12/03/2026
မတ်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်တွင် ကျင်းပသော 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 သည် ကျောက်ကပ်ကျန်းမာရေးအရေးကြီးမှုကို လူထုအား အသိပညာပေးရန် ရည်ရွယ်ထားသော အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ ကျောက်ကပ်သည် ကိုယ်ခန္ဓာအတွင်း ရှိအညစ်အကြေးနှင့်အဆိပ်အတောက်များကို ဖယ်ရှားပေးရာတွင် အရေးပါသော အင်္ဂါဖြစ်ပါသည်။
ယနေ့ခေတ်တွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုများကြောင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှု တိုးပွားလာနေပါသည်။ ကျောက်ကပ်ရောဂါသည် အစောပိုင်းတွင် လက္ခဏာမထင်ရှားနိုင်သဖြင့် ပုံမှန် ဆေးစစ်ခြင်းများ ပြုလုပ်ခြင်းသည် အလွန်အရေးကြီးပါသည်။ သွေးပေါင်ချိန်ကို စောင့်ကြည့်ခြင်း၊ ဆီးချိုသွေးချိုအဆင့်ကို ထိန်းချုပ်ခြင်း၊ ဆားနှင့် အဆီများသော အစားအစာများ လျှော့စားခြင်း၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းတို့သည် ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်သည့် နည်းလမ်းများဖြစ်ပါသည်။
ထို့အပြင် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မသောက်သုံးသင့်ပါ။ အချို့သော အကိုက်အခဲပျောက်ဆေးများကို လွန်ကဲစွာ အသုံးပြုခြင်းသည် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။ ကျောက်ကပ်ကျန်းမာရေးကို စောင့်ရှောက်ခြင်းဖြင့် မိမိနှင့်မိမိ မိသားစုအတွက် အနာဂတ်ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါသည်
မတ်လ ၁၂ ရက် 𝐖𝐨𝐫𝐥𝐝 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐚𝐲 အထိမ်းအမှတ်နေ့တွင် လူကြီးမင်းတို့အားလုံး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း 𝐍𝐞𝐨𝐩𝐚𝐞𝐝 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။