24/02/2025
HIV ပိုးကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ ?
ဒီမေးခွန်းကတော့ အမေးအများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် လက္ခဏာပြတက်သူတွေမှာ ကြုံတွေရတက်တဲ့ ယေဘုယျလက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။
HIV ပိုး ကူးစက်ခံရပြီး ၂ပတ်ကနေ ၄ပတ်အတွင်းမှာ အအေးမိတုပ်ကွေးနဲ့ ရောဂါလက္ခဏာချင်း ဆင်တူတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့ရပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့ ပထမအဆင့်မှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့ ကိုယ်ခန္ဓာမှာ အဖုအဖိန့်ထွက်တာ၊ ဖျားတာ၊ လည်ချောင်းနာတာ၊ ခေါင်းမူးတာတို့ပဲ ဖြစ်ပါတယ်။
ဒီလို လက္ခဏာတွေအပြင် တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ အလွန်အမင်းမောပန်းတာ၊ ခံတွင်း ဒါမှမဟုတ် လိင်အင်္ဂါပတ်လည်မှာ အနာပေါက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာ၊ အရိုးအဆစ်ကိုက်တာ၊ မူးဝေအော့အန်တာ၊ ညအိပ်နေရင်း ချွေးထွက်တာ ၊ အကျိတ်ထွက်တာတို့ပဲ ဖြစ်ပါတယ်။
အထက်မှာပြောပြထားသလို လက္ခဏာပြတတ်တာမျိုးလည်းရှိသလို လက္ခဏာမပြတတ်တာမျိုးလည်းရှိတာကြောင့် ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး အတိအကျသိရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးစစ်ခြင်းပါပဲ။
ဒါကြောင့် ကူးစက်နိုင်တဲ့အပြုအမူရှိထားပြီး (၃)လပြည့်တဲ့အချိန်မှာ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး သွေးစစ်ဆေးကြည့်သင့်ပါတယ်။
HIV / ကာလသားနဲ့ ပတ်သတ်ပြီး အခမဲ့လာရောက်စစ်ဆေးကုသမှုခံယူ ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။
ဝန်ဆောင်မှုများရယူရန် >> 09268214100
(ကိုလရောင်)
🙏 ဖုန်းကြိုဆက်ဘိုကင်ယူ ပေးခြင်းဖြင့် အခမဲ့ လာရောက်ပြသကုသနိုင်ပါတယ်။
ရန်ကုန် မြို့ တွင်း အခမဲ့ စစ်ဆေးကုသနိုင်ရန်
ချိတ်ဆက်ကူညီပေးပါသည်။
#ကာလသား