Global Food Safety Institute

Global Food Safety Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Food Safety Institute, Food consultant, 589-B, Thihathu Street, Qtr 11, South Okkapala, Yangon.

I help Food Businesses develop innovative food products and get their food safety certificates so they can supply safe products to global markets with peace of mind.

28/04/2026

ငရုတ်စိုက်တောင်သူများသိထားသင့်တဲ့

အသည်းကင်ဆာတွေဖြစ်စေတဲ့ မှို... အယ်လ်ဖာတောက်ဇင်

ဒီ Video ကို Mekong Institute ရဲ့ ပံ့ပိုးကူညီမှုနဲ့ Global Food Safety Institute, Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်သည်။

#အစိမ်းရောင်လမ်း #ငရုတ်သီး #အယ်ဖာတောက်ဇင်မှို

27/04/2026

ဆယ်စုနှစ်တစ်ခုအတွင်း ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်း ၃ခု။

ကလေးနို့မှုန့်ထုတ်လုပ်ရေး စက်ရုံတစ်ခုမှာ Senior Plant Hygiene Executive အဖြစ်တော်တော်ကြာခဲ့တယ်။

အစားအသောက်ဘေးကင်းရေး Food Safety အကြောင်း၊ Cleaning, Sanitation, Validation, Root Cause Analysis စတဲ့စတဲ့ အကြောင်းအရာတွေကို အတွင်းကျကျသိခဲ့ရတာ အဲဒီစက်ရုံမှာပါ။

9-5 ရဲ့ပြင်ပမှာတော့ ကျွန်မ အိမ်ပြန်လာဖို့အတွက် ပြင်ဆင်နေခဲ့ပါတယ်။

MPA ဘွဲ့ ယူခဲ့တယ်။
Adult Learning ကို လေ့လာခဲ့တယ်။

မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ ပထမဆုံးအနေနဲ့ Telenor Myanmar မှာ သင်ယူမှုနဲ့ ဖွံ့ဖြိုးရေး Learning & Development Professional အဖြစ် လုပ်ကိုင်ခဲ့တယ်။ နောက်တော့ Freelance Trainer လည်းလုပ်ဖြစ်တယ်။

မကြာခင်မှာပဲ IFC ရဲ့ မြန်မာနိုင်ငံ အစားအသောက်ဘေးကင်းရေး စီမံကိန်းကနေတစ်ဆင့် အစားအသောက်လောကထဲကို ပြန်ရောက်သွားခဲ့တယ်။

Food Safety Consultant အဖြစ်နဲ့ ကျွန်မရဲ့ အခန်းကဏ္ဍကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ရင်း ဘဝကပြီးဆုံးသွားမယ်ထင်ခဲ့တာ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အရာအားလုံး ပြောင်းလဲသွားပြီး ဘဝက ကျွန်မကို တခြားလမ်းကြောင်းတစ်ခုပေါ် ပို့ဆောင်ပေးခဲ့တယ်။

Global Food Safety Institute ကို တည်ထောင်ခဲ့တယ်။
အစားအသောက်လုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီ လက်မှတ်တွေရဖို့နဲ့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ ကူညီပေးခဲ့တယ်။ အခုဆိုရင် လုပ်ငန်းပေါင်းများစွာနဲ့ လူပေါင်းရာချီကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါပြီ။

ဒီနှစ်တော့ ကျွန်မတို့ “Own Your Edge” ဆိုတဲ့ အစားအသောက်လောကက ပညာရှင်တွေအတွက် Professional Development အစီအစဉ်ကို စ လုပ်ဖြစ်ခဲ့တယ်။

အဖွဲ့အစည်းတွေကို နားလည်ပြီး အလုပ်နဲ့လူမှုဆက်ဆံရေးကို ဘယ်လိုကိုင်တွယ်မလဲ၊ နည်းပညာတွေ၊ အရည်အသွေးနဲ့ အစားအသောက်ဘေးကင်းရေး စီမံခန့်ခွဲမှုစနစ်တွေအပြင် Communication နဲ့ Leadership လိုမျိုး Soft Skill တွေကိုပါ ပို့ချပေးနေပါတယ်။

ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်း ၃ ခုလုံးကို ချိတ်ဆက်ပေးထားတဲ့ ကျောရိုးကတော့ လူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာပါပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီလိုလမ်းကြောင်းမျိုး ဖြစ်လာမယ်လို့ ကျွန်မ မခန့်မှန်းနိုင်ခဲ့ဘူး။

ဒါပေမဲ့ အတိတ်ကို ပြန်ကြည့်လိုက်တဲ့အခါ အခန်းကဏ္ဍတိုင်းက နောက်အခန်းတစ်ခုအတွက် ကျွန်မတို့ကို ပြင်ဆင်ပေးခဲ့တယ်ဆိုတာ မြင်သာတယ်။

မိတ်ဆွေရဲ့ အသက်မွေးဝမ်းကြောင်း ခရီးလမ်းမှာကော ဘယ်လို ထူးခြားတဲ့ အပြောင်းအလဲတွေ ကြုံတွေ့ခဲ့ရဖူးလဲ?

26/04/2026

အသည်းကင်ဆာဖြစ်စေတဲ့ မှိုတွေ ဘယ်လိုပြန့်ပွားကြလဲ..?

ဒီ video ထဲမှာ အချက် ၃ ချက်ပေါ်မူတည်ပြီး ဆွေးနွေးထားပါတယ်

ဒါဆို ဘယ်လိုကာကွယ်ရမလဲ သိပြီပေါ့နော်

ဒီ Video ကို Mekong Institute ရဲ့ ပံ့ပိုးကူညီမှုနဲ့ Global Food Safety Institute, Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်သည်။
#မှို #အသည်းကင်ဆာ #အစိမ်းရောင်လမ်း #ငရုတ်သီး #အယ်လ်ဖာတောက်ဇင်

24/04/2026

အစပ်ကြိုက်တဲ့သူတွေ သတိထားဖို့အတွက် အရင်က စာနဲ့တင်တဲ့ ငရုတ်သီးမှိုထဲက Aflatoxin အကြောင်းလေးကို Video နဲ့ ပြန်လုပ်ထားပါတယ်။

21/04/2026

အခြားတစ်နေရာမှာ ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေ ဘယ်လောက်စိတ်ချရသလဲဆိုတာ သိဖို့ Supplier Qualification လုပ်ရပါတယ်။ အထူးသဖြင့် နိုင်ငံခြားကနေ တင်သွင်းမယ်ဆို ပိုပြီးတော့ သတိထားဖို့လိုပါတယ်။ စားသောက်ကုန်တွေနဲ့ အာဟာရထုတ်ကုန်တွေအတွက် Overseas Supplier Audit တွေလုပ်ဖို့လိုအပ်ရင် ကျွန်မတို့ကို ဆက်သွယ်နိုင်ပါတယ်။

တန်ဖိုးဆိုတာကို ဘယ်လိုဖန်တီးမလဲ။အရင်အပတ်က အရင်းနည်းနည်းနဲ့ အစားအသောက်ထုတ်လုပ်မှု (Low-tech food processing) အွန်လိုင်းသင...
20/04/2026

တန်ဖိုးဆိုတာကို ဘယ်လိုဖန်တီးမလဲ။

အရင်အပတ်က အရင်းနည်းနည်းနဲ့ အစားအသောက်ထုတ်လုပ်မှု (Low-tech food processing) အွန်လိုင်းသင်တန်း ၃ ရက်စာ ပို့ချပြီးချိန်မှာ...
စီစဉ်သူက မေးခွန်းတစ်ခု မေးပါတယ်။

“၁ ကနေ ၁၀ အထိ ဆိုရင်... ဒီသင်တန်းက ဘယ်လောက်အထိ တန်ဖိုးရှိသလဲ?”

Zoom နဲ့သင်နေတာဆိုတော့ ပထမဆုံးလူက “၉” လို့ ရိုက်လိုက်တယ်။
အဲ့ဒီနောက်မှာတော့...
၁၀
၁၀
၁၀
Chat box တစ်ခုလုံး ဂဏန်းတွေနဲ့ ပြည့်သွားခဲ့တယ်။

ကျွန်မ ခဏရပ်ပြီး အဲ့ဒီအခိုက်အတန့်ကို ခံစားကြည့်မိတယ်။
ဒီသင်တန်းက တကယ်ကို ထူးခြားပါတယ်။

