Family Gym North Okkalapa

Family Gym North Okkalapa The best gym in North Okkalapa.Always trying the best to improve !!

💥Vacancy Announcement 💥📌Family Gym မှာ အတွေ့အကြုံရှိ Main Trainer (ကျား -၁ ဦး) အလိုရှိပါတယ်..📌Gym မှာ နေနိုင်သူ ဖြစ်ရပါမ...
22/07/2025

💥Vacancy Announcement 💥

📌Family Gym မှာ အတွေ့အကြုံရှိ Main Trainer (ကျား -၁ ဦး) အလိုရှိပါတယ်..

📌Gym မှာ နေနိုင်သူ ဖြစ်ရပါမယ်

📌လစာ ( ညှိနှိုင်း)ပါ

လျှောက်ထားလိုသူများသည် CV Form နှင့်အတူ အောက်ပါလိပ်စာသို့ လာရောက်လျှောက်ထားနိုင်ပါသည်။

🏠Family Gym
တိုက် 14,ကုန်းဘောင်လမ်း 14အိမ်ယာ၊ ရွှေပေါက္ကံမြို့နယ်။
09-450002144


#

#ရွှေပေါက္ကံ

Guitar shape လေးလို 👯‍♀️ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်သွယ်လျလှပဖို့ Family Gym မှာ Gym ကစားကြမယ်💁🏻‍♀️သူငယ်ချင်းတွေ 👯‍♀️စုံ...
20/07/2025

Guitar shape လေးလို 👯‍♀️ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်သွယ်လျလှပဖို့ Family Gym မှာ Gym ကစားကြမယ်💁🏻‍♀️

သူငယ်ချင်းတွေ 👯‍♀️စုံတဲ့အခါ 'ဟယ် သူငယ်ချင်း နင်ပိန်သွားတယ်နော် ပိုလှလာလိုက်တာ' ဆိုပြီး မြင်သူတိုင်းက ပြောရအောင်အထိ လှပဖို့နဲ့ သက်လုံကောင်းပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်လေးနဲ့ပေါ့ပါးသွက်လက်စွာ လှပဖို့ဆို စနစ်တကျ သင်ကြားပေးတဲ့ Gym ကောင်းကောင်းတစ်ခုတော့ ဖြစ်ဖို့လိုပါတယ်❣️

💥Family Gym မှာဆိုရင်
✅စနစ်တကျ သင်ကြားပြသပေးနိုင်တဲ့ Gym Trainer
✅Gym ကစားရာမှာအသုံးပြုရတဲ့ စက်ကိရိယာအစုံ
✅ကျယ်ဝန်းတဲ့ သင်တန်းခန်းမ
✅လုံခြုံဘေးကင်းမှုအပြည့်အဝနဲ့
အားလပ်တဲ့အချိန်တိုင်း ကစားနိုင်ပါပြီ

💰သင်တန်းကြေးဆိုရင်လဲ သင့်တင့်တဲ့ ဈေးနှုန်းနှင့်သာ စီစဉ်ပေးထားလို့ လူတိုင်းကစားနိုင်ပါတယ်❣️

ကဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးရဖို့ အခုပဲ Family မှာ စာရင်းပေးလိုက်တော့နော်🥰

🏡လိပ်စာလေးကတော့
တိုက် 14,ကုန်းဘောင်လမ်း 14အိမ်ယာ ရွှေပေါက်ကံ မြို့သစ်

📱09-450002144



#ကျန်းမာရေး
#မြောက်ဥက္ကလာ

" အာဇာနည်နေ့" တို့မမေ့ " •••••••••••••••••••"19 July မမေ့နိုင်"မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး၁၉၄၇ ခုနှစ်၊...
19/07/2025

" အာဇာနည်နေ့" တို့မမေ့ "
•••••••••••••••••••
"19 July မမေ့နိုင်"
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင်

ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများအပါအဝင်

နိုင်ငံနဲ့လူမျိုးအတွက် မတရားမှုကို တော်လှန်ရင်း ကျဆုံးခဲ့သော သူရဲကောင်း အာဇာနည်ရဲဘော်များ အားလုံးကို ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်။
🙏🙏🙏


#အာဇာနည်နေ့

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့မှာ ( ၇ )ရက်သားသမီးများ အားလုံး သက်ရှည်ကျန...
09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕

ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့မှာ

( ၇ )ရက်သားသမီးများ အားလုံး သက်ရှည်ကျန်းမာပြီး

လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း
Family Gym North Okkalapa မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🪷🙏

#ဝါဆိုလပြည့်

 💓💓💓
11/01/2024

💓💓💓

"ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်မှသည် တစ်နှစ်ပတ်လုံး ကိုယ် စိတ် နှစ်ပါး အေးချမ်းကြပါစေကြောင်း" Family Gym North Okkalap...
27/11/2023

"ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်မှသည်
တစ်နှစ်ပတ်လုံး ကိုယ် စိတ် နှစ်ပါး အေးချမ်းကြပါစေကြောင်း"

Family Gym North Okkalapa မိသားစုမှ

ဆုမွန်းကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🙏

ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့မှာလည်း
Gym ဖွင့်ပါတယ်ရှင်💓💓

Member များ ----ပေါင်မုန့်ကြမ်းလေးပဲ စားတာတောင် ဝိတ်က ကျမသွားဘူးသူတို့ပေါင်မုန့် 🫠
26/11/2023

Member များ ----ပေါင်မုန့်ကြမ်းလေးပဲ စားတာတောင် ဝိတ်က ကျမသွားဘူး

သူတို့ပေါင်မုန့် 🫠

သံပုရာရည် သောက်ရင် ပိန်လား?ဘယ်တော့မှ မရိုးသွားတဲ့ မေးခွန်းပါပဲ…. အမြဲမေးကြတယ် အဖြေ ကတော့ - မပိန်ပါဘူးပျားရည် သံပုရာ အဆီခ...
05/11/2023

သံပုရာရည် သောက်ရင် ပိန်လား?

ဘယ်တော့မှ မရိုးသွားတဲ့ မေးခွန်းပါပဲ…. အမြဲမေးကြတယ်

အဖြေ ကတော့ - မပိန်ပါဘူး

ပျားရည် သံပုရာ
အဆီချ လက်ဖက်ခြောက်
အဆီကျ ကော်ဖီ
အဆီကျဆေး
ဘလက်ကော်ဖီ သံပုရာ နဲ့ သောက်တာ

ဘာတခု မှ ထိထိရောက်ရောက် ဝိတ်မကျစေပါဘူး။

အစားအသောက် ထိန်းတာ လေ့ကျင့်ခန်း လုပ်တာပဲ ဝိတ်ကျစေမယ့် တခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ပိန်ဆေး #ပျားရည်သံပုရာ #ကော်ဖီ

မူရင်းရေးသားသူဆရာအား လေးစားစွာဖြင့်

ကျန်သော ကုသိုလ်များ အကုန်လုပ်ခဲ့သော်လည်းGym မှန်မှန်လာမည်ဟု လိမ်ပြောမိခဲ့သောအခါ🤣🤣Photo crd
03/11/2023

ကျန်သော ကုသိုလ်များ အကုန်လုပ်ခဲ့သော်လည်း
Gym မှန်မှန်လာမည်ဟု လိမ်ပြောမိခဲ့သောအခါ
🤣🤣

Photo crd

သီတင်းကျွတ်ပိတ်ရက်များမှာFamily မှ မိတ်ဟောင်းမိတ်သစ်များနှင့်တကွ မြန်မာနိုင်ငံသားအားလုံး ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေကြေ...
28/10/2023

သီတင်းကျွတ်ပိတ်ရက်များမှာ
Family မှ မိတ်ဟောင်းမိတ်သစ်များနှင့်တကွ မြန်မာနိုင်ငံသားအားလုံး ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါရစေရှင်🙏🙏

Gym ပိတ်ရက်အဖြစ် လပြည့်နေ့ တနင်္ဂနွေ တရက်သာ ပိတ်မှာဖြစ်ပြီး ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားပါတယ်ရှင် 💓💓

⚠ကာလတိုအတွင်း ကိုယ်အလေးချိန် အလွန်အကျွံလျှော့လိုက်ရင် ဖြစ်လာနိုင်မယ့်အန္တရာယ် ⚠️‎ဒီရက်ပိုင်း ကိုယ်အလေးချိန်ချချင်တဲ့ သူတ...
26/10/2023

