Nyein Clinic

Nyein Clinic Medical Clinic and Pharmacy, Medical Lab
စနေနေ့ ဆေးခန်းပိတ်ပါသည်

အတက်ရောဂါ ဆိုတာ ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွ...
06/06/2025

အတက်ရောဂါ ဆိုတာ

ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။

တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါ လို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ တက်နေတယ်ဆိုရင်တော့ အတက်ရောဂါလားလို့ စဉ်းစားရမှာပါ။

တခြားအကြောင်းရင်းတွေကတော့

-ကလေးတွေမှာ ဖျားပြီးတက်တာ (ရိုးရိုးအဖျားကြီးပြီး တက်တာကြောင့် ဖြစ်နိုင်သလို၊ ဦးနှောက်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာကြောင့် ဖျားပြီး တက်တာလည်း ဖြစ်နိုင်ပါတယ်။)
-အိပ်ရေးပျက်တာ
-ဆီးဆေးတွေကြောင့် သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းတာ
-တချို့ဆေးဝါးတွေကြောင့် တက်တာ (ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျကုဆေးတွေ၊ ဆေးလိပ်ဖြတ်တဲ့ နည်းလမ်းတွေ)
-ခေါင်းထိခိုက်မိပြီး အတွင်းမှာ သွေးယိုတာ
-လေဖြတ်တာ
-ဦးနှောက်အကျိတ်
-မူးယစ်ဆေးတွေ သုံးတာ (ဥပမာ ကိုကင်း)
-အရက်တွေ အလွန်အကျွံသောက်တာ

တက်ခြင်း အမျိုးအစားများ

တစ်ကိုယ်လုံး တောင့်သွားတယ်လို့၊ တဆတ်ဆတ်နဲ့ တုန်နေတာတို့ အမျိုးမျိုး ပြောတတ်ကြပါတယ်။ တက်တာကတော့ အနေအထားပေါ်မူတည်ပြီး အမျိုးအစားတွေ အများကြီး ခွဲလို့ရပါတယ်။ အဓိကကတော့ အုပ်စုကြီး နှစ်စုရှိပါတယ်။

Generalized seizures

ဦးနှောက် နှစ်ဖက်လုံးမှာ ဖြစ်တာပါ။ သူ့မှာမှ အခွဲတွေ ထပ်ရှိပါသေးတယ်။

Absence seizures – ကလေးတွေမှာ အဖြစ်များပါတယ်။ မြင်နေကြ တောင့်သွားတာ၊ တုန်သွားတာမျိုး မဟုတ်ဘဲ ငြိမ်သွားတာပါ။ စက္ကန့်ပိုင်းလောက် ငြိမ်ကျသွားပါမယ်။ ရုတ်တရက် ကြည့်ရင် တစ်စုံတစ်ခုကို တွေးနေ ငေးနေသလိုပါပဲ။ ပြီးရင် အလိုလို သတိပြန်ဝင်လာပါတယ်။ မိဘတွေက ကလေးငိုက်နေတယ်လို့ ထင်တတ်ပါတယ်။
Tonic seizures – နောက်ကျော၊ ခြေ၊ လက်က ကြွက်သားတွေ တောင့်တင်းပြီး တက်သွားတာမျိုးပါ။
Atonic seizures – ဒါကတော့ ပြောင်းပြန် ကြွက်သားတွေ အားပျော့ပြီး ရုတ်တရက် ပစ်လဲသွားတာမျိုးပါ။
Clonic seizures – ကြွက်သားတွေ တဆတ်ဆတ်တုန်ပြီး တက်တာမျိုးပါ။ လည်ပင်း၊ မျက်နှာနဲ့ လက်က ကြွက်သားတွေမှာ အဖြစ်များပါတယ်။
Myoclonic seizures – ဒါကတော့ ရုတ်တရက် ခြေတွေ လက်တွေ ဆတ်ခနဲ အကြောဆွဲတာမျိုးပါ။
Tonic-clonic seizures – သူကတော့ နည်းနည်း ပြင်းပါတယ်။ ရုတ်တရက် ပစ်လဲပြီး တစ်ကိုယ်လုံး တောင့်ပြီး တဆတ်ဆတ်တုန်နေတာမျိုးပါ။ ဆီးမထိန်းနိုင်တာ၊ လျှာကိုက်မိတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။

Focal seizures

ဦးနှောက်ရဲ့ တစ်နေရာတည်းမှာပဲ ကွက်ပြီး ဖြစ်တာပါ။

Simple focal seizures – ရုတ်တရက် အကြောဆွဲသွားတာ၊ ရုတ်တရက် အနံ့၊ အရသာ ပြောင်းသွားတာမျိုးလောက်ပဲ ဖြစ်ပါတယ်။
Complex focal seizures – ရုတ်တရက် မိနစ်ပိုင်းလောက် ငြိမ်ကျသွားပြီး ဘာမှမတုံ့ပြန်နိုင်ပါဘူး။
Seccondary generalized seizures – ဦးနှောက်ရဲ့ တစ်နေရာတည်းမှာ စဖြစ်ပေမယ့် တခြားဦးနှောက်အစိတ်အပိုင်းတွေအထိ ပြန့်သွားတာမျိုးပါ။
တက်တာက စက္ကန့် ၃၀ကနေ ၂မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ ၅မိနစ်နေလို့မှ မသက်သာဘူးဆိုရင်တော့ အရေးပေါ် အခြေအနေပါ။

အတက်ရောဂါကို ဘယ်လို စစ်ဆေးတွေ့ရှိနိုင်သလဲ။

အတက်ရောဂါလို့ သံသယရှိတယ်၊ မကြာခဏ တက်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်း ရှာသင့်ပါတယ်။ တချို့ကျတော့လည်း အတက်ရောဂါရှိနေတာ မဟုတ်ဘဲ တက်စေတဲ့အကြောင်းအရင်း (ဥပမာ ဦးနှောက်အကျိတ်၊ ဆိုဒီယမ်နည်းနေတာ) ရှိနေတာပဲ ဖြစ်ပါတယ်။

ဆရာဝန်အနေနဲ့ ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်သွားမှာပဲ ဖြစ်ပါတယ်။

ဥပမာ သွေးစစ်တာ (ခါးဆစ်ရိုးကြားက အရည်ယူပြီး စစ်ဆေးတာ)
EEGလို့ ခေါ်တဲ့ ဦးနှောက်လှိုင်းတွေ စစ်ဆေးတာ
ကွန်ပျူတာ ဓာတ်မှန်
သံလိုက်ဓာတ်မှန်
PET scan စသဖြင့် လူနာပေါ် မူတည်ပြီး လိုအပ်တာတွေ စစ်ဆေးသွားမှာပါ။

အတက်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

တစ်ခါလောက် တက်ဖူးတာနဲ့ အတက်ရောဂါရှိတယ်လို့ ပြောလို့ မရပါဘူး။ အတက်ရောဂါအတွက် ဆေးတွေက ချိန်ဆပြီးမှ ပေးရတဲ့အတွက် သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။ အတက်ရောဂါဆေးတွေအပြင် ခွဲစိတ်ကုသတာ၊ အာရုံကြောနှိုးဆွတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ကီတိုdietတွေနဲ့လည်း ရောဂါကုသမှုကို အထောက်အကူဖြစ်အောင် ပေးလေ့ရှိပါတယ်။

တခြားအကြောင်းရင်းကြောင့် တက်တာဆိုရင်တော့ ဒီအကြောင်းရင်းကို ကုသရုံပါပဲ။ ဥပမာ ဆိုဒီယမ်နည်းနေရင် ဆိုဒီယမ်ဖြည့်ပေးတာ၊ ဦးနှောက်အမြှေးရောင်လို့ တက်တာဆိုရင် ပိုးသတ်ဆေးတွေ ပေးတာ စသဖြင့် ကုသလို့ရပါတယ်။

အတက်ရောဂါအတွက် ဆောင်ရန် ရှောင်ရန်တွေက

အတက်ရောဂါက ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် အချိန်မရွေး တက်သွားနိုင်ပါတယ်။ ဒါဆိုရင် မတော်တဆ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

ဥပမာ

အမြင့်ကနေ ပြုတ်ကျတာ၊ ချော်လဲတာ ဖြစ်နိုင်တဲ့အတွက် အမြင့်တက်ရတဲ့ အလုပ်တွေ မလုပ်ပါနဲ့။
ကားမမောင်းပါနဲ့။ စက်ယန္တရားတွေနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းမျိုးကို ရှောင်ပါ။ ဒါမှ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အန္တရာယ်ကင်းမှာပါ။
ရေမကူးပါနဲ့။ ရေထဲ ဆင်းရတဲ့ အလုပ်တွေ မလုပ်ပါနဲ့။ အခန့်မသင့်ရင် ရေနစ်တတ်ပါတယ်။
ဆေးကို မှန်မှန်သောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရပြည့်အောင် စားပါ။ လှုပ်လှုပ်ရှားရှားနေပါ။
အိမ်မှာရှိတဲ့လူတွေက အတက်ရောဂါအရေးပေါ် ပြုစုနည်းကို သင်ထားပါ။ လူနာကို အားပေးပါ။ ရောဂါကြောင့် စိတ်ဓာတ်ကျနေတတ်ပါတယ်။

အမျိုးသမီးများ အနေနဲ့ ကိုယ်ဝန်ဆောင်မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။ အတက်ရောဂါကြောင့် မိခင်နဲ့ ကလေး ထိခိုက်တတ်သလို အတက်ကျဆေးတွေကြောင့်လည်း ကလေးမှာ ချို့ယွင်းချက်တွေ ပါတတ်ပါတယ်။ ဒါကြောင့် ကလေးမယူသေးဘူးဆိုရင် သေသေချာချာ သားဆက်ခြားပါ။ ကလေးယူမယ်ဆို ဆရာဝန်နဲ့ ကြိုပြောပါ။ ဆေးတွေ ပြန်ချိန်ရပါမယ်။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုး မဖြစ်ပါစေနဲ့။

