Yangon Medical Cover

Yangon Medical Cover Yangon Medical Cover was formed to support the current COVID-19 situation in Yangon.

မပေါ့ဆသင့်သော တကျော့ပြန် ကိုဗစ်မျိုးခွဲစိတ် Arcturus ( XBB.1.16 ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေသော မျိုးရိုးဗီဇအသ...
09/05/2023

မပေါ့ဆသင့်သော တကျော့ပြန် ကိုဗစ်မျိုးခွဲစိတ် Arcturus ( XBB.1.16 )

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေသော မျိုးရိုးဗီဇအသစ် (၂) မျိုးဖြစ်သည့် XBB.1.5 မျိုးကွဲသည် နိုင်ငံပေါင်း (၉၆) နိုင်ငံထိ ပျံ့နှံ့လျက်ရှိပြီး၊ XBB.1.16 (Arcturus) မျိုးကွဲသည် နိုင်ငံပေါင်း (၃၁) နိုင်ငံထိ ပျံ့နှံ့နေပါသည်။အရှေ့တောင်အာရှဒေသ၌ (၆) ဆခန့် နှင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ တို့တွင် (၂) ဆခန့် မြင့်တက်လာပြီး သေဆုံးနှုန်းလည်း မြင့်တက်လာသည်ကို တွေ့ရပါသည်။ ထိုနည်းတူစွာ ရန်ကုန်လို လူထူထပ်တဲ့မြို့တွေမှာ စတင်ဖြစ်ပွါးနေပြီးဖြစ်ပါတယ် ဒါ့ကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်ပါတယ်။ ကြိုတင်ကာကွယ်မှုအပိုင်းကတော့ ထူးခြားမှုမရှိဘဲ ယခင်ကနည်းလမ်းတွေအတိုင်း ကာကွယ်ရမှာပါ။

(1) Mask တပ်ခြင်း
(2) လက်ဆေးခြင်း
(3) လူစုလူဝေးရှောင်ရှားခြင်း
(4) တဦးနဲ့တဦး 6 ပေ အကွာတွင်နေထိုင်ခြင်း
(5) ချောင်းဆိုး နှာချေတိုင်း Tissue/ လက်ကိုင်ပဝါတို့ဖြင့် လံုခြံုစွာဖုံးအုပ်ခြင်း
(6) လူအများမကြာခဏထိတွေ့ကိုင်တွေ့လေ့ရှိသောအရာဝတ္တုမျက်နှာပြင်များနှင့်နေရာများကိုပိုးသတ်သန့်စင်ခြင်း တို့ပဲဖြစ်ပါတယ်။

Covid-19 ရဲ့ မျိုးရိုးဗီဇအသစ် Arcturus(အားထူးရပ်စ်) ရှိသူဟာ ဖျားနာမယ်၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမယ်၊ ချောင်းဆိုးမယ်၊ နှာစေးမယ်၊ လည်ချောင်းနာမယ် စတဲ့အချက်တွေ ဖြစ်စေပြီး ထူးခြားမှုအနေနဲ့ မျက်စိနာတာ၊ နားကိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီအရာတွေ ဖြစ်နေပြီဆိုရင်တော့ ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးကြည်ပါ။ ကိုဗစ်ပိုးရှိနေရင် အကောင်းဆုံးက ဆေးရုံ၊ ဆေးခန်းမှာ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။

Covid-19 ရဲ့ မျိုးရိုးဗီဇအသစ် Arcturus(အားထူးရပ်စ်) ပြင်းအားပိုင်းအရကြည့်ရင် ပျော့တယ်လို့ ဆိုရပေမယ် ကူးစက်မှုအပိုင်းကတော့ မြင့်မားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အထူးသတိထားကြဖို့ လိုပါတယ်။

လက်ရှိ ကိုဗစ်ပိုးတွေ့လူနာတွေမှာတွေ့ရတဲ့လက္ခဏာတွေက
• လည်ချောင်းနာခြင်း၊
• မျက်စိနီခြင်း၊
• ခေါင်းကိုက်ခြင်း၊
• ချောင်းဆိုးခြင်း၊
• ချွဲထွက်ခြင်း၊
• ဝမ်းလျှောခြင်း၊
• ကိုယ်လက်ကိုက်ခဲခြင်း၊
• အနံ့ပျောက်ခြင်း၊
• အဖျားကြီးခြင်း၊
• ခန္ဓာကိုယ်နုံးချိခြင်းနဲ့
• အသက်ရှူကြပ်ခြင်း စတဲ့လက္ခဏာတွေ ပြသနေပါတယ်။

ထို့အပြင် ခုရက်တွေမှာ အပူချိန်အလွန်မြင့်မားလွန်းခြင်းကြောင့် မျက်စိနာတာတွေ၊ မျက်စိစွန်တာတွေ၊ ဖျားတာနာတာတွေလည်း အဖြစ်များနေကြပီး နောက်ဆုံးထွက်ပေါ်လာတဲ့ ကိုဗစ်မျိုးကွဲသစ် (Arcturus) XBB.1.16 လို့ခေါ်တဲ့ မျိုးစိတ်ကလည်း မျက်စိနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ပါဝင်နေတာမို့ ပိုမိုသတိထားသင့်ပါတယ်။

ယခုလို ရာသီဥတုအလွန်ပူပြင်းပြီး ရေဓာတ်လျှင်မြန်စွာ ဆုံးရှုံးနေရချိန်မျိုးမှာ ကိုဗစ်လျှင် လူငယ်တွေအတွက် မသိသာပေမယ့် ကိုယ်ခံအားနည်းတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်အန္တရာယ်ရှိလာတဲ့အထိ ထိခိုက်နိုင်တာကြောင့်အထူးသတိထားသင့်ပါတယ်

ထို့ကြောင့် အိမ်မှာ အတူနေတယ့် မိဘ၊ ဖိုးဖိုးဖွားဖွားတွေ၊ ကာကွယ်ဆေး အပြည့်မထိုးထားသူတွေ၊ ကိုဗစ်လည်း တခါမှ မဖြစ်ဖူးသေးသူ၊ နာတာရှည်ရောဂါအခံရှိသူတွေအတွက် အထူးသတိပြုဂရုစိုက်ကြစေလိုပါတယ်။ ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးထားဖို့အတွက်လည်း အကြံပြု ပြောဆိုတိုက်တွန်းလိုက်ပါတယ် ။

ဟုတ်ကဲ့ပါ💜Yangon Medical Cover Page ကနေစိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့အသိပညာလေးတွေကို ဝေမျှပေးတဲ့ အစီအစဉ်လေးကနေ အခုတစ်ခေါက်မှ...
17/12/2022

ဟုတ်ကဲ့ပါ💜
Yangon Medical Cover Page ကနေ
စိတ်ကျန်းမာရေးနဲ့ပတ်သတ်တဲ့အသိပညာလေးတွေကို ဝေမျှပေးတဲ့ အစီအစဉ်လေးကနေ
အခုတစ်ခေါက်မှာတော့ ဒီကာလအတွင်းမှာ
မြင့်မားလာတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီးဝေမျှချင်ပါတယ်။

#မူးယစ်ဆေးဝါးစွဲလမ်းမှုကိုဘယ်လိုဖြတ်ကျော်ကြမလဲ?

အကယ်လို့ ကိုယ်တိုင်က မူးယစ်ဆေးဝါးကိုဖြတ်ဖို့ ဆန္ဒရှိပြီဆိုပါက ကျွမ်းကျင်ပညာရှင်တွေ၊ဆရာဝန်တွေဆီမှာ သေချာကုသမှုခံယူပြီးသာဖြတ်သင့်ပါတယ်။

မူးယစ်ဆေးဝါးဖြတ်နိုင်မယ့်နည်းလမ်းကိုရွေးချယ်ခြင်း၊
ဖြတ်သည့်အခါမှာကြုံတွေ့နိုင်မယ့် သက်ရောက်မှုများ၊ဖြတ်ပြီးတဖန်ပြန်ဖြစ်နိုင်သည်များ
စသည်တို့ကို ဆရာဝန်၊ပညာရှင်များထံမှာသာဆွေးနွေးကုသပြီး မူးယစ်ဆေးဝါးစွဲလမ်းမှုကို စနစ်တကျဖြတ်သင့်ပါတယ်။

ဒီစာလေးမှာတော့ မူးယစ်ဆေးဝါးဖြတ်နေချိန်နဲ့ ဖြတ်ပြီးကာလများမှာ ပြုမူနေထိုင်သင့်တဲ့
အမူအကျင့်လေးများကို မျှဝေချင်ပါတယ်။

၁။ #မိမိကိုယ်အထောက်အကူဖြစ်စေမယ့်_မိတ်ဆွေသူငယ်ချင်းများထားရှိပါ။

မူးယစ်ဆေး ပြတ်တဲ့အချိန်မှာ
မိမိကိုမူးယစ်ဆေးဝါးသုံးဖို့တွန်းအားပေးမယ့်သူများကို တတ်နိုင်သလောက်ရှောင်ရှားပြီး
မိမိကိုအကူအညီပေးနိုင်မယ့်
အထောက်အပံ့ဖြစ်စေမယ့်သူများကို
ပိုမိုပေါင်းသင်းသင့်ပါတယ်။

၂။ #ဝါသနာအသစ်များရှာဖွေပါ။

မိမိစိတ်ကို အနားမပေးခြင်းဟာ
မူးယစ်ဆေးဝါးသုံးစွဲချင်စိတ်ကို
နည်းပါးစေနိုင်ပါတယ်။

ဒါ့အပြင် မိမိကိုအကျိုးရှိစေနိုင်မယ့်
ဝါသနာလေးတွေကြောင့် စိတ်ပျော်ရွှင်မှုကို
ပိုတိုးစေပြီး မိမိတို့ဘဝရည်မှန်းချက်တွေကိုလည်း ပြီးမြောက်စေနိုင်ပါတယ်။

၃။ #လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းကတော့
မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုပါ။

မိမိရဲ့ စိတ်ရောကိုယ်ပါကျန်းမာစေနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အခါထွက်တဲ့ Endorphinဟော်မုန်းဟာ
မိမိတို့ရဲ့စိတ်ခံစားချက်ကိုပိုကောင်းမွန်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဆေးပြတ်ပြီး ပြန်လည်သုံးစွဲမှုကို
ထိရောက်စွာလျော့ကျစေနိုင်ပါတယ်။

၄။ #စေတနာ့ဝန်ထမ်းအလုပ်များလုပ်ကိုင်ပါ။

သူတစ်ပါးကိုကူညီပေးတဲ့ စေတနာ့ဝန်ထမ်းအလုပ်များဟာ ကိုယ့်ကို ပတ်ဝန်းကျင်နဲ့ ပိုပြီး လိုက်လျောညီထွေဖြစ်စေသလို
ယုံကြည်မှုများလည်းပိုတိုးစေပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်မှာ မိတ်ဆွေသစ်များ
တိုးပွားစေပြီး သူတစ်ပါးတွေကိုကူညီပေးခြင်းဖြင့်လည်း မိမိတို့ရဲ့ ခံစားချက်တွေကို
ပိုကောင်းစေနိုင်ပါတယ်။

၅။ #အစားအစာကို_ကောင်းမွန်အောင်စားပါ။

ကျန်းမာရေးနဲ့သင့်လျော်တဲ့အပြင်
အရသာရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်တာပဲဖြစ်ဖြစ်
စားသုံးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာခြင်းကိုအထောက်အကူပြုသလို စိတ်ကျေနပ်ပျော်ရွှင်မှုကိုတိုးပွါးစေပါတယ်။

ကိုယ်ရောစိတ်ရော ကျန်းမာပျော်ရွှင်တဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲချင်စိတ်ကို
လျှော့ချပေးပါတယ်။

၆။ #ထုတ်ပြောပါ။

တခါတရံ မိမိတို့ ရဲ့အတွေ့အကြုံတွေ
အခက်အခဲတွေကို မိမိတို့ယုံကြည်ရတဲ့မိတ်ဆွေတွေကို ထုတ်ပြောပါ။

ဒါ့အပြင် ကိုယ်နဲ့ပြဿနာချင်းတူတဲ့
Group Supportများjoinပြီး အတွေးများဝေမျှတာလည်း မိမိတို့ကိုနည်းလမ်းကောင်းတွေတွေ့ရှိအောင်ပါ လမ်းညွှန်ပေးနိုင်ပါတယ်။

၇။ #တရားထိုင်ပါ။

တရားထိုင်တာအပြင် စိတ်ကိုအေးချမ်းစေတဲ့
လေ့ကျင့်ခန်းတွေ လေ့ကျင့်ပေးတာဟာ
စိတ်ဖီးစီးမှုတွေ၊စိုးရိမ်စိတ်တွေကို
လျော့ကျစေနိုင်တဲ့အပြင် ဘဝမှာ အခက်အခဲတွေ ကြမ်းတမ်းမှုတွေနဲ့ကြုံတဲ့အခါမှာလည်း
စိတ်ကို တည်ငြိမ်အောင်
ငြိမ်းချမ်းအောင်လုပ်ပေးနိုင်ပါတယ်။

၈။ #တတ်သိပညာရှင်များရဲ့အကူအညီရယူပါ။

အမှန်တကယ်တော့ မူးယစ်ဆေးစွဲလမ်းမှုကနေ လွတ်မြောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။

ဒါကြောင့် တတ်သိကျွမ်းကျင်တဲ့
စိတ်ပညာရှင်တွေ ဆရာဝန်တွေရဲ့ အကူအညီယူတာ ရှက်စရာမဟုတ်သလို မိမိတို့ကို ပြန်လည်သုံးစွဲမှုတွေမဖြစ်အောင်၊မူးယစ်ဆေးမသုံးဘဲနေနိုင်အောင် အထောက်အကူပေးနိုင်ပါတယ်။

Ref//https://apibhs.com/2017/07/30/how-to-overcome-drug-addiction-tips-for-recovery

Dr Tin Ko Lat
Yangon Medical Cover Team
photo.. Credit

Hello Sweet December လေးဖြစ်ပါစေ🙏🙏YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ်နော် 😍ခု ဆောင်းဝင်ပြီး အေးစပြုလာပြီဆိုတော့ ...
01/12/2022

Hello Sweet December လေးဖြစ်ပါစေ🙏🙏
YMC ရဲ့ HE program လေးကနေ
ကြိုဆိုလိုက်ပါတယ်နော် 😍

ခု ဆောင်းဝင်ပြီး အေးစပြုလာပြီဆိုတော့
ကျွန်မတို့ ပန်းနာရင်ကြပ် အကြောင်းလေး
ပြောပြချင်ပါတယ် ...

#ပန်းနာရင်ကြပ်ရောဂါ

📌ပန်းနာရင်ကြပ်ရောဂါဆိုတာဘာလဲ??

🔷ပန်းနာရင်ကြပ်ရောဂါဆိုတာ လေပြွန်လေးတွေရောင်ရမ်းပြီး၊ ကျဉ်းလာခြင်း ကြောင့် အသက်ရှူလျှင် ရွှီရွှီ မြည်​၊ အသက်ရှူရခက်ပြီးမောပန်းလာခြင်းတို့ကို ဖြစ်ပေါ်လာစေသော ရောဂါတစ်မျိုးဖြစ်ပါတယ်..

📌ဘယ်အရာတွေကြောင့် ပန်းနာရင်ကြပ်ရောဂါ ပြန်ဖြစ်နိုင်လဲ ??

🔷ရာသီဥတုအေးခြင်း၊
🔷လေ့ကျင့်ခန်းလုပ်ခြင်း၊
🔷စိတ်ခံစားမှုအပြောင်းအလဲ၊
🔷allergens လို့ခေါ်တဲ့ ဖုန်မှုန့်၊
🔷ပန်းဝတ်မှုံနဲ့ တိရိစ္ဆာန် အမွှေးများ၊
🔷infection လို့ခေါ်တဲ့ပိုးဝင်ခြင်းများ၊
🔷ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ကိုရှူရှိုက်မိခြင်း ၊
🔷လေထုညစ်ညမ်းခြင်း နှင့် အချို့သော အကိုက်အခဲပျောက်ဆေး များ ကြောင့်လဲ ရင်ကြပ်ရောဂါ ကိုဖြစ်စေနိုင်ပါတယ်။

📌အခြားတွဲတွေ့ရတတ်သော ရောဂါများ

🔷နှင်းခူရောဂါ၊
🔷Hay Fever၊
🔷allergy ခေါ် ဓာတ်မတည့်ခြင်း၊
🔷မိသားစု ထဲတွင် asthma ရောဂါရှိခြင်း

📌Asthma ရောဂါနဲ့ပတ်သက်ပြီးဘာဆေးတွေနဲ့ ကုကြလဲ??

🔷asthma ရောဂါ ကို ရောဂါပြင်းထန်ပုံအရ မူတည်ပြီး အဆင့် သတ်မှတ်ပြီး ကုသကြပါတယ်။

💊ပထမဆုံး အဆင့်မှာတော့ လေပြွန်များကိုကျယ်စေသောဆေးရှူခြင်းနဲ့ စတင်ပြီး ကုသကြပါတယ်။ သူတို့ကိုတော့ လေပြွန်ကျဉ်း ပြီးရောင်ရမ်းခြင်းကို ချက်ချင်းသက်သာစေသောကြောင့် reliever လို့လဲခေါ်ကြပါတယ်။

💊နောက်ပိုင်းမှာတော့ လိုအပ်သလို စတီးရိုက်ရှူဆေးများဖြင့် ကုသကြပါတယ်။ စတီးရိုက်ရှူဆေးများရှူပြီးလျှင်တော့ ရေဖြင့်ပလုတ်ကျင်းဖို့ လိုအပ်ပါတယ်။ သူတို့ ကတော့ ရေရှည် အနေနဲ့ ရောင်ရမ်းခြင်းကို လျှော့ချပြီး နောက်ထပ် ပြန်မကြပ်အောင် ထိန်းပေးတဲ့အတွက် controller လို့ခေါ်ကြပါတယ်။

💊လူတော်တော်များများ အမှတ်မှားနေကြတာတော့ ဆေးရှူရပြီဆိုလျှင် ရောဂါအဆင့်မြင့်နေပြီလို့ ထင်နေကြခြင်းဖြစ်ပါတယ်။ တကယ်ကတော့ ဆေးရှူလိုက်ခြင်းဖြင့် လေပြွန်ထဲသို့ ဆေးကတိုက်ရိုက် ရောက်သွားပြီးတော့ လေပြွန်များကို ကျယ်စေခြင်းဖြင့် ရောဂါလက္ခဏာကို သက်သာစေခြင်းဖြစ်ပါတယ်။

💊ထိုအဆင့်မှာမသက်သာပါမှ ရောဂါလက္ခဏာပေါ်မူတည်ပြီး သက်ဆိုင်ရာဆရာဝန်က ရှူဆေးနောင်တမျိုး ထပ်ထည်ခြင်း ၊ သောက်ဆေးများ ထပ်ထည့်ခြင်းတို့ကို လုပ်ဆောင်ပေးပါလိမ့်မယ်။

💊acute severe asthma လို့ခေါ်တဲ့ ရုတ်တရက်ပြင်းထန်စွာကြပ်လာတဲ့ asthma မှာတော့ စတီးရိုက် (steroid) ဆေးတွေကို သွေးကြောထဲထိုး ပြီးကုသမှုပေးတဲ့အခါမှာ သက်သာသွားကြပါတယ်။

သို့သော်လည်း steroid ဆေးများမှာ မျက်နှာများအမ်းလာခြင်း၊ သွေးပေါင်တက်လာခြင်း၊ အရိုးပါးလာခြင်း၊ ဆီးချိုသွေးချိုရှိလျှင်ထိန်းရခက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးများရှိနေကြတဲ့ အတွက် ရောဂါဖြစ်မှ ဆေးထိုးဆေးသောက်လုပ်ခြင်းထက် ရှူဆေးကိုမှန်မှန်ရှူကာ အဆင့်အလိုက်ကုသခြင်းက လူနာအတွက်ပိုအကျိုးရှိစေပါတယ်...

📌ပန်းနာရင်ကြပ်ခဏခဏပြန်မဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲ???

🔷အမူအကျင့်တွေပြောင်းလဲမယ်
🔷ရင်ကြပ်ရောဂါခဏခဏပြန်မဖြစ်အောင် ဆေးလိပ်သောက်နေလျှင်ဆေးလိပ်ဖြတ်ခြင်း၊
🔷ရောဂါကို အစပျိုးဖြစ်ပေါ်စေသော အရာများကိုရှောင်ကြဉ်ခြင်း
🔷ဆေးရှူနည်းမှန်မမှန်သေချာစစ်ဆေးခြင်း တို့ကိုပြုလုပ်သင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပန်းနာရင်ကြပ်ရောဂါနဲ့ ပက်သက်လို့ တော်တော်ဗဟုသုတ ရသွားလောက်ပြီထင်ပါတယ် 😇😇😇

Dr Eaint
Yangon Medical Cover Team

Hello ... မင်္ဂလာပါ🙏🙏🙏YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ်နော် ...လူအများစု အစာမ​ကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း​ဝေဒန...
17/10/2022

Hello ... မင်္ဂလာပါ🙏🙏🙏
YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ်နော် ...

လူအများစု အစာမ​ကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း​ဝေဒနာကို ကြုံဖူးခံစားဖူးကြမယ်လို့ထင်ပါတယ်။

ဒါ​ကြောင့် အစာမ​ကြေခြင်း (Dyspepsia)အ​ကြောင်း ဗဟုသုတ တိုးပွားရ​အောင် ​လေ့လာကြည့်ကြမယ််​။

အစာမ​ကြေရင်ပြည့်တယ်ဆိုတာနဲ့ အစာအိမ်​ယောင်​နေပြီဆိုပြီး တန်းသတ်မှတ်လို့မရနိုင်ပါ။

#ဖြစ်စေတတ်သောရောဂါများ

👉အစာအိမ်အနာဖြစ်ခြင်း

👉မုနိ့ချိုအိတ်ရောင်ခြင်း

👉အူရောင်ရမ်းခြင်း

👉အစာရေမျိူပြွန်ရောင်ရမ်းခြင်း

👉အသည်းရောင်ခြင်း

👉သဲခြေကျောက်တည်ခြင်း

👉နှလုံးသွေးကြောပိတ်ခြင်း

👉အရက်အလွန်အကျွံသောက်သုံးခြင်း

👉စိတ်ဖိစီးမှုများခြင်း

👉စိတ်ဓာတ်ကျခြင်း

👉အကိုက်ခဲ​ပျောက်​ဆေး​ရေရှည်သုံးစွဲခြင်းတို့ ကလည်း အစာမကြေ ရင်ခေါင်းတစ်ဆို့ခြင်းဆိုတဲ့
လက္ခဏာပြတက်ပါတယ်။

🚨အ​ရေး​ပေါ်လက္ခဏာများ🚨

▪︎ ကိုယ်အ​လေးချိန်​လျော့ကျခြင်း

▪︎​သွေးအားနည်းခြင်း

▪︎​သွေးအန်ခြင်း

▪︎ဝမ်းမဲမဲသွားခြင်း

▪︎အစာမျိူရခက်ခြင်း

စသည့် အချက်များရှိပါက တက်ကျွမ်းနားလည်​သော ဆရာဝန်နှင့် ​စောလျင်စွာကုသမှုခံယူသင့်ပါတယ်။

🚫ရှောင်ရန်🚫

-အပူ
-အချဥ်အစပ်
-မာလာရှမ်း​ကော
-အရက်/ဘီယာ
-ကောက်ညှင်း
-လက်ဖက်
-အသုတ်စုံ
-​လေပွစာ
-​ရေခဲမုန့် ​Chocolate
စသည့်အစားစားများ​ရှောင်ရှားပြီး ​ရောဂါကို အမြန်ဆုံးစစ်​ဆေးရှာ​ဖွေကုသမှူ ခံယူရပါမယ်..

ခုလောက်ဆို အစာမကြေတာနဲ့ပတ်သက်ပြီး နားလည်လောက်ပါပြီနော်

မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက်
အခမဲ့ Tele Consult လုပ်ချင်တယ်ဆိုရင်တော့
ကျွန်တော်တို့ YMC ကိုသာ သတိရလိုက်ပါနော် 👍

Dr Wi
Yangon Medical Cover Team

YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ်နော် ..ဒီတခေါက် ပြောပြပေးမှာကတော့...👇👇👇 #ခါးကြောညှပ်ခြင်း(Sciatica)     ခါးကြ...
05/10/2022

YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ်နော် ..ဒီတခေါက် ပြောပြပေးမှာကတော့...
👇👇👇
#ခါးကြောညှပ်ခြင်း(Sciatica)

ခါးကြောညှပ်ဝေဒနာ(Sciatica) က လူအဖြစ်များပြီး ခံရခက်တဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ခါးကြောညှပ်တယ်ဆိုတာ ခန္ဓာကိုယ် မှာ အကြီးဆုံး နဲ့ အရှည်ဆုံး အာရုံကြော ဖြစ်တဲ့ Sciatic nerve ကြောကို ဖိမိလို့၊ ထိခိုက်မိလို့ ဖြစ်ပေါ်လာတဲ့ ရောဂါ လက္ခဏာ ဖြစ်ပါတယ်။

▪️ဘယ်လိုအကြောင်းအရာ တွေကြောင့် Sciatic nerve ကြောကို ဖိမိတာလဲ??
-ခါးဆစ်ရိုးနှစ်ခုကြားရှိ အဝိုင်းပြားလေး ကျွတ်ထွက်ခြင်းကြောင့်
-အလုံးအကြိတ် တွေကြောင့်
-ကြီးပေါင်း အရိုးအတတ် ထွက်ခြင်းကြောင့်
-ကိုယ်ဝန်ရင့်ချိန်မှာ သန္ဓေသားက လာဖိမိ ခြင်းကြောင့်
-ခါးဆစ်ရိုးလွှဲခြင်းကြောင့် ဖြစ်နိုင်ပါတယ်။


▪️ခါးကြောညှပ်ခြင်း (သို့) Sciatic nerve ကိုဖိမိတဲ့အခါ ဘယ်လို ရောဂါလက္ခဏာ တွေခံစားရသလဲ??
ခြေထောက်တစ်ဖက် ထုံကျင်ခြင်း၊နာခြင်း၊ကိုက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ထိုလဏ္ခဏာ တွေသည် လမ်းလျှောက်ခြင်း၊ ခါးကုန်းခြင်း ၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စတဲ့အချိန်တွေမှာ ပိုခံစားရပြီး လှဲအိပ်နေတဲ့ အခါ သက်သာသွားတတ်ပါတယ်။

▪️ခါးကြောညှပ်ခြင်း ကဘယ်လိုလူတွေမှာ အဖြစ်များလဲ???
-အသက်ကြီးတဲ့သူ
-အဝလွန်သူ
-ဆီးချိုရောဂါရှိသူ
-မကြာခဏ ခါးနာတက်သူ
-အထိုင်များသူ စတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။

▪️ရောဂါကို ဘယ်လိုစမ်းသပ် သိရှိနိုင်လဲ???
CT , MRI , X ray စတာတွေရိုက်ပြီး သိနိုင်ပါတယ်။

▪️ရောဂါ သပ်သာပျောက်ကင်းအောင် ဘယ်လိုကုသလို့ ရလဲ???
-နားလည်တက်ကျွမ်းတဲ့ ဆရာဝန် နဲ့ ပြသပြီး ဆရာဝန် ညွှန်ကြား တဲ့အတိုင်း ဆေးသောက်သုံး ရပါတယ်။
-Physical Therapy လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
-Electric probe လေးတွေ နဲ့ ကြွက်သား ပြန်သန်စွမ်း လာအောင် လည်းလုပ်လို့ရပါတယ်။

▪️ရောဂါ ခံစားနေရတဲ့အခါ သက်သာအောင် ဘယ်လို နေထိုင် ပြုလုပ်ပေးရမလဲ???
-အတတ်နိုင်ဆုံး လှဲနေပါ။
-ထိုင်ရင် ခါးကိုမတ်မတ် ထိုင်ပါ။
-ခါးကုန်းခြင်း အလေးအပင် မခြင်းတို့ မပြုလုပ်ပါနဲ့။
-လေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန် မလုပ်ပါနဲ့။
(ဆရာဝန်ညွှန် ကြားထားသော လေ့ကျင့်ခန်းကို သာ လုပ်ပေးပါ)

▪️မကုသဘဲ ထားရင် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုး တွေဖြစ်စေနိုင်လဲ ???
-ခြေဒရွတ်တိုက်ဆွဲသွားခြင်း
-ခြေထောက် တစ်ဖက်သိမ်ခြင်း
-ဆီး ဝမ်း မထိန်းချုပ်နိုင် ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒီလောက်ဆို ခါးကြောညှပ်ခြင်း နဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မယ်လို့ ထင်ပါတယ်နော် ..

မိဘပြည်သူများရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး
အခမဲ့ tele consult လုပ်ချင်တယ်ဆိုရင်တော့
ကျွန်မတို့ Yangon Medical Cover Team က
24hr service နဲ့ အသင့်ရှိနေကြောင်း သတင်းကောင်းလေး ပါးပါရစေရှင့် ...
Ph 099 8780 1354 ကိုသာ hello လိုက်နော် 👌

Dr Win Pyae
Yangon Medical Cover Team

ဒီပုံလေးက 7.9.2022 ရဲ့ covid data လေးပါ ဆိုတော့ covid ဟာ တစ်စခန်းထလာပြီပေါ့ ..ဒီတစ်ကြိမ်ဟာ omicron လို ပျော့မှာလား ပုံမှ...
08/09/2022

ဒီပုံလေးက 7.9.2022 ရဲ့ covid data လေးပါ

ဆိုတော့ covid ဟာ တစ်စခန်းထလာပြီပေါ့ ..

ဒီတစ်ကြိမ်ဟာ
omicron လို ပျော့မှာလား
ပုံမှန် Flu (တုပ်ကွေး) လိုမျိုးလောက်နဲ့
ပြီးသွားမလား
delta လို ပြင်းမှာလား ဆိုတာကတော့
မသိသေးဘူးရယ်

သေချာတာတစ်ခုက တော့
​ပျော့သည် ဖြစ်စေ ပြင်းသည်ဖြစ်စေ
ဆေးတော့ သောက်ရတော့မှာပါပဲ

အဲဒီမှာ မှ ပြဿနာက စမှာ ...

အဆမတန် တက်နေတဲ့ ကုန်ဈေးနှုန်းတွေထဲ
ဆေးဝါးတွေလည်း အပါအဝင်မို့
ဒီနေ့ ဝယ်ရတဲ့ ဈေးနဲ့ နောက်နေ့ ဝယ်ရတဲ့ဈေး
မတူကြတော့တာ ဝယ်နေသူတိုင်း သိမှာပါ ..
တချို့ဆိုင် တွေ အရောင်းပိတ်ထားကြတာမျိုး
တချို့ဆိုင်တွေ မရောင်းရဖို့ ဆုတောင်းနေကြရတဲ့အထိပါပဲ ...

ဆိုတော့ သာမန် လက်လုပ်လက်စား
အခြေခံလူတန်းစားတွေအတွက်
လက်လှမ်းမီဖို့ရာ ခက်ခဲသွားနိုင်တာမျိုး ပါ...

covid ကလည်း ပြန်စနေပြီ
ဖြစ်လာရင်လည်း ဆေးဈေးတွေကကြီး

#ဒီတော့_ဘယ်လိုလုပ်ကြမလဲ

#မဖြစ်အောင်ကြိုးစားကာကွယ်ရမှာပါပဲ

💠 #အပြင်ထွက်တိုင်း_Mask_တပ်မယ် ..
အပြင်ကပြန်လာရင် သုံးခဲ့တဲ့ Mask ကို
စနစ်တကျ စွန့်ပစ်မယ် ..

💠 #လက်ဆေးမယ်
public area က ပြန်လာတိုင်း
အဝတ်အစားလဲ ရေချိုး မယ်
အဝတ်အစားတွေ ချက်ချင်း
မလျှော်နိူင်သေးရင်လည်း
အိတ်နဲ့ သေချာလုံအောင် ထုတ်ထားမယ် ..

💠 #တတ်နိုင်သမျှ_လူထူထပ်တဲ့နေရာတွေကို_ရှောင်မယ် ..

ဒီလို ဒီလို ကြိုတင်ကာကွယ်ရင်းနဲ့မှ
ကိုဗစ်က
ကိုယ့်ဆီ ကိုယ့်မိသားစုဆီ
ပစ်မှတ်ထား ရောက်လာခဲ့ရင်လည်း

ကျွန်မတို့ Yangon Medical Cover Team က
မိဘပြည်သူတို့နဲ့အတူ အသင့်ရှိနေမှာပါ ..

ဲ့_Receptionဖုန်းနံပါတ်
(099 87 80 1354) #ကိုသာ_ဟယ်လို_လိုက်ပါ ..

#မိဘပြည်သူတို့ရဲ့ကျန်းမာရေးအတွက်
#အခမဲ့တိုင်ပင်ဆွေးနွေးကုသပေးမယ့်
#ဆရာဝန်လေးတွေက 24hr #အသင့်ရှိနေပါတယ်နော် ..

လူတိုင်းလူတိုင်း ကြုံတွေ့ခံစားနေရတဲ့
အခက်အခဲတွေ သောကတွေကြားမှာ
ကျန်းမာရေးနဲ့ပတ်သက်တဲ့
အခက်အခဲလေးတွေအတွက် ကျွန်မတို့ YMC က
အိုအေစစ်လေးပမာ တည်ရှိနေပါတယ်လို့
မိဘပြည်သူများကို အသိပေးပါရစေရှင်..

#နီးစပ်ရာလိုအပ်သူတွေ
#ကျန်းမာရေးပြသနာအခက်အခဲကြုံတွေနေသူတွေကိုလည်း #လက်ဆင့်ကမ်းသတင်းပေး_လို့ရပါတယ်နော် ..

ကျွန်မတို့ YMC က အိမ်တိုင်ယာရောက် လိုက်ကြည့်ပေးတာမျိုးတော့ မလုပ်ပေးနိုင်သေးပေမယ့်

#ဆေးရုံဆေးခန်းသွားဖို့အခက်အခဲဖြစ်နေသူတွေအတွက် #ဖုန်းလေးဆက်ပြီးရောဂါလက္ခဏာလေးတွေသာပြောပြလိုက်ပါ

#ဘယ်လိုဘယ်လို_လုပ်ရမယ်ဆိုတဲ့_အကြံပြုကုသမှုတွေကို_အချိန်နဲ့တပြေးညီရရှိမှာဖြစ်ပါတယ် ...

YMC က မိဘပြည်သူတို့နဲ့အတူ အမြဲအသင့်ရှိနေပါတယ် ရှင်

Team Leader
Yangon Medical Cover Team

ကျွန်မတို့ YMC Team အတွက်တော့ ဒါလေးတွေက Vitamin လေးတွေပါပဲရှင်ဒီလို feedback ကောင်းလေးတွေနဲ့ YMC ရဲ့လမ်းညွှန်ကုသမှုလေးတွ...
29/08/2022

ကျွန်မတို့ YMC Team အတွက်တော့
ဒါလေးတွေက Vitamin လေးတွေပါပဲရှင်
ဒီလို feedback ကောင်းလေးတွေနဲ့ YMC ရဲ့
လမ်းညွှန်ကုသမှုလေးတွေကို ရယူချင်တယ်ဆိုရင်
Tele Consult လုပ်ချင်တယ်ဆိုရင်တော့
09987801354 ကိုသာ ဆက်သွယ်လိုက်ပါနော် ...

အင်အားသစ် ခွန်အားသစ်တွေ ရဖို့
အဆင်ပြေခဲ့တာလေးတွေကို ပြောပြပေးလို့ရသလို

အဆင်မပြေတာလေးတွေများရှိခဲ့ရင်လည်း
ဖြည့်စွက်ပြင်ဆင်နိုင်ဖို့အတွက်
ပြောပြပေးလို့ရပါတယ် ရှင်

မိဘပြည်သူများအားလုံး
ဘေးဘယာဝေးကွာ ကျန်းမာကြပါစေရှင့်🙏🏽🙏🏽🙏🏽

Team Leader
Yangon Medical Cover

ဟုတ်ကဲ့…အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏽🙏🏽🙏🏽ကျွန်တော်တို့ Yangon Medical Coverရဲ့ကျန်းမာရေးပညာပေး အစီအစဉ်လေးကနေ ကြိုဆိုလိုက်ပါ...
22/08/2022

ဟုတ်ကဲ့…အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏🏽🙏🏽🙏🏽

ကျွန်တော်တို့ Yangon Medical Coverရဲ့ကျန်းမာရေးပညာပေး အစီအစဉ်လေးကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ဟာအခုလိုအဘက်ဘက်က ခက်ခဲဆင်းရဲရတဲ့ကာလကြီးကို ဖြတ်ကျော်နေရတဲ့အခါ စိတ်ကောလူကောပင်ပန်းကြမှာအမှန်ပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေ၊အလုပ်ပင်ပန်းတာတွေကိုဖြေလျော့ဖို့ အရက်ကို အလုပ်သဘောအရရော၊ကြိုက်လို့ပါ သောက်တတ်ကြပါတယ်။

အရက်ကိုအလွန်အကျွံသောက်မိတဲ့အခါ၊စွဲစွဲလမ်းလမ်းသောက်မိတဲ့အခါမှာ ကိုယ်ရောစိတ်ရောအတွက် ဆိုးကျိုးများရှိတာကိုလည်း မိတ်ဆွေတို့သိထားမိထားကြပြီးဖြစ်မှာပါ။

ဒါ့ကြောင့်ဒီဆောင်းပါးလေးမှာ မိတ်ဆွေတို့အနေနဲ့ အရက်ကိုဖြတ်တဲ့အခါမှာ ကြုံတွေ့လာနိုင်တဲ့လက္ခဏာတွေနဲ့ ကျော်လွှားနိုင်မယ့်နည်းလမ်းလေးများကိုဖော်ပြသွားမှာဖြစ်ပါတယ်။

#အရက်ဖြတ်တဲ့အခါကြုံတွေ့ရမယ့်လက္ခဏာများ

အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေဟာ အတွေ့များတဲ့လက္ခဏာတွေဖြစ်ပြီး လူတိုင်းကြုံတွေ့ရမယ်လိုတော့မဆိုလိုပါဘူး။

တစ်နေ့ကိုသောက်လေ့ရှိတဲ့ပမာဏရယ်၊သောက်သုံးလာတဲ့သက်တမ်းပေါ်မူတည်ပြီး
လက္ခဏာတွေဟာ ပြင်းအားတွေလည်းကွာခြားသွားနိုင်ပါတယ်။

#စိတ်ပိုင်းဆိုင်ရာအနေနဲ့

-စိုးရိမ်စိတ်လွန်ကဲခြင်း
-စိတ်ခံစားချက်ပြောင်းလဲမှုလွယ်ခြင်း
-စိတ်ဓာတ်ကျခြင်း
-အာရုံစူးစိုက်ရခက်ခဲခြင်း
-မောပန်းလွယ်ခြင်း
-စိတ်တိုစိတ်ဆတ်ခြင်း

#ခန္ဓာကိုယ်ပိုင်းဆိုင်ရာအနေနဲ့

-ခေါင်းကိုက်ခြင်း
-သွေးတိုးခြင်း
-အစားစားချင်စိတ်လျော့နည်းခြင်း
-ပျို့ခြင်း၊အော့အန်ခြင်း
-နှလုံးခုန်မြန်ခြင်း
-ချွေးထွက်များခြင်း
-ခြေလက်တုန်ခြင်း
-အိပ်စက်ရခက်ခဲခြင်း တို့ကြုံနိုင်ပါတယ်။

ကြုံတွေ့ရနိုင်တဲ့လက္ခဏာတွေကိုကြားပြီး
မကြောက်သွားပါနဲ့။

ကျွန်တော်ကပဲ ခံစားရသက်သာစေမယ့်၊
အလွယ်တကူကျော်လွှားနိုင်မယ့်နည်းလမ်းလေးတွေဆက်ပြောပြပေးသွာမှာပါ။

-အရက်ဖြတ်ဖို့ဆုံးဖြတ်ပြီးလျှင် ဆရာဝန်နဲ့သေချာပြသပြီးဖြတ်သင့်ပါတယ်။

သက်ဆိုင်ရာဆရာဝန်နဲ့အရက်ဖြတ်ဖို့နည်းလမ်းကိုတိုင်ပင်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့ ဆရာဝန်မှညွှန်ကြားပေးပါလိမ့်မယ်။

- #ရေဓာတ်ပြည့်ဝအောင်နေပါ။

အရက်ဖြတ်တဲ့အခါရေဓာတ်ခန်းခြောက်တာဟာ အဓိကအားဖြင့် အော့အန်တဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ဒါ့ကြောင့်ရေသို့မဟုတ်ဓာတ်ဆားကိုမကြာခဏသောက်ပေးသင့်ပြီး ရေဓာတ်ပြည့်ဝနေခြင်းက ပျို့အန်ခြင်းကိုသက်သာစေပါတယ်။

- #အစာအာဟာရကိုပြည့်ဝမျှတအောင်စားပါ။

အရက်ကြောင့် အချို့ဓာတ်တွေဟာခန္ဓာကိုယ်ထဲမညီမျှဖြစ်တတ်ပြီး အစာမစားချင်စိတ်ကြောင့်ပိုဆိုးတတ်ပါတယ်။ဒါ့ကြောင့် ကျန်းမာမျှတပြီးအာဟာရရှိတဲ့ အစားအသောက်တွေဟာ ခန္ဓာက်ုယ်ကGlucoseအပြင် အခြားဓာတ်တွေကိုလည်း သင့်တင့်မျှတစေမှာပါ။

- #ရေအေးအေးနဲ့ရေချိုးပါ။
ရေအေးအေးနဲ့ရေချိုးခြင်းက ခန္ဓာကိုယ်မှာဖြစ်နေတဲ့လက္ခဏာတွေအပေါ်အာရုံထားမိတာကိုလည်းလျော့ပါးစေပြီး ချွေးထွက်များခြင်း၊ခြေဖျားလက်ဖျားအေးခြင်း စတဲ့လက္ခဏာတွေကိုသက်သာစေပါတယ်။

- #မိမိအပေါ်အကူအညီပေးနိုင်တဲ့သူငယ်ချင်းကိုအနားမှာခေါ်ထားပါ။

အကယ်လို့ မိမိအရက်ဖြတ်တာကိုအားလည်းပေး၊အကူအညီလည်းပေးနိုင်တဲ့ သူငယ်ချင်းနဲ့အတူရှိနေခြင်းက အထောက်အကူအများကြီးဖြစ်ပါတယ်။တစ်ချိန်လုံးမရှိနေနိုင်တောင် မကြာခဏစောင့်ကြည့်ပေးဖို့အကူအညီတောင်းပါ။

- #ကိုယ်လက်လှုပ်ရှားလုပ်ပါ။

ဒီလိုအချိန်မှာ ပြင်းပြင်းထန်ထန်အားကစားတွေလုပ်ဖို့ကို စိတ်ပါမှာမဟုတ်ပါဘူး။ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ သိပ်မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးက စိတ်ရောကိုယ်ရောအတွက် အကျိုးများစွာရှိပြီး အရက်ဖြတ်တဲ့အခါမှာလည်း အရမ်းထိရောက်မှုရှိပါတယ်။

- #မိမိရဲ့စိတ်ကိုအလုပ်ပေးပါ။

ကိုယ့်ရဲ့အချိန်တော်တော်များများကို အလုပ်တစ်ခုခုလုပ်နေခြင်းက အရက်ဖြတ်တဲ့အခါကြုံရတဲ့
လက္ခဏာတွေကိုအာရုံစိုက်မှုကိုလျော့နည်းစေသလို အရက်ပြန်သောက်ချင်စိတ်တွေကိုလည်းလျော့ပါးစေမှာပါ။ဒါ့ကြောင့်အားလပ်ချိန်တွေမှာ သီချင်းနားထောင်ခြင်း၊စာအုပ်ဖတ်ခြင်း၊သူငယ်ချင်းတွေနဲ့စကားပြောခြင်း၊ဝါသနာအသစ်တွေရှာဖွေခြင်း စသည်တို့ပြုလုပ်သင့်ပါတယ်။

ဒါပေမယ့် အရက်ဖြတ်တဲ့အချိန်မှာ အထူးသတိထားရမယ့် လက္ခဏာတွေရှိပါတယ်။ 🚨🚨

ဥပမာ-ကယောင်ကတမ်းဖြစ်ခြင်း၊သတိကောင်းစွာမရတော့ခြင်း၊ထင်ယောင်ထင်မှားများဖြစ်လာခြင်း၊သိသာစွာတုန်ခြင်း၊သံသယများလာခြင်း၊တက်ခြင်း၊ချွေးအထွက်လွန်ခြင်း၊ကိုယ်ပူချိန်တက်ခြင်း၊သွေးပေါင်ချိန်တက်ခြင်းနှင့်အပြောင်းအလဲမြန်ခြင်းစတာတွေဖြစ်ပါတယ်။ထိုလက္ခဏာတွေဟာ Delirium Tremens(အရက်ငန်းဖမ်းခြင်း၊အရပ်အခေါ် အရက်ကြောင်ခြင်း)ရဲ့လက္ခဏာတွေဖြစ်ပြီး အချိန်မီမကုသလျှင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။🚨🚨🚨

ဒါ့ကြောင့်ဒီလက္ခဏာတွေတွေ့လျှင်မပေါ့ဆသင့်ပဲ အရေးပေါ်ဌာန သို့မဟုတ် နီးစပ်ရာဆေးရုံသို့အမြန်ပြသင့်ပါတယ်။

ဟုတ်ကဲ့ပါခင်ဗျာ…
မိတ်ဆွေတို့အနေနဲ့ ကျွန်တော်ဖော်ပြထားတဲ့အကြောင်းအရာလေးကိုဖတ်ကြည့်ပြီးရင် ကိုယ်ကိုတိုင်ဖြစ်စေကိုယ့်မိတ်ဆွေဖြစ်စေ အရက်ဖြတ်ချင်တဲ့အခါဖြစ်နိုင်တဲ့ လက္ခဏာတွေကိုသိရှိပြီး အလွယ်တကူကျော်ဖြတ်နိုင်ကာ ပိုပြီးကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်ဖို့မျှော်လင့်ပါတယ်ခင်ဗျာ။

တိုင်းသူပြည်သားအားလုံး စိတ်ရောကိုယ်ရော ကျန်းမာချမ်းသာကြပါစေ…🙏🏽🙏🏽🙏🏽

Dr.TKL

Ref: : https://www.verywellmind.com/dont-be-afraid-of-alcohol-withdrawal-80194

 #ဒီရက်ထဲမှာ_မိုင်းဖုန်းဆရာတော်ကြီး_Cerebral_Malaria_နဲ့လဲကျသွားတဲ့_videoလေး_မြင်လိုက်ကြတယ်ဟုတ်ဆိုတော့ ကျွန်မတို့ YMC ကန...
13/08/2022

#ဒီရက်ထဲမှာ_မိုင်းဖုန်းဆရာတော်ကြီး_Cerebral_Malaria_နဲ့လဲကျသွားတဲ့_videoလေး_မြင်လိုက်ကြတယ်ဟုတ်

ဆိုတော့ ကျွန်မတို့ YMC ကနေ မိဘပြည်သူများသိသင့်တဲ့ ငှက်ဖျားရောဂါ(Malaria)အကြောင်းလေးကို မျှဝေပေးချင်ပါတယ်ရှင့် ..

ကြည့်လိုက်ရအောင်နော် ⬇️⬇️⬇️

#ငှက်ဖျားရောဂါ

🔷 ငှက်ဖျားရောဂါဆိုတာ🤔💭

ငှက်ဖျားရောဂါ ဆိုတာကတော့ ခြင်မှတဆင့် ကူးစက်တဲ့ရောဂါ ဖြစ်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူအများအပြားရှိနေဆဲပါ။ ကိုယ်ဝန်ဆောင်မိခင်များ🤰 နှင့် ကလေးသူငယ်များ 👶🏻တွင် ပိုမိုရောဂါပြင်းထန်နိုင်ပါတယ်..

🔷ဘယ်လိုကူးစက်တာလဲ🤔💭

ငှက်ဖျားရောဂါ ဖြစ်ပွားစေတဲ့ ခြင်ကတော့ Anopheles လို့ခေါ်တဲ့ခြင်🦟အမျိုးအစားဖြစ်ပြီး တောတောင်ထူထပ်သော ဒေသများ🌳၊ ရေကြည်ရေသန့်ရှိသော နေရာများစမ်းချောင်းများ၏ ရေစပ်များ🌊 တွင် ပေါက်ပွားကြပါတယ် ။ ညနေပိုင်းနဲ့မနက်အစောပိုင်းတွေမှာပိုကိုက်တတ်ပါတယ်🦟။ ငှက်ဖျားပိုးသယ်ဆောင်ထားသူရဲ့သွေး🩸ကို သွင်းမိရင်လဲ ငှက်ဖျားရောဂါ ကူးစက်မှု ခံရနိုင်ပါတယ်။

🔷ငှက်ဖျားပိုးအမျိုးအစားများ🤔💭

မြန်မာနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ ငှက်ဖျားပိုး အမျိုးအစားတွေကတော့
1. Plasmodium falciparum (ပြင်းထန်တတ်သော ငှက်ဖျားပိုး)
2. Plasmodium vivax
3. Plasmodium ovale
4. Plasmodium malariae

ငှက်ဖျားရောဂါပိုးခန္ဓာကိုယ်ထဲဝင်ပြီး ၂ပတ်ကနေ ၄ပတ် အကြာမှာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။

P.falciparum အမျိုးအစားကတော့ ပြင်းထန်သော ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ခြင်းကို ဖြစ်စေနိုင် ပါတယ်။ အချို့သောငှက်ဖျားမျိုးစိတ်တွေဖြစ်တဲ့ P.vivax, P.ovale ကတော့ P.falciparum လောက်မပြင်းထန်သော်လည်း ထိုငှက်ဖျားပိုးဟာ ကူးစက်ခံထားရသောလူ့ရဲ့ အသည်းထဲမှာ နှစ်ချီကြာအောင် ခိုအောင်းနေတတ်ပြီး သွေးထဲသို့ပြန်ထွက်လာချိန်တွင် ငှက်ဖျားပြန်ဖြစ်ကာ ဒုက္ခပေးနိုင်ပါတယ်။

🔷ရောဂါလက္ခဏာတွေက🤔💭

ငှက်ဖျားရောဂါရဲ့ရောဂါ လက္ခဏာတွေကတော့
➡️ချမ်းတုန်ဖျားမယ်၊
➡️အစားအသောက်ပျက်ခြင်း၊
➡️ပျို့အန်ခြင်း၊
➡️ဝမ်းပျက်ခြင်း၊
➡️ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ငှက်ဖျားအဖြစ်များသော ဒေသများသို့ ခရီးသွားရာဇဝင်ရှိသူများတွင် ဖျားသည်နှင့် ငှက်ဖျားရောဂါကို စဥ်းစားသင့်ပါတယ်..

ပိုမိုပြင်းထန်သော သူတွေမှာတော့
⚠️သွေးအားနည်းခြင်း၊
⚠️အသားဝါခြင်း၊
⚠️ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး ကယောင်ကတမ်းဖြစ်ခြင်း၊
⚠️မှိန်းလွန်းခြင်း၊
⚠️ခြေဖျားလက်ဖျားများအေးစက်နေခြင်း၊
⚠️ဆီးမထွက်ခြင်း၊
⚠️သတိလစ်ခြင်း မှနေတဆင့်
⚠️အသက်အန္တရာယ် ဆုံးရှုံးသည်ထိဖြစ်နိုင်ပါတယ်

🔷 သံသယရှိရင် ဘယ်လိုလုပ်ရမလဲ🤔💭

ငှက်ဖျားပိုးဝင်သည်ဟု သံသယရှိပါ နီးစပ်ရာဆေးရုံဆေးခန်း🏥 သို့အမြန် သွားရောက်ကုသမှုခံယူရန် လိုအပ်ပါတယ်..Microscope 🔬 အောက်တွင် blood flim ကိုတိုက်ရိုက်ကြည့်ရှုခြင်း ၊Rapid Diagnostic Test ဟုခေါ်သော RDT test kit လေးများဖြင့်စမ်းသပ်ကာ ငှက်ဖျားအမျိုးအစားကို သိနိုင်ပါတယ်။

ငှက်ဖျားကိုဖြစ်စေတဲ့အမျိုးအစားပေါ်မူတည်ပြီး ကုသမှုဆေး အမျိုးအစားကွဲပြားကြပါတယ်
အသုံးများတဲ့ဆေး💊တွေကတော့
💊artemisinin based combination therapy ,
💊Chloroquine ,
💊primaquine,
💊quinine ,
💊doxycycline ဆေးတွေဖြစ်ပါတယ်။

ယခုအခါ ပဒုမ္မာဆေး ဟုခေါ်သော ငှက်ဖျားလူနာ၁ယောက်အတွက် ဆေးတကဒ်ပုံစံဖြင့် လဲရရှိနိုင်ပါတယ်...

ပြင်းထန်သော ငှက်ဖျားရောဂါအမျိုးအစားတွင်မူ ဆေးရုံတက်ကုသမှုခံယူကာ ငှက်ဖျားအတွက်ထိုးဆေးကို အချိန်မှန်ထိုး💉💉ရန်လိုအပ်ပါတယ်..

🔷 ဘယ်လိုကာကွယ်ရမလဲ🤔💭

"ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏" ဟူသောဆိုရိုးစကားအတိုင်း ငှက်ဖျားဖြစ်မှကုသခြင်းထက် ငှက်ဖျားမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက ပို၍ ကောင်းပါတယ်...

#ခြင်မှတဆင့်ကူးစက်သော_ငှက်ဖျားရောဂါ_မဖြစ်စေရန်
_အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ခြင်း၊
_ခြင်ထောင်ဖြင့်အိပ်ခြင်း(ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်က ပို၍ကောင်းပါတယ်)
_ ခြင်မကိုက်သည့်လိမ်းဆေး(mosquito repellent) သုံးခြင်း၊
_ရေဝပ်နိုင်သော နေရာများ မြေဖို့ခြင်း၊
_ဘုရားပန်းအိုးများရေမကြာခဏလဲခြင်း၊
_ခြင်လုံဇကာ တပ်ခြင်း တို့ကိုပြုလုပ်သင့်ပါတယ်..

တောတောင် ထူထပ်သော ဒေသများသို့ သွားရမည်ဆိုလျှင် ကြိုတင်ကာကွယ်သောအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ကာဆေးသောက်နိုင်ပါတယ်..

သို့သော် ကိုယ်ဝန်ဆောင်သည်များနှင့် ကလေးသူငယ်များတွင် ထိုသို့သောက်ရန်မသင့်လျော်ပါ။

🍀 ငှက်ဖျားရောဂါဆိုတာ အသက်အန္တရာယ်ထိဒုက္ခပေးနိုင်တာကြောင့် သံသယရှိတာနဲ့ဆေးရုံဆေးခန်း🏥 သို့အမြန်သွားရောက်ကြဖို့လိုအပ်ပါတယ်။

အပေါ်မှာပြောခဲ့သလို ငှက်ဖျားရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပြီး အားလုံးဘေးဘယာ ကင်းဝေး ကျန်းမာကြပါစေရှင် 🙏🏻🙏🏻🙏🏻

#မိဘပြည်သူများရဲ့ကျန်းမာရေးအတွက်_Tele_Consultationဖြင့်_အခမဲ့_တိုင်ပင်ဆွေးနွေးကုသမှုခံယူလိုပါက

ဲ့Reception_ph(09987801354) #ကို_အချိန်မရွေး_ဟယ်လိုလိုက်ပါနော်..

Dr Eaint Thet Chal
Yangon Medical Cover Team

Hello မင်္ဂလာပါနော် YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ် ...ဒီတခါမှာတော့ လူနာတွေမှာအတွေ့များတဲ့ ဆီးပိုးဝင်ခြင်းနှ...
23/07/2022

Hello မင်္ဂလာပါနော်
YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ် ...

ဒီတခါမှာတော့

လူနာတွေမှာအတွေ့များတဲ့ ဆီးပိုးဝင်ခြင်းနှင့်ဆီး
ကျောက်တည်ခြင်းအကြောင်း အနည်းငယ်ပြောပြပေးပါမယ်။

🚨🚨🚨ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင်

-ဆီးကျဉ်ခြင်း
-ဆီးအောင့်ခြင်း
-ဆီးထဲသွေးပါခြင်း
-ဖျားခြင်း လက္ခဏာများပြတက်ပါတယ်။

🚨🚨🚨ဆီးကျောက်တည်သူများကတော့

-ခါးနာခြင်း
-ဗိုက်နာခြင်း
-ပျို့အန်ခြင်း
-ဆီးသွားသွေးပါခြင်း
-ဆီးသွားရခက်ခြင်း တို့ခံစားရနိုင်ပါတယ်

ဆီးပိုးရောဂါကင်းပြီးကျောက်ကပ်ကျန်းမာစေရန်

👉ရေနေ့စဉ်2-3L ပုံမှန်သောက်သုံးပေးပါ

👉အချိုအငန်ကဲလွန်းသော ဆိုးဆေးပါသော အစားစားများရှောင်ပါ

👉ကွမ်းယာစားခြင်း လျှော့ချပါ။

👉ဖျားသည့်ကိုက်သည့်အခါတိုင်း အကိုက်အခဲပျောက်ဆေးထိုးခြင်းကိုရှောင်ကြဉ်ရပါမယ်

🩸🩸ကျောက်ကပ်ပျက်စီးစေသောအချက်များ🩸🩸

-ဆီးချိုရောဂါ
-သွေးတိုးရောဂါ
-အရေပြားလေးဖက်နာရောဂါ
-အကိုက်ခဲပျောက်ဆေး
-မြန်မာဆေး
-တညင်းသီး
-ဆိုးဆေးပါသောအစားစာများ
-တာရှည်ခံစည်သွပ်ဘူးများ စသည်တို့ကြောင့် အဖြစ်များပါတယ်။

#ကျောက်ကပ်ဝေဒနာစနေပြီဆိုတာ_ဘယ်လိုသိနိုင်မလဲ??

-ဆီးသွားသွေးပါခြင်း
-ဆီးအမြုပ်ထခြင်း
-ဆီးမကြာခဏသွားခြင်း
-ဆီးမထိန်းနိုင်ခြင်း
-ခါးနာခြင်း
-ဗိုက်အောင့်ခြင်း
-မောပန်းနွမ်းနယ်ခြင်း စသည့်လက္ခဏာများခံစားရပါကစောလျင်စွာ တတ်ကျွမ်းနားလည်သော ဆရာ
ဝန်များနှင့်စစ်ဆေးကုသမှု ခံယူပါ။

ရောဂါကိုစောစောသိ စောစောကု ဆေးဝါးများနှင့်
ထိန်းထားခြင်းအားဖြင့် နာတာရှည်ကျောက်ကပ်ဝေဒနာ ကာကွဟ်ကြပါစို့။

#မိဘပြည်သူများရဲ့ကျန်းမာရေးပြဿနာများအတွက်_အခမဲ့တိုင်ပင်ဆွေးနွေးကုသလိုပါက

ောက်ပေးထားတဲ့ဖုန်းနံပါတ်လေးကိုသာ_ဟယ်လို_လိုက်ပါနော် 🙏🏽🙏🏽🙏🏽


photo credit to Free Medical Services

Hello .....မင်္ဂလာပါနော် YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ် ...မိုးရာသီရောက်ပြီဆိုတော့ ကျွန်မတို့ ဒီတခါ  #ဝဲရော...
14/07/2022

Hello .....မင်္ဂလာပါနော်
YMC ရဲ့ HE program လေးကနေ ကြိုဆိုလိုက်ပါတယ် ...
မိုးရာသီရောက်ပြီဆိုတော့ ကျွန်မတို့ ဒီတခါ #ဝဲရောဂါ အကြောင်းလေး ပြောပြချင်ပါတယ်ရှင့်....

#ဝဲရောဂါ
ဝဲရောဂါဟာအရေပြားရောဂါတမျိုးဖြစ်ပါတယ်။ Sarcoptes scabiei လို့ခေါ်တဲ့မွှားကောင်တွေကူးစက်ခံရလို့ကြောင့်ဖြစ်ပြီး လူကြီးလူငယ်မရွေး လူတန်းစားမရွေးဖြစ်တတ်တဲ့အရေပြားရောဂါတမျိုးဖြစ်ပါတယ်။

#ကူးစက်ပုံကတော့
ဝဲရောဂါရှိတဲ့လူနဲ့အချိန်အတန်ကြာထိတွေ့ဖူးတာကနေအဓိကကူးစက်နိုင်ပြီး ဝဲရောဂါရှိတဲ့လူရဲ့ အဝတ်အထည်၊ အိပ်ရာ၊ မျက်နှာသုတ်ပုဝါ စသဖြင့်ကိုအတူတူသုံးမိတာကနေလည်းကူးစက်နိုင်ပါတယ်။ပိုးနဲ့ထိတွေ့ပြီး ၄ပတ်မှ၈ပတ်အတွင်းရောဂါလက္ခဏာ ပြတတ်ပြီး ယခင်ကဝဲရောဂါဖြစ်ထားဖူးသူတွေအနေနဲ့ပိုးနဲ့ပြန်ထိတွေ့မိရင်တော့ ၁ရက်မှ၄ရက်အတွင်းမှာပြန်ဖြစ်တတ်ပါတယ်။

#ရောဂါလက္ခဏာအနေနဲ့
👉အရေပြားပေါ်မှာဝက်ခြံလိုအနီဖုများ၊ အနီပြင်များ၊ အရည်ကြည်ဖုကဲ့သို့အဖုများထွက်ခြင်း။
👉ယားယံခြင်း အထူးသဖြင့်ညဘက်မှာပြင်းပြင်းထန်ထန်ယားယံခြင်းတို့ဖြစ်တတ်ပါတယ်။

ဝဲရောဂါဟာခန္တာကိုယ်တခုလုံးမှာဖြစ်နိုင်ပြီးအထူးသဖြင့်တော့ လက်ချောင်းကြား၊ ခြေချောင်းကြား၊ လက်ကောက်ဝတ်၊ချိုင်းကြား၊ ပေါင်ကြားတွေမှာတွေ့ရတတ်ပါတယ်။

- တခါတရံမှာ ယားလို့အရမ်းကုတ်ရင်းနဲ့အရေပြားပေါက်ပြဲရာကနေတဆင့် ဘတ်တီးရီးယားပိုးတွေထပ်ဝင်တတ်တာကိုသတိထားရပါမယ်။

#ကုသဖို့နည်းလမ်းများ
- ဆရာဝန်နှင့်ဆွေးနွေးပြသပြီးလျှင် 5% Permethrin cream/ Benzyl Benzyl benzoate (Burscabe) အစရှိတဲ့လိမ်းဆေးကို လည်ပင်းမှစပြီးတကိုယ်လုံးခြေထောက်အထိလိမ်းပေးပြီး ၈-၁၂နာရီခန့်ထားပါ။

လိမ်းထားတဲ့အချိန်မှာရေမထိရပါ။

လက်ဆေးမိရင်လက်ကိုဆေးပြန်လိမ်းပေးရပါမယ်။

၈-၁၂နာရီခန့်ထားပြီးနောက်ရေချိုးပြီးရင် အချိန်တပတ်ခြားပြီးနောက်တကြိမ်ထပ်လိမ်းရပါမယ်။

- ဆေးကိုဝဲရောဂါဖြစ်နေတဲ့လူအပြင်တမိသားစုလုံးလိမ်းဖို့လိုအပ်ပါတယ်။

- အဝတ်အစားများ၊ အိပ်ရာခင်းများ၊စောင်၊ ခြင်ထောင်များ၊ ခေါင်းအုံးစွပ်များကိုလည်း ရေနွေးပူပူ(အပူချိန်50’C နှင့်အထက်)နဲ့လျှော်ဖို့လိုအပ်ပါတယ်။

- လျှော်လို့မရတဲ့အဝတ်အထည်များဖြစ်နေရင်လည်း အနည်းဆုံး၃ရက်ခန့် အိတ်တလုံးထဲအလုံထည့်ပြီးထားရပါမယ်။

- ဝဲဖြစ်နေတဲ့နေရာမှာကုတ်ထားလို့ ပြည်တည်နာတွေ၊ ယောင်ယမ်းနေတာတွေရှိရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြသဖို့လိုပါတယ်။

- ဆေးလိမ်းပြီး၄ပတ်လောက်အကြာမှာသက်သာတတ်ပါတယ်။ အကယ်၍ ၄ပတ်ကျော်တဲ့အထိမသက်သာပါကဆရာဝန်နှင့်တိုင်ပင်ပါ။

#မိမိတို့ကျန်းမာရေးအတွက်_အခမဲ့_ဆွေးနွေးတိုင်ပင်ကုသလိုပါက_YMC_ကိုသတိရလိုက်ပါနော်

Dr Maw Zin Oo
Yangon Medical Cover Team

မင်္ဂလာပါ 🙏🏽ကျွန်မတို့ YMC page ကနေ အလျဉ်းသင့်သလို ကျန်းမာရေး အသိပညာလေးတွေမျှဝေပေးနေကြဖြစ်ပါတယ် ။ဒီတပတ်မှာတော့ လူတိုင်းက...
02/07/2022

မင်္ဂလာပါ 🙏🏽
ကျွန်မတို့ YMC page ကနေ အလျဉ်းသင့်သလို ကျန်းမာရေး အသိပညာလေးတွေမျှဝေပေးနေကြဖြစ်ပါတယ် ။

ဒီတပတ်မှာတော့ လူတိုင်းကြုံတွေ့ဖူးနိုင်တဲ့ #ခါးနာခြင်း နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်လေးတွေပြောပြချင်ပါတယ် ။

လူတိုင်းလိုလိုခါးနာတဲ့ ဝေဒနာကိုခံစားဖူးမယ်ထင်ပါတယ် ။ခါးနာခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ် ။ခါးနာတဲ့အခါ ရောဂါကြီးကြီးမားမားကြောင့် နာတာမျိုးရှိပေမဲ့ မိမိရဲ့ကိုယ်ခန္ဓာ အထူးသဖြင့်ခါးကိုဒဏ်ဖြစ်စေတဲ့ အရာတွေကို သတိမထားမိဘဲ ပြုလုပ်မိနေလို့ ခါးနာဝေဒနာခံစားရတာကများပါတယ် ။အသက်ကြီးလာလို့ ကြွက်သားအရိုး အားနည်းလို့ ခါးနာတာမျိုးလည်းဖြစ်နိုင်ပါတယ် ။

ပထမဆုံးအနေနဲ့ ခါးနာတဲ့အခါ အောက်ပါအချက်လေးတွေနဲ့တွဲနေရင်တော့ ကျန်မာရေးဝန်ထမ်းများနဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့စစ်ဆေးကုသမှု ဆက်လုပ်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။
(၁)အသက် ၅၀ အထက် နှင့် အသက် ၂၀ အောက်
(၂)ကင်ဆာရောဂါ ဖြစ်ဖူးတာ လက်ရှိဖြစ်နေတာ
(၃)ဖျားခြင်း၊ ညဖက်ချွေးထွက်ခြင်း
(၄)သက်သာသွားချိန်မရှိဘဲတောက်လျောက်နာနေခြင်း
(၅)အစားလျော့နေတာမျိုးမရှိဘဲ ပိန်သွားခြင်း
(၆)ထိခိုက်မိခြင်း ၊အရိုးပွရောဂါရှိခြင်း
(၇)သွေးမခဲဆေး ၊စတီးရွိုက်(အရောင်ကျဆေး ၊စပ်ဆေး)သောက်နေသူများ
(၈)တလကျော်တာတောင်မသက်သာဖြစ်နေသူများ
(၉)အာရုံကြောထိခိုက်လက္ခဏာရှိနေသူများ(ဥပမာ ခြေထုံ၊ လမ်းလျောက်မရ ၊ခြေထောက်သယ်ရလေး )စသည်တို့ဖြစ်ပါတယ်။

အခုကတော့ ခါးနာရောဂါနာတာရှည်ဖြစ်နေသူများ အတွက် ဂရုစိုက်ရအချက်လေးတွေပြောပြပါမယ် ။ရောဂါ အခံကြောင့်မဟုတ်ဘဲ ခဏခဏဒဏ်ဖြစ်နေတာက ကိုယ်အနေအထားမမှန်လို့ရယ် ၊လေ့ကျင့်ခန်းလိုအပ်နေတာတွေကြောင့်ရယ်ဖြစ်နိုင်ပါတယ်။

(၁)လေ့ကျင့်ခန်း ပုံမှန်လုပ်နေကြသူတွေဆိုရင် ရုတ်တရက် ကိုယ်နေဟန်ထား ပြောင်းရတဲ့လေ့ကျင့်ခန်းမျိုးကို သတိထားသင့်ပါတယ် ။ဥပမာ ဘက်တန်ရိုက်တာ ဂေါက်ရ်ိုက်တာ ) အဲ့လေ့ကျင့်ခန်းတွေအစား လမ်းလျောက်တာ ၊ဖြည်းဖြည်းမှန်မှန်ပြေးတာ ၊ရေကူး ၊ယောဂ စတာတွေ အစားထိုးလုပ်ဆောင်သင့်ပါတယ် ။

(၂)အချိန်အကြာကြီးထိုင်ခြင်းကိုရှောင်ပါ ။ထိုင်တဲ့အခါမှာလည်း ဒူးခေါင်းက တင်ပါးထက်မြှင့်နေသင့်ပါတယ် ။ခါးကိုမတ်ထားပြီး ခါးကနည်းနည်းခွက်နေသင့်ပါတယ် ခါးကုန်းပြီးထိုင်တာရှောင်ကြဉ်ပါ။

(၃)အိပ်တဲ့အခါမှာလည်း ဘေးစောင်းအိပ်တာ သင့်တော်ပါတယ် ။မိမိနဲ့သင့်တော်တဲ့မွေ့ယာ ခေါင်အုံး ဖက်လုံးအသုံးပြုသင့်ပါတယ် ။

(၄)ပစ္စည်းအလေးတွေမမသင့်ပါဘူး ။အထူးသဖြင့် ပေါင် ၂၀ ကျော်တဲ့ပစ္စည်းအလေးတွေဆို မ မသင့်ပါ ။ပစ္စည်းမရင်လည်း အနေအထားမှန်ရပါမယ် ။လူကမတ်တပ်ရပ် ခါးကုန်းပြီး ပစ္စည်းကိုလှမ်းမတာမျိုး မလုပ်ရပါ ။ခါးကိုဒဏ်ဖြစ်စေပါတယ် ။လူကဒူးထောက်ထိုင်ပြီး ဒူး ခြေထောက်အားအကူအညီနဲ့ပစ္စည်းကိုမပါ ။

(၅)မိမိအရပ် ကိုယ်အလေးချိန်နဲ့တွက်ပြီး BMI ကိုပုံမှန်ထဲရောက်အောင်ထားပါ ။အဝလွန်တာက အပိုအလေးချိန်တွေကြောင့် ခါးကိုဒဏ်ဖြစ်စေပါတယ် ။

(၆)ခါးကိုတတ်နိုင်သလောက်မကုန်းဘဲမတ်နေအောင်ထားပါ ။ဥပမာ ပန်းပင်စိုက် ၊ဖိနပ်ကြိုးချည် ၊ပစ္စည်းကောက် စတာတွေမှာ ခါးကို သတိမထားမိဘဲ ကုန်းမိနေနိုင်တာမျိုးဖြစ်နိုင်ပါတယ် ။အဲ့ဒီအချိန်တွေမှာ ခါးကိုအတတ်နိုင်ဆုံးမတ်နေအောင်သတိထားသင့်ပါတယ် ။

(၇)ခါးကြွက်သားကို သန်မာစေတဲ့ ၊ခါးတောင့်တင်းတာကိုသက်သာစေတဲ့လေ့ကျင့်ခန်းလေးတွေ ကိုပုံမှန်နေ့စဉ် မိနစ်ပိုင်းလောက်လုပ်ဆောင်သင့်ပါတယ် ။

ခါးနာဝေဒနာ ဆိုးဝါးစွာခံနေရတဲ့အချိန်မှာလည်း ပုံမှန်လုပ်ငန်းဆောင်တာ တွေကို ဖြေးဖြေးချင်းသတိထားပြီး လုပ်နိုင်သလောက်လုပ်ဆောင်လို့ရပါတယ် ။မလှုပ်ဘဲနေစရာမလိုပါ ။လှုပ်ရခက်လောက်အောင် အရမ်းနာချိန်မျိုးဆိုရင်တော့ ပြန့်ပြူးပြီး တောင့်တင်းတဲ့မျက်နှာပြင် ဥပမာ ရိုးရိုးကြမ်းပြင် ပေါ်မှာ ပက်လက်နေပြီးအနားယူသင့်ပါတယ် ။အရမ်းအိတဲ့မွေ့ယာတွေကခါးကိုခွင်စေလို့ ပိုနာစေတတ်ပါတယ် ။

လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းဆီမှအကြံဥာဏ် သို့မဟုတ် သောက်နေကျ အကိုက်အခဲပျောက်ဆေး ကို သောက်သုံးသင့်ပါတယ် ။အလွန််အကျွံမသောက်သုံးဖို့နဲ့ ဆေးသောက်ပြီး မသက်သာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ကုသမှုခံယူသင့်ပါတယ် ။

ပုံလေးတွေကနေတဆင့် မှန်ကန်တဲ့နေထိုင်ပုံ လေ့ကျင့်ခန်းလေးတွေ ပြောပြသွားပါမယ် ။အရေးပေါ်မဟုတ်တဲ့ ကျန်းမာရေး ပြသာနာတွေ(ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေကလွဲလို့)ကျွန်မတို့ YMC page ကိုအချိန်မရွေးဆက်သွယ် တိုင်ပင်ဆွေနွေးကုသမှုခံယူလို့ရပါတယ်ရှင် ။အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ။ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်

𝘋𝘳 𝘕𝘰𝘦 𝘕𝘰𝘦 𝘏𝘵𝘦𝘵 𝘓𝘸𝘪𝘯
𝘠𝘢𝘯𝘨𝘰𝘯 𝘔𝘦𝘥𝘪𝘤𝘢𝘭 𝘊𝘰𝘷𝘦𝘳 𝘛𝘦𝘢𝘮

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Medical Cover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram