15/03/2026
ကြည်လင်ဝင်းပပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် Inner Nutrition (ခန္ဓာကိုယ်အတွင်းပိုင်း အာဟာရ) ဟာ အခြေခံအကျဆုံးဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အသားအရေဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အတွင်းပိုင်းကျန်းမာရေး အခြေအနေကို ပုံရိပ်ထင်ဟပ်နေလို့ပဲ ဖြစ်ပါတယ်။
အပြင်ပန်းလိမ်းခြယ်တဲ့ ပစ္စည်းတွေ (Moisturizer၊ Serum များ) က အရေပြားရဲ့ အပေါ်ယံလွှာမှာသာ အလုပ်လုပ်ပေးနိုင်တာပါ။ ဒါပေမဲ့ အတွင်းပိုင်းအာဟာရကတော့ အရေပြားဆဲလ်တွေ ပျက်စီးမှုကို ပြုပြင်ဖို့၊ အစိုဓာတ်ကို ထိန်းသိမ်းဖို့နဲ့ Collagen (ကော်လာဂျင်) ဓာတ်တွေကို ခန္ဓာကိုယ်အတွင်းပိုင်းကနေ ထုတ်လုပ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ အဓိကအခြေခံအုတ်မြစ်တွေကို ထောက်ပံ့ပေးပါတယ်။
Healthy Glow skin ကို ရရှိနိုင်ဖို့
❇️လိမ်းတဲ့ Moisturizer ထက် သောက်တဲ့ "ရေ" က ပိုအရေးကြီးပါတယ်။ ရေဝဝသောက်ခြင်းက ဆဲလ်တွေကို အားဖြည့်ပေးပြီး အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။
❇️အသားအရေ တင်းရင်းပြီး နုပျိုနေဖို့အတွက် Collagen က အဓိကဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမဲ့ အပြင်ကလိမ်းတဲ့ Collagen ထက် ကိုယ့်ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း ထုတ်လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်! Collagen အသစ်တွေ ဖြစ်ပေါ်ဖို့အတွက် ဗီတာမင် စီ က မရှိမဖြစ် "လက်ထောက်" ပါပဲ။ Protein (ပရိုတင်း): Collagen ရဲ့ အခြေခံအုတ်မြစ်က ပရိုတင်းပါ။ အာဟာရဓာတ် ပြည့်ဝနေမယ်ဆိုရင် အသားအရေက တင်းရင်းအိစက်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေပေမယ့် အစားအသောက် ဂရုမစိုက်ဘဲ အချိုတွေ အလွန်အကျွံစားတာ၊ အဆီအစိမ့်တွေ စားတာကတော့ သင့်ရဲ့ Collagen တွေကို ပျက်စီးစေပြီး အသားအရေကို ပိုအိုမင်းရင့်ရော်စေပါတယ်။
❇️အူလမ်းကြောင်းမကောင်းရင် အဆိပ်အတောက်တွေက အသားအရေမှာ ဝက်ခြံတွေ၊ အနီစက်တွေအနေနဲ့ လာပြတတ်ပါတယ်။ Probiotics ပါတဲ့ အစားအစာတွေ (ဥပမာ- ဒိန်ချဉ်) စားပေးခြင်းက အသားအရေကို သိသိသာသာ ကြည်လင်စေပါတယ်။
❇️ဗီတာမင် C နဲ့ E ကြွယ်ဝတဲ့ သစ်သီးဝလံတွေဟာ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး Collagen ထုတ်လုပ်မှုကို အားပေးပါတယ်။
ဗီတာမင် A က ဆဲလ်အသစ်တွေ အမြန်ဆုံးဖြစ်ပေါ်ဖို့ ကူညီပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါပြီး ဗီတာမင် Dက အရေပြားဆဲလ်တွေ ကျန်းမာသန်စွမ်းဖို့နဲ့ ခုခံအားကောင်းဖို့ တာဝန်ယူပါတယ်။
ဒီတော့ Skincare တွေဝယ်ဖို့ ငွေကုန်ကြေးကျမခံခင် ဒီနေ့ ဘာတွေစားခဲ့သလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ရအောင်။ အပြင်ကရော အတွင်းကပါ ဂရုစိုက်မှသာ ရေရှည်တည်တံ့တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။