Thapyay General Hospital - သပြေအထွေထွေရောဂါကုဆေးရုံ

  • Home
  • Myanmar
  • Yangon
  • Thapyay General Hospital - သပြေအထွေထွေရောဂါကုဆေးရုံ

Thapyay General Hospital - သပြေအထွေထွေရောဂါကုဆေးရုံ လူတိုင်းလူတိုင်းကျန်းမာစွာအသက်ရှင်နေထိုင်နိုင်ရမည်👍

🤱🤱🤱သပြေအထွေထွေ‌ရောဂါကုဆေးရုံကြီးမှာ မွေးဖွားသန့်စင်ခဲ့သော သားလေးရဲ့ ဘဝတစ်လျှောက်လုံး ဖေဖေ ၊ မေမေ တို့နဲ့ အတူ ကျန်းမာပျော...
08/09/2025

🤱🤱🤱သပြေအထွေထွေ‌ရောဂါကုဆေးရုံကြီးမှာ မွေးဖွားသန့်စင်ခဲ့သော သားလေးရဲ့ ဘဝတစ်လျှောက်လုံး ဖေဖေ ၊ မေမေ တို့နဲ့ အတူ ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်နော် 💚🙏

သပြေအထွေထွေဆေးရုံကြီးကို ရွေးချယ်ခဲ့တဲ့ ဖေဖေ၊ မေမေတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 👪👪

ရင်သွေးငယ်လေးများ မွေးဖွားသန့်စင်ဖို့အတွက် ရိုးရိုးမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်းအစီအစဉ်ကို ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါပြီ‌ 🤗

☘️သပြေအထွေထွေရောဂါကုဆေးရုံ☘️

အမှတ်- ၇၉၆/၇၉၇ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အဆင့်မြင့် အမှတ်(၅) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန်- ၂၄ နာရီဖွင့်ပါသည်

သက်ဆိုင်ရာ ရောဂါအလိုက်အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက 👇
☎️၀၉ ၄၀၀ ၉၀၀၀ ၆၁ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၂ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၃ ကို ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါတယ်။

#သပြေအထွေထွေရောဂါကုဆေးရုံ




#ဆေးရုံ
#ကျန်းမာရေး
#ကိုယ်ဝန်ဆောင်
#မီးဖွားခြင်း

🤱🤱🤱သပြေအထွေထွေ‌ရောဂါကုဆေးရုံကြီးမှာ မွေးဖွားသန့်စင်ခဲ့သော သမီးလေးရဲ့ ဘဝတစ်လျှောက်လုံး ဖေဖေ ၊ မေမေ တို့နဲ့ အတူ ကျန်းမာပျေ...
08/09/2025

🤱🤱🤱သပြေအထွေထွေ‌ရောဂါကုဆေးရုံကြီးမှာ မွေးဖွားသန့်စင်ခဲ့သော သမီးလေးရဲ့ ဘဝတစ်လျှောက်လုံး ဖေဖေ ၊ မေမေ တို့နဲ့ အတူ ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်နော် 💚🙏

သပြေအထွေထွေဆေးရုံကြီးကို ရွေးချယ်ခဲ့တဲ့ ဖေဖေ၊ မေမေတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 👪👪

ရင်သွေးငယ်လေးများ မွေးဖွားသန့်စင်ဖို့အတွက် ရိုးရိုးမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်းအစီအစဉ်ကို ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါပြီ‌ 🤗

☘️သပြေအထွေထွေရောဂါကုဆေးရုံ☘️

အမှတ်- ၇၉၆/၇၉၇ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အဆင့်မြင့် အမှတ်(၅) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန်- ၂၄ နာရီဖွင့်ပါသည်

သက်ဆိုင်ရာ ရောဂါအလိုက်အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက 👇
☎️၀၉ ၄၀၀ ၉၀၀၀ ၆၁ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၂ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၃ ကို ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါတယ်။

#သပြေအထွေထွေရောဂါကုဆေးရုံ




#ဆေးရုံ
#ကျန်းမာရေး
#ကိုယ်ဝန်ဆောင်
#မီးဖွားခြင်း

We Are Hiring အမြန်အလိုရှိပါသည်။Customer Service Male / 1 postNurse Aid Male / 4 postCashier / 1 female or male
05/09/2025

We Are Hiring
အမြန်အလိုရှိပါသည်။

Customer Service Male / 1 post
Nurse Aid Male / 4 post
Cashier / 1 female or male

We Are Hiring Nurse Aid - အမျိုးသား (၄)ယောက် အလိုရှိပါသည်။လှိုင်သာယာနေထိုင်သူဦးစားပေးပါမည်။
31/08/2025

We Are Hiring

Nurse Aid - အမျိုးသား (၄)ယောက် အလိုရှိပါသည်။

လှိုင်သာယာနေထိုင်သူဦးစားပေးပါမည်။

Gym ဆော့ရင်း ရုတ်တရပ် ကျောက်ကပ်ပျက်စီးသွားတဲ့အကြောင်း ပိုစ်တခုဖတ်ရင်း ဒီ Content လေးကို ရေးပေးလိုက်တယ်နော် 🤷🏻‍♀️👉အလေးကို...
28/08/2025

Gym ဆော့ရင်း ရုတ်တရပ် ကျောက်ကပ်ပျက်စီးသွားတဲ့အကြောင်း ပိုစ်တခုဖတ်ရင်း ဒီ Content လေးကို ရေးပေးလိုက်တယ်နော် 🤷🏻‍♀️

👉အလေးကို ပုံမှန်ထက် ပိုမမိတဲ့ Beginner တွေနဲ့ အလယ်အလတ် Pro အဆင့်တွေမှာ ပိုဖြစ်တက်ကြတက်တဲ့ Rhabdomyolisis ,လေ့ကျင့်ခန်းကြောင့်ကျောက်ကပ်ပျက်စီးခြင်း

Rhabdomyolysis ဆိုတာဘာလဲ?

Rhabdomyolysis ဆိုတာက ကြွက်သား ဆဲလ်တွေ အလွန် ထိခိုက် ပျက်စီးသွားပြီး ခန္ဓာကိုယ် အတွင်းထဲရှိ (myoglobin(အောက်ဆီဂျင်ရရှိရန် ကူညီပေးတဲ့ ပရိုတင်းတစ်မျိုး), electrolytes(ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီထိန်းသိမ်းမှု), enzymes ( ဇီဝဓာတ်ကူပစ္စည်းအဖြစ် လုပ်ဆောင်တဲ့ သက်ရှိသတ္တဝါများမှ ထုတ်လုပ်သော ပရိုတင်းတစ်မျိုး) တွေ ကွဲထွက်သွားတဲ့အခြေအနေတစ်မျိုးပါ။

😟အဓိက စိုးရိမ်ရတာက myoglobin က ကျောက်ကပ် ကို ထိခိုက်စေပြီး acute kidney injury (အလွန်လျင်မြန်စွာ ကျောက်ကပ်ပျက်) ဖြစ်နိုင်တာပါ။

ဘာကြောင့် ဖြစ်တာလဲ? (Causes)

ကြွက်သားကို အလွန်ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကတော့များပါတယ်။

✅ရုတ်တရပ်ထိခိုက်ဒဏ်ရာ
✅လေ့ကျင့်ခန်းလုပ်တာ
( အလေးမတာကို ခဏခဏကျင့်တာမျိုးလုပ်တဲ့အခါ ကြွက်သားပရိုတင်း ပြိုပြီးကွဲသွားတာတဲ့အခါ )
✅မူးယစ်ဆေးဝါး
✅ရောဂါပိုးကူးစက်တာ
✅ဇီဝရုပ်ဖြစ်ပျက်တဲ့ဖြစ်စဉ်တွေချို့ယွင်းတာမျိုး‌တွေမှာ ဖြစ်ကြာတာပါ။

ဘယ်လိုလက္ခဏာများပြသလဲ ?

အဓိက (၃ ခု) ကတော့

1. Severe muscle pain – အကြီးအကျယ်နာ, တင်း, အလွန်နာကျင်တာပါ။
(Gym ဆော့ကာစခါမှာ ပုံမှန်နာတက်ပေမယ့် အဆက်မပြတ်နာနေတာမျိုးက ပျောက်မသွားတာပါ)

2. Muscle weakness – လှုပ်ရှားခက်, အားမရှိတာပါ။

3. Dark / Cola-colored urine – ကြွက်သားဆဲလ်များမှ ပရိုတင်းများကြောင့် ဆီးကို ညိုမည်းစေပြီး ကိုလာကဲ့သို့အရောင်ပြောင်းသွားစေတာပါ။

အခြားလက္ခဏာတွေ –
• ပျို့အန်ခြင်း
• ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီထိန်းသိမ်းမှုပြိုကွဲတာကြောင့် စိတ်အခြေအနေရှုပ်ထွေးခြင်း
• နှလုံးခုန်မမှန်ခြင်း (ပိုတက်စီယမ် မညီမျှတော့တာတာကြောင့်ပါ။

ဘယ်လို ကုသကြလဲဆိုတာ ဆက်ပြောပြပေးမယ်နော် ..

