New Goal Yoga

New Goal Yoga healthy for daily life

သာ‌ကေတ တန်းခွဲလေးရဲ့  ကြားရက်နေ့ခင်းအတန်းအချိန်တွေ Yoga လေ့ကျင့်ချင်သူများ အတွက် Beginner Yoga class  Monday , Tuesday 1...
11/03/2026

သာ‌ကေတ တန်းခွဲလေးရဲ့ ကြားရက်နေ့ခင်းအတန်းအချိန်တွေ
Yoga လေ့ကျင့်ချင်သူများ အတွက်

Beginner Yoga class
Monday , Tuesday
10:00 to 11:00Am




New Goal Yoga  ရဲ့ အလှလေးတွေ 🩷😚
26/02/2026

New Goal Yoga ရဲ့ အလှလေးတွေ 🩷😚



အသက်ရှူလေ့ကျင့်ခန်းတွေက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေရနိုင်မှာလဲ?🌬🌬🌬ကျွန်မတို့တွေ ယောဂလေ့ကျင့်ခန်းတ...
20/02/2026

အသက်ရှူလေ့ကျင့်ခန်းတွေက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေရနိုင်မှာလဲ?🌬🌬🌬

ကျွန်မတို့တွေ ယောဂလေ့ကျင့်ခန်းတွေပြုလုပ်ကြတဲ့အခါမှာ အသက်ရှူနည်းစနစ်ကိုမှန်ကန်အောင် လေ့ကျင့်ကြရပါတယ်။
တကယ်တော့အသက်ရှူလေ့ကျင့်ခန်းနဲ့ ယောဂဆိုတာခွဲခြားလို့မရတဲ့အရာတွေဖြစ်တာမို့ အသက်ရှူဝအောင်လေ့ကျင့်ပေးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေဖြစ်ပေါ်စေနိုင်လဲဆိုတာဖော်ပြပေးပါရစေ။

🌬စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို လျော့ကျစေပါတယ်။ အသက်ဝဝရှူခြင်းကြောင့် အောက်ဆီဂျင်တွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားကိုရောက်ရှိသွားပြီး စိတ်ကိုတည်ငြိမ်စေတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ အလုပ်များလာပြီး စိတ်ရှုပ်တဲ့အခါ၊ဒေါသထွက်စရာကြုံလာချိန်မျိုးတွေမှာ အသက်ပြင်းပြင်းရှူသွင်းရှုထုတ်လုပ်ကြည့်ပြီးထိန်းချုပ်နိုင်ပါတယ်နော်။

🌬အိပ်ပျော်စေတယ်။ ကျွန်မတို့လူငယ်တွေမှာညနက်ထိအိပ်မပျော်တဲ့ effectတွေရလာတာအတော်ကြာပါပြီ။ အဲ့ဒီအတွက် ညအိပ်ခါနီးအသက်ဝဝရှူခြင်းကိုလေ့ကျင့်ခန်းတစ်ခုအနေနဲ့လုပ်ပေးရင် အိပ်ပျော်စေလာမှာပါ။

🌬သွေးလည်ပတ်မှုကောင်းပြီး အဆုတ်ကိုအားကောင်းလာစေပါတယ်။ သွေးလည်ပတ်မှုကောင်းတဲ့အတွက် ပိုမိုကျန်းမာလာစေပြီး အဆုတ်အားကောင်းလာရင်တော့ တော်ရုံနမိုးနီယားဝင်မှုကိုတောင်တားဆီးနိုင်လာပါတယ်နော်။

🌬ခန္ဓာကိုယ်ကိုအဆိပ်အတောက်ကင်းစေတယ်။အသားအရည်ပိုမိုကောင်းမွန်လာစေပါတယ်။

🌬အစာချေစနစ်ကိုပံ့ပိုးပေးနိုင်ပြီး ဝိတ်ကျလှပမှုကိုပေးစွမ်းပါတယ်။

🌬ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ငယ်ရွယ်နုပျိုမှုကိုပေးစွမ်းပါတယ်။

ဒါကြောင့်အသက်ဝဝရှူရင်း Poseတွေလုပ်ရတဲ့ ယောဂကျင့်စဥ်တွေကိုမှန်မှန်လုပ်ခြင်းက သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ် ငြိမ်းချမ်းလှပခြင်းတွေဆီခေါ်ဆောင်ပေးသွားမှာအသေအချာပဲဖြစ်ပါတယ်နော်။💚💚


New goal Yoga ရဲ့ Yankin branch မှာ February လကစပြီး Tr.Jue ရဲ့ Yoga class လေးရှိနေပါမယ်ရှင်။Tr.Jue ကတော့ Patanjali Yoga...
18/02/2026

New goal Yoga ရဲ့ Yankin branch မှာ February လကစပြီး Tr.Jue ရဲ့ Yoga class လေးရှိနေပါမယ်ရှင်။

Tr.Jue ကတော့ Patanjali Yoga Vidya School -PVYS မှာ 200 Hours Yoga Teacher Training in Hatha & Ashtanga Yoga certificate & 100 Hour Yoga Teacher Training couse in Multi Style Yoga Certificate ရရှိထားသူလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း North -Okkalapa ရှိ Yoga Corner studio ကိုဖွင့်လှစ်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

Tr.Jue ကတော့ New Goal Yoga မှာ Fit & Flex ဖြစ်စေမယ့် Yoga လေ့ကျင့်မှုလေးတွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Tr.Jue ရဲ့ အတန်းချိန်လေးတွေကတော့ အပတ်စဉ် ကြာသပတေး နှင့် သောကြာ
ညနေ (၅:၃၀-၆:၃၀) ဖြစ်ပါတယ်။

သင်တန်းနှင့်ပတ်သက်၍အသေးစိတ်စုံးစမ်းမေးမြန်းလိုပါက New Goal Yoga Page မှာ မေးမြန်းစုံးစမ်းလို့ရပါတယ်။



ချစ်ရတဲ့ Ma Mee 🩷
16/02/2026

ချစ်ရတဲ့ Ma Mee 🩷



"V-Day မှာ Double Date မသွားဘဲ Double Fit ဖြစ်အောင် Yoga အတူတူ ဆော့ကြမယ်!" 🧘‍♂️🧘‍♀️Valentine’s Day မှာ ကိုယ့်ကိုယ်ကိုယ်ရ...
14/02/2026

"V-Day မှာ Double Date မသွားဘဲ Double Fit ဖြစ်အောင် Yoga အတူတူ ဆော့ကြမယ်!" 🧘‍♂️🧘‍♀️

Valentine’s Day မှာ ကိုယ့်ကိုယ်ကိုယ်ရော ချစ်ရတဲ့သူတွေကိုပါ Self-care လုပ်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ... ❤️

New Goal Yoga ရဲ့ အထူးအစီအစဉ်အနေနဲ့ (၃) ရက်တာအတွင်း အပ်နှံသူတိုင်းအတွက် Buy 1 Get 1 Free Promotion ပေးနေပါပြီ ‼️

ချစ်သူတင်မကဘူး သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ မောင်နှမအချင်းချင်းပဲဖြစ်ဖြစ် တစ်ယောက်ဈေးနဲ့ နှစ်ယောက် တက်ရောက်နိုင်မယ့် ဒီအခွင့်အရေးကို ...

သတ်မှတ် လူဦးရေ မပြည့်ခင် သာကေတတန်းခွဲမှာရော ရန်ကင်းတန်းခွဲမှာပါ ပေးနေပြီဖြစ်တာကြောင့် အမိအရဖမ်းဆုပ်ထားလိုက်တော့နော် 🎁

📌 သာကေတ တန်းခွဲအချိန်စာရင်း
Date - Monday, Tuesday
Time - 10:00 AM to 11:00 AM

📌 ရန်ကင်းတန်းခွဲ အချိန်စာရင်း
Date - Wednesday , Thursday
Time - 10:00 AM to 11:00 AM

သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက...
ရန်ကင်းတန်းခွဲအတွက်...
☎️ Contact : 09254213275
🏡 Address- အမှတ် ၃၈ အခန်းနံပါတ် (101) ပထမထပ် / မိုးကောင်းလမ်း / ရန်ကင်းမြို့နယ် / KBZ Bank (Moe Kaung) အပေါ်ထပ်။

သာကေတတန်းခွဲအတွက်....
☎️ Contact : 09254213275
🏡 Address - အမှတ် ၅၁၆၊ ၄လွာ/ဇမ္ဗူသီရိအရှေ့၁လမ်း၊ (၆)အနောက်ရပ်ကွက်၊ သာကေတမြို့နယ် (၇ စျေးလမ်းမကြီးအနီး)

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။




ငွေကြေး၊ ပညာရေးနဲ့ စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးကြပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ "ကိုယ့်ခန္ဓာကိုယ်" အတွက် ...
02/02/2026

ငွေကြေး၊ ပညာရေးနဲ့ စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးကြပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ "ကိုယ့်ခန္ဓာကိုယ်" အတွက် ရင်းနှီးမြှုပ်နှံဖို့ မေ့လျော့နေပါတယ်... 🤔

ဒါကြောင့် သတိလက်လွတ်မဖြစ်ရအောင် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ယောဂလေ့ကျင့်ဖို့အတွက် တိုက်တွန်းပါရစေ.. 📢

ရန်ကင်းမြို့နယ်အနီးတစ်ဝိုက် မိတ်ဆွေများအတွက် New Goal Yoga မှ ရန်ကင်းတန်းခွဲသစ်များဖွင့်လှစ်တော့မှာဖြစ်တာကြောင့် အချိန်မဆွဲဘဲ အမြန်ဆုံးစာရင်းသွင်းထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. 💁‍♀️

ခန္ဓာကိုယ်အတွက် ယောဂလေ့ကျင့်မယ်ဆိုရင်...

🧘‍♀️ ပင်ပန်းသမျှကို ယောဂကျင့်ရင်း အသက်ရှူထုတ်လိုက်တဲ့အခါ စိတ်ကြည်လင်လန်းဆန်းစေမှာပဲဖြစ်ပါတယ် ။
🧘‍♀️ အဆစ်အမြစ်တွေကို သန်မာစေပြီး၊ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျော့ချပေးနိုင်တဲ့ အာမခံချက်တစ်ခုပါပဲ ။
🧘‍♀️ သွက်လက်ဖျတ်လတ်ပြီး အသားရေတင်းတင်းရင်းရင်းနဲ့ ကိုယ်ဟန်အနေအထားကို ပိုမိုလှပစေမှာပဲဖြစ်ပါတယ် ။

ဒါ့အပြင် အဖွဲ့အစည်းနဲ့သင်ကြားလိုသူများ၊ တစ်ယောက်ထဲ Private class သင်ကြားလိုသူတွေအတွက်လဲ စီစဉ်သင်ကြားပေးပါတယ်ရှင်💓

အတန်းချိန်များနဲ့ သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက...
☎️ Contact : 09254213275
🏡 Address- အမှတ် ၃၈ အခန်းနံပါတ် (101) ပထမထပ် / မိုးကောင်းလမ်း / ရန်ကင်းမြို့နယ် / KBZ Bank (Moe Kaung) အပေါ်ထပ်။

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။




နေ့စဉ်ဘဝမှာ စိတ်ပင်ပန်း ဖိစီးမှုတွေများပြီး အဲ့ဒီပင်ပန်းမှုတွေကနေ ဖြေလျော့ဖို့ ခက်ခဲနေပါသလား ❓စိတ်ထောင်းလို့ ကိုယ်ကြေဆို...
01/02/2026

နေ့စဉ်ဘဝမှာ စိတ်ပင်ပန်း ဖိစီးမှုတွေများပြီး အဲ့ဒီပင်ပန်းမှုတွေကနေ ဖြေလျော့ဖို့ ခက်ခဲနေပါသလား ❓

စိတ်ထောင်းလို့ ကိုယ်ကြေဆိုတာမျိုး မဖြစ်ရအောင် စိတ်ရော ကိုယ်ခန္ဓာပါ လန်းဆန်း ကျန်းမာဖို့အတွက် သာကေတအနီးတဝိုက် မိတ်ဆွေများအတွက် New Goal Yoga မှ အနီးကပ်ကူညီပေးနိုင်ပါတယ် 😍

တစ်ခါမှ မလေ့ကျင့်သေးဖူးတာဖြစ်ဖြစ် အခြေခံကျွမ်းကျင်တဲ့ သူဖြစ်ဖြစ် Level အလိုက်အဆင်ပြေအောင် ဂရုတစိုက်လေ့ကျင့်ပြသပေးတာကြောင့် ထိရောက်မှု မြန်ဆန်ပါတယ်နော် 🔰

ဒါကြောင့် သာကေတ Yoga Studio မှာ February တန်းခွဲအတွက် စတင်လက်ခံပေးနေပြီဖြစ်လို့ ယောဂလေ့ကျင့်မယ့် မိတ်ဆွေရဲ့ စိတ်ကူးကို အခုပဲ လက်တွေ့အကောင်ထည်ဖော်လိုက်ပါ 📢

ရွေးချယ်တက်ရောက်နိုင်တဲ့ အချိန်ဇယားတွေကတော့....

TharKayTa Yoga Class
=======
🔰 Weekdays Yoga Class
Date - Thursday , Friday
Time - 5:30 PM to 6:30 PM

🔰 Weekdays Yoga Class
Date - Monday , Tuesday
Time - 10:00 Am to 11:00Am

🔰 Weekends Yoga Class
Date - Saturday, Sunday
Time - 8:30 AM to 9:30 AM
Time - 5:30 PM to 6:30 PM

🏡 သာကေတ သင်တန်းလိပ်စာ - အမှတ် ၅၁၆၊ ၄လွာ/ဇမ္ဗူသီရိအရှေ့၁လမ်း၊ (၆)အနောက်ရပ်ကွက်၊ သာကေတမြို့နယ် (၇ စျေးလမ်းမကြီးအနီး)

📲 ဆက်သွယ်ရန်ဖုန်း - 09254213275 သို့တိုက်ရိုက်ဆက်သွယ်နိုင်သလို Page မှာလဲ မေးမြန်းနိုင်ပါတယ်နော်...။

👉 လိုအပ်သောအရာများ - ကိုယ်ပိုင် Yoga Mat, Towel, Water Bottle များယူဆောင်လာရန်လိုအပ်ပါတယ်။



တစ်နေကုန် အလုပ်တွေရှုပ်၊ အိမ်မှုကိစ္စတွေနဲ့ နားချိန်မရှိ ဖြစ်နေပါသလား ❓ယောဂသင်တန်းသွားဖို့ အချိန်သီးသန့်ဖယ်ဖို့ မအားဖြစ်...
29/01/2026

တစ်နေကုန် အလုပ်တွေရှုပ်၊ အိမ်မှုကိစ္စတွေနဲ့ နားချိန်မရှိ ဖြစ်နေပါသလား ❓

ယောဂသင်တန်းသွားဖို့ အချိန်သီးသန့်ဖယ်ဖို့ မအားဖြစ်နေပြီလား ❓

ဒါဆိုရင် အပြင်ထွက်စရာမလိုဘဲ ကိုယ်အားတဲ့ အချိန်လေးမှာ စိတ်လွတ်လပ်စွာ Zoom မှတစ်ဆင့် Yoga ကျင့်နိုင်ပါပြီ ။ 📢

New Goal Yoga ရဲ့ Online Class မှာ သင်ကြားပေးတဲ့ Instructor တွေက ပုံစံလေး နည်းနည်းစောင်းသွားတာကစလို့ အသက်ရှူတာ လွဲနေတာအထိ ချက်ချင်း လမ်းညွှန်ပြင်ဆင်ပေးမှာမို့လို့ "အပြင်မှာ တက်ရသလိုမျိုး" ထိရောက်မှု အပြည့်အဝရှိပါတယ်။ 🔰

ဒါကြောင့် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ အဝေးကြီးသွားစရာမလိုဘဲ အချိန်ကုန်သက်သာပြီး အနီးကပ်လမ်းညွှန်မှုအပြည့်အဝဖြင့် သင်ကြားပေးတဲ့ New Goal Yoga Online Class ကို အခုပဲ Join ဖို့ ဆက်သွယ်လိုက်ပါ ☎

New Goal Yoga နဲ့အတူ လေ့ကျင့်ချင်တယ်ဆိုရင်တော့ Page Chat Box (သို့) 09 254 213 275 ကို တိုက်ရိုက်ဆက်သွယ်ပြီး မနက်နဲ့ ညနေ အဆင်ပြေတဲ့ အချိန်ကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်နော် ‼




Yoga ကျင့်ရုံနဲ့ Level တက်မလာဘဲ တစ်နေရာတည်းမှာ ရပ်နေသလို ခံစားနေရပြီလား ❓Basic ကနေ Advanced အဆင့်ကို ကူးပြောင်းဖို့ဆိုတာ...
27/01/2026

Yoga ကျင့်ရုံနဲ့ Level တက်မလာဘဲ တစ်နေရာတည်းမှာ ရပ်နေသလို ခံစားနေရပြီလား ❓

Basic ကနေ Advanced အဆင့်ကို ကူးပြောင်းဖို့ဆိုတာ အားစိုက်ထုတ်မှုထက် "နည်းစနစ်မှန်ကန်မှု" ကလည်း ပိုအရေးကြီးပါတယ် 🚀

ဒါဆို Advance Level ကို ရောက်အောင် ဒီအဆင့်တွေကို လိုက်နာကြည့်ရအောင်... 👇

👉 အချိန်ဇယားကို "Frequency Upgrade" လုပ်ပါ
Level တက်ချင်ရင် တစ်ပတ်ကို (၂) ရက်လောက် ကျင့်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ခန္ဓာကိုယ်ရဲ့ ပျော့ပျောင်းမှုနဲ့ ခံနိုင်ရည်ကို တိုးမြှင့်ဖို့ တစ်ပတ်ကို (၅) ရက်ကနေ (၆) ရက်အထိ ပုံမှန်အချိန်ပေးပါ။ အချိန်အကြာကြီး မဟုတ်ရင်တောင် နေ့စဉ် ထိတွေ့ပေးခြင်းက ကြွက်သားတွေကို ပိုမို ပျော့ပျောင်းလာစေပါတယ်..

👉 ခန္ဓာကိုယ်ရဲ့ "Weak Point" ကို အရင်ရှာပါ
လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အားနည်းချက်တွေ ရှိတတ်ပါတယ်။ တချို့က ခွန်အားရှိပေမဲ့ မပျော့ပျောင်းဘူး၊ တချို့က ပျော့ပျောင်းပေမဲ့ ဟန်ချက် (Balance) မထိန်းနိုင်ဘူး။ ကိုယ့်ရဲ့ အားနည်းချက်က ဘာလဲဆိုတာကို သိအောင်လုပ်ပြီး အဲ့ဒီအပိုင်းကို ပိုမိုလေ့ကျင့်ပေးခြင်းက အဆင့်မြင့် Pose တွေအတွက် ထိရောက်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်...

👉 "Comfort Zone" ထဲက ရုန်းထွက်ပါ
အမြဲတမ်း ကိုယ်လုပ်နိုင်တဲ့ အခြေခံ Pose တွေမှာပဲ ပျော်မနေပါနဲ့။ တစ်နေ့ကို Pose အသစ်တစ်ခု (သို့မဟုတ်) ခက်ခဲတဲ့ Variation တစ်ခုကို အနည်းဆုံး (၅) မိနစ်ခန့် စမ်းသပ်ကျင့်ကြံပါ။ ကျရှုံးတာကို မကြောက်ပါနဲ့၊ လဲကျခြင်းကနေပဲ အဆင့်မြင့် Pose တွေရဲ့ အနှစ်သာရကို ရရှိလာမှာပါ။

👉 "Active Recovery" ကို မမေ့ပါနဲ့
Level တက်ချင်တာနဲ့ အတင်းအကျပ် ကျင့်တာမျိုးက ဒဏ်ရာရစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ဖို့ အနားပေးချိန် (Rest Day) ကိုလည်း စနစ်တကျ ထည့်သွင်းပါ။ ဒါ့အပြင် အသားဓာတ် (Protein) နဲ့ ရေဓာတ် အလုံအလောက် ဖြည့်တင်းပေးမှသာ ကြွက်သားတွေက အဆင့်မြင့်လှုပ်ရှားမှုတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိမှာပါ။

👉 "Professional Instructor နဲ့လေ့ကျင့်ပါ
Yoga ဆိုတာ ခန္ဓာကိုယ်ကို ကွေးနိုင်ဆန့်နိုင်ရုံတင်မဟုတ်ဘဲ အရိုးအဆစ်နဲ့ ကြွက်သားတွေရဲ့ အနုစိတ်လှုပ်ရှားမှုဖြစ်တာကြောင့် အဆင့်မြင့် Level ရောက်ဖို့ဆိုရင် စနစ်တကျ သင်ကြားပေးမယ့် ဆရာ (Instructor) လိုအပ်ပါတယ်။ အခြေခံ Foundation ကို ဆရာနဲ့အတူ စနစ်တကျ တည်ဆောက်ခြင်းက Alignment (ပုံစံ) တွေကို တိကျစေပြီး ဒဏ်ရာရရှိမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆရာတစ်ယောက်ရဲ့ အနီးကပ် လမ်းညွှန်မှုဟာ ကိုယ်မှားနေတဲ့ အချက်တွေကို ချက်ချင်းပြုပြင်ပေးနိုင်လို့ တစ်ယောက်ထဲ လေ့ကျင့်တာထက်စာရင် အဆင့်မြင့် Level ကို ပိုမိုမြန်ဆန်ပြီး ဘေးကင်းစွာ ရောက်ရှိစေမယ့် အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် Advance Level ရောက်အောင် ပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း Try ကြည့်လိုက်ရအောင်နော် 📢




ရန်ကင်း အတန်းလေး ကြားရက် နေ့ခင်း အတန်း မနက်ဖန်စပါပြီနော်Tuesday , Wednesday 10 :00 to 11:00 Am
19/01/2026

ရန်ကင်း အတန်းလေး ကြားရက် နေ့ခင်း အတန်း မနက်ဖန်စပါပြီနော်
Tuesday , Wednesday
10 :00 to 11:00 Am




Address

Zabuthiri (1) Street East , 7 Quarter, Thaketa Township , Q6W5+R 56
Yangon
11231

Telephone

+959254213275

Website

Alerts

Be the first to know and let us send you an email when New Goal Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category