Min Mahar Swe Medical Center

Min Mahar Swe Medical Center Diagnostics and specialists clinic

📢 Computer ကျွမ်းကျင် ဝန်ထမ်း အလိုရှိသည်!!Min Mahar Swe Medical Center တွင် တာဝန်ထမ်းဆောင်ရန် Computer ကျွမ်းကျင်ပြီး သွ...
12/03/2026

📢 Computer ကျွမ်းကျင် ဝန်ထမ်း အလိုရှိသည်!!

Min Mahar Swe Medical Center တွင် တာဝန်ထမ်းဆောင်ရန် Computer ကျွမ်းကျင်ပြီး သွက်လက်ဖော်ရွေသော Female Staff တစ်ဦး အမြန်အလိုရှိပါသည်။

📌 အဓိကတာဝန်များ:
• Documentation (စာရွက်စာတမ်း ထိန်းသိမ်းခြင်း )
• Data Entry (လူနာမှတ်တမ်းနှင့် အချက်အလက်များ စနစ်တကျ ရိုက်သွင်းခြင်း)

✅ လိုအပ်ချက်များ:
• အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။
• Computer (Microsoft Office / Excel) အခြေခံ ကျွမ်းကျင်ရမည်။
• စာရိုက်နှုန်း မြန်ဆန်ပြီး အလုပ်အပေါ် စိတ်ပါဝင်စားသူ ဖြစ်ရမည်။

⏰ အလုပ်ချိန်: မနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ
📍 အလုပ်နေရာ: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📩 လျှောက်ထားရန် : မိမိတို့၏ CV Form ကို Email : info@minmaharswe.com
Viber : 09988894111 , 099888894222 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

အအေးမိတာလား ? တုပ်ကွေးလား? ဘယ်လိုခွဲခြားမလဲ 🤔 !!👉 ရာသီဥတု အကူးအပြောင်းမှာ နှာစေး၊ ချောင်းဆိုး ဖြစ်လာရင် "သာမန် အအေးမိတာပ...
10/03/2026

အအေးမိတာလား ? တုပ်ကွေးလား?
ဘယ်လိုခွဲခြားမလဲ 🤔 !!

👉 ရာသီဥတု အကူးအပြောင်းမှာ နှာစေး၊ ချောင်းဆိုး ဖြစ်လာရင် "သာမန် အအေးမိတာပါလေ" ဆိုပြီး ပေါ့ဆနေတတ်ကြပါတယ်။

👉 ဒါပေမဲ့ တကယ်တမ်းက သာမန်အအေးမိခြင်း (Common Cold) နဲ့ တုပ်ကွေး (Flu) ဟာ မတူပါဘူး။

👉 တုပ်ကွေးက ပိုပြင်းထန်သလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ပိုများနိုင်ပါတယ်။

ဘယ်လိုကွာခြားလဲဆိုတာ ကြည့်လိုက်ရအောင် 👇

🔹 ၁။ အဖျားတက်ခြင်း (Fever)
• အအေးမိရင်: ဖျားခဲပါတယ်။ ဖျားရင်လည်း အငွေ့ပြန်ရုံလောက်ပဲ ရှိတတ်ပါတယ်။
• တုပ်ကွေးဖြစ်ရင်: အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်အထက် အပြင်းအထန် တက်တတ်ပါတယ်။

🔹 ၂။ ကိုယ်လက်ကိုက်ခဲခြင်း (Aches & Pains)
• အအေးမိရင်: အနည်းငယ်ပဲ ကိုက်ခဲတတ်ပါတယ်။
• တုပ်ကွေးဖြစ်ရင်: တစ်ကိုယ်လုံး ရိုက်နှက်ခံထားရသလို အရမ်းနာကျင်ကိုက်ခဲပြီး နုံးချည့်နေတတ်ပါတယ်။

