27/09/2024                                                                            
                                    
                                                                            
                                            တိုးချင်တာတိုး ပါဝါတော့မတိုးချင်ဘူးဆိုရင် “
မီဒိုရဲ့ ချစ်ရတဲ့ follower တို့ရေ 🥰
မျက်မှန်ဆိုတာ အရင်အပါတ်က တင်ဆက်ခဲ့သလို ကမ္ဘာပေါ်မှာ လူနှစ်ယောက်မှာ တစ်ယောက်တပ်ဆင်တဲ့ အသုံးအဆောင်တစ်ခုပါ။
🕶️ ဒီတော့ မျက်မှန်တပ်ရတာက ခေတ်ရေစီးကြောင်းအရ ကိုယ့်ရဲ့အားနည်းချက်တစ်ခုလိုမပြောနိုင်ပေမယ့် မျက်မှန်ပါဝါက တစ်နှစ်တစ်ကြိမ်လောက်လဲပြီးတပ်နေရတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ဆင်ခြင်သင့်တဲ့ လက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်။ 
ကဲ… ဒီနေ့မှာတော့ မျက်မှန်ပါဝါတွေထပ်မတိုးလာအောင် ( ဒါမှမဟုတ် ) ပါဝါတက်နှုန်းလျော့ကျလာအောင် လိုက်နာသင့်တဲ့ အခြေခံအချက် ( ၄ ) ချက်ကို မီဒိုကနေ မျှဝေပေးလိုက်ပါတယ်နော်. . . 
(၁) ကျန်းမာတဲ့ စားသောက်မှုပုံစံ 
🍊 အစာအုပ်စုမမျှတပဲ ပြီးစလွယ် စားသောက်နေထိုင်ခြင်းဟာ screen time မြင့်သူတွေရဲ့ မျက်စိကျန်းမာရေးကို တိုက်ရိုက် ရိုက်ခတ်နိုင်တာကို သုတေသနစာတမ်းတွေအရ သိနိုင်ပါတယ်။  ကိုယ့်ရဲ့နေ့စဉ် စားစရာတွေထဲမှာ Vitamin A, C, E, omega 3 fatty acids စတဲ့ အာဟာရဓာတ်တွေကို ထည့်သွင်းစားသုံးခြင်းက မျက်စိကျန်းမာရေးကောင်းမွန်ဖို့အတွက် အသင့်တော်ဆုံးပါနော်. . . 
(၂) ရေဓာတ်ပြည့်၀မှု 
💧 ရေဓာတ်ပြည့်ဝမှုဟာ မျက်ကြည်လွှာကျန်းမာရေး နှင့် ကြည်လင်ရေးမှာ အရေးကြီးပါတယ်။  ဒါကြောင့် တနေ့တာ လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝသောက်သုံးမယ်ဆိုရင် မျက်မှန်ပါဝါ မတိုးရုံသာမကပဲ ပိုပြီးကြည်လင်တဲ့ အမြင်အာရုံကို ပိုင်ဆိုင်စေဦးမှာပါ။ 
(၃) မလိုအပ်တဲ့ Screen Time လျော့ချမှု 
⏰ အထူးတလည်ပြောစရာမလိုတဲ့ ဖုန်း၊ကွန်ပြူတာ အသုံးပြုမှုက မျက်စိအတွင်းမှန်ဘီလူးကို လိုတာထက်ပိုပြီး အလုပ်ပေးတာကြောင့် မှန်ဘီလူးကြွက်သားရဲ့ ရေရှည် ကျုံ့နိုင်ကျယ်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။ အလုပ်ချိန်ပြင်ပတွင် LCD screen များနှင့် ထိတွေ့မှုကို လျော့ချခြင်းကလည်း ပါဝါတရစပ် တိုးလာမှုကို ဟန့်တားပေးနိုင်တဲ့နည်းလမ်းတစ်ခုပါ။ 
(၄) မျက်စိလေ့ကျင့်ခန်း ပြုလုပ်မှု
 🌿 အရှေ့ကခေါင်းစဉ်မှာ ပြောခဲ့သလို Screen Time ကို အလုပ်ကိစ္စကြောင့် မလျော့ချနိုင်ခဲ့ရင်တောင် နာရီဝက်၊တစ်နာရီ ကြားတစ်ခါ မျက်စိကိုခေတ္တအနားပေးခြင်း နဲ့ စိမ်းစိုသောအရာဝတ္ထုများကို ကြည့်ပေးခြင်းတွေက မျက်လုံးကြိမ်းစပ်တာကို သက်သာစေလို့ မျက်စိအားပြန်ပြည့်စေပြီး မျက်မှန်ပါဝါတက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
✨🕶️ မျက်မှန်အထူကြီးတွေတပ်ပြီး ကိုယ့်ရဲ့ ရူပါ ကို နဂိုထပ် ပိုပြီး ကြည့်ရမဆိုးလေအောင်...
✨🕶️ မျက်မှန်ပါဝါထပ်မတိုးတော့အောင်...
လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ ဒီလိုမျက်စိကျန်းမာရေး အခြေခံသိသင့်တဲ့ အချက်အလက်တွေကို ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ဖတ်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်.. မီဒိုရဲ့ ချစ်ကာကာတို့ရေ
“ မျက်မှန်နဲ့ ပါတ်သတ်လာရင် MIDO “
👓𝐌𝐢𝐝𝐨 𝐕𝐢𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐎𝐩𝐭𝐢𝐜𝐬 
📪အမှတ် ၂၅၂၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ 
☎️ Message Box (or) Phone - 09 455 167 884 သို့ ဆက်သွယ်၍လည်း စုံစမ်းမေးမြန်းမှာယူနိုင်ပါပြီ။