Lin Yaung Chi Specialist Clinic လင်းရောင်ခြည် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Rangoon Ahlone
  • Lin Yaung Chi Specialist Clinic လင်းရောင်ခြည် အထူးကုဆေးခန်း

Lin Yaung Chi Specialist Clinic လင်းရောင်ခြည် အထူးကုဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lin Yaung Chi Specialist Clinic လင်းရောင်ခြည် အထူးကုဆေးခန်း, Medical Lab, Rangoon Ahlone.

လင်းရောင်ခြည်အထူးကုဆေးခန်း တွင် ပူးတွဲတာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။ စိတ်ပါဝင်စားသူများ လျှောက...
26/06/2025

လင်းရောင်ခြည်အထူးကုဆေးခန်း တွင် ပူးတွဲတာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

(1) Receptionist -5 Posts (Male/Female)

Job Descriptions
၁။ ဖုန်းဘိုကင်များလက်ခံယူခြင်း။Online bookingစနစ်ကိုအသုံးပြု၍bookingများကိုစီစစ်လက်ခံ
ပေးရမည်။
၂။ လူနာများအား ချိုသာနွေးထွေးစွာ ကြိုဆိုပေးခြင်း။
၃။ လက်ခံယူထားသောဘိုကင်များအား ဆရာဝန်များသို့ ချိတ်ဆက်အချိန် ချိန်းပေးခြင်း။
၄။ ဆရာဝန်များနှင့်ချိန်းဆိုထားမှုများကို လူနာများအား ကြိုတင်အကြောင်းကြားပေးခြင်း။
၅။ လိုအပ်သော စာရွက်စာတမ်းများ ဖြည့်စွက်ပေးခြင်း။
၆။ ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်မည့် လူနာများအား စိတ်ရှည် နားလည်စွာ ရှင်းပြခြင်း။

Requirements
၁။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ ဆေးရုံဆေးခန်းတွင် လုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
၃။ ကွန်ပျူတာ အသုံးပြုတတ်သူ ဖြစ်ရမည်။အခြေခံ အင်္ဂလိပ်စာ တတ်ကျွမ်းသူဖြစ်ရမည်။
၄။ လူမှုဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။
၅။ မိမိ၏ တာဝန်များ အား တိကျ မှန်ကန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်

(2) Staff Nurse - 2 Posts (Full Time/Part Time)

Job Descriptions
၁။ သွေးဖောက်ကျွမ်းကျင်ရမည်။
၂။OPD အခန်းများအား စီမံခန့်ခွဲနေရာချခြင်း ပြုလုပ်နိုင်ရမည်။
၃။လူနာများအား ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးထိုးပေးခြင်း (IM ,IV , SC , Drip line)
၄။Nurse Aidများအား အုပ်ချုပ်ခြင်းနှင့်လိုအပ်သလ်ုသင်ကြားလမ်းညွှန်ပေးခြင်းပြုလုပ်နိုင်ရမည်။

Requirement
၁။ BN.Sc (or) Diploma In Nursing ဘွဲ့
ရရှိထားသူဖြစ်ရမည်
၂။ လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ရမည်။
၃။ ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
၄။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
ဖြစ်ရမည်။

(3) Pharmacist– 1 Post (Female)

Job Descriptions
၁။ ဆရာဝန်ညွှန်ကြားသော ဆေးစာအုပ်ပါ ဆေးဝါးများကို Patients များအား ဆေးသောက်ပုံ ဆေးသောက်နည်းများအား မှန်ကန်စွာ ညွှန်ကြားပေးရမည်။
၂။ Patients များအား ဘောင်ချာပါ စာရင်းကို နားလည်အောင်သေချာစွာရှင်းပြရမည်။
၃။ POS System Software ကို အသုံးပြု၍ ဝန်ဆောင်မှုများကို ဘောင်ချာဖြတ်ပေးရမည်။

Requirements
၁။ B.pharm ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
၂။ ဆေးရုံ သို့မဟုတ် ဆေးခန်းဝန်ဆောင်မှု သို့မဟုတ် သက်ဆိုင်ရာဝန်ဆောင်မှုတွင် အတွေ့အကြုံ 1 နှစ်မှ 2 နှစ်ရှိရမည်။
၃။ ဆေးဝါးနှင့်သက်ဆိုင်သော Brand Name များ၊ Chemical Name များ၊ အသုံးပြုပုံအသုံးပြုနည်းများ သိရှိနားလည်ရမည်။
၄။ Service နှင့်ပတ်သက်သည့် Test အမျိုးအမည်များ ကိုကျက်မှတ်နိုင်စွမ်းရှိရမည်။
၅။ လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။ English စာအခြေခံတတ်ကျွမ်းနားလည်သူဖြစ်ရမည်။
၇။ Listening Skills, Teamwork Skills & Communication Skills ကောင်းမွန်သူဖြစ်ရမည်

(4) Nurse Aide – (4 Posts - Female)

Job Descriptions
၁။ လူနာများအားနွေးထွေးစွာကြိုဆိုလမ်းညွှန်ပေးခြင်း နှင့် Vital Signs ယူခြင်း
၂။ OPD အခန်းဝင်ခြင်း နှင့် ဆရာဝန်မရောက်မီ OPD အခန်းလိုအပ်ချက်များအား ကြိုတင်ပြင်ဆင်ခြင်း၊
၃။ ဆရာဝန်များအား ကူညီပေးခြင်း၊အစရှိ
သည် နှင့် သက်ဆိုင်ရာ အလုပ်တာ၀န်များ လုပ်ကိုင်နိုင်ရမည်။

Requirements

၁။ သူနာပြုအကူသင်တန်းဆင်းလက်မှတ်ရှိရပါမည်။
၂။ လုပ်သက်အနည်းဆုံး ၁ နှစ်ရှိရပါမည်။
၃။ လူမှုဆက်ဆံရေးကောင်းမွန်ရပါမည်။
၄။ သွက်လက်ဖျက်လက်မှု ရှိရမည်။ ရိုးသားကြိုးစားမှု ရှိရမည်။
၅။ အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်တတ်ပြီး ရေရှည်လုပ်ကိုင်နိုင်ရပါမည်။

လင်းရောင်ခြည်အထူးကုဆေးခန်းနှင့်လက်တွဲလုပ်ကိုင်ခြင်းဖြင့်ရရှိနိုင်မည့် ခံစားခွင့်များ-

* Professional Development အတွက် Training Program များတက်ရောက်ရန်အခွင့်အရေးရှိခြင်း။
* Probation ပြီးနောက် သတ်မှတ်ထားသော Allowance များ၊ Medical Benefits များ ခံစားခွင့်ရှိခြင်း။

စိတ်ပါဝင်စားလိုသူများအနေဖြင့်
Viber - 09897732733
Email - hr.linyaungchi@gmail.com (သို့)09897732733 (viber)သို့ CV Form ပေးပို့၍အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

လိပ်စာ - အမှတ် (၅၂၂)၊ အောက်ကြည့်မြင်တိုင်လမ်း၊ (အနောက်ပိုင်းဆေးရုံအနီး) ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့ ။

Congratulations "KO TIN HTUT AUNG  & MA ZIN MAR AYE  " လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး စင်တာ တွင် IUI န...
26/06/2025

Congratulations "KO TIN HTUT AUNG & MA ZIN MAR AYE "

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး စင်တာ တွင် IUI နည်းပညာ ဖြင့် အောင်မြင်စွာ ကိုယ်ဝန်ဆောင် သွားနိုင်သော Ko Tin Htut Aung နှင့် Ma Zin Mar Aye တို့ ဇနီးမောင်နှံ အား ဝမ်းမြောက်ဂုဏ်ယူစွာ ဖြင့် ဖော်ပြပေးလိုက် ရ ပါသည်၊၊

ကိုယ်၀န် ရရှိအောင် အောင်မြင်စွာ ဆောင်ရွက်ပေး နိုင် ခဲ့သော ဒေါက်တာ နှင်းသီတာထွန်း အတွက် လည်း လင်းရောင်ခြည် အထူးကုဆေးခန်း မှ ကျေးဇူးတင် ၀မ်းမြောက် ဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်၊၊...
=========================================
ပြသဆွေးနွေးလိုသူ သားသမီး ရရှိရန် ခက်ခဲနေသော အိမ်ထောင်ရှင် များ အနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း၍ ကြိုတင်ဘိုကင် ရယူနိုင်ပါသည်၊၊
လင်းရောင်ခြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ ၊
အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ အနောက်ပိုင်းဆေးရုံရှေ့၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်၊၊
ဖုန်း၊၊ ၀၉ - ၄၄၄၄၄ ၅၂ ၁၁၊ ၀၉ - ၄၄၄၄၄ ၅၂ ၇၇၊ ၀၉ - ၃၃၈၈ ၆၉၇၅။========================================
သားသမီး ရရှိရန်ခက်ခဲနေသော အိမ်ထောင်သည် များအတွက် သားအိမ်အတွင်းသို့ အမျိုးသားသုက်ပိုးထည့်ခြင်း (IUI) နည်းပညာ ကုထုံးအားလင်းရောင်ခြည်ဆေးခန်းနှင့် ရောဂါရှာဖွေစင်တာတွင် ဆောင်ရွက် ပြုလုပ်ပေးနေပါပြီ။.
Q: IUI (Intrauterine Insemination) ဆိုသည်မှာ အဘယ်နည်း?
A: IUI (Intrauterine Insemination) ဆိုသည်မှာ အမျိုးသား သုက်ပိုးအား ပြင်ပတွင် ဆေးဖြင့် စီမံပြီး ရွေးချယ် သန့်စင်၍ ရရှိလာသည့် ရှင်သန်ကောင်းမွန်သော သုက်ပိုးများကို အမျိုးသမီး သားအိမ် အတွင်းသို့ ပိုက်ပျော့ ဖြင့် ထည့်သွင်းပေးကာ ကိုယ်ဝန်ရရှိနိုင်နှုန်း ပိုမို မြင့်မား အောင် ဆောင်ရွက်ပေးသော နည်းပညာ တစ်ရပ် ဖြစ်ပါသည်၊၊
ပထမဦးစွာ အမျိုးသမီး သားဥကြီးထွားမှု့ကို တယ်လီဗေးရှင်းဓါတ်မှန်ဖြင့် တိုင်းတာရပါသည်။ သားဥကြွေသည့်အရွယ်ရောက်ပါက ဟော်မုန်းဆေးထိုးပြီး သားဥကို သားဥပြွန် (Fallopian Tube) သို့ ရောက်ရှိလာအောင် ပြုလုပ်ရပါသည်။
IUI ဧ။် ရည်ရွယ်ချက်မှာ အမျိုးသမီး သားဥပြွန် တွင်း ရောက်ရှိလာသော
သားဥနှင့် အမျိုးသား သုက်ပိုး တို့ အချိန်ကိုက်တွေ့ရှိကာ ကိုယ်ဝန်ရရှိနိုင်နှုန်း မြင့်မားလာစေရန် ဖြစ်ပါသည်၊၊
IUI နည်းပညာ သည် IVF (In Vitro Fertilizatin-ဖန်ပြွန်သန္ဓေ) ကုန်ကျစရိတ် ထက်များစွာ သက်သာ စေပြီး လုပ်ဆောင်ရန် လည်း ပိုမို လွယ်ကူ သော ကုထုံး တစ်ရပ်ဖြစ်ပါသည်၊၊
Q: သားသမီးရရှိရန် ခက်ခဲသော စုံတွဲဆိုသည်မှာ အဘယ်နည်း?