🔹 ၃။ နှာစေး/နှာပိတ် (Nose Symptoms)
• အအေးမိရင်: နှာစေးတာ၊ နှာပိတ်တာက အဓိက လက္ခဏာပါ။
• တုပ်ကွေးဖြစ်ရင်: တစ်ခါတရံမှသာ ဖြစ်တတ်ပါတယ်။

🔹 ၄။ ချောင်းဆိုးခြင်း (Cough)
• အအေးမိရင်: ရင်ကျပ်ပြီး ချောင်းအနည်းငယ် ဆိုးတတ်ပါတယ်။
• တုပ်ကွေးဖြစ်ရင်: ချောင်းခြောက်ဆိုးတာကနေ ပြင်းထန်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါတယ်။

👉 ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ?

✅ အသက်ရှူရ ခက်ခဲလာရင်၊ ရင်ဘတ်အောင့်ရင် ဒါမှမဟုတ် အဖျားက ၃ ရက်ထက်ပိုပြီး မကျရင်တော့ ပေါ့ဆလို့မရပါဘူး။

✅ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုဂရုစိုက်ရပါမယ်။

✅ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ထိုးထားခြင်းက သင့်ကို အပြင်းအထန် ဖျားနာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

ယနေ့ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်တဲ့"တောင်သူလယ်သမားနေ့" မှာ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်း...
02/03/2026

ယနေ့ မတ်လ ( ၂ ) ရက်နေ့တွင် ကျရောက်တဲ့
"တောင်သူလယ်သမားနေ့" မှာ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကျန်းမာသုခအဖြာဖြာနှင့် ပြည့်စုံကျပါစေ။

စီးပွားလုပ်ငန်းများ ဒီရေကဲ့သိုတိုးတက်ပါစေကြောင်း Min Mahar Swe Medical Center မှ ဆုမွန်ကောင်းတောင်းအပ်ပါ တယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

#တောင်သူလယ်သမားနေ့

" ကျန်းမာခြင်းသည် လာဘ်တစ်ပါး "ဖြစ်တဲ့အတွက် မိမိရဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။ Min Mahar Swe မှာ လူကြီး...
26/02/2026

" ကျန်းမာခြင်းသည် လာဘ်တစ်ပါး "
ဖြစ်တဲ့အတွက် မိမိရဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

Min Mahar Swe မှာ လူကြီးမင်းတို့အတွက် အခြေခံကျန်းမာရေးစစ်ဆေးမှု Package များကို ကျွမ်းကျင်ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ခေတ်မှီစက်ပစ္စည်းကိရိယာများကို အသုံးပြုပြီး စနစ်တကျ စမ်းသပ် စစ်ဆေးပေးလျက်ရှိပါတယ်။

ဒါဆို Min Mahar Swe မှာ ဘာတွေ စမ်းသပ်စစ်ဆေးလို့ရတာလဲ? 🤔

✅ အထွေထွေစစ်ဆေးမှုများ (General Examinations)
• Physical Examination (ခန္ဓာကိုယ် စစ်ဆေးခြင်း)
• Mental State Examination (စိတ်ကျန်းမာရေး စစ်ဆေးခြင်း)
• Eyes & Ears Test (မျက်လုံး နှင့် နား စစ်ဆေးခြင်း)

✅ ဓာတ်ခွဲစမ်းသပ်မှုများ (Laboratory Tests)
• Urine RE (ဆီး စစ်ဆေးခြင်း)
• CP Auto (သွေးဖြူဥ / သွေးနီဥ စစ်ဆေးခြင်း)
• RBS (သွေးတွင်း သကြားဓာတ် / ဆီးချို စစ်ဆေးခြင်း)
• SGOT / SGPT (အသည်း လုပ်ဆောင်ချက် စစ်ဆေးခြင်း)
• Total Cholesterol & Uric Acid (သွေးတွင်း အဆီဓာတ် နှင့် အဆစ်အမြစ် ကိုက်ခဲမှု စစ်ဆေးခြင်း)
• ABO & Rh Grouping (သွေးအုပ်စု ခွဲခြား စစ်ဆေးခြင်း)
• Urea / Creatinine (ကျောက်ကပ် လုပ်ဆောင်ချက် စစ်ဆေးခြင်း)

