Dr Min Lifestyle Centre

Dr Min Lifestyle Centre ဆီးချိုသွေးတိုး သွေးအဆီများ ဝိတ်တက် စိတ်ကျန်းမာရေးစ‌တဲ့နာတာရှည် ရောဂါများအတွက် Lifestyle ကုထုံးများ

� ကိုဗစ်ကာကွယ်ကုသရေးအတွက် မိမိအိမ်မှာနေပြီး မိမိရောဂါအတွက် ဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဖုန်းခေါ်ကာ ရုပ်မြင်သံကြားဆွေးနွေးနိုင်ပါပြီ။

� ဆီးချို၊ အသည်းအဆီဖုံး၊ သွေးတွင်းအဆီတက် စသည့် နာတာရှည်ရောဂါအမျိုးမျိုးကုသလိုသူများ၊
� စိတ်ဖိစီး စိတ်ကျရောဂါအတွက်ဆွေးနွေးကုသလိုသူများ၊
� ကိုယ်ခန္ဓာလေးလံထိုင်းမှိုင်းလာလို့ ဝိတ်ချဖို့လိုအပ်နေသူများကို Lifestyle Online Clinic မှာ ဖုန်းပြောကုသပေးနေပါပြီ။

� တကြိမ်လျင် လိုအပ်သလို 20-25 မိနစ် ခန့်ထိကြာ စမ်းသပ်စစ်ဆေးကုသမှုအစီအစဉ်ကို ဖုန်းဆက်ပြီး ရက်ချိန်း ရယူနိုင်ပါသည်။

� Viber Video call (အင်တာနက်မရလျင်ရိုးရိုးဖုန်းပြော) ခေါ်ဆိုပြီး အောက်ပါကုသဆွေးနွေး မှုများ ရရှိပါမည်။

၁။ ရောဂါရာဇဝင်ရယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆေးမှတ်တမ်းဟောင်းများရှိပါက စစ်ဆေးပေးခြင်း
၂။ မိမိနေထိုင်စားသောက်ပုံ အလေ့အကျင့်များကို စမ်းစစ်ခြင်း
၃။ ပြည်သူ့ကျန်းမာရေးအထူးကု (ဆီးချို/ အဝလွန် Lifestyle ဆရာဝန်) ဒေါက်တာမင်းထက်ဇော်ကိုယ်တိုင် လိုအပ်သောဆေးနှင့် ကုသမှုညွှန်ကြားခြင်း
၄။ Healthy Lifestyle (ကျန်းမာစေသောလူနေမှုပုံစံများဖြစ်သည့်အစားအ‌သောက်ကုထုံး)၊ သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်း သင်ကြားလေ့ကျင့်မှု၊ စိတ်ဖိစီးမှု့လျှော့ချရေး၊ စသည့် ဆွေးနွေးကုသပေးမှု (counseling) တစ်ခုခု (သင့်တော်ကိုက်ညီသော မိမိနှစ်သက်ရာ ကျန်းမာရေး အစီအစဉ်ရရန် သုံးလေးကြိမ် ဆွေးနွေးဖို့ လိုအပ်နိုင်ပါသည်)

ဒေါက်တာမင်းထက်ဇော်
MB, BS; PGDip in Diabetes (UK); MPH (NUS, Singapore); DMPR; Hon Obs at OCDEM (Oxford); CCEBDM; Cert in Nutrition (WUR, Netherlands); Certified Diabetes Educator (IDF); Training in PsychoMedicine (NUH)

� Dr Min Lifestyle Online Clinic
ဖုန်း 09797239686
YouTube channel: https://youtube.com/user/mhzaw01

ဒီပိုစ့်မှာဝိတ်ချထိုးဆေးများရဲ့  #ရှားပါးပေမယ့်အသက်အန္တရာယ်ရှိတဲ့ severe side effects အကြောင်းကိုအပိုင်း ၃ အနေနဲ့ ဆက်တင်...
16/11/2025

ဒီပိုစ့်မှာဝိတ်ချထိုးဆေးများရဲ့ #ရှားပါးပေမယ့်အသက်အန္တရာယ်ရှိတဲ့ severe side effects အကြောင်းကိုအပိုင်း ၃ အနေနဲ့ ဆက်တင်ပေးလိုက်ပါတယ်။
ဆိုးကျိုးတွေကို ဘယ်လိုကာကွယ်ရမလဲ လျော့ချရမလဲ အတိုချုပ်ပြောပေးထားပါတယ်။

ကိုယ်အလေးချိန်ချရန်အတွက် Semaglutide (ဥပမာ- Ozempic, Wegovy) နှင့် Tirzepatide (ဥပမာ- Mounjaro, Zepbound) ကဲ့သို့သော ဆေးဝါးများသည် FDA အသိအမှတ်ပြု တရားဝင် ဝိတ်ချဆေးများဖြစ်ပါတယ်။
ဘော်ဒီဝိတ်ကို ထိရောက်စွာချနိုင်သော်လည်း ဆရာဝန်၏ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုဖြင့်သာ အသုံးပြုသင့်ပြီး အချို့သော သတိထားရမည့်အချက်များကို သိထားရန် လိုအပ်ပါသည်။

#ပြင်းထန်ပြီးရှားပါးသောဘေးထွက်ဆိုးကျိုးများ (ဆရာဝန်ကို ချက်ချင်းပြသသင့်သည်)

🔺 သိုင်းရွိုက်ကင်ဆာ (Thyroid Tumors - C-cell hyperplasia): အထူးသဖြင့် Medullary Thyroid Carcinoma (MTC) ၏ မိသားစုရာဇဝင်ရှိသူများ သို့မဟုတ် Multiple Endocrine Neoplasia syndrome type 2 (MEN 2) ရှိသူများတွင် ဤဆေးများကို လုံးဝမသုံးစွဲသင့်ပါ။
လည်ပင်းတွင် အဖုအကျိတ်ထွက်ခြင်း၊ မျိုချရခက်ခဲခြင်း၊ အသံဩခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် လက္ခဏာများရှိပါက ချက်ချင်းဆရာဝန်နှင့် တိုင်ပင်ပါ။

🔺 ပန်ကရိယ ရောင်ရမ်းခြင်း (Pancreatitis): ပြင်းထန်သော ဗိုက်နာခြင်း (အများအားဖြင့် ဝမ်းဗိုက်အပေါ်ပိုင်းမှ ကျောဘက်သို့ ပျံ့နှံ့နိုင်သည်)၊ ပျို့အန်ခြင်း စသည်တို့ခံစားရပါက ချက်ချင်းဆေးရုံသွားသင့်ပါသည်။

🔺 သည်းခြေအိတ်ပြဿနာများ (Gallbladder Issues): အထူးသဖြင့် ကိုယ်အလေးချိန် မြန်မြန်ကျသူများတွင် သည်းခြေကျောက်တည်ခြင်း သို့မဟုတ် သည်းခြေအိတ် ချို့ယွင်းမှုများ ဖြစ်နိုင်ပါသည်။

🔺 ကျောက်ကပ် ထိခိုက်မှု (Acute Kidney Injury): ပြင်းထန်သော ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။

🔺 ပြင်းထန်သော ဓာတ်မတည့်ခြင်း (Severe Allergic Reactions): အင်ပျဉ်ထွက်ခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်း စသည့် လက္ခဏာများတွေ့ပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။

🔺 ဆီးချိုရောဂါရှိသူများအတွက် အမြင်အာရုံပြောင်းလဲခြင်း (Diabetic Retinopathy) ကို ဂရုပြုသင့်ပါသည်။

🔺 စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (Mental Health Changes): စိတ်ဓာတ်ကျခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံးသတ်ရန် စဉ်းစားခြင်း စသည့်အတွေးများ ပေါ်လာပါက ဆရာဝန်အား ချက်ချင်းအသိပေးရမည်။

✨ #ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရန် နည်းလမ်းများ
☑️ ကျွမ်းကျင်ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သလိုဆေးစစ်ဆေးပြီးမှ ဝိတ်ချထိုးဆေးကိုသုံးပါ။
☑️ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးပမာဏကို တဖြည်းဖြည်းတိုးပါ။ (Start Slowly)
☑️ ရေဓာတ်ပြည့်ဝအောင် နေပါ (Stay Hydrated): ရေများများသောက်ပါ။
☑️ အစာကို နည်းနည်းနှင့် မကြာခဏ စားပါ (Smaller, more frequent meals)
☑️ ဆီများသော အစားအစာများ၊ အကြော်အလှော်များနှင့် အချိုလွန်ကဲသော အစားအစာများကို ရှောင်ပါ။
☑️ အပေါ်မှာရှင်းပြထားတဲ့ သတိပေးလက္ခဏာများကို စောင့်ကြည့်ပါ: မည်သည့် မသက်မသာမှု သို့မဟုတ် မူမမှန်သည့် လက္ခဏာများမဆို ဖြစ်ပေါ်ပါက သင့်ဆရာဝန်အား ချက်ချင်းအသိပေးပါ။

