Golden Myanmar

Golden Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Myanmar, Yangon.

02/05/2026
02/05/2026

လိုအပ်တဲ့ အာဟာရရဖို့ ဘာတွေ စားပေးရမလဲ
(၁) ဇင့်ဓာတ်- ရွှေဖရုံစေ့၊ ကုလားပဲ၊ သီဟိုဠ်စေ့။
(၂) ကယ်လ်ဆီယမ်- ကိုက်လန်၊ နှမ်း၊ နို့နဲ့ နို့ထွက်ပစ္စည်း။
(၃) မဂ္ဂနီဆီယမ်- ငှက်ပျောသီး၊ ချောကလက်၊ ဟင်းနုနယ်ရွက်။
(၄) သံဓာတ်- ဟင်းနုနယ်ရွက်၊ ပဲနီလေး၊ အနီရောင် အသား။
(၅) ဗီတာမင်စီ-လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ငရုတ်ပွသီး။
(၆) ဗီတာမင်ဒီ-မှို၊ ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါး။
(၇) အိုမီဂါ ၃-သစ်ကြားသီး၊ ချီယာစေ့၊ ငါးအဆီ။
(၈) ဗီတာမင်အေ- ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး။
(၉) ပိုတက်ဆီယမ်-ထောပတ်သီး၊ ငှက်ပျောသီး၊ အာလူး။
(၁၀) ဗီတာမင်အီး- နေကြာစေ့၊ အယ်လ်မွန်အခွံမာစေ့။
လွတ်လပ်စွာ share နိုင်ပါတယ်။

01/05/2026

စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းကျော်၏ အင်္ဂလိပ်-မြန်မာ စိတ်ကျန်းမာရေးဆေးပညာအဘိဓာန်နှင့် ဝေါဟာရရှင်းတမ်း စာအုပ် မှာယူနိုင်ပါပြီ
ဒီစာအုပ်မှာ စိတ်ကျန်းမာရေးဆေးပညာနဲ့ သက်ဆိုင်တဲ့ အခုခေတ်အသုံးများတဲ့ ဝေါဟာရစုစုပေါင်း ၂၂၀ဝ ကျော် ပါရှိပါတယ်။
✅ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာများ၊
✅ စိတ်ရောဂါအမည်များ၊
✅ စိတ်ရောဂါကုထုံးများ၊
✅ စိတ်ရောဂါကု ဆေးတွေရဲ့ ဝေါဟာရတွေကို အနှစ်ချုပ်လိုရင်း အနက်အဓိပ္ပာယ်တွေနဲ့ ရှင်းလင်းဖော်ပြထားပါတယ်။
ဒီစာအုပ်က ဆေးကျောင်းသား/သူ၊ အလုပ်သင်ဆရာဝန်၊ ပြင်ပလူနာကု ဆေးခန်း ဆရာဝန်၊ သူနာပြုကျောင်းသား/သူ၊ စိတ်ပညာဘွဲ့ကြို/ဘွဲ့လွန်ကျောင်းသား/သူ၊ စိတ်ကျန်းမာရေးသူနာပြုနှင့် စိတ်ကျန်းမာရေးဝန်ထမ်းပညာရှင်များအတွက် အလွယ်တကူ အသုံးပြုနိုင်တဲ့ ကိုးကားစာအုပ်ပါ။
ဒီစာအုပ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပြင် ကျောင်းဆရာများ၊ ဆေးပညာပေး စာပေပညာရှင်များ၊ စိတ်ကျန်းမာရေး စိတ်ဝင်စားသူများ၊ စိတ်ကျန်းမာရေးဝေဒနာရှင်တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ ဥပဒေပညာရှင်များအတွက် စိတ်ကျန်းမာရေးမှတ်စုဖြစ်ပါတယ်။
▶️ တန်ဖိုး- တစ်သောင်းကျပ်
▶️စာမျက်နှာ-၄၂၂ မျက်နှာ
▶️Healthy Life Journalရဲ့ Messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များ ပေးပို့မှာယူနိုင်ပါတယ်။ (မြို့နယ်အလိုက် Deliခ ကျသင့်ပါမယ်)
▶️ ဖုန်း၊ viberနဲ့ ဆက်သွယ်မှာယူလိုပါက...
☎️၀၉၅၀၈၀ဝ၆၅
☎️ဝ၉၇၈၅၁၈၅၆၇၆ ကို နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မှာယူနိုင်ပါတယ်။


01/05/2026

ရောဂါမရရှိအောင် ကာကွယ်ပေးခြင်းက ကုသပေးတာထက် ထိရောက်မှုရှိတာကို လူတိုင်း သိကြပါတယ်၊ လူငယ်တွေထဲမှာ မူးယစ်ဆေးစွဲရောဂါလျော့နည်းစေချင်ရင် မူးယစ်ဆေး စတင် မသုံးစွဲမိဖို့နဲ့ မူးယစ်ဆေးစတင်သုံးစွဲလာတဲ့လူငယ်ကို လက်ဦးအောင် ဖော်ထုတ်ပေးရပါတယ်၊ စိတ်ကျန်းမာရေးဆေးပညာမှာ ပထမအဆင့်ကာကွယ်ခြင်း(Primary prevention)နဲ့ ဒုတိယအဆင့်ကာကွယ်ခြင်း(Secondary prevention)လို့ခေါ်တယ်။

(က) ပထမအဆင့်ကာကွယ်ခြင်းလုပ်ငန်းများ
--------------------------------------
လူငယ်များ မူးယစ်ဆေး အလွယ်တကူဝယ်ယူမရရှိစေဖို့ တားမြစ်ပေးခြင်းဖြစ်တယ်၊ ဥပမာ- မူးယစ်ဆေးထုတ်လုပ်ခြင်း၊ သိုလှောင်သယ်ယူခြင်း၊ ရောင်းဝယ်ခြင်း စတဲ့ ဒုစရိုက်လုပ်ငန်းငွေကို တားမြစ်တဲ့ဥပဒေများ နိုင်ငံတော်အစိုးရက ပြဌာန်းပေးခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းရဲ့ ဆိုးကျိုးနဲ့ပတ်သက်ပြီး လူထုပညာပေးလုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ ရုပ်ရှင်၊ ဗီဒီရိုတွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းစတဲ့ သရုပ်ဆောင်ခန်းများ လျော့နည်းစေခြင်း၊
မူးယစ်ဆေးရောင်းဝယ်ခြင်းနဲ့ မူးယစ်ဆေးသုံးစွဲသူများပြားတဲ့ရပ်ကွက်မှာ မနေထိုင်ခြင်း၊ မိသားစုထဲမှာ မူးယစ်ဆေးသုံးစွဲခြင်းနဲ့ပတ်သက်ပြီး လုံးဝလက်မခံတဲ့သဘောထား (zero tolerance)မျိုး ထားရှိခြင်း၊
လူငယ်သဘာဝစွန့်စားလိုစိတ်၊ စူးစမ်းလိုစိတ်များက မူယစ်ဆေး စမ်းသပ် သုံးစွဲကြည့်မိစေနိုင်တယ်၊ ဒါကြောင့်အိပ်ခန်းထဲမှာ ငြီးငွေ့မနေစေဘဲ တခြားနည်းတွေနဲ့ (အားကစား၊ လက်မှုပညာ၊ အနုပညာ၊ ကင်းထောက်လူငယ်လှုပ်ရှားမှု) အစားထိုးပေးခြင်း၊

