K.T.Z Company Limited

K.T.Z Company Limited Our slogan is " Providing Better Life for the People" and thus, we try to provide the better products for your better healthier life.

K.T.Z Company Limited is an esteem pharmaceutical distribution company in Myanmar Since 1994 and currently distributing over 260 products to the whole Myanmar by operating with over 500 employees.

💊 𝗪𝗢𝗥𝗟𝗗 𝗣𝗛𝗔𝗥𝗠𝗔𝗖𝗜𝗦𝗧𝗦 𝗗𝗔𝗬 ယနေ့ စက်တင်ဘာလ (၂၅)ရက်​နေ့သည် ကမ္ဘာ့​ဆေးဝါးကျွမ်းကျင်ပညာရှင်များ​နေ့ဖြစ်ပါသည်။ ကမ္ဘာ့တစ်ဝန်းလုံး...
25/09/2025

💊 𝗪𝗢𝗥𝗟𝗗 𝗣𝗛𝗔𝗥𝗠𝗔𝗖𝗜𝗦𝗧𝗦 𝗗𝗔𝗬

ယနေ့ စက်တင်ဘာလ (၂၅)ရက်​နေ့သည် ကမ္ဘာ့​ဆေးဝါးကျွမ်းကျင်ပညာရှင်များ​နေ့ဖြစ်ပါသည်။

ကမ္ဘာ့တစ်ဝန်းလုံးရှိ ကျန်းမာရေးလုပ်ငန်း
နယ်ပယ်အသီးသီးတွင် လုပ်ကိုင်နေကြသည့်
ဆေးဝါးကျွမ်းကျင်ပညာရှင်များ အားလုံးအား
K.T.Z Company Limited မှ ကျေးဇူးတင်
လေးစားစွာဂုဏ်ပြုအပ်ပါသည်။


19/09/2025

"မျက်စဥ်းဆေး အတုအပသတိပြုပါ"

⚠️ မျက်စိရောဂါများစွာ ရှိသည့်အနက်မှ ရေတိမ်ရောဂါသည် မကုသဘဲ ထားလျှင် မျက်စိကွယ်စေနိုင်သောရောဂါဖြစ်သည်။ ထို့ကြောင့် မျက်စိအထူးကုဆရာဝန်နှင့် သေချာပြသပြီး ဆရာဝန် ညွှန်ကြားထားသည့် မျက်စဥ်းဆေးများကိုသာ ခပ်သင့်သည်။ မိမိတို့ အသုံးပြုရသော မျက်စဥ်းဆေးများသည် Quality (အရည်အသွေး) နှင့် Efficacy (အာနိသင်) ကောင်းစွာ ရရှိဖို့လည်း လိုအပ်ပါတယ်။

⚠️ Combipres မျက်စဥ်းဆေးကို တုပထားသောမျက်စဥ်းများ ဈေးကွက်ထဲတွင် တွေ့ရှိနေရပါသည်။ ထိုတုပထားသော မျက်စဥ်းများတွင် ယုံကြည်စိတ်ချရသော ပါဝင်ပစ္စည်းများ မပါဝင်နိုင်ပါ။ ထို့ကြောင့် မိမိတို့ မျက်စိထဲထည့်ရသော မျက်စဥ်းဆေးဖြစ်သည့်အတွက် ထိုမျက်စဥ်းများကိုသုံးမိပါက ငွေကုန်ပြီး မျက်စိအန္တရာယ် မဖြစ်ရလေအောင် အထူးသတိပြုပါ။