ဒါဟာ အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို တည်ဆောက်နေကြတဲ့၊ တက်ကြွတဲ့ တက္ကသိုလ်ကျောင်းသားလူငယ်တွေ စုစည်းထားတဲ့ Miss Agripreneur နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ကျွန်မအတွက်လည်း ပရိသတ်အသစ်တွေပါ။
မျက်နှာသစ်တွေ။
ယုံကြည်မှုရအောင် အသစ်ကပြန်ကြိုးစားရမယ့်သူတွေ။

သင်ခန်းစာတွေပြင်ဆင်ရင်း ညဥ့်နက်ခဲ့တဲ့ ညတွေ ရှိခဲ့တယ်။
“ဒီလိုပြောရင် ရှင်းရဲ့လား?”
“တကယ်ရော အသုံးဝင်မှာလား?”
“သူတို့ တကယ် လက်တွေ့အသုံးချနိုင်ပါ့မလား?” ဆိုပြီး တွေးနေမိခဲ့တယ်။

အခုအချိန်မှာတော့ ကျွန်မ အဖြေရသွားပြီ။
“၁၀” ကို တစ်ယောက်တည်းမဟုတ်ဘဲ လူအများကြီးကပေးတာလေ။

ကျွန်မတို့က ကိုယ်သိတာကို ပြန်ပြောပြယုံသက်သက် သင်ကြားနေတာ မဟုတ်ပါဘူး။ သင်ယူသူကို အကျိုးပြုဖို့ စာသင်နေတာပါ။ စေတနာပါပါနဲ့ အကျိုးပြုတဲ့အခါ သင်တန်းသားတွေက အဲ့ဒါကို ခံစားမိကြပါတယ်။

ကျွန်မအတွက်တော့ အစားအသောက်ထုတ်လုပ်မှုနဲ့ ဘေးကင်းရေးဆိုတာ စနစ်တွေ၊ စံနှုန်းတွေတင် မဟုတ်ပါဘူး။ တစ်သက်လုံးလုပ်သွားမယ့် သမိုင်းပေးတာဝန်တစ်ခုပါ။

တကယ် အလုပ်ဖြစ်တာတွေကို ဝေမျှဖို့။
အသိပညာတွေကို ရိုးရှင်းအောင် လုပ်ပေးဖို့။
တစ်စုံတစ်ယောက်က ပိုကောင်းပြီး ပိုဘေးကင်းတဲ့ အရာတစ်ခု တည်ဆောက်နိုင်အောင် ကူညီပေးဖို့ပါ။

မိတ်ဆွေကော ဘယ်လိုလဲ?
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မဖြစ်မနေ လုပ်ကိုလုပ်နေမယ့် အရာက ဘာဖြစ်မလဲ။

🇲🇲 မင်္ဂလာပါ။ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေက professional တွေနဲ့ လုပ်ငန်းရှင်တွေအတွက် Global Food Safety Institute ...
15/04/2026