✅ ကူးစက်ရောဂါနှင့် မူးယစ်ဆေးစစ်ဆေးမှုများ (Screening)
• အသည်းရောင်အသားဝါ B ပိုး ( Hepatitis B ) နှင့် C ပိုး ( Hepatitis C ) စစ်ဆေးခြင်း
• ကာလသားရောဂါပိုး (VDRL) နှင့် HIV ပိုး ( HIV I & II) စစ်ဆေးခြင်း
• Drugs & Alcohol Screening ( မူးယစ်ဆေးဝါးနှင့် အရက်သေစာ သုံးစွဲမှု ရှိ / မရှိ စစ်ဆေးခြင်း )

✅ Imaging & Diagnostic Tests
• Chest X-ray (ရင်ဘတ် ဓာတ်မှန်)
• ECG (နှလုံး စမ်းသပ်စစ်ဆေးခြင်း)
• Ultrasound USG (ဝမ်းဗိုက်အတွင်း အင်္ဂါများ စစ်ဆေးခြင်း)
အစရှိတဲ့ ကျန်းမားရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာကြောင့်

👉 ကျန်းမာရေးကို ကြိုတင်စစ်ဆေးပြီး အနာဂတ်ကို ယုံကြည်စိတ်ချစွာ ရင်ဆိုင်နိုင်ရန် Medical Check Up ပြုလုပ်လိုပါက Min Mahar Swe သို့ ယုံကြည်စိတ်ချစွာ လာရောက်နိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

‼️ ရန်ကုန် လေထုညစ်ညမ်းမှု သတိပြုရန် ‼️ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု (Air Pollution) မြင့်မားနေခြင်းကြောင့် မိဘပြည်သူ...
24/02/2026

‼️ ရန်ကုန် လေထုညစ်ညမ်းမှု သတိပြုရန် ‼️

ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု (Air Pollution) မြင့်မားနေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန် Min Mahar Swe Medical Center မှ မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

👉 လတ်တလော လေထုအတွင်း ဖုန်မှုန့်နှင့် အမှုန်အမွှားများ များပြားနေသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ မျက်စိယားယံခြင်းနှင့် ခေါင်းကိုက်ခြင်းများ အလွယ်တကူ ဖြစ်ပေါ်နိုင်ပါသည်။

👉 အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် အထူးသတိထားရန် လိုအပ်ပါသည်။

🛡️ မိမိကိုယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုချက်များ -

✅ Mask စနစ်တကျတပ်ဆင်ပါ - အပြင်ထွက်လျှင် အရည်အသွေးမီ Maskကို စနစ်တကျ တပ်ဆင်ပါ။

✅ ပြင်ပလှုပ်ရှားမှု လျှော့ချပါ - လေထုညစ်ညမ်းမှု မြင့်မားချိန်တွင် မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို ခေတ္တရှောင်ကြဉ်ပါ။

✅ ရေဓာတ်ဖြည့်တင်းပါ - ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ။

✅ ကျန်းမာရေးကို စောင့်ကြည့်ပါ - မျက်စိ၊ နှာခေါင်း ယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးတာမရပ်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းများ ခံစားရပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းမှ ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။

လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်းက အရေးအကြီးဆုံး ဖြစ်ပါသည်။

📍 အသေးစိတ် စစ်ဆေးကုသမှုနှင့် ကျန်းမာရေးအကြံဉာဏ်များအတွက် -
Min Mahar Swe Medical Center သို့ ယုံကြည်စိတ်ချစွာ လာရောက်တိုင်ပင်နိုင်ပါသည်။

နွေးထွေးပျူငှာသော ဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေးကို အစဉ်တစိုက် စောင့်ရှောက်ပေးနေတဲ့ မင်းမဟာဆွေ ❤️

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

ရုံးထိုင်အလုပ်လုပ်သူတိုင်း ကြုံတွေ့နေရတဲ့ ခါးနာ၊ ဇက်နာ ဝေဒနာတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ? 👉 တစ်နေ့ကို ၈ နာရီကျော် က...
23/02/2026

ရုံးထိုင်အလုပ်လုပ်သူတိုင်း ကြုံတွေ့နေရတဲ့
ခါးနာ၊ ဇက်နာ ဝေဒနာတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ?

