Shwezar clinic

Shwezar clinic Welcome to Shwezar Clinic

ဝမ်းရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေပါတယ်အထူး ဂရုပြုကြပါ။
05/07/2024

ဝမ်းရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေပါတယ်
အထူး ဂရုပြုကြပါ။

11/05/2024
03/04/2024

ကောင်းစွာ အိပ်ပျော်စေရန်

ညဘက် ကောင်းစွာ အိပ်စက်ခြင်းသည် အာဟာရ မျှအောင် စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း တို့ကဲ့သို့ ခန္ဓာကိုယ်အတွက် ကျန်းမာရေးကောင်းကျိုးများ ပေးနိုင်သောကြောင့် အရေးကြီးပါသည်။

ညမအိပ်ခင် ဖုန်း၊ TV အကြည့်များလာခြင်း၊ စိတ်ဖိစီးမှုတွေများခြင်း၊ ညအိပ်ခါနီးအစာစားခြင်း စသည်တို့သည် ညအိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတတ်သည်။

ထို့ကြောင့် ညဘက် ကောင်းစွာ အိပ်ပျော်ဖို့အတွက် အောက်ပါတို့ကို သတိထားပြုကျင့်သင့်ပါသည်။

ညအိပ်ရာဝင်ချိန်/နိုးထချိန်တို့ကို နေ့စဥ်ပုံမှန် သတ်မှတ်ထားသင့်ပါသည်။

ညအိပ်ခါနီး အရက်၊ ကော်ဖီ သောက်ခြင်းတို့ကို ရှောင်သင့်ပါသည်။

အိပ်ခန်းတွင် ရုပ်ရှင်ကြည့်ခြင်း၊ ဖုန်းသုံးခြင်းများ မပြုလုပ်ဘဲ အိပ်စက်အနားယူရန် အတွက်သာ သုံးပါ။

မိမိနှင့် သင့်လျော်သော၊ သက်သောင့်သက်သာရှိသော ခေါင်းအုံး၊ မွေ့ယာ၊ စောင် တို့နှင့် အိပ်ပါ။

အိပ်ခန်းတွင်း အပူချိန်လျော့ချထားခြင်း၊ အလင်းရောင် မှိန်/ မှိတ်ထားခြင်းတို့လည်း ပြုလုပ်သင့်ပါသည်။

မနက်၊ နေ့လည်ပိုင်း သို့မဟုတ် ညနေအစောပိုင်းတို့တွင် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါသည်။

ညအိပ်ခါနီး စိတ်ဖိစီး၊ စိတ်လှုပ်ရှားစေသော ကိစ္စရပ်များကို မတွေးပါနှင့်။

ညမအိပ်မှီ စာဖတ်ခြင်း၊ တရားမှတ်ခြင်း စသည်တို့လည်း ပြုလုပ်နိုင်ပါသည်။

အထက်ဖော်ပြပါ အချက်များကို ညစဥ် ပုံမှန်ပြုလုပ်ပေးသွားမည်ဆိုပါက ကောင်းစွာအိပ်စက်နိုင်စေရန် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

29/03/2024

** မီးဖွင့်ပြီးအိပ်တာ ကောင်းသလား ? **


24/03/2024
17/03/2024
05/03/2024

ကမ္ဘာ့အဖြစ်များဆုံး နံပါတ်(၆)နေရာက အစာရေမျိုပြွန်ကင်ဆာ

ကင်ဆာရောဂါအမျိုးအစားပေါင်းများစွာရှိတဲ့အထဲကမှ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပိုပေးတဲ့ အစာရေမျိုပြွန်မှာဖြစ်တဲ့ အစာရေမျိုပြွန် ကင်ဆာက ကမ္ဘာ့အဖြစ်များဆုံး နံပါတ်(၆)နေရာမှာရှိနေပါတယ်။

ဒီအစာရေမျိုပြွန် ကင်ဆာဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အစာရေမျိုပြွန် မှာရှိတဲ့ ဆဲလ်တွေခဏခဏ ပျက်စီးရင် ပိုဖြစ်ပါတယ်။