အရေးပေါ် အခြေအနေ ဖြစ်နိုင်တဲ့အတွက် ဆေးရုံတက်ရမယ်။

1. Aggressive IV fluids (hydration) (ရေဓါတ်ပေးတာမျိုး)

2. Electrolyte correction
(ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ မဂ္ဂနီဆီယမ်ကဲ့သို့သော သတ္တုဓာတ်များကို ပြန်လည်ချိန်ညှိပေးပြီး IV အရည်များ ၊ ဖြည့်စွက်စာများနဲ့ ကုသမှုလုပ်ကြပါတယ်။ အာရုံကြောများ၊ ကြွက်သားများနှင့် အရည်များလုပ်ဆောင်မှုကို ပြန်လည်ကောင်းမွန်စေပါတယ်။)

3. Urine alkalinization
(pH 7.5 ရှိသော ဆီးထုတ်လုပ်ရန်အတွက် အကြောထုတ်ဆိုဒီယမ်ဘိုကာဗွန်နိတ်ကို စီမံပေးခြင်းဖြင့် အဆိပ်ဖယ်ရှားမှုကို တိုးမြင့်စေတဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။)

4. ကျောက်ကပ်ဆေးခြင်း
(Acute kidney injury ဖြစ်ပြီး ဆီးထွက်မနည်းပါးတဲ့အခါ လုပ်ကြပါတယ်။)

5. အရင်းခံအကြောင်းတရားတွေနဲ့ ကုသတာ

ရောဂါအခြေအနေပေါ်လိုက်ပြီး ကုသတာမျိုးပါ
အချိန်မီ သိပြီး ကုသနိုင်မှရေရှည် ကျောက်ကပ်ပျက်စီးခြင်းမှကာကွယ်နိုင်တာမျိုးဖြစ်လို့ အမြန်ကုသမှုခံယူဖို့လိုအပ်ပါတယ်ရှင်။

သပြေဗဟုသုတအစီအစဉ်ကနေ ရုတ်တရပ်ကျောက်ကပ်ပျက်စီးအကြောင်း တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဆက်သွယ်၍ရက်ချိန်းယူရန်

☘️ သပြေအထွေထွေရောဂါကုဆေးရုံ ☘️

အမှတ်- ၇၉၆/၇၉၇ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အဆင့်မြင့် အမှတ်(၅) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန်- ၂၄နာရီ ဆေးခန်းဖွင့်ပါသည်

သက်ဆိုင်ရာ ရောဂါအလိုက်အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက 👇
☎️၀၉ ၄၀၀ ၉၀၀၀ ၆၁ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၂ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၃ ကို ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါတယ်။

#သပြေအထွေထွေရောဂါကုဆေးရုံ



#ဆေးရုံ

ဆီးကျောက်တည်နေပြီလား ?ဆီးကျောက်ဆိုတာကလေ အမျိုးသားတွေမှာ ပိုဖြစ်တက်တဲ့ ရောဂါမျိုးလို့ ပြောကြပါတယ်။ ဆီးကျောက်ဘာလို့ ဖြစ်တာ...
21/08/2025

ဆီးကျောက်တည်နေပြီလား ?

ဆီးကျောက်ဆိုတာကလေ အမျိုးသားတွေမှာ ပိုဖြစ်တက်တဲ့ ရောဂါမျိုးလို့ ပြောကြပါတယ်။ ဆီးကျောက်ဘာလို့ ဖြစ်တာလဲ ။ ဆီးကျောက်ဆိုတာက ဆီးထဲမှာ သတ္တုဓာတ်နဲ့ ဆားတွေ စုပုံလာတဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်ပါတယ်ရှင်။ သတ္တုဓာတ်တွေက ကျောက်ခဲမာမာလေးတွေဖြစ်စေတာပါ။

အရွယ်ရောက်ပြီးသူအများစုရဲ့ ဆီးပြွန်တွေက 10 လက်မ နဲ့ 12 လက်မအကြားရှည်လျားပါတယ်။ကျောက်ဘယ်မှာတည်လဲဆိုတော့ ဆီးအိမ်ရဲ့ အနီးဆုံး သို့မဟုတ် အစွန်းဆုံးတွေမှာ ဖြစ်နိုင်ပါတယ်။
ဆီးကျောက်တည်တာကြောင့် ဆီးသွားရခက်တာ ၊နာကျင်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့ နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။

ဆီးကျောက်တည်တာ ဘယ်နှစ်မျိုးရှိလဲဆိုတာ ရှင်းပြပေးမယ်နော်?