🇲🇲 မင်္ဂလာပါ။ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေက professional တွေနဲ့ လုပ်ငန်းရှင်တွေအတွက် Global Food Safety Institute ရဲ့ SAFE-SEEN-SCALE Framework နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🟢 SAFE — Professional ခရီးလမ်းကို စနစ်တကျ စတင်ခြင်း
Food safety ကတော့ စားသောက်ကုန်လုပ်ငန်း အားလုံးအတွက် မဖြစ်မနေ လိုအပ်ချက် ဖြစ်ပါတယ်။ SAFE-SEEN-SCALE Framework ဟာ food business owner တွေအတွက်သာ မဟုတ်ပါဘူး။ Food manufacturing ထဲမှာ အလုပ်လုပ်နေတဲ့ QA, QC, R&D, Production, Engineering professional တွေကနေ စပြီး စက်ရုံ တွေနဲ့ MNC (Multinational Corporation) တွေအတွက်ပါ ဒီဇိုင်းထုတ်ထားပါတယ်။
Food Industry ထဲက Professional တစ်ယောက်အနေနဲ့ Quality & Food Safety က အရေးကြီးတယ်ဆိုပေမယ့် ဒါတွေကို သိယုံ၊ တတ် career မှာ တစ်ရှိန်ထိုး မတိုးတက်ပါဘူး။ ဒါကို အတွေ့အကြုံရှိတဲ့ professional တိုင်း သိပါတယ်။
Food industry ထဲမှာ professional အဖြစ် စစ်စစ် ရပ်တည်ချင်ရင် technical knowledge တစ်ခုတည်း မလုံလောက်ပါဘူး။ ကိုယ့် organization ဘယ်လို ဖွဲ့စည်းထားလဲ၊ department တွေ ဘယ်လို ချိတ်ဆက်လဲ၊ ကိုယ့်သိတာကို management ကို ဘယ်လို တင်ပြရမလဲ ဒါတွေကိုလည်း တတ်ဖို့ လိုပါတယ်။
ဒါကြောင့် SAFE ရဲ့ အစမှတ်ကို food industry ထဲက professional တွေကနေ စပြီး သင်ကြားပေးဖို့ ပြင်ဆင်ထားပါတယ်။
📘 "Own Your Edge" — Professional Development Program
Food manufacturing professional တွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ဒီ program မှာ
🔹 Organizational Culture — Food manufacturing company တစ်ခုရဲ့ ဖွဲ့စည်းပုံ၊ department တွေကြား ဆက်သွယ်ချက်၊ food safety culture ထူထောင်ခြင်း
🔹 Technology — ခေတ်သစ် food industry မှာ သုံးနေတဲ့ နည်းပညာတွေ၊ digital transformation၊ food safety automation — ဒါတွေကို navigate တတ်ဖို့
🔹 Systems — QMS (Quality Management System)၊ FSMS (Food Safety Management System)၊ GHP၊ HACCP — system တွေကို နားလည်ပြီး implement (အကောင်အထည်ဖော်) လုပ်တတ်ဖို့
🔹 Soft Skills — Communication (ဆက်သွယ်ပြောဆိုမှု)၊ leadership (ခေါင်းဆောင်မှု)၊ cross-functional influence (ဌာနခြား လွှမ်းမိုးနိုင်မှု)၊ management ကို ပြဿနာတင်ပြရုံ မဟုတ်ဘဲ solution (ဖြေရှင်းချက်) တင်ပြနိုင်စွမ်းတွေပါဝင်ပါတယ်။
"Own Your Edge" ရဲ့ ရည်ရွယ်ချက်ကတော့ food industry professional တွေကို skilled employee ဘဝကနေ မရှိမဖြစ် professional ဘဝကို စနစ်တကျ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။
QA Manager ဖြစ်ချင်သလား? Production Leader ဖြစ်ချင်သလား? Food Safety Manager ဖြစ်ချင်သလား? ဒါတွေအတွက် technical skill တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ ကိုယ်တိုင် သိနေပြီဟုတ်။ "Own Your Edge" က ဒီ ကွာဟချက်ကို ဖြည့်ပေးပါတယ်။....
🟡 SEEN — ဘေးကင်းစွာ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းအဖြစ် အသိအမှတ်ပြုခံရခြင်း

Food safety ကို ကိုယ်တိုင် ကျင့်သုံးတာက တစ်ပိုင်း၊ အပြင်ကနေ ကိုယ့်ကို ဘေးကင်းစွာ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတစ်ခုအဖြစ် မြင်တာက နောက်တစ်ပိုင်း ဖြစ်ပါတယ်။

SEEN အဆင့်မှာ customer တွေ၊ auditor တွေ၊ တာဝန်ရှိ အာဏာပိုင်တွေ၊ နိုင်ငံတကာ ဝယ်ယူသူ တွေရဲ့ ရှုထောင့်ကနေ ကိုယ့်လုပ်ငန်းကို ဘေးကင်းတဲ့ လုပ်ငန်းအဖြစ် တည်ဆောက်ပေးပါတယ်။