Takeaways

အတက်ရောဂါပဲ ဖြစ်ဖြစ်၊ သာမန်တက်တာပဲ ဖြစ်ဖြစ် သေသေချာချာ အကြောင်းရင်းရှာပြီး ကုသသင့်ပါတယ်။ ဒါက ရောဂါသက်သက်ဆိုတာထက် အချိန်မရွေး ထဖောက်နိုင်လို့ ပိုပြီး သတိထားရပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သေသေချာချာ သောက်ပြီး ရောဂါကို ထိန်းချုပ်ဖို့ အကြံပြုလိုပါတယ်။

Crd

🛡️HIV ကြောင့် ရောဂါဒဏ်မခံရအောင်🛡️ ✔️ ပိုးကူးနိုင်ခြေများတဲ့ ထိတွေ့မှုတွေကို တတ်နိုင်သလောက်ရှောင်ပါ✔️ အကာအကွယ် Condom ကို...
05/06/2025

🛡️HIV ကြောင့် ရောဂါဒဏ်မခံရအောင်🛡️

✔️ ပိုးကူးနိုင်ခြေများတဲ့ ထိတွေ့မှုတွေကို တတ်နိုင်သလောက်ရှောင်ပါ

✔️ အကာအကွယ် Condom ကို စနစ်တကျအသုံးပြုပါ

✔️ ကူးနိုင်ခြေများတဲ့ ထိတွေ့မှုဖြစ်ပြီးသွားရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး မှန်ကန် ထိရောက်တဲ့ Post-Exposure Prophylaxis (PEP) ဆေးအတွဲကို (၇၂) နာရီအတွင်း စသောက်ဖို့ ညွှန်ကြားကြတယ်၊ အနည်းဆုံး (၂၈) ရက်ဆက်တိုက်သောက်ရပါတယ်။

✔️ ကူးနိုင်ခြေများတဲ့ ထိတွေ့မှု မကြာခဏဖြစ်လေ့ရှိရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး Pre-Exposure Prophylaxis (PrEP) ဆေးအတွဲကို သောက်နေဖို့ လိုနိုင်ပါတယ်။

✔️ ပိုးရှိနေပြီဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့ စစ်ဆေးမှုတွေလုပ်ရမယ်၊ အာနိသင်ကောင်းပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ဆေးအတွဲကို နေ့စဉ်ပုံမှန်သောက်နေခြင်းဖြင့် HIV ကြောင့်ဖြစ်လာမဲ့ နောက်ဆက်တွဲရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ထပ်ဆင့် ကူးဆက်ခြင်းကိုလည်း ကာကွယ်နိုင်ပါမယ်။

စနစ်တကျ မှတ်တမ်းယူ၊ ပုံမှန်စစ်ဆေးပေးပြီး ဆေးတွေကို အခမဲ့ထုတ်ပေးနိုင်တဲ့ စင်တာတွေ များလာပါပြီ ကောင်းပါတယ်။ နီးစပ်ရာ စင်တာ ဘယ်မှာရှိသလဲ စုံစမ်းပြီး ထုတ်ယူသောက်သုံးနိုင်ပါတယ်။
တချို့လူနာတွေလည်း အခက်အခဲအမျိုးမျိုးကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိအစီအစဉ်နဲ့ ဝယ်သောက်ကြပါတယ်။ အာနိသင်အကောင်းဆုံး၊ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဆိုတဲ့ တရားဝင်မှတ်ပုံတင်ပြီး ဆေးအတွဲတွေလည်း မြန်မာနိုင်ငံမှာ ပုံမှန် ရနေပါပြီ။

ကျွမ်းကျင်တဲ့သမားတော်နဲ့ တိုင်ပင်ချင်ရင်၊ ဆေးလိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်။

ငြိမ်းဆေးခန်း
အမှတ် (၅၁)၊ အနောက်ဈေးဟောင်းလမ်း၊ ဗဟန်း၊ ရန်ကုန်
Phone & Viber 09 977 273420

မိုးတွင်းဆိုတော့ လုံလုံခြံုခြံုDelivery man တွေကိုလည်း စိတ်မချရဘူး ကိုယ်က ဘယ်လိုလေး သယ်ပါ ဆိုလည်း ကိုယ့်မမြင်ကွယ်ရာ ဘူးတ...
05/06/2025

မိုးတွင်းဆိုတော့ လုံလုံခြံုခြံု
Delivery man တွေကိုလည်း စိတ်မချရဘူး ကိုယ်က ဘယ်လိုလေး သယ်ပါ ဆိုလည်း ကိုယ့်မမြင်ကွယ်ရာ ဘူးတွေကို ပိပြားတာရယ် မိုးရေစိုရွှဲရတာရယ်ကြောင့်
ကိုယ့် ကာကာတွေ ကို စိတ်မညစ်စေချင် 😌

ကာလသားရောဂါ တဖြစ်လည်း Syphilis🌐 ကာလသားရောဂါဆိုတာ ဘာလဲ?🗺️ ကာလသားရောဂါဆိုတာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးပါ။ သေချာကု...
05/06/2025

ကာလသားရောဂါ တဖြစ်လည်း Syphilis

🌐 ကာလသားရောဂါဆိုတာ ဘာလဲ?

🗺️ ကာလသားရောဂါဆိုတာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးပါ။ သေချာကုသမှုမခံယူရင် နောက်ဆက်တွဲပြဿနာများပြီး ပြင်းထန်ပါတယ်။

🌐 ဘယ်လိုကူးစက်နိုင်ပါသလဲ?

🗺️ Syphilis အနာနဲ့ ပုံမှန်လိင်ဆက်ဆံစဉ်/ စအိုလမ်းကြောင်းသုံးစဉ်/ပါးစပ်ကိုသုံးစဉ် (vaginal/anal/oral) ထိစပ်မိပါက ကူးနိုင်ပါတယ်။

👌ဒါတွေကြောင့်တော့ မကူးပါဘူး…

– အိမ်သာကမုတ်

– တံခါးလက်ကိုင်

– ရေကူးကန်

– ရေချိုးကန်

– ရေပူကန်

– အ၀တ်အစားနဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာတွေကနေတော့ မကူးပါဘူး။

🌐 ကိုယ့်ကို Syphilis မကူးအောင် ဘယ်လိုကာကွယ်လို့ရမလဲ?

🗺️ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါတွေကို ၁၀၀%ကာကွယ်ချင်ရင်တော့ ဘယ်နည်းနဲ့မှ လိင်မဆက်ဆံပါနဲ့။

တကယ်လို့ ကိုယ်က sexually activeဆိုရင်တော့ အောက်ပါဖော်ပြထားတာလေးတွေ လိုက်နာနိုင်ရင် ကူးနိုင်​ချေ လျော့ချနိုင်မှာပါ။

(၁) ကာလသားရောဂါ စစ်ဆေးပြီး ရောဂါမရှိသော အဖော်နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးရင်

(၂) လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရင်

ကွန်ဒုံးသုံးခြင်းက syphilis အနာကနေ ကာလသားရောဂါ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် တချို့ ကွန်ဒုံးနဲ့ မကာကွယ်မိတဲ့ syphilis အနာနဲ့ ထိမိရင်တော့ ကူးနိုင်ပါတယ်။

🌐 ကိုယ်က ဘယ်လို အနေအထားတွေမှာ syphilis ကူးနိုင်တဲ့ အလားအလာရှိပါလဲ?

🗺️ ကာလသားရောဂါပိုးရှိသော အဖော်နဲ့ ကွန်ဒုံးမသုံးဘဲ တစ်နည်းနည်းနဲ့ လိင်ဆက်ဆံရင် (vaginal/anal or oral) ကူးနိုင်ပါတယ်။

👉 တကယ်လို့ ကိုယ်က sexually active ဖြစ်ရင် ဆရာ၀န် သို့ ကျန်းမာရေး ၀န်ထမ်းကို ပွင့်ပွင့်လင်းလင်းပြောပြပြီး မိမိမှာ ကာလသားရောဂါနဲ့ အခြား လိင်မှတ‌စ်ဆင့်ကူးစက်တတ်သောရောဂါပိုးတွေ ရှိမရှိ စစ်ဖို့ လိုမလို တိုင်ပင်ပါ၊ မေးပါ။

👉တကယ်လို့ ကိုယ်က sexually active ဖြစ်ပြီး

– လိင်တူ ဆက်ဆံရင် (သို့) လိင်နှစ်မျိုးလုံး ဆက်ဆံရင်

– HIV ပိုးရှိရင်

– HIV မကူးအောင် လိင်မဆက်ဆံခင်တိုင်း ကာကွယ်ဆေး (PrEP-pre exposure prophylaxis) သောက်နေရင်

– ကာလသားရောဂါပိုးရှိတဲ့ အဖော်ရှိနေရင် –> ကာလသားရောဂါပိုးကို ပုံမှန်စစ်သင့်ပါတယ်။

ကိုယ်၀န်ဆောင်တိုင်းလည်း ပထမဆုံးအကြိမ် ဗိုက်အပ်တဲ့အခါမှာ ကာလသားရောဂါရှိမရှိ စစ်သင့်ပါတယ်။ လိုအပ်ရင် ကိုယ်၀န် (၂၈) ပါတ်နဲ့ မွေးတဲ့အချိန်မှာ ထပ်စစ်သင့်ပါတယ်။

🌐 ကိုယ်၀န်ဆောင်မိခင်တွေ အနေနဲ့ ကာလသားရောဂါက မိမိတို့ရင်သွေးကို ဘယ်လို ဆိုးကျိုးဖြစ်စေနိုင်လဲ သိပါရစေ။

🗺️ မိခင်မှာ ကာလသားရောဂါရှိရင် ကလေးကို ကူးနိုင်ပါတယ်။ ပေါင်မပြည့် ကလေးလေးမွေးနိုင်ပါတယ်။ လမစေ့ဘဲ စောမွေးနိုင်ပါတယ်။ ကလေး အသေလေး မွေးနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အပ်ကတည်းက ကာလသားရောဂါရှိမရှိ စစ်သင့်ပါတယ်။ ရှိရင် ကုသမှုခံယူသင့်ပါတယ်။

ကလေးကို ကူးခဲ့ရင်လည်း မွေးမွေးချင်း လက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။ အဲတာကို ပေါ့ဆပြီး ကလေးကိုထိရောက်တဲ့ ကုသမှု မပေးခဲ့ရင် ရက်သတ္တပါတ်အနည်းငယ်အကြာမှာ ကလေးအတွက် ဆိုးဆိုးဝါးဝါးပြဿနာပေးလာနိုင်ပါတယ်။ တချို့ဆို မျက်စိတိမ်စွဲတာ၊ နားမကြားတော့တာ၊ အတက်ရောဂါ (သို့) အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။

🌐 ဒါဆို ကာလသားရောဂါဖြစ်ရင် ဘယ်လိုတွေခံစားရနိုင်ပါသလဲ?