⚠️ Aristopharmaမှ ထုတ်လုပ်သော Combipres Brand မျက်စဥ်းဆေး နှင့် မျက်စဥ်းဆေးအတု တို့ကို အောက်ပါအချက်များဖြင့် ခွဲခြားသိရှိနိုင်ပါသည်။
(၁) Combipres အမှတ်တံဆိပ်ကို Spot lamination ဖြင့် ရိုက်နှိပ်ထားခြင်း၊
(၂) Combipres Brand အောက်တွင် Generic name (Brimonidine Tartrate 0.2% w/v + Timolol 0.5% w/v) ကို ထည့်သွင်းဖော်ပြထားခြင်း၊
(၃) ဆေးဘူးခွံ၏ အရှေ့ဖက် နှင့် အနောက်ဖက်တွင် မျက်လုံးပုံ Logo ပါရှိခြင်း၊
(၄) ဆေးဘူးခွံ၏ အဖုံးပေါ်တွင်သာ Batch No.၊ Mfg. Date၊ Exp. Date များပါရှိပြီး Embossed process ဖြင့် ရိုက်နှိပ်ထားခြင်း၊
(၅) ဆေးဘူးခွံတွင် Aristovision logo နှင့် Aristopharma logo များကို အထက်အောက် ဆင့်ထားခြင်း၊
(၆) Combipres ဆေးဘူးခွံ၏ အတွင်းတွင် ဆေးညွှန်းစာရွက် (leaflet) ပါရှိခြင်း၊
(၇) ဆေးဘူးခွံ၏ အောက်ခြေတွင် Barcode ပါရှိခြင်း၊
(၈) Combipres အစစ်နှင့် အတုတို့ ဆေးဘူးအရွယ်အစား မတူခြင်း၊ (Combipres မျက်စဥ်းဆေးကို ထုတ်ပိုးထားသော စက္ကူဘူးအရွယ်အစား သည် အလျား -၁.၄ လက်မ၊ အမြင့် - ၃.၃ လက်မ၊ အနံ - ၁.၁၅ လက်မရှိပြီး အတုအရွယ်အစားသည် အလျား -၁ လက်မ၊ အမြင့် - ၂.၇၅ လက်မ၊ အနံ - ၁ လက်မ ရှိခြင်း)
(၉) မျက်စဥ်းဆေးပုလင်း၏ အောက်ခြေတွင် ARISTOPHAMA LOGO စာတန်းပါရှိခြင်း။

⚠️ Combipres Customer များအနေဖြင့် 𝐀𝐫𝐢𝐬𝐭𝐨𝐩𝐡𝐚𝐫𝐦𝐚 ၏ 𝐄𝐔 𝐆𝐌𝐏 (European Union Good Manufacturing Practice) အသိအမှတ်ပြု လက်မှတ်ရ၊ နည်းပညာအဆင့်မြင့်စွာဖြင့် ထုတ်လုပ်ထားသော Combipres Brand အစစ်ကိုသာ ဝယ်ယူသုံးစွဲဖို့ Aristovision မှ သတိပေး နှိုးဆော်လိုက်ရပါသည်။ Combipres နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Aristopharma page messenger တွင် တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်။

⚠️ Aristopharma Ltd ၏ မျက်စဥ်းဆေးများကို အတုအပ၊ ဆင်တူယိုးမှားများ တွေ့ရှိခဲ့ပါက Aristopharma Page Messenger သို့ သတင်းပေးပို့နိုင်ပါသည်။





-the-unit-we-count

17/09/2025

💢 အပိုင်း (၃) 💢

⁉️ ဆိုရီယေးစစ် (𝗣𝘀𝗼𝗿𝗶𝗮𝘀𝗶𝘀) ရောဂါကို ဘယ်လိုကုသမလဲ နှင့် ဆောင်ရန် ၊ ရှောင်ရန်များ ⁉️
ခေါင်းစဥ်ဖြင့် အလှအပနှင့် အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှ ကျန်းမာရေး ဗဟုသုတအဖြစ် ပညာပေး မျှဝေသည့် အပိုင်း (၃) ကို ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။

𝐏𝐬𝐨𝐫𝐢𝐚𝐬𝐢𝐬 လူထုပညာပေး 𝐯𝐢𝐝𝐞𝐨 အပိုင်း (၃)ပိုင်းအား စောင့်မျှော်ကြည့်ရှု့ပေးကြပါသော မိဘပြည်သူများအား ကျေးဇူးအထူးပင်တင်ရှိပါတယ်။

👉အောက်ဖော်ပြပါ 𝗔𝗿𝗶𝘀𝘁𝗼𝗽𝗵𝗮𝗿𝗺𝗮 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွင်လည်း တပြိုင်နက် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင့်

