My Nutri For You

My Nutri For You Let's talk about the best nutrition in the world

✔️Formula 1 Nutritional Shake Mix ကို Protein ပိုရအောင် သောက်ကြရအောင်။ Formual 1 Nutritoinal Shake Mix မှာ Protein 17g ပ...
17/10/2025

✔️Formula 1 Nutritional Shake Mix ကို Protein ပိုရအောင် သောက်ကြရအောင်။

Formual 1 Nutritoinal Shake Mix မှာ Protein 17g ပါဝင်ပြီး ဖြစ်သော်လည်း Protein အသားဓါတ်ပိုရချင်သူတွေက Protein Powder ထပ်ထည့်ပြီးသောက်လို့ရပါတယ်။ Herbalife Personalized Protein Powder သာမက အခြားသော Protein Powder တွေ လည်း ထည့်သောက်လို့ရပါတယ်။ ဒါ့အပြင် ဒိန်ချဉ်၊ ချိစ့် ၊ တို့ဖူးနှောင်းတို့ကိုလည်း ထပ်ပြီး ဖျော်သောက်ပါက Protein ဓါတ်ကြွယ်ဝသော Shake တခွက် အဖြစ် ဖန်တီးနိုင်ပါတယ်။

Nutrtional Shake Mix သောက်သုံးနေတဲ့သူတွေရော ဘယ်လိုမျိုးတွေ ဖျော်စပ်သောက်သုံးကြလဲဆိုတာ မျှဝေပေးသွားပါအုံးနော်

Healthy Agingအသက်ကြီးလာတဲ့အမျှ ကျန်းမာအောင်နေထိုင်ရန် နည်းလမ်းများ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကျန်းမာရေး စိတ်ကျန်းမာရ...
07/10/2025

Healthy Aging
အသက်ကြီးလာတဲ့အမျှ ကျန်းမာအောင်နေထိုင်ရန် နည်းလမ်းများ

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကျန်းမာရေး စိတ်ကျန်းမာရေးတွေကို ပိုပြီး ဂရုပြုနေထိုင်သင့်ပါတယ်။ ဒါမှသာ အသက်အရွယ်ကြီးသော်လည်း သွက်လက်တက်ကြွစွာ လှုပ်ရှားသွားလာနိုင်ပြီး စိတ်ရွှင်လန်းကာ နေ့စဉ်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
Healthy Aging ဖြစ်အောင် နေထိုင်ရန်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

✅ ကိုယ်ခန္ဓာကျန်းမာအောင်နေထိုင်နည်းများ

🏃‍♂️ကိုယ်လက်လှုပ်ရှားမှု တခုခုကို နေ့စဉ်ပြုလုပ်ပါ။ အလေးမခြင်း၊ အေရိုးဗစ်၊ ယောဂ စသည့် လေ့ကျင့်ခန်းကို ဖြစ်စေ၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစသော အားကစားတခုခုကိုဖြစ်စေ မိမိကျန်းမာရေးနှင့်ကိုက်ညီရာ ကို ရွေးချယ်လုပ်ဆောင်ပေးပါ။

🍅သင့်တင့်မျှတသော အစားအစာများကို စားသုံးပေးပါ။ တမျိုးတည်း စားသုံးတာထက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အမျိုးအစားစုံလင်အောင် စားပေးခြင်းက ကိုယ်ခန္ဓာအတွက် လိုအပ်သော အာဟာရများကို ရရှိစေပါတယ်။ အသက်ကြီးလာတဲ့အခါ အစားအများကြီးမစားနိုင်ဘူးဆိုရင် ဖြည့်စွက်စာ အားဆေးများကို မှီဝဲသင့်ပါတယ်။

🦯အသက်ကြီးလာသူတွေအနေနဲ့ သွားလာရခက်ခဲတဲ့အခါ ချော်လဲတာတွေ ဖြစ်တတ်တာကြောင့် သွားလာရာမှာ အထောက်အကူပြုပစည်တွေသုံးတာ (သို့) နေအိမ်မှာ ချော်လဲတာသက်သာစေတဲ့ ပစည်းတွေထားရှိတာ ဉပမာ - ရေချိုးခန်း အိမ်သာနံရံတွေမှာ လက်ကိုင်တန်းတွေ ထားရှိတာမျိုး လုပ်ထားသင့်ပါတယ်။

🏥ကျန်းမာရေးစစ်ဆေးမှုကိုလည်း အနည်းဆုံး တနှစ်တခါပြုလုပ်ပေးသင့်ပါတယ်။ မိမိမှာ ရောဂါလကဏာတခုခုပေါ်လာပြီဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

✅စိတ်ကျန်းမာစေရန်နေထိုင်နည်းများ

📚အသစ်သစ်သော အရာတွေကို လေ့လာနေခြင်းက စိတ်ကို တက်ကြွစေပြီး သတိမေ့တာတွေကို လျော့နည်းစေပါတယ်။ မိမိဝါသနာနဲ့ ကိုက်ညီတဲ့ အရာတွေကို လေ့လာပါ။ ပြုလုပ်ကြည့်ပါ။

🧘စိတ်ဖိစီးမှုနည်းအောင် စိတ်ပူပန်မှုနည်းအောင် နေထိုင်ပါ။ စိတ်အပန်းပြေစေမည့် အရာများကို လုပ်ဆောင်ပါ။ တရားထိုင်ခြင်း စသော စိတ်တည်ငြိမ်စေသည့် အရာများကလည်း စိတ်ဖိစီးမှုလျော့ကျစေပါတယ်။ အကောင်းမြင်စိတ်ထားပါ။

💤အိပ်ရေးဝအောင် အိပ်စက်ခြင်းကလည်း စိတ်ကျန်းမာရေးအတွက်သာမက ကိုယ်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုစေတာဖြစ်လို့ အိပ်ရေးဝအောင် အိပ်ပေးပါ။

☎️နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ မိမိနဲ့ စိတ်တူကိုယ်တူ မိသားစု သူငယ်ချင်း မိတ်ဆွေများနဲ့ မကြာခဏတွေ့ဆုံခြင်း ဖုန်းပြောခြင်းများ ပြုလုပ်ပေးပါ။ အဖွဲ့လိုက်လုပ်ဆောင်ရသော လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ပေးပါ။ ထိုသို့ လုပ်ဆောင်ခြင်းများက အထီးကျန်ဆန်ခြင်းကို သက်သာစေပြီး ရွှင်လန်းတက်ကြွစေပါတယ်။

အခု မျှ‌ဝေပေးတဲ့အချက်တွေက အသက်ကြီးလာတဲ့အခါမှ စလုပ်သင့်တာမဟုတ်ဘဲ အသက်ငယ်ရွယ်စဉ်အခါမှာကတည်းက အကျင့်ဖြစ်အောင် လုပ်သင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ မိမိနေ့စဉ်လုပ်ငန်းဆောင်တာတွေကို မည်သူ့ကိုမှ အားကိုးရခြင်းမရှိဘဲ စိတ်ဓါတ်ကျခြင်းမရှိဘဲ သွက်လက်စွာ လုပ်ဆောင်နိုင်ဖို့ကျန်းမာစေတဲ့ နည်းလမ်းတွေကို မလုပ်ရသေးဘူးဆိုရင် ဒီနေ့ပဲ စတင်ဖို့ အကြံပြုလိုက်ပါတယ်။

26/09/2025

🥛Herbalife Formula 1 Nutritional Shake Mix တခွက်မှာ ဘယ်လိုအာဟာရ တွေပါဝင်ပါသလဲ။

🥛အဆီထုတ်ထားတဲ့ နွားနို့ (သို့) ပဲနို့ နဲ့ ဖျော်ထားတဲ့ Nutritional Shake Mix တခွက်မှာ

• 170 nutrient-dense calories
• အသားဓါတ် ၁၇ ဂရမ် ( 17 grams of protein )
• ဗီတာမင်နဲ့ သတဓါတ် ၂၁ မျိုး (21 vitamins and minerals to help fill nutritional gaps)
• အမျှင်ဓါတ် ၃ ဂရမ် ( 3 grams of fiber)
• ဗီတာမင် A, C, E စသည့် antioxidants ( antioxidants, such as vitamins A (as beta-carotene), C and E များပါဝင်ပါတယ်။

Nutritional Shake Mix က အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖြည့်စွက်စာ ဖြစ်တဲ့အတွက် သင်ရဲ့ နေ့ရက်တိုင်းကို အင်အားပြည့်ဝကျန်းမာစေမှာ ဖြစ်ပါတယ်။
မှာယူလိုတယ်ဆိုရင် Page Messenger မှ တဆင့် မှာလို့ ရနေပါပြီရှင့်။

#ဖြည့်စွက်စာ

Nutritional Shake Mix မှာပါဝင်တဲ့ Soy Protein အကြောင်းယနေ့ခေတ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာရွေးချယ်မှုတွေထဲမှာ soy...
23/09/2025

Nutritional Shake Mix မှာပါဝင်တဲ့ Soy Protein အကြောင်း

ယနေ့ခေတ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာရွေးချယ်မှုတွေထဲမှာ soy protein က လူသိများလာပြီး လူအများက စိတ်ဝင်စားလာကြပါတယ်။ Soy protein က Soy Bean ကနေ ထုတ်ထားတဲ့ ဖြစ်ပြီး အခြားသော protein များနဲ့ မတူတာကတော့ သူ့မှာ ကိုယ်ခန္ဓာ အတွက် အကျိုးပြုတဲ့ essential amino acid တွေ များစွာပါဝင်နေတာပဲဖြစ်ပါတယ်။ သားသတ်လွတ်စားနေတဲ့သူတွေ နို့နဲ့ ဓါတ်မတည့်သူတွေ (Lactose intolerance) အနေနဲ့ soy protein ကို အသားဓါတ်ရရှိဖို့နဲ့ အခြားသော ကျန်းမာရေးကောင်းကျိုးတွေအတွက် စားသုံးပေးသင့်ပါတယ်။

Soy protein ရဲ့ ကိုယ်ခန္ဓာအတွက် အကျိုးပြုပုံများ

🫛နှလုံးကျန်းမာရေးကောင်းစေခြင်း

Soy protein ကို ပုံမှန်စားသုံးပေးခြင်းက နှလုံးသွေးကြောကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရပါတယ်။ Soy protein က မကောင်းတဲ့ သွေးတွင်းအဆီဓါတ် LDL ကို ကျစေပြီး ကောင်းသော သွေးတွင်းအဆီဓါတ် HDL ကိုတက်စေတဲ့အတွက် သွေးတွင်းအဆီများနေတဲ့သူတွေ နှလုံးကျန်းမာရေး ကောင်းချင်သူတွေ စားပေးသင့်ပါတယ်။