F&B Business တွေနဲ့ စက်ရုံ တွေအတွက်...
📋 SOP (Standard Operating Procedure) ဝန်ထမ်းတိုင်း step-by-step လိုက်နာနိုင်မယ့် စနစ်တကျ လုပ်ထုံးလုပ်နည်းတွေ ထူထောင်ခြင်း၊
📋 QMS (Quality Management System) နဲ့ FSMS (Food Safety Management System) စည်းကမ်းချက်တွေ အတိုင်း poster ကပ်ရုံ မဟုတ်ဘဲ ဝန်ထမ်းတိုင်းရဲ့ အပြုအမူကို ပြောင်းလဲပေးတဲ့ စစ်မှန်တဲ့ food safety culture ထူထောင်ခြင်း၊
📋 GHP (Good Hygiene Practices)၊ HACCP (Hazard Analysis and Critical Control Points)၊ ISO 22000 (Food Safety Management System) သင်တန်း တွေကို ကိုယ့်လုပ်ငန်းရဲ့ product, process, hazard profile အလိုက် customize လုပ်ပြီး သင်ကြားပေးခြင်း၊
📋 Environmental monitoring program, allergen management, cleaning & sanitation validation တို့လို အထူးပြု နယ်ပယ်တွေအတွက် သင်ကြားခြင်း၊ လက်တွေ့လုပ်ဆောင်ပေးခြင်း စတဲ့ consultancy ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါတယ်။

သင်တန်းတွေတက်ပြီး လက်တွေ့ဘာမှလိုက်မလုပ်နိုင်ခြင်းရဲ့ အကြောင်းရင်းတစ်ခုက Generic training တွေတက်ပြီး ကိုယ့်လုပ်ငန်းမှာ ဘယ်လို အသုံးချရမလဲ မသိတာဖြစ်ပါတယ်။ အဲဒီလို ပြဿနာတွေနဲ့ ကင်းဝေးဖို့ ကိုယ့်လုပ်ငန်း၊ ကိုယ့် product, ကိုယ့် team အတွက် customize လုပ်ပြီးမှ သင်ပေးတဲ့ သင်တန်းမျိုးကို လိုချင်တယ်ဆိုရင်တော့ Global Food Safety Institute နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်။ ....
🔵 SCALE — နိုင်ငံတကာ စနစ်တကျ တိုးချဲ့ခြင်း
ထုတ်ကုန်က စိတ်ချရပြီ၊ food safety system ကလည်းခိုင်မာပြီ၊ နိုင်ငံတကာကို စနစ်တကျ တင်ပို့ချင်ပြီ ဆိုရင်တော့ Quality Management System နဲ့ Food Safety Management System တွေ တည်ဆောက်ပြီး နိုင်ငံတကာအသိအမှတ်ပြု Certificate တွေ ရယူဖို့လိုပါတယ်။ Export လုပ်ငန်းအတွက်ရော MNC supply chain ထဲ ဝင်ချင်တဲ့ ပြည်တွင်း ထုတ်လုပ်သူတွေအတွက်ပါ Food Safety လက်မှတ်တွေက မဖြစ်မနေ လိုအပ်ချက် ဖြစ်ပါတယ်။

Global Food Safety Institute မှာဆိုရင် ...
✅ ISO 9001 — Quality Management System
✅ GHP — Good Hygiene Practices
✅ HACCP — Hazard Analysis and Critical Control Points
✅ ISO 22000 — Food Safety Management System
✅ FSSC 22000 — Food Safety System Certification အစရှိတဲ့ နိုင်ငံတကာ food safety certification တွေ ရယူဖို့
FORMULATE → EDUCATE → FACILITATE → EVALUATE → CERTIFICATE ဆိုတဲ့ Framework နဲ့ ဝန်ဆောင်မှု အပြည့်အဝ ပေးနေပါတယ်။
FORMULATE ဆိုတာက Standard နဲ့ ကိုယ့်လုပ်ငန်းရဲ့ ကွာဟချက်ကို အကဲဖြတ်ပြီး certification ရယူဖို့ roadmap (လမ်းပြမြေပုံ) ရေးဆွဲပေးခြင်းဖြစ်ပါတယ်။
EDUCATE ကတော့ Food safety training ကို team အတွက် customize လုပ်ပြီး ပို့ချပေးခြင်းပါ။ FACILITATE အဆင့်မှာတော့ HACCP plan၊ SOP တွေ၊ food safety documentation တွေကို အတူတကွ ရေးဆွဲခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းတွေ ပါဝင်ပါတယ်။
EVALUATE က Internal audit နဲ့ management review ကို Food Safety Team က ကိုယ်တိုင်လုပ်နိုင်အောင် သင်ပေး၊ ကြီးကြပ်ပေးတာပါ။
CERTIFICATE အဆင့်မှာ Third-party certification audit အတွက် ပြင်ဆင်ပေးပြီး certification ရသည်အထိ ပံ့ပိုးပေးပါတယ်။
Market Leader လုပ်ငန်းတွေကတော့ လက်မှတ်ယူဖို့မလိုရင်တောင် Food Safety Culture ကိုထူထောင် ထားလိုကြပါတယ်။ အဲဒီလုပ်ငန်းတွေအတွက်တော့ CERTIFICATE အစား လုပ်ငန်းခွင်ထဲက တစ်ယောက်ချင်းစီက Food Safety ကို ဘယ်သူမှမခိုင်းလဲ လုပ်တတ်လာမယ့် CULTIVATE အစီအစဥ်နဲ့ ထူထောင်ပေးပါတယ်။
ကိုယ်အားထုတ်ကြိုးစားသလောက် ဖေါက်သည်တွေ၊ စားသုံးသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကပါ သိမြင်နိုင်ဖို့ Food Safety Certificate ရယူချင်သူများ Culture ထူထောင်ချင်သူများကို Global Food Safety Institute က လိုချင်တဲ့ရလာဒ် ရတဲ့အထိ ဝန်ဆောင်မှုပေးနိုင်ပါတယ်။......
🏆 ကျွန်မတို့ရဲ့ Track Record
အခုအချိန်အထိ သင်ကြား၊ ကြီးကြပ်၊ ပံ့ပိုး ပေးခဲ့တဲ့ certification ပေါင်း (၆) ခု ရှိခဲ့ပါပြီ။