⚠ကာလတိုအတွင်း ကိုယ်အလေးချိန် အလွန်အကျွံလျှော့လိုက်ရင် ဖြစ်လာနိုင်မယ့်အန္တရာယ် ⚠️
‎
ဒီရက်ပိုင်း ကိုယ်အလေးချိန်ချချင်တဲ့ သူတွေ များလာတာအမျှ social media တွေမှာလည်း အပြိုင်အဆိုင် ကိုယ်အလေးချိန်ချလာတာတွေ ခေတ်စားလာပါတယ်။ အဆိုးဆုံးကတော့ တစ်လ အတွင်း ၁၅ ပေါင်၊ ပေါင် ၂၀ ချတာတွေပါ။
‎ ‎
🚫တကယ်အဲ့လောက်ကျနိုင်သလားဆိုတော့ ဘာမှ မစားပဲ ချမယ်ဆိုရင်တော့ ကျနိုင်ပါတယ်။
‎
မနိုင်ဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက် အဆမတန် ပိုလုပ်မယ်၊ အာပာာရ လည်း သင့်တင့်လျောက်ပတ်အောင် မစားဘူးဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်တော့ လုံးဝ မကောင်း လာနိုင်ပါဘူး။
‎
💭ဒါဆိုရင် အချိန်ခဏလေး အတွင်းမှာ ကိုယ်အလေးချိန်အလွန်အကျွံလျှော့လိုက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတော့
‎
📌ရေဓါတ်ခမ်းခြောက်လာခြင်း
➖ ➖ ➖ ➖ ➖
လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက ရေဓါတ်နှင့် ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ရုတ်တရက် ကိုယ်အလေးချိန်ချလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိနေတဲ့ ရေဓါတ်တွေ ကိုပါ လျှော့ချပစ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာမလဲဆိုတော့ အသားအရေ တွေ စိုစိုပြည်ပြည် မဖြစ်တော့ဘဲမွဲခြောက်လာပါတယ်။
ခန္ဓာကိုယ်မှာ ရှိနေတဲ့ သတ္တုဓါတ်တွေ၊ (ion တွေ electrolyte တွေ) ဆုံးရှုံးသွားတတ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ အများကြီးဆုံးရှုံးသွားရင် လူက နုံးသွားပြီး တစ်နေ့တာ လုပ်ရမယ့် လုပ်ငန်းဆောင်တာ ကို ပြည့်ပြည့်ဝဝ မလုပ်နိုင်တော့ပြန်ပါဘူး။
‎
📌သွေးပေါင်ကျခြင်း
➖ ➖ ➖ ➖ ➖
ဆားဓါတ်ကော၊ ရေဓါတ်တွေ ပါ ဆုံးရှုံးသွားတဲ့ အတွက် ခန္ဓာကိုယ်ထဲရှိ သွေးရည်ကြည် ပမာဏ ကတော်တော်လေး နည်းသွားပြီး သွေးပေါင်ချိန်ကျစေပါတယ်။
‎
📌နှလုံးခုန်မြန်လာခြင်း
➖ ➖ ➖ ➖ ➖
သွေးပမာဏ နည်းသွားတဲ့ အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ နှလုံးခုန်နှုန်း ပိုမြန်လာစေတဲ့ အတွက်ကြောင့် ကိုယ်အလေးချိန်ကို ရုတ်တရက် အများကြီး အချိန်တို အတွင်းချလိုက်ရင် ရင်တုန်တတ်ပါတယ်။
‎
📌ကြွက်သွားတွေထဲမှာသိမ်းထားတဲ့ သကြားဓါတ် ပမာဏ အလွန်နည်းသွားခြင်း
➖ ➖ ➖ ➖ ➖
လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ စားသောက်ပြီးတဲ့ အခါ ပိုတဲ့ သကြားဓါတ် အချို့ကို ကြွက်သားတို့ အသည်းတို့ မှာသိမ်းထားတတ်ပါတယ်။ ဒါကို ဂလိုင်ကိုဂျင် (Glycogen) လို့ခေါ်ပါတယ်။ ဒါက ဘာတွေ အရေးကြီးလဲ ဆိုတော့ ဘာမှ မစားဖြစ်လို့ ဗိုက်ဆာနေတဲ့ အချိန်မှာ သွေးတွင်း သကြားဓါတ် အလွန်နည်းသွားရင် သတိမေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို သွေးတွင်းသကြားဓါတ် အရမ်းမနည်းသွားအောင် အချိန်အတိုင်းအတာ တစ်ခု အထိ ကြွက်သားတို့ အသည်းတို့ မှာ သိမ်းထားတဲ့ Glycogen ကို ယူသုံးပေးရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တယ် ဆိုရသ် ခန္ဓာကိုယ်ရဲ့ ကြွက်သားတို့ အသည်းတို့ မှာ ဂလိုင်ကိုဂျင် သိမ်းတဲ့စနစ် (Glycogen Storage System) ချို့ယွင်းသွားပြီး သွေးတွင်း သကြားဓါတ် နည်းတာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။
‎
📌စိတ်တိုစိတ်ဆက်လာခြင်း
➖ ➖ ➖ ➖ ➖
ဒါကလည်း သွေးတွင်း သကြားဓါတ်နည်းရင် ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။

‎
📌အလုပ်ကို ကောင်းကောင်းအာရုံ မစူးစိုက်နိုင်ခြင်း
➖ ➖ ➖ ➖ ➖
အလုပ်တွေ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အတွက် ဦးနှောက်ရဲ့ စွမ်းဆောင်ချက် က အရမ်းအရေးကြီးပါတယ်။ ဦးနှောက် စွမ်းဆောင်ရည်ကောင်းဖို့ ဆိုတာကလည်း သွေးတွင်းသကြားဓါတ် အလုံ အလောက် ရှိဖို့လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တယ် ဆိုရင် သွေးတွင်း သကြားဓါတ်တွေ ကျပြီးတော့ ဦးနှောက် စွမ်းဆောင်ရည် တွေကျဆင်းကာ အလုပ်မှာ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။
‎
📌အပူဓါတ် အအေးဓါတ် အပြောင်းအလဲ ကို မခံနိုင်ခြင်း
➖ ➖ ➖ ➖ ➖
ဇီဝကမ္မ ဖြစ်စဉ် အရ ရာသီဥတု အပြောင်းအလဲ ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တဲ့ သူတွေ မှာဆိုရင် ခန္ဓာကိုယ်ရဲ့ အပူအအေး ထိန်းချုပ်မှု စနစ် ချို့ယွင်းသွားတဲ့ အတွက် အပူအအေး အပြောင်းအလဲ ဒါဏ်ကို သူများတွေ ထက်ပိုပြီး မခံနိုင်ကြပါဘူး။
‎
💭ဒါဆိုရင် ဘယ်လောက်လျှော့ရင် အကောင်းဆုံးလဲဆိုတော့
‎
ပုံမှန်လျှော့ သွားမယ်ဆိုရင်
➖➖➖➖➖
💪၁ပါတ်ကို ၁ပေါင် ကနေ ၁ပေါင်ခွဲ လျှော့လို့ရသလို။
💪လေ့ကျင့်ခန်း နဲ့ ကော အစားအသောက်နဲ့ပါ သေချာ ချမယ်ဆိုရင် ၁ ပါတ်ကို ၂ပေါင် ကျ နိုင်ပါတယ်။
💪ကိုယ်အလေးချိန် အရမ်းများတဲ့ သူတွေ အနေနဲ့ ဆိုရင်တော့ တစ်ပါတ် ကို ၃-၄ ပေါင် လောက် အထိ ကျနိုင်ပါတယ်။
‎
ဒီထက်တော့ပိုပြီး မချသင့်ပါ။
🏋️ဒါကြောင့် ၁ လ အတွင်း ပေါင် ၂၀ ချတာတို့ ၂၅ပေါင် ချတာတို့ဆိုတာ မျိုးကို လိုက်မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
‎
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#ဝိတ်ချ

Photo crd from google

ဒီလ ‌ေတာ့ သေချာဆော့မှာ ပြောပြီး ခရီးထွက်သွားသော Family မှ Clients များ:::Trainer be Like 🫠🫠
25/10/2023

ဒီလ ‌ေတာ့ သေချာဆော့မှာ ပြောပြီး ခရီးထွက်သွားသော Family မှ Clients များ:::

Trainer be Like 🫠🫠

Address

No. 1117/Thunandar Road/North Okkalapa
Yangon
11031

Opening Hours

Monday 07:00 - 12:00
15:00 - 22:00
Tuesday 06:30 - 00:00
Wednesday 06:30 - 00:00
Thursday 06:30 - 00:00
Friday 06:30 - 00:00
Saturday 06:30 - 00:00

Telephone

+959450002144

Alerts

Be the first to know and let us send you an email when Family Gym North Okkalapa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Family Gym North Okkalapa:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Family Gym North Okkalarpa

.