ဒါ့အပြင် GERD လို ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါဖြစ်တဲ့သူ
စားချဉ်ရည် ခဏခဏ ပြန်တက်လို ဆဲလ်တွေ ပျက်စီးနေတဲ့သူ (Barrett’s esophagus)
ဆေးလိပ် အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ် သောက်တာ၊ဆေးရွက်ကြီး ငုံတာများတဲ့သူ
အဝလွန်ရောဂါရှိသူ
အရက် သောက်သူ
သည်းခြေရည် ပြန်တက်တဲ့သူ
Achalasia (အစာရေမျိုပြွန်ကျဉ်းလို အစာ‌‌‌တွေ အစာအိမ်ထဲ မရောက်တဲ့ ရောဂါ)
အလွန်ပူတဲ့ အရည်တွေကို အရသာခံ သောက်တတ်တဲ့သူ
အသီးအရွက် အစားနည်းတဲ့သူ
ရင်ဘတ် အပေါ်ပိုင်းကို ခဏခဏ ဓာတ်ရောင်ခြည် သင့်တဲ့သူတွေက ကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။

အစာရေမျိုပြွန် ကင်ဆာက အစောပိုင်းမှာ လက္ခဏာမပြတတ်ပေမဲ့ ကြာလာတာနဲ့အမျှ

အစာ မျိုရ ခက်ခြင်း
အစာ လည်ပင်းမှာ ကပ်နေသလိုဖြစ်ခြင်း
အစာ စားရင် သီးခြင်း
စားပြီးသား အစာတွေ ဒီတိုင်း ပြန်ထွက်လာခြင်း
အစာမကြေတာ၊ ရင်ပူတာ ဖြစ်ခြင်း
ရင်ခေါင်း တောင့်၊ ရင်ခေါင်း အောင့်ခြင်း
တဖြည်းဖြည်း ပိန်လာခြင်း
အန်ခြင်း
ဝမ်းဗိုက် အပေါ်ပိုင်း၊ ရင်ဘတ် နဲ့ နောက်ကျောတွေ အောင့်ခြင်း
ချောင်းဆိုးခြင်း
အသံ ပြောင်းလာခြင်း
သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်း လာခြင်း စတဲ့ လက္ခဏာတွေကို ခံစားရလာပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို
မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

04/03/2024
02/03/2024

ဒီရက်ပိုင်း ဖြစ်နေတဲ့ ဝမ်းလျှောဝမ်းပျက် လက္ခဏာတွေက

- အန်တာနဲ့စတယ်
- ပြီးရင် ဝမ်းလျှောတယ်
- ပြီးရင်ဖျားတယ်။
သုံးခုလုံးမဟုတ်တောင်နှစ်ခုလောက်ဖြစ်ကြတယ်။

လိုတိုရှင်းပြောပြပါမယ်။

🍒 အန်တာက စဖြစ်ပြီး ၂၄နာရီအတွင်း ကလေး အများစု အအန်ရပ်သွားပါတယ်။

🍒 ဖျားတာက ၃၆ နာရီ (တစ်ရက်ခွဲ) ဝန်းကျင်ထိကြာတတ်ပါတယ်။

🍒 ဝမ်းလျှောတာက ၂ ရက် ကနေ ၇ ရက် ကြား ကြာတတ်ပါတယ်။

ဒါကြောင့် ဆေးတိုက်ပြီးပြီးချင်း အအန်မရပ်ပါ၊ အဖျားမကျပါ ၊ ဝမ်းမပိတ်ပါ။ ကလေးလန်းတယ်ဆိုရင် ဆေးတိုက်ရင်းစောင့်ကြည့်လို့ရပါတယ်။

အကယ်၍
- ပါရာတိုက်ထားတာတောင် အဖျားအရမ်းကြီးတယ်၊ မှိန်းတယ်
- အစာဘာမှမဝင်ဘူး အအန်ပျောက်ဆေးတိုက်လဲ အန်တုန်းပဲ
- ဝမ်းက အရည်တွေအရမ်းအရမ်းပန်းတယ်
- ဝမ်းထဲမှာ သွေးစ ချွဲစပါတယ် ၊ နံနံပုပ်ပုပ်ဟောင်​ဟောင်ဖြစ်တယ်
- တက်တယ် ၊ အသက်ရှူတအားမြန်တယ် စတာတွေရှိရင် ချက်ချင်းပြန်ပြပါ။

တချို့မိဘတွေ ဆေးခန်းသွားလျက်နဲ့ မသိလိုက်ဖြစ်သွားနိုင်တဲ့အချက်တွေက

၁✅ တအားအန်နေတဲ့ကလေးတွေ ဆေးတွေအကုန်ရောမတိုက်ပါနဲ့ဦး၊ ဘာအစာမှမလို ဘာဆေးမှမတိုက်ခင် အအန်ပျောက်ဆေးအရင်တိုက်ပါ၊ တိုက်ပြီး နာရီဝက်စောင့်ပါ၊ နာရီဝက်အတွင်းပြန်အန်ရင် အဲဒါ မဝင်ဘူး ပြန်တိုက်ပြီး နာရီဝက်စောင့်၊ မအန်တော့ဘူးဆိုမှ ကျန်တဲ့ဆေးတိုက် အစာကျွေးပါ။

၂✅ အရမ်းအန်နေတဲ့အချိန် ၂၄နာရီအတွင်း အရည်ဆန်ဆန်၊ ခပ်ပျော့ပျော့ကို နည်းနည်း နဲ့ ခဏခဏ ကျွေးပါ။ အရည်ကျွေးနေတဲ့အချိန် ဝမ်းအရည်သွားတာတော့ရှိနိုင်ဦးမှာမို့ ဝမ်းက ချက်ချင်း ပြန်မမာပါ။ မအန်တော့ဘူးဆို ထမင်းဆီဆမ်း ကြက်ဥပြုတ်၊ ငါးကြော် အဲဒီလို ဝမ်းမာမယ့် ကလေးစားလို့လွယ်မယ့်အစားတွေကျွေးပါ (ကျွေးရမယ့်အရွယ်ဆိုရင်)။ အသီးအရွက်တွေ အချိုအသီး၊အချိုမုန့်တွေ၊ လေပွစာ၊ ပဲ စတာတွေခဏ ​ရှောင်ထားပါ။

၃✅ အဖျား ကြီးရင် ရေချိုးချပါ၊ အဖျားမရှိရင် ရေချိုးချပါ ရတယ်။ အဖျားငွေ့ငွေ့ဆို ရေပတ်တိုက်ပါ။

၄✅ ဝမ်းက ချက်ချင်း ဘတ်ခနဲမရပ်ပါ။ တနေ့ဆယ်ကြိမ်သွားရင် နောက်နေ့ လေးငါးကြိမ်၊ ဝမ်းပိုမာလာမယ်၊ နောက်နေ့ နှစ်ကြိမ်သုံးကြိမ် အဲလိုမျိုး တဖြည်းဖြည်းအဆင်ပြေလာမှာပါ။

၅✅ အစားပျက်ပါမယ်။ အအန်ရပ်ပြီး ဝမ်းရပ်ပြီး အဖျားကျပြီး နောက်ထပ်နှစ်ရက်သုံးရက်ထိ သိကြားမင်းကြီး ရွှေဇွန်းကိုင်ပြီး နတ်သုဒ္ဓါ လာခွံ့ရင်တောင် ကလေးတွေ စားဦးမှာမဟုတ်ပါဘူး။ သူတို့ကြိုက်တတ်တာ တည့်လဲတည့်တာလေးတွေကို နည်းနည်းစီချော့ကျွေးပါ။ ဖြည်းဖြည်းမှစားလာပါလိမ့်မယ်။

ကျန်းမာကြပါစေ
Dr. စိုင်းမြတ်သူ

16/02/2024

ဝမ်းပျက်ဝမ်းလျှောတွေ တအားကို ပြန်ဖြစ်နေလို့ ပြန်တင်ပေးလိုက်ပါတယ်။

ဓာတ်ဆား အမှုန့်ထုပ်နဲ့
အူလမ်းကြောင်းအကျိုးပြု အမှုန့်ထုပ် မတူဘူးဆိုတာ သိစေဖို့

ဒီနှစ်ဆောင်းတွင်းမှာ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော၊ အထက်လန်အောက်လျှောနဲ့ အစာအဆိပ်သင့်တာတွေ တအားဖြစ်ခဲ့တယ်။ ဆရာတို့လည်းနေ့တိုင်း ဒါတွေပဲထိုင်ကုနေရသလိုဖြစ်တဲ့အထိကို များခဲ့ပါတယ်။ အဲဒီမှာ ဆရာသတိထားမိလိုက်တာတစ်ခုက ပရိုဘိုင်အိုးတစ်အမှုန့်ထုပ် (Probiotics) နဲ့ ဓာတ်ဆားကို သိပ်ပြီးသဲသဲကွဲကွဲမသိကြတဲ့ မိဘတွေအများစုရှိနေတာကိုတွေ့ရတယ်။
ဒါအရေးကြီးပါတယ်။ မိဘတိုင်းသိဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ဒီနေ့ဆရာ Probiotics နဲ့ ဓာတ်ဆားအသုံးပြုပုံကို ပြောပြချင်ပါတယ်။

✅ ဓာတ်ဆား ဆိုတာဘာလဲ? ဓာတ်ဆားဘာကြောင့်တိုက်ရသလဲ?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဝမ်းအရည်တွေသွားတာဖြစ်တဲ့အတွက် အဓိကဆုံးရှုံးတာကတော့ ရေဓာတ်ပါ။ ဒါပေမယ့် ရေနဲ့အတူတူ ခန္ဓာကိုယ်ကနေ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက် (Sodium, Potassium, Chloride) စတဲ့သတ္တုဓာတ်တွေလဲ အတူတူပါသွားပါတယ်။ ဒီသတ္တုဓာတ်တွေဟာ ရေဓာတ်ထိန်းညှိမှု၊ ကိုယ်တွင်းအင်္ဂါများလှုပ်ရှားနိုင်မှု နဲ့ ကိုယ်ခံအားအတွက်အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဝမ်းလျှောတဲ့အခါ ဒီဓာတ်တွေကိုပြန်ဖြည့်ပေးဖို့အတွက် "ဓာတ်ဆား" (Oral Rehydration Salt - ORS) ပြန်တိုက်ပေးရပါတယ်။

ဝမ်းလျှောတဲ့ အကြိမ်ရေများလာပြီး ဒီသတ္တုဓာတ်၊ ဆားဓာတ်တွေ ဆက်တိုက်ဆုံးရှုံးနေပေမယ့် ဓာတ်ဆားပြန်မဝင်ရင်တော့ ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဥ်တွေ ပုံမှန်မလုပ်နိုင်တော့ဘဲ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရင် ဓာတ်ဆားပြန်တိုက်ရတာဖြစ်ပါတယ်။

✅ အူလမ်းကြောင်းကောင်းမွန်စေတဲ့ အမှုန့်ထုပ်လေးတွေ (သို့မဟုတ်) ပရိုဘိုင်အိုးတစ်

ဆရာတို့ အူလမ်းကြောင်းအတွင်းမှာ အစာခြေစနစ်ကိုအကျိုးပြုတဲ့ ပိုးမွှားတွေရှိပါတယ်။ ဒီပိုးတွေက အူလမ်းကြောင်းကို ကျန်းမာစေဖို့အကျိုးပြုပါတယ်။ ဝမ်းပျက်ဝမ်းလျှောပိုးဝင်လာတဲ့အခါ အူလမ်းကြောင်းအကျိုးပြု ပိုးမွှားတွေနဲ့ ခန္ဓာကိုယ်ရဲ့ ဂေဟစနစ်ပျက်စီးသွားပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောပိုးကိုပြန်တိုက်ထုတ်ဖို့အတွက် အကျိုးပြုပိုးမွှားတွေပါဝင်တဲ့ ပရိုဘိုင်အိုးတစ်အမှုန့်ထုပ် (Probiotics) တွေကို ကလေးငယ်ကိုပြန်တိုက်ပေးပြီး ဝမ်းပျက်ဝမ်းလျှောသက်သာအောင်ကုကြပါတယ်။ ကစ်လက်၊ ဘိုင်အိုဖလော၊ အင်နိုလက် စသည်ဖြင့်စျေးကွက်ထဲမှာဝယ်လို့ရပါတယ်။

✅ ဓာတ်ဆားနဲ့ ပရိုဘိုင်အိုးတစ် မှားကြတဲ့အခါ

များသောအားဖြင့် မှားကြတာက ပရိုဘိုင်အိုးတစ်ကို ဓာတ်ဆားလို့မှားမှတ်ကြတာပဲ။ ဝမ်းလျှောတဲ့အခါ ဒီနှစ်မျိုးလုံးကိုတိုက်ဖို့လိုအပ်ပေမယ့် ကလေးငယ်က အင်မတိအင်မတန် အီးပန်းလာတဲ့အခါ ဆားဓာတ်ပါတဲ့ဓာတ်ဆားတိုက်ဖို့က အလွန်အရေးကြီးပါတယ်။
ဓာတ်ဆားတိုက်တဲ့အခါ ဓာတ်ဆားအငန်ထုပ်တိုက်လို့ရပါတယ်။ အရသာပါယုံစွက်ထားတဲ့ ဓာတ်ဆားတွေတိုက်လို့ရပါတယ်။ တစ်လီတာနဲ့ဖျော်ရပါတယ်။
ကလေးဓာတ်ဆားလည်းတိုက်လို့ရပါတယ်။ များသောအားဖြင့် 150ml ဒါမှမဟုတ် 250ml နဲ့ဖျော်ရပါတယ်။
ပရိုဘိုင်အိုးတစ်အမှုန့်ထုပ် တိုက်တဲ့အခါ ရေအများကြီးနဲ့ဖျော်စရာမလိုပါဘူး။ ကလေးသောက်ဖို့အဆင်ပြေယုံရေပမာဏနဲ့ပဲ ဖျော်ပေးရင်ရပါတယ်။

ဓာတ်ဆားကို ရေနည်းနည်းနဲ့ဖျော်မိတဲ့အခါ သတ္တုဓာတ်နဲ့ရေဓာတ်အချိုးမကျဘဲ ဝမ်းလျှောတာမသက်သာတဲ့အပြင် မလိုလားအပ်တဲ့ဆိုးကျိုးတွေရှိသွားနိုင်ပါတယ်။
ပရိုဘိုင်အိုးတစ်ကို ရေများများနဲ့ဖျော်မိတဲ့အခါ ဒီအချိုးမကျတဲ့ဖျော်ရည်ကြီးသောက်နေရတဲ့အတွက် ကလေးရသင့်တဲ့အခြားအစာအာဟာရတွေလဲ မဝင်၊ ကလေးဆီရောက်သင့်တဲ့ပရိုဘိုင်အိုးတစ်ပမာဏလဲမရောက် ဖြစ်ပြီး ဘာမှအကျိုးမထူးဖြစ်တတ်ပါတယ်။

ဒါကြောင့် ပရိုဘိုင်အိုးတစ် နဲ့ ဓာတ်ဆားမမှားရအောင် ဆရာခေါင်းစဥ်တစ်ခုအဖြစ်ထုတ်နုတ်ရေးပေးလိုက်ပါတယ်။

နောက်တစ်ပတ်မှာ ဝမ်းပျက်ဝမ်းလျှောချိန်မှာ တိုက်သင့်တဲ့ဓာတ်ဆားနဲ့ တိုက်ရန်မသင့်တော်တဲ့ဓာတ်ဆားအကြောင်းကို တင်ပြသွားပါမယ်။

ဒီစာဖတ်မိတဲ့ကလေးမိဘတို့ အသိပညာတစ်ခုတိုးသွားမယ်၊ သိပြီးသားကလေးမိဘတွေလည်း ကိုယ့်အသိမှန်ကန်ကြောင်း စိတ်ချသွားမယ်လို့မြော်လင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ရဲ့မိတ်ဆွေ သားငယ်သမီးငယ်ပိုင်ရှင်တွေအသိတိုးအောင် ကုသိုလ်ဖြစ်အနေနဲ့ ကူညီမျှဝေဖို့လည်း အကြံပြုချင်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

#ဒေါက်တာစိုင်းမြတ်သူ
#ဓာတ်ဆား

Address

Yangon
11031

Website

Alerts

Be the first to know and let us send you an email when Shwezar clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwezar clinic:

Share