A: အမျိုးသား၊ အမျိုးသမီးများ အိမ်ထောင်ကျပြီးနောက် ကိုယ်ဝန်တားသောနည်းလမ်းတစ်မျိုးမျိုး သုံးစွဲခြင်းမရှိပဲ သဘာဝအတိုင်း ဆက်ဆံနေထိုင်သော်လည်း တစ်နှစ်ကျော်သည်အထိ ကိုယ်ဝန်ရရှိခြင်းမရှိပါက ကလေးရရှိရန် ခက်ခဲသော စုံတွဲဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါသည်။
Q: IUI ကို မည်ကဲ့သို့ သော စုံတွဲ များတွင် လုပ်ဆောင်နိုင်မည်နည်း၊၊
A:
၁၊၊ အကြောင်းအရင်း မရှိဘဲ ကိုယ်ဝန် ရရှိရန် ခက်ခဲ နေသူများ
၂၊၊ အမျိုးသမီး သားအိမ်ခေါင်း တွင်း အကျိအချွဲ (Cervical Mucus) ထူပြီး အမျိုးသား သုက်ပိုး ဝင်ရောက်ရန်ခက်ခဲနေသူများ
၃၊၊ အမျိုးသား သုက်လွှတ် ခက်ခဲသူများ
Q: IUI မ ပြုလုပ်သင့်သော အခြေအနေများ
A:
၁၊၊ သားဥပြွန် (Fallopian Tube) ဆက်စပ် ရောဂါရှိသူများ
၂၊၊ အမျိုးသမီး တင်ပါးဆုံအတွင်း အင်္ဂါများ ရောင်ရမ်းသောရောဂါရှိသူများ (Pelvic Inflammatory Disease)
၃၊၊ Endometriosis (သားအိမ်အတွင်း တစ်ရှူးစများ ပုံမှန်မဟုတ်သော နေရာတွင် ရောက်ရှိ နေခြင်းကြောင့် ကိုယ်ဝန်ရရှိရန် ခက်ခဲနေသူများ)
Q: IUI ပြုလုပ်ဖို့ ဘာတွေ ပြင်ဆင်ဖို့လိုမလဲ။
A: ပထမဦးစွာ ကျွမ်းကျင်သော သားဖွားမီးယပ် အထူးကု ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန်ရရှိရန် ခက်ခဲနေသော အဓိက အကြောင်းအရင်းကို စမ်းသပ် စစ်ဆေးရပါမည်။ အမျိုးသမီး၏ မျိုးပွားအင်္ဂါများအား စမ်းသပ်စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း နှင့် အမျိုးသမီး သားဥပြွန် လမ်းကြောင်း ပွင့် မပွင့် စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။ အမျိုးသားကိုယ်တိုင် သုက်ပိုး စစ်ဆေးခြင်းလည်း ပြုလုပ်ရပါမည်။ ထို့နောက် ဆရာဝန်မှ IUI ပြုလုပ်ရန် သင့်၊ မလုပ်သင့် ဆုံးဖြတ်ပေးပါမည်။
Q: သားဥ ကြီးထွားမှုကို စောင့်ကြည့်ခြင်း
A: IUI ပြုလုပ်ရာတွင် ပထမဆုံး အနေဖြင့် အမျိုးသမီး သားဥကြီးထွားမှု အခြေအနေကို တယ်လီဗွီးရှင်း ဓါတ်မှန် အကူအညီဖြင့် စောင့်ကြည့်တိုင်းတာရပါသည်။
သားဥကြီးထွားစေရာတွင်
၁။ သဘာဝအတိုင်း သားဥကြီးထွားမှုကို စောင့်ကြည့်ခြင်း။
၂။ သားဥကြီးထွားဆေး အကူအညီဖြင့် သားဥကြီးထွားစေခြင်း။
၃။ ဟော်မုန်းဆေးပေးပြီး သားဥကို ကြီးထွားစေခြင်း စသည်ဖြင့် နည်း ၃ မျိုးရှိပါသည်။
Q: မည်သည့်အချိန်တွင် အမျိုးသားသုက်ပိုး ထည့်မလဲ။
(အကောင်းဆုံးအချိန်)