လုပ်ငန်းတွေကလည်း
🔸 တိရိစ္ဆာန် အစာကုန်ကြမ်း လုပ်ငန်း
🔸 စိုက်ပျိုးသီးနှံတွေဖြစ်တဲ့ ပဲ နဲ့ နှမ်း Export လုပ်ငန်းများ
🔸 အသင့်စားနဲ့ အေးခဲ ပင်လယ်စာ Export လုပ်ငန်းများ နဲ့
🔸 မန္တလေးမြို့က အထင်ကရ မြင့်မြင့်ခင် ထိုးမုန့်လုပ်ငန်းကြီးတို့ပါဝင်ပါတယ်။

လက်မှတ်မလိုအပ်ပေမယ့် Food Safety ကို လက်တွေ့ကျင့်သုံးလိုတဲ့ Market Leader လုပ်ငန်းကြီးတွေမှာ ကောင်းမွန်တဲ့ Food Safety Culture တွေထူထောင်ပေးခွင့်ရခဲ့လို့လည်း ဝမ်းသာဂုဏ်ယူရပါတယ်။

Myanmar food industry ထဲမှာ food safety standard တွေ မြှင့်တင်ပြီး နိုင်ငံတကာအထိ ထိုးဖေါက်နိုင်ဖို့က ကျွန်မတို့ရဲ့ဦးတည်ချက်ဖြစ်တာမို့ မိတ်ဆွေတို့ရဲ့ Food Business မှာ လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ....
ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ ရယူဖို့ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါတယ်။
🌐 Email: gfsinstitute@gmail.com
📱 Viber/WhatsApp: +959764574071 ကို message ပို့ဆက်သွယ်ပါ (၂၄ နာရီအတွင်းအကြောင်းပြန်)
💬 Facebook Messenger: Global Food Safety Institute Page (၇၂ နာရီအတွင်းအကြောင်းပြန်)
ပိုမိုကောင်းမွန်တဲ့ စားသောက်ကုန်စနစ်များကို အတူတည်ဆောက်ကြပါစို့။
Saint Yi Htet
Founder, Global Food Safety Institute Food Safety

Food Technologist တွေအနေနဲ့ Functional Food တွေကောင်းကြောင်းဘယ်လောက်ပဲ ပြောနေပါစေ ထုတ်ကုန်မပါဘဲ စားသုံးသူက မျက်စေ့ထဲမှာ ...
15/04/2026

Food Technologist တွေအနေနဲ့ Functional Food တွေကောင်းကြောင်းဘယ်လောက်ပဲ ပြောနေပါစေ ထုတ်ကုန်မပါဘဲ စားသုံးသူက မျက်စေ့ထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်အောင် ပြောဖို့မလွယ်ပါဘူး။
Kombucha ကို ပုံမှန်သောက်သုံးကြသူတွေရှိနေပြီဆိုပေမယ့် လူတွေများများသိအောင် ပြောပြနိုင်ဖို့ လှပသပ်ရပ်တဲ့ ထုတ်ကုန်တွေနဲ့ ပါဝင်ပူးပေါင်းပေးတဲ့ ElePlants နဲ့ Zabe Ho ကိုအထူးကျေးဇူးတင်ပါတယ်။

3 likes. "ကျန်းမာရေးအတွက် Kombucha . . ."