ဆီးကျောက် အမျိုးအစား လေးမျိုး ရှိပါတယ်။

👉ကယ်လ်စီယမ်ကျောက်များ = ကယ်လ်စီယမ်ကျောက်က အဖြစ်အများဆုံးပါ။ ကယ်လ်စီယမ်ကျောက်အမျိုးအစားများမှာ ကယ်လ်စီယမ်အောက်ဇလိတ်ကျောက်များနဲ့ ကယ်လ်စီယမ် ဖော့စဖိတ်ကျောက်များ ပါဝင်ပါတယ်။

👉ယူရစ်အက်ဆစ်ကျောက်များ = ဆီးထဲမှာ ယူရစ်အက်ဆစ် များလွန်းတဲ့အခါ ယူရစ်အက်ဆစ် ကျောက်တည်ပါတယ်။

👉မဂ္ဂနီဆီယမ် ကျောက်များ = ဆီးလမ်းကြောင်းပိုးဝင်တာ (UTI) ရှိပြီးတဲ့နောက်မှာ တစ်ခါတစ်လေ Struvite ကျောက်များ ဖြစ်ပေါ်တတ်ပါတယ်။ မဂ္ဂနီဆီယမ် အမိုနီယမ် ဖော့စဖိတ် (struvite) နဲ့ ကယ်လ်စီယမ် ကာဗွန်-အာပတ်တီးတို့တို့ကျောက်များရဲ့ အဓိက အစိတ်အပိုင်းများ ဖြစ်ပါတယ်။

👉အမိုင်နိုင်အက်စစ် ကျောက်များ = မျိုးရိုးဗီဇချို့ယွင်းခြင်းကလည်း အမိုင်နိုအက်စစ်ကျောက်များဖြစ်စေပါတယ်။

ဆီးကျောက်တည်ရင် ဘယ်လိုလက္ခဏတွေပြလဲ ?

✅နောက်ကျော၊ အောက်နံရိုးအောက် မှာ ပြင်းထန်တဲ့နာကျင်ကိုက်ခဲမူ
✅ဝမ်းဗိုက်အောက်ပိုင်းနာကျင်စွာခံစားရခြင်း
ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ဆီးပူခြင်း
✅ပျို့အန်ခြင်း
✅ဆီးထဲမှာ သွေးပါခြင်း သို့မဟုတ် အရောင်ပြောင်းသွားခြင်း (အညိုရောင်၊ ပန်းရောင် သို့မဟုတ် အနီရောင်)။
✅ဆီးထဲမှာအမြုတ်ပါခြင်း
✅မကြာခဏဆီးသွားခြင်း
✅ဆီးတစ်တစက်စက်သွားခြင်းတို့ပါ ။

ဆီးကျောက်တည်ခြင်းကို ဘယ်လို ရှာဖွေကြသလဲ?

✅ဆီးစစ်ခြင်း
✅သွေးစစ်ခြင်း
✅Ultrasound
✅CT Scan တို့ နဲ့ ရှာဖွေကြတာပါ။

ဆီးကျောက်တည်ခြင်းကို ဘယ်လိုကုသကြသလဲ ၊ ကျောက်တွေကိုဘယ်လိုဖယ်ရှားကြသလဲ ?

ဆီးအိမ်ကျောက်များကို ဖယ်ရှားခြင်းမှာ ကျောက်များရဲ့ အရွယ်အစားနဲ့ တည်နေရာပေါ်မူတည်ပါတယ်။

✅Medical expulsive therapy

ဆေးဝါးသုံးပြီး ဆီးအိမ်အောက်ပိုင်းနဲ့ 6 မီလီမီတာထက်သေးငယ်တဲ့ ဆီးအိမ်ကျောက်များကို ကုသကြတာပါ။အဓိကအားဖြင့် ခွဲစိတ်မှုကို ရှောင်ရှားရန်အသုံးပြုကြတာပါ။

✅Shock wave lithotripsy (အသံလှိုင်းနဲ့ကျောက်ခြေခြင်း)

စွမ်းအင်မြင့် shock (အသံ) လှိုင်းများကိုကိုအသုံးပြုပြီး ကျောက်ခြေခြင်းတစ်မျိုးပါ။

✅Ureteroscopy (Scope ကြည့်ပြီးဖယ်ရှားခြင်း) သပြေအထွေထွေရောဂါကုမှာ Scope ကြည့်လို့ ရပါတယ်။

ဆီးလမ်းကြောင်းအထူးကု ခွဲစိတ် ဆရာဝန်က ကင်မရာ (ureteroscope) နဲ့ ရှည်လျားပြီး ပါးလွှာတဲ့ ပြွန်တစ်ခုကို ဆီးလမ်းကြောင်း (ဆီးလမ်းကြောင်းမှ ထွက်သွားသည့်) အတွင်းသို့ ထည့်သွင်းပေးပြီး ကျောက်တုံးကို တွေ့တာနဲ့ ဖယ်တာ ဒါမှမဟုတ် လေဆာနဲ့ ဖြိုခွဲပစ်လိုက်တာပါ။

✅Percutaneous nephrolithotomy

အသေးစားထိုးဖောက်ခွဲစိတ်မှုတစ်ခုပါ ။ ခွဲစိတ်မှု ပြုလုပ်ပြီး ကျောက်ကို ခွဲထုတ်ကာ ဖယ်ရှားခြင်း သို့မဟုတ် အပိုင်းအစများ ဖယ်ရှားခြင်းတို့ ပါဝင်ပါတယ်၊

သပြေအထွေထွေရောဂါကုဆေးရုံကြီးမှာ ဆီးကျောက်တည်ခြင်း၊ခွဲစိတ်မှုများ၊မှန်ပြောင်းကြည့်ရှုခြင်းများ ပြုလုပ်လိုပါက ဆီးနဲ့ကျောက်ကပ်ခွဲစိတ် ဆရာဝန်ကြီးများ ဆေးခန်းထိုင်ချိန် အပြောင်းအလဲရှိနိုင်သောကြောင့် ကြိုတင်ဖုန်းဆက်၍ booking ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆီးနဲ့ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ

ဒေါက်တာ ဝေဖြိုးအေး
M.B.,B.S, M.Med.Sc (Surgery)
MRCSEd(UK)
Dr.Med.Sc(Urology)
ဆီးလမ်းကြောင်း၊ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး

ဒေါက်တာ မင်းကြွယ်စိုး
M.B.,B.S, M.Med.Sc (Surgery)
Dr.Med.Sc(Urology)
ဆီးလမ်းကြောင်း၊ကျောက်ကပ်နှင့်အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး

ဒေါက်တာ ကျော်စိုးဝင်း
M.B.,B.S, M.Med.Sc (Surgery)
Dr.Med.Sc(Urology)
ဆီးလမ်းကြောင်း၊ကျောက်ကပ်နှင့်အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး

ဒေါက်တာ သက်နိုင်ဦး
M.B.,B.S, M.Med.Sc (Surgery)
MRCSEd, Dr.Med.Sc(Urology)
ဆီးလမ်းကြောင်း၊ကျောက်ကပ်နှင့်အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး

ဆီးနှင့်ကျောက်ကပ် အထူးကုသမားတော်

ဒေါက်တာကျော်သူရိန်လွင်
M.B.,B.S,M.Med.Sc(Internal Medicine)
MRCP(UK),MRCP(London ),FRCP(Glsg)
Dr.Med.Sc(Nephrology),Dip.Med.Edu
Fellowship in Nephrology (CIMS,India)
ဆီးလမ်းကြောင်း၊ကျောက်ကပ်နှင့်အထွေထွေရောဂါက သမားတော်

ဆက်သွယ်၍ရက်ချိန်းယူရန်

☘️ သပြေအထွေထွေရောဂါကုဆေးရုံ ☘️

အမှတ်- ၇၉၆/၇၉၇ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အဆင့်မြင့် အမှတ်(၅) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန်- ၂၄နာရီ ဆေးခန်းဖွင့်ပါသည်

သက်ဆိုင်ရာ ရောဂါအလိုက်အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက 👇
☎️၀၉ ၄၀၀ ၉၀၀၀ ၆၁ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၂ ၊
၀၉ ၄၀၀ ၉၀၀၀ ၆၃ ကို ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါတယ်။

#သပြေအထွေထွေရောဂါကုဆေးရုံ



#ဆေးရုံ

Address

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အဆင့်မြင့်အမှတ်(၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်
Yangon
11401

Alerts

Be the first to know and let us send you an email when Thapyay General Hospital - သပြေအထွေထွေရောဂါကုဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thapyay General Hospital - သပြေအထွေထွေရောဂါကုဆေးရုံ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category