Moe Ma Kha Clinic

Moe Ma Kha Clinic Dr. ဇော်ထွန်းဦး
ကလေးကျန်းမာရေး နှင့် အထွေထွေရောဂါကုဆရာဝန်

18/01/2024

ဆေးခန်းဖုန်းနံပါတ်အသစ်

09975567900

“ပဋိသန္ဓေတားဆေး” “အရေးပေါ်တားဆေး” “ကွန်ဒုံး” များကို မည်သူမဆို အခမဲ့ယူဆောင်သွားနိုင်ရန် ဆေးခန်းဖွင့်ချိန်တိုင်း အပြင်မှာ...
29/11/2023

“ပဋိသန္ဓေတားဆေး” “အရေးပေါ်တားဆေး” “ကွန်ဒုံး” များကို မည်သူမဆို အခမဲ့ယူဆောင်သွားနိုင်ရန် ဆေးခန်းဖွင့်ချိန်တိုင်း အပြင်မှာချထားပေးပါတယ်

ခုတလောလူမေးများတဲ့ ကလေးငယ်များနဲ့အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပြဿနာအကြောင်း ဆရာကြီးဦးစောဝင်းရှင်းပြထားတာလေးပါ
11/07/2023

ခုတလောလူမေးများတဲ့ ကလေးငယ်များနဲ့အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပြဿနာအကြောင်း ဆရာကြီးဦးစောဝင်းရှင်းပြထားတာလေးပါ

အအေးမိ နှာစေး ချောင်းဆိုး ရင်ကြပ် ဖျား

အခု တလေါ အထက်ပါ ပြသနာတွေနဲ့ ဆေးခန်းလါပြတဲ့ ကလေးတွေ အများကြီးတွေ့ရပါတယ်
နှစ်တိုင်းလည်း ဒီ အချိန်ဒီကါလ မှာ ဒီရောဂါတွေအဖြစ်များလေ့ရှိပါတယ် ဒီနှစ်မှာတော့ သတင်းပျံ့နှံ့ လွယ်တဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြထားတဲ့ နာရီ ပိုင်း အတွင်း အဆုတ်ခဲပြီးတော့ကလေးက အသက်ဆုံးရှူံးသွားရတယ် ဆိုတဲ့ သတင်းတွေကြောင့်ပိုပြီး ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်
ထူးခြားတဲ့အသစ်ရောဂါတမျိုးပဲပေါ်ပေါက်လါပြီးတော့ ကလေးတွေကို ကျောင်းပို့ရမှာ ကအစကြောက်လန့် စိုးရိမ် နေ ကြတာတွေ့ရပါတယ်
မိဘဖိုးဖွားတွေအနေနဲ့ ကလေးတွေနေမကေါင်းရင်စိုးရိမ် ကြောင့်ကြဖြစ်ရတာ နားလည်ပေးနိုင်ပါတယ်

ရောဂါအသစ်အဆန်းလါး
ရောဂါအသစ်အဆန်းဖြစ်ပြီး ရုတ်တရက်ပိုဆိုးလါတဲ့အထေါက်အထါး မရှိပါဘူး ပါရမီဆေး ရုံ မှာ နှာစေးချောင်းဆိုးဖျားတဲ့ကလေးတွေကို နှာခေါင်းတို့ဖတ်ယူပြီးစစ်ဆေးကြည့်တော့ ရာသီတုပ်ကွေး A နဲ့ အသက်ရှူလမ်းကြောင်းဗိုင်းရပ် စ် ( RSV - Resipratory syncytial virus ) တွေ့ရပါတယ်
နှစ်တိုင်းလည်းဒီရာသီမှာ ဗိုင်းရပ်စ်ပိုးတွေကြောင်ဖြစ်တဲ့ အအေးမိနှာစေးဖျားနာတာတွေကဖြစ်နေကြပါ ဒါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကလည်း တေါ်တေါ်များပါတယ် ရာသီ တုပ်ကွေး ( Influeza A, B ကတော့လူသိလည်းများ ကါကွယ်ဆေးထိုးထားရင်လည်း အတေါ်အသင့်ကါကွယ်နိုင်ပါတယ် ၁၀၀% တော့ မဟုတ်ပါဘူး ဒါပေမဲ့ တခြားဗိုင်းရပ်စ်တွေလည်းရှိပါသေးတယ် Parainfluenza ( အသံအိုးရောင် -ချောင်းဆိုးကြာတတ်) , RSV လို့ခေါ်တဲ့လသားလေးတွေမှာ လေပြွန်ရောင် အသက်ရှူကြပ် ( Bronchiolitis) ဖြစ် စေတဲ့ ဗိုင်းရပ်စ်) , Adeno virus စတာတွေလည်းရှိပါသေးတယ် ဒါတွေကကါကွယ်ဆေးနဲ့ ကါကွယ်လို့ မရသေးသလို တခါဖြစ်ပြီးလည်းနောက်နှစ်နောက်နှစ်တွေမှာ ပြန်ဖြစ်နိုင်ပါသေးတယ် ကူးစက်တာကလည်း နှာချေချောင်းဆိုးတာကကူးတာမို့ တယောက်နဲ့တယောက်နီးကပ်နေတဲ့ ကျောင်းတွေမှာ ပို ကူးစက်လွယ်တာပါ ဒါကြောင့် ဒီရာသီမှာ နှာစေးချောင်းဆိုးဖျား တဲ့ ကလေးတွေ အများကြီးတွေ့နေတာပါ

ရုတ်တရက် အသက်ရှူကြပ် အသက်ဆုံးရှူံးနိုငင်သလါး
ပန်းနာရင်ကြပ် အခြေခံရှိတဲ့ကလေး တွေမှာပေါ့ နှာစေးရာကနေ ရုတ်တရက် ရင်ကြပ်ထ လါနိုင်ပါတယ် နာရီပိုင်းအတွင်းကြပ်လါနိုင်ပါတယ် ရင်ကြပ်ထတယ်လို့ခေါ်ပါတယ် အဲ့ဒီအခါ မိဘကရောကျန်းမာရေးဝန်ထမ်းတွေကပါလိုအပ်တဲ့လေပြွန်ကျယ်ဆေး ( ရှူဆေး ကပိုထိရောက် မြန်ဆန်) အရောင်ကျဆေးတွေပေးရပါတယ် လိုအပ်ရင် အောက်ဆီဂျင် နဲ့ အကြောဆေးရည် ( ပါးစပ်ကမသေါက်နိုင်ရင် ) သွင်းပေးရပါတယ် ပန်းနာရင်ကြပ် ထိန်းဆေး ( ရှူဆေး သေါက်ဆေး) တွေပုံမှန်လုပ်ထါးရင်တော့ ရင်ကြပ်မထအေါင် သို့မဟုတ် ထရင်လည်းသက်သာအေါင်လုပ်ပေးထါးလို့ရပါတယ်
နောက်ထပ်အန္တရာယ်ရှိတဲ့ကလေးတွေကတော့ လသား လေးတွေမှာ သူတို့ရဲ့ အဆုတ်ထဲမှာရှိတဲ့ လေပြွန်လေးတွေက နဂိုထဲသေးငယ်တော့ ဗိုင်းရပ်စ်ပိုးဝင် ( အထူးသဖြင့် RSV virus) ဝင်ပြီးလေပြွန်ရောင်ရင် ရင်ကြပ်တတ်ပါတယ် ပထမ နှာစေးနောက်ချောင်းဆိုးပြီးတော့ရင်ကြပ်လိုက်လါ
တာပါ ယေဘူယျအားဖြင့်တော့နာရီ ပိုင်းအတွင်း မှာဖြစ်တာမဟုတ်ပါဘူးရက်ပိုင်းအတွင်းမှာဖြစ်တာပါ ကလေး ငြိမ် နေတုံးမှာ အသက်ရှူနှုံးကို တမိနစ်အပြည့်တိုင်းကြည့်ပါ ၂ လ အေါက်ဆို ၆၀ အထက် ၂လနဲ့ ၁ နှစ်ကြားဆို ၅၀ အထက်ဆိုရင် အသက်ရှူမြန်ပါတယ် ဆရာဝန်ဆရာမပြရပါတယ် ကလေးမှိန်းရင် နို့မစို့ နိုင်ရင် ဆေးရုံတက်သင့်ပါတယ်

အဆုတ်ခဲတတ်သလါး ?
ဗိုင်းရပ်ပ်ပိုးတွေဝင်ပြီး နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေဝင်လို့ အဆုတ်ရောင်ရင် ( Pneumonia ) ဖြစ်ရင်တော့ ကလေးကအဖျားကြာလါ အဖျားကြီးလါတတ်ပါတယ် ပိုပြီးတော့လည်းချောင်းဆိုးမော ပင်ပန်းပါတယ် ဒါကတော် နာရီပိုင်းအတွင်းမဟုတ်ပါဘူး စဖျား ပြီး ၃-၅ ရက်စသည်ဖြင့်ကြာပါတယ် ဓါတ်မှန်ရိုက်ကြည့်ရင် အဆုတ်မှာ လေမဝင်ပဲ ခဲတဲ့နေရာတွေတွေ့ရမှာပါ ကလေးတိုင်းလည်း ဓါတ်မှန်ရိုက်ဖို့သွေးစစ် ဖို့မလိုပါဘူး အဓိကကသေသေချာချာရောဂါရာဇဝင်မေးဖို့ စမ်းသပ်ဖို့လိုတာပါဆရာဝန်ကစမ်းသပ်ပြီးလိုအပ်တဲ့ ဆေးဝါးတွေနဲ့ကုသရပါမယ်
ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး သေါက်ဆေးပေးမှာလါး ဆေးရုံတင်ပြီးထိုးဆေးနဲ့ကုမှာလါး ဆုံးဖြတ်ရမှာပါ သင့်တေါ်တဲ့ပဋ္ဋိဇီဝဆေး မပေးဖြစ်ရင်တော့ အဆုတ်ပိုခဲတာ ပြည်တည်တာ ဖြစ်နိုင်ပါတယ် အသက်အန္တရာယ်ရှိနိုင်ပါတယ်

အကြံပြုချက်

မိုးရာသီမှာ ကျောင်းဖွင့်ခါစမှာ နှာစေးချောင်းဆိုးဖျား ဖြစ်တာကဖြစ်နေကြပါ ကိုဗစ်ကြောင့် မူကြိုတေါင်မနေဖြစ် တဲ့ကလေးတွေက ကျောင်းစထားကါစမှာ ပိုဖြစ်တတ်ပါတယ်
ကလေးကလန်းလန်းဆန်းဆန်း အဖျားလည်းသိပ်မကြီးရင်တော့ သါမန်ပါရာစီတမော အဖျားကျဆေး လေါက်နဲ့သက်သာသွားမှာပါ နွေးနွေးထွေးထွေးထါးရပါမယ် ဖျားလို့ဆိုပြီး ရေချိုးတာ တကိုယ်လုံးချွတ်ပြီးရေပတ်တိုက်တာမလုပ်ရပါဘူး
အသက်ရှူနှုံး မြန်ရင်(အပေါ်မှာ ပြောပြီး သား + ၁-၅ နှစ်ကြားဆို ၄၀ အထက်ဆိုရင်) ဆေးခန်းပြဖို့လိုပါတယ်
တေါ်တေါ်ကြပ်လို့ နို့မစို့နိုင်ရင် ကလေးကြီးတွေမှာ စကါးကို စာကြောင်းနဲ့မပြောနိုင်ရင် မှိန်းရင် တက်ရင်ဆေးရုံ တင်ရပါမယ် ဘာမှမဝင်ပဲ ဆက်တိုက်အံနေရင်လည်းဆေးရုံတက်အကြောဆေးရည်သွင်းသင့်ပါတယ်

စိုးရိမ်ကြောင့်ကြမှုဆိုတာရှိလွန်းရင်လည်း မလိုအပ်ပဲ ပူပင်သေါကဖြစ်ရပါတယ် မရှိလွန်းရင်လည်းအန္တရာယ်ရှိပါတယ် မှန်ကန်တဲ့ပမာဏ ရှိဖို့ ဒီစာကအထေါက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်

15/05/2023

ဆေးခန်းဖုန်းအခိုးခံလိုက်ရလို့ 09795333900 နံပါတ်နဲ့ဖုန်းဆက်လာခဲ့ရင် ကျနော်မဟုတ်ပါဘူးဗျ

ရန်ကုန်မြို့ရဲ့နေ့အပူချိန် ၄၀ဒီဂရီကျော်လာတဲ့အတွက် လူကြီးလူငယ်တင်မကပဲ လူတိုင်းနီးပါး ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ပြင်းပြင်းထန...
26/04/2023

ရန်ကုန်မြို့ရဲ့နေ့အပူချိန် ၄၀ဒီဂရီကျော်လာတဲ့အတွက် လူကြီးလူငယ်တင်မကပဲ လူတိုင်းနီးပါး ပူပြင်းတဲ့ရာသီဥတုဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေကြရပါတယ် .. ရာသီဥတုတအားပူတဲ့အတွက် လူကောင်းတွေကို ကိုယ်အပူချိန်တိုင်းကြည့်ရင်တောင် ၉၉/၁၀၀ တွေဖြစ်နေပါတယ် .. အဖျားလူနာတွေဆိုရင် ၁၀၆/၁၀၇ တွေအထိကို တွေ့နေရပါတယ် .. အပူတော်တော်ကြီးပါတယ် ..

⚠️ နေရိပ်ထဲမှာနေပါ။ နေပူချိန်အပြင်မထွက်ပါနဲ့။
⚠️ ရေများများသောက်ပါ။ ဓါတ်ဆားရည်သောက်ပါ။ ရေနွေးကြမ်း၊ ရေနွေးမသောက်ပါနဲ့။
⚠️ မနက်တခေါက်၊ ညတခေါက်ရေချိုးပါ။
⚠️ အစာဝင်အောင်စားပါ။
⚠️ ကောင်းကောင်းအနားယူပါ။
⚠️ ကိုဗစ်သတိရှိပါ။

24/04/2023

⚠️⚠️⚠️
အပူရှပ်တာလား? ကိုဗစ်ဖြစ်တာလား? အသက်ကြီးသူများ အထူးသတိထားပါ ..

11/04/2023

၁၃-၄-၂၀၂၃ မှ ၂၃-၄-၂၀၂၃ အထိ ဆေးခန်းပိတ်ပါသည်။

ဒီတလော “ဖျား၊ အန်၊ ဝမ်းပျက်”တဲ့ ကလေးလူနာတွေ အတွေ့များလာပါတယ် ..
10/02/2023

ဒီတလော “ဖျား၊ အန်၊ ဝမ်းပျက်”တဲ့ ကလေးလူနာတွေ အတွေ့များလာပါတယ် ..

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ၂၀၂၃ နှစ်သစ်ဖြစ်ကြပါစေ 🙏🏻🙏🏻🙏🏻
01/01/2023

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ၂၀၂၃ နှစ်သစ်ဖြစ်ကြပါစေ 🙏🏻🙏🏻🙏🏻

30/12/2022

၃၁-၁၂-၂၂ (စနေနေ့) နှင့် ၁-၁-၂၃ (တနင်္ဂနွေနေ့) ဆေးခန်းပိတ်ပါသည်။

၃၀-၁၀-၂၂ မှ ၂-၁၁-၂၂ အထိ ခရီးသွားစရာရှိတဲ့အတွက် ဆေးခန်းမှာ face to face လူနာမကြည့်ပေးနိုင်ပါဘူး .. ဒါပေမယ့် ကျနော်နဲ့ဆေးခ...
22/10/2022

၃၀-၁၀-၂၂ မှ ၂-၁၁-၂၂ အထိ ခရီးသွားစရာရှိတဲ့အတွက် ဆေးခန်းမှာ face to face လူနာမကြည့်ပေးနိုင်ပါဘူး .. ဒါပေမယ့် ကျနော်နဲ့ဆေးခန်းပြချင်တယ်ဆိုရင် ပုံမှန်အတိုင်းဆေးခန်းကိုလာပြီး ဆေးခန်းဝန်းထမ်းတွေကတဆင့် ကျနော့်စီကိုဆက်သွယ်ပြီး ဆေးခန်းပြလို့ရပါတယ် .. ဖုန်းကတဆင့် လူနာကြည့်ပြီး သောက်ဆေးတခါထဲပေးလိုက်ပါမယ် ..

မှတ်ချက် ။ ။ အရေးကြီးလူနာများနဲ့ ဆေးထိုးချင်တဲ့လူနာများအတွက်တော့ အဆင်မပြေပါဘူးခင်ဗျာ ..

အချိန် ။ ။ တနင်္လာ မှ စနေ (ညနေ ၄:၀၀ မှ ၆:၀၀)

Address

No 220, Ahlinyaung Street, Dawbon Township
Yangon
11241

Opening Hours

Monday 16:00 - 20:00
Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Thursday 16:00 - 20:00
Friday 16:00 - 20:00
Saturday 16:00 - 20:00

Telephone

09795333900

Website

Alerts

Be the first to know and let us send you an email when Moe Ma Kha Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category