A: အမျိုးသမီးသားဥကြီးထွားလာပြီး သင့်တော်သောအချိန်ရောက်ပါက သားဥကြွေဆေး hCG ဟော်မုန်းဆေးထိုးပြီးနောက် အမျိုးသမီး သားဥကြွေ ၊မကြွေ စောင့်ကြည့်ရပါမည်။ တယ်လီဗေးရှင်းဓါတ်မှန်ဖြင့် တိုင်းတာစောင့်ကြည့်ခြင်း၊ LH Test Kit ဖြင့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရမည်။ ပုံမှန်အားဖြင့် hCG injection ဟော်မုန်းဆေးထိုးပြီး ၂၄ ကနေ ၃၆ နာရီ အကြာတွင် သားဥကြွေမကြွေ စစ်ဆေးပြီး အမျိုးသားသုက်ပိုးထည့်ခြင်းဖြစ်ပါသည်။
Q: သုက်ရည်ကို ဆေးကြောသန့်စင်ခြင်း
A: သုက်ပိုးထည့် မ သွင်းခင်တွင် သုက်ရည်ကို ဆေးကြောသန့်စင်ခြင်းသည် IUI procedure တွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ အမျိုးသားအနေဖြင့် သုက်ရည်ကို ဆေးခန်းမှ ပေးထားသည့် ပိုး သန့်စင်ထားသောခွက် အတွင်းသို့ ထည့်ပေး ရပါမည် (တစ်ကိုယ်ရည် အာသာ ဖြေသောနည်းဖြင့်)။ သုက်ရည်ကို ဆေးရည်များနှင့် ဆေးကြောခြင်းဖြင့် သုက်ရည်အတွင်း မလိုလားအပ်သော ဓါတုပစ္စည်းများ၊ ဘက်တီးရီးယားပိုးမွှားများအား ဖယ်ရှားပေးပါသည်။ ထို့အပြင် ပိုမို ရွေ့လျားနိုင်သော၊ ပိုမိုအရည်အသွေး ကောင်းမွန်သော သုက်ပိုးကောင်များအား ရွေးချယ်နိုင်ပြီး သုက်ပိုး၏ မျိုးပွားနိုင်စွမ်းကို တိုးတက်လာစေပါသည်။
Q: သုတ်ပိုးထည့်သွင်းခြင်း
A: သန့်စင် ဆေးကြောပြီး သုက်ပိုးများကို သားအိမ်အတွင်းသို့ ပြွန်မှတစ်ဆင့် ထည့်သွင်းပေးရပါသည်။
IUI ပြုလုပ်ပြီးနောက် မိနစ် ၃၀မှ ၁နာရီ ခန့် လှဲနေရပါမည်။ ဆေးခန်းမှ ပြန်ပြီးနောက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်း၊ သာမန်အိမ်အလုပ်၊ ရုံးအလုပ်လုပ်ခြင်း များကို ဆက်လက် လုပ်ဆောင်နိုင်ပါသည်၊၊
အစ မှ အဆုံး အထိ ဆောင်ရွက် ပြီးစီးချိန် မှာ ၂ နာရီ ခန့် ကြာမြင့်ပါမည်၊၊
Q: အောင်မြင်မှုနှုန်း
A: ပျှမ်းမျှ အောင်မြင်မှု ၁၀-၂၀% ရရှိနိုင်ပါသည်။ မျိုးဥအိမ်အတွင်းရှိ မျိုးဥအရေအတွက်၊ မျိုးဥကြီးထွားမှုနှုန်း နှင့် သားအိမ်နံရံလက်ခံနိုင်စွမ်းစသည့် အခြေအနေများ အပေါ်မူတည်နိုင်ပါသည်။ အမျိုးသားသုက်ပိုး အရေအတွက်၊ အရည်အသွေးပေါ်တွင်လည်း မူတည်ပါသည်။
=======================================
ပြသဆွေးနွေးလိုသူများ အနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း၍ ကြိုတင်ဘိုကင် ရယူနိုင်ပါသည်၊၊
လင်းရောင်ခြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ ၊
အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ အနောက်ပိုင်းဆေးရုံရှေ့၊ကြည့်ြမင်တိုင်မြို့နယ်၊ရန်ကုန်၊၊
ဖုန်း၊၊ ၀၉ - ၄၄၄၄၄ ၅၂ ၁၁၊ ၀၉ - ၄၄၄၄၄ ၅၂ ၇၇၊ ၀၉ - ၃၃၈၈ ၆၉၇၅။

သားသမီးရ ခက်ခဲသူများ အတွက် သားဖွားမီးယပ်အထူးကုဆရာ၀န် ဆရာမကြီး ဒေါက်တာ နှင်းသီတာထွန်း နှင့် ဆွေးနွေး ပြသ လိုသူများ လင်းရေ...
26/06/2025

သားသမီးရ ခက်ခဲသူများ အတွက် သားဖွားမီးယပ်အထူးကုဆရာ၀န် ဆရာမကြီး ဒေါက်တာ နှင်းသီတာထွန်း နှင့် ဆွေးနွေး ပြသ လိုသူများ လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ တွင် လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ဒေါက်တာ နှင်းသီတာထွန်း
M.B.,B.S, M.Med.Sc (OG), Dr.Med.Sc (OG)
Certificate in IVF (Hainan, China)
Certificate in Advanced Clinical ART(IVF), (Singapore)
Certificate in Embryology(IVF), (India)
Diploma in ART (IVF) (Germany)
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး
Monday to Friday

ဆရာမကြီး နှင့် လူကိုယ်တိုင်လာရောက် ဆွေးနွေးတိုင်ပင်ရန် ဖုန်း 09 44444 52 11, 09 44444 52 77 သို့ ဆက်သွယ်၍ ၁ ရက် ကြိုတင်ရက်ချိန်း ရယူနိုင်ပါပြီ၊၊

နယ်​​ေ၀း မှ လူနာများ အနေဖြင့် ဆရာမ ဒေါက်တာ နှင်းသီတာထွန်း နှင့် Video/Voice call ဖြင့် ဆွေးနွေးလိုပါက ဖုန်း 09 759 759 991 သို့ ဆက်သွယ်နိုင်ပါသည်၊၊

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ
အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်၊၊
ဖုန်း - 09 44444 52 11, 09 44444 52 77

နှာစေး၊ အအေးမိ၊ ဖျားနာ အစရှိသည့် ရာသီတုပ်ကွေး မှ ကာကွယ်ရန် 2025 တုပ်ကွေး ကာကွယ်ဆေး ထိုးထားမှ စိတ်ချရမယ်နော်။တုပ်ကွေး ကာက...
26/05/2025

နှာစေး၊ အအေးမိ၊ ဖျားနာ အစရှိသည့် ရာသီတုပ်ကွေး မှ ကာကွယ်ရန် 2025 တုပ်ကွေး ကာကွယ်ဆေး ထိုးထားမှ စိတ်ချရမယ်နော်။

တုပ်ကွေး ကာကွယ်ဆေး အား မည်သူတို့ ထိုးသင့်ပါသနည်း?
၁။ နေ့စဉ် လူအများ နှင့် ဆက်ဆံ သွားလာ နေသူများ
၂။ ဆီးချို ရောဂါ၊ နှလုံး ရောဂါ၊ အဆုတ် ရောဂါ၊ ရင်ကြပ် ရောဂါ (နာတာရှည်ရောဂါ) ရှိသူများ
၃။ အသက် (၆၅)နှစ် အထက် လူကြီးများ
၄။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ နှင့် နို့တိုက် မိခင်များ
၅၊၊ ကိုယ်ခံအား နည်းသူများ၊ မကြာခဏ ဖျားနာတတ်သူများ၊ ရောဂါအခံရှိသူများ ဖြစ်ကြပါသည်၊၊

တုပ်ကွေးကာကွယ်ဆေး အား မည်သည့် အချိန် တွင် ထိုးရမည်နည်း?
တစ်နှစ် (၁) ကြိမ် ထိုးရန် အကြံပြုထားပါသည်၊၊
တုပ်ကွေးရာသီ မတိုင်မီ အနည်းဆုံး ၂ ပတ် မှ ၄ ပတ် ကြိုထိုးရပါမည်။
ဆေးထိုးပြီး (၂) ပတ် အကြာ မှ ခန္ဓာကိုယ် အတွင်း Antibodies ထွက်ပြီး တုပ်ကွေးဖျားနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်၊၊

အသက် (၆) လ မှ (၉) နှစ် အထိ ကလေးများတွင် (ပ) အကြိမ်ထိုးပြီး ၄ ပတ် အကြာတွင် (ဒု) အကြိမ် ထပ်မံ ထိုးနှံရပါမည်၊၊
အသက် (၆) လ မှ (၉) နှစ် အထိ ကလေးများ အတွက် ယခင် နှစ်များတွင် ထိုးဖူးသူများအတွက် (၁) လုံး ထိုးရုံ နှင့် လုံလောက်ပါသည်၊၊

ဘေးထွက် ဆိုးကျိုး
အချို့သော သူများ အတွက် ဆေးထိုးပြီး အနည်းငယ် ကိုယ်လက် ကိုက်ခဲ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ငွေ့ငွေ့ ဖျားနာမှု များ ရှိတတ်ပါသည်၊၊
Egg protein, Gentamicin နှင့် မတည့်လျှင် မ ထိုးသင့်ပါ။
ဓာတ် မတည့်မှုများ ရှိပါက ဆေး မထိုးခင် ကြိုပြောရန် လိုပါသည်။

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ လိပ်စာ− အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်၊၊
ဖုန်း ၀၉ ၇၇၇၇၄ ၆၆၆၂

လင်းရောင်ခြည် အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ မှ အောက်ပါရာထူးများအတွက် ပူပေါင်း ဆောင်ရွက်သွားလိုပါသဖြင့် စိတ်ပါဝင်...
16/05/2025

လင်းရောင်ခြည် အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ မှ အောက်ပါရာထူးများအတွက် ပူပေါင်း ဆောင်ရွက်သွားလိုပါသဖြင့် စိတ်ပါဝင်စားသူများ အနေဖြင့် CV Form များပေးပို့လျှောက်ထားနိုင်ပါသည်။

HR Manager – 1 post (Male/Female)
အလုပ်ချိန် _ မနက် ( 8 ) နာရီ မှ ညနေ ( 5 ) နာရီ အထိ
Salary- Negotiable

လုပ်ဆောင်ရမည့် တာဝန်များ ( Primary Responsibilities)
၁။ ဝန်ထမ်းလိုအပ်ချက် (Employee Requisitions Form) ကို စိစစ်ပြီး လုပ်ငန်းလိုအပ်ချက် နှင့် အညီ ဝန်ထမ်းခန့်ထားရန် စီစဉ်ဆောင်ရွက်ရန်။
၂။ ဝန်ထမ်းများ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန် သင့်လျော်သော Training, Seminar များ တက်ရောက်ရန် သက်ဆိုင်ရာ Department Head များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၃။ ဝန်ထမ်းများ၏ Performance Appraisal Record ကို (၆)လ တစ်ခါစိစစ်၍ အားသာချက်/ အားနည်းချက် များကို ပြုပြင်ရန်အတွက် သက်ဆိုင်ရာ Department Head များနှင့် ညှိနှိုင်း ဆောင် ရွက်ရန်။
၄။ လစဉ် ဝန်ထမ်းရေးရာ (ဝန်ထမ်း အဝင်/ အထွက်စာရင်း၊ Training Report, လစာပေးရန် Payroll, Orientation Program) များကိုကြီးကြပ်ရန်။
၅။ ဝန်ထမ်းများ၏ နေ့စဉ် Duty အချိန်စာရင်း၊ ခွင့်၊ ခွင့်မဲ့နှင့် အခြားခွင့်စာရင်းများကို စိစစ်ရန်။
၇။ HR Department ၏ တာဝန်ဝတ္တရားများ၊ HR Policy ကိစ္စများ၊ လုပ်ငန်း ဆောင် ရွက်ချက်များကို အသေးစိတ်သိရှိ နားလည်၍ ကြီးကြပ်ဆောင်ရွက်ရန်။

**ရာထူး အတွက်လိုအပ်သော အရည်အချင်းများ
၁၊၊ HR စီမံခန့်ခွဲမှု ပညာပိုင်းတွင် (2) နှစ် အနည်းဆုံး အတွေ့အကြုံရှိသူ ဖြစ်ရပါမည်။
၂။ ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
၃။ အင်္ဂလိပ်စာ အခြေခံ တတ်ကျွမ်းရမည်။
၄။ လူမှုဆက်ဆံရေး ကောင်းမွန်ရမည်။
၅။ ပြသာနာများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက်နိုင်မှု စွမ်းရည်၊ ဆုံးဖြတ်နိုင်စွမ်းရည်ရှိရမည်။
၆။ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကောင်းဆုံးနည်းလမ်း၊ အသင့်တော်ဆုံး လုပ်ထုံးများကို လေ့လာ၍ တိုးတက်အောင် အကောင်အထည်ဖော်နိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားသူများ အနေဖြင့် ပြည့်စုံစွာ ဖြည့်စွက်ထားသော CV Form အား hr.linyaungchi@gmail.com ပေးပို့ လျှောက်ထားနိုင်ပါသည်။ . Email မှ တစ်ဆင့် CV Form တင်ရာတွင် လိုက်နာရမည့် စည်းကမ်းမှာ
၁၊၊ Scan ပြုလုပ်ထားသော CV Form အား ပေးပို့နိုင်ပါသည်၊၊ (သို့) Word File အား PDF File ပြောင်း၍ ပေးပို့နိုင်ပါသည်၊၊
(CV Form အား ဓါတ်ပုံရိုက်၍ ပေးပို့ခြင်း မှ ရှောင်ကြဥ်ပါရန်)
၂၊၊ CV Form တွင် ၆ လ အတွင်း ရိုက်ထားသော မိမိ ၏ ဓါတ်ပုံ ကို ပူးတွဲ ပါရှိရပါမည်၊၊
၃၊၊ မိမိ ရရှိထားသော Certificate များ ရှိပါက ပူးတွဲပေးပို့နိုင်ပါသည်၊၊
(ရာထူး နှင့် လိုက်ဖက် ကိုက်ညီမည် ဟု ယူဆ ရွေးချယ် ထားသော CV Form များ ကို သာ interview အတွက် ခေါ်မည် ဖြစ်ပါသည်၊၊)
လိပ်စာ - အမှတ် (၅၂၂)၊ အောက်ကြည့်မြင်တိုင်လမ်း၊ (အနောက်ပိုင်းဆေးရုံအနီး) ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
ဖုန်း- 09 894471207

လင်းရောင်ခြည် အထူးကုဆေးခန်း ရှိ Ultrasound (တယ်လီဗွီးရှင်း ဓာတ်မှန်ရိုက်ခြင်း) ဆိုင်ရာ ၀န်ဆောင်မှုများ1. ကိုယ်ဝန်ဆောင်မိ...
16/05/2025

လင်းရောင်ခြည် အထူးကုဆေးခန်း ရှိ Ultrasound (တယ်လီဗွီးရှင်း ဓာတ်မှန်ရိုက်ခြင်း) ဆိုင်ရာ ၀န်ဆောင်မှုများ

1. ကိုယ်ဝန်ဆောင်မိခင်များအတွက် ရင်သွေး၏ဖွံဖြိုးတိုးတက်မှုကို ကြည့်ရှုနိုင်ခြင်း။

2. သန္ဓေသား ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းမှုရှိ/မရှိ အသေးစိတ်စစ်ဆေးခြင်း (Anomaly Scan)

သန္ဓေသား၏မျက်နှာသွင်ပြင်အား နောက်ဆုံးပေါ် 3D/4Dနည်းပညာဖြင့် ပုံရိပ်ဖော်ခြင်း (3D/4D Ultrasound)

3. အမျိုးသမီး ကျန်းမာရေး၊ရင်သား၌အဖု၊အကျိတ်များရှိ/မရှိ စစ်ဆေးခြင်း ၊သားအိမ်၊သားဥအိမ်၌အလုံး၊ အကျိတ်များရှိ/မရှိ အသေးစိတ် စစ်ဆေးနိုင်ခြင်း။

4. သားသမီးရရှိရန်ခက်ခဲနေသူများအတွက် SIS(Saline Infusion Sonogram)ဖြင့် သားဥပြွန်လမ်းကြောင်းပွင့်၊မပွင့် စစ်ဆေးကြည့်ရှုနိုင်ခြင်း။

5. အသည်းအဆီဖုံးခြင်း၊အသည်းခြောက်ခြင်း၊အသည်းကြီးခြင်း၊အသည်းဆက်စပ်ရောဂါအမျိုးမျိုးနှင့် သည်းခြေအိတ်ကျောက်တည်ခြင်းရောဂါအမျိုးမျိုးရှာဖွေနိုင်ခြင်း။

6. ဆီးကျိတ်(ကျောက်ကပ်)ဆီးလမ်းကြောင်း ဆက်စပ်ရောဂါများ ရှာဖွေနိုင်ခြင်း။

7. Color Doppler Ultrasound ဖြင့် လည်ပင်းသွေးကြော၊ခြေထောက်သွေးကြောနှင့်ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးရှိ သွေးကြောရောဂါများကို စစ်ဆေးနိုင်ပါသည်။

တယ်လီဗွီးရှင်း ဓါတ်မှန်ရိုက်လိုသော လူနာများ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များ သို့ ဆက်သွယ် ၍ ကြိုတင် ဘိုကင် ရယူ ပေး ပါ ရန် မေတ္တာရပ် ခံ အပ်ပါသည်၊၊
ဖုန်း ၀၉−၄၄၄၄၄ ၅၂ ၁၁၊ ၀၉−၄၄၄၄၄ ၅၂ ၇၇ နှင့် ၀၉−၃၃၈၈ ၆၉၇၅
အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ အနောက်ပိုင်းဆေးရုံ အနီး၊ ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်မြို့။

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ မှ ဆရာ၀န် များ နှင့် ဆေးခန်းပြသရန် www.linyaungchi.com.mm web page...
16/05/2025

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ မှ ဆရာ၀န် များ နှင့် ဆေးခန်းပြသရန် www.linyaungchi.