(ခ) ဒုတိယအဆင့်ကာကွယ်နည်းများ
---------------------------------
ဒုတိယအဆင့်ကာကွယ်နည်းက လူငယ်နဲ့နေ့စဥ်ထိတွေ့ဆက်ဆံနေတဲ့ မိဘအုပ်ထိန်းသူ၊ ကျောင်းဆရာ/ဆရာမများနဲ့ သက်ဆိုင်ပါတယ်။ မူးယစ်ဆေးသုံးစွဲစလူငယ်မှာ တွေ့ရှိရတဲ့ အပြုအမူများကို သတိထားကြည့်ရှုခြင်းဖြစ်တယ်။
မူးယစ်ဆေးစွဲစတင်သုံးစွဲလာတဲ့ လူငယ်များမှာ တွေ့ရှိရတဲ့ လက္ခဏာများကတော့-
▶ ပေါင်းသင်းဆက်ဆံရေး
အပေါင်းအသင်းပြောင်းလဲလာခြင်း၊ မိမိထက် အသက်ကြီးတဲ့ သူငယ်ချင်းအသစ်များနဲ့ သွားလာနေတာတွေ့ရှိရခြင်း၊ မိသားစုဝင်များနဲ့ပြောဆိုဆက်ဆံမှု နည်းပါးလာခြင်း၊ မျက်လုံးချင်းဆိုင်မကြည့်ဘဲ လူတွေ့ရင် ဦးခေါင်းငုံ့ထားခြင်း၊ အခန်းအောင်းနေတတ်ခြင်း၊
ယခင်ကဝါသနာပါတဲ့အလုပ်မှာ စိတ်ပါဝင်စားမှုမရှိတော့ခြင်း၊ လိမ်လည်ပြောဆိုတတ်လာခြင်း၊ ဘယ်ကိုသွားခဲ့သလဲ၊ အချိန်မတော် တယ်လီဖုန်းပြောတာ ဘယ်သူလဲ၊ အိမ်ပြန်တာ ဘာကြောင့် နောက်ကျသလဲ စတဲ့ မေးခွန်းများကို ဝေ့လည်လည်အဖြေပေးခြင်း၊

▶ ခန္ဓာကိုယ်ကျန်းမာရေး
အိမ်ပြန်လာရင် မျက်နှာနီရဲရဲဖြစ်နေခြင်း၊ မျက်လုံးအကြည့်က ကြောင်တောင်တောင်ဖြစ်နေခြင်း၊ မျက်စိသူငယ်အိမ်ကျဥ်းလွန်းနေခြင်း သို့မဟုတ် ကျယ်လွန်းနေခြင်း(ပြူးကြည့်နေသလိုရှိခြင်း)၊ သိသိသာသာအစားပျက်ခြင်း၊ သို့မဟုတ် အစားအစာကို အငမ်းမရစားချင်နေခြင်း၊ အချိန်တိုအတွင်း သိသိသာသာပိန်ချုံးလာခြင်း သို့မဟုတ် ဝဖြိုးလာခြင်း၊ အနေအထိုင်ညစ်ပေလာခြင်း၊ ကိုယ်ခန္ဓာက ဆေးလိပ်နံ့ စိမ်းရွှေရွှေအနံ့ထွက်နေခြင်း၊ မကြာခဏ ချောင်းဆိုးခြင်း၊ နှာခေါင်း‌သွေးယိုခြင်း၊

▶ စာသင်ကျောင်း
မကြာခဏကျောင်းပြေးခြင်း (မိဘခွင့်ပြုချက်မရရှိဘဲ ကျောင်းမသွားဘဲ တစ်နေရာရာ ရောက်နေခြင်း)(truancy)၊ ကျောင်းစာတွင် စိတ်ဝင်စားမှုကျဆင်းခြင်း၊ အစမ်းစားမေးပွဲရမှတ် ကျဆင်းလာခြင်း၊

▶ ငွေရေးကြေးရေး
ခိုင်လုံတဲ့အကြောင်းပြချက်မပေးနိုင်ဘဲ လူကြီးမိဘထံမှ ပိုက်ဆံပိုတောင်းခြင်း၊ အိမ်သားများရဲ့ ပိုက်ဆံမကြာခဏပျောက်နေတတ်ခြင်း၊ နေအိမ်မှအဖိုးတန်ပစ္စည်းများ ပျောက်ဆုံးနေခြင်း၊

▶ အိပ်ခန်းတွင်း
လူငယ်ရဲ့အိပ်ခန်းထဲမှာ ထူးခြားတဲ့ပစ္စည်းများကို တွေ့ရှိရခြင်း၊ ဥပမာ- ဆေးတံပိုက်၊ မီးခြစ်၊ ပလတ်စတစ်အိတ်အသေးကလေးများ၊ ဆေးလိပ်တို၊ ဆေးလိပ်လိပ်တဲ့စက္ကူလိပ်၊ ဆေးထိုးအပ်၊ ပလုတ်ကျင်းရည်၊ မျက်စဥ်း၊ အခန်းထဲမှာ ထူးခြားတဲ့ အနံ့အသက်များ မွှန်နေခြင်း၊ ဥပမာ-ဆေးလိပ်နံ့၊ ဆေးခြောက်နံ့၊ အခန်းမွှေးရည်အနံ့၊

▶ ဆေးမူးလက္ခဏာများ
အပြင်ကအိမ်ပြန်လာရင် မူးယစ်ဆေးမူးလက္ခဏာများကိုလဲ သတိထားမိနိုင်တယ်၊ အနားကပ်သွားရင် ဆေးလိပ်နံ့၊ အရက်နံ့၊ စိမ်း‌ရွှေရွှေအနံ့ နံနေခြင်း၊ အိပ်ငိုက်သလို ဖြစ်နေခြင်း၊ စကားပြောရင် အာလေးလျှာလေးရှိခြင်း၊ ခြေလက်ဟန်ချက်မထိုင်နိုင်ခြင်း၊ ပျော်ရွှင်မြူးတူးသလို အမူအရာပြနေခြင်း၊ အာရုံစူးစိုက်နိုင်မှုမရှိခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ မျက်လုံးအိမ်လှုပ်ရှားလွန်းနေခြင်း၊ တဇွတ်ထိုးပြောဆိုပြုမူနေခြင်း၊

(ဂ) ကုသမှုခံယူဖို့ အာပေးတိုက်တွန်းပေးခြင်း
----------------------------------------
အထက်မှာဖော်ပြခဲ့တဲ့ မူးယစ်ဆေးစတင်သုံးစွဲနေတဲ့ အချက်ပြမီးနီလက္ခဏာများကို တွေ့ရှိရရင် ဆေးကုသမှုခံယူဖို့ စီစဥ်ပေးရမယ်၊ မူးယစ်ဆေးအလွဲသုံးခြင်း(drug abuse)အဆင့်မှာ ကုသပေးရင် ပျောက်ကင်းဖို့အလားအလာများပါတယ်၊ မူးယစ်ဆေးစွဲရောဂါရတဲ့အဆင့် (drug dependence/ drug addiction)အထိ ဆိုးရွားမသွားအောင် ကာကွယ်ခြင်းဖြစ်တယ်၊ အသက် ၁၅ နှစ်ဝန်းကျင်မှာ မူးယစ်ဆေးစတင်သုံးစွဲဖူးတဲ့လူငယ်များအရွယ်ရောက်လာရင် မူယစ်ဆေးစွဲရောဂါဖြစ်ပွားနှုန်းက (မူးယစ်ဆေးမသုံးဖူးတဲ့ လူငယ်များထက်) ၂ဆမှ ၃ဆ အထိပိုမိုများပြားပါတယ်။
မူးယစ်ဆေး သုံးစွဲခြင်းရောဂါကို ကာကွယ်နိုင်ပါတယ်။
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

01/05/2026

သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံး ဆေးဝါး
------------------------------------------
▶ အစာအိမ်ကျန်းမာစေဖို့
စိတ်ဖိစီးမှုများတာကို လျှော့ချပါ။
▶ နှလုံးကျန်းမာစေဖို့
နေ့စဉ် လက်တွေကို လွှဲယမ်းပြီး လမ်းလျှောက်ပေးပါ။
▶ အဆုတ်အားကောင်းစေဖို့
နံနက်တိုင်း အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်လုပ်ပေးပါ။
▶ ကြွက်သားတွေ သန်စွမ်းစေဖို့
ဒိုက်ထိုးလေ့ကျင့်ခန်းကို ၅-၁၀ ကြိမ် ပြုလုပ်ပေးပါ။
▶ စွမ်းအင် တည်ငြိမ်နေစေဖို့
အကောင်းမြင်စိတ်ထားရှိပြီး ပြုံးပါ၊ ရယ်ပါ။
▶ အရိုးတွေ သန်စွမ်းစေဖို့
နံနက်ခင်းနေခြည်နုနုကို ၁၀ မိနစ်ခန့် ခံယူပေးပါ။
▶ လန်းဆန်းတက်ကြွနေစေဖို့
ရေအလုံအလောက် သောက်ပေးပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။

30/04/2026

အိပ်မက်လေး ပိုလှပစေဖို့...
▶ နေ့ဘက်မှာ လေ့ကျင့်ခန်း လုပ်ပေးပါ။
▶ အိပ်ရာမဝင်ခင် အရက်ရှောင်ပါ။
▶ အိပ်ရာဝင်ခါနီးမှာ စိတ်ဖိစီးမှု ဖြေလျှော့ပေးပါ။
▶ စိုးရိမ်သောက လျော့ကျစေဖို့ မေတ္တာပို့ပေးပါ။
▶ တစ်နေ့တာထဲက ကျေနပ်စရာ၊ ကျေးဇူးတင်စရာလေးတွေကို ပြန်စဉ်းစားပြီး ပြုံးပါ။
▶ အိပ်ရာကို သန့်ရှင်းသပ်ရပ်အောင် ထားပေးပါ။
▶ အိပ်ရာထဲမှာ ဖုန်းမသုံးဘဲ တရားမှတ်ခြင်း သို့မဟုတ် သီချင်းအေးအေးလေး နားဆင်ခြင်းတို့ ပြုလုပ် ရင်း အိပ်စက်အနားယူပေးပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။

30/04/2026

ဆံပင်သန်စေမယ့် ဗီတာမင်များ
----------------------------
▶ ဗီတာမင်စီ
ကော်လာဂျင်ထွက်ရှိမှုကို အားပေးပါတယ်။
➡ ဘယ်မှာ အဓိက ပါဝင်သလဲ
အချဉ်အရသာရှိတဲ့ သစ်သီးများ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွသီးနဲ့ စတော်ဘယ်ရီသီး။

▶ ဗီတာမင်ဘီ
ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားပေးပြီး ဆံပင်သားနဲ့ အသားအရေကို ကျန်းမာစေပါတယ်။
➡ ဘယ်မှာ အဓိက ပါဝင်သလဲ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲသီး၊ အခွံ မာအစေ့အဆန်နဲ့ ထောပတ်သီး။

▶ ဗီတာမင်အီး
ဦးရေပြားကျန်းမာစေတဲ့ အစွမ်းထက် အင်တီအောက် ဆီးဒင့် ပါဝင်ပါတယ်။
➡ ဘယ်မှာ အဓိက ပါဝင်သလဲ
နေကြာစေ့၊ ဟင်းနုနယ်ရွက်၊ သံလွင်ဆီ၊ ပန်းဂေါ်ဖီ စိမ်း၊ ပုဇွန်။
လွတ်လပ်စွာ share နိုင်ပါတယ်။

29/04/2026

ဝမ်းချုပ်ခြင်း ကင်းဖို့ နေ့စဉ် လိုက်နာသင့်တဲ့ အချက်များ
(၁) သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆန်လုံးညို/ ပေါင်မုန့်ညိုတို့လို ကောက်နှံစာ စားပေးပါ။
(၂) အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ စားပေးပါ။
(၃) ဆီးသီး၊ အုတ်ဂျုံကွေကာတို့ စားပေးပါ။
(၄) ရေအလုံအလောက် သောက်ပေးပါ။
(၅) အယ်လ်ကိုဟောနဲ့ ကဖင်းကို တတ်နိုင်သမျှ ဆင်ခြင်ပြီး သောက်ပေးပါ။
(၆) ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ပေးပါ။
(၇) အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်၊ ကင်မ်ချီတို့ စားသောက်ပေးပါ။
လွတ်လပ်စွာ share နိုင်ပါတယ်။

Address

Yangon

Telephone

01-385126

Website

Alerts

Be the first to know and let us send you an email when Golden Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share