🗺️ ကာလသားရောဂါက ရောဂါဖြစ်စဉ် အဆင့်ဆင့်ရှိပါတယ်။ ပထမအဆင့် (primary)၊ ဒုတိယ အဆင့်( secondary) ၊ ရောဂါခဏငုပ်သောအဆင့်( latent) ၊ တတိယအဆင့် (tertiary) ဆိုပြီး ရှိပါတယ်။

🌍ပထမအဆင့်(primary syphilis)

ပထမအဆင့်မှာတော့ ကိုယ်ကူးတဲ့နေရာမှာ အနာဖြစ်တာပါ။ တစ်ခုထဲဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- အမျိုးသားအင်္ဂါ(pen*s)၊ အမျိုးသမီး အင်္ဂါ(vagina)၊ စအို (anus)၊ အူမကြီး (rectum)၊ နှုတ်ခမ်း (lips)၊ ပါးစပ် (mouth) စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။

အနာတွေက အများအားဖြင့် နည်းနည်း မာတာတာ၊ ခပ်ဝိုင်းဝိုင်းနဲ့ မနာတတ်ပါဘူး။ မနာတတ်တော့ သတိမထားမိတတ်ပါဘူး။ အဲဒီအနာတွေက ဆေးကုသည်ဖြစ်စေ မကုသည်ဖြစ်စေ ‌၃-၆ပါတ်အတွင်းကျက်ပါတယ်။ အနာပျောက်သွားရင်တောင် ကုသမှု ဆက်လက်ခံယူရမှာပါ။

အဲလိုကုသမှသာ ဒုတိယအဆင့်ကို ဆက်မကူးမှာဖြစ်ပါတယ်။

🌍 ဒုတိယအဆင့် (secondary syphilis)

ဒုတိယအဆင့် ရောက်ရင်တော့ အရေပြားမှာ အနီကွက်တွေ၊ ပါးစပ်၊ မိန်းမကိုယ်နဲ့ စအိုမှာ အနာတွေ ဖြစ်တတ်ပါတယ်။ ဒီအဆင့်က အထူးသဖြင့် အနီကွက်၊ အနီပြင်တွေ ခန္ဓာကိုယ်မှာ ပေါ်လာတာပါ။

ပထမအဆင့်အနာတွေ သက်သာသာချင်း (သို့) သက်သာပြီး ရက်သတ္တပါတ်အတော်ကြာမှာ ပေါ်လာတတ်ပါတယ်။ အဲဒီ အနီပြင်တွေက ထူးထူးခြားခြား ခြေဖဝါး၊ လက်ဖဝါးမှာ ပေါ်တတ်ပါတယ်။ ကြည့်ရင် အနီ သို့ နီညိုရောင်၊ ခပ်ကြမ်းကြမ်း ပုံပေါ်ပါတယ်။ အဲ့အနီပြင်တွေက allergic ကြောင့်ဖြစ်တဲ့အနီပြင်တွေလို မယားပါဘူး။ တစ်ခါတလေ ခပ်မှိန်မှိန်ပဲမို့ သတိမထားမိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအနီပြင်တွေပေါ်တာအပြင် အောက်ပါ လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။

– ဖျားတယ်
– အကျိတ်တွေကြီးတယ်
– လည်ချောင်းနာတယ်
– အမွှေးတွေ ကျွတ်တတ်တယ်
– ခေါင်းကိုက်တတ်တယ်
– ပိန်သွားတယ်
– ကြွက်သားတွေနာတယ်
– နုံးတယ်

ကုသမှုသေချာခံယူရင်တော့ ဒီလက္ခဏာတွေသက်သာပြီး ပျောက်ကင်းသွားမှာပါ။ သေချာကုသမှုမခံရင်တော့ ခု ဒုတိယအဆင့်ကနေ ရောဂါငုပ်တဲ့အဆင့် ၊ ပြီးတော့ တတိယအဆင့်ကို ဆက်ကူးသွားမှာပါ။

🌍 ရောဂါငုပ်တဲ့ အဆင့် (latent stage)

ဒီအဆင့်ကတော့ရောဂါငုပ်နေပြီး ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဆေးကုသမှုမခံယူရင်တော့ ကာလသားရောဂါပိုးဟာ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲ ဆက်ရှိနေတော့မှာပါ။

🌍တတိယအဆင့် ( tertiary syphilis)

ကုသမှု မခံယူထားရင်တောင် ကာလသားရောဂါလူနာအများစုက တတိယအဆင့်ကို မပြောင်းတတ်ပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ပြီဆိုရင်တော့ နှလုံး၊ သွေးကြော၊ ဦးနှောက်နဲ့ အာရုံကြော‌တွေပါ ထိနိုင်ပါတယ်။

ဒီတတိယအဆင့်ကာလသားရောဂါက ပြင်းထန်ပါတယ်။ ကာလသားရောဂါကူးပြီး ၁၀နှစ်ကနေ အနှစ်၃၀ အတွင်း ဖြစ်တတ်ပါတယ်။ သူထိခိုက်စေတဲ့ ကိုယ်အင်္ဂါတွေကိုပျက်စီးစေပြီး အသက်သေစေနိုင်ပါတယ်။ ဆရာ၀န်တွေက ဒါဟာ တတိယအဆင့်ကာလသားရောဂါဆိုတာကို စစ်ဆေးမှုတွေအပြီးမှာ သိရှိနိုင်ပါတယ်။

အထက်ပါ မည်သည့်အဆင့်မှာမဆို ပြနိုင်တဲ့ ကာလသားရောဂါရဲ့အဖြစ်များတဲ့ လက္ခဏာတွေကဝောာ့

👉ဦးနှောက်နဲ့ အာရုံကြော‌ထိသောကာလသားရောဂါ (Neurosyphilis)

– ခေါင်းအရမ်းကိုက်
– ကြွက်သားအားနည်း၊ လှုပ်ရှားမှုအားနည်း
– အာရုံမစိုက်နိုင်၊ အာရုံထွေပြား၊ မှတ်ဉာဏ်တွေမကောင်းတို့ ဖြစ်နိုင်ပါတယ်။

👉မျက်စိထိသော ကာလသားရောဂါ (ocular syphilis)

– မျက်လုံးအောင့်၊ နီ
– အမြင်အာရုံ ပြောင်းသွား (သို့) မမြင်ရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

👉 နားထိသော ကာလသားရောဂါ (otosyphilis)

– အကြားအာရုံပျောက်ဆုံးသွားမယ်
– နားထဲ အသံတေ ညံစီနေမယ် (tinnitus)
– မူးဝေမယ်၊ ချာချာလည်အောင်မူးမယ် စသဖြင့် ခံစားရနိုင်ပါတယ်။

🌐 ကာလသားရောဂါရှိတာ ဘယ်လိုသိနိုင်မလဲ?

🗺️အများစုကတော့ သွေးစစ်(VDRL, TPHA) ပြီး သိနိုင်ပါတယ်။ အချို့ကတော့ အနာက သားငန်ရည်ကိုယူပြီးစစ်ကြပါတယ်။

🌐 ကာလသားရောဂါက ကုလို့ပျောက်ပါသလား?

🗺️ ကာလသားရောဂါဟာ ကျန်းမာရေး၀န်ထမ်းက ညွှန်ကြားထားတဲ့အတိုင်း မှန်ကန်ထိရောက်တဲ့ပိုးသတ်ဆေးကို သေချာသောက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ပိုးကြောင့်ဖြစ်တဲ့ အနာ၊ ကိုယ်အင်္ဂါကိုတော့ အကောင်းအတိုင်းပြန်မဖြစ်စေနိုင်ပါဘူး။

🌐 တစ်ခါ အပျောက်ကုပြီးရင် ထပ်ဖြစ်နိုင်ပါသလား?

🗺️ ကာလသားရောဂါတစ်ခါဖြစ်ဖူးရုံနဲ့ နောက်ထပ်မဖြစ်အောင် ခုခံအား မပေါ်သလို၊ တစ်ခါအပျောက်ကုပြီးလည်း မဆင်ခြင်ရင် ထပ်ဖြစ်နိုင်ပါတယ်။ ရောဂါရှိမရှိကတော့ စစ်ဆေးမှ သေချာသိမှာပါ။ ရောဂါပျောက်ကင်းမှုရှိမရှိကလည်း ဆရာ၀န်ညွှန်ကြားထားတဲ့အတိုင်း ပြန်စစ်ဖို့ လိုပါတယ်။

ခြုံငုံ အကြံပြုရရင် မိမိအတူနေအဖော်မှာ ကာလသားရောဂါရှိ/မရှိက မသိသာပါဘူး၊ အနာတွေရှိမရှိဆိုတာကလည်း တစ်ခါတလေ မြင်ရခဲပါတယ်။ ဒါကြောင့် မိမိအတူနေအဖော်က ကာလသားရောဂါရှိ/မရှိ မစစ်ဘူး (သို့) ကုသမှုမခံယူထားဘူးဆိုရင် မိမိမှာ နောက်တကြိမ် ထပ်ဖြစ်နိုင်ပါတယ်။ တစ်ယောက်ဖြစ်ရင် နှစ်ယောက်လုံးစစ်ပါ။ ရှိရင် သေချာကုပါ ပျောက်ပါတယ်လို့ ပြောကြားလိုပါတယ်။

Crd

အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်းFunctional Dyspepsia ကို အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်းရောဂါလို့...
04/06/2025

အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်း

Functional Dyspepsia ကို အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်ခြင်းရောဂါလို့ မြန်မာပြန်ရင် သင့်တော်ပါမယ်။ တော်တော် အဖြစ်များတဲ့ ဗိုက်အောင့်ရောဂါတစ်မျိုးပါ။

⚛ ဘယ်လောက်အဖြစ်များလဲ
နာတာရှည် (၃ လကျော်) ဗိုက်မကြာခဏအောင့်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီရောဂါကြောင့် ဖြစ်တာ တွေ့ရပါတယ်။
လူတစ်ရာမှာ ၇ ယောက်လောက် ခံစားနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်

⚛ ရောဂါသဘော
အစာအိမ်ရောင်ရမ်းခြင်း၊ ပွန်းပဲ့ခြင်း၊ အနာဖြစ်ခြင်း ကဲ့သို့ Organic ပြဿနာ မရှိပဲ ဗိုက်အောင့်တဲ့ ရောဂါမို့လို့ Functional Dyspepsia လို့ ခေါ်တာပါ။ Non-Ulcer Dyspepsia လို့လဲ သိကြပါတယ်။
စားလိုက်ရင် ပုံမှန် အစာအိမ်က ချဲ့ပေးပြီး အစာကိုလက်ခံ ချေဖျက်ပေးဖို့ လုပ်တယ်။
ဒီရောဂါမှာ အစာအိမ်ရဲ့တုံ့ပြန်မှုမမှန်ဘူး ချဲ့ပေးသင့်တာကို ချဲ့မပေးဘူး၊ အစာချေဖျက် စီးဆင်းမှုလည်း နှေးသွားတတ်တယ်။
အစာအိမ်ချဲ့ပေးတာကိုလည်း Sensitive ဖြစ်ပြီး အောင့်သလို ခံစားရစေတယ်။
မတည့်တဲ့ အစားအသောက်တစ်ချို့ စားမိရင်လည်း အစာအိမ်တုံ့ပြန်မှုလွန်ကဲလို့ ဗိုက်အောင့်တယ်။
စိတ်ပူပန်လွန်းခြင်း၊ စိတ်ဓာတ်ကျခြင်း ပြဿနာတွေကြောင့်လည်း အစာအိမ်တုံ့ပြန်မှုမမှန် ဖြစ်တယ်။

⚛ လက္ခဏာ

အုပ်စု (၂) ခုရှိတယ်၊ တွဲပြီးလည်း ဖြစ်နိုင်တယ်
ပုံမှန်အလုပ်ကို လုပ်ရခက်လောက်အောင် ဆိုးမယ်။
(၁) နည်းနည်းစားရုံနဲ့ ရင်ပြည့်ခြင်း၊ စားပြီး ဗိုက်တင်းကယ်နေခြင်း
(၂) ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ ပူလောင်ခြင်း
ဗိုက်တွင်းလေများနေခြင်း၊ လေတက်ခြင်း၊ ပျို့ခြင်း လည်း တွဲဖြစ်နိုင်ပါတယ်။

ရင်ပူပြီး လေချဉ်မကြာခဏတက်ရင်တော့ စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်ခြေများတယ်။

⚛ မေးမြန်းစမ်းသပ်၊ စစ်ဆေးခြင်း
ခံစားရတဲ့ လက္ခဏာတွေနဲ့ ရောဂါရာဇဝင်ကို သေချာမေးကြည့်ရင် အများစုမှာ ရောဂါမှန်ကို ခန့်မှန်းနိုင်ပါတယ်။
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ တိုင်ပင်နိုင်ရင်တော့ ပိုကောင်းပါတယ်။
အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးများ သောက်နေခြင်း၊ သည်းခြေအိတ်၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါတွေကြောင့်လည်း ဗိုက်အောင့်နိုင်လို့ ထည့်စဉ်းစားရပါမယ်။

ဗိုက်အောင့်သူက အသက် (၅၀) ကျော်ရင်တော့ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်း ကြည့်ဖို့ တိုက်တွန်းပါတယ်။
အောက်ပါအချက်တစ်ခုခုပါ ရှိရင်တော့ ဘယ်အသက်အရွယ်ဖြစ်ဖြစ် မှန်ပြောင်း ကြည့်ဖို့ လိုပါတယ်
သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ မကြာခဏအန်ခြင်း၊ အစာမျိုချရခက်ခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ဗိုက်တွင်အလုံးအကျိတ်စမ်းမိခြင်း၊ သွေးစစ်ဆေးမှုတွင် သွေးအားနည်းနေခြင်း၊ မိသားစုရင်းများတွင် အစာအိမ်ကင်ဆာဖြစ်ဖူးခြင်း။

ပထမ မှန်ပြောင်းကြည့်သင့်တဲ့အချက်တွေ မရှိလို့ မကြည့်ပဲ တစ်လကျော် နှစ်လလောက် ကုသပြီး မသက်သာရင်လည်း အစာအိမ်မှန်ပြောင်းကြည့်ဖို့ လိုအပ်ပါတယ်။

⚛ အစာအိမ်ပိုးစစ်ဆေးခြင်း
မကြာခဏ ဗိုက်အောင့်တဲ့သူတိုင်း အစာအိမ်ပိုးရှိသလား စစ်သင့်ပါတယ်။ လေမှုတ်စစ်ဆေးခြင်း၊ မှန်ပြောင်းကြည့်ချိန် အသားစယူစစ်ဆေးခြင်းနဲ့ ဝမ်းစစ်ဆေးခြင်း လုပ်နိုင်ပါတယ်။
ပိုးရှိရင် ပျောက်အောင်ကုရပါမယ်။ အစာအိမ်တုံ့ပြန်မှုမမှန်လို့ ဗိုက်အောင့်တဲ့ရောဂါမှာ အစာအိမ်ပိုးရှိလို့ ကုပြီးရင် သက်သာသွားတဲ့ သူ တစ်ဝက်ခန့်အထိ ရှိပါတယ်။

⚛ ကုသခြင်း
အစာအိမ်တုံ့ပြန်မှုမမှန်လို့ ဗိုက်အောင့်တဲ့ရောဂါက စိတ်ခံစားမှု၊ အစားအသောက်၊ အနေအထိုင်နဲ့ ဆက်နွယ်နေလို့ ကုသရတာ မရိုးရှင်းပါဘူး၊ ပျောက်ပြီးရင်လည်း ပြန်ဖြစ်နိုင်ပါတယ်။
စိတ်မညစ်ပါနဲ့ လူနာဖက်က ဆောင်ရန်၊ ရှောင်ရန်တွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။
ကုသမှု၊ တုံ့ပြန်မှုအပေါ်မူတည်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ချိန်ညှိပေးတဲ့ ဆေးတွေနဲ့ သက်သာတဲ့ လူနာတွေ အများကြီးရှိပါတယ်။
လူနာနဲ့သင့်တော်မဲ့ ဆေးအရေအတွက်၊ ပမာဏကို အတိုးအလျှော့ လုပ်ပေးဖို့ လိုပါတယ်။
ပထမအဆင့် ဆေးပေးလို့ မသက်သာရင် နောက်ထပ် ထပ်ပေးသင့်တဲ့ ဆေးတွေရှိလို့ အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်နဲ့ ပြန်တိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

တစ်ခါပြပြီးပြီ မသက်သာပါဘူး အဲ့ဆရာနဲ့ ပြန်မပြတော့ဘူးဆိုတာ ဒီရောဂါအတွက် မမှန်ပါဘူး။

⚛ တတ်နိုင်သလောက်ရှောင်ရန်
(၁) အဆီများသောအစားသောက်များ (အစာအိမ်လှုပ်ရှားမှုနှေးစေ)
(၂) စားလိုက်တိုင်းဗိုက်အောင့်စေသော အစားအသောက်များ
(တစ်ဦးနဲ့တစ်ဦးမတူပါ အကုန်ရှောင်ဖို့ မလိုပါ။ ဥပမာ Gas များသော ဖျော်ရည်များ၊ ကောက်ညှင်း၊ နို့အမျိုးမျိုး၊ ကြက်သွန်နီ/ဖြူ၊ ဂေါ်ဖီ စသည့်၊ တော်တော်ကြာသက်သာလာရင် တစ်ခုချင်းစီ ပြန်စားကြည့်နိုင်ပါတယ်။ စားတိုင်းဖြစ်ရင်တော့ ရေရှည်ရှောင်ရပါမယ်)
အူလမ်းကြောင်းလှုပ်ရှားမှုမမှန်လို့ ဖြစ်တဲ့ IBS ရောဂါပါ တွဲရှိနေရင် တစ်ချို့အစားအသောက်အုပ်စုကို ၂ လလောက် ရှောင်ခြင်းက ပိုအကျိုးရှိပါတယ်။ အဲ့အကြောင်း သီးသန့်ရေးပေးပါဦးမယ်။
(၃) အရက်၊ ကော်ဖီ သိပ်မသောက်သင့်ပါ၊ ဆေးလိပ်လည်း ဖြတ်သင့်ပါတယ်

⚛ ဆောင်ရန်
(၁) တစ်ခါစားလျှင် နည်းနည်းပဲစားပါ၊ လိုအပ်ရင် တစ်ရက် ၅ ကြိမ်ခန့် ခွဲစားပါ
(၂) အစားအသောက် အချိန်မှန် စားပါ
(၃) စိတ်ဖိစီးမှု လျှော့ချနိုင်အောင် ကြိုးစားပါ (တရားထိုင်ခြင်း၊ ဝါသနာပါရာ အာရုံစူးစိုက်ခြင်း)
(၄) အိပ်ရေးဝအောင်အိပ်ပါ (တစ်ရက် အနည်းဆုံး ၇ နာရီ)
(၅) ချွေးထွက်စေသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ရက် ၁၅ မိနစ်၊ နာရီဝက်ခန့် ပုံမှန် လုပ်ပေးပါ

⚛ သက်သာစေသောဆေးများ
အစာအိမ်အက်ဆစ်ဓာတ်လျော့ကျစေသောဆေးများ
အစာအိမ်ပိုးရှိရင် ကုသခြင်း
စိတ်ဓာတ်ကျ၊ စိတ်ပူပန်မှုကို သက်သာအောင် ဆွေးနွေးပေးခြင်းနှင့် ထိန်းသောဆေးများ (စိတ်ဓာတ်ကျမခံစားနေရရင်တောင် အဲ့ဆေးပေးရင် ဗိုက်အောင့်သက်သာတာ ခိုင်ခိုင်မာမာတွေ့ရပါတယ်)
အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုအားပေးသောဆေးများ

အစာအိမ်အူလမ်းကြောင်းပိုးမွှားတွေ အပြောင်းအလဲဖြစ်တာကလည်း အစာအိမ်တုံ့ပြန်မှုမမှန်လို့ဗိုက်အောင့်တဲ့ရောဂါမှာ တစ်ချက်ပါဝင်တာကြောင့် Probiotics လို့ခေါ်တဲ့ အကျိုးပြုပိုးမွှားတွေ ပြန်ဖြည့်တဲ့ ဆေးတွေက တစ်ချို့လူနာတွေမှာ ဗိုက်အောင့်သက်သာစေတာ တွေ့ရပါတယ်။
ပြန်ဖြည့်သင့်တဲ့ ပိုးအမျိုးအစား အရေအတွက် တိတိကျကျ မသိကြသေးလို့ လူတိုင်းသောက်ဖို့တော့ မတိုက်တွန်းပါဘူး။

Reference
UpToDate, ACG, BSG, APAGE & Thailand Guidelines

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်

ကျွမ်းကျင်တဲ့ သမားတော်နဲ့ ဖုန်း သို့မဟုတ် Viber call မှတစ်ဆင့် တိုင်ပင် ဆွေးနွေးချင်ရင်ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ဆေးဝယ်ထားချင်တဲ့ ဆရာဝန် ဆရာ/ဆရာမများလည်း ဆက်သွယ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတတိုးပြီး ဗိုက်အောင့်ခြင်းဝေဒနာ ကင်းဝေးကြပါစေ

ERCP မုန့်ချိုအိတ်နှင့်သည်းခြေလမ်းကြောင်းပုံရိပ်ဖော်မှန်ပြောင်း ကြည့်ရှုကုသပေးခြင်း~~~~~~~~~~~~~~~~~~~~Endoscopic Retrog...
03/06/2025

ERCP မုန့်ချိုအိတ်နှင့်သည်းခြေလမ်းကြောင်းပုံရိပ်ဖော်မှန်ပြောင်း ကြည့်ရှုကုသပေးခြင်း
~~~~~~~~~~~~~~~~~~~~
Endoscopic Retrograde Cholangiopancreatography (ERCP) ဆိုတဲ့ မုန့်ချိုအိတ် (ပန်ကရိယ) နှင့်သည်းခြေလမ်းကြောင်းပုံရိပ်ဖော်မှန်ပြောင်း အသုံးပြုပြီး သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်လမ်းကြောင်းမှာ ဖြစ်တဲ့ ရောဂါတွေကို ထိထိရောက်ရောက် ကုသပေးနိုင်ကြောင်း သိတဲ့သူ နည်းမယ်ထင်ပါတယ်။

အထူးသဖြင့် သည်းခြေလမ်းကြောင်း ကျောက်တွေ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းတာ၊ လမ်းကြောင်းပိတ်တာ၊ လမ်းကြောင်းကျဉ်းတာ၊
မုန့်ချိုအိတ် လမ်းကြောင်း ကျောက်တွေ၊ လမ်းကြောင်းကျဉ်းတာ၊ ရောင်ရမ်းပြီး ဖြစ်လာတဲ့ လမ်းကြောင်းနဲ့ဆက်နေတဲ့ အရည်အိတ်တွေကို အထိရောက်ဆုံး ကုသပေးနိုင်ပါတယ်။

ပုံမှန် အစာအိမ်မှန်ပြောင်းကြည့်သလိုပဲ ပါးစပ်ကနေ အူသိမ်မှန်ပြောင်း (Duodenoscope) ထည့်တယ်၊ သည်းခြေလမ်းကြောင်းက အူသိမ်မှာ လာဆက်တဲ့နေရာ (Ampulla) ရဲ့ အပေါက်လေးထဲကို ဝိုင်ယာနဲ့အထူးပိုက်လေးသုံးပြီး ဝင်အောင်သွင်း၊ ဓာတ်မှန်ရိုက်ရင်ပေါ်စေတဲ့ ဆေး (Contrast) ထိုးသွင်းပြီး လမ်းကြောင်းတွေကို ပုံရိပ်ဖော်ပြီး သည်းခြေလမ်းကြောင်း ကျောက်တွေ၊ လမ်းကြောင်းကျဉ်းတာတွေ၊ မုန့်ချိုအိတ်ရောဂါတွေကို ကုသပေးတာပါ။ ဗိုက်ကို အပေါက်ဖောက်စရာ၊ ခွဲစိတ်စရာ မလိုပါဘူး။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွေက အစာအိမ်အူလမ်းကြောင်းအထူးကုဌာနတွေမှာ ကုသပေးနိုင်ပါတယ်။ လူနာအရေအတွက်များလို့ စောင့်ရတာတော့ ရှိနိုင်ပါတယ်။

ပုဂ္ဂလိကဆေးရုံကြီးတွေမှာ မြန်မြန်ဆန်ဆန် ကုသချင်ရင်တော့ ရန်ကုန်က ဆေးရုံ၊ ဆေးခန်း (၃) နေရာလောက်မှာပဲ ကုသပေးနိုင်တာ တွေ့ရပါတယ်။ အကြမ်းဖျင်းကုန်ကျစားရိတ် သိန်း ၃၀ ဝန်းကျင် လောက် ပေးရပါတယ်။

အကျိုးကျေးဇူးများတဲ့ ကုသမှုဖြစ်ပေမဲ့၊ ကုသမှုတွေရဲ့ သဘာဝ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ အစာအိမ်အူလမ်းကြောင်းအထူးကုဆရာဝန်နဲ့ သေချာ ဆွေးနွေးတိုင်ပင်ပြီး ကုသပေးရတာ ဖြစ်ပါတယ်။

ကျန်းမာပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

သည်းခြေလမ်းကြောင်းကျောက်သည်းခြေအိတ်ထဲက ကျောက်က လက္ခဏာမပြပဲ ရှိနေနိုင်ပေမဲ့ သည်းခြေလမ်းကြောင်းထဲ ကျောက်ကျပြီး ပိတ်ဆို့မှု...
01/06/2025

သည်းခြေလမ်းကြောင်းကျောက်
သည်းခြေအိတ်ထဲက ကျောက်က လက္ခဏာမပြပဲ ရှိနေနိုင်ပေမဲ့ သည်းခြေလမ်းကြောင်းထဲ ကျောက်ကျပြီး ပိတ်ဆို့မှု/ရောင်ရမ်းမှု ဖြစ်လာရင် ဗိုက်အလွန်အောင့်၊ အသားဝါ၊ ဖျား၊ အန်တာတွေ ဖြစ်လာနိုင်ပါတယ်။
သည်းခြေလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကျောက် အရွယ်အစားပေါ်မူတည်ပြီး ERCP အူသိမ်မှန်ပြောင်းကတစ်ဆင့် သည်းခြေလမ်းကြောင်းကျောက်ကို ဆွဲဖယ်ထုတ်ခြင်း၊ လမ်းကြောင်းပွင့်နေအောင် ထောက်ပြွန်ထည့်ပေးခြင်းနည်းစနစ်တွေနဲ့ ကုသပေးနိုင်ပါတယ်။ ကျောက်အရမ်းကြီးနေတယ်၊ သည်းခြေလမ်းကြောင်းထဲကို ဝင်လို့မရအောင်ပိတ်နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ခွဲစိတ်ပါရဂူနဲ့ တိုင်ပင်ပြီး ကုသရပါမယ်။
Ursodeoxycholic acid 10-15 mg/kg/day ကျောက်ပျော်ဆေး ပုံမှန်သောက်နေခြင်းက လူနာအများစုမှာ အကျိုးရှိပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

HIV နောက်ဆက်တွဲ P*P ရောဂါခုခံအားကျဆင်းမူရောဂါပိုး(HIV)ကူးစက်ခံရပြီနောက် လူနာများသည် မိမိပတ်ဝန်းကျင်တွင် အထင်မြင်မှားအရှက...
30/05/2025

HIV နောက်ဆက်တွဲ P*P ရောဂါ

ခုခံအားကျဆင်းမူရောဂါပိုး(HIV)ကူးစက်ခံရပြီနောက် လူနာများသည် မိမိပတ်ဝန်းကျင်တွင် အထင်မြင်မှားအရှက်ရမည်ကိုစိုးရိမ်သောကြောင့် ဆေးဝါးကုသရန်ငြင်းဆန်ပြီးပုန်းေရှောင်နေတတ်ပါတယ်။ယခုခေတ်ကာလတွင် ART လို့ခေါ်တဲ့ဆေးဝါးဖြင့်အချိန်မီကုသမူခံယူလျှင် လူ့သက်တမ်းစေ့နေနိုင်သည်ကိုလည်း လစ်လျူရူထားတတ်ကြပါတယ်။ထိုအခါ ခုခံအားကျဆင်းသည့်ပိုးကူးစက်ခံရသူသည် နောက်ဆက်တွဲဆိုးကျိုးဆက်အနေဖြင့် ရောဂါပိုးများ(Oppotunistic infection)ကူးစက်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ခံစားရနိုင်ပါတယ်။

အထက်ဖော်ပြပါ ရောဂါများအနက် အဆုတ်ရောင်အဆုတ်ပွရောဂါလို့ခေါ်တဲ့ P*P ရောဂါသည်လည်းအဆိုးဝါးဆုံးသောဝေဒနာတစ်ခုဖြစ်ပါတယ်။အဆုတ်ရောင်အဆုတ်ပွရောဂါသည်အဆုတ်ကိုပွစေပြီရေဖြင့်ပြည့်နေတတ်ပါတယ်။လေထဲမှတဆင့် ဝင်ရောက်လာသော Pneumocystis jiroveci မိူပိုးကူးစက်မူကြောင့်ဖြစ်စေပါတယ်။

P*Pရောဂါသည် ကုသရန်ခက်သလိုမကူးစက်အောင်ကာကွယ်ရန်လည်းခက်ခဲပါတယ်။ကိုယ်ခံအားကောင်းမွန်သောကျန်းမာသည့်လူအတွက် ရောဂါတိုက်ထုတ်ရန်လွယ်သော်လည်း ခုခံအားကျဆင်းသည့်ပိုူးရှိသူအတွက်က လုံးဝမလွယ်ကူသောရောဂါပါ။
ကိုယ်အင်္ဂါအစားထိုးကုသသူ။သွေးကင်ဆာခံစားရသူ။မွေးရာပါရောဂါဝေဒနာရှင်များတွင်ဖြစ်ပါကလည်း ကုသမူခက်ခဲပါတယ်။အဆ်ုပါရောဂါသည် အဆုတ်သာမကအကျိတ်။အသည်းနှင့်ရိုးတွင်းချဉ်ဆီတွင်လည်း အချို့လူနာများတွင် သက်ရောက်မူရှိပါတယ်။

P*Pနှင့်HIV လူနာ

ခုခံအားကျဆင်းသောရောဂါပိုးကူးစက်ခံရသူလူနာများရဲ့၄ပုံ၃ပုံသည် ARTဆေးနှင့်ကုသမူမခံယူမှီကပင် P*Pရောဂါပိုးကူးစက်ခံရပြီးဖြစ်နေတတ်တယ်။ARTဆေးနှင့်အခြားကာကွယ်ဆေးများပေါ်ထွက်လာသော်လည်း ခုခံအားနည်းသူများအတွက် ကူးစက်ရောဂါနောက်ဆက်တွဲရောဂါများဖြစ်နေဆဲဖြစ်ပါတယ်။
P*Pရောဂါသည် CD4 count 200အောက်လူနာများတွင် ပိုမိုဖြစ်ပွားမူလွယ်ပါတယ်။ဆေးရုံတက်နေရသောခုခံအားကျဆင်းသည့်ရောဂါရှိသူ ၁၀ယောက်မှာ ၁ယောက်သည်အဆိုပါရောဂါကြောင့်ဆေးရုံတက်ရခြင်းဖြစ်ပါတယ်။ကောင်းမွန်သောကုသမူကိုခံယူရရှိသည့်တ်ုင် လူနာသည်အသက်အန္တရာယ်ထိခိုက်နိုင်ချေအများဆုံးနှင့်ရင်ဆိုင်ရပါတယ်။

(1)လက္ခဏာများ
အစပိုင်းကူးစက်မူလက္ခဏာများမှာ
-အဖျားငွေ့ငွေ့ရှိခြင်း
-ချောင်းခြောက်ဆိုးခြင်း
-အသက်ရှုမဝခြင်း
-အားအင်ကုန်ခမ်းခြင်း
-ရင်ဘတ်အောင့်ခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။

(2)ရောဂါရှာဖွေမူ
ရောဂါပိုးကူးစက်မူကိုရှာဖွေရန် အဆုတ်ကိုဓာတ်မှန်ရိုက်ခြင်း။သွေးဖောက်စစ်ခြင်းစသည်တို့ကိုပြုလုပ်လေ့ရှိပါတယ်။အဆုတ်ထဲမှရေကိုဖောက်ရျ် ဓာတ်ခွဲခန်းပို့စစ်ရောဂါပိုးရှာခြင်း။လိုအပ်လျှင်မှန်ပြောင်းဖြင့်အသားစယူစစ်ဆေးခြင်းစသည်တို့ကိုပြုလုပ်ရောဂါရှာဖွေနိုင်ပါတယ်။

(3)ကုသမူ
ရောဂါကုသမူခံယူရန် ဆေးရုံတက်ရောက်မူခံယူရပါတယ်။လိုအပ်သောပိုးသတ်ဆေးများ ထိုးခြင်း။သောက်ခြင်းအပြင်ကိုယ်ခံအားမြင့်တက်စေရန် ဆေးသွင်းခြင်းများပြုလုပ်ကုသမူခံယူရပါတယ်။အခြားသောရောဂါများကူးစက်မူမခံရစေရန် အစားအသောက်အနေထိုင်ဆင်ခြင်ရျ် ကိုယ်ခံအားတက်စေသောအပြုအမူများကိုအထူးဂရုပြုလိုက်နာဆောင်ရွက်သင့်ပါတယ်။

ထို့ကြောင့် ခုခံအားကျဆင်းသောရောဂါရှိသူများအနေဖြင့် ရောဂါနောက်ဆက်တွဲရောဂါဆိုးဖြစ်သည့် P*P အဆုတ်ရောင်အဆုတ်ပွရောဂါမဖြစ်အောင်ကြိုတင်ရျ် ကိုယ်ခံအားတက်စေသောအပြုအမူနေထိုင်မူနှင့်နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်သေချာတိုင်ပင်ကုသသင့်ပါတယ်။

Crd

ဂနိုရောဂါ ကုသပါ_____________ဂနိုရောဂါ ကို ကာလသားရောဂါလို့ လူသိများပါတယ်။ရောဂါပိုး - နိုက်စီးရီးယား ဂနိုရီးရေး (Neisseria...
30/05/2025

ဂနိုရောဂါ ကုသပါ
_____________
ဂနိုရောဂါ ကို ကာလသားရောဂါလို့ လူသိများပါတယ်။
ရောဂါပိုး - နိုက်စီးရီးယား ဂနိုရီးရေး (Neisseria gonorrhoeae) ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ။
ရောဂါပင်ရင်း - သေချာကုသခြင်း မခံယူထားတဲ့ ကာလသားရောဂါပိုးရှိ အမျိုးသား၊ အမျိုးသမီးများ
ကူးစက်ပုံ - ရောဂါပိုးရှိသူနဲ့ မိန်းမကိုယ်၊ စအို၊ ပါးစပ်တွင်း လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ပါတယ်
ရောဂါလက္ခဏာ
-------------------
အမျိုးသားတွေ ကူးစက်ခံရရင် လိင်ဆက်ဆံပြီး ၂-၁၀ ရက်မှာ လက္ခဏာပြလေ့ရှိပါတယ်။ လိင်တံမှ ပြည်ထွက်ခြင်း၊ ဆီးသွားလျှင် အောင့်ခြင်း နာခြင်း အဖြစ်များပါတယ်။ ဆီးသွားရင် ပူခြင်း အောင့်ခြင်းဖြစ်လို့ ဆီးပူညောင်းကျရောဂါလို့လည်း ခေါ်ပါတယ်။ စအိုနဲ့ လက်ခံ ဆက်ဆံတဲ့ အမျိုးသားတွေမှာတော့ စအိုအောင့်ခြင်း ပြည်ထွက်ခြင်း သွေးထွက်ခြင်း ဖြစ်တတ်ပါတယ်။ ၁၀% လောက်မှာတော့ ရောဂါပိုးရှိပေမယ့် လက္ခဏာ မပြတတ်ပါဘူး။
အမျိုးသမီးတွေ ရောဂါပိုးကူးစက်ခံရရင်တော့ ၈၀% လောက်က လက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာပြတဲ့ အမျိုးသမီးတွေမှာတော့ မိန်းမကိုယ်က အနံ့ဆိုးအရည်ဆင်းခြင်း ဆီးသွားလျှင်အောင့်ခြင်းဖြစ်တတ်ပါတယ်။ ရောဂါပိုးရှိပြီး မကုသထားတဲ့ အမျိုးသမီးတွေမှာ ရောဂါပိုးရဲ့ ရေရှည်တိုက်ခိုက်နေတဲ့ ပြဿနာတွေကြောင့် ၀မ်းဗိုက်တွင်း မျိုးပွားအင်္ဂါတစ်ဝိုက်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ် ကလေးမရနိုင်အောင်ထိ ပြဿနာပေးနိုင်ပါတယ်။
ကလေးရခဲ့ရင်တောင် ကိုယ်ဝန်ဆောင်မိခင်မှာ ကာလသားရောဂါပိုးရှိနေတယ်ဆိုရင် ကလေးကို ရောဂါပိုးကူးပြီး မွေးခါစ ကလေးရဲ့ မျက်လုံးမှာ ပြည်တည်တဲ့ ရောဂါ ဖြစ်နိုင်ခြေရှိလို့ သေချာကုသဖို့လိုပါတယ်။
မကုသမီ
-----------
နီးစပ်ရာ ဆရာဝန်နဲ့ ပြသင့်ပါတယ် ပြည်/အရည် ထွက်တယ်ဆိုရင် အနုကြည့်မှန်ဘီလူးနဲ့ ပိုးပါသလား ကြည့်ရမယ် ပိုးမွေးပြီး ဘယ်ပိုးသေဆေး သုံးသင့်သလဲ စစ်ဆေးလို့ရပါတယ် Nucleic Acid Amplification Test (NAAT) နဲ့လည်း စစ်ဆေးကြည့်နိုင်ပါတယ်။
ဂနိုကာလသားရောဂါက ကလမိုက်ဒီးယား (Chlamydia) ဆိုတဲ့ ရောဂါပိုးနဲ့ ရောပြီး ကူးစက်ခံရတာ အဖြစ်များပါတယ် လိုအပ်ရင် စစ်ဆေးကြည့်ရပါမယ်။
ပိုးသေဆေးတွေကို ဆရာဝန်ညွန်ကြားချက်မပါပဲ စနစ်တကျမသုံးတဲ့ ပြဿနာတွေကြောင့် ကာလသားရောဂါပိုးလည်း ဆေးမတိုးတဲ့ဖြစ်စဉ်တွေ အများကြီးကြုံတွေ့လာရပါတယ်။
ဂနိုရောဂါ ခုလက်ရှိ အထိရောက်ဆုံး ကုသနည်းကတော့ ဆက်ထရီရာဇုန်း (Ceftriaxone) အသားဆေး ၅၀၀ မီလီဂရမ် ထိုးမယ် ပြီးရင် အဇီသရိုမိုင်စင် (Azithromycin) သောက်ဆေး ၁ ဂရမ် သောက်မယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ ထိရောက်တယ်လို့ နိုင်ငံတကာ ကုသနည်း လမ်းညွန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ပိုးမွေးပြီး အထိရောက်ဆုံး ပိုးသေဆေး စမ်းသပ်ပြီးမှ ကုသခြင်းကတော့ အကောင်းဆုံးပါပဲ။
ရောဂါပျောက်သွားပြီလား သေချာသိရအောင် ကုသပြီး တစ်ပတ်အကြာမှာ လိင်တံ/စအို/မိန်းမကိုယ်က ပြည်/အရည်ထွက်သေးရင် ပိုးမွေးကြည့်ရပါမယ်။ Nucleic Acid Amplification Test (NAAT) နဲ့လည်း စစ်ဆေးကြည့်နိုင်ပါတယ်။ ပိုးဆက်ရှိနေသေးရင်တော့ ဘယ်ပိုးသေဆေးသုံးမှ ထိရောက်မလဲ ဆိုတာ သေချာ စစ်ဆေးပြီးမှ ကုသရမှာ ဖြစ်ပါတယ်။
ကာလသား (ဂနို) ရောဂါအကြောင်း ဗဟုသုတ တိုးပွားကြပါစေ။
#ကာလသားရောဂ
Reference: Davidson 23rd Edition 2018, MIMS
ရေးသားသူ ဒေါက်တာ ငြိမ်းကိုဟိန်း
Crd Happy & Healthy Page

လိုတာထက် မပိုသင့်တဲ့ ဗီတာမင်----------မျှတတဲ့ အသီးအရွက်၊ သားငါး ကို လုံလောက်အောင် စားသုံးခြင်းက အကောင်းဆုံးပါပဲ။အားဆေးသေ...
29/05/2025

လိုတာထက် မပိုသင့်တဲ့ ဗီတာမင်
----------

မျှတတဲ့ အသီးအရွက်၊ သားငါး ကို လုံလောက်အောင် စားသုံးခြင်းက အကောင်းဆုံးပါပဲ။

အားဆေးသောက်တယ် အားဆေးသောက်တယ် ဆိုတာ ကောင်းတယ်လို့ပဲ ထင်ကြမှာစိုးလို့ သတိပေးချင်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပမာဏထက်ပိုပြီး ဗီတာမင်တွေ ရေရှည်သောက်နေမယ်ဆိုရင် အဲဒီ ဗီတာမင်တွေ ကြောင့် ရောဂါဖြစ်နိုင်ပါတယ် (Hypervitaminosis) လို့ခေါ်ပါတယ်။
(အသေးစိတ် ထပ်ရေးပေးပါဦးမယ်)

စာဖတ်ရသူတိုင်း အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိကြပါစေခင်ဗျာ

ရေးသားသူ ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy page

အရေပြားလေးဖက်နာရောဂါ (SLE)-----------အရေပြားလေးဖက်နာရောဂါ (Systemic Lupus Erythematosus SLE) ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ရဲ...
28/05/2025

အရေပြားလေးဖက်နာရောဂါ (SLE)
-----------

အရေပြားလေးဖက်နာရောဂါ (Systemic Lupus Erythematosus SLE) ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ရဲ့ ခုခံစနစ်လွဲချော်ပြီး မိမိဖာသာ ပြန်လည် တိုက်ခိုက်ခြင်းခံရတဲ့ ခန္ဓာကိုယ်နေရာပေါင်းစုံမှာ ပြဿနာပေးနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။

ဖြစ်ပွားနှုန်းကို ကြည့်ရင် လူ (၁၀၀၀) မှာ (၂) ယောက်လောက်အထိဖြစ်နိုင်ပါတယ် (၀.၂%)၊ အမျိုးသမီးတွေမှာ (၉) ဆလောက် ပိုဖြစ်နိုင်ခြေများပါတယ်။ အိမ်ထောင်သားမွေးပြုနိုင်တဲ့ အသက်အရွယ်မှာ ဖြစ်တာများပါတယ်။
နောက်တစ်ခုက အမျိုးထဲမှာ SLE ရောဂါရှိရင် (၁၀%) သောတခြားသူတွေလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

ဘာကြောင့်ဖြစ်ပါတယ်လို့တော့ တိတိကျကျ မပြောနိုင်သေးပါဘူး။
တစ်ချို့သောဆေးတွေ (Isoniazid, Minocycline, Procainamide, Quinidine, Hydralazine, Chlorpromazine, Phenytoin etc.) စသည်တို့ကြောင့်လည်း အရေပြားလေးဖက်နာရောဂါကဲ့သို့ ခံစားရနိုင်ပါတယ်။
(SLE) ရောဂါရှိသူတွေမှာ Sulfa ပါတဲ့ဆေးတွေ၊ Oestrogen များများပါတဲ့ သန္ဓေတားဆေးတွေသောက်ရင် ရောဂါပိုဆိုးလာတတ်ပါတယ်။

ဘယ်လိုရောဂါလက္ခဏာပြသလဲ
----------
ညောင်းညာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်း၊ ပိန်လာခြင်း အဖြစ်များပါတယ်။
အရေပြားလေးဖက်နာရောဂါရဲ့ ထူးခြားတဲ့ လက္ခဏာတွေကတော့
>> ခန္ဓာကိုယ်အနှံ့ အနီကွက်များပေါ်ခြင်း
ပါးနှစ်ဖက်မှာလိပ်ပြာပုံစံ အနီကွက်ပေါ်ခြင်း၊ အရေပြားသွေးကြောလေးတွေ ရောင်ခြင်း၊ အနီဖုလေးများ စမ်းမိခြင်း၊ ခန္ဓာကိုယ်တွင် အနီကွက်များ အရေပြားလန်ခြင်းများဖြစ်ပေါ်ခြင်း။
နေရောင်နှင့် ထိမိလျှင် အနီကွက်များ ပိုဆိုးလာခြင်း။
>> အနီကွက်များကြာလျှင် အချပ်လိုက် ခပ်ထူထူ အကွက်များဖြစ်ခြင်း
>> ဆံပင်များပြတ်လွယ်ခြင်း၊ ကျွတ်ခြင်း
>> အာခေါင်၊ လျှာ (သို့မဟုတ်) နှာခေါင်းတွင် အနာများဖြစ်ခြင်း
>> အဆစ်အမြစ်များ (၂) ခုနှင့်အထက် ရောင်ကိုင်းခြင်း အထိမခံနိုင်အောင်နာခြင်း
>> အဆုတ်အမြှေးပါး နှင့် နှလုံးအပြင်ဆုံးနံရံ ရောင်ခြင်း (ခေါင်းဆိုး၊ ရင်ဘတ်အောင့်၊ မော)
>> ဦးနှောက်ရောင်ရမ်းမှုများကြောင့် စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ တက်ခြင်း
စတဲ့ လက္ခဏာတွေ တစ်ပြိုင်နက် (သို့မဟုတ်) တစ်ခုပြီး တစ်ခုပေါ်လာနိုင်ပါတယ်။
ဆေးရုံ/ဆေးခန်းကို မြန်မြန်သွားပြပြီး ရောဂါ မပြင်းထန်မီ ကုသမှုခံယူသင့်ပါတယ်

ရောဂါသတ်မှတ်ရန်
----------
သင့်လျော်တဲ့ ဆရာ၀န်နဲ့ ပြသပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်
>> ကျောက်ကပ်ရောင်ခြင်း
အရေပြားလေးဖက်နာ (SLE) ရောဂါကြောင့် ကျောက်ကပ်ရောင်ခြင်းပြဿနာ အဖြစ်များလို့ ဆီးထဲ အနယ်ပါနေသလားဆိုတာ စစ်ဆေးရပါတယ် (တစ်နေကုန်သွားတဲ့ ဆီးကိုစစ်ရင် ပိုမှန်ပါတယ်)။ လုပ်နိုင်တဲ့နေရာမှာဆိုရင် ကျောက်ကပ်အသားစအနည်းငယ်ယူပြီး စစ်ဆေးကြည့်ရပါတယ် (ကျောက်ကပ်ရောဂါကို ပိုပြီး တိတိကျကျ သိနိုင်ပါတယ်)။
>> သွေးဆဲလ်များ နည်းလာခြင်း
သွေးကြောအတွင်းရှိ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား အရေအတွက် နည်းလာတတ်လို့ သိနိုင်တဲ့ နည်းကိုသုံးပြီး စစ်ကြည့်ရပါတယ်။ သွေးနီဥတွေ ပြိုကွဲတဲ့ ပြဿနာအတွက်လည်း စစ်ရပါတယ်။
>> မိမိခန္ဓာကိုယ်ဆဲလ်များကို ပြန်လည်တိုက်ခိုက်တဲ့ ခုခံဓာတ်များ မြင့်တက်နေခြင်း
(Anti-nuclear Antibody ANA)၊ (Anti-ds DNA), (Anti-Sm), (Anti-phospholipid Antibody) စတဲ့ Antibodies တွေကို စစ်ကြည့်ရပါတယ်။
ခုခံစနစ်နဲ့ တိုက်ခိုက်မှုဖြစ်ရင် နည်းလာတတ်တဲ့ (Complement Level) ကိုလည်း စစ်ကြည့်ရပါတယ်။

ပြောပြခဲ့တဲ့ ရောဂါ လက္ခဏာတွေနဲ့ စစ်ဆေးချက်အဖြေတွေကို သုံးပြီး အမှတ် (၁၆) မှတ်ပါတဲ့ အမှတ်ပေးဇယားတစ်ခုမှာ ဖြည့်ရပါတယ်။ စုစုပေါင်း (၁၆) မှတ်မှာ အနည်းဆုံး (၄) မှတ်ရှိနေရင် အရေပြားလေးဖက်နာရောဂါ (SLE) လိုသတ်မှတ်ပြီး ကုသမှုခံယူရပါမယ်။

ကုသခြင်း
----------
ကျွမ်းကျင်သူနဲ့ ပြပြီး ကုသမှုကိုခံယူပါ

>> ရောဂါသိပ်မဆိုးဘူး
မျက်နှာ အနီကွက်ပေါ်တာနဲ့ အဆစ်အမြစ်ရောင်တာပဲဖြစ်တယ်ဆိုရင် ရောဂါသိပ်မဆိုးဘူးလို့ သတ်မှတ်ပါတယ်။ သောက်ဆေး (Hydroxychloroquine HCQ/ Chloroquine CQ) နဲ့ (Prednisolone 5 mg) လောက်ပဲ နေ့စဉ် သောက်ရင် အဆင်ပြေနိုင်ပါတယ်။

>> အတော်အသင့်ဆိုးတယ်
ခန္ဓာကိုယ်မှာ အနီကွက်တွေပေါ်တယ်ဆိုရင် ရောဂါ အတော်အသင့်ဆိုးတယ်လို့ သတ်မှတ်ပါတယ်။ သောက်ဆေး (၃) မျိုး (HCQ/CQ)၊ (Leflunomide 10-20 mg per day/Methotrexate 5-7.5 mg once weekly) နဲ့ (Prednisolone 5-10 mg per day) သောက်ရပါတယ်။

>> ရောဂါဆိုးတယ်
ကျောက်ကပ်ရောင်ခြင်း၊ အဆုတ်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ သွေးဆဲလ်များ နည်းခြင်း၊ သွေးကြောရောင်ခြင်း ရှိရင်တော့ ရောဂါဆိုးတယ်လို့ သတ်မှတ်ပါတယ် ကုသနည်း (၃) မျိုးလောက်ရှိပါတယ်။ အသုံးများတာကတော့ တစ်ခါအကြောဆေးသွင်းရင် (၃) ရက်နဲ့ တစ်လ တစ်ကြိမ် စုစုပေါင်း (၆) လ ဆေးသွင်းရပါတယ်။ ကြားရက်တွေနဲ့ (၆) လ နောက်ပိုင်းကိုတော့ သောက်ဆေး (၃) မျိုးလောက်ဆက်သောက်ရပါတယ် အနည်းဆုံး ကုသချိန် (၂) နှစ်ကြာပါတယ်။

အဲဒီဆေးတွေနဲ့ သေချာကုလို့မှ မသက်သာရင် သုံးလို့ရတဲ့ ဆေးအမျိုးအစားတွေလည်းရှိပါသေးတယ်။ အရိုးအကြောအဆစ်ဆေးပညာ ကုသမှု သမားတော်နဲ့ ပြပြီး ကုသမှုခံယူရပါမယ်။ (Rituximab, Belimumab) ဆိုတဲ့ဆေးတွေတော့ အသုံးများပါတယ်၊ စျေးကတော့ နည်းနည်းကြီးပါတယ် အဆင်ပြေရင်တော့ သုံးသင့်ပါတယ်။

>> ရောဂါရှိသူတိုင်းအတွက်
နေရောင်အပါအ၀င် (UV) ပါတဲ့အလင်းရောင်တွေကို တတ်နိုင်သလောက်ရှောင်ရပါမယ်။ မတတ်သာလို့ နေပူထဲထွက်ရရင် အကာအကွယ်ကောင်းကောင်းယူပါ၊ SPF 55 နဲ့ အထက်နေရောင်ခံလိမ်းဆေး လိမ်းသင့်ပါတယ်။
ဆေးလိပ်သောက်ရင် ဖြတ်ရပါမယ်၊ အဆုတ်ရောင်ရောဂါ နဲ့ ဘီပိုး ကာကွယ်ဆေးထိုးရပါမယ်။
(Omega 3 Fatty Acid) ငါးကြီးဆီ သည် (SLE) ရောဂါကို အထိုက်အလျောက်သက်သာစေတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေအရ သောက်သင့်ပါတယ်။
(Prednisolone) ဆိုတဲ့ (Steroid) ဆေးကို ကြာရှည်သောက်ရင် အရိုးပွရောဂါဖြစ်နိုင်ခြေရှိလို့ (Calcium + Vit. D) အားဆေးသောက်သင့်ပါတယ်။ အရိုးပွရောဂါကာကွယ်ရန် (Bisphosphonate) ဆေးလည်းသောက်သင့်ပါတယ်။
ရောဂါပြင်းထန်ချိန်နဲ့ ကုသမှုအကြောဆေးသွင်းနေရတဲ့အချိန်မှာ ကိုယ်၀န်ယူလို့မရပါဘူး (သန္ဓေတားဆေးထိုးထားရပါမယ်)။ ကိုယ်၀န်ယူချင်ရင် ရောဂါအနည်းဆုံး (၆) လလောက် ငြိမ်မှ ဆရာ၀န်နဲ့ တိုင်ပင်ပါ။

မကုသမီ
----------
ခုခံအားစနစ် ထကြွနေလို့ ပြဿနာဖြစ်တဲ့အတွက် ခုခံအားစနစ်ကို နှိမ်နင်းတဲ့ဆေးတွေပေးတာပါ။ ခုခံအားစနစ်ကို ဖိနှိပ်လိုက်တဲ့အတွက် (SLE) ရောဂါသက်သာပေမယ့် တခြားကူးစက်ရောဂါတွေကို မနှိမ်နင်းနိုင်ဖြစ်ပြီး ပြဿနာပေးလာမှာကို ကြောက်ရပါတယ်။ အဲဒီအတွက် ကုသမှုမစမီ အရေးကြီးတဲ့ ရောဂါတွေနဲ့ ကျန်းမာရေးအခြေအနေကို ကနဦး စစ်ဆေးထားရပါတယ်။

တီဘီရောဂါ၊ အသည်းရောင်အသားဝါ ဘီ၊ စီ၊ HIV စစ်ထားရပါမယ်
သွေးဆဲလ်ပမာဏ၊ ကျောက်ကပ်အတွက်စစ်ခြင်း၊ ဆီးချိုစစ်ခြင်း၊ သွေးတွင်းအဆီဓာတ်စစ်ခြင်း၊ အသည်းအတွက်စစ်ခြင်း တို့လုပ်ဖို့ လိုအပ်ပါတယ်။
တွေ့တဲ့အဖြေအပေါ်မူတည်ပြီး လိုအပ်သလို ကုသမှုခံယူရပါမယ်။
တခြားတွဲပြီး ရှိနေတဲ့ ရောဂါတွေကိုလည်း သေချာကုသမှုခံယူရပါမယ်။

ရောဂါလုံးဝပျောက်အောင်ကုလို့ရလား
----------
(SLE) ရောဂါသဘောကိုက ဖြစ်လိုက် ပျောက်လိုက် များပါတယ်။ ဆေးကုသမှုကို သေချာယူရင် တစ်ချို့ဆို နှစ်နဲ့ချီပြီး ဆေးမသောက်ရပဲ ရောဂါ ငြိမ်သွားတာမျိုးရှိပါတယ်။ ဆရာ၀န်ချိန်းတဲ့အတိုင်း ပုံမှန်တော့ပြနေဖို့လိုပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ရောဂါနည်းနည်း ပြန်ကြွတယ်ဆိုရင် ဆေးပြန်သောက်ရပါတယ်။

မှတ်ရတာများလို့ ခေါင်းရှုပ်လောက်ပြီ အနှစ်ချုပ်ပြောရရင်
----------
▶ အရေပြားလေးဖက်နာ (SLE) ရောဂါသည် ဖြစ်ပွားနှုန်း မနည်းပါဘူး၊ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်
▶ တစ်ချို့ဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်
▶ ရောဂါရဲ့ထူးခြားလက္ခဏာ အရေပြားအနီကွက်တွေပေါ်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ သွေးဆဲလ်တွေနည်းခြင်း၊ ကျောက်ကပ်ရောင်ခြင်း နဲ့ လာတာများပါတယ်
▶ ဆရာ၀န်နဲ့ပြပြီး လိုအပ်တဲ့ စစ်ဆေးမှုခံယူပါ၊ (၁၆) ချက်မှာ (၄) ချက်ကျော်ရင် (SLE) လို့ သတ်မှတ်ပါတယ်
▶ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး သောက်ဆေး၊ အကြောဆေးနဲ့ ကုသရပါတယ်။
▶ ဆောင်ရန်၊ ရှောင်ရန်တွေ ဂရုပြုလိုက်နာပါ

Reference: ACR/SLICC 2015 Revised Criteria, YSH Guideline 2015

စာဖတ်ရသူတိုင်း အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိကြပါစေခင်ဗျာ

ရေးသားသူ ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

Address

Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
Yangon

Alerts

Be the first to know and let us send you an email when Nyein Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyein Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category