15/09/2025                                                                            
                                    
                                                                            
                                            https://www.facebook.com/share/p/1MDfFc9W12/
ကျနော့်အသက် ၄၉ နှစ်ရှိပြီ။
ဇနီး နဲ့ ကလေး ၃ ယောက်ရဲ့ဖခင်ပါ။
ကျနော်က တဦးတည်းသောသားမို့
အမေဆုံးပြီးနောက်ပိုင်း ဆွေမျိုးရင်းချာဆိုလို့
ကိုယ့်မိသားစုအပြင် အဖေပဲ ရှိတော့တယ်။
အိမ်ထောင်သက်ကာလတောက်လျှောက်
အလုပ်ထဲမှာပဲ ဘဝကို မြှုပ်နှံထားတယ်။
အပ်ထည်ပစ္စည်းတွေ အချိန်မီပေးနိုင်ဖို့
ကုမ္မဏီအစည်းအဝေး 
အားလပ်ရက်မှာ ကလေးတွေကို ကစားရုံပို့ရတာနဲ့
အဖေ့ကို သွားတွေ့ဖို့ အချိန်မရှိဘူး
လို့ ကိုယ်ဖာသာ မှတ်ယူလက်ခံထားတယ်။
တကယ်တော့ အဖေ့အိမ်ဟာ ကားမောင်းသွားရင်
ကျနော်တို့နဲ့ မိနစ် ၃၀ လောက်ပဲ ဝေးတာပါ။
ဒါပေမဲ့ နောက်ဆုံးအဖေ့အိမ်ရောက်ခဲ့တာတောင်
အတော့်ကို ကြာခဲ့ပြီ။
အရင်က မသွားနိုင်ပေမဲ့
ရက်ခြား ဖုန်းဆက်သတင်းမေးဖြစ်သေးတယ်။
နောက်တော့ အားလပ်ချိန်ရှာမရလို့ 
တလ တကြိမ်လောက် မဖြစ်မနေအားယူဆက်ရတယ်။
အဖေက အင်္ဂလိပ်ရုပ်ရှင်အင်မတန်ကြိုက်တယ်။
ရုပ်ရှင်ရုံမှာ သွားကြည့်ရတာကိုမှ ကြိုက်တာ
ငယ်ငယ်ကဆို ကျနော်နဲ့အတူသွားကြည့်ပြီး
ဇာတ်လမ်းက ဘယ်သို့ ဘယ်ချမ်းသာ စသဖြင့်
တောက်လျှောက်ပြောပြတာ။
အဖေဟာ အမေဆုံးပါးသွားပြီးကတည်းက
တယောက်တည်း နေခဲ့ရတာ။
အဖေ အထီးကျန်နေမှာကို သိပေမယ့်
လေးလေးနက်နက်စဉ်းစားဖို့ ရှောင်လွှဲမိခဲ့တယ်။
တညမှာတော့
ဇနီးသယ်က ကျနော့်ကို သေချာစိုက်ကြည့်ရင်း
“ ကို - ကို့အဖေဆီ ဘယ်တုန်းက နောက်ဆုံးရောက်ခဲ့လဲ၊
ရောက်တယ် ဆိုတာ၊ ရောက်ပြန်ကို ပြောတာမဟုတ်ဘူး၊
အဖေ့ကို အချိန်ပေးစကားပြောခဲ့တာကို ပြောတာ၊
တယ်လီဖုန်းမှန်မှန်ဆက်တာလည်း မဟုတ်ဘူး။ “
ကျနော် ပါးစပ်ဟောင်းလောင်းနဲ့ 
ဘာပြန်ပြောရမှန်း မသိဘူးဖြစ်သွားတယ်။
ဒီနောက် ဇနီးသယ်ဟာ သူမရဲ့ပိုက်ဆံအိတ်ထဲမှ
ရုပ်ရှင်လက်မှတ် ၂ စောင် ထုတ်လိုက်တယ်။
“ ဒီအပတ်ရုံးပိတ်ရက်မှာ
အဖေ့ကိုခေါ်ပြီး ရုပ်ရှင်အတူသွားကြည့်၊
ဘာမှဆင်ခြေ ပေးမနေနဲ့၊ သွားဖြစ်အောင် သွား “
ဒါနဲ့ လက်မှတ်တွေ ယူသိမ်းလိုက်ပြီး
အဖေ့ဆီ ဖုန်းဆက်ပြောပြလိုက်တော့
အဖေ အလွန်အံ့အားသင့် ဝမ်းသာသွားတယ်။
“ သား အဆင်ပြေရဲ့လား “ တဲ့။
“ ပြေပါတယ်၊ 
အဖေနဲ့အတူ ရုပ်ရှင်ကြည့်ချင်စိတ် ပေါ်လာလို့ပါ “
လို့ အပြစ်ကို ဖာဖာထေးထေးလေးပြောလိုက်မိတယ်။
တဖက်က အဖေ့အသံ ရုတ်တရက်ထွက်မလာဘူး။
တအောင့်နေမှ တုန်ယင်တဲ့အသံနဲ့
“ အေးကွာ၊ အဖေ ရုပ်ရှင်သွားကြည့်ရမှာ ပျော်နေပြီ “
စနေနေ့ အဖေ့အိမ်ရောက်တော့
အဖေက အပြင်သွားအဝတ်အစားဝတ်ထားပြီး
ဝရံတာလေးမှာ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတာ
တွေ့ရတယ်။
ကျနော့်ကိုတွေ့တော့ ကလေးတယောက်လိုပဲ
အားရဝမ်းသာ ပြုံးပြတယ်။
“ အေးကွာ၊
ရုပ်ရှင်ရုံမှာ သွားမကြည့်ရတာ ကြာလှပြီကွ။
မနက်ကတောင် လ္ဘက်ရည်ဆိုင်မှာ
ကိုကြည်ဝင်းတို့ ကိုမြသိန်းတို့ကို ကြွားခဲ့သေးတယ်၊
ဒီကောင်တွေ မနာလိုဖြစ်ကျန်ခဲ့တယ်ကွ “
အဖေ ရွှင်လန်းမြူးတူးနေတာကြည့်ပြီး
ကျနော် ဝမ်းသာသလိုလို ဝမ်းနည်းမိသလိုလို 
ခံစားရတယ်။
ရုပ်ရှင်ရုံထဲရောက်တော့
ကျနော် အသက် ၁၂ နှစ်အရွယ် ပြန်ဖြစ်သွားသလိုပဲ။
ရုပ်ရှင်ရုံလှေကားတက်တော့လည်း
အဖေ့က ကျနော့်လက်မောင်းကို ဆုပ်ကိုင်ထားတယ်။
အဖေ့လှုပ်ရှားမှုတွေ နှေးကွေးလေးလံသွားပါရော့လား။
စိတ်ထဲ မကောင်းဖြစ်သွားတယ်။
ကျနော်သတိမထားမိလိုက်တဲ့ကာလအတွင်းမှာ
အဖေ အသက်တော်တော်ကြီးသွားပြီပဲ။
ထုံးစံအတိုင်း ရုပ်ရှင်ပြတော့
အဖေဟာ ဇာတ်လမ်းကို ကြိုခန့်မှန်းပြီး
ကျနော့်ကို ပြောပြနေလေရဲ့။
အဖေ အရင်လိုပြန်ပျော်မြူးနေတာ စိတ်ထက်သန်နေတာ
တွေ့ရတော့ ကျနော်ဝမ်းသာမိပြန်တယ်။
ရုပ်ရှင်ကြည့်ရင်း အဖေ့ကို မှန်မှန်ရုပ်ရှင်ရုံပို့ပေးမယ်
လို့စိတ်ကူးနေမိတယ်။
ရုပ်ရှင်ရုံကအပြန် အဖေကြိုက်ခဲ့တဲ့
ဆန်ပြုပ်ဆိုင်မှာ ဆန်ပြုပ်ဝင်သောက်ကြသေးတယ်။
အိမ်အပြန်လမ်းမှာ နောက်လကျရင်လည်း
ကျနော်တို့ ရုပ်ရှင်ကြည့်ကြအုံးမယ်လေ 
လို့ပြောလိုက်တော့
ဒီတခေါက် အဖေဝယ်ပြမယ်လေ တဲ့။
အဖေ ပျော်ရွှင်နေတာတွေ့ရတော့
ကျနော်တောင် အပျော်တွေကူးသွားတယ်။
အဖေ့ကို သူ့အိမ်မှာထားခဲ့ပြီး
တယောက်တည်း အိမ်အပြန်လမ်းမှာ
မသိစ်ိတ်က ရွှင်ပြနေတော့ 
သိီချင်းသွားတပုဒ် လေချွန်မိနေလေရဲ့။
ဒါပေမဲ့ ………
နောက်တကြိမ်ဆိုတာ မရှိတော့ပါဘူး။
ရုပ်ရှင်ကြည့်ပြီး သုံးပတ်လောက်အကြာမှာ
အဖေဟာ နှလုံးရောဂါဖေါက်ပြီး
ရုတ်တရက်ဆုံးပါးသွားပါတယ်။
သားအဖနှစ်ယောက် အပြန်အလှန်ပြောခဲ့တာတွေ
နားထဲ ပဲ့တင်ထပ်ပြန်ကြားနေမိတယ်။
အဖေ့အသုဘအခမ်းအနားမှာ
သူ့မိတ်ဆွေတွေက
ဦးဘမောင် မင်းကိုသိပ်ချစ်တာပဲ၊
မင်းကို သူ ဂုဏ်အရမ်းယူတယ်။
လ္ဘက်ရည်ဆိုင်ထိုင်တိုင်း 
မင်းအကြောင်းမပါရင် မပြီးဘူးကွ။
ကျနော် အတွေးလွန်သွားရတယ်။
ဘာလို့ ဇနီးသယ်တိုက်တွန်းမှ 
အဖေ့ဆီ ရောက်ဖြစ်ရတာလဲ၊
ဘာလို့ ခုမှအဖေ့ကို ရုပ်ရှင်ပြဖြစ်ရတာလဲ၊
အရင်က ဘာလို့လိုက်မပို့ဖြစ်ရတာလဲ၊
အခုကြည့်ခဲ့တဲ့ရုပ်ရှင်ဟာ
အဖေနဲ့အတူ နောက်ဆုံးကြည့်ရတဲ့ရုပ်ရှင်ဖြစ်ရတာလဲ။
ဇနီးသယ်ကိုပဲ ကျေးဇူးတင်နေရပြီ။
အသုဘချပြီး နောက်ရက်အနည်းငယ်အကြာမှာ
အဖေ့ပစ္စည်းတွေ သိမ်းဖို့၊ အဖေ့အိမ်ကို သွားခဲ့တယ်။
အဲဒီမှာ အဖေ့ကုတင်ဘေးက အံဆွဲထဲမှာ
ရုပ်ရှင်လက်မှတ် ၂ စောင်ကို တွေ့လိုက်ရတယ်။
ကျနော် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး 
ရုပ်ရှင်လက်မှတ် ၂ စောင်ကို ကိုင်ထားရင်း
ကလေးဘဝတုန်းကလို ရှိုက်ကြီးတငင်ငိုလိုက်မိတယ်။
အဖေ့ကို ဆုံးရှုံးလိုက်ရတာထက်
အဖေ့မေတ္တာကို နောက်ကျပြီးမှ ပိုသိလိုက်ရလို့ပါ။
ဒီရုပ်ရှင်ပြရက်က လွန်သွားပြီဆိုပေမဲ့
အဖေပေးတဲ့အမှတ်တရအဖြစ်
ရုပ်ရှင်လက်မှတ် ၂ စောင်ကို
ကျနော် မြတ်မြတ်နိုးနိုးသိမ်းထားဖို့
ကျနော့်သေတ္တာထဲ ထည့်လိုက်တယ်။
လူတိုင်း အလုပ်ဆိုတာ အမြဲရှိကြတယ်။
အလုပ် မအားလို့ နောက်မှ ဆိုတဲ့အတွေးမျိုး
ဆင်ခြေမျိုး ရှောင်လွှဲမှုမျိုး လုပ်တတ်ကြတယ်။
အဲလိုအကြောင်းပြချက်တွေနဲ့ 
လုပ်သင့်တာကို မလုပ်ပဲ နှောင့်နှေးနေရင်
ပြောသင့်တာကို မပြောပဲ စောင့်စားနေရင်
သွားသင့်တာကို မသွားပဲ တုန့်ဆိုင်းနေရင်
နောက်တကြိမ် ဆိုတာ ဆုံးရှုံးရနိုင်တယ်။
အမှတ်တရ ဆိုတာ သူ့အလိုလိုဖြစ်လာတာ မဟုတ်ဘူး။
ဖန်တီးယူရတယ်၊ တည်ဆောက်ယူရတယ်။
🌟သင့်မှာ မိဘ ရှိသေးရင် သင်ဟာ ကံကောင်းသူပါ။
သူတို့ကို အချိန်ပေးပါ။
သူတို့နဲ့ စကားပြောပါ။
သူတို့နဲ့ လျှောက်လည်ပါ။
သူတို့နဲ့ အတူစားသောက်ပါ။
နောက်တစ်ကြိမ် ဆိုတာ မပျောက်ဆုံးခင်
အချိန်စောင့်မနေပါနဲ့၊ အခုပဲ လုပ်လိုက်ပါ။
အဲဒီလုပ်ရပ်တွေဟာ တစ်ချိန်ကျ
သင့်အတွက် အမှတ်တရကောင်းတွေဖြစ်လာမှာ 
သေချာပါတယ်။♥️
အမှတ်တရကောင်းတွေ လူသားတိုင်းမှာ ရှိနိုင်ပါစေ။
MHA10092025
Photo credit
                                         
                                    
                                                                        
                                        ကျနော့်အသက် ၄၉ နှစ်ရှိပြီ။
ဇနီး နဲ့ ကလေး ၃ ယောက်ရဲ့ဖခင်ပါ။
ကျနော်က တဦးတည်းသောသားမို့
အမေဆုံးပြီးနောက်ပိုင်း ဆွေမျိုးရင်းချာဆိုလို့
ကိုယ့်မိသားစုအပြင် အဖေပဲ ရှိတော့တယ်။
အိမ်ထောင်သက်ကာလတောက်လျှောက်
အလုပ်ထဲမှာပဲ ဘဝကို မြှုပ်နှံထားတယ်။
အပ်ထည်ပစ္စည်းတွေ အချိန်မီပေးနိုင်ဖို့
ကုမ္မဏီအစည်းအဝေး 
အားလပ်ရက်မှာ ကလေးတွေကို ကစားရုံပို့ရတာနဲ့
အဖေ့ကို သွားတွေ့ဖို့ အချိန်မရှိဘူး
လို့ ကိုယ်ဖာသာ မှတ်ယူလက်ခံထားတယ်။
တကယ်တော့ အဖေ့အိမ်ဟာ ကားမောင်းသွားရင်
ကျနော်တို့နဲ့ မိနစ် ၃၀ လောက်ပဲ ဝေးတာပါ။
ဒါပေမဲ့ နောက်ဆုံးအဖေ့အိမ်ရောက်ခဲ့တာတောင်
အတော့်ကို ကြာခဲ့ပြီ။
အရင်က မသွားနိုင်ပေမဲ့
ရက်ခြား ဖုန်းဆက်သတင်းမေးဖြစ်သေးတယ်။
နောက်တော့ အားလပ်ချိန်ရှာမရလို့ 
တလ တကြိမ်လောက် မဖြစ်မနေအားယူဆက်ရတယ်။
အဖေက အင်္ဂလိပ်ရုပ်ရှင်အင်မတန်ကြိုက်တယ်။
ရုပ်ရှင်ရုံမှာ သွားကြည့်ရတာကိုမှ ကြိုက်တာ
ငယ်ငယ်ကဆို ကျနော်နဲ့အတူသွားကြည့်ပြီး
ဇာတ်လမ်းက ဘယ်သို့ ဘယ်ချမ်းသာ စသဖြင့်
တောက်လျှောက်ပြောပြတာ။
အဖေဟာ အမေဆုံးပါးသွားပြီးကတည်းက
တယောက်တည်း နေခဲ့ရတာ။
အဖေ အထီးကျန်နေမှာကို သိပေမယ့်
လေးလေးနက်နက်စဉ်းစားဖို့ ရှောင်လွှဲမိခဲ့တယ်။
တညမှာတော့
ဇနီးသယ်က ကျနော့်ကို သေချာစိုက်ကြည့်ရင်း
“ ကို - ကို့အဖေဆီ ဘယ်တုန်းက နောက်ဆုံးရောက်ခဲ့လဲ၊
ရောက်တယ် ဆိုတာ၊ ရောက်ပြန်ကို ပြောတာမဟုတ်ဘူး၊
အဖေ့ကို အချိန်ပေးစကားပြောခဲ့တာကို ပြောတာ၊
တယ်လီဖုန်းမှန်မှန်ဆက်တာလည်း မဟုတ်ဘူး။ “
ကျနော် ပါးစပ်ဟောင်းလောင်းနဲ့ 
ဘာပြန်ပြောရမှန်း မသိဘူးဖြစ်သွားတယ်။
ဒီနောက် ဇနီးသယ်ဟာ သူမရဲ့ပိုက်ဆံအိတ်ထဲမှ
ရုပ်ရှင်လက်မှတ် ၂ စောင် ထုတ်လိုက်တယ်။
“ ဒီအပတ်ရုံးပိတ်ရက်မှာ
အဖေ့ကိုခေါ်ပြီး ရုပ်ရှင်အတူသွားကြည့်၊
ဘာမှဆင်ခြေ ပေးမနေနဲ့၊ သွားဖြစ်အောင် သွား “
ဒါနဲ့ လက်မှတ်တွေ ယူသိမ်းလိုက်ပြီး
အဖေ့ဆီ ဖုန်းဆက်ပြောပြလိုက်တော့
အဖေ အလွန်အံ့အားသင့် ဝမ်းသာသွားတယ်။
“ သား အဆင်ပြေရဲ့လား “ တဲ့။
“ ပြေပါတယ်၊ 
အဖေနဲ့အတူ ရုပ်ရှင်ကြည့်ချင်စိတ် ပေါ်လာလို့ပါ “
လို့ အပြစ်ကို ဖာဖာထေးထေးလေးပြောလိုက်မိတယ်။
တဖက်က အဖေ့အသံ ရုတ်တရက်ထွက်မလာဘူး။
တအောင့်နေမှ တုန်ယင်တဲ့အသံနဲ့
“ အေးကွာ၊ အဖေ ရုပ်ရှင်သွားကြည့်ရမှာ ပျော်နေပြီ “
စနေနေ့ အဖေ့အိမ်ရောက်တော့
အဖေက အပြင်သွားအဝတ်အစားဝတ်ထားပြီး
ဝရံတာလေးမှာ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတာ
တွေ့ရတယ်။
ကျနော့်ကိုတွေ့တော့ ကလေးတယောက်လိုပဲ
အားရဝမ်းသာ ပြုံးပြတယ်။
“ အေးကွာ၊
ရုပ်ရှင်ရုံမှာ သွားမကြည့်ရတာ ကြာလှပြီကွ။
မနက်ကတောင် လ္ဘက်ရည်ဆိုင်မှာ
ကိုကြည်ဝင်းတို့ ကိုမြသိန်းတို့ကို ကြွားခဲ့သေးတယ်၊
ဒီကောင်တွေ မနာလိုဖြစ်ကျန်ခဲ့တယ်ကွ “
အဖေ ရွှင်လန်းမြူးတူးနေတာကြည့်ပြီး
ကျနော် ဝမ်းသာသလိုလို ဝမ်းနည်းမိသလိုလို 
ခံစားရတယ်။
ရုပ်ရှင်ရုံထဲရောက်တော့
ကျနော် အသက် ၁၂ နှစ်အရွယ် ပြန်ဖြစ်သွားသလိုပဲ။
ရုပ်ရှင်ရုံလှေကားတက်တော့လည်း
အဖေ့က ကျနော့်လက်မောင်းကို ဆုပ်ကိုင်ထားတယ်။
အဖေ့လှုပ်ရှားမှုတွေ နှေးကွေးလေးလံသွားပါရော့လား။
စိတ်ထဲ မကောင်းဖြစ်သွားတယ်။
ကျနော်သတိမထားမိလိုက်တဲ့ကာလအတွင်းမှာ
အဖေ အသက်တော်တော်ကြီးသွားပြီပဲ။
ထုံးစံအတိုင်း ရုပ်ရှင်ပြတော့
အဖေဟာ ဇာတ်လမ်းကို ကြိုခန့်မှန်းပြီး
ကျနော့်ကို ပြောပြနေလေရဲ့။
အဖေ အရင်လိုပြန်ပျော်မြူးနေတာ စိတ်ထက်သန်နေတာ
တွေ့ရတော့ ကျနော်ဝမ်းသာမိပြန်တယ်။
ရုပ်ရှင်ကြည့်ရင်း အဖေ့ကို မှန်မှန်ရုပ်ရှင်ရုံပို့ပေးမယ်
လို့စိတ်ကူးနေမိတယ်။
ရုပ်ရှင်ရုံကအပြန် အဖေကြိုက်ခဲ့တဲ့
ဆန်ပြုပ်ဆိုင်မှာ ဆန်ပြုပ်ဝင်သောက်ကြသေးတယ်။
အိမ်အပြန်လမ်းမှာ နောက်လကျရင်လည်း
ကျနော်တို့ ရုပ်ရှင်ကြည့်ကြအုံးမယ်လေ 
လို့ပြောလိုက်တော့
ဒီတခေါက် အဖေဝယ်ပြမယ်လေ တဲ့။
အဖေ ပျော်ရွှင်နေတာတွေ့ရတော့
ကျနော်တောင် အပျော်တွေကူးသွားတယ်။
အဖေ့ကို သူ့အိမ်မှာထားခဲ့ပြီး
တယောက်တည်း အိမ်အပြန်လမ်းမှာ
မသိစ်ိတ်က ရွှင်ပြနေတော့ 
သိီချင်းသွားတပုဒ် လေချွန်မိနေလေရဲ့။
ဒါပေမဲ့ ………
နောက်တကြိမ်ဆိုတာ မရှိတော့ပါဘူး။
ရုပ်ရှင်ကြည့်ပြီး သုံးပတ်လောက်အကြာမှာ
အဖေဟာ နှလုံးရောဂါဖေါက်ပြီး
ရုတ်တရက်ဆုံးပါးသွားပါတယ်။
သားအဖနှစ်ယောက် အပြန်အလှန်ပြောခဲ့တာတွေ
နားထဲ ပဲ့တင်ထပ်ပြန်ကြားနေမိတယ်။
အဖေ့အသုဘအခမ်းအနားမှာ
သူ့မိတ်ဆွေတွေက
ဦးဘမောင် မင်းကိုသိပ်ချစ်တာပဲ၊
မင်းကို သူ ဂုဏ်အရမ်းယူတယ်။
လ္ဘက်ရည်ဆိုင်ထိုင်တိုင်း 
မင်းအကြောင်းမပါရင် မပြီးဘူးကွ။
ကျနော် အတွေးလွန်သွားရတယ်။
ဘာလို့ ဇနီးသယ်တိုက်တွန်းမှ 
အဖေ့ဆီ ရောက်ဖြစ်ရတာလဲ၊
ဘာလို့ ခုမှအဖေ့ကို ရုပ်ရှင်ပြဖြစ်ရတာလဲ၊
အရင်က ဘာလို့လိုက်မပို့ဖြစ်ရတာလဲ၊
အခုကြည့်ခဲ့တဲ့ရုပ်ရှင်ဟာ
အဖေနဲ့အတူ နောက်ဆုံးကြည့်ရတဲ့ရုပ်ရှင်ဖြစ်ရတာလဲ။
ဇနီးသယ်ကိုပဲ ကျေးဇူးတင်နေရပြီ။
အသုဘချပြီး နောက်ရက်အနည်းငယ်အကြာမှာ
အဖေ့ပစ္စည်းတွေ သိမ်းဖို့၊ အဖေ့အိမ်ကို သွားခဲ့တယ်။
အဲဒီမှာ အဖေ့ကုတင်ဘေးက အံဆွဲထဲမှာ
ရုပ်ရှင်လက်မှတ် ၂ စောင်ကို တွေ့လိုက်ရတယ်။
ကျနော် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး 
ရုပ်ရှင်လက်မှတ် ၂ စောင်ကို ကိုင်ထားရင်း
ကလေးဘဝတုန်းကလို ရှိုက်ကြီးတငင်ငိုလိုက်မိတယ်။
အဖေ့ကို ဆုံးရှုံးလိုက်ရတာထက်
အဖေ့မေတ္တာကို နောက်ကျပြီးမှ ပိုသိလိုက်ရလို့ပါ။
ဒီရုပ်ရှင်ပြရက်က လွန်သွားပြီဆိုပေမဲ့
အဖေပေးတဲ့အမှတ်တရအဖြစ်
ရုပ်ရှင်လက်မှတ် ၂ စောင်ကို
ကျနော် မြတ်မြတ်နိုးနိုးသိမ်းထားဖို့
ကျနော့်သေတ္တာထဲ ထည့်လိုက်တယ်။
လူတိုင်း အလုပ်ဆိုတာ အမြဲရှိကြတယ်။
အလုပ် မအားလို့ နောက်မှ ဆိုတဲ့အတွေးမျိုး
ဆင်ခြေမျိုး ရှောင်လွှဲမှုမျိုး လုပ်တတ်ကြတယ်။
အဲလိုအကြောင်းပြချက်တွေနဲ့ 
လုပ်သင့်တာကို မလုပ်ပဲ နှောင့်နှေးနေရင်
ပြောသင့်တာကို မပြောပဲ စောင့်စားနေရင်
သွားသင့်တာကို မသွားပဲ တုန့်ဆိုင်းနေရင်
နောက်တကြိမ် ဆိုတာ ဆုံးရှုံးရနိုင်တယ်။
အမှတ်တရ ဆိုတာ သူ့အလိုလိုဖြစ်လာတာ မဟုတ်ဘူး။
ဖန်တီးယူရတယ်၊ တည်ဆောက်ယူရတယ်။
🌟သင့်မှာ မိဘ ရှိသေးရင် သင်ဟာ ကံကောင်းသူပါ။
သူတို့ကို အချိန်ပေးပါ။
သူတို့နဲ့ စကားပြောပါ။
သူတို့နဲ့ လျှောက်လည်ပါ။
သူတို့နဲ့ အတူစားသောက်ပါ။
နောက်တစ်ကြိမ် ဆိုတာ မပျောက်ဆုံးခင်
အချိန်စောင့်မနေပါနဲ့၊ အခုပဲ လုပ်လိုက်ပါ။
အဲဒီလုပ်ရပ်တွေဟာ တစ်ချိန်ကျ
သင့်အတွက် အမှတ်တရကောင်းတွေဖြစ်လာမှာ 
သေချာပါတယ်။♥️
အမှတ်တရကောင်းတွေ လူသားတိုင်းမှာ ရှိနိုင်ပါစေ။
MHA10092025
Photo credit