21/12/2020
RBIS Charity Clinic မှကြိုဆိုနှုတ်ခွန်းဆက်သပါသည်။
RBIS charity clinic ၏ ဆေးခန်းဖွင့်စအချိန်မှစ၍ကျွန်ုပ်တို့တွင်အခြားသူများအားလုံးထက်သာလွန်သောပန်းတိုင်တစ်ခုအမြဲရှိပါသည်။Covid 19 ကူးစက်ရောဂါမတိုင်မီကကတည်းကအကူအညီလိုအပ်သောသူများအားဆေးဝါးများပေးရန်ဖြစ်စေ ဆေးကုသမှုများပေးရန်ဖြစ်စေ အခမဲ့ကုသပေးသည်ကို ကျွန်တော်တို့သည်မည်သည့်နည်းဖြင့်မဆို တက်အားသရွေ့လှူဒါန်းခဲ့ပါသည်။
ယခုကျွန်တော်တို့ charity clinic သို့အမှန်တကယ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတစ်ဦးသည် Octoberလတွင် Charity Clinic သို့ဆက်သွယ်လာပါသည်။ဆက်သွယ်လာသော လူနာမှာ အရေးပေါ်နှလုံးခွဲစိတ်ကုသရန်လိုအပ်နေသော မဇင်ဇင်မိုးဖြစ်ပါသည်။
နှလုံးခွဲစိတ်ကုသရန် လိုအပ်နေသော မဇင်ဇင်မိုးနှင့်တွေ့ဆုံပြီး လိုအပ်သည့်အကူအညီများကို Charity Clinic မှ ပံ့ပိုးပေးရန်လုပ်ဆောင်ခဲ့ပါသည်။မဇင်ဇင်မိုးသည်မွေးရာပါ နှလုံးရောဂါကိုခံစားနေရသူဖြစ်ပြီး နှလုံး၏အဆို့ရှင်မှာပျက်စီးလာပြီဖြစ်ကာ ခွဲစိတ်ကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးတွင် ပြသခဲ့ပါသည်။သို့ရာတွင် Covid 19ကူးစက်ရောဂါကြောင့် ဆေးရုံကြီးမှဆရာဝန်များသည်ခွဲစိတ်ကုသရန်လူနာများအားအချိန်အကန့်အသက်မရှိရပ်ဆိုင်းထားပါသည်။ထို့နောက်သူမသည် နှလုံးရောဂါအထူးကုဆရာဝန်ကြီး ဒေါ်နီနီဝင်းနှင့်ပြသကာ ကုတင် (1000)တပ်မတော်စစ်ဆေးရုံတွင် ခွဲစိတ်ရန်ပြင်ဆင်နေပါသည်။
ခွဲစိတ်ကုသရန် လိုအပ်သော ငွေပမာဏမှာ 45သိန်းဖြစ်ပါသည်။ခွဲစိတ်ရန်လိုအပ်သော ငွေနှင့်မခွဲစိတ်မီဆေးခန်းပြသရမည့် ကုန်ကျစရိတ်အား RBIS charity clinic မှတက်အားသရွေ့ ပံ့ပိုးလှူဒါန်းသွားပါမည်။ ယခုအချိန်ထိ မဇင်ဇင်မိုးခွဲစိတ်မှုအတွက် ရန်ပုံငွေစတင်စုဆောင်းခဲ့ရာ ငွေကျပ်15သိန်းနီးပါးကိုအတူတကွစုစည်းနိုင်ခဲ့ပါသည်။ သို့သော် မဇင်ဇင်မိုးလိုအပ်နေသော ခွဲစိတ်မှုကိုဆောင်ရွက်ပေးနိုင်ရန်အတွက် ငွေကြေးအကူအညီများလိုအပ်နေပါသေးသည်။
မဇင်ဇင်မိုးအားလိုအပ်သည်များကို ကူညီနိုင်ရန်
မည်သည့်ငွေပမာဏမဆို RBIS Charity clinicနှင့်တကွ လှူဒါန်းနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။
လူကြီးမင်းတို့အား ကျေးဇူးတင်ရှိပါကြောင်းနှင့်လူတိုင်းအတွက် ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဆက်သွယ်ရန်-09950257208, 09978672555