👉 တစ်နေ့ကို ၈ နာရီကျော် ကွန်ပျူတာရှေ့မှာ အချိန်ကုန်ဆုံးနေရတဲ့ ရုံးထိုင်ဝန်ထမ်းတွေအတွက် Office Syndrome (ရုံးထိုင်ရောဂါ ) က အမြဲလိုလို နှိပ်စက်လေ့ရှိပါတယ်။

👉 ဇက်ကြောတက်တာ၊ ပခုံးနာတာနဲ့ ခါးနာတာတွေက အလုပ်အာရုံစိုက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

👉 ဒါကြောင့် ဒီဝေဒနာတွေကို အလွယ်တကူ သက်သာစေမယ့် နည်းလမ်း (၅) သွယ်ကို မျှဝေပေးလိုက်ပါတယ်။

✅ မှန်ကန်တဲ့ ထိုင်ခုံအနေအထား (Posture is Key)။
ထိုင်တဲ့အခါ ခါးကို မတ်မတ်ထားပါ။ ကွန်ပျူတာ Screen က မျက်စိနဲ့ တစ်တန်းတည်းရှိနေရပါမယ်။ ခြေထောက်ကို ကြမ်းပြင်နဲ့ အပြိုင်ချထားပြီး ဒူးကို ၉၀ ဒီဂရီ ကွေးထားပါ။

✅ ၂၀-၂၀-၂၀ စည်းမျဉ်းကို ကျင့်သုံးပါ။
မိနစ် ၂၀ အလုပ်လုပ်ပြီးတိုင်း မိနစ် ၂၀ လောက် ဝေးဝေးကို ကြည့်ပေးပါ။ အဲဒီအချိန်မှာ ခဏထပြီး လမ်းလျှောက်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု (Stretching) အနည်းငယ် လုပ်ပေးခြင်းက ကြွက်သားတောင့်တင်းမှုကို လျော့ကျစေပါတယ်။

✅ ဇက်နှင့် ပခုံး လေ့ကျင့်ခန်းလုပ်ပါ။
အလုပ်လုပ်နေရင်းနဲ့ပဲ ခေါင်းကို ဘယ်/ညာ ဖြည်းဖြည်းချင်း လှည့်ပေးပါ။ ပခုံးကို အရှေ့အနောက် ဝိုင်းပြီး လှည့်ပေးပါ။ ဒါက သွေးလည်ပတ်မှု ကောင်းစေပြီး ဇက်ကြောတက်တာကို သက်သာစေပါတယ်။

✅ ရေများများသောက်ပါ။
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ရင် ကြွက်သားတွေ နာကျင်တတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေရင်း ရေကို ပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့။

✅ အနားယူချိန်ပေးပါ။
ညဘက်မှာ အိပ်ရာမဝင်ခင် ခါးနဲ့ ဇက်ကို ရေနွေးအိတ်လေး ကပ်ပေးတာမျိုး လုပ်ပေးရင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေပါတယ်။

💡 Min Mahar Swe မှ အကြံပြုချက်:
အကယ်၍ သင့်ရဲ့ ခါးနာ၊ ဇက်နာဝေဒနာက ရက်ရှည်ကြာနေပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေးတွေချည်းပဲ အားမကိုးဘဲ ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

🏥 Min Mahar Swe Medical Center မှာ ရုံးထိုင်ဝန်ထမ်းတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ကုသမှုတွေကို နွေးထွေးစွာ ဝန်ဆောင်မှုပေးနေပါပြီ။

" ယုံကြည်စိတ်ချရတဲ့ ဆေးစစ်မှု - နွေးထွေးတဲ့ ဝန်ဆောင်မှု "

📍 Address : အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

တိကျတဲ့ ဆေးစစ်မှုနဲ့အတူစိတ်အေးချမ်းမှုကို ရယူလိုက်ပါ !🤔 ပျော်စရာ တရုတ်နှစ်သစ်ကူးကာလအပြီးမှာ သင့်ကျန်းမာရေး အခြေအနေကို ၁၀...
19/02/2026

တိကျတဲ့ ဆေးစစ်မှုနဲ့အတူ
စိတ်အေးချမ်းမှုကို ရယူလိုက်ပါ !

🤔 ပျော်စရာ တရုတ်နှစ်သစ်ကူးကာလအပြီးမှာ သင့်ကျန်းမာရေး အခြေအနေကို ၁၀၀% စိတ်ချရရဲ့လား?

👉 ပွဲတော်ရက်တွေမှာ အစားအသောက် အပြောင်းအလဲနဲ့ ခရီးသွားလာမှုတွေကြောင့် ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေနိုင်ပါတယ်။

👉 ဘာလက္ခဏာမှ မပြသေးခင်မှာ ကြိုတင်စစ်ဆေးထားခြင်းက သင့်ရဲ့ အဖိုးတန်တဲ့ အချိန်နဲ့ ငွေကြေးကို သက်သာစေရုံတင်မကဘဲ " စိတ်အေးချမ်းမှု " ကိုပါ ပေးစွမ်းနိုင်ပါတယ်။

👉 နှစ်သစ်မှာ ကျန်းမာခြင်းထက် ပိုကောင်းတဲ့ လက်ဆောင်မရှိတာမို့ မိမိကိုယ်ကိုရော မိသားစုကိုပါ ဂရုစိုက်ဖို့အတွက်
အခုပဲ Min Mahar Sweကို ဆက်သွယ်လိုက်ပါ။ 🏥

✅ Min Mahar Swe Medical Center ရဲ့ တိကျတဲ့ စမ်းသပ်မှုတွေ၊ ခေတ်မီစက်ကိရိယာတွေနဲ့ မိမိခန္ဓာကိုယ်ရဲ့ အခြေအနေကို အခုပဲ အဖြေရှာကြည့်လိုက်ကြပါစို့...

"ယုံကြည်စိတ်ချရတဲ့ ဆေးစစ်မှု - နွေးထွေးတဲ့ ဝန်ဆောင်မှု"

📍 Address: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline: 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours: မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

🧧 ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ 🧧တရုတ်နှစ်သစ်ကူး အခါသမယမှာချစ်ခင်လေးစားရပါသော မိဘပြည်သူများအားလုံး ကျန်းမာခြင်းသ...
16/02/2026

🧧 ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ 🧧

တရုတ်နှစ်သစ်ကူး အခါသမယမှာ
ချစ်ခင်လေးစားရပါသော မိဘပြည်သူများအားလုံး
ကျန်းမာခြင်းသုခနဲ့ ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ Min Mahar Swe Medical Center မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျန်းမာမှ လာဘ်ရ ဆိုသလို နှစ်သစ်မှာ အနာရောဂါ ကင်းဝေးပြီး လာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ။ ✨

📍 Address: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline: 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours: မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲ယနေ့ကျရောက်တဲ့ ( ၇၉ ) ကြိမ်မြောက် ပြည့်ထောင်စုနေ့အား Min Mahar Swe Medical Center မှ ဂုဏ်ပြ...
12/02/2026

🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲

ယနေ့ကျရောက်တဲ့
( ၇၉ ) ကြိမ်မြောက် ပြည့်ထောင်စုနေ့အား
Min Mahar Swe Medical Center မှ ဂုဏ်ပြုကြိုဆို အပ်ပါသည်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline: 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours: မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

တကယ်ချစ်ရင် 'သကြားခဲ' တွေ လက်ဆောင်မပေးပါနဲ့တော့! 🤔 Valentine’s Day ဆိုရင် ချစ်ရသူကို ချောကလက် လက်ဆောင်ပေးလေ့ရှိကြတယ်ဟုတ်...
10/02/2026

တကယ်ချစ်ရင် 'သကြားခဲ' တွေ လက်ဆောင်မပေးပါနဲ့တော့!

🤔 Valentine’s Day ဆိုရင် ချစ်ရသူကို ချောကလက် လက်ဆောင်ပေးလေ့ရှိကြတယ်ဟုတ်?
👉 ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ ချောကလက်က ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးကိုပါ တကယ်အထောက်အကူပြုရဲ့လားဆိုတာ စဉ်းစားဖူးပါသလား။

ချောကလက်ဆိုတာ စားလိုက်ရင် စိတ်ပျော်ရွှင်စေတာမှန်ပေမယ့် အမျိုးအစားပေါ် မူတည်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ကွာခြားသွားနိုင်ပါတယ်။
ဒါကြောင့် ဒီနှစ်မှာတော့ ချစ်ရသူကို ပိုပြီးဂရုစိုက်ကြောင်း ပြသနိုင်ဖို့ "ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချောကလက်" ကို ဘယ်လိုရွေးချယ်သင့်သလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်။ 👇

✅ Dark Chocolate (ကျန်းမာရေးအတွက် အကောင်းဆုံး)
• ကိုကိုး (Cocoa) ပါဝင်မှု ၇၀% နဲ့ အထက်ရှိတဲ့ Dark Chocolate တွေက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။
• သကြားပါဝင်မှု အနည်းဆုံးဖြစ်လို့ ကျန်းမာရေးအတွက် အသင့်တော်ဆုံး ချောကလက်ပါ။

✅ Milk Chocolate (တန်ဆေး လွန်ဘေး) 🥛
• သူကတော့ နို့နဲ့ သကြား ပါဝင်မှုများလို့ အရသာ အရမ်းရှိပါတယ်။
• ဒါပေမယ့် အလွန်အကျွံစားမိရင်တော့ ခါးအတိုင်းအတာ တိုးလာနိုင်သလို ဝစေနိုင်တာမို့ အတန်အသင့်ပဲ စားသုံးဖို့ အကြံပြုပါရစေနော်။

✅ White Chocolate (သတိထားဖို့လို) ⚠️
• တကယ်တော့ သူက ချောကလက်စစ်စစ် မဟုတ်ဘဲ ကိုကိုးထောပတ် (Cocoa Butter)၊ အဆီနဲ့ သကြားတွေကိုပဲ အဓိက သုံးထားတာပါ။
• ဒါကြောင့် ဆီးချိုသမားတွေနဲ့ ကိုယ်အလေးချိန် ထိန်းနေသူတွေ အထူးသတိထားပြီး ရှောင်သင့်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

❤️ ချစ်ခြင်းမေတ္တာနဲ့အတူ ကျန်းမာခြင်းတွေပါ လက်ဆောင်ပေးနိုင်တဲ့
Valentine's Day ဖြစ်ပါစေလို့ Min Mahar Swe Medical Center မှ ဆုတောင်းပေးလိုက်ပါတယ်။

✨𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 !

📍 Address: အမှတ် ၂၀၂(B) ၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline: 09 9 888 94 111, 09 9 888 94 222, 09 9 888 94 333

⏰ Opening Hours: မနက် ၈ နာရီ မှ ညနေ ၅ နာရီ ( ပိတ်ရက်မရှိ )

သင်မသိလိုက်ဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ "အသံတိတ်လူသတ်သမား" အကြောင်း သိပြီးပြီလား?သွေးတိုးရောဂါ (Hypertension) ဆိ...
05/02/2026

သင်မသိလိုက်ဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ "အသံတိတ်လူသတ်သမား" အကြောင်း သိပြီးပြီလား?

သွေးတိုးရောဂါ (Hypertension) ဆိုတာ လူတော်တော်များများမှာ ဘာလက္ခဏာမှ မပြဘဲ ရှိနေတတ်လို့ "Silent Killer" လို့ ခေါ်ကြတာပါ။ လက္ခဏာမပြပေမယ့် သင့်ရဲ့ သွေးကြောတွေနဲ့ နှလုံးကို တဖြည်းဖြည်း ချို့ယွင်းလာစေနိုင်ပါတယ်။

💡 ဘာကြောင့် ပုံမှန်စစ်ဆေးဖို့ လိုအပ်တာလဲ?
သွေးတိုးကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ -
✅ သွေးကြောပေါက်ခြင်း သို့မဟုတ် ပိတ်ခြင်း : သွေးကြောနံရံတွေက ဒဏ်မခံနိုင်တဲ့အခါ ပေါက်ထွက်ခြင်း (ဥပမာ - ဦးနှောက်သွေးကြောပေါက်ခြင်း/လေဖြတ်ခြင်း) ဖြစ်နိုင်ပါတယ်။
✅ နှလုံးရောဂါ (Heart Disease) : သွေးဖိအားများနေတဲ့အတွက် နှလုံးက ပိုပြီးအားစိုက်ညှစ်ရလို့ နှလုံးကြွက်သားတွေ ထူလာပြီး နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။
✅ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း : အထူးသဖြင့် ကျောက်ကပ်၊ မျက်စိနဲ့ ဦးနှောက်ဆီကို သွေးရောက်ရှိမှု ပုံမှန်မဟုတ်တော့ဘဲ ရေရှည်မှာ အဆိုပါအစိတ်အပိုင်းတွေ ပျက်စီးသွားနိုင်ပါတယ်။

🩺 သွေးပေါင်ချိန်တဲ့အခါ သိထားသင့်သည်များ
အပေါ်သွေး ၁၂၀ အောက် နှင့် အောက်သွေး ၈၀ အောက်သည် အကောင်းဆုံးဖြစ်ပါတယ်။
အကယ်၍ သင့်သွေးပေါင်ချိန်က ၁၃၀/၈၀ ထက် ကျော်လွန်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

သွေးတိုးရောဂါနဲ့ပတ်သတ်ပြီး ကာကွယ်ဖို့အတွက် အကြံပြုချက် (၃) ချက် :
၁။ အငန် (ငပိ၊ ငံပြာရည်၊ အသင့်စားမုန့်များ) လျှော့စားပါ။
၂။ ကိုယ်အလေးချိန် ထိန်းညှိပြီး လေ့ကျင့်ခန်းလုပ်ပါ။
၃။ သွေးပေါင်ချိန်ကို တစ်လတစ်ကြိမ် (သို့မဟုတ်) ပုံမှန်စစ်ဆေးပါ။

Min Mahar Swe Medical Center မှာ သွေးပေါင်ချိန် တိုင်းတာခြင်းနဲ့ ကျန်းမာရေးဆွေးနွေးခြင်းများအတွက် နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐦𝐞𝐬 𝐅𝐢𝐫𝐬𝐭 ! 💙

📍 Address : အမှတ် ၂၀၂ (B)၊ ၅ ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

📞 Hotline : 09 9 888 94 111 | 09 9 888 94 222 | 09 9 888 94 333

⏰ Opening Hours : မနက် ၈ နာရီ မှ ညနေ ၅ နာရီ (ပိတ်ရက်မရှိ)

#သွေးတိုးရောဂါ #ကျန်းမာရေး

Address

202B, Parami Road, 5 Wards, South Okkalapa
Yangon
11031

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Min Mahar Swe Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram