနစ်ဖြစ်ခြင်း (Electronic Medical Record)

မိသားစုဆရာဝန်တစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဖွင့်ဟဆွေးနွေးနိုင်ခြင်း၊ နွေးထွေးမှုကို ခံစားရခြင်း

ဖုန်းခေါ်ဆိုလိုက်သည်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် ဆရာဝန် အဆင်သင့်ရှိနေခြင်း၊ ချက်ချင်း တိုင်ပင်ဆွေးနွေးနိုင်ခြင်း

Mobile Banking၊ အွန်လိုင်း Payment များမှတဆင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း

တစ်လစာ Member ဝင်မယ်ဆိုရင် ဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ် နှင့် တစ်လစာအတွက် 5,000 ကျပ် စုစုပေါင်း (10,000) ကျပ်သာ ကျသင့်မှာပါ။

သုံးလစာဝင်မယ်ဆိုရင် တစ်သက်တာဆေးမှတ်တမ်း EMR အတွက် 5,000 ကျပ်နှင့် သုံးလစာအတွက် 15,000 ကျပ် စုစုပေါင်း 20,000 ကျပ်ပါရှင့်

အီလက်ထရောနစ်ဆေးမှတ်တမ်း EMR အတွက် Member စဝင်တဲ့တစ်ကြိမ်သာပေးသွင်းရမည်ဖြစ်ပြီး သက်တမ်းထပ်တိုးမည်ဆိုပါက တစ်လလျှင် 5000 ကျပ်ဖြင့် မေမေတို့အဆင်ပြေရာ လအလိုက် Member သက်တမ်းတိုးနိုင်မှာပဲဖြစ်ပါတယ်ရှင့်။

We're Hiring !!Customer Service Representative (Female – 7 Posts)𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲• Customer service ၀န်ဆောင်မှု သဘောသဘာ၀မျ...
03/12/2025

We're Hiring !!
Customer Service Representative (Female – 7 Posts)

𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲

• Customer service ၀န်ဆောင်မှု သဘောသဘာ၀များကို ကောင်းစွာ သိရှိနားလည်နိုင်ရမည် ။

• Problem solving skill ဖြင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများကို တည်ငြိမ်အေးဆေးစွာ ဖြေရှင်းနိုင် ရမည်။

• လုပ်ငန်းလည်ပတ်မှုဆိုင်ရာ Standard operation procedures and guidelines များကို ကောင်းစွာ နားလည်လိုက်နာနိုင်ရမည်။

• Team နှင့် လိုက်လျောညီထွေစွာ Teamwork ကောင်းကောင်းဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။

𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬

• စကားအပြောအဆို ပြေပြစ်ချိုသာ ရမည်။

• Microsoft office (Excel, Word, Power Point) ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

• Facebook, Youtube, Viber, Telegram စသည့် Social media and messaging app များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

• အင်္ဂလိပ်စာ အခြေခံနားလည်တတ်ကျွမ်းရန် လိုအပ်ပါသည်။

• ကျန်းမာရေးနယ်ပယ်အတွေ့အကြုံရှိသူများ ဦးစားပေးမည်။

• အလုပ်အတွက် လိုအပ်သော Training များကို အစမ်းခန့်ကာလအတွင်း လေ့ကျင်သင်ကြားပေးပါမည်။

• Medical knowledge training
• Customer service training
• Operation work flows and SOP training
• Data analysis training
• Facebook Tools Training

• ရုံးလိပ်စာ - ကမ္ဘာအေးဘုရားလမ်း၊ Inya Lake ဟော်တယ်အနီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

စိတ်ပါ၀င်စားသူများ အောက်ပါ email address များသို့ မျှော်မှန်းလစာနှင့်တကွ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

info@myancare.org
dr.kaung.mon@myancare.org

02/12/2025

ရုတ်တရက်အေးလာတဲ့ဆောင်းရာသီမှာ ကလေးငယ်တွေအအေးမမိအောင် ဒါတွေကိုဆောင်❄️🩺

ဒီရက်ပိုင်းထဲမှာ ရာသီဉတုဟာ သိပ်ကိုအေးလာတာကြောင့် လူကြီးတွေတောင် ဖျားနာချင်သလိုလိုဖြစ်နေကြတာပါ။

ဒီလိုရုတ်တရက်အပူချိန်ကျဆင်းပြီးအေးလာတဲ့ ‌ဆောင်းရာသီမှာ မေမေတို့အနေနဲ့ ကလေးငယ်လေးအအေးမမိအောင် ဂရုစိုက်ဖို့က သိပ်ကိုအရေးကြီးပါတယ်။

ကလေးလေးကို ဂရုစိုက်ဖို့ နည်းလမ်းလေးတွေသိချင်ရင်တော့ Video ကို အဆုံးထိကြည့်ပေးပါမေမေတို့ရေ🫶🤍

အလွန်အေးတဲ့အချိန်အခါမှာ ကလေးငယ်ကျန်းမာရေးအတွက် စိတ်ချရဖို့ ပြင်ဆင်ပါ 🩺❄️ရာသီဉတုဟာ သိပ်ကိုအေးလာတာကြောင့် ကလေးငယ်တွေရဲ့ ကျ...
01/12/2025

အလွန်အေးတဲ့အချိန်အခါမှာ ကလေးငယ်ကျန်းမာရေးအတွက် စိတ်ချရဖို့ ပြင်ဆင်ပါ 🩺❄️

ရာသီဉတုဟာ သိပ်ကိုအေးလာတာကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာစေပါတယ်။

အလွန်အေးတာမို့ တကူးတကအပြင်ထွက်ပြီး ဆရာဝန်ဆီသွားဖို့ရာလည်း ကလေးငယ်အတွက် ပိုပင်ပန်းစေမှာပါ ။

ဒီလိုဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဗျာများနေရခြင်းတွေအတွက် ❄️YinThway Call Center🤍 ရှိပါတယ်။

ကလေးငယ်တွေရဲ့ အအေးမိဖျားနာ၊နှာစေးနှာပိတ်တာ‌
တွေကစလို့ လိုအပ်တဲ့ ကျန်းမာရေး ကိစ္စတိုင်းအတွက် (၂၄) နာရီ (၇) ရက်လုံး ဆွေးနွေးတိုင်ပင်ပေးမှာဖြစ်လို့ 💁‍♀

နေအိမ်ကနေပဲ အပြင်ထွက်စရာမလိုဘဲ ဖုန်းလေးတစ်ခေါက်ဆက်လိုက်ရုံနဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် ဆွေးနွေးဖို့အဆင်ပြေစေမှာပါ။

အခုလိုအေးနေတဲ့ အချိန်အခါမှာ ကလေးငယ်ရဲ့ ကျန်းမာရေးဟာ ဂရုစိုက်ပေးဖို့ သိပ်ကိုလိုအပ်တာမို့ အများကြီးတွေဝေမနေဘဲ ❄️YinThway 🩺ကိုသာရွေးချယ်မန်ဘာဝင်လိုက်ပါနော်။


#ဆောင်းရာသီ
#ကလေးကျန်းမာရေး

29/11/2025

💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜
💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜
💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜

ဒီနေ့ကို အမှတ်ရပြီး
🌟 လမစေ့ကလေးတိုင်းအနာဂတ်တောက်ပဖို့
💜 စောစီးထိရောက်စွာ ပြုစုစောင့်ရှောက်နိုင်အောင်
အားလုံးအတူတကွ 🤝 လက်တွဲကူညီကြစို့!
မိသားစုဝင်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရပ်ရွာ လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ ကူညီဖေးမမှုက
💜 💫 လမစေ့ကလေးတိုင်းအတွက် အလင်းတန်းလေးပါပဲ 🌱 💜

#လမစေ့မွေးကလေးငယ်များအနာဂတ်တောက်ပရေးစောစီးထိရောက်စွာစောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ဖေဖေဂိမ်းဆော့နေတဲ့အခါ မေမေတို့လည်း ဒီလိုပဲမလား 💬🤭အလုပ်ပိတ်ရက် ဂိမ်းလေးဆော့လိုက်အုံးမယ်ကွာ တွေးထားတဲ့ဖေဖေရယ် ဖေဖေအလုပ်ပိတ...
28/11/2025

ဖေဖေဂိမ်းဆော့နေတဲ့အခါ မေမေတို့လည်း ဒီလိုပဲမလား 💬🤭

အလုပ်ပိတ်ရက် ဂိမ်းလေးဆော့လိုက်အုံးမယ်ကွာ တွေးထားတဲ့ဖေဖေရယ်

ဖေဖေအလုပ်ပိတ်တုန်း ကလေးကူထိန်းပေးစေချင်တဲ့ မေမေရယ်

ဘယ်သူထိန်းထိန်း အဆော့သန်တဲ့ ကလေးလေးရယ်နဲ့ ဒီလို အခိုက်အတန့်လေးက မေမေတို့ကြုံနေကျပဲမလား

ဖေဖေဂိမ်းဆော့ရင် ‌YinThway ရဲ့ မေမေတို့က ဘယ်လိုလုပ်လေ့ရှိကြလဲ ဟာသအမြင်နဲ့ ဖော်ပြထားတာဖြစ်လို့ မေမေတို့လည်း မျှဝေပေးခဲ့ပါအုံးနော် ။🫶🤍


#ကိုယ်ဝန်ဆောင်ကျန်းမာရေး
#ကလေးကျန်းမာရေး

26/11/2025

ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် စိတ်မချဖြစ်နေလား ⁉️


#ကိုယ်ဝန်ဆောင်ကျန်းမာရေး

26/11/2025

လမစေ့ကလေးများကို ဘယ်လိုမှန်ကန်စွာ ပြုစုသင့်လဲ? 👶💜

လမစေ့ဘဲ ကလေးမွေးလာတဲ့အခါ ဘာတွေသတိထားဖို့, ဘယ်လိုပြုစုပေးရဖို့ လိုအပ်သလဲ?
✨ အခြေခံကလေးပြုစုစောင့်ရှောက်မှု ဆိုတာဘာလဲ?
✨ ဘယ်လိုအခြေအနေတွေမှာ လုပ်ဆောင်သင့်လဲ?
✨ သားပိုက်ကောင်မိခင်ပြုစုစောင့်ရှောက်မှု (KMC) ဆိုတာဘာ လဲ?
✨ ဘယ်သူတွေ၊ ဘယ်အချိန်မှာ ပြုလုပ်ပေးသင့်သလဲ?

“လမစေ့ကလေးများနေ့” အထိမ်းအမှတ်
ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော ပညာပေးဇာတ်လမ်းကနေ ဒီအကြောင်းများကို အသေးစိတ်လေး လေ့လာကြည့်ပါဦး… 💜👶

#လမစေ့မွေးကလေးငယ်များ အနာဂတ်တောက်ပရေး စောစီးထိရောက်စွာ စောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ကိုယ်ဝန်ရှိမှန်းစသိတော့ မေမေတို့စိတ်ထဲဘယ်လိုခံစားကြရလဲ 🫶⁉️ကိုယ်ဝန်ရှိမှန်းစသိသိချင်းအချိန်မှာ မေမေတွေဟာ တစ်ယောက်နဲ့ တစ်ယ...
24/11/2025

ကိုယ်ဝန်ရှိမှန်းစသိတော့ မေမေတို့စိတ်ထဲဘယ်လိုခံစားကြရလဲ 🫶⁉️

ကိုယ်ဝန်ရှိမှန်းစသိသိချင်းအချိန်မှာ မေမေတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ခံစားချက်တွေမတူကြပါဘူး။ ဒီနေ့မှာတော့ မေမေတို့ရဲ့ ရင်သွေးလေးဘဝထဲဝင်လာတဲ့အချိန်လေးကို YinThway နဲ့အတူပြန်တမ်းတကြည့်ရအောင်နော်။

မေမေတို့ရဲ့ ရင်သွေးလေးကို စရှိမှန်းသိသိချင်း ဘယ်လိုပျော်ရွှင်စိတ်လှုပ်ရှားမှုကိုခံစားခဲ့ရလဲ ကောမန့်မှာ ‌မျှဝေပြောပြပေးခဲ့ပါအုံးနော်🤍🩺


#ကိုယ်ဝန်ဆောင်မေမေ

23/11/2025
22/11/2025

🧼 မိသားစုကို အချစ်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက ဘာလဲ? 🤔

အဖြေကတော့ အလွယ်ဆုံး၊ အစွမ်းအထက်ဆုံး နည်းလမ်းဖြစ်တဲ့ ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် လက်ဆေးခြင်း ပါပဲ! ✅

နှစ်စဉ် အောက်တိုဘာလ (၁၅) ရက်နေ့ ကို ကမ္ဘာ့လက်ဆေးခြင်းနေ့အဖြစ် သတ်မှတ်ထားပေမယ့်၊ ဒီအလေ့အကျင့်ကောင်းဟာ တစ်ရက်တည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ မိသားစုကိုချစ်တဲ့၊ ကာကွယ်ပေးတဲ့ နေ့စဉ်အလေ့အကျင့် ဖြစ်တယ်ဆိုတာ အရေးကြီးဆုံး မက်ဆေ့ချ်ပါပဲ။
ဒီနှစ် ကမ္ဘာ့လက်ဆေးခြင်းနေ့ကို ပုံမှန်အတိုင်းမဟုတ်ဘဲ "လက်ဆေးခြင်း Short-Form ဗီဒီယိုပြိုင်ပွဲ" လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ပါတယ်။

ဒီရိုးရှင်းတဲ့ အပြုအမူရဲ့ အရေးပါတဲ့ သတင်းစကားကို လူတိုင်းဆီ ဖြန့်ဝေပေးနိုင်ဖို့ ကမ္ဘာ့လက်ဆေးခြင်းနေ့အထိမ်းအမှတ်နဲ့ ပြိုင်ပွဲဝင်များရဲ့ စိတ်ဝင်စားစရာ အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

ကျန်းမာတဲ့မိသားစုဘဝအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ ➡️

#သန့်ရှင်းကျန်းမာလက်ဆေးဖို့_သူရဲကောင်းအဖြစ်ပါဝင်စို့

ကလေးငယ်ရဲ့ဘဝတစ်သက်တာမှာ ကျန်းမာရေးဟာ အရေးကြီးဆုံးပါ ( World Children Day )🩺👶ယနေ့ဟာ ကလေးငယ်တိုင်းရဲ့ အခွင့်အရေး၊ရွေးချယ်ခ...
20/11/2025

ကလေးငယ်ရဲ့ဘဝတစ်သက်တာမှာ ကျန်းမာရေးဟာ အရေးကြီးဆုံးပါ ( World Children Day )🩺👶

ယနေ့ဟာ ကလေးငယ်တိုင်းရဲ့ အခွင့်အရေး၊ရွေးချယ်ခွင့်၊အရည်အချင်းတွေကို မြင့်တင်ပေးကာ ပြုစုပျိုးထောင်ဖို့ အသိပညာပေးတဲ့ ကမ္ဘာ့ကလေးများနေ့ 🌏( World Children Day )ပဲ ဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာတွေမှာ အကောင်းဆုံးဖြစ်နေဖို့လိုတဲ့ အဓိကသော့ချက်ဟာ ကျန်းမာရေးပါ။

ကလေးငယ်တစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုအရာတွေ ပြည့်စုံနေပါစေ ကျန်းမာရေးအားနည်းနေမယ်ဆိုရင်တော့ ဘယ်လိုပန်းတိုင်ကိုမှ ရောက်ရှိအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။

ကျန်းမာရေးလို့ ဆိုတဲ့နေရာ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းတွေပြည့်ဝဖို့ လိုအပ်တာမို့ ငယ်စဉ်ထဲက အစာအာဟာရတွေကိုစုံလင်မျှတစွာကျွေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနဲ့ ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကလေးရဲ့စိတ်ခံစားချက်၊ လုံခြုံမှုတွေအတွက် မိဘနဲ့ပတ်ဝန်းကျင်က နွေးထွေးကြင်နာစွာစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။

စိတ်ကျန်းမာ၊ကိုယ်ကျန်းမာမှသာ အနာဂတ်ကောင်းတဲ့ ဘတတစ်ခုကို ကိုယ်တိုင်တည်ဆောက်တတ်တဲ့ သူအဖြစ် ရှင်သန်လာနိုင်မှာမို့ ✨

ဘယ်အရာနဲ့ယှဉ်ယှဉ်ကလေးငယ်ရဲ့ကျန်းမာရေးကို ဉီးစားပေးပါ၊ကြင်နာပါ၊နွေးထွေးပါ ၊ချစ်ခြင်းမေတ္တာနဲ့ ထွေးပွေ့ဂရုစိုက်ခြင်းက ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ ခွန်အားတွေအများကြီးရနိုင်ပါတယ်။ ကလေးငယ်ရဲ့ဘဝတစ်သက်တာမှာကျန်းမာရေးဟာ အရေးကြီးဆုံးဖြစ်ကြောင်း YinThway မှ မျှဝေအပ်ပါတယ်ရှင်။🩺🤍



#ကမ္ဘာ့ကလေးများနေ့

20/11/2025

နိုဝင်ဘာလ (၁၇) ရက်နေ့ဟာ လမစေ့မွေးကလေးများနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်ကျင်းပနေကြပါတယ်။

👶✨ လမစေ့မွေးဖွားခဲ့တဲ့ ကလေးလေးကိုအဖေတစ်ယောက်အနေနဲ့ တိုက်ပွဲဝင်သလို စောင့်ရှောက်ခဲ့တဲ့ ခရီး…NICU ထဲက စက်သံတွေကြား
နေ့တိုင်း စိုးရိမ်ပြီးလည်း နေ့တိုင်း အားလည်း ပိုမိုတိုးလာခဲ့တယ်။
ကလေးလေးက တဖြည်းဖြည်း အားပြန်ရလာတဲ့အချိန်တိုင်း “မင်းက သက်ရှည် တိုက်ပွဲဝင်သူလေး”လို့ ပြန်ပြန်ပြောပေးခဲ့တယ်💜
အသေးဆုံးလေးတွေကပဲအကြီးဆုံး စွမ်းအားရှိကြပါတယ်။

ပညာပေးဇာတ်လမ်းလေးထဲမှာတော့ အသေးစိပ်လေး ဝေမျှထားပါတယ်။ အဆုံးထိကြည့်ပြီး လမစေ့မွေးကလေးများနေ့ကို အတူပါဝင် ဖေးကူကြပါစို့။

#လမစေ့မွေးကလေးငယ်များ အနာဂတ်တောက်ပရေး စောစီးထိရောက်စွာ စောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










Address

Yangon

Alerts

Be the first to know and let us send you an email when YinThway Maternal & Child Call Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YinThway Maternal & Child Call Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ရင်သွေး ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ...

မိမိ ရင်သွေးလေးကို နည်းစနစ်တကျ ပြုစု ပျိုးထောင်ဖို့ ဘယ်သူနဲ့ တိုင်ပင်မလဲ?ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။ကျွမ်းကျင် ဆရာဝန် ၁ ယောက်နဲ့ သီးသန့် အချိန်ယူပြီး အေးအေးဆေးဆေး ဆွေးနွေးလို့ရတာကြောင့် မိမိ ရင်သွေးလေးအတွက် စိတ်ချလက်ချ အကြံရယူနိုင်တယ်။မွေးစ မှ လက်ရှိ အခြေအနေထိ ကလေး ကျန်းမာရေး အခြေအနေများကို မှတ်တမ်းတင် သိမ်းဆည်းပေးထားပြီးတဲ့အပြင် ဖြေကြားပြီးတိုင်းမှာ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း ထပ်မံမှတ်တမ်းတင် ထားပေးတယ်။ကုသဖို့ထက် ဆွေးနွေးတိုင်ပင်ဖို့ကို သာရည်ရွယ်ထားပြီး ဆေးရုံဆေးခန်းကို မသွားခင်/ သွားပြီး မှာလည်း ဆွေးနွေးတိုင်ပင်နိုင်တယ်။မိမိရင်သွေး ကို နည်းစနစ်တကျ ပြုစုပျိုးထောင်ဖို့ မိသားစု ဆရာဝန်ကဲ့ သို့ အချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရပြီး ဒီအခွင့်အလမ်း တွေ ရရှိဖို့ အတွက် မန်ဘာဝင်ထားလိုက်ရအောင်မန်ဘာဝင်ရန်အတွက်ဖုန်းဖြင့်စုံစမ်းရန် > ၀၉၇၉၉၂၂၅၅၆၆Messenger တွင်စုံစမ်းရန် > https://m.me/yinthwaymm


  • ကလေးကျွမ်းကျင်ဆရာဝန်များစွာရှိသော ရင်သွေး call center သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်မဆို ဖုန်းခေါ်ပြီး တိုင်ပင်လို့ရမယ်။

  • စိတ်ရှည်ရှည် နဲ့ အချိန် အကြာကြီး ပေးပြီး ကလေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအချိန်မရွေး ဆွေးနွေးလို့ရမယ်။

  • နာမကျန်းဖြစ်ရင်မှမဟုတ်ဘဲ အာဟာရ (သို့) ဖွံ့ဖြိုးမှုနှင့်ဆိုင်တဲ့ကိစ္စများအပြင် ကလေးကျန်းမာရေး နဲ့ ပတ်သတ်သော မည်သည့်ကိစ္စ ကို မဆို ဆွေးနွေးတိုင်ပင်နိုင်တယ်။