🫛 ကြွက်သားများသန်မာစေခြင်း

အသားဓါတ်က ကြွက်သားများ တည်ဆောက်ခြင်း၊ သန်မာစေခြင်းတို့အတွက် အဓိကအရေးပါတဲ့ အရာဖြစ်ပါတယ်။ အားကစားသမားတွေ ကြွက်သားတည်ဆောက်ချင်တဲ့သူတွေ စားပေးသင့်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးမှုတွေ ရှိလာတဲ့အတွက် အသားဓါတ်ကို နေ့စဉ်စားပေးသင့်တာဖြစ်လို့ Protein ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ soy protein ကတော့ ‌‌ရွေးချယ်သင့်တဲ့ protein ဖြစ်ပါတယ်။

🫛 အရိုးများသန်မာစေခြင်း

Soy protein ထဲမှာ ပါဝင်တဲ့ Isoflavones ဆိုတာက အမျိုးသမီးဟော်မုန်း estrogen နဲ့ ဆင်တူတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ Isoflavones က အရိုးသိပ်သည်းဆကို ကောင်းစေလို့ အထူးသဖြင့် သွေးဆုံးချိန်မှာဖြစ်လေ့ရှိတဲ့ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ Calcium, Vitamin D တို့နဲ့တွဲပြီး သောက်မယ်ဆိုရင် အရိုးများကို ပိုမိုသန်မာစေပါတယ်။

🫛 ကိုယ်အလေးချိန်လျော့ချရာတွင် ကူညီပေးခြင်း

Soy protein က ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက်ကို ရစေတဲ့အတွက် မလိုအပ်ဘဲ အစားအစာတွေ အများကြီးစားမိတာမဖြစ်စေဘဲ calorie deficit ဖြစ်ဖို့ ကူညီပေးပါတယ်။ ကြွက်သားတည်ဆောင်တာကို အားပေးအတွက် ကိုယ်အလေးချိန်လျော့ချရာမှာ ကြွက်သားလျော့ကျမှုထက် အဆီ လောင်ကျွမ်းမှုကို ပိုဖြစ်စေပါတယ်။ ဝိတ်ချနေသူတွေ သောက်ပေးသင့်ပါတယ်။

🫛 သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း

Soy Protein က insulin sensitivity ကို ကောင်းတာဖြစ်လို့ သွေးတွင်းသကြားဓါတ်ကို မှန်ကန်စေပါတယ်။ ဆီးချိုရှိသူတွေနဲ့ ဆီးချိုဖြစ်နိုင်ချေရှိသူတွေအတွက် Soy protein က သင့်တော်တဲ့ အာဟာရတခု ဖြစ်ပါတယ်။

🫛 သွေးဆုံးကိုင်ခြင်း သက်သာစေခြင်း

သွေးဆုံးခါနီးရင် ဖြစ်တတ်က အပူအအေး မမျှတတာတွေ ညဘက်ချွေးထွက်တာတွေ စိတ်အတက်အကျ ဖြစ်တာတွေကို Soy Protein က သက်သာစေပါတယ်။ သွေးဆုံးခါနီးအချိန်မှာ Soy protein ကို သောက်ပေးခြင်းဖြင့် သွေးဆုံးခါနီးဖြစ်တတ်တာတွေကို သက်သာစေပါတယ်။

🫛 အသားအရည် လှပစေခြင်း

Soy Protein မှာ antioxidant တွေပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကာကွယ်ပေးတဲ့အပြင် အသားအရည် တင်းရင်းစေပြီး အရေးအကြောင်းတွေကိုလည်း သက်သာစေပါတယ်။

Soy protein ပါဝင်တဲ့ အစားအစာတွေကတော့ ပဲနို့၊ ပဲပြား၊ soy protein၊ soy sauce၊ Miso ၊ Steamed soybean တွေ ဖြစ်ပါတယ်။
မိမိ အဆင်ပြေသလို စားသုံးပေးလို့ရပါတယ်။ Soy protein က သာမန် protein တွေထက် ကျန်းမာရေးကောင်းကျိုးတွေရှိတာကြောင့် ပုံမှန်စားပေးခြင်းဖြင့် သင့်ကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအတွက် Active Fibre Complex Herbalife Active Fibre Complex မှာ သစ်သီး ဟင်းသီးဟင်းရွက်တွေမှ...
19/09/2025

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအတွက် Active Fibre Complex

Herbalife Active Fibre Complex မှာ သစ်သီး ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ အမျှင်ဓါတ်များမှ ထုတ်လုပ်ထားပါတယ်။ အစာချေစနစ်ကို အားပေးပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပေးတဲ့အတွက် Active Fibre Complex က နေ့ရက်တိုင်းကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Active Complex Fibre ကို Nutritional Shake Mix , Coffee, Tea နဲ့ အခြားသော ဖျော်ရည်တို့နဲ့ ရောစပ်ပြီး သောက်လို့ရပါတယ်။ ဒီတိုင်း ရေနဲ့လည်း ဖျော်သောက်လို့ရပါတယ်။

Active Complex Fibre တခွက်မှာ အမျှင်ဓါတ် 5 g ပါဝင်တဲ့အတွက် တနေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ရဲ့ ၂၀% ကို ရရှိစေပါတယ်။

မှာယူလိုတယ်ဆိုရင် Page messenger ကနေ မှာလို့ရပါတယ်။

🥬အမျှင်ဓါတ် ( Fibre) သင့်ကျန်းမာရေးအတွက် လိုအပ်ချက်🥦အမျှင်ဓါတ်များများပါတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားရင် ဝမ်းမချုပ်...
17/09/2025

🥬အမျှင်ဓါတ် ( Fibre) သင့်ကျန်းမာရေးအတွက် လိုအပ်ချက်🥦

အမျှင်ဓါတ်များများပါတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားရင် ဝမ်းမချုပ်ဘူးဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ အမျှင်ဓါတ်က ကိုယ်ခန ကို အကျိုးပြုစေတဲ့ အချက်များစွာရှိပါတယ်။

🍓အူလမ်းကြောင်းကျန်းမာရေး
အမျှင်ဓါတ်က ဝမ်းသွားတဲ့အခါ လွယ်ကူအောင် အထောက်အကူပြုပေးတဲ့အတွက် ဝမ်းမှန်လိုသူတွေ ဝမ်းချုပ်နေသူတွေက နေ့စဉ် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ ဝမ်းလျောနေချိန်မှာလည်း အမျှင်ဓါတ်က ရေကို စုပ်ယူပေးနိုင်လို့ ဝမ်းမှန်ဖို့အတွက် ကူညီပေးပါတယ်။ အူလမ်းကြောင်းတလျှောက်က အကျိုးပြုဘတ်တီးရီးယားတွေကိုလည်း များစေတာဖြစ်လို့ ကိုယ်ခံအားကောင်းစေပြီး အူမကြီးကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

🍓သွေးတွင်းသကြားဓါတ်ထိန်းညှိပေးခြင်း
အမျှင်ဓါတ်တွေက စားလိုက်တဲ့ အစားအစာမှာ ပါဝင်တဲ့ သကြားတွေကို ကိုယ်ခန္ဓာ က စုပ်ယူမှုကို ‌နှေးစေတဲ့အတွက် သွေးတွင်းသကြားဓါတ် မြင့်မားမှုကို လျော့ကျစေပါတယ်။ ဆီးချိုရှိသူတွေ ဆီးချိုဖြစ်နိုင်ချေများသူတွေက မဖြစ်မနေ အမျှင်ဓါတ်များများပါတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

🍓သွေးတွင်း အဆီဓါတ်ကျစေခြင်း
အစားအစာမှာပါတဲ့ ကိုယ်ခန္ဓာကို အကျိုးမပြုစေတဲ့ အဆီတွေ သွေးတွင်း‌ရောက်ရှိမှုကို လျော့ချပေးတဲ့အတွက် သွေးတွင်းမကောင်းတဲ့ အဆီဓါတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

🍓ကိုယ်အလေးချိန်လျော့ကျခြင်း
ကိုယ်အလေးချိန် ထိန်းချင်သူတွေ လျော့ချင်သူတွေအတွက် အမျှင်ဓါတ်က လိုအပ်ပါတယ်။ အမျှင်ဓါတ်များတဲ့ အစားအစာတွေက နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားမှုကို ရစေတဲ့အတွက် ခဏခဏမစားမိတော့ဘဲ Calorie deficit ဖြစ်စေပါတယ်။

တနေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ပမာဏက အမျိုးသားများအတွက် ၃၀-၃၈ ဂရမ်နဲ့ အမျိုးသမီးများအတွက် ၂၁-၂၅ ဂရမ် ဖြစ်ပါတယ်။

နေ့စဉ်စားသောက်မှုတွေမှာ အမျှင်ဓါတ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အ‌စေ့အဆံများ၊ ဂျုံနဲ့ လုပ်ထားတဲ့ မုန့် ၊ ပေါင်မုန့်၊ ပဲအမျိုးမျိုးကို စားပေးခြင်းဖြင့် ပိုကျန်းမာတဲ့ ဘဝတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

Herbalife Formula 1 Nutritional Shake Mix ကို ဘာအတွက် သောက်ကြတာလဲ။မိမိကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်လို့ရပြီး ပြင်ဆင်ရ...
12/09/2025

Herbalife Formula 1 Nutritional Shake Mix ကို ဘာအတွက် သောက်ကြတာလဲ။

မိမိကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်လို့ရပြီး ပြင်ဆင်ရတာ လွယ်ကူတဲ့ Formula 1 Nutrional Shake Mix ကို ကမ္ဘာတဝှမ်းက လူတွေ သောက်သုံးနေကြပါတယ်။

