Khitthit Academy

Khitthit Academy Khitthit Academy is Educational Initiative of Citta Consultancy - Psychological Services.

We provide online and in-person courses for your professional and personal development.

🍀လုပ်ငန်းခွင်စိတ်ကျန်းမာရေးအကြောင်း လေ့လာချင်တဲ့သူတွေအတွက် ခေတ်သစ်အကယ်ဒမီရဲ့ Workplace Mental Health – Video Class လေးပြ...
07/03/2026

🍀လုပ်ငန်းခွင်စိတ်ကျန်းမာရေးအကြောင်း လေ့လာချင်တဲ့သူတွေအတွက် ခေတ်သစ်အကယ်ဒမီရဲ့ Workplace Mental Health – Video Class လေးပြန်လာပါပြီနော် 👩🏻‍💻🥳

🔺 Management ပိုင်းဆိုင်ရာလုပ်ကိုင်နေသူတွေအနေနဲ့ ကိုယ့်အဖွဲ့သားနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုကူညီပံ့ပိုးရမလဲ တွေးနေရင်...

🔺 လုပ်ငန်းခွင်တွင်း ဖြစ်ပွားတတ်တဲ့ ပြဿနာတွေနဲ့ ပဋိပက္ခတွေကို အထိရောက်ဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်...

Khitthit Academy ကနေ အခုလာမယ့် မတ်လမှာ ဖွင့်လှစ်မယ့် Workplace Mental Health (Employee Counseling) Video Class က အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

အလုပ်တဖက်နဲ့ အချိန်ပေးဖို့လည်း ခက်နေတယ် ဆိုသူတွေအတွက် ကိုယ်အားလပ်တဲ့အချိန်တွေမှာ Video တွေကြည့်ပြီး လေ့လာနိုင်မယ်၊ Assignment တွေကို ကိုယ်နားလည်သလို သီအိုရီတွေ၊ လက်တွေ့လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေနဲ့ ချိတ်ဆက်ရေးသားပြီး Certificate ရယူနိုင်မယ့်သင်တန်းလည်း ဖြစ်ပါတယ်။ 📄

Workplace Mental Health - Video Class ဟာ

🔎 နယ်ပယ်အသီးသီးက မန်နေဂျာရာထူးနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေ
🔎 HR Manager နဲ့ HR Executiveတွေ
🔎 Supervisorတွေ
🔎 Team တခုကို တာဝန်ယူထားရတဲ့ Team leader တွေအတွက် လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်တွေကို ပို့ချပေးသွားမှာဖြစ်လို့ အချိန်ကိုအကျိုးရှိစွာ အသုံးချလေ့လာလိုသူတွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်စေမှာပါ။

Course Outlines
📝 What is Mental Health?
📝 Understanding Workplace Mental Health
📝 Psychosocial Hazards at Workplace
📝 Employee Counseling VS Mental Health Counseling
📝 Solution-Focused Counseling Skills
📝 Mental Health First Aid Skills
📝 Safety and Severity Considerations and Solutions
📝 HR/Manager Support System
📝 Self-care and Practical activities

Video Classဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ် ။📍

“Workplace Mental Health - Employee Counseling Video Class ကို တက်ရောက်ချင်သူတွေအနေနဲ့ Registerလေး လုပ်ဖို့တော့လိုပါမယ်နော်”

Register here:
https://forms.gle/SKSevzxsPsrn5Q1WA

Date: April 2026 (1Month)
Class: Google Classroom (Video class)
Fees: 37,500MMK


📢 စိတ်ကျန်းမာရေးအကူအညီပေးခြင်းကို မိမိအတွက်သာမက မိမိရဲ့ မိသားစုနှင့် ရပ်ရွာပတ်ဝန်းကျင်အတွက်ပါ ပံ့ပိုးပေးချင်တဲ့သူတွေအတွက...
04/03/2026

📢 စိတ်ကျန်းမာရေးအကူအညီပေးခြင်းကို မိမိအတွက်သာမက မိမိရဲ့ မိသားစုနှင့် ရပ်ရွာပတ်ဝန်းကျင်အတွက်ပါ ပံ့ပိုးပေးချင်တဲ့သူတွေအတွက် ခေတ်သစ်အကယ်ဒမီရဲ့ Disaster Mental Health – Video Class ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ 👩🏻‍💻

🔺 စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုပေးခြင်းကို မိမိနေထိုင်ရာ ပတ်ဝန်းကျင် Community အတွက် ထိထိရောက်ရောက် ဘယ်လိုကူညီပံ့ပိုးရမလဲ တွေးနေရင်...

🔺 သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရချိန် မိမိကိုယ်တိုင်နှင့် ရပ်ရွာလူထုကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှ လျော့နည်းအောင် နည်းစနစ်တကျ ကိုင်တွယ်နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်...

Khitthit Academy ကနေ လာမယ့် မတ်လမှာ ဖွင့်လှစ်မယ့် Disaster Mental Health - Video Class က အသင့်တော်ဆုံးဖြစ်မှာပါ။

အလုပ်တဖက်နဲ့ အချိန်ပေးဖို့လည်း ခက်နေတယ်ဆိုသူတွေအတွက် အားလပ်တဲ့အချိန်တွေမှာ Video တွေကြည့်ပြီး ကိုယ်တိုင်လေ့လာနိုင်ပြီး Certificate ရယူနိုင်မယ့်သင်တန်းလည်း ဖြစ်ပါတယ်။ 📄

Disaster Mental Health - Video Class ဟာဆိုရင်တော့ နယ်ပယ်အသီးသီးမှာလုပ်ကိုင်နေကြတဲ့
🔎 Social Worker များ၊ Volunteer များ
🔎 စိတ်ကျန်းမာရေးကို စိတ်ဝင်စားသူလူငယ်များ
🔎 ဆေးပညာလောကတွင် လုပ်ကိုင်နေသူများ
🔎ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများအတွက် အထူးပင်သင့်တော်ပြီး လက်တွေ့အသုံးချနိုင်မယ့် ပညာရပ်များ နည်းလမ်းကောင်းများကို ပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

Course Outlines
📝 Introduction to Disaster Mental Health
📝 Disaster and human experience
📝 Psychological and emotional responses
📝 Support vulnerable and high-risk populations
📝 Psychological First Aid (PFA)
📝 Community-driven recovery
📝 Self-care for helpers and responders
📝 Conclusion

Video Classဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။📍

Disaster Mental Health အတန်းလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ အောက်ပါ link ကနေတဆင့် Registerလေး လုပ်ဖို့တော့လိုပါမယ်။

Register here: https://forms.gle/EKo6bYQLGurYG1BWA

Date: April, 2026 (1 Month)
Class: Google Classroom (Video class)
Fees: 37,500MMK


🩷Available services of Khitthit Academy for March 2026▫️ Khitthit အကယ်ဒမီရဲ့ 2026 ခုနှစ် 2လပိုင်း တစ်လတာ ရရှိနိုင်မဲ့ se...
01/03/2026

🩷Available services of Khitthit Academy for March 2026

▫️ Khitthit အကယ်ဒမီရဲ့ 2026 ခုနှစ် 2လပိုင်း တစ်လတာ ရရှိနိုင်မဲ့ services များကို မျှဝေပေးလိုက်ပါတယ်ရှင် 🩷
_______________________________

▫️ခေတ်သစ်အကယ်ဒမီတွင် စိတ်ပညာ၊ နှစ်သိမ့်ဆွေးနွေးပညာ၊ စိတ်လူမှုထောက်ပံ့ရေးအစီအစဉ်နှင့် စိတ်ကျန်းမာရေးတို့အတွက် ပညာရေးပိုင်းဆိုင်ရာအတန်းများနှင့် လက်တွေ့အသုံးချမှုပညာအတန်းများ ဖွင့်လှစ်လျက်ရှိပြီး တစ်ဦးတစ်ယောက်ချင်းစီ၏တိုးတက်မှုပိုင်းဆိုင်ရာလမ်းကြောင်းများ၊ စိတ်လူမှုပျိုးထောင်နိုင်ရေးနည်းလမ်းများ နှင့် လူမှုအဖွဲ့အစည်း၏ ကောင်းမွန်မှုအတွက် လမ်းကြောင်းပေးနိုင်သော ပညာရေးသင်တန်းများ ပါဝင်ပါသည်။ သင်တန်းများအားလုံးကို အွန်လိုင်းပလက်ဖောင်းများမှတဆင့် သင်ကြားနိုင်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှတဆင့် သင်တန်းများပို့ချလျက်ရှိပါသည်။

☎️သိလိုသည့် informationများအတွက် ခေတ်သစ်အကယ်ဒမီသို့ ဆက်သွယ်စုံစမ်းရန်-

Email - khittitmyanmar@gmail.com
Ph number - 09 - 965 121 551



မင်္ဂလာပါရှင်။ Khitthit Academy Page မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်။💗စိတ်ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူများနဲ့ မ...
28/02/2026

မင်္ဂလာပါရှင်။ Khitthit Academy Page မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်။

💗စိတ်ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူများနဲ့ မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ကို ပိုမိုနားလည်သဘောပေါက်လိုသူများအတွက် Khitthit Academy ရဲ့ ဖေဖော်ဝါရီလမှာဖွင့်လှစ်သွားမယ့် သင်တန်းများနဲ့ မိတ်ဆက်ပေးပါရစေ။

Khitthit Academy ရဲ့ သင်တန်းများအားလုံးကို Citta Consultancy မှ အတွေ့အကြုံရင့် ကျွမ်းကျင်သော Wellness Counselor များမှဦးဆောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🌺 ဖေဖော်ဝါရီလတုန်းကတော့ Applied Counseling Training Level - 1 Batch - 4 (Long Course), Su***de Prevention Training (Video Class) နဲ့ Counseling for Relationship (Video Class) တို့ကို ဖွင့်လှစ်ခဲ့ပါတယ်ရှင်။

🌸 လာမယ့် မတ်လမှာတော့ အောက်ပါသင်တန်းများကို ဖွင့်လှစ်ပေးသွားမယ့်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။

🌺 Diaster Mental Health (Video Class)
စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းကို မိမိအတွက်သာမက မိမိနေထိုင်ရာ ရပ်ရွာပတ်ဝန်းကျင်အတွက်ပါ ထိရောက်မှုရှိစေရန်၊ စိတ်ကျန်းမာရေးအခြေခံများကို ပိုင်ပိုင်နိုင်နိုင်သိထားနိုင်စေရန်၊ ရပ်ရွာလူထုအတွင်း ကျရောက်တဲ့ ဘေးအန္တရာယ်တွေကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် စနစ်တကျ နည်းမှန်လမ်းမှန် ကိုင်တွယ်နိုင်စေရန်ရည်ရွယ်ပြီး လိုအပ်တဲ့ အသိပညာများကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

🌺Workplace Mental Health (Video Class)
လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာများကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်၊ နှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်ကို စနစ်တကျအသုံးချနိုင်စေရန်၊ ဆက်ဆံရေးအတွင်း လိုအပ်တဲ့ စွမ်းရည်များကို သိရှိနိုင်စေရန်၊ ကျန်းမာကောင်းမွန်သော ဆက်ဆံရေးပုံစံများကို သိရှိလေ့လာနိုင်စေရန် အထိရောက်ဆုံးနဲ့ အခြေခံကျတဲ့ သင်ခန်းစာများကို လေ့လာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်။

🌺 CSR Training (Video Class)
အမျိုးသမီးတွေ အရွယ်မျိုးစုံမှာ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့် စိန်ခေါ်မှုမျာကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရန်နှင့် အသက်အရွယ်၊ ဟော်မုန်းပြောင်းလဲမှုများနှင့် လူမှုရေး၊ ပတ်ဝန်းကျင်မှရရှိတဲ့ ဖိအားများကြောင့်လည်း အမျိုးသမီးများတွင် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်ဖိစီးမှုများကို ရင်ဖွင့်ဆွေးနွေးနိုင်ဖို့၊ မျှတကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံ ရယူနိုင်ရန်အတွက် မိမိချစ်ခင်ရသူတွေနဲ့ မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်နိုင်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးမျှဝေ ပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

Khitthit Academy မှ ပို့ချပေးနေတဲ့ သင်တန်းတွေဟာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဗဟုသုတများကို တိုးပွားစေဖို့အပြင်၊ ပတ်ဝန်းကျင်က လူအများနှင့် လူမှုဆက်ဆံရေးများအကြောင်းကို ပိုမိုနားလည်သိရှိပြီး ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်ရှင်။🩷

သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက khittitmyanmar@gmail.com သို့မဟုတ် 09 - 965 121 551 သို့လည်း ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

အားလုံးပဲ မင်္ဂလာပါ။ Applied Counseling Training Level-1 /Batch-4 မစတင်ခင်မှာ ဒီသင်တန်းမှာ သင်ကြားပို့ချသွားမယ့် ဆရာမရဲ့...
21/02/2026

အားလုံးပဲ မင်္ဂလာပါ။

Applied Counseling Training Level-1 /Batch-4 မစတင်ခင်မှာ ဒီသင်တန်းမှာ သင်ကြားပို့ချသွားမယ့် ဆရာမရဲ့ ပညာရေး နဲ့ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံတွေ၊ စိတ်ကျန်းမာရေးနယ်ပယ်မှာ လူထုကိုအကျိုးပြုနိုင်အောင် ဘယ်လိုအချက်တွေက တွန်းအားပေးပြီး စိတ်အားထက်သန်မှုဖြစ်စေခဲ့လဲဆိုတာတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ဆရာမအက်စတာနန်းအိမွန်းကတော့ မန္တလေးတက္ကသိုလ် စိတ်ပညာဌာနမှ BA (Hons) Psychology ဘွဲ့ရရှိခဲ့ပြီး မဟာဝိဇ္ဇာ ပထမနှစ် အထိတက်ရောက်ခဲ့ပါတယ်။ Citta Consultancy ရဲ့ Internship Program (Batch - 4) တွင် Intern တစ်ဦးအဖြစ် လေ့လာသင်ယူခဲ့ပြီး စိတ်ဒဏ်ရာ ၊ လူငယ်စိတ်ကျန်းမာရေး ၊ စိတ်ကျန်းမာရေး အကူအညီနှင့် အသိပညာများလုံလောက်စွာရရှိနိုင်စေရန် စိတ်အားထက်သန်ပြီး ယခုအခါတွင် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပါတယ်။ ဒါ့အပြင် Citta Consultancy ရဲ့ Wellness Counselor တစ်ဦးအဖြစ် နှစ်သိမ့်ဆွေးနွေးခြင်း (counseling) နှင့် Citta ရဲ့အခြား စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ၊ အသိပညာပေး အစီအစဉ်များတွင် ပါဝင်အားဖြည့်ရင်း ဆက်လက်သင်ယူလေ့လာလျက် ရှိပါတယ်ရှင်။

ဆရာမ Esther Nang Ii Mun သင်ကြားမယ့် Applied Counseling Training Level - 1 သင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်ကိုတော့ Khitthit Academy page မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 🩷

🍀ပြီးခဲ့တဲ့ရက်က ဗလငါးတန် စာကြည့်တိုက်မှာ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတ တိုးပွားစေဖို့နဲ့ စိတ်ခံစားချက် ...
21/02/2026

🍀ပြီးခဲ့တဲ့ရက်က ဗလငါးတန် စာကြည့်တိုက်မှာ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတ တိုးပွားစေဖို့နဲ့ စိတ်ခံစားချက် ထိန်းညှိနိုင်စွမ်းပိုမို‌ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး mental health & emotional regulation workshop တစ်ခုကို ခေတ်သစ်အကယ်ဒမီကနေ ပြုလုပ်ပေးခဲ့ပါတယ်။

ပျော်ရွင်စရာ လှုပ်ရှားမှုများ၊ အပြန်အလှန်‌ပြောဆို ဆွေးနွေးကစားမှုများနဲ့ ကလေးများအတွက် နားလည်ရသော လွယ်ကူသော နည်းလမ်းများနှင့်အတူ -
✨ ကိုယ့်ခံစားချက်ကို နားလည်ခြင်း
✨ စိတ်ခံစားချက်အမျိုးမျိုးကို အမည်းနိုင်ခြင်း
✨ စိတ်ဖိစီးမှုများ၊ စိတ်လှုပ်ရှားမှုများကို ကျန်းမာစွာ ထိန်းညှိနိုင်သော နည်းလမ်းများကို အတူတကွ သင်ယူလေ့လာခဲ့ကြပါတယ်။

ကလေးတိုင်းအတွက် ပညာရေးသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုနဲ့ ခံစားချက်များကို ကောင်းမွန်စွာဖော်ထုတ်ပြသတတ်စေရန်အတွက် ကျွန်မတို့အားလုံး အတူတူပါဝင် ကူညီကြပါစို့။ 💛💪

မိမိရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို နားလည်သိရှိပြီး အနုပညာအဖြစ် ဖန်တီးထုတ်ဖော်ချင်တဲ့ သူတွေ၊ အနုပညာနဲ့ စိတ်ကျန်းမာရေး ...
19/02/2026

မိမိရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို နားလည်သိရှိပြီး အနုပညာအဖြစ် ဖန်တီးထုတ်ဖော်ချင်တဲ့ သူတွေ၊ အနုပညာနဲ့ စိတ်ကျန်းမာရေး ဆက်နွယ်ပုံကို သိရှိနားလည်လိုသူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်စေရန်နဲ့ အခြားသူတွေကိုပါ ကူညီနိုင်ဖို့ Expressive Art ကို လက်တွေ့လေ့ကျင့်လိုသူတွေအတွက် Expressive Art Basic Skill Training အတန်းကို အခု လာမယ့်အပတ်အတွင်းမှာ စတင်ဖွင့်လှစ်သင်ကြား‌ပေးသွားမှာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ စိတ်ဝင်စား တက်ရောက်လိုသူတွေအနေနဲ့ registration မပိတ်ခင်‌ အမြန်ဆုံးလာ‌ရောက် စာရင်း‌ပေးသွင်းဖို့ ဖိတ်‌ခေါ်လိုက်ပါရစေ။ ✨🏃💨

"ဆက်ဆံရေးပြဿနာတွေကို နားထောင်ပေးရုံသာမက စနစ်တကျ လမ်းညွှန်ပေးနိုင်တဲ့ Professional တစ်ယောက်ဖြစ်လာစေဖို့ 🫀🧩" ရှုပ်ထွေးလှတဲ...
17/02/2026

"ဆက်ဆံရေးပြဿနာတွေကို နားထောင်ပေးရုံသာမက စနစ်တကျ လမ်းညွှန်ပေးနိုင်တဲ့ Professional တစ်ယောက်ဖြစ်လာစေဖို့ 🫀🧩"
ရှုပ်ထွေးလှတဲ့ လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ အဖြေရှာမရ ဖြစ်နေသူတွေကို ကူညီပေးချင်ပါသလား⁉️
MHPSS Field က ပညာရှင်တွေနဲ့ Counseling ကို စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်တဲ့ "Counseling for Relationship" Video Class ပြန်လာပါပြီ။ ဒီသင်တန်းက သာမန် ဗဟုသုတထက်ပိုတဲ့ Professional Skill Set တွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။🍀✨
👉 ဒီသင်တန်းမှာ ဘာတွေ သင်ယူရမလဲ?
1. Defining Relationship Counseling
2. Defining Relationships
3. Aspects of Healthy and Unhealthy Relationships
4. Building Skills for Healthy Relationships
5. Interpersonal Skills in Relationships
6. Applications of Counseling for Relationships Conclusion and Evaluation
စတဲ့ Modules တွေပါဝင်မှာဖြစ်ပြီး Module အလိုက် Assignment ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

👉 ဘာကြောင့် ဒီသင်တန်းကို တက်သင့်တာလဲ?
(၁) လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်
(၂) နှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်ကို စနစ်တကျအသုံးချနိုင်စေရန်
(၃) ဆက်ဆံရေးအတွင်း လိုအပ်တဲ့ စွမ်းရည်များကို သိရှိနိုင်စေရန်
(၄) ကျန်းမာကောင်းမွန်သော ဆက်ဆံရေးပုံစံကို လေ့လာနိုင်စေရန် အတွက် ရည်ရွယ်ပြီး အထိရောက်ဆုံးနဲ့ အခြေခံကျတဲ့ သင်ခန်းစာများကို စုံစုံလင်လင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

👉 သင်ကြားပေးသွားမယ့် ဆရာမကတော့ Citta ရဲ့ CEO & Principal Consultant တစ်ဦးဖြစ်တဲ့ ဒေါ်စုစုမောင်ပဲဖြစ်ပါတယ်။

ဒီသင်တန်းဟာ စိတ်ကျန်းမာရေးနယ်ပယ်မှာ လက်ရှိ လုပ်ကိုင်နေသူများအတွက် Relationship ပြဿနာဆိုင်ရာ case တွေကို ကိုင်တွယ်ရာမှာ ပိုမို အထောက်အကူ ဖြစ်စေဖို့ သင်ပေးသွားမှာ ဖြစ်ပါတယ်။ ထိရောက်တဲ့ သင်ခန်းစာတွေနဲ့ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်လို့ တက်ရောက်ချင်သူများအနေနဲ့ အချိန်မှီ Register ပြုလုပ်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။

Register here : https://forms.gle/yTp8NkbViChVKLp38

💻 Google Classroom (Video Class)
Price - 37500 MMK
Start Date: March 2026




Expressive arts ဆိုတာကတော့ စကားဖြင့် ဖော်ပြရန် ခက်ခဲတတ်တဲ့ ခံစားချက်တွေကို လုံခြုံစွာ၊ စူးစမ်းလေ့လာပြီး ဖန်တီးမှုများနဲ့...
16/02/2026

Expressive arts ဆိုတာကတော့ စကားဖြင့် ဖော်ပြရန် ခက်ခဲတတ်တဲ့ ခံစားချက်တွေကို လုံခြုံစွာ၊ စူးစမ်းလေ့လာပြီး ဖန်တီးမှုများနဲ့ ဖော်ထုတ်နိုင်ရန် ကူညီပေးသော ကြားခံနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ပန်းချီရေးဆွဲခြင်း၊ ပုံဆွဲခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ စာရေးခြင်း၊ သီချင်းနှင့် သံစဉ်များကဲ့သို့သော လှုပ်ရှားမှုများမှတဆင့် စိတ်ဖိစီးမှုကို လျော့ချနိုင်ပြီး ကိုယ့်အတွင်းခံစားချက်များကို နားလည်သဘောပေါက်လာစေရန်နှင့် မိမိကိုယ်ကို နက်ရှိုင်းစွာ ပိုမို သိမြင်လာစေရန် အထောက်အကူပြုပါတယ်။

Expressive arts သည် ဝေဖန်ချင့်ချိန်စရာမလိုအပ်ဘဲ မိမိကိုယ်ကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့်ပေးခြင်းဖြင့် စိတ်ခံစားမှုများကို ထိန်းညှိနိုင်စေရန်၊ ယုံကြည်မှု တိုးတက်လာစေရန်နှင့် စိတ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့ အကျိုးကျေးဇူးများအပြင် အသိ သတိရှိမှု (mindfulness)၊ ဖန်တီးမှုစိတ်ကူးယဉ်နိုင်စွမ်း (creativity)နှင့် စိတ်–ခန္ဓာကိုယ်ဆက်စပ်မှု (Mind & Body connection) ကိုလည်း ခိုင်မာလာစေပြီး စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထူးအသုံးဝင်ပါတယ်။

ဒါ့ကြောင့် မိမိရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို နားလည်သိရှိပြီး အနုပညာအဖြစ် ဖန်တီးထုတ်ဖော်ချင်တဲ့ သူတွေ၊ အနုပညာနဲ့ စိတ်ကျန်းမာရေး ဆက်နွယ်ပုံကို သိရှိနားလည်လိုသူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်စေရန်နဲ့ အခြားသူတွေကိုပါ ကူညီနိုင်ဖို့ Expressive Art ကို လက်တွေ့လေ့ကျင့်လိုသူတွေအတွက်လည်း ခေတ်သစ်အကယ်ဒမီရဲ့ ဖေဖော်ဝါရီလမှာ ဖွင့်လှစ်မယ့် Expressive Art Basic Skill Training ကိုလည်း တက်ရောက်နိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။ 🎨💚

သင်တန်းအကြောင်း ပြည့်ပြည့်စုံစုံသိဖို့ Comment က linkမှာ ကြည့်ရှု့နိုင်ပါတယ်ရှင်။ 🩷

‘စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေပေးတတ်ဖို့အပြင် Professional Careerကိုပါ တည်ဆောက်နိုင်မယ့် Applied Counseling Training Leve...
14/02/2026

‘စိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေပေးတတ်ဖို့အပြင် Professional Careerကိုပါ တည်ဆောက်နိုင်မယ့် Applied Counseling Training Level-1’

တခြားသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို
👉 နားထောင်ပေးခြင်းအားဖြင့် ကူညီပေးချင်တယ်
👉 နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာချင်တယ်
👉 စိတ်ပညာနဲ့ ဆက်နွယ်တဲ့ Professional Career တခု တည်ဆောက်ချင်တယ်
ဒါဆိုရင်တော့ အခု Khitthit Academy ရဲ့ Applied Counseling Training (Level 1) – Batch 4 က သင့်အတွက်ပဲ ဖြစ်ပါတယ်ရှင်။

Khitthit Academy အနေနဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ပညာရပ်ပိုင်းရော၊ လက်တွေ့အသုံးချနိုင်တဲ့ အထိပါ စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးနေတာ ဖြစ်ပြီး အခု Applied Counseling Training (Level 1) – Batch 4 ကို တက်ရောက်ချင်သူတွေ များပြားတာကြောင့် ထပ်မံဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

🎯 ဒီ Training က ဘယ်သူတွေအတွက် သင့်တော်လဲ?

✔️ Counseling ကို Career တစ်ခုအဖြစ် ပုံဖော်ချင်သူများ

✔️ Mental Health & Counseling ကို အခြေခံကနေ စနစ်တကျ သိထားချင်သူများ

✔️လူမှုအသိုင်းအဝိုင်းအတွက် စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးလိုသူများအတွက် အကောင်းဆုံးရွေးချယ်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

👉 ဒီ Training မှာ ဘယ်လိုအကြောင်းအရာတွေကို သင်ယူရမလဲ?
✔️ Basic Counseling Skills
✔️ Ethical Considerations
✔️ Mental Health & Psychosocial Support
✔️ Effective Emotional Support
✔️ Effective Communication & Interpersonal Relationship
✔️ Self-help, Self-reflection & Self-exploration စတဲ့ Counseling ရဲ့ အခြေခံ အချက်အလက်တွေကို စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။

👨‍🏫 ဒီ Training ကို ဘယ်သူ သင်ကြားပေးမှာလဲ?
Counseling ပညာရပ်ဟာ စာတွေ့သာမကပဲ လက်တွေ့အတွေ့အကြုံပါ ပေါင်းစပ်သင်ကြားဖို့ အရေးကြီးတာကြောင့် Citta Consultancy မှ Wellness Counselor တဦးလည်းဖြစ် Mental Health & Counseling အပိုင်းမှာ Diploma နှင့် International Certifications များစွာ ရရှိထားတဲ့အပြင် Training အတွေ့အကြုံ အပြည့်အဝရှိတဲ့ ဆရာမ အက်စတာနန်းအိမွန် ကိုယ်တိုင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလကတော့ မတ်လ ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့ (Weekend) မှာ စတင်ပြီး ကြာချိန်ကတော့ ရက်သတ္တပတ် ၆ ပတ် ဖြစ်ပါတယ်။ အချိန်အားဖြင့် ရုံးချိန်လွတ် ည ၇ နာရီကနေ ၉ နာရီ အထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကြေးကတော့ ၂၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ ခေတ်သစ်အကယ်ဒမီရဲ့ ကျောင်းသားဟောင်းတွေအတွက် 15% Discount ရှိပါတယ်ရှင်။ ❤️

Counseling နဲ့ ပတ်သက်ပြီး စနစ်တကျ သင်ယူချင်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေး ဖြစ်တာကြောင့် အချိန်မှီ စာရင်းသွင်းနိုင်ပြီ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

Register Here 👉 https://forms.gle/yTp8NkbViChVKLp38

📩 သင်တန်းအတွက် စုံစမ်းမေးမြန်းလိုတယ်ဆိုရင် Khitthit Academy Page Messenger ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

‘သင့်ရဲ့ ကူညီချင်တဲ့ စိတ်၊ နားထောင်ပေးချင်တဲ့ စိတ်ကို Professional Skill တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ’





ဒီ‌နေ့ ကျ​ရောက်တဲ့ ကလေးများနေ့မှာ အနာဂတ်ကို ဖန်တီးပေးမယ့် ကလေးလေးများရဲ့ စိတ်ခံစားချက်လေးတွေကို အသိအမှတ်ပြုရင်း ဂုဏ်ပြုလ...
13/02/2026

ဒီ‌နေ့ ကျ​ရောက်တဲ့ ကလေးများနေ့မှာ အနာဂတ်ကို ဖန်တီးပေးမယ့် ကလေးလေးများရဲ့ စိတ်ခံစားချက်လေးတွေကို အသိအမှတ်ပြုရင်း ဂုဏ်ပြုလိုက်ကြရအောင်ပါ။ 👶💛

ကလေးတိုင်း ကျန်းမာပြီး ပြည့်စုံတဲ့ စိတ်နှင့်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှုသာမက အန္တရာယ်မရှိဘဲ ကြီးထွားနိုင်၊ စိတ်ခံစားချက်တွေကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောဆိုနိုင်၊ စိတ်ချမ်းသာစွာ လေ့လာသင်ယူနိုင်တဲ့ နေရာလေးတွေကို အတူတကွ ဖန်တီးကြရအောင်ပါ။💕💪🏻🎉

☀️လူ့အသက်တွေကို ကယ်တင်နိုင်မယ့် Su***de Prevention သင်တန်း🍀ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခြင်းကို တားဆီးလို့ ရတယ်လို့ သင်ထ...
11/02/2026

☀️လူ့အသက်တွေကို ကယ်တင်နိုင်မယ့် Su***de Prevention သင်တန်း🍀

ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခြင်းကို တားဆီးလို့ ရတယ်လို့ သင်ထင်ပါသလား⁉️

တခါတလေ ‘အဆင်ပြေပါတယ်’ ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ အကူအညီတောင်းခံသံ တချို့ရှိနေပါတယ်။ ဒီအသံတွေကို သင်နားထောင်ပေးချင်တယ်၊ သင့်ရဲ့ အနားတဝိုက်မှာ ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခြင်းတွေကို တားဆီးချင်တယ်ဆိုရင်တော့ အခု မကြာခင် KhitThit Academy က ဖွင့်လှစ်မယ့် Su***de Prevention သင်တန်းက သင့်အတွက်ပါပဲ။

ဒီသင်တန်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေကို ချေဖျက်ပြီး၊ လက်တွေ့ကျကျ ဘယ်လိုကူညီမလဲဆိုတာကို စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်ကြားသွားမယ့် သင်ခန်းစာတွေကတော့

Module-1: Understanding Su***de,
Module-2: Risk Factors & Vulnerabilities,
Module-3: Contextual Factors Influencing Su***de Risk,
Module-4: Warning Signs & Signals,
Module-5: Supportive Actions & Immediate Response,
Module-6: Communication Skills with Compassion,
Module-7: Ethical Considerations & Referral,
Module-8: Self-care Considerations of the Helper

ဒီသင်တန်းကနေ သင် ဘာတွေ ရရှိမလဲ?

🚩ရှေ့ပြေးလက္ခဏာများကို သိမြင်ခြင်း - ဘယ်လိုအပြုအမူတွေက အန္တရာယ်ရှိနေပြီလဲဆိုတာကို ကြိုတင်သတိပြုနိုင်မယ်။

🚫 အယူအဆအမှားများကို ချေဖျက်ခြင်း - လူမှုပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမှားတွေကို သိမြင်ပြီး မှန်ကန်စွာ ချဉ်းကပ်တတ်မယ်။

🤝မှန်ကန်တဲ့ ကူညီမှုနည်းလမ်းများ - အကျပ်အတည်းဖြစ်နေသူကို စနစ်တကျ စကားပြောဆို ကူညီနည်းတွေကို လေ့လာရမယ်။

⚖️ကျင့်ဝတ်နဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း - မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းနေသူကို ကူညီသူတစ်ယောက် လိုက်နာရမယ့် အရေးကြီး ကျင့်ဝတ်တွေကို နားလည်လာမယ်။

🌱Self-care (မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း) - သူတစ်ပါးကို ကူညီရင်း မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ဘယ်လို ကာကွယ်မလဲ။

အထူးသဖြင့် ဒီသင်တန်းဟာ စိတ်ကျန်းမာရေး နယ်ပယ်ကသူတွေအတွက်သာမက မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ မိမိပတ်ဝန်းကျင်ကို အကျိုးပြုချင်သူတိုင်း တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

👩‍🏫 ဒီသင်တန်းကို ဘယ်သူသင်ပေးသွားမှာလဲ?
ဒီ Su***de Prevention Training ကိုတော့ Citta Consultancy မှာ Wellness Counselor တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဆရာမအိမ့်မှူးခင်မှ တာဝန်ယူသင်ကြားပို့ချပေးသွားမှာဖြစ်ပြီး မတ်လမှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ 🌸

Register here : https://forms.gle/yTp8NkbViChVKLp38

📍 Duration : 4 weeks
📍 Class Type : Video Class
📍 Fees : 37500 MMK

ဒီသင်တန်းက ရရှိလာမယ့် သင့်ရဲ့ အသိပညာက တစ်စုံတစ်ယောက်အတွက် နောက်ဆုံးလက်ကျန် မျှော်လင့်ချက် ဖြစ်သွားနိုင်တာကြောင့် Su***de Prevention Training ကို အချိန်မှီ စာရင်းသွင်း တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

***dePreventionTraining


***deAwareness

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Alerts

Be the first to know and let us send you an email when Khitthit Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khitthit Academy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram