25/02/2026
2. TWO STORIES, ONE FUTURE (နှစ်ယောက်တစ်အိမ်မက်)
👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨
- နိဒါန်း -
✨✨✨✨✨✨✨✨✨✨
မတူညီသောဘဝနှစ်ခုမှသည် အတူတကွတည်ဆောက်ကြမည့် ဘဝတစ်ခုအတွက် နှစ်ဦးစလုံးသည် မိမိတို့၏ဘဝဇတ်လမ်းများ (မွေးဖွားရှင်သန်ကြီးပြင်းလာခဲ့သော မိသားစုများ၏နောက်ခံများ၊ စိတ်ပိုင်းဆိုင်ရာအခန်းကဏ္ဍများ) ကို အပြန်အလှန် သိရှိဖို့ရန် လိုအပ်ပေမည်။ သို့မှသာ အပြန်အလှန်နားလည်ပေးနိုင်မည် ဖြစ်ပြီး အနာဂတ်တွင် “နှစ်ယောက်တစ်အိမ်မက်” မက်နိုင်မည်ဖြစ်သည်။
ထိမ်းမြားခြင်းသည် မိမိ၏အနာဂတ်ကို လူတစ်ဦးနှင့်အတူသွားလာခြင်းသာမက စနစ်တစ်ခုနှင့်အတူ သွားလာခြင်းပင်ဖြစ်သည်။ ထိုစနစ်တွင် မည်သည့်အရာများပါဝင်သနည်း။ မိသားစုရာဇဝင်၊ စိတ်ခံစားမှုပုံစံများ၊ မပြောရသေးသော၊ မိမိမသိသေးသော စည်းမျဉ်းများ၊ မိမိ၏လက်တွဲဖော်သည် ဘဝတလျှောက်တွင် သင်ယူထားခဲ့သော ကြောက်ရွံ့မှုများ၊ ဆက်ဆံရေးအမူအကျင့်ပုံစံများပါဝင်သည်။
ထို့ကြောင့် ထိမ်းမြားခြင်းတွင် လူနှစ်ဦး၏ဘဝဇာတ်လမ်းနှစ်ခုသည် ရိုးရှင်းစွာ ပေါင်းစပ်သွားခြင်းမဟုတ်ပဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သက်ရောက်မှုရှိသည်ကို သိကြရမည်။ ထိုဘဝဇာတ်လမ်းများကို နားမလည်ပါက အနာဂတ်ကို အတူတကွ ပုံဖော်၍ မရပေ။
လက်မထပ်ခင် ဂရုပြုလမ်းညွှန်ခြင်းသည် စုံတွဲများကို ထိမ်းမြားခြင်းမပြုမှီ မည်သည့်အရာများ သိရှိအောင်ကူညီပေးသနည်း။
👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨👩❤️👨
***** Murray Bowen ၏ Family System Theory အရ *****
အပြန်အလှန်နားလည်ရမည့် မိသားစုများတွင် တွေ့ရှိရသော ပုံစံများ
၁။ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းခြင်း (Multigenerational Transmission)
✨✨✨✨✨✨✨✨✨✨
မိသားစုများသည် စိတ်ခံစားမှုဆိုင်ရာ လုပ်ဆောင်ပုံပုံစံများကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေးပါသည်။ ဥပမာ -
• ပဋိပက္ခရှောင်ရှားခြင်း
• ဒေါသပေါက်ကွဲခြင်း
• ငွေကြေးဆိုင်ရာ ကိစ္စရပ်များ
• စိတ်ခံစားမှုဆိုင်ရာ ဖြတ်တောက်ခြင်း
• ကျား၊မ အခန်းကဏ္ဍများတွင် တင်းကျပ်ခြင်း
စုံတွဲများတွင် မကြာခဏဖြစ်ပေါ်၊ ပြုမူ၊ တွေးခေါ်ခြင်းများသည် မိသားစုများမှ လက်ဆင့်ကမ်းခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာသောအရာများ ဖြစ်ကြသည်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
၂။ မိမိကိုယ်မိမိ ခွဲခြားသိမြင်ခြင်း (Differentiation of Self)
✨✨✨✨✨✨✨✨✨✨
ခွဲခြားသိမြင်ခြင်းဆိုသည်မှာ
• မိမိကိုယ် မိမိ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ခြင်း
• စိတ်ခံစားမှုဆိုင်ရာ ဖိအားများအောက်တွင် ယုတ္တိကျကျ စဉ်းစားတွေးခေါ်နိုင်ခြင်း
• ထိန်းချုပ်ခံရခြင်းမရှိဘဲ ချိတ်ဆက်နေနိုင်ခြင်း တို့ကို သိရှိနားလည်ရမည်။
ခွဲခြားသိမြင်မှုနည်းပါးပါက အောက်ပါတို့ကို မကြာခဏ ဖြစ်ပေါ်စေသည်။
• စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှု
• မှီခိုမှု သို့မဟုတ် ရှောင်ရှားခြင်း
• ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲခြင်းတို့ပင် ဖြစ်သည်။
လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် ပြဿနာများ ပေါ်ပေါက်လာပြီးနောက် မဟုတ်ဘဲ အိမ် ထောင်မပြုမီ မည်မျှ ခွဲခြားသိမြင်နိုင်သည်ကို အကဲဖြတ်ရန် စုံတွဲများအား ကူညီပေးသည်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
၃။ စိတ်ခံစားမှုဆိုင်ရာ ဖြတ်တောက်ခြင်း (Emotional Cutoff)
✨✨✨✨✨✨✨✨✨✨
အချို့သောသူများသည် မိသားစု၏ဖိစီးမှုကို ဖြေရှင်းရန်အတွက် ထိုဖိစီးမှု၍ဝေးရာသို့လည်းကောင်း၊ ထိုဖိစီးမှုကို အဝေးသို့လည်းကောင်းထား၍ ဖြတ်တောက်ခြင်းဖြင်း ဖြေရှင်းကြသည်။
ဥပမာ -
• “မိဘတွေနဲ့ စကားမပြောတော့ဘူး။”
• “မိသားစုပွဲတွေကို ရှောင်တယ်။”
• “ပဋိပက္ခကို လျစ်လျူရှုလိုက်တယ်။”
ဖြတ်တောက်ခြင်းသည် စိုးရိမ်ပူပန်မှုကို ယာယီလျော့ကျစေနိုင်သော်လည်း မဖြေရှင်းရသေးသော စိတ်ခံစားမှုဆိုင်ရာပြဿနာများသည် အိမ်ထောင်ရေးတွင် မကြာခဏ ပြန်လည်ပေါ်ပေါက်လာလေ့ရှိကို သတိပြုရမည်။ မဖြေရှင်းရသေးသော မိသားစုတင်းမာမှုများသည် အိမ်ထောင်ဖက်ထံသို့ မကြာခဏ ကူးစက်လေ့ရှိသည်ကိုလည်း သိမြင်နားလည်ရမည်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
၂။ သမ္မာကျမ်းစာက မည်ကဲ့သို့ ဖော်ပြသွန်သင်ထားသနည်း။
က။ နောက်မျိုးဆက်သစ်များတွင် သက်ရောက်မှုများ
✨✨✨✨✨✨✨✨✨✨
သမ္မာကျမ်းစာတွင် မျိုးဆက်တစ်ခုအပေါ် တစ်ခု သက်ရောက်မှုကို ဤကဲ့သို့ ဖော်ပြထားသည်။
📖📖📖📖📖📖📖📖📖📖
အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။ (ယေဇ ၁၈း၂)
အထက်ဖော်ပြပါ သမ္မာကျမ်းစာတွင် လူတစ်ဦးချင်းစီ၌ရှိသော ကိုယ်ကျင့်တရားများသည် နောက်မျိုးဆက်တွင် မြင်တွေ့ရသည်ဟု ဖော်ပြထားသည်။
✝️✝️✝️✝️✝️✝️✝️✝️✝️✝️
ခ။ မျှော်လင့်ခြင်းအသစ်
✨✨✨✨✨✨✨✨✨✨
သို့သော်လည်း သမ္မာကျမ်းစာက “မျှော်လင့်ခြင်း”ကိုလည်း ပေးထားသည်။
📖📖📖📖📖📖📖📖📖📖
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” (၂ ကော ၅:၁၇)
✝️✝️✝️✝️✝️✝️✝️✝️✝️✝️
ဂ။ ထွက်ခွာခြင်းနှင့် ကွဲကွာခြင်း သိရှိခြင်း
📖📖📖📖📖📖📖📖📖📖
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ (က ၂း၂၄)
အထက်ဖော်ပြပါ သမ္မာကျမ်းစာတွင် အရေးကြီးသောအချက်တစ်ခုကို တွေ့မြင်နိုင်ပါသည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ထိမ်းမြားခြင်းပြုပါက မိမိ၏ မိသားစုမှ ထွက်ခွာခြင်းရှိရမည်။ ထွက်ခွါခြင်းဟုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာအကွာအဝေးတစ်ခုတည်းမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတစ်ခုကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။ ဤသို့ မိသားစုမှ ထွက်ခွါရာတွင် မိသားစုကို မလေးစားပဲ ထွက်ခွါမှုပြုရန်မဟုတ်ပဲ “မိဘများအပေါ် အလွန်အကျွံမှီခိုခြင်း” အပေါ်တွင် ပြင်ဆင်ဖို့ရန်သာဖြစ်ပြီး မိမိ၏ ဘဝလက်တွဲပေါ်တွင်လည်း သစ္စာစောင့်သိမှုကို ထပ်မံပြင်ဆင်ဖို့ရန် ဖြစ်သည်။ ဤကဲ့သို့ ပြင်ဆင်ထားမှသာာ စုံတွဲများသည် အနာဂတ်တွင် တစ်သားတစ်ကိုယ်တည်းဖြစ်ကာ ပဋိပက္ခများ နည်းမည်ဖြစ်သည်။ ထို့ကြောင့် ထိမ်းမြားခြင်းအတွက် ပြင်ဆငိရာတွင် သစ္စာစောင့်သိမှုကို ပြန်လည်ကာ အစီအစဉ်ပြုလုပ်ရမည် ဖြစ်သည်။
✝️✝️✝️✝️✝️✝️✝️✝️✝️✝️
- နိဂုံး -
✨✨✨✨✨✨✨✨✨✨
လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်းသည် မိဘများကို အပြစ်တင်ခြင်း၊ မိမိ၏ဖြစ်တည်ခဲ့မှု၌ရှိနေသော အားနည်းချက်များအပေါ်တွင် အပြစ်တင်၊ ထိုးနှက်ရန်မဟုတ်ပဲ လက်မထပ်မီ ဂရုပြုလမ်းညွှန်ခြင်း၌ ဖော်ထုတ်ပေးသော မိသားစုပုံစံများကို နားလည်သဘောပေါက်စေခြင်းသည် မိသားစု၏လွှမ်းမိုးမှုကို အပြန်အလှန်နားလည်စေခြင်း၊ ထိုမှတဆင့် ထိုအားနည်းချက်၊ လွှမ်းမိုးမှုများမှ ထွက်လာ၍ တစ်ဦးအပေါ်တစ်ဦး သစ္စာစောင့်သိခြင်းကို တည်ဆောက်ကာ
ရင့်ကျက်မှုကို ရွေးချယ်နိုင်ရန် ပြင်ဆင်ပေးသည်။
ကိုယ့်ကိုယ်ကိုယ် သိရှိခြင်း၊ နှစ်ဖက်မိသားစုဘဝဇတ်လမ်းများကို သိရှိခြင်းသည် အပြန်အလှန် နားလည်ကာ၊ ဖေးမမှု၊ စာနာမှုများဖြင့် အနာဂတ်နှစ်ယောက်တစ်အိမ်မက်အတွက် အထောက်အကူဖြစ်စေသည်။ ဝိညာဉ်ရေးရာအခန်းကဏ္ဍတွင်လည်း နှိမ့်ချမှုကို ဖြစ်ပေါ်စေသည်။ မကျန်းမာသော ဆက်ဆံရေးပုံစံများကို ချိုးဖျက်ပြီး အားနည်းချက်များ၌ ကောင်းသောအရာများကို ရွေးနှုတ်စေနိုင်သည်။ ခရစ်တော်၌ အသစ်များကို တည်ထောင်ပေးသည်။ နှစ်ဦးနှစ်ဖက် မျှတသော ယဉ်ကျေးမှု့၊ ရိုးရာများ၏ တန်ဖိုးများကိုလည်း မြှင့်တင်ပေးပါသည်။
❤️❤️❤️❤️❤️
မေတ္တာဖြင့်
❤️❤️❤️❤️❤️
အာကာကျော်စိုး
၂၅.၂.၂၀၂၆၊ ညနေ ၆ နာရီ။
✨✨✨✨✨✨✨✨✨✨
အမှတ်စဉ် (၁) ကို ဖတ်ရှူရန်
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
https://www.facebook.com/share/p/18893sVmJa/?mibextid=wwXIfr