🔗 https://www.youtube.com/





& Seborrhea

16/09/2025

💢 အပိုင်း (၂) 💢
⁉️ ဆိုရီယေးစစ် (𝗣𝘀𝗼𝗿𝗶𝗮𝘀𝗶𝘀) ရောဂါရဲ့ အမျိုးအစားများနဲ့ လက္ခဏာများ ⁉️
ခေါင်းစဥ်ဖြင့် အလှအပနှင့် အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှ ကျန်းမာရေး ဗဟုသုတအဖြစ် ပညာပေး မျှဝေသည့် အပိုင်း (၂) ကို ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။
နောက်ရက်များတွင်လည်း နောက်ဆုံးအပိုင်းဖြစ်သည့် -
👉နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ပြီး ဂရုစိုက်သင့်လဲ⁉️
ဆိုတာကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ရျ် ကျန်ရှိနေသော အပိုင်း ကို စောင့်မျှော်ကြည့်ရှု့နိုင်စေရန် မိဘပြည်သူများအား သတင်းကောင်းပါးလိုက်ပါတယ်။
👉အောက်ဖော်ပြပါ 𝗔𝗿𝗶𝘀𝘁𝗼𝗽𝗵𝗮𝗿𝗺𝗮 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွင်လည်း တပြိုင်နက် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင့်
🔗 https://www.youtube.com/




& Seborrhea

15/09/2025

💢 အပိုင်း (၁) 💢

ဆိုရီယေးစစ် (𝗣𝘀𝗼𝗿𝗶𝗮𝘀𝗶𝘀) ရောဂါ ဆိုတာ ဘာလဲ? ဘာကြောင့်ဖြစ်တာလဲ? ဘယ်သူတွေမှာ အဖြစ်များလဲ? ⁉️
ခေါင်းစဥ်ဖြင့် အလှအပနှင့် အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှ ကျန်းမာရေး ဗဟုသုတအဖြစ် ပညာပေး မျှဝေသည့် အပိုင်း (၁) ကို တင်ဆက်ပေးလိုက်ပါတယ်။

နောက်ရက်များတွင်လည်း
👉 ရောဂါလက္ခဏာများ နှင့်
👉နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ပြီး ဂရုစိုက်သင့်လဲ⁉️

ဆိုတာတွေကို အပိုင်းနှစ်ပိုင်းခွဲရျ် ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ရျ် ကျန်ရှိနေသော အပိုင်း (၂) နှင့် (၃) တို့ကို စောင့်မျှော်ကြည့်ရှု့နိုင်စေရန် မိဘပြည်သူများအား သတင်းကောင်းပါးလိုက်ပါတယ်။

👉အောက်ဖော်ပြပါ 𝗔𝗿𝗶𝘀𝘁𝗼𝗽𝗵𝗮𝗿𝗺𝗮 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွင်လည်း တပြိုင်နက် ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင့်

🔗 https://www.youtube.com/





& Seborrhea

10/09/2025

💢 ဆိုရီယေးစစ် (Psoriasis) ရောဂါ ဆိုတာ ဘာလဲ? ဘာကြောင့်ဖြစ်တာလဲ? ဘယ်သူတွေမှာ အဖြစ်များလဲ? ⁉️💢 ဆိုရီယေးစစ်ရောဂါရဲ့ အမျိုးအစားများနဲ့ လက္ခဏာများ ⁉️💢 ဆိုရီယေးစစ်ကို ဘယ်လိုကုသမှုတွေ ခံယူနိုင်လဲ၊ ပြီးတော့ နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ပြီး ဂရုစိုက်သင့်လဲ ⁉️🎗ဆိုရီယေးစစ်ရောဂါအကြောင်း ပညာပေးဟောပြောမှု အစီအစဥ်တွင် အလှအပနှင့် အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှ အပိုင်း (၃) ပိုင်းခွဲရျ် ကျန်းမာရေး ဗဟုသုတအဖြစ် မျှဝေပေးသည်များကို👉*Aristopharma Myanmar FB page*👉*Aristopharma YouTube Channel* 👉*Aristopharma Viber Channel* တို့တွင် မကြာမီ ကြည့်ရှု့နိုင်မည် ဖြစ်ပါကြောင်း မိဘပြည်သူများအား သတင်းကောင်းပါးလိုက်ပါတယ် & Seborrhea

🚨 Geriatric Care စိတ်ဝင်စားသူတိုင်းအတွက် တကယ့်အသုံးဝင်မယ့် Clinical Discussion Webinar 🚨📅 နေ့ရက်: စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၅...
09/09/2025

🚨 Geriatric Care စိတ်ဝင်စားသူတိုင်းအတွက် တကယ့်အသုံးဝင်မယ့် Clinical Discussion Webinar 🚨

📅 နေ့ရက်: စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေ)
⏰ အချိန်: နေ့လယ် ၁:၀၀ နာရီမှ – ၃:၃၀ နာရီထိ

🎤 Speaker များအဖြစ်
🔹 Prof. Myint Han – “Delirium”
🔹 Prof. Khin Maung Maung Than – “Elderly and the Kidney”
🔹 Dr. Than Htun Aung – “Comprehensive Geriatric Assessment” တို့က ဖော်ပြထားတဲ့ခေါင်းစဉ်အသီးသီးနဲ့ ပါဝင်ဆွေးနွေးပေးသွားမှာပါ။

💻 Webinar အစီအစဉ်ကို Z-waka အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး၊ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေဖြစ်တဲ့

▶️ Delirium ကို စောစောစီးစီးဘယ်လိုသိနိုင်မလဲ၊ ဘယ်လိုထိရောက်အောင် ကုသပေးမလဲဆိုတဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေ
▶️ အသက်ရလာတဲ့လူကြီးတွေမှာကျောက်ကပ်ကျန်းမာရေးကို ဘယ်လို စနစ်တကျစောင့်ရှောက်ပေးမလဲ
▶️ Holistic Geriatric Assessment နဲ့ Geriatric လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝအခြေအနေတွေကိုပါ တစ်ခုချင်းစီ အသေးစိတ် ဆန်းစစ်စောင့်ရှောက်မှုပေးပုံအကြောင်းအရာတွေကို လေ့လာရမှာပါ။

✨ General practitioners ဆရာ၊ဆရာမတွေနဲ့ Geriatric ဆေးပညာနယ်ပယ်ကို စိတ်ဝင်စားသူတိုင်းအတွက် လက်တွေ့အသုံးချနိုင်မယ့် အတွေ့အကြုံများစွာကို Professor နှင့် အထူးကုဆရာဝန်များက မျှဝေပေးမယ့် အခွင့်အလမ်းဖြစ်တာမို့ Register လုပ်ပြီး တက်ရောက် နားထောင်ဖို့ ဖိတ်ကြားလိုက်ပါတယ်။

Register here!

https://us06web.zoom.us/webinar/register/WN_WtDEhWnMQhigiJ5EJvt0JA

05/09/2025

*အစာအိမ်နှင့် အူလမ်းကြောင်း ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးသိန်းမြင့်မှ ပြောကြားပေးထားသော* 👨‍⚕️

🥗 ဝမ်းချုပ်ဝေဒနာရှင်များ ဂရုတစိုက်ပြောင်းလဲသင့်သည့် နေထိုင်စားသောက်မှုပုံစံများ၊

🤰 ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ ဝမ်းချုပ်သည့်အခါ သတိထားအသုံးပြုသင့်သည့် ဆေးဝါးများ အကြောင်းနှင့်

📌 အခြား ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်သော သိမှတ်ဖွယ်ရာများအကြောင်းကို

*မိဘပြည်သူများအနေဖြင့် အောက်ပါ𝙫𝙞𝙙𝙚𝙤တွင် ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင်။* 💚

𝙋𝙧𝙤𝙛. 𝙏𝙝𝙚𝙞𝙣 𝙈𝙮𝙞𝙣𝙩
𝙃𝙚𝙖𝙡𝙩𝙝 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣
𝘼𝙫𝙤𝙡𝙖𝙘 | 𝘼𝙧𝙞𝙨𝙩𝙤𝙥𝙝𝙖𝙧𝙢𝙖 | 𝙆𝙏𝙕

01/09/2025

ဝမ်းချုပ်ဝေဒနာဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများကို သင်သိပါသလား ❓

ဝမ်းပုံမှန်ချုပ်သူတစ်ယောက် ဟာ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရန် လိုအပ်ပါသလဲ ❓

👨‍⚕️ အစာအိမ်နှင့် အူလမ်းကြောင်း ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးသိန်းမြင့် မှ ပြောကြားပေးထားသော အထက်ပါမေးခွန်းများ၏ အဖြေများနှင့် အခြား ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်သော သိမှတ်ဖွယ်ရာများ ကို

💡 မိဘပြည်သူများအနေဖြင့် အောက်ပါvideoတွင် ကြည့်ရှုနိုင်ပါပြီရှင်။ 💚

𝙋𝙧𝙤𝙛. 𝙏𝙝𝙚𝙞𝙣 𝙈𝙮𝙞𝙣𝙩
𝙃𝙚𝙖𝙡𝙩𝙝 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣
𝘼𝙫𝙤𝙡𝙖𝙘 | 𝘼𝙧𝙞𝙨𝙩𝙤𝙥𝙝𝙖𝙧𝙢𝙖 | 𝙆𝙏𝙕

*သင်ဟာ မကြာခဏ ဝမ်းချုပ်တတ်သူတစ်ယောက် ဖြစ်နေပါသလား* ❓ဝမ်းချုပ်ဝေဒနာဟာဆိုရင် အိမ်သာ(𝙏𝙤𝙞𝙡𝙚𝙩)အသုံးပြုရချိန်မှာ ကြုံတွေ့ရသည့်...
29/08/2025

*သင်ဟာ မကြာခဏ ဝမ်းချုပ်တတ်သူတစ်ယောက် ဖြစ်နေပါသလား* ❓

ဝမ်းချုပ်ဝေဒနာဟာဆိုရင် အိမ်သာ(𝙏𝙤𝙞𝙡𝙚𝙩)အသုံးပြုရချိန်မှာ ကြုံတွေ့ရသည့် အခက်အခဲတစ်ခုထက်ပိုသည့် 🌿 *ကျန်းမာရေးဆိုင်ရာ ဂရုပြုစရာ အခြေအနေတစ်ခု* ပဲဖြစ်ပါတယ်။

👨‍⚕️ *အစာအိမ်နှင့် အူလမ်းကြောင်း ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးသိန်းမြင့်* ပြောကြားပေးထားသော ဝမ်းချုပ်ဝေဒနာနှင့် ဆက်စပ်သိမှတ်ဖွယ်ရာများကို *အပိုင်း(၂)ပိုင်းခွဲ၍*

📌 𝘼𝙫𝙤𝙡𝙖𝙘 *- အေဗိုလက်* 𝙁𝘽 𝙋𝙖𝙜𝙚

📌 𝘼𝙧𝙞𝙨𝙩𝙤𝙥𝙝𝙖𝙧𝙢𝙖 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙁𝘽 𝙋𝙖𝙜𝙚 နှင့်

📌 𝙆.𝙏.𝙕 𝘾𝙤𝙢𝙥𝙖𝙣𝙮 𝙇𝙞𝙢𝙞𝙩𝙚𝙙 𝙁𝘽 𝙋𝙖𝙜𝙚 တို့တွင် မကြာမီ ကြည့်ရှုနိုင်မည် ဖြစ်သည့်အကြောင်း၊ မိဘပြည်သူများ၏ ကျန်းမာရေး အသိပညာဗဟုသုတ မြင့်မားရေးကို မျှော်မှန်းကာ အသိပေးလိုက်ရပါတယ်။💚

𝙋𝙧𝙤𝙛. 𝙏𝙝𝙚𝙞𝙣 𝙈𝙮𝙞𝙣𝙩
𝙃𝙚𝙖𝙡𝙩𝙝 𝙀𝙙𝙪𝙘𝙖𝙩𝙞𝙤𝙣
𝘼𝙫𝙤𝙡𝙖𝙘 | 𝘼𝙧𝙞𝙨𝙩𝙤𝙥𝙝𝙖𝙧𝙢𝙖 | 𝙆𝙏𝙕

28/08/2025

🌟 Health Care Celebrity Talk Show 🎙️

Aristopharma Myanmar မှဂုဏ်ယူဝင့်ကြွားစွာ တင်ဆက်ခဲ့တဲ့ ကျန်းမာရေးလောကရဲ့လေးစားရပါသော ဆရာဝန်ကြီးများရဲ့ ဘဝအတွေ့အကြုံများကို ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးနေတဲ့

Health Care Celebrity 🎙️Talk Show
အစီအစဉ်တွင်

👨‍⚕️ လေးစားရပါသော
အသည်းပါမောက္ခ ဆရာကြီး ဦးခင်မောင်ဝင်း ရဲ့ ဘဝအတွေ့အကြုံများကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပေးသွားဦးမှာ ဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါဦးနော်

✨Stay Tuned with us!






Follow us on:
Facebook:
https://www.facebook.com/share/1Ljg1QMPNS/?mibextid=wwXIfr
YouTube:
http://www.youtube.com/
Viber:
https://invite.viber.com/?g2=AQAGJWe65kAm11O%2Bsg0VhtRzlH7EBO7ZbD14C%2BDuoGnRM%2FGdApQwV1EeSMBYTyds

" Gallstones --- Small Stones , Big Trouble !""သည်းခြေကျောက်တည်ခြင်း — ကျောက်ကလေးများ နှင့် ဒုက္ခကြီးများ "🩺သည်းခြေအိတ် ...
15/08/2025

" Gallstones --- Small Stones , Big Trouble !"

"သည်းခြေကျောက်တည်ခြင်း — ကျောက်ကလေးများ နှင့် ဒုက္ခကြီးများ "

🩺သည်းခြေအိတ် ဆိုတာ?

သည်းခြေအိတ်သည် အသည်းအောက်တွင် တည်ရှိပြီး ခန္ဓာကိုယ်အတွင်းရှိ အဆီများကို ချေဖျက်ရန် ကူညီပေးသော သစ်တော်သီးပုံစံ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

🩺သည်းခြေအိတ်က ဘာလုပ်ပါသလဲ ?
ဘာအတွက် အရေးကြီးပါသလဲ ?

သည်းခြေအိတ်သည် အသည်းမှထုတ်လွှတ်လိုက်သော သည်းခြေရည်များသိုလှောင်ပြီး အစာစားချိန်တွင် သည်းခြေရည်များကို ထုတ်လွှတ်ပေးပါသည်။ အထူးသဖြင့် အဆီများသော အစားအသောက်များ စားချိန်တွင်သည်းခြေအိတ်အတွင်းမှ သိုလှောင်ထားသော သည်းခြေရည်များ အူလမ်းကြောင်းအတွင်းသို့ ထုတ်လွှတ်ပြီး အစာခြေရာတွင် ကူညီလုပ်ဆောင်ပေးပါသည်။

🩺 သည်းခြေကျောက်ဆိုတာဘာလဲ?

သည်းခြေကျောက်ဆိုတာ သည်းခြေအိတ်ထဲမှာ ဖြစ်ပေါ်တဲ့ အစိုင်အခဲ အစုအဖွဲ့ပါ။ အရွယ်အစားအရဆိုရင် သဲစေ့လောက်သေးတာကနေ ဂေါက်သီးအရွယ်အထိ ရှိနိုင်ပါတယ်။ အရေအတွက်အနေနင့် တစ်လုံးထဲဖြစ်နိုင်သလို အရေအတွက်များစွာလည်း ရှိနေနိုင်ပါတယ်။

⚠️ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ?

သည်းခြေကျောက် ဖြစ်နိုင်ခြေမြင့်စေသော အဓိက အချက်များကို '4F' ဖြင့် အလွယ်တကူ မှတ်သားနိုင်ပါသည်။
1. Female (အမျိုးသမီး): အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုဖြစ်နိုင်ခြေများပါတယ်။ (အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ဆက်စပ်နေတာကြောင့်ပါ။)
2. Forty (အသက် ၄၀ ကျော်): အသက်ကြီးလေ ဖြစ်နိုင်ခြေများလေပါ။
3. Fertile (သန္ဓေတည်နိုင်စွမ်းရှိသော): ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ဖူးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
4. Fat (အဝလွန်သူများ): ကိုလက်စထရောထုတ်လုပ်မှုများပြီး သည်းခြေအိတ် လှုပ်ရှားမှုကို နှေးစေခြင်းက သည်းခြေကျောက်ဖြစ်ဖို့ လှုံဆော်နိုင်ပါတယ်။

💡 သိသာတဲ့ လက္ခဏာများ:

• ညာဘက် ဗိုက်အပေါ်ပိုင်း၌ စူး၍ပြင်းထန်သောနာကျင်မှု ခံစားရခြင်း (အထူးသဖြင့် အဆီများတဲ့ အစာစားပြီးချိန်)
• ပျို့အန် ချင်ခြင်း သို့မဟုတ် အန်ခြင်း
• အစာမကြေခြင်း (အထူးသဖြင့် အဆီများတဲ့ အစာစားပြီးချိန်)
•အကယ်၍ သည်းခြေကျောက်သည် သည်းခြေရည်လမ်းကြောင်းကို ပိတ်သွားခဲ့လျှင် အသား နှင့် မျက်လုံး ဝါခြင်းများပါ ခံစားရနိုင်ပါသည်။

"အထူးသတိထားရန်: နာကျင်မှု ရုတ်တရက်ဆိုးရွားလာပါက ဆရာဝန်နှင့် အမြန်ပြသပါ!"

🛡 ကာကွယ်နည်းများ
✔️ အမျှင်ဓာတ်များသော အစားအစာ (ဟင်းသီးဟင်းရွက်၊ ဂျုံကြမ်း)
✔️ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု
✖️ အဆီများသော အစာများ လျှော့စားခြင်း

💊ကုသခြင်းများ
၁။ ကုသမှုမလိုအပ်သော အခြေအနေများ ("Silent Stones")
ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းစသည့် လက္ခဏာမရှိပါက ကုသမှုမလိုအပ်ဘဲ "သတိထားစောင့်ကြည့်ခြင်း" နည်းဖြင့် ဆောင်ရွက်နိုင်ပါသည်။

၂။ ခွဲစိတ်ကုသမှုနည်းလမ်းများ (Surgical Treatments)

သည်းခြေကျောက်ကြောင့် နာတာရှည်နာကျင်မှု၊ သည်းခြေအိတ်ရောင်ခြင်း (Cholecystitis) သို့မဟုတ် ပိုးဝင်ခြင်းဖြစ်ပါက ခွဲစိတ်ဖယ်ရှားရန် လိုအပ်ပါသည်။
- လာပါရိုစကုပ်ခွဲစိတ်နည်း (Laparoscopic Cholecystectomy) နှင့်
ဝမ်းဗိုက်ဖွင့်၍ခွဲစိတ်နည်း (Open Cholecystectomy) တို့ရှိပါသည်။

"လာပါရိုစကုပ်နည်း (Laparoscopic) သည် အနာသက်သာပြီး ပြန်လည်နလန်ထမြန်သော နည်းလမ်းဖြစ်သည်။"

၃။ ခွဲစိတ်မှုမပြုလုပ်သည့် ကုသမှုနည်းလမ်းများ (Non-Surgical Treatments)

●ဆေးဝါးဖြင့်ကုသခြင်း:
Ursodeoxycholic Acid ဟုခေါ်သော ဆေးပေး၍ကုသခြင်း
●အသံလှိုင်းဖြင့်ကျောက်ချေခြင်း
(Shock Wave Lithotripsy)
●ERCP (Endoscopic Retrograde Cholangiopancreatography):
ပါးစပ်မှတစ်ဆင့် မှန်ပြောင်းထည့်၍ သည်းခြေပြွန်ထဲရှိ ကျောက်များကို တိုက်ရိုက်ဖယ်ရှားခြင်းဖြစ်သည်။
ခေတ်မီ ဆေးဝါးများနှင့် ခွဲစိတ်ကုသမှုများ ရှိနေပြီဖြစ်သည့်အတွက် ရောဂါခံစားရပြီဆိုလျှင် အမြန်ဆုံး ကုသဖို့ လိုအပ်ပါသည်။

အထက်ဖော်ပြပါ သည်းခြေကျောက်တည်ခြင်း နှင့်ဆက်နွယ်သော သိမှတ်ဖွယ်ရာအကြောင်းအရာများကို SAGADEOX 150 (ursodeoxycholic acid 150 mg) နှင့် SAGADEOX 300 (ursodeoxycholic acid 300 mg) မှ ကျန်းမာရေး ဗဟုသုတအဖြစ် မျှ‌‌‌‌ဝေအပ်ပါသည်။

သည်းခြေကျောက်တည်ခြင်းအတွက် ဆေးဝါးကုသမှုအဖြစ် SAGADEOX (ursodeoxycholic acid) ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ပါသည်။




Address

No. 32, Manawhari Road, Dagon Township
Yangon
11191

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00

Telephone

+9518221259

Alerts

Be the first to know and let us send you an email when K.T.Z Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to K.T.Z Company Limited:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram