လမင်း သွားနှင့်ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Yangon
  • လမင်း သွားနှင့်ခံတွင်းဆေးခန်း

လမင်း သွားနှင့်ခံတွင်းဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လမင်း သွားနှင့်ခံတွင်းဆေးခန်း, No. 268, Tapin Shwe Htee Street, Kyi Pwar Yay North, Thingangyun Tsh:, Yangon.

မင်္ဂလာပါ မိတ်ဟောင်း မိတ်သစ် အပေါင်းတို့ကျနော် 🦷လမင်းသွားနှင့်ခံတွင်းဆေးခန်း🦷ကို အပတ်စဥ် ပိတ်ရက်မရှိ ⏱️ မနက် ၉:၃၀ မှ ည ၇...
13/10/2021

မင်္ဂလာပါ မိတ်ဟောင်း မိတ်သစ် အပေါင်းတို့
ကျနော် 🦷လမင်းသွားနှင့်ခံတွင်းဆေးခန်း🦷ကို အပတ်စဥ် ပိတ်ရက်မရှိ ⏱️ မနက် ၉:၃၀ မှ ည ၇:၃၀ထိ ဖွင့်လှစ်ထားပြီး
၁-သွားနှုတ်ခြင်း၊အံဆုံးနှုတ်ခြင်း
၂-သွားဖာကုသခြင်း(ရိုးရိုး)
၃-လေဆာဖြင့်သွားဖာကုသခြင်း
၄-သွားမြစ်ဝှမ်း အကြောထုတ်ကုသခြင်း
၅-သွားကျောက်၊ကွမ်းဂျိုးများခြစ်ထုတ်ကုသခြင်း
၆-Laser tooth whitening(လေဆာဖြင့် သွားဖြူအောင်ကုသခြင်း)
၇-သွားစိုက်ခြင်း(အသေစိုက်ခြင်း၊အရှင် အံကပ်စိုက်ခြင်း👍👍👍Mobile bankingဖြင့် ပေးချေနိုင်ပါသည်။)
၈-သွားအလှဆင်စိန်တပ်ခြင်း
၉-သွားဓါတ်မှန်ရိုက်ခြင်း(PA view)
တို့ကို စနစ်တကျပိုးမွှားသန့်စင်ထားသောကုသရေးပစ္စည်းများ၊တစ်ခါသုံး ကုသရေးပစ္စည်းများကို အသုံးပြု၍ စျေးနှုန်းချိုသာစွာ စေတနာထားကုသပေးနေကြောင်း သတင်းကောင်းပါအပ်ပါသည်။
🦷🦷🦷ဆေးခန်းပြသလိုပါက ☎️ဖုန်း ၀၉၉၇၄၀၉၂၁၁၃ (သို့)
Cb 📧တွင် မေးမြန်းဆွေးနွေးခြင်း၊ကုသရန်ရက်ချိန်ယူပေးခြင်းဖြင့် ကုသနိုင်ပါသည်။
🙏🙏🙏သတိပြုရန်-ဆေးခန်းသို့လာပါက လူနာအဖော်တစ်ယောက်သာခေါ်လာပေးပါရန်၊MASKတပ်လာပေးပါရန်နှင့် ဆေးမတည့်ခြင်းများ ရောဂါအခံများ ကြိုတင်ပြောကြားခြင်းဖြင့် ပူပေါင်းကာစိတ်ချစွာ ကုသနိုင်ပါသည်။
🙏🙏🙏မိတ်ဟောင်း မိတ်သစ်အပေါင်း ရောဂါဘယကင်းဝေးလို့
ကျန်းမာချမ်းသာ လာဘ်လာဘများတိုးပွားကြပါစေ။
🦷လမင်းသွားနှင့်ခံတွင်းမိသားစု🦷

02/10/2021

မနေ့က အလုပ်တွေရှုတ်နေခဲ့တာနဲ့သတိမရခဲ့
၂၀၁၅ အောက်တိုဘာ ၁ရက် မှ စတင်ခဲ့တဲ့ ကျနော်ရဲ့လမင်းသွားနှင့်ခံတွင်းဆေးခန်းလေးဟာ မနေ့ကဆိုရင်
၆ နှစ်ပြည့်ခဲ့ပါပြီ
ကျနော်ရဲ့ဆေးခန်း အခုလို သက်တမ်းတစ်ခုရအောင်
စတင်ပေးခဲ့တဲ့ Founderက ဖေဖေ နဲ့ မေမေ ပါ
ဖေဖေ နဲ့ မေမေ ရဲ့ကျေးဇူးကြောင့် အခုဆို နာမည်တစ်လုံးရခဲ့ပါပြီ
ကျေးဇူးအနန္ဒပါ ဖေဖေ နဲ့ မေမေ
နောက်ထပ် ကျေးဇူးရှိသူတွေကတော့ ကျနော်ဆေးခန်းမှာ ယုံကြည်စိတ်ချစွာနဲ့ ကုသမှုခံယူပေးခဲ့တဲ့
မိတ်ဆွေ လူနာ ကျေးဇူးရှင်တွေပါ
ထိုမိတ်ဆွေ လူနာများ ရဲ့ တဆင့် စကားနဲ့တဆင့် ကြော်ညာပေးမှုတွေကြောင့် မိတ်ဆွေလူနာများတိုးပွားလာရတာပါ အားလုံးကို​ကျေးဇူးပါနော်
နောက်ကျေးဇူးတင်ရမဲ့ သူကတော့ ကျနော်ရဲ့ပါရမီဖြည့်ဖက်ဖြစ်တဲ့ ကျနော်ဇနီးပါ အခက်အခဲကြုံတိုင်း အားပေးခဲ့ ဖေးမခဲ့မှုတွေကြောင့် ဒီနေ့ချိန်ထိ လမင်း ဆိုတာရှိနေတယ်ဆိုတာ မမှားပါဘူး
၆နှစ်မှသည် နောင် နှစ်ပေါင်းများစွာတိုင် ဆက်လက်၍
မိတ်ဆွေလူနာများအပေါ်တွင် စိတ်ရင်းစေတနာ အပြည့်နဲ့
ကူညီကုသပေးမည်လို့ ကတိပြုပါတယ်
အားလုံးသော မိတ်ဆွေလူနာများ သွားနှင့်ခံတွင်းရောဂါများအတွက် အကူညီလိုအပ်တာရှိရင် လမင်းကိုသာ သတိရလိုက်ပါ
ကျနော်ဖက်က နွေးထွေးပြူငါသော ကုသမှုတွေပေးဖို့ အဆင်သင့်စောင့်ကြိုနေပါမယ်
အားလုံးပဲ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်း
နဲ့ပြည့်စုံပြီ ချမ်းသာကျန်းမာစေကြောင်း ၆ နှစ်ပြည့်အထိန်းအမှတ်အနေနဲ့ ဆုတောင် မေတ္တာပို့သလိုက်ပါတယ်
လမင်းသွားနှင့်ခံတွင်း မိသားစု

ကိုဗစ်ကြောင့် ခေတ္တခဏ ပိတ်ထားရသော လမင်းသွားနှင့်ခံတွင်းဆေးခန်းအား၁၁.၉.၂၁ရက် စနေနေ့တွင်ပြန်လည်ဖွင့်ပါတော့မည် ဖြစ်ပါ၍လမင်း...
10/09/2021

ကိုဗစ်ကြောင့် ခေတ္တခဏ ပိတ်ထားရသော
လမင်းသွားနှင့်ခံတွင်းဆေးခန်းအား
၁၁.၉.၂၁ရက် စနေနေ့တွင်ပြန်လည်ဖွင့်ပါတော့မည် ဖြစ်ပါ၍
လမင်း ၏ မိတ်ဟောင်း မိတ်သစ် များအားသတင်းကောင်းပါးအပ်ပါသည်။
ဆေးခန်းပြသရန်အတွက်
ဖုန်း ၀၉၉၇၄၀၉၂၁၁၃သို့ ဆက်သွယ်၍ကြိုတင်ရက်ချိန်းယူပေးပါရန်နှင့် ချိန်းဆိုသောအချိန်မှသာဆေးခန်းသို့ကြွရောက်ပေးပါရန်၊
ဆေးခန်းသို့ MASK (နှာခေါင်းစည်း)တပ်ဆင်လာပါရန်
နှင့် လူနာအဖော် တစ်ယောက်သာ ခေါ်လာပါရန် အသိပေးအပ်ပါသည်။
မိတ်ဟောင်းမိတ်သစ်များ ကျန်းမာချမ်းသာလို့
ဘေးဘယာကင်းကွာကြပါစေ
Maskတပ်ပါ
လက်ဆေးပါ
တဦးနှင့်တဦးခပ်ခွာခွာနေပါ
ကိုဗစ်ရောဂါ မှ ကင်းဝေးကြပါစေ။
လမင်းသွားနှင့်ခံတွင်း မိသားစု

လမင်းသွားနှင့်ခံတွင်းဆေးခန်း၏ကျေးဇူးရှင် မိတ်ဟောင်း မိတ်သစ်များခင်ဗျာလတ်တလောဖြစ်ပေါ်နေသော ကိုဗစ် 19ကူးစက်ပြန့်ပွားနေမှုမ...
20/07/2021

လမင်းသွားနှင့်ခံတွင်းဆေးခန်း၏ကျေးဇူးရှင် မိတ်ဟောင်း မိတ်သစ်များခင်ဗျာ
လတ်တလောဖြစ်ပေါ်နေသော ကိုဗစ် 19ကူးစက်ပြန့်ပွားနေမှုများအရ ရပ်ကွက်တွင်းဆေးခန်းဖြစ်သောမိမိ၏ဆေးခန်းမှတဆင့် မလိုလားအပ်သော ကူးစက်ပြန့်ပွားမှုများမဖြစ်ပေါ်စေရေးအတွက် ဆေးခန်းအားခေတ္တခဏပိတ်ထားရပါသည်။
သို့ပါ၍ သွားနှင့်ခံတွင်းရောဂါများဖြစ်ပေါ်လာပါက
ဆေးခန်း chat boxမှ ဖြစ်စေ Ph:09974092113သို့ဖြစ်စေ ဆက်သွယ် ၍ အခမဲ့မေးမြန်းဆွေးနွေး အကြံတောင်းခံနိုင်ပါသည်။
Hints:သွားနှင့်ခံတွင်းရောဂါဖြစ်ပေါ်လာပါ အိမ်တွင် ပြုလုပ်သင့်သည့်အချက်များ
၁-သွားနှင့်ခံတွင်းသန့်ရှင်းရေးကိုဂရုစိုက်ပါ
၂-ကိုက်ခဲ ရောင်ရမ်းခြင်းများရှိပါက
အညှော်ရှောင်ပါ အစပ်ရှောင်ပါ
၃-ပလုတ်ကျင်းဆေးရည်တမျိုးမျိုးကို အစာစားပြီးတိုင်းငုံပါ(ဆေးရည် တစ်ဆ ရေတစ်ဆ ဖန်ခွက်ထဲရော၍ တစ်နေ့ သုံးကြိမ်)
၄-ကွမ်း ဆေးလိပ် အရက် ၁ပတ်ခန့် ခဏနားထားပါ၊ဖြတ်နိုင်လျှင်ဖြတ်ပါ
၅-ဆေးသောက်ရန်လိုအပ်လာပါ သွားနှင့်ခံတွင်း ဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးပြီးမှသာသောက်ပါရန်(ပိုးသတ်ဆေး မလိုအပ်ပဲ အလွန်မကျွံ သောက်သုံးမိပါက ဆေးယဥ်ခြင်း ကိုယ်ခံအားကျခြင်းများကြောင့် တခြားရောဂါများဝင်ရောက်လာနိုင်ပါသည်)
မိဘပြည်သူအပေါင်း ကျန်းမာချမ်းသာ၍ ဘေးဘယာဝေးကွာကြပါစေ
လမင်း သွားနှင့်ခံတွင်း
မိသားစု

လမင်းသွားနှင့်ခံတွင်းဆေးခန်း၏မိတ်ဟောင်း မိတ်သစ် လူနာအပေါင်းတို့ခင်ဗျာတောင်ဥက္ကလာပမြို့နယ် မိဂသီလမ်းတွင်ဖွင်လှစ်ခဲ့သောဆေး...
17/04/2021

လမင်းသွားနှင့်ခံတွင်းဆေးခန်း၏မိတ်ဟောင်း မိတ်သစ် လူနာအပေါင်းတို့ခင်ဗျာ
တောင်ဥက္ကလာပမြို့နယ် မိဂသီလမ်းတွင်ဖွင်လှစ်ခဲ့သော
ဆေးခန်းအား တပင်ရွှေထီးလမ်း ကားကြီးဂိတ်မှတ်တိုင်
သင်္ကန်းကျွန်းမြို့နယ်တွင် ပြောင်းရွှေ့၍
ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ၁၇.၄.၂၀၂၁ မှစ၍
မနက် ၉:၃၀ မှ ညနေ ၇:၃၀ ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီဖြစ်​ပါသည်။
-ရက်ချိန်းယူလိုခြင်း၊
-သွားကျန်းမာရေးများအတွက် တိုင်ပင်ဆွေးနွေးလိုပါက
ဖုန်းနံပါတ် ၀၉၉၇၄၀၉၂၁၁၃ သို့ Fb Cb မှတဆင့်
ဆက်သွယ်နိုင်ပါကြောင်းနှင့်
မိတ်ဟောင်းမိတ်သစ်များအတွက်
ဧပြီလနှင့် မေလ ကုန်အထိ
အထူးအစီအစဥ်များဖြင့် ကုသဆွေးနွေးအကြံပြုပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။
မိတ်ဟောင်းမိတ်သစ်များ နှစ်သစ်မှာ ကျန်းမာ ချမ်းသာ
ကိုယ်စိတ်နှလုံးအေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
လမင်းသွားနှင့်ခံတွင်းဆေးခန်း မိသားစု

13/04/2021

ဆေးခန်းနေရာအသစ်တွင်
Internet Wifi
အခက်အခဲရှိပါသောကြောင့်
ဆေးခန်းပြသခြင်း၊ဆွေးနွေးလိုခြင်း၊ရက်ချိန်းယူလိုပါက
ဖုန်း ၀၉၉၇၄၀၉၂၁၁၃သို့ဆက်သွယ်
မေးမြန်းနိုင်ပါသည်
ကျေးဇူးတင်ပါသည်
လမင်းသွားနှင့်ခံတွင်းဆေးခန်း

လမင်းသွားနှင့်ခံတွင်းဆေးခန်းမိဂသီလမ်း ၁၂ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်ဖုန်း 09974092113သို့ဆက်သွယ် Bookingယူ၍ကုသဆွေးနွေးနိ...
04/02/2021

လမင်းသွားနှင့်ခံတွင်းဆေးခန်း
မိဂသီလမ်း ၁၂ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်
ဖုန်း 09974092113
သို့ဆက်သွယ် Bookingယူ၍
ကုသဆွေးနွေးနိုင်ပါသည်

19/11/2020

ခံတွင်းသန့်ဆေးရည်များသည် ကိုဗစ်
ကူးစက်မှုအား အထိုက်အလျောက်ကာကွယ်နိုင်ပါကြောင်း သိရှိရပါသည်
အပြင်မှပြန်လာတိုင်း
ပလုတ်ကျင်းဆေးရည်ဖြင့်
၃-၄ မိနစ် ခန့် အာလုတ်ကျင်းပေးခြင်း
ပလုတ်ကျင်းပေးခြင်းဖြင့်
မိမိ ကိုယ်ကို နှင့်
မိမိ ၏ မိသားစု
ပတ်ဝန်းကျင်ကို
ကာကွယ်ကြပါရန်
သတင်းကောင်းပါးလိုက်ရပါသည်
မိတ်ဆွေ အပေါင်းတို့
ကျေးဇူးတင်ပါတယ်
လမင်းသွားနှင့်ခံတွင်းမိသားစု

Hello!လမင်းသွားနှင့်ခံတွင်းဆေးခန်းအား Monday(18/5/20)စတင်၍မနက် 9:30 am မှ ညနေ5:00pmထိပိတ်ရက်မရှိပြန်လည်ဖွင့်လှစ်ပါတော့မည...
16/05/2020

Hello!လမင်းသွားနှင့်ခံတွင်းဆေးခန်းအား Monday(18/5/20)စတင်၍
မနက် 9:30 am မှ ညနေ5:00pmထိ
ပိတ်ရက်မရှိပြန်လည်ဖွင့်လှစ်ပါတော့မည်။
ဆေးခန်းပြသမည့်လူနာများလိုက်နာရန်
1-ဆေးခန်းပြလိုလျှင် သုံး/လေးနာရီကြိုတင်၍
ဆေးခန်းသို့လည်းကောင်း၊ဖုန်း 09974092113သို့လည်းကောင်း ဆက်သွယ်၍ ဘိုကင်ယူပေးရပါမည်။ဘိုကင် မယူပဲကုသပေး၍မရလို့ပါ။ဘိုကင်လူနာမရှိရင်တော့ရပါသည်။
2-ဘိုကင်ယူပြီးပါက နေ့ရက်အချိန်ကို ပြန်လည် သတ်မှတ်ပေးပါမည်။ချိန်းဆိုသော အချိန်မှသာ ဆေးခန်းသို့လာရောက်ပေးပါရန်။(မှတ်ချက်။ ။ဆေးခန်းတွင်လူစုလူဝေးမဖြစ်စေရေးအတွက်ပါ)
3-ဆေးခန်းသို့လာလျှင် အဖော်တစ်ယောက်သာခေါ်လာပါရန်နှင့် နှစ်ဦးစလုံး MASKတတ်လာပါရန်။
4-ဆေးခန်းရောက်လျှင် ပြသမည့်လူနာသည်
လက်ဆေးရန်နှင့် သတ်မှတ်နေရာတွင် ထိုင်၍
လူနာ မှတ်တမ်း(History)ဖောင်ဖြည့်ရပါမည်။
5-ကိုယ်အပူချိန်တိုင်းတာခြင်း၊‌လက်နှင့်ခြေထောက်အား အရက်ပြန်ပိုးသတ််ဆေးဖြန်းခြင်း၊လုံခြုံရေး/ကာကွယ်ရေး ဝတ်စုံ ဝတ်ဆင်ခြင်းများပြုလုပ်ပြီးမှကုသလို့ရပါမည်။
6-လူနာအဖော်မှာဆေးခန်းအတွင်းလိုက်ပါပါက အထက်ပါနည်းအတိုင်းပြုလုပ်‌ပြီးမှ ဝင်လို့ရပါမည်။
ဆေးခန်းကျဉ်းသောကြောင့်ပါ။
7-ကုသမှု ကုန်ကျစရိတ်မှာ မူလအတိုင်းကုန်ကျမှာဖြစ်ပြီး လူနာတစ်ယောက်ကုသလျှင်ရောဂါကာကွယ်ရေးဝန်ဆောင်မှုကို
ထပ်တိုးကျသင့်ပါမည်။
(ကုသစရိတ် မူလ+ရောဂါကာကွယ်ရေးဝန်ဆောင်မှု=စုစုပေါင်းကုသမှု ကုန်ကျစရိတ်)
လူနာအဖော်ဆေးခန်းထဲလိုက်ပါဝင်မည်ဆိုလျှင် ရောဂါကာကွယ်ရေးဝန်ဆောင်မှုအတွက် နှစ်ယောက်စာကျသင့်ပါမည်။
8-အခုလောလောဆယ် ကုသခွင့်ပြုထားသော
အရေးပေါ် သွားနှင့်ခံတွင်းရောဂါများအတွက်သာ
ကုသပေးလို့ရပါအုန်းမည်။သွားစိုက်ခြင်း၊သွားကျောက်ခြစ်သန့်စင်ခြင်း၊သွားအလှဆင်ခြင်းများလတ်တလောကုသပေး၍မရသေးပါ။
အားလုံးပဲ သွားနှင့်ခံတွင်းရောဂါများကင်းဝေးကြပါစေ
လမင်းသွားနှင့်ခံတွင်းမိသားစု

05/05/2020

သွားနှင့်ခံတွင်းရောဂါကုသမှုတေဟာ ရောဂါပြန့်ပွားဖို့ အရမ်းပဲ riskများလှပါတယ်။
ထို့ကြောင့် လူနာများအတွက် လုံခြုံစိတ်ချမှုအပြည့်ပေးနိုင်ပြီး ကုသမှုတေပြန်လုပ်ပေးနိုင်ရန် ကျနော်
အစွမ်းကုန် ကြိုးစားပေး နေပါတယ်။
လတ်တလော လိုအပ်ချက်တေရှိနေသေးပါသောကြောင့် ဆေးခန်းခေတ္တခဏပိတ်ထားရတဲ့အတွက် မိတ်ဆွေလူနာအပေါင်းကိုလည်း
အားနာမိပါတယ်
ကျနော် လုံခြုံစိတ်ချစွာ ကုသဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပြီး ပြန်ဖွင့်နိုင်အောင် လုပ်နေပါတယ်ဆိုတာ လမင်း၏မိတ်ဆွေလူနာအပေါင်းကို
အသိပေးလိုပါတယ်။
သွားနှင်ခံတွင်းရောဂါများအတွက်လည်း
လိုအပ်ပါက ဖုန်း09974092113သို့
ဆက်၍အကြံ‌ဉာဏ်တောင်းခံနိုင်ပါတယ်။
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ပြီး
ရောဂါဆိုးကြီးမှကင်းဝေးကြပါစေ
လမင်းသွားနှင့်ခံတွင်းမိသားစု။

ဂရုစိုက် သတိပြုနိုင်ကြပါစေ
28/03/2020

ဂရုစိုက် သတိပြုနိုင်ကြပါစေ

Address

No. 268, Tapin Shwe Htee Street, Kyi Pwar Yay North, Thingangyun Tsh:
Yangon
11091

Opening Hours

Monday 09:30 - 19:30
Tuesday 09:30 - 19:30
Wednesday 09:30 - 19:30
Thursday 09:30 - 19:30
Friday 09:30 - 19:30
Saturday 09:30 - 19:30
Sunday 14:00 - 19:30

Telephone

+959974092113

Website

Alerts

Be the first to know and let us send you an email when လမင်း သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share