Formula 1 Nutritional Shake Mix ကို
🥛အာဟာရပြည့်တပြီး သင့်တင့်တဲ့ အစားအစာတခုအနေနဲ့ မနက်စာ / နေ့လည်စာ/ ညစာ အဖြစ်
🥛ကိုယ်အလေးချိန်လျော့ချနေတဲ့သူတွေက မနက်စာ / ညစာ အစားထိုး အစာအဖြစ်
🥛ကိုယ်အလေးချိန်တက်လိုသူတွေ ကြွက်သားပိုမိုတည်ဆောက်လိုသူတွေက ဖြည့်စွက်စာအဖြစ်
🥛လေ့ကျင့်ခန်းမလုပ်ခင် (သို့) လုပ်ပြီးချိန်မှာ အင်အားပြည့်ဝစေမည့် အစာအဖြစ်
🥛အသက်ကြီးသူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာ အဖြစ် သောက်သုံးကြပါတယ်။

အာဟာရပြည့်ဝတဲ့ Formula 1 Nutritional Shake Mix က သင့်ရဲ့ နေ့ရက်တွေကို အင်အားပြည့်စွာ ဖြတ်သန်းနိုင်ဖို့ အကူအညီ ပေးနိုင်ပါတယ်။

ကျန်းမာသော လူနေမှုဘဝ ( Healthy Lifestyle) ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လူတိုင်း လိုချင်ကြပါတယ်။ မိမိရဲ့ နေ့စဉ်အသေးစိတ် အလေ...
10/09/2025

ကျန်းမာသော လူနေမှုဘဝ ( Healthy Lifestyle)

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လူတိုင်း လိုချင်ကြပါတယ်။ မိမိရဲ့ နေ့စဉ်အသေးစိတ် အလေ့အကျင့်တွေကို သတိထားမှသာ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။ မိမိမှာ လိုအပ်နေတဲ့ ကိုယ်ကျန်းမာ စိတ်ကျန်းမာစေမည့် အချက်တွေကို ဖြည့်စွက်လိုက်မယ် လိုက်နာလိုက်မယ်ဆိုရင် ကျန်းမာတဲ့ လူနေမှုဘဝကို အမှန်တကယ် ရရှိမှာဖြစ်ပါတယ်။

🟢 အစားအစာနှင့် ကျန်းမာရေး
အစာအုပ်စုကြီး ၃ခုဖြစ်တဲ့ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ ၊ အသားဓါတ်ကိုတို့ကို သင့်တော်အောင်စားရမှာဖြစ်တဲ့အပြင် Vitamins and Minerals , Fibre အမျှင်ဓါတ်တွေလည်း ပါဝင်အောင် စားပေးရမှာဖြစ်ပါတယ်။ အစားအစာတွေမှာ အဆီပါဝင်မှုနည်းပြီး အချိုအငံအရသာများ သင့်တင့်သလောက်ပဲ ပါဖို့ အရေးကြီးပါတယ်။ သင့်တင့်မျှတအောင်လို့ ပြောတဲ့အတွက် အများကြီး စားသောက်တာကတော့ ရှောင်ရှားရပါမယ်။ မိမိ ကိုယ်ခန လက်ရှိကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် စားသုံးပေးဖို့လိုအပ်ပါတယ် တနေ့ကို အနည်းဆုံး ရေ ၂လီတာသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

🟢 ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း
အလုပ်များတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးဆိုတာ လူအများရဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာ လှုပ်ရှားမှုနည်းခြင်းက သွေးတိုး ဆီးချို နှလုံးရောဂါစတဲ့ ရောဂါပေါင်းစုံဝင်ရောက်လာဖို့ အဆင်သင့် ဖြစ်အောင် လုပ်ပေးနေတာနဲ့ တူပါတယ်။ မိမိကြိုက်နှစ်သက်ရာလေ့ကျင့်ခန်း (သို့) အားကစားကို ရွေးလုပ်လို့ရပါတယ်။ အိမ်မှာနေတဲ့အချိန်တွေ လှုပ်လှုပ်ရှားရှားဖြစ်အောင်နေတာတို့ အထိုင်များပြီးဆိုရင် လမ်းလျှောက်ပေးတာတို့လည်း လုပ်ပေးလို့ရပါတယ်။ တပတ်ကို ၅ရက် တရက်ကို မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ပေးဖို့ကိုလည်း ပညာရှင်တွေကို လမ်းညွှန်ထားပါတယ်။ အရေးကြီးတာက စွဲစွဲမြဲမြဲလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျန်းမာတဲ့ လူနေမှုဘဝကို ရရှိမှာဖြစ်ပါတယ်။

🟢 စိတ်ကျန်းမာရေး
ကျန်းမာရေးတယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရုံသာမက စိတ်ကျန်းမာရေးဖို့ပါ အရေးကြီးပါတယ်။ စိတ်ဖိစီးမှုများလာခြင်းက သွေးတိုး၊ နှလုံးရောဂါအပြင် စိတ်ကျရောဂါ တွေပါ ဖြစ်လာနိုင်တာမို့ စိတ်ဖိစီးမှုလျော့ကျစေမည့် နည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။ တရားထိုင်တာ ၊ ယုံကြည်စိတ်ချရတဲ့သူတွေကို ရင်ဖွင့်ပြောတာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ မိမိချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ပေးတာ စတဲ့နည်းတွေ အများကြီးရှိပြီး လိုအပ်ပါက ဆရာဝန်တွေ စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ကြည့်လို့ရပါတယ်။

🟢 အိပ်စက်အနားယူခြင်း
အိပ်ရေးဝခြင်းကလည်း ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ လူတစ်ယောက်က တရက်ကို ၆-၈ နာရီ အိပ်ပေးဖို့လိုအပ်ပါတယ်။ အိပ်စက်နေချိန်မှာ ကိုယ်ခန္ဓာ အပြည့်အဝအနားယူနေတာဖြစ်တဲ့အတွက် နိုးထလာတဲ့အခါ အင်အားပြည့်ဝစေပါတဲ့အပြင် ဉီးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထက်မြက်စေပါတယ်။ အိပ်မပျော်တာတွေ အိပ်ရေးမဝတာတွေက ကြာလာရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်

🚫 ရှောင်ရမည့် အကျင့်များ
ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေမည့်အရာတွေကို ရှောင်ရှားရပါမယ်။ ဆေးလိပ်၊ အရက်၊ ကွမ်း စတာတွေက ကျန်းမာရေးကို များစွာထိခိုက်စေနိုင်တဲ့အတွက် လျော့နိုင် ဖြတ်နိုင်ရင် အကောင်းဆုံးပါပဲ။

ကျန်းမာတဲ့ လူနေမှုဘဝကို ရရှိဖို့ဆိုတာ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် မိမိကိုယ်တိုင်က ပြုပြင်ပြောင်းလဲချင်စိတ်ရှိမယ်ဆိုရင် စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်မှာပါ။ နေ့စဉ်အသေးစိတ် အကျင့်လေးတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲပြီး ကျန်းမာ၊ ပျော်ရွှင်တဲ့ ဘဝကို ရရှိလာအောင် ကြိုးစားကြပါစို့။

🍵 အရသာရှိပြီး Calorie နည်းမယ်။ သောက်ရတာလည်း အဆင်ပြေမယ်။ Calorie များတဲ့ ဖျော်ရည်တွေကို အစားထိုးသောက်ဖို့ ရှာနေတယ် ဆိုရင်...
05/09/2025

🍵 အရသာရှိပြီး Calorie နည်းမယ်။ သောက်ရတာလည်း အဆင်ပြေမယ်။ Calorie များတဲ့ ဖျော်ရည်တွေကို အစားထိုးသောက်ဖို့ ရှာနေတယ် ဆိုရင်တော့ Herbalife Tea Concentrate ကို ရွေးချယ်နိုင်ပါတယ်။

Herbalife Tea Concentrate က Caloire နည်းရုံမကသေးပဲ ဇီဝကမ္မ ဖြစ်စဉ်ကို မြင့်တင်ပေးပြီး အင်အားပြည့်ဝလန်းဆန်းစေပါတယ်။

အပူ အအေး ကြိုက်နှစ်သက်သလို ဖျော်သောက်နိုင်ပါတယ်။

ဖျော်ရတာလည်း အရမ်းလွယ်ကူပါတယ်။
Herbal Tea လက်ဖက်ရည်ဇွန်း တဝက်ကို ရေ ၂၀၀-၂၄၀ ml ထဲထည့်ပြီး tea များပျော်ဝင်သည်အထိမွှေကာ သောက်သုံးနိုင်ပါတယ်။ တနေ့ ၂ကြိမ်သောက်နိုင်ပါတယ်။

💪အင်အားပြည့်ဝသောနေ့သစ်များအတွက် Herbal Tea Concentrate 💪

🍵 If you're looking for a low-calorie drink that's simple to make, Herbalife herbal tea concentrate is a good option.

In addition to being low in calories, Herbalife herbal tea concentrate supports metabolism and keeps you refreshed by boosting your energy.

Enjoy it hot or cold.

Quick to make.
Mix ½ teaspoon tea with 200-240ml of hot or cold water. You can drink it twice a day.

💪Boost your days with Herbalife Herbal Tea Concentrate.💪

🍵 ကျန်းမာရေးအကျိူးများတဲ့ Green Tea Green Tea ကို အကျိုးကျေးဇူများစွာပေးတဲ့ သဘာဝအစားအစာအဖြစ် လူအများက လက်ခံ သောက်သုံးနေက...
02/09/2025

🍵 ကျန်းမာရေးအကျိူးများတဲ့ Green Tea

Green Tea ကို အကျိုးကျေးဇူများစွာပေးတဲ့ သဘာဝအစားအစာအဖြစ် လူအများက လက်ခံ သောက်သုံးနေကြပါတယ်။ Green Tea က ဘာအတွက်ကောင်းတာလဲ။ ဘာကြောင့် သောက်သုံးသင့်သလဲဆိုတာကို မျှဝေပေးမှာ ဖြစ်ပါတယ်။

❇️Green Tea မှာပါဝင်တဲ့ antioxidants တွေက ကိုယ်ခံအားစနစ်ကို တိုးတက်စေတဲ့အတွက် Green Tea ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အလွယ်တကူ အအေးမိခြင်း ဖျားနာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

❇️Green Tea ရဲ့ ကောင်းကျိုးနောက်တခုက သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆီ ( Bad cholesterol) တွေကို လျော့ကျစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးပါတယ်။

❇️သွေးတွင်းသကြားဓါတ်ထိန်းညှိပေးတဲ့အတွက် ဆီးချိုမဖြစ်အောင် ကာကွယ်ချင်တဲ့သူတွေနဲ့ ဆီးချိုရောဂါရှိနေသူတွေ အနေနဲ့လည်း Green Tea ကို သောက်သုံးပေးသင့်ပါတယ်။

❇️အဆီလောင်ကျွမ်းမှုကို အားပေးပြီး ဇီဝကမဖြစ်စဉ်တွေကို တိုးတက်စေတဲ့အတွက် ကိုယ်အလေးချိန်လျော့ချရာမှာ အကူအညီဖြစ်စေပါတယ်။ ဖျော်ရည်တွေသောက်မည့်အစား အပူ၊ အအေး နှစ်သက်သလို သောက်လို့ရပြီး low calorie ဖြစ်တဲ့ Green Tea တခွက်ကို ရွေးချယ်သောက်သုံးခြင်းက Calorie Deficit အတွက် အထောက်အကူဖြစ်စေပါတယ်။

❇️အသက်ကြီးလာရင် သတိမေ့တာ အာရုံစူးစိုက်နိုင်စွမ်းကျလာတွေဖြစ်လာတတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ Green Tea က မှတ်ဉာဏ်လျော့ပါးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေအနေနဲ့ Green Tea သောက်ခြင်းက ဦးနှောက်ကျန်းမာရေး ၊ နှလုံးကျန်းမာရေးတို့ကို တိုးတက်စေနိုင်ပါတယ်။

❇️Green Tea မှာပါဝင်တဲ့ L-theanine က စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။ Green Tea တခွက်နဲ့ အစပြုတဲ့ နေ့ရက်တွေက စိတ်ဖိစီးမှုနည်းပြီး အားအင်ပြည့်ကာ လန်းဆန်းစေမှာပါ။

❇️ကျန်းမာပြီး လှပစေဖို့ Green Tea ရဲ့ ကောင်းကျိုးနောက်တခုရှိပါသေးတယ်။ အဲ့ဒါကတော့ Green Tea က Collagen ထုတ်လုပ်မှုကို အကူအညီပေးတဲ့အတွက် အရေးအကြောင်းလျောနည်းစေပြီး အရွယ်တင်နုပျိုစေတာပဲ ဖြစ်ပါတယ်။

🍵ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးများတဲ့ Green Tea တစ်ခွက်က သင့်ကို နေ့စဉ် ပိုပြီး စိတ်ဖိစီးမှုနည်းစေပြီး ကျန်းမာစေမှာပါ။
🍵သဘာဝနဲ့ညီညွတ်တဲ့ ကောင်းမွန်သော ရွေးချယ်မှုဖြင့် သင့်ရဲ့ နေ့ရက်တိုင်းကို ကျန်းမာစွာ ဖြတ်သန်းလိုက်ပါ။

🍵 Benefits of Green Tea

People believe that green tea offers numerous health benefits. What are the benefits of consuming green tea? Why should individuals drink green tea? Let me share some of the benefits of drinking green tea.

❇️Green tea has numerous antioxidants, so if you drink it on a regular basis, you will not catch colds as easily.

❇️Another advantage of green tea is that it helps reduce bad cholesterol, which is harmful to heart and vascular health. Green tea lowers the risk of heart disease, heart attacks, and stroke by reducing bad cholesterol levels.

❇️One of the components in green tea can help reduce high blood sugar by increasing insulin sensitivity. That's why diabetics and those at risk of developing diabetics should drink green tea.

❇️Green tea helps to burn fat and boosts metabolism, which contributes to weight loss. Instead of a high-calorie beverage, opt for low-calorie green tea, either hot or cold, as it is the good choice for calorie deficit.

❇️Older persons frequently have memory loss or difficulty concentrating. Some studies found that green tea can increase cognitive performance in the brain. So, older individuals should consume green tea for both brain and heart health.

❇️L-thaenine in green tea can aid with anxiety and stress. Starting your day with a cup of green tea will revitalize you and make you feel less stressed.

❇️Additionally, green tea provides skin and cosmetic benefits. It can boost collagen and elasticity in the skin, resulting in less wrinkles and other signs of aging and a more youthful appearance.

In conclusion, green tea can help you live a more stress-free and healthier lifestyle.
🍵Make a better choice of natural green tea for your daily needs.

အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက် Herbal Aloe Concentrate ✳️ စားသမျှအစာတွေကို အားအင်ဖြစ်စေချင်ပါသလား။✳️ အစာချေစနစ်ကိ...
29/08/2025

အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက် Herbal Aloe Concentrate

✳️ စားသမျှအစာတွေကို အားအင်ဖြစ်စေချင်ပါသလား။
✳️ အစာချေစနစ်ကို ပိုမိုကောင်းမွန်လိုပါသလား။
✳️ ဖျော်ရည်လည်းသောက်ချင်တယ် .. Calorie တွေများနေမှာ သကြားဓါတ်များနေမှာကို စိုးရိမ်နေပါသလား။

ဒီပြဿနာတွေ အကုန်လုံးကို ဖြေရှင်းပေးနိုင်မှာကတော့ Aloe concentrate ပဲဖြစ်ပါတယ်။
Aloe Concentrate မှာ အရည်အသွေးမြင့်တဲ့ ရှားစောင်းကနေ ထုတ်လုပ်ထားပြီး အစာချေစနစ်ကို အထောက်အကူပြုပေးရုံသာမက ရင်ပြည့်ရင်ကယ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် အစာအိမ် အူလမ်းကြောင်းတလျှောက် စားလိုက်တဲ့ အစားအစာတွေကနေ အာဟာရစုပ်ယူမှုကိုလည်း ပိုကောင်းစေပါတယ်။

Zero calorie, Zero Sugar, low glycemic ဖြစ်တာကြောင့် ဆီးချိုရှိသူတွေ ၊ Calorie deficit လုပ်နေသူတွေ၊ Healthy diet မှီဝဲလိုသူအတွက် အထူးသင့်လျော်ပါတယ်။

✅️ သင့်ရဲ့တနေ့တာကို Herbal Aloe Concentrate တခွက်နဲ့ စတင်လိုက်ပါ။

နေ့စဉ်နေ့တိုင်း ရေကို လုံလောက်စွာ သောက်နေရဲ့လား။လူရဲ့ ခန္ဓာကိုယ်က ရေဓါတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေသောက်...
26/08/2025

နေ့စဉ်နေ့တိုင်း ရေကို လုံလောက်စွာ သောက်နေရဲ့လား။

လူရဲ့ ခန္ဓာကိုယ်က ရေဓါတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေသောက်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသည်ကို အားလုံးသိထားပြီးသားဖြစ်ပါလိမ့်မည်။ ရေဓါတ်ပြည့်ဝခြင်းက ကောင်းကျိုးဘာတွေရှိမလဲ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲ ဆိုတာကို သေချာသိရှိစေဖို့ ပြောပြသွားပါမယ်။

၁) ရေဓါတ်ပြည့်ဝခြင်းသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ အစာချေစနစ်ကို ချောမွေ့စေခြင်း၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း၊ ဇီဝကမ ဖြစ်စဉ်များကို အထောက်အကူပြုခြင်းစတဲ့ အကျိုးတွေရှိပါတယ်။

၂) ရေက ဗီတာမင် သတ္တုဓါတ်များ နှင့် အခြားသော ကောင်းတဲ့ဓါတ်တွေ ခန္ဓာကိုယ်က စုပ်ယူမှုလွယ်ကူစေရန် များစွာ ကူညီပေးပါတယ်။

၃) ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားတဲ့နေရာမှာ ရေကမရှိမဖြစ်ပါ၊ ခန္ဓာကိုယ်အတွက် မလိုအပ်တာတွေ/အဆိပ်အတောက်တွေကို ဆီးကတဆင့် စွန့်ထုတ်ပစ်ရပါတယ်။ တခါတရံ ချွေးအဖြစ်နဲ့လည်း စွန့်ထုတ်ရပါတယ်။ရေဓါတ်ခန်းခြောက်နေတဲ့ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ပုံလာပြီး ကျန်းမာရေးထိခိုက်လာမှာ အမှန်ပါပဲ။

၄) အရိုးအဆစ်တွေ ကောင်းမွန်စွာ လှုပ်ရှားနိုင်ရန်မှာလည်း ရေက ကူညီပေးပါတယ်။ ဒါကြောင့် ရေဓါတ်ပြည့်ဝနေခြင်းက အရိုးအဆစ်ရောဂါတွေ မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။

၅) အသားအရည် Glow ချင်တဲ့သူတွေ မဖြစ်မနေလုပ်ရမှာက ရေသောက်များဖို့ပါ။ အပြင်ကဘယ်လောက်ပဲ skin care တွေ သုံးသော်လည်း အတွင်း ခန္ဓာကိုယ်မှာ လိုအပ်ချက်တွေရှိနေရင် Glow မှာ မဟုတ်ပါဘူး။ ရေဓါတ်ပြည့်ဝနေရင် အသားအရည် တင်းရင်ပို စိုပြေနုပျိုနေမှာဖြစ်ပါတယ်။

၆) တနေ့တာကို ခွန်အားအပြည့်နဲ့ တက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ကလည်း ရေဓါတ်ပြည့်ဝဖို့လိုအပ်ပါတယ်။ Dehydration လို့ခေါ်တဲ့ ရေဓါတ်ခန်းခြောက်လာပြီဆိုရင် ပင်ပန်းနွမ်းနယ်ပြီး လူရော စိတ်ပါ မလန်းဆန်းနိုင်ပါဘူး။

၇) ဝမ်းချုပ်တတ်တဲ့သူတွေက ဝမ်းမချုပ်စေဖို့ ဝမ်းပျော့ပျော့သွားဖို့ ရေများများသောက်ဖို့လိုပါတယ်။ အူလမ်းကြောင်းတလျောက် အစာတွေ စီးဆင်းမှုကောင်းအောင် စုပ်ယူမှုကောင်းအောင် ရေက ကူညီပေးနိုင်တာမို့ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ရေသောက်ပေးဖို့လိုပါတယ်။

ရေဟာ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ တစ်ရှုးများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပုံမှန်ကျန်းမာနေတဲ့ လူတယောက်သည် တစ်နေ့ကို ရေ၂လီတာခန့် သောက်သုံးသင့်ပါတယ်။ ဒါမှသာ ကျန်းမာလှပပြီး သန်စွမ်းဖျတ်လတ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက် ရေသောက်နည်းနေတဲ့သူတွေ ရေများများသောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Address

Yangon

Telephone

09797844495

Website

Alerts

Be the first to know and let us send you an email when My Nutri For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to My Nutri For You:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category