🔥 အချုပ်အားဖြင့်ဆိုရသော်၊ ကိုယ်အလေးချိန်ချရန် ဤဆေးများကို အသုံးပြုခြင်းသည် တကယ် ထိရောက်မှုရှိပါသည်။ ဝိတ်ကောင်းကောင်းကျပါသည်။ သို့သော်၊ ၎င်းတို့သည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့် ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သင့်လျော်သော ဆေးပမာဏနှင့် အသုံးပြုပုံကို တိကျစွာ လိုက်နာရန် အရေးကြီးဆုံး ဖြစ်ပါသည်။

👉 အရင်နေ့ကတင်ထားတဲ့ အပိုင်း ၁ နဲ့ အပိုင်း ၂ မဖတ်ရသေးရင် လင့်လည်း ကွန်မန့်မှာကြည့်ပါ။
သိချင်တာရှိလည်းမန့်မှာ မေးထားလို့ရပါတယ်။
အများသူငါ သတိထားနိုင်အောင် ကျန်းမာရေးပညာ မျှဝေ share ပေးကြဖို့ တောင်းဆိုပါတယ်။

ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ 💞
Dr Min Lifestyle Online clinic
#ဝိတ်ချထိုးဆေး

ဝိတ်ချထိုးဆေးဝါးများအကြောင်း အပိုင်း ၂ ဆက်တင်ပေးလိုက်ပါတယ်။ဒီပို့စ်မှာ သတိထားရမည့်အချက်များနှင့် ဘေးထွက်ဆိုးကျိုးများအကြ...
15/11/2025

ဝိတ်ချထိုးဆေးဝါးများအကြောင်း အပိုင်း ၂ ဆက်တင်ပေးလိုက်ပါတယ်။
ဒီပို့စ်မှာ သတိထားရမည့်အချက်များနှင့် ဘေးထွက်ဆိုးကျိုးများအကြာင်း ရေးပေးထားပါတယ်။


ကိုယ်အလေးချိန်ချရန်အတွက် Semaglutide (ဥပမာ- Ozempic, Wegovy) နှင့် Tirzepatide (ဥပမာ- Mounjaro, Zepbound) ကဲ့သို့သောဆေးဝါးများသည် ထိရောက်သော်လည်း ဆရာဝန်၏ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုဖြင့်သာ အသုံးပြုသင့်ပြီး အချို့သော သတိထားရမည့်အချက်များ ကို သိထားရန် လိုအပ်ပါသည်။
အန္တရာယ်ကင်းဖို့ ဆေးခန်းမှာ ဆေးစစ်ပြီးမှ ထိုးပါတယ်။ အချို့သူတွေမှာ close mornitoring လိုပါတယ်။ ဘေးထွက်ဆိုးကျိုးမဖြစ်‌ေအာင် ကာကွယ်ကုသဖို့ follow up မှာ သွေးစစ်ဆီးစစ်လုပ်ရတတ်ပါတယ်။

နာမည်ကြီး ခေတ်စား‌ေနတဲ့ ဝိတ်ချထိုးဆေး Semaglutide နှင့် Tirzepatide ဆေးဝါးများ၏
⚠️ သတိထားရမည့်အချက်များနှင့်
#အဖြစ်များသောဘေးထွက်ဆိုးကျိုးများ

🔺အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (အများဆုံးဖြစ်တတ်သည်)
ပျို့အန်ခြင်း (Nausea and Vomiting)
ဝမ်းလျှောခြင်း (Diarrhea) သို့မဟုတ် ဝမ်းချုပ်ခြင်း (Constipation)
ဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်ပူခြင်း၊ လေတက်ခြင်း
အစာစားချင်စိတ် လျော့နည်းခြင်း (ကိုယ်အလေးချိန်ကျစေရန် အကျိုးရှိသော်လည်း အာဟာရပြည့်မီအောင် စားသုံးရန် ခက်ခဲစေနိုင်သည်)

#အခြားဘေးထွက်ဆိုးကျိုးများ
🔺မောပန်းနွမ်းနယ်ခြင်း (Fatigue)
🔺ခေါင်းကိုက်ခြင်း (Headaches) (ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်နိုင်သည်)
🔺ထိုးဆေးထိုးသည့်နေရာတွင် နီရဲခြင်း သို့မဟုတ် ယားယံခြင်း (Injection Site Reactions)

ကြောက်ဖို့မဟုတ် သတိထားဖို့ပါ။ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီးမှ ဝိတ်ချပါ။ အချို့ side effects တွေ မဖြစ်အောင်ကာကွယ်လို့ရတယ်။ ဘေးထွက်ဆိုးကျိုးကြုံရရင်တောင် ကုသလို့ရပါတယ်။

👉 မနေ့ကတင်ထားတဲ့ အပိုင်း ၁ မဖတ်ရသေးရင် လင့်လည်း ကွန်မန့်မှာကြည့်ပါ။

⚠️ ဝိတ်ချထိုးဆေးတွေရဲ့
#ပြင်းထန်ပြီးရှားပါးသော ဘေးထွက်ဆိုးကျိုးများ နှင့်
#ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရန် နည်းလမ်းများအကြာင်း ဆက်တင်ပေးမှာမို့ follow, like လုပ်ထားကြပါနာ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သိချင်တာရှိလည်း မန့်မှာ မေးထားလို့ရပါတယ်။

ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ 💞


ခုတလော ခေတ်စား‌နေတဲ့ ကိုယ်အလေးချိန်ချဖို့ အသုံးပြုနေသော ထိုးဆေးများ (Semaglutide နှင့် Tirzepatide ဆေးများ) ၏ မူလရည်ရွယ်...
14/11/2025

ခုတလော ခေတ်စား‌နေတဲ့ ကိုယ်အလေးချိန်ချဖို့ အသုံးပြုနေသော ထိုးဆေးများ (Semaglutide နှင့် Tirzepatide ဆေးများ) ၏ မူလရည်ရွယ်ချက်ကို ရှင်းပြပေးပါမယ်။

ဤဆေးဝါးများသည် မူလက အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes Mellitus) ကို ကုသရန်အတွက် တီထွင်ထုတ်လုပ်ခဲ့သော ဆေးများ ဖြစ်ကြပါသည်။ ဆီးချိုကုသရာမှာ ဘော်ဒီဝိတ် သိသိသာသာချဖို့လိုပါတယ်။ ဒါ့ကြောင့် ဝိတ်လည်းကျ ဆီးချိုလည်းကျတဲ့ဆေးတွခတ်စားလာတာဖြစ်ပါတယ်။

၁။ ဆမ်မာဂလူတိုက်
Semaglutide သည် Glucagon-like Peptide-1 (GLP-1) Receptor Agonist အုပ်စုဝင် ဆေးဖြစ်သည်။

* မူလအသုံးပြုမှု:
* သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရန်အတွက် အမျိုးအစား (၂) ဆီးချိုရောဂါ လူနာများတွင် အသုံးပြုသည်။ (ဥပမာ- Ozempic)

* ကိုယ်အလေးချိန်ကျစေသည့် အာနိသင်:
* Semaglutide သည် ဦးနှောက်ရှိ အစာစားချင်စိတ်ကို ထိန်းချုပ်သည့်နေရာကို သက်ရောက်မှုရှိပြီး အစာစားချင်စိတ်ကို လျှော့ချပေးခြင်း၊ အစာမြန်မြန်ပြည့်စေခြင်း နှင့် အစာအိမ်မှ အစာခြေဖျက်မှုကို နှေးကွေးစေခြင်း တို့ကို ဖြစ်စေသည်။

* ထိုအာနိသင်များကြောင့် ကိုယ်အလေးချိန် သိသာစွာ ကျဆင်းလာကြောင်း တွေ့ရှိရပြီးနောက် ကိုယ်အလေးချိန် လျှော့ချသည့် ဆေးအဖြစ်လည်း ထုတ်လုပ်လာခြင်း ဖြစ်သည်။ (ဥပမာ- Wegovy)

၂။ တာဇီပတိုက်
Tirzepatide သည် GLP-1 ၏ အာနိသင်အပြင် Glucose-dependent Insulinotropic Polypeptide (GIP) Receptor Agonist ၏ အာနိသင်ကိုပါ ပေါင်းစပ်ထားသောကြောင့် Dual Agonist ဟု ခေါ်သည်။

