15/09/2025
Gym ရုံထဲက ကျင့်ဝတ်များ
*************************
၁) သင့်ကစားပုံနဲ့မတူတာနဲ့ မှားနေတယ်လို့မစွတ်စွဲပါနဲ့
ကစားနည်းပေါင်း သောင်းခြောက်ထောင်မကရှိတာကြောင့် ကစားသက်ရှိပြီးသူများသည် မိမိမာဆယ်လိုအပ်ချက်အရ ပြောင်းလဲကစားကြသည်။
၂) ငါသာဆရာကြီးမလုပ်ပါနဲ့
Gym ထဲမှာ အင်က်ျီအပွဝတ်ပြီးကစားနေတဲ့ လူဖလံလေးကို ဒါက ဒီလိုကစားရတယ်လို့ ဆရာသွားမလုပ်ပါနဲ့။ ၎င်းလူဟာ ကာယဗလမောင်ဟောင်းဖြစ်နေနိုင်သလို သင့်ထက်ကစားသက်များစွာသာတဲ့လူ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
၃) စရိုက်တူရန်သူဖြစ်
သင့်ရှေ့ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ကစားနေတဲ့သူကြောင့် စိတ်အနှောက်အယှက်ဖြစ်ရင် သင်ကိုယ်တိုင်သူတပါးရှေ့မှာ ၎င်းလိုမပြုမှုပါနဲ့။
၄) စေတနာနဲ့ ဆရာလုပ်တာကွာခြားချက်
သင့်ဘေးမှာ အလေးကြီးကိုင်ကစားနေတာကြောင့် ဘေးကနေအလေးလိုက်ပေးတာဟာ စေတနာကူညီမှုပါ။
၅) နားကြပ်တပ်ခြင်း
နားကြပ်တပ်ကစားတဲ့ ကစားသမားများဟာ သင့်ရဲ့မျက်လုံးနဲ့ အလေးအချကို ၂ဆ သတိထားရပါမယ်။ မျက်လုံးက သူတပါးအရိပ်အကဲကြည့်ဖို့။ နားကြပ်ရဲ့အသံရှိန်ကြောင့် အလေးချ မပြင်းဖို့။
၆) အားနာစိတ်
မိမိကစားပြီးလို့ဖြစ်စေ အားကြိုးမာန်တက်ကစားနေတဲ့ကစားသမားကို မိုးမမြင်လေမမြင် စကားလုံးတွေနဲ့ မနှောက်ယှက်ပါနဲ့။ လာ ကစားကြသူအများစုဟာ သူတို့ရဲ့အချိန် Limit လေးကြားမှာပဲ အချိန်လုကစားကြရတာပါ။
၇) ကျင့်ဝတ်
သင်ကိုယ်တိုင် ဘယ်နေရာမှာ ဘယ်ရာထူးနဲ့ ဘယ်လိုဆုတွေရပြီး ဘယ်လိုကစားသက်ကြာတဲ့သူဖြစ်ပါစေ Gym တစ်ခုသွားကစားမည်ဆိုက ၎င်း Gym က ဆရာကို ရိုသေသမှုပြုရပါမည်။
crd _