သင်္ကြန် ကျတော့မယ်။ တရားစခန်းဝင် ၊ နယ်ပြန် ၊ အိမ်ထဲပဲခွေနေ — ဘာပဲလုပ်လုပ် ဦးနှောက်ကို "defrost" လုပ်ပေးပါ 🧠✨တစ်နှစ်လုံး ...
12/04/2026

သင်္ကြန် ကျတော့မယ်။
တရားစခန်းဝင် ၊ နယ်ပြန် ၊ အိမ်ထဲပဲခွေနေ — ဘာပဲလုပ်လုပ် ဦးနှောက်ကို "defrost" လုပ်ပေးပါ 🧠✨
တစ်နှစ်လုံး SOP၊ HACCP၊ audit၊ GMP နဲ့ ခေါင်းရှုပ်ခဲ့ကြပြီ။ ဒီရုံးပိတ်ရက်မှာတော့ ကိုယ့်ဦးနှောက်ကို တစ်ကယ်နားခွင့်ပေးပါ။🧘
တရားစခန်းဝင်မယ့်သူ — ကောင်းလိုက်တာ! ပြန်လာရင် non-conformance (NC) တွေကို ပိုပြီး တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နိုင်မယ်
🏡 နယ်ပြန်မယ့်သူ — အမေချက်တဲ့ဟင်းတွေစားရင်း "ဒါ cross-contamination ဖြစ်နေတယ်" လို့ မပြောမိဖို့ပဲ ဂရုစိုက်ပါ 😂
🛋️ အိမ်ထဲပဲနေမယ့်သူ — ရုပ်ရှင် ကြည့်ချင်ကြည့်၊ အိပ်ချင်အိပ်၊ guilt-free!
တစ်နှစ်မှာ ဒီလို အခွင့်အရေး ဘယ်နှစ်ခါ ရမလဲအနားယူတာက ပျင်းတာ မဟုတ်ပါဘူး။
နှစ်သစ်မှာ ပိုကြိုးစားဖို့ energy ပြန်ဖြည့် တာပါ 💪

ကျမတို့ငယ်ငယ်က ကျောင်းပိတ်ရင် အဖိုးအဖွားရွာမှာ သွားနေတဲ့အလေ့အထရှိတော့ စိုက်ပျိုး မွေးမြူရေးနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။အခုရ...
11/04/2026

ကျမတို့ငယ်ငယ်က ကျောင်းပိတ်ရင် အဖိုးအဖွားရွာမှာ သွားနေတဲ့အလေ့အထရှိတော့ စိုက်ပျိုး မွေးမြူရေးနဲ့ ရင်းနှီးခွင့်ရခဲ့တယ်။
အခုရော အဲဒီလိုအခွင့်အရေးရကြသေးလားမသိဘူးနော်။
ဗျို့ Lifestyle နဲ့ Food Safety အကြောင်း Video တွေဖန်တီးခွင့်ရတုန်း Farm-to-table Approach အကြောင်းပြောဖြစ်ပါတယ်။

ယခုစားသောက်နေတဲ့ အစားအသောက် အများစုဟာ စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်းတွေကနေ လာပါတယ်။ စိုက်ပျိ.....

Address

589-B, Thihathu Street, Qtr 11, South Okkapala
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Global Food Safety Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Global Food Safety Institute:

Share

မစိမျ့သိတဲ့ Food Safety

Food Safety အကြောင်း Framework တွေ သီအိုရီတွေသာမက ဆယ့်ငါးနှစ်ကျော် ကျင်လည်ခဲ့တဲ့ Food Industry ထဲက အတွေ့အကြုံတွေကိုပါ ဒီ Page ကနေ ဝေမျှသွားပါမယ်။