Lunar Jupiter

Lunar Jupiter Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lunar Jupiter, Astrologist & Psychic, Yangon.

Personal Reading အတွက်စုံစမ်းမေးမြန်းလိုပါက》》 09799304161 ♡Viber/Telegram♡ မှ ဆက်သွယ်ပေးပါရှင်☺️🩷💜
An Intuitive Tarot Reader & Healer who can help you find your solutions with my Intuitive Readings.

16/12/2025

🌟❤️‍🩹သူနဲ့ ပြန်ဆုံနိုင်ဦးမလား❤️‍🩹✨
Collective Reading 🔮🦄🌿💜🍀🩵🌠

Personal Reading မေးမြန်းလိုပါက
💘09799304161- Viber & Telegram 💘
တို့မှဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင်။
💜💙❤️🧡💛💚🖤🩶🤎🤍🩷🩵💙🪬



✨🍀ဒီပုံလေးကို ဝင်ငွေတိုးစေဖို့၊ လာဘ်ရွှင်စေဖို့ ရည်ရွယ်ပြီး Phone ရဲ့ Wallpaper မှာ ယုံယုံကြည်ကြည်ဆောင်ထားပါ။🤩တိုက်တိုက်...
13/12/2025

✨🍀ဒီပုံလေးကို ဝင်ငွေတိုးစေဖို့၊ လာဘ်ရွှင်စေဖို့ ရည်ရွယ်ပြီး Phone ရဲ့ Wallpaper မှာ ယုံယုံကြည်ကြည်ဆောင်ထားပါ။

🤩တိုက်တိုက်ဆိုင်ဆိုင် မနေ့က ဒီပုံလေး Wallpaper ထားလိုက်ပြီးတာနဲ့ Angel Number အရင်တွေ့တယ်။ နောက်မကြာခင် မိနစ်ပိုင်းမှာပဲ သိန်းနဲ့ချီတဲ့ငွေတွေဝင်လာပါတယ်။😍☘️

🌿💜အိကိုယ်တိုင်ဆောင်ထားပြီး လက်တွေ့အကျိုးထူးလို့ ပြန်မျှဝေလိုက်ရပါတယ်။ ☺️

💐အဆက်အသွယ် လုံးဝမရှိသူများအတွက်YouTube မှာ တင်ပေးထားပါတယ်ရှင်🩵🍀✨
12/12/2025

💐အဆက်အသွယ် လုံးဝမရှိသူများအတွက်

YouTube မှာ တင်ပေးထားပါတယ်ရှင်🩵🍀✨

အဆက်အသွယ်လုံးဝမရှိသူများအတွက်✨️❤️👀💐🦋 Collective Reading 🦄🔮💜💙🩵💚💛🧡❤️🍀🪬🧿🪄💦Personal Reading💦 အတွက် စုံစမ်းမေးမြန်းရန် 🕊🕊🕊Viber/ ...

🌾ကာလာမသုတ် မှာ မြတ်စွာဘုရားက ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း ကို ဟောထားတယ်။🌾မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။🌾ဘဝခရ...
11/12/2025

🌾ကာလာမသုတ် မှာ မြတ်စွာဘုရားက ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း ကို ဟောထားတယ်။

🌾မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။

🌾ဘဝခရီး လျှောက်တဲ့အခါ မှာ သံသယဖြစ်စရာတွေကြုံလို့ရှိရင် သေချာတဲ့လမ်း ရွေးချယ်ပြီး လျှောက်လို့ ဟောထားတယ်။

🌾အဲဒီတော့ ဘဝမှာ ဘာမှ စနိုးစနောင့် ဖြစ်နေစရာလည်း မလိုဘူး။

🌾အခု မြတ်စွာဘုရား ခင်းပေးထားတဲ့ ဩဝါဒလမ်းကြောင်းအတိုင်း လျှောက်လို့ရှိရင်

🌿အေး၊ ငါလုပ်တာ ငရဲကြီးသလား၊ ငရဲမကြီးဘူးလား။

🌿ဒါဟာ လုပ်ကောင်းသလား၊ မလုပ်ကောင်းဘူးလား မေးစရာ ဘာမှ မလိုတော့ဘူး။

🌾အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး၊မလုပ်ရဘူး။

🌾ကြည့်လေ၊လောဘ ဒေါသ မောဟ ဆိုရင် မကောင်းဘူး၊။

🌾အလောဘ အဒေါသ အမောဟ ဆိုရင် ကောင်းတယ်။

🌾လုပ်ကောင်း မလုပ်ကောင်းက အဲလိုရှိနေပြီးသား။

🌾သဘာဝ အတိုင်း မြတ်စွာဘုရားဟောတာ၊ သဘာဝကိုဟောတာ။

🌷မီး ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝ တုန်းကလည်း ပူတာပဲ၊ဒီကနေ့ လည်း ပူတာပဲ။ နောင်လည်းပူဦးမှာပဲ။
ဘယ်သူကိုင်ကိုင် မီး ကတော့ လောင်မှာပဲ၊ပူမှာပဲ။

🌷မြတ်စွာဘုရားဟောတဲ့ ဓမ္မ ဆိုတာ သဘာဝတရား (the law of nature) ဖြစ်တယ်။ဘယ်သူမှ ပြောင်းလဲပစ်လို့မရဘူး။

🌷သဘာဝတရားကို မြတ်စွာဘုရားက တွေ့တာ(discover)၊ ဖန်ဆင်းတာမဟုတ်ဘူး။

🌷သဘာဝတရားကိုသိမြင်တာ၊တွေ့ရှိ တာသာဖြစ်တယ်။

🌷မြတ်စွာဘုရားက မိမိရဲ့တွေ့ရှိချက်တွေကို လိုက်နာကျင့်သုံးဖို့ ကာလာမသုတ်မှာ ဟောတော်မူထားတာ ဖြစ်ပါတယ်။

#ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာ_နန္ဒမာလာဘိဝံသ
🙏🏻🙏🏻🙏🏻


#ပါချုပ်ဆရာတော် #တရားမှတ်စု

Ex ပြန်မျှော်နေသူများအတွက် Reading အသစ်‌ YouTube မှာပဲ ကြည့်နိုင်ပါဦးမယ်ရှင်🍀✨🩵🌷🌕
10/12/2025

Ex ပြန်မျှော်နေသူများအတွက် Reading အသစ်‌ YouTube မှာပဲ ကြည့်နိုင်ပါဦးမယ်ရှင်🍀✨🩵🌷🌕

Time Stamps 🕰️Intro💦 0:00Pile 🌕 1:18Pile 🌜 16:51Pile 🌙 31:28💦Personal Reading💦 အတွက် စုံစမ်းမေးမြန်းရန် 🕊🕊🕊Viber/ Telegram:🌿 09799304161🪶General ...

Thanks for being a top engager and making it on to my weekly engagement list!🍀✨💐 🎉 San San, Mu Mu, Daw Yee Swe, Julie Br...
09/12/2025

Thanks for being a top engager and making it on to my weekly engagement list!🍀✨💐

🎉 San San, Mu Mu, Daw Yee Swe, Julie Breadon, Daw Aye Aye Khaing, Kyu Kyu Win, Thothong Hpj, Khun Ye Htut, Khine Thazin Soe, Shwe Moe 🫰🏻💜🦋

From Lunar Jupiter

New Reading on YouTube 🍀✨❄️🦋
08/12/2025

New Reading on YouTube 🍀✨❄️🦋

💦Personal Reading💦 အတွက် စုံစမ်းမေးမြန်းရန် 🕊🕊🕊Viber/ Telegram:🌟 09799304161🌟General Reading ဖြစ်လို့ take what resonates with you & don't be serious ...

ကိုယ့်ဘက်ကစပြီးခွင့်လွှတ်လိုက်ပါ🌾💐🌾💐🌾💐🌾💐🌾💐🌾💐🧚🏻‍♀️လူတစ်ယောက်က ခွင့်လွတ်မှုနဲ့ ထိုက်တန်စရာ မလိုပါဘူး။ လူတစ်ယောက်ကို ခွင့်လ...
04/12/2025

ကိုယ့်ဘက်ကစပြီးခွင့်လွှတ်လိုက်ပါ
🌾💐🌾💐🌾💐🌾💐🌾💐🌾💐

🧚🏻‍♀️လူတစ်ယောက်က ခွင့်လွတ်မှုနဲ့ ထိုက်တန်စရာ မလိုပါဘူး။
လူတစ်ယောက်ကို ခွင့်လွတ်တယ်ဆိုတာ ထိုက်တန်ဖို့မှ မဟုတ်တာ။
ကိုယ့်ရင်ထဲက ဒေါသကို မေတ္တာနဲ့ အစားထိုး လိုက်တာပါ။

🦋လူတိုင်းက အေးချမ်းမှုနဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် ခွင့်လွတ်လိုက်ပါ။

🦋အကျိုးရလာဒ်က ကိုယ့်စိတ်ကလေး ငြိမ်းအေးသွားတာ ပါပဲ။

🧚🏻‍♀️အပူမပွားပါနဲ့၊ မေတ္တာပဲပွားပါ။
မေတ္တာက အရာရာကို အောင်မြင်စေပါတယ်။
မေတ္တာတရားဆိုတာ သူ့ကိုလည်းအေးချမ်းစေသလို ကိုယ့်ကိုလည်း အေးချမ်းစေပါတယ်။

🧚🏻‍♀️ကိုယ့်မေတ္တာကို သူမသိလို့ စိတ်ဆိုးစရာမလိုပါဘူး။
သူတန်ဖိုးမထားလို့ စိတ်မကောင်း ဖြစ်စရာလည်းမလို စိတ်ဆိုးစရာလည်းမလိုပါဘူး။

🦋ကိုယ့်မေတ္တာ မှန်ရင် ဘယ်သူသိသိ မသိသိ အရေးမကြီးပါဘူး။
မေတ္တာမှန်ရင် အေးချမ်းမှုကို ကိုယ်တိုင်စားသုံးရတာပါပဲ။

🧚🏻‍♀️မေတ္တာနဲ့နေရင် အသက်လည်းရှည်တယ်။ ရင်လည်းအေးတယ်။ ရန်လည်းနည်းပါတယ်။
လောကမှာ အကောင်းဆုံးသော ဘဝနေ ထိုင်နည်းက မေတ္တာစိတ်နဲ့နေထိုင်ခြင်းပါပဲ။

🦋ကိုယ့်ဘက်က စပြီး ခွင့်လွတ်ပေးလိုက်ပါ၊ ကိုယ့်ဘက်စပြီး တောင်းပန်လိုက်ပါ၊ ဂုဏ်ငယ်စရာမဟုတ်ပါဘူး။
ဒါက သူတော်ကောင်းတွေရဲ့ လုပ်ရပ်၊ စိတ်ထားမြတ်သူတို့ရဲ့ လုပ်ရပ်ပါ။

🧚🏻‍♀️ကိုယ်ကမေတ္တာထားလို့ သူလည်းမေတ္တာပြန်ပေးရမယ်ဆိုတဲ့ စိတ်ထားမျိုး မမွေးပါနဲ့။
မေတ္တာသည် ဘာကိုမှမတောင်းဆိုပါ။
မမျှော်လင့်တတ်ပါ။

🦋သူကကိုယ့်အပေါ် မေတ္တာထားနေဖို့ မလိုပါဘူး။
ကိုယ့်သန္တာန်မှာ သူ့အတွက် မေတ္တာရှိနေရင် အဆင်ပြေပါတယ်။

🦋ဒါကြောင့် ကိုယ့်မေတ္တာနဲ့ သူကထိုက်တန်လို့လား၊ ကိုယ့်ရဲ့ခွင့်လွတ်မှုနဲ့ သူကထိုက်တန်လို့လား မတွေးပါနဲ့။

🌼မေတ္တာထားတယ်ဆိုတာ ထိုက်တန်ဖို့မဟုတ်ဘူး။
🌼ခွင့်လွတ်တယ်ဆိုတာ ထိုက်တန်ဖို့ မဟုတ်ဘူး။
🌼သူလည်းငြိမ်းချမ်း ကိုယ်လည်းငြိမ်း‌ချမ်းဖို့ပဲဖြစ်ပါတယ်။

Credit 🙏🏻
#အရှင်ဇနက_မန္တလေးစာသင်သား
#၁၅မိုင်ဇနကာရာမတောရဆရာတော်

🎉Happy follow-versary to my awesome followers. Thanks for all your support! အေးချမ်း သာ, သဲ သဲ 🎊From Lunar Jupiter 🌿💜🍀🩵🫰...
04/12/2025

🎉Happy follow-versary to my awesome followers. Thanks for all your support! အေးချမ်း သာ, သဲ သဲ 🎊

From Lunar Jupiter 🌿💜🍀🩵🫰🏻

🦋ဘဝမှာအကျိုးရှိရှိနေဖို့ဆိုရင် ဘာကို စဉ်းစားရမလဲ။🦋မိမိကိုယ်ကို အမြဲသုံးသပ်ဆင်ခြင်ရမယ့် အချက်တစ်ချက်က 🌼ဘယ်လိုနည်းနဲ့ နေ့တ...
03/12/2025

🦋ဘဝမှာအကျိုးရှိရှိနေဖို့ဆိုရင် ဘာကို စဉ်းစားရမလဲ။

🦋မိမိကိုယ်ကို အမြဲသုံးသပ်ဆင်ခြင်ရမယ့် အချက်တစ်ချက်က
🌼ဘယ်လိုနည်းနဲ့ နေ့တွေရက်တွေ ငါ့အဖို့ ကုန်ဆုံးနေသလဲဆိုတာ လူတိုင်းလူတိုင်း သိသင့်တယ်။

❄️လူ့ဘဝမှာ လူတိုင်းလူတိုင်းဟာ
ရပ်နေတာ မဟုတ်ဘူး။

❄️လူ့ဘဝ ရလာတဲ့နေ့ကစပြီးတော့
တစ်ရက်ပြီးတစ်ရက် တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်လာခဲ့တာ။

❄️ဒီလို ဖြတ်ကျော်လာခဲ့ရတဲ့ နှစ်တွေ
ဖြတ်သန်းလာခဲ့ရတဲ့ လတွေ
ဖြတ်သန်းလာခဲ့ရတဲ့ ရက်တွေ
ဖြတ်သန်းလာခဲ့ရတဲ့ နာရီတွေမှာ
ဘယ်ပုံဘယ်နည်း ငါ့မှာ အချိန်ကုန်ခဲ့သလဲ
ဒါကိုပြန်စဉ်းစားကြရမယ်။

စဉ်းစားကြည့်လိုက်ရင် အဖြေက ထွက်လာမှာပါပဲ။

❄️သြော် အကျိုးရှိရှိ အချိန်ကုန်နေတာလား၊

❄️အကျိုးမဲ့ အချိန်ကုန်နေတာလား၊

❄️လောကစီးပွားအတွက် အချိန်ကုန်နေတာလား၊

❄️ဓမ္မရေးရာအတွက် အချိန်ကုန်နေတာလား ဆိုတာကို ကိုယ့်ရဲ့အချိန်တွေကိုဇယားညှိပြီးကြည့်လိုက်မယ်ဆိုရင်

❄️အချိန်ကို ဘယ်ပုံဘယ်နည်း
အသုံးချနေတယ်ဆိုတာအဖြေထွက်လာမှာပဲ။

🌼အဲဒီအဖြေထွက်လာတဲ့အခါမှာ
ခုနကလို လောကအကျိုး၊ ဓမ္မအကျိုး၊
လောကီအကျိုး သံသရာအကျိုး
ဒီအကျိုး ၂ မျိုးစလုံး အကျိုးရှိရှိ ကုန်ဖို့ရာ
အရေးကြီးတယ်။

🌼ပစ္စုပ္ပန်အကျိုး တစ်ခုတည်း
လုံးပမ်းပြီးတော့ နေမယ်ဆိုရင်
သံသရာအကျိုးက လစ်ဟင်းသွားတတ်တယ်။

🌼ဒီတော့ မကောင်းတဲ့ဘဝ ရောက်သွားလို့ ရှိရင် ဒီဘဝမှာ ချမ်းသာကြွယ်ဝပေမယ့်လို့
နောင်ဘဝမှာနစ်နာဆုံးရှုံးသွားနိုင်တယ်။

🌼ဒီတော့ နှစ်ဖက်စလုံး ညှိပြီး
ကိုယ့်ကိုယ်ကို အမြင်နှစ်မျိုးနဲ့ ကြည့်ပြီး
နေ့ရက်တွေကို ကုန်ဆုံးစေရမယ်။
ဒါ နေပုံနေနည်း တစ်ခုပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🏻🙏🏻🙏🏻


#ပါချုပ်ဆရာတော် #တရားမှတ်စု

🪶စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...🪶စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...🪶စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...🪶စိတ်ကိုပြ...
02/12/2025

🪶စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...

🪶စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...

🪶စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...

🪶စိတ်ကိုပြင်လေ စိုးရိမ်မှုတွေနည်းလာလေ...

🪶စိတ်ကိုပြင်လေ စဉ်းစားတတ်လေလေ...

🪶ဆင်ခြင်တတ်လေလေ၊သိမ်မွေ့လာလေလေ...ဒီလိုဖြစ်လာတာ...

🪶ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ပြုပြင်ကြပါ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🏻🙏🏻🙏🏻

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

Thanks for being a top engager and making it on to my weekly engagement list! 🎉 San San, ဖွေး သန့်, Lway Moe Moe KyueFro...
02/12/2025

Thanks for being a top engager and making it on to my weekly engagement list!
🎉 San San, ဖွေး သန့်, Lway Moe Moe Kyue

From Lunar Jupiter 🌷🩵🍀💜🦋

Address

Yangon

Telephone

+959799304161

Website

Alerts

Be the first to know and let us send you an email when Lunar Jupiter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram