Moe Pyan dental clinic

Moe Pyan dental clinic life is short. smile forever.

လေဆာရောင်ခြည်ဖြင့် ကြွေသွားအရောင်တင်ခြင်း
14/05/2024

လေဆာရောင်ခြည်ဖြင့် ကြွေသွားအရောင်တင်ခြင်း

ကြွေသွားလှလှတပ်ကြမယ်
12/03/2024

ကြွေသွားလှလှတပ်ကြမယ်

Valentine's dayမှာ ချိုမြိန်တဲ့အနမ်းတွေ ရဖို့ဆိုရင် သွားဆေးခန်းမှာ လိုအပ်တဲ့ treatmentတွေ လုပ်ထားဖို့ လိုတယ်နော်။ အနမ်းတ...
10/02/2024

Valentine's dayမှာ ချိုမြိန်တဲ့အနမ်းတွေ ရဖို့ဆိုရင် သွားဆေးခန်းမှာ လိုအပ်တဲ့ treatmentတွေ လုပ်ထားဖို့ လိုတယ်နော်။ အနမ်းတွေ ချိုမြိန်ဖို့အတွက် မိုးပျံ သွားဆေးခန်းမှာ ခံတွင်းသန့်ရှင်းရေး သွားကျောက်ခြစ်ပြီး သွားပိုးပေါက်များ ဖာထေးပြုပြင်သင့်ပါတယ်ခင်ဗျာ 👩‍❤️‍👨👩‍❤️‍👩👨‍❤️‍👨👩🏻‍❤️‍💋‍👨🏻👩🏻‍❤️‍💋‍👩🏻👨🏻‍❤️‍💋‍👨🏻💝🦷

ရှေ့သွားကျဲ နေတာကို သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် လေဆာရောင်ခြည်ဖြင့်ကြွေသွားဖြည့်ခြင်းကို ဆောင်ရွက်ပေးနေပါသည်။
03/02/2024

ရှေ့သွားကျဲ နေတာကို သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် လေဆာရောင်ခြည်ဖြင့်ကြွေသွားဖြည့်ခြင်းကို ဆောင်ရွက်ပေးနေပါသည်။

✍️အားလုံးပဲ မဂ်လာပါဒီတစ်ခါ ဒီတစ်ခါ ပြောပြပေမဲ့ ဗဟုသုတကတော့ ပါးစပ်ထဲမှာရှိတဲ့ သွားတု တွေဟာကောင်းသေးလား /မကောင်းတော့ဘူးလား...
31/12/2023

✍️အားလုံးပဲ မဂ်လာပါ
ဒီတစ်ခါ ဒီတစ်ခါ ပြောပြပေမဲ့ ဗဟုသုတကတော့ ပါးစပ်ထဲမှာရှိတဲ့ သွားတု တွေဟာ
ကောင်းသေးလား /မကောင်းတော့ဘူးလား?
ဆက်သုံးသင့်လား /ဆက်မသုံးသင့်တော့ဘူးလား
ဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါတယ်
✍️ခံတွင်းထဲမှာ သွားတွေဆုံးရှုံးလိုက်ရတဲ့အခါ
သွားတုတွေကို ပြန်လည်အစားထိုးပြီးသွားစိုက်ထားကြပါတယ်
✍️သွားစိုက်ခြင်း နည်းတွေထဲမှာ ဘေးသွားတွဲ
စိုက်ခြင်း ( Crown & Bridge) အကြောင်းကို
ပြောပြပေးသွားပါမယ်
✍️သွားအသေစိုက်ခြင်း နည်းမှာ ဆုံးရှုံးသွားတဲ့
သွားရဲ့ ဘေး (၂) ဖက်မှာရှိတဲ့ သွားတွေကို အားယူပြီး တွယ်စိုက်ကြရပါတယ်

✍️စိုက်တဲ့သွားတုဟာ ဘယ်လို အခြေအနေဆို
ရင် ဆက်လက် အသုံးပြု သင့်လဲဆိုရင်

🔷သွား အစွပ်၏ အနားနှင့် တင်ထားသည့် သွား အခြေ နှင့် Fit (အံဝင်ခွင်ကျ)ဖြစ်နေသေးလျှင် အသုံးပြု၍ ရနိုင်ပါတယ်
🔷အစွပ်ခံထားရသည့် ဘေးသွားများ မနာမကျင် ရှိနေသေးလျှင်အသုံးပြု၍ ရနိုင်ပါတတယ်
🔷စွပ်ထားသော သွားတုများ ပေါက်ပြဲ/ ပျက်ဆီးခြင်း မဖြစ်သေးလျှင် အသုံးပြု၍
ရနိုင်ပါတယ်
🔷သွားတု အနားနှင့် သွားဖုံးခြား ဟနေခြင်း
မရှိသေးလျှင်လဲ အသုံးပြု၍ ရနိုင်ပါတယ်
🔷စွပ်ထားသော သွားတုသည် သွားဖုံးသား/
သွားဖုံးရိုးများကို အန္တရာယ်မဖြစ်သေး
လျှင်လဲ အသုံးပြု၍ ရနိုင်ပါတယ်

✍️ဘယ်လို အခြေအနေတွေမှာ မိမိတို့ သွားတု
(အစွပ်) များကိုး အသစ်လဲပေးသင့်သလဲ
ဆိုရင်

🔷သွားတု အစွပ်၏ အနားနှင့် သွားအခြေ ဟ
နေခြင်း ( အံဝင်ခွင်ကျ) မဖြစ်လျှင် လဲ
သည့်ပါတယ်
ဘာကြောင့်လဲဆိုတော့ ဟနေတဲ့ နေရာမှ အစာ
များ ဝင်ရောက်ပြီး အထဲရှိသွားကို ပျက်ဆီး
ဆုံးရှုံးနိုင်ပါတယ်
🔷အစွပ်ခံထားရသည့် သွားများ နာကျင် ခြင်း
ဖြစ်လျှင်လဲ သွားတု များကို ချွတ်၍ စစ်
ဆေးခြင်းများ ပြုလုပ်သင့်ပါတယ်
🔷စွပ်ထားသော သွားတုများ ပေါက်ပြဲ/ ပျက်ဆီး နေလျှင်လဲ သွားတုများကို လဲသင့်ပါတယ်
အဘယ့်ကြောင့်ဆိုသော် ပေါက်ပြဲနေသော နေရာမှ အတွင်း ရှိသွားထဲသို့ အစာများ ဝင်ရောက်ပြီး
ပျက်ဆီးဆုံးရှုံးခြင်းများ ကြုံရနိုင်ပါတယ်
🔷သွားတု နှင့် သွားဖုံးခြား ဟနေလျှင်လဲ
သွားတုများကို လဲသင့်ပါတယ်
🔷စွပ်ထားသော သွားတုများသည် သွားဖုံးသား/
သွားဖုံးရိုးများကို ဒုက္ခပေးနေလျှင်လဲ လဲသင့်ပါတယ်
🔷သွားတုများ ပျက်ဆီးပြီး ချွန်ထက်/ ရှ ခြင်း
များ ဖြစ်နေလျှင်လဲ သွားတုများကို အသစ်
လဲပေးရပါမည်
အဘယ့်ကြောင့်ဆိုသော ချွန်ထက်/ရှနေသော
အရာများသည် ခံတွင်းကင်ဆာကို ဖြစ်စေနိုင်
သောကြောင့် ဖြစ်ပါတယ်
✍️ဒါကြောင့် မိမိ ခံတွင်း အတွင်းမှာ သွားတုများ
ရှိပါက သေချာစစ်ဆေး၍ ဆက်သုံးရန် မသင့်ပါက သွားနှင့်ခံတွင်းဆေးခန်းများတွင် သွားနှင့်
ခံတွင်း ဆရာဝန်နှင့် သွားရောက်စစ်ဆေးတိုင်ပင်၍ နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားရခင် ကြိုတင် ကုသထားသင့်ပါတယ်

ဆေးခန်းပြသလိုပါက

🏥မိုးပျံသွားဆေးခန်း

သို့ ဆက်သွယ်၍ ရက်ချိန်းကြိုယူပြီးပြသနိုင်ပါတယ်
💛💛💛
🙏🙏🙏🙏

02/12/2023
အံဆုံးကြောင့် ပါးယောင်နေတာ၊ ကိုက်နေတာ၊ အိပ်မရ စားမရ၊ ပါးစပ်ဟမရတဲ့ ဖြစ်ရပ်တွေ ပတ်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။အံဆုံး...
12/11/2023

အံဆုံးကြောင့် ပါးယောင်နေတာ၊ ကိုက်နေတာ၊ အိပ်မရ စားမရ၊ ပါးစပ်ဟမရတဲ့ ဖြစ်ရပ်တွေ ပတ်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။
အံဆုံးအများစုဟာ ၁၇ မှ ၂၅နှစ်ကြားပေါက်တတ်ပါတယ်။ နောက်ဆုံးမှထွက်တဲ့သွားဖြစ်ပြီး သူထွက်ဖို့အတွက် နေရာလွတ်အလုံအလောက်မရှိတဲ့အခါ ‌တစောင်း‌အနေအထားနဲ့ပေါက်လာပီး ပြဿနာစပေးပါတော့တယ် ။
အံဆုံး‌တွေဟာ အတွင်းပိုင်းနောက်ဆုံးမှာရှိတဲ့အတွက်သွား‌ပြောင်အောင် တိုက်ဖို့အလွန်ခက်ပါတယ်။စောင်းပေါက်သည့်အံဆုံးနှင့် ရှေ့အံသွားကြားတွင်လဲ အစာညှပ်လွယ်ပြီး နှစ်ချောင်းလုံးကိုခွပြီးပိုးစားတတ်ပါတယ်။သွားဖုံးတွင်းအစာညှပ်ခြင်းကြောင့် ပိုးဝင်ပြီးယောင်လာမယ်။ပြည်တည်လာမယ်။ ပါးစပ်ဟရခက်လာမယ်။ အစာစားရခက်လာမယ်။ နောက်ပိုင်းရှေ့သွားထိပါပိုးစားလာမယ်။ အဲဒီအခြေအနေအထိ မကုသေးဘူးဆိုရင်တော့ အံဆုံးနှုတ်ရင်း တန်ဖိုးရှိလှတဲ့ ရှေ့သွားကိုပါနှုတ်လိုက်ရတဲ့အထိလည်းဖြစ်သွားနိုင်ပါတယ်။
အံဆုံးကြောင့် အခြားမလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ နှုတ်ပြစ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
အံဆုံးသွားဟာ သွားကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ရော မဖြစ်မနေ လိုအပ်တဲ့သွား မဟုတ်ပါဘူး။ ဒါကြောင့် အံဆုံးသွားနှုတ်လို့ အစာစားတဲ့အခါ အဆင်မပြေမှာ၊ ပါးချိုင့်ကျသွားမှာ စိုးရိမ်စရာမလိုပါဘူး။အံဆုံးသွားနှုတ်ပီးရင်လဲ ပြန်စိုက်စရာလဲမလိုပါဘူး။
အံဆုံးဆိုတာတော့ အိပ်နေတဲ့ကျားပါပဲ။ အမြဲတမ်းတော့ ဒုက္ခပေးနေတာမဟုတ်ပါဘူး။ သူဒုက္ခပေးချင်တဲ့အချိန် ဒုက္ခပေးမှာဖြစ်ပါတယ်။

ကျနော်တို့ မြန်မာတွေရဲ့ မြန်မာ့ရိုးရာသီတင်းကျွတ်အခါ သမယ မှာ "ဇီဝိတ ဒါန အလှူ"လေး ပြုလုပ်ချင်ပါတယ်ခင်ဗျ။ကျနော့်ချွေးနဲစာထဲ...
27/10/2023

ကျနော်တို့ မြန်မာတွေရဲ့ မြန်မာ့ရိုးရာသီတင်းကျွတ်
အခါ သမယ မှာ
"ဇီဝိတ ဒါန အလှူ"လေး ပြုလုပ်ချင်ပါတယ်ခင်ဗျ။

ကျနော့်ချွေးနဲစာထဲ က နေ ဖဲ့ပြီးတော့ ကျနော် တတ်တဲ့ဆေးပညာနဲ့ အလှူလေးလုပ်ချင်ပါတယ်။

၂၉.၁၀.၂၃ သီတင်းကျွတ် လပြည့်နေ့,တွင်
"သွားနှင့်ခံတွင်းရောဂါ"များ ကို "အခမဲ့ ဆေးကုသခြင်း"ပြုလုပ်ပေးချင်ပါတယ်ခင်ဗျ။

ဒါ့ကြောင့်မလို့ ကျနော့်မိတ်ဆွေတွေ အနေနဲ့ ကျနော့်အလှူလေးကို ပါဝင်ဆင်နွှဲလိုစိတ်ရှိရင် နီးစပ်ရာ ဝေဒနါရှင်များရှိပါက နာမည်စာရင်းပေးစေလိုပါတယ်ခင်ဗျ။

ဆေးကုသပေးမဲ့အစီအစဥ်ထဲမှာ ပါဝင်တာကတော့.......

📌 သွား ဖာ ခြင်း

📌သွားနှုတ်ခြင်း

📌သွားကျောက်ခြစ်ပေးခြင်း တို့ ပါဝင်မှာဖြစ်ပါတယ်ခင်ဗျ။(အခမဲ့ ကုသပေးပြီး ကုသိုလ်လုပ်မှာပါဗျ။)

ဆေးကုသချိန် ⏩
နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီ အထိ

ဆေးကုသပေးမည့်ရက် ⏩
၂၉.၁၀.၂၃ (သီတင်းကျွတ် လပြည့်နေ့)

ဆေးကုသပေးမဲ့ ဆေးခန်းနေရာ ⏩

မိုးပျံ
သွားဆေးခန်း

📌📌📌ကြိုတင် စာရင်း ပေးသွင်းခြင်းဖြင့် ဆေးကုသချိန် ပို ရ အောင် ကူညီပေးကြ စေချင်ပါတယ်ခင်ဗျ။

ဒေါက်တာမင်းခိုင်၀င်းမြင့်
သွားနှင့်ခံတွင်း ဆရာဝန်

09-443087699,09-781462972

🌟 သတ္တုသွားဖာဆေးအဟောင်းကို ဖယ်ထုတ်ပြီး လေဆာနဲ့ သွားကြွေလွှာဖြည့်ကုသမှု ကို ❤မိုးပျံသွားဆေးခန်းမှာ❤ လာရောက်ကုသလို့ရနေပါပြ...
27/10/2023

🌟 သတ္တုသွားဖာဆေးအဟောင်းကို ဖယ်ထုတ်ပြီး လေဆာနဲ့ သွားကြွေလွှာဖြည့်ကုသမှု ကို ❤မိုးပျံသွားဆေးခန်းမှာ❤ လာရောက်ကုသလို့ရနေပါပြီ 🌟

စောင့်ဆိုင်းမူ မရှိရလေအောင်Helloသာ လုပ်လိုက်တော့နော်
23/10/2023

စောင့်ဆိုင်းမူ မရှိရလေအောင်
Helloသာ လုပ်လိုက်တော့နော်

🦷 သွားပြန်စိုက်ရန် နည်းလမ်း(၃)မျိုး 🦷 :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::★✅ 1. Dental Implan...
19/10/2023

🦷 သွားပြန်စိုက်ရန် နည်းလမ်း(၃)မျိုး 🦷
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
★✅ 1. Dental Implant
(အရိုးထဲ အမြစ်တုတိုင်ထည့်၍ သွားစိုက်ခြင်း)
( US$700 - $1000 ကြားရွေးချယ်နိုင်ပါသည်)
🔺- လက်ရှိကမ္ဘာပေါ်မှာ
အကောင်းဆုံးသွားစိုက်နည်းလမ်းပါ
🔺- ဘေးသွားတွေကို သေးပစ်စရာမလိုအပ်တဲ့အတွက်
ဘေးသွားတွေကို မထိခိုက်စေပါဘူး
🔺- ထုံဆေးနဲ့ သွားဖုံးကို အနည်းငယ်ခွဲပြီး
တိုင်ထည့်ရပါတယ်
(လုံးဝမနာပါဘူး)
🔺- အချိန် လအနည်းငယ်စောင့်ပြီး
ကြွေသွားပြန်တပ်ပေးပါတယ်
🔺- ကုန်ကျစရိတ် အနည်းငယ်များပါတယ်

★✅ 2. Dental Bridge (Nikel, Porcelain, Zirconia)
(ဘေးသွားများကို သွယ်တန်း၍ သွားစိုက်ခြင်း)
>> ⭐️ ရှယ်အကောင်းဆုံးကြွေသွား - 30% Off

Address

No 406, Tapin Shwe Htee Road , Near CNG Gas Station, East Dagon
Yangon
11421

Website

Alerts

Be the first to know and let us send you an email when Moe Pyan dental clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category