* မူလအသုံးပြုမှု:
* Semaglutide ကဲ့သို့ပင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန်အတွက် အမျိုးအစား (၂) ဆီးချိုရောဂါ လူနာများတွင် အသုံးပြုသည်။ (ဥပမာ- Mounjaro)

* ကိုယ်အလေးချိန်ကျစေသည့် အာနိသင်:
* ၎င်းသည် GLP-1 နှင့် GIP လမ်းကြောင်းနှစ်ခုလုံးကို လှုံ့ဆော်ပေးသောကြောင့် Semaglutide ထက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုနှင့် ကိုယ်အလေးချိန် လျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

* ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ချသည့် ဆေးအဖြစ်လည်း ခွင့်ပြုချက် ရရှိခဲ့သည်။ (ဥပမာ- Zepbound)

အနှစ်ချုပ်မှာ ဤဆေးများသည် ဆီးချိုရောဂါရှိသူများ၏ သွေးတွင်းသကြားဓာတ်ကို လျှော့ချရန်နှင့် ထိန်းချုပ်ရန်အတွက် တီထွင်ထားခြင်း ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏ အစာစားချင်စိတ်ကို လျှော့ချပေးသော ထူးခြားသည့် အာနိသင် ကြောင့် ယခုအခါ ဆေးပမာဏကို ချိန်ညှိပြီး အဝလွန်ခြင်း (Obesity) ကို ကုသရန်အတွက်ပါ ကျယ်ပြန့်စွာ အသုံးပြုလာကြခြင်း ဖြစ်ပါသည်။

ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) ဟာ ကမ္ဘာ့ ဆီးချိုရောဂါနေ့ (World Diabetes Day - WDD) ဖြစ်တဲ့အတွက် အမှတ်တရ သိထားသင့်တဲ့ အချက်အလက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

ဝိတ်ချထိုးဆေးတွေအကြာင်း ဆက်တင်ပေးမှာမို့ follow, like လုပ်ထားကြပါနာ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သိချင်တာရှိလည်မန့်မှာ မေးထားလို့ရပါတယ်။

ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ 💞
#ဝိတ်ချထိုးဆေး


Today's meeting organized by KC healthcare with Yashoda hospitals
09/11/2025

Today's meeting organized by KC healthcare with Yashoda hospitals

ပေါင်ချိန် 160ရှိသူက 130ဖြစ်ချင်တယ် 💐👍130ပေါင်ဘဲရှိသူက 110ဖြစ်ချင်တယ် 👌☺️🎇 Dr Min Lifestyle Online ဆေးခန်းမှာ Lifestyle ...
28/10/2025

ပေါင်ချိန် 160ရှိသူက 130ဖြစ်ချင်တယ် 💐
👍
130ပေါင်ဘဲရှိသူက 110ဖြစ်ချင်တယ် 👌☺️

🎇 Dr Min Lifestyle Online ဆေးခန်းမှာ Lifestyle နဲ့ဝိတ်ချနေသူတွေကို မိမိရဲ့ နေထိုင်စားသောက်ပုံ စမ်းစစ်ခြင်းအရင်လုပ်ပါတယ်။ Lifestyle assessment ပေါ့။ တဦးချင်းစီ အလေ့အကျင့် အကြိုက်တွေမတူတာမို့ စစ်ဆေးထားတဲ့ ရလဒ်ကိုကြည့်ပြီး လိုအပ်တဲ့ လမ်းညွှန်မှုလေ့ကျင့်မှုလုပ်ရပါတယ်။

✨ ပြီးခဲ့တဲ့အပါတ်က သင်တန်းသူတဦးကို ပို့ပေးခဲ့တဲ့ နမူနာလမ်းညွှန် အောက်ပါ‌ရေးပေးလိုက်ပါတယ်။

* 1ပါတ်၊ 4ပါတ်၊ 12ပါတ် ကြာချိန်မှာ မိမိလိုချင်တဲ့ရည်မှန်းချက် အလေးချိန်ကို ဆရာနဲ့ညှိနှိုင်းသတ်မှတ်ပါတယ်။ (goal setting)
* Body weight မနက်နဲ့ည မတူပါ။ ညလည်း ချိန်ကြည့်ပါ။ တနေကုန်စားထားလို့ ည စာစားပြီးနောက်ပိုင်းချိန်ရင် ဝိတ်ပိုတက်နေပါတယ်။
* အစားအသောက်လေ့ကျင့်ခန်းစသည်လုပ်ရာမှာ အမျိုးစုံဖို့ balanced diet, physical activity စုံဖို့ လိုပါတယ်။
* နေရာ အချိန်သတ်မှတ်ထားပေမယ့် အချိန်မရွေးနေရာမရွေး အားရင်အားသလို လှုပ်ရှားလေ့ကျင့်ဖို့ရည်မှန်းပါ။
* မနက် black coffee or tea သောက်ရင် ကောင်းမယ်။ black coffee မကြိုက်ရင် Apple cider vinegar သောက်လို့ရပါတယ်။
* အစေ့အဆန် (တနေ့လက်တဆုပ်ထက်မပိုဘဲ) စားသင့်ပါတယ်။

Viber ကနေ အပြန်လှန် နေ့စဉ် စာပို့ပြီး monitor and guide လုပ်ရပါတယ်။
ပုံမှန်ဆက်သွယ်လေ့ကျင့်ရင် မိမိလိုချင်တဲ့ ဝိတ်ရပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ 💞


Dr Min Lifestyle မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ကြည်နူးဖွယ်ဒီပါဝလီနေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်
20/10/2025

Dr Min Lifestyle မိတ်ဆွေများ အားလုံးကို ပျော်ရွှင်ကြည်နူးဖွယ်ဒီပါဝလီနေ့ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

18/10/2025

သွေးတိုးအတွက် နေထိုင်စားသောက်မှု Lifestyle အကြောင်း ရေးပေးတာ ကျေးဇူးတင်ပါတယ်။ အတော်လေးပြည့်စုံပါတယ်။

( ကွန်မန့်မှာ အောင်အထွေထွေကုဆေးရုံက ဆောင်းပါး လင့်ကို ဝင်ကြည့်ပါ)
ဒီမှာလည်း တကယ်လက်တွေ့ ရေရှည်လုပ်နိုင်ဖို့ဘဲ အာရုံစိုက် ဆွေးနွေးသင်ပြပေး နေတာပါ။
ကျန်းမာဖို့ သွေးပေါင်ထိန်းနိုင်ဖို့ ဘာလုပ်သင့်လဲ လူများစု သိနေကြပါပြီ။ လက်တွေ့လုပ်နိုင်ဖို့ဘဲ တိုက်တွန်းချင်ပါတယ်။
Lifestyle သင်တန်းပေးအတွေ့အကြုံအရ အလုပ်ဖြစ်တဲ့ နည်းတခုပြောပြမယ်...

တပါတ်ကို အလေ့ကျင့်ကောင်းတခုသာ အာရုံစိုက်ပြီး လုပ်ပါ။ ဖြစ်အောင်လုပ်မယ်ဆုံးဖြတ်ချက်ကျပါစေ။ ပျက်စရာ လမ်းလွဲစရာကိစ္စ ပေါ်လာပါလိမ့်မယ်။ ဒီ တရက်ဘဲ တပါတ်ဘဲ ဒီတခုဘဲ ရအောင်လုပ်မယ်လို့ စိတ်အားထည့်ပါ။ တရက်ထက်တရက်ပိုလုပ်နိုင်လာမယ်။

အဲလို တပါတ်တခု ဖြည်းဖြည်းချင်း လုပ်သွားပါ။
သွေးပေါင်တနေ့နှစ်ကြိမ် မနက် ည ချိန်ပါ။ မှတ်တမ်းထားပါ။ လိုက်ဖ်စတိုင် ကျန်းမာအောင်နေထိုင်ရင်း လန်းဆန်းကာ သွေးတိုးကျလာပြီး ထိန်းနိုင်လာတာ ကိုယ်တွေ့ကြုံရပါမယ်။

ကျန်းမာစေသော စိတ်ကြည်လင်စေသော Lifestyle ကို ကျင့်သုံးကြပြီး
ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ 💐


Address

#1027, Bayakyawthu 16 Street, Quarter 7, South Okkalarpa
Yangon
MMR013011701505

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 18:00

Telephone

+959797239686

Alerts

Be the first to know and let us send you an email when Dr Min Lifestyle Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Min Lifestyle Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram