
18/05/2024
ဒီမှာမိတ်ဆွေ.. အကြောတက်လို့ သိပ်အနေခက်နေရင် ဟောဒီက ရှိုင်းအမှတ်တံဆိပ် အကြောပြေလိမ်းဆေးအဆီလေးကို သုံးကြည့်။ အပြောတတ်လို့ စိတ်ကျေနပ်တာမျိုးမဟုတ်ပဲ တကယ်ကိုအဆင်ပြေသွားမှာပါ။
ဪ..ပါဝင်ပစ္စည်းတွေကိုမေးမလို့လား..ဟုတ်ကဲ့..ပြောပြပါ့မယ်လေ.စပါးလင်ဆီရယ်သဘာဝမုန့်ညှင်းဆီစစ်စစ်ရယ် ကိုအချိုးကျရောစပ်ထားတာပါဗျာ။ ဒါကြောင့်မို့ ဘာဘေးထွက်ဆိုးကျိုးမှမရှိပါဘူး။ ဆေးရနံ့လေးကလည်း ခပ်မွှေးမွှေးဆိုတော့ အနံ့ပြင်းလို့လည်းစိတ်မရှုပ်ရတော့ဘူးပေါ့ဗျာ။
ဘာတွေအတွက်ကောင်းလည်းဆိုရင်တော့ အဓိကအားဖြင့် အကြောတက်သမားတွေဆို ဆေးကိုအသားထဲစိမ့်ဝင်အောင်လိမ်းပြီးအနားယူလိုက်ရင်ရှယ်အဆင်ပြေပေါ့ဗျာ။ ပြီးတော့ ခါးတွေနာနေရင် သို့မဟုတ် ဒူးတွေယောင်ယမ်းနာကျင်နေရင်လည်းဒီဆေးကိုလိမ်းပေးနိုင်ပါတယ်။ အထူးသဖြင့်ကတော့ဗျာ ဒီဆေးက ကြွက်သားယောင်ယမ်းနာကျင်တာ၊ အဆစ်အမြစ်တွေယောင်ယမ်းနာကျင်တာတွေအတွက်ကိုပိုအဆင်ပြေပါတယ်။
ခေါင်းမူးခေါင်းကိုက်နေရင်လည်း ဒီဆေးလေးလက်ထဲကိုထည့်၊ နာနာလေးပွတ်ပြီးအားရပါးရလေးရှူသွင်းလိုက်ကြည့်..ခေါင်းမူးခေါင်းကိုက်တဲ့ဝေဒနာယူပစ်သလိုပျောက်သွားမယ်ဆိုပြီး အပိုတွေတော့မပြောလိုပေမဲ့ တော်တော်လေးတော့သက်သာသွားမှာတော့ အမှန်ပါပဲ။...
ဪ..မေ့တော့မလို့.. အနှိပ်လုပ်ငန်းကိုလုပ်ကိုင် တဲ့ အနှိပ်ဆရာ/ဆရာမတို့လည်း ဒီဆေးလေးကိုလက်စွဲဆေးတစ်ခုအနေနဲ့ဆောင်ထားရင်လည်း မမှားဘူးနော်...သုံးကြည့်မှ ပြုံးမိပြီး အသိနောက်ကျရလေခြင်းဆိုပြီးဖြစ်မှာစိုးလို့ စေတနာစကားနဲ့ ဝေဒနာသမားတွေကို ကုဖို့လက်တို့ပေးလိုက်ပါတယ်နော်...
ကဲ..ကဲ.. ရှိုင်း အမှတ်တံဆိပ် အကြောပြေလိမ်းဆေးအဆီလေးကို ဝယ်ယူလို့အားပေးချင်နေပြီဆိုရင်တော့ အောက်ဖော်ပြပါဖုန်းနံပါတ်ကို ဆက်သွယ်ပြီးစုံစမ်းမေးမြန်းမှာယူနိုင်ပါပြီဗျာ။
၀၉ ၄၃၁၈၇၅၃၀