23/11/2025
သွားပိုးပေါက်က ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိလဲသိပါသလား? သွားကျန်းမာရေးကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Signal မှ သွားပိုးပေါက်အခမဲ့စစ်ဆေးပေးနေပါပြီ…..
သွားတွေက သင့်ခန္ဓာကိုယ်ကျန်းမာရေးအကြောင်းတွေ ပြောပြနေတယ်ဆိုတာ သိပါသလား? သွားပိုးပေါက်လေးတွေက သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်လဲဆိုတာ သိထားဖို့ အရမ်းအရေးကြီးပါတယ်။ သွားပိုးပေါက်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ခံစားရခက်ခဲလွန်းတာကြောင့် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ သွားကျန်းမာရေးကောင်းမွန်မှ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာပျော်ရွှင်နိုင်မှာပါ။
သွားပိုးပေါက် သို့မဟုတ် သွားပျက်စီးခြင်း ဆိုတာ သွားရဲ့မာကြောတဲ့အပေါ်ယံလွှာ ကြွေလွှာ ပျက်စီးခြင်းကို ဆိုလိုပါတယ်။ သွားပိုးပေါက်ဆိုတာကတော့ သွားထဲမှာ အပေါက်သေးသေးလေးဖြစ်နေတာပါ။
သွားပိုးပေါက်တွေရဲ့ လက္ခဏာနဲ့ သင်္ကေတတွေဟာ သူတို့ရဲ့ တည်နေရာနဲ့ ဧရိယာပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ သွားပိုးပေါက်တွေ စဖြစ်လာပြီဆိုရင်လည်း ဘာလက္ခဏာမှ ပြဦးမှာ မဟုတ်သေးပါဘူး။ ပျက်စီးမှုတွေ ပိုကြီးလာပြီဆိုရင်တော့ သွားနာခြင်း၊ သွားကို အထိမခံနိုင်ခြင်း၊ အချို ၊ အပူ သို့မဟုတ် အအေး တစ်ခုခု စားတဲ့အချိန်မှာ အနည်းငယ်နာကျင်တာကနေ စူးစူးရှရှ နာကျင်တာမျိုးထိဖြစ်နိုင်ခြင်း၊ သွားမှာမြင်နိုင်တဲ့ အပေါက်တွေ ရှိနေခြင်း၊ အညိုရောင်၊ အမဲရောင် သို့မဟုတ် အဖြူရောင်အစွန်းများ သွားပေါ်တွင် ကျန်ရှိနေခြင်းနဲ့ ကိုက်လိုက်တာနဲ့ နာကျင်မှုကို ခံစားရခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
သွားအခေါင်းပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်းများကို စောစီးစွာ ကုသမှုမခံယူလျှင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်တဲ့ မခံနိုင်အောင် သွားကိုက်ခြင်း၊ သွားတစ်ဝိုက်တွင် ပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ သွားများ ပျက်စီးခြင်း သို့မဟုတ် ကျိုးခြင်း၊ အစာကောင်းစွာ မဝါးနိုင်ခြင်းတို့ ဖြစ်စေပြီး ထိုအဆင့်တွင် ကုသမှု မပြုလုပ်ပါက ပို၍ပြင်းထန်သော ပြဿနာများဖြစ်တဲ့ အလွန်အမင်း နာကျင်သောကြောင့် နေ့စဥ်လုပ်ငန်းများအား လုပ်ဆောင်ရန် ခက်ခဲခြင်း၊ အစာစားရန် ခက်ခဲခြင်း သို့မဟုတ် အစာကောင်းစွာ မဝါးနိုင်ခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အာဟာရဆိုင်ရာပြဿနာများဖြစ်ခြင်း၊ သွားများဆုံးရှုံးခြင်း၊ သွားပိုးဝင်ခြင်းအား စောစီးစွာ ကုသမှု မပြုလုပ်ပါက ပို၍ ပြင်းထန်သော သွားအမြစ်ထိပ်ပြည်တည်နာ (periapical abscess) စတာတွေအထိဖြစ်နိုင်ပါတယ်။
သွားအမြစ်ထိပ်ပြည်တည်နာ ဖြစ်လာပါက မေးရိုး (သို့မဟုတ်) မျက်နှာသို့ ပျံ့နှံ့သွားပြီး နာကျင်ခြင်း၊ မျက်နှာရောင်ရမ်းခြင်းနဲ့ လည်ပင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်တဲ့အပြင် ဘေးပတ်လည်ရှိ တစ်ရှူးများနှင့် ခန္ဓာကိုယ်ရဲ့ အခြားသောနေရာများသို့ ပျံ့ နှံ့သွားနိုင်သဖြင့် အချို့တွင် ဦးနှောက်အထိ ပျံ့နှံ့ခြင်း၊ ပိုးဆိပ်ပျံ့ခြင်းအထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် သင့်ရဲ့သွားတွေကို ဂရုစိုက်ဖို့အတွက် Signal ကနေ “Dr.Signal နဲ့စစ်ဆေး သွားပိုးပေါက်ကာကွယ်ရေး” ဆိုတဲ့ အခမဲ့သွားကျန်းမာရေးစစ်ဆေးပေးမယ့် အစီအစဉ်ကိုစတင်လိုက်ပါပြီ.... အဆိုပါအစီအစဉ်မှာဆိုရင် Signal က Dr.Signal အခမဲ့သွားစစ်ဆေးရေး ရွှေ့လျားကားဖြင့် မြို့အနှံ့မှာ လာရောက်စစ်ဆေးပေးမှာဖြစ်ပါတယ်။ Dr.Signal အခမဲ့သွားစစ်ဆေးရေး ရွှေ့လျားကားက ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိနေမယ်ဆိုတာကို Signal Myanmar Facebook ပေ့ချ်မှာ ဝင်ရောက်လေ့လာပြီး အခမဲ့သွားရောက်စစ်ဆေးနိုင်တာမလို့ သွားကျန်းမာရေးကို အခုပဲ ကြိုတင်ကာကွယ်ထားလိုက်ကြရအောင်!
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠
ဲ့စစ်ဆေးသွားပိုးပေါက်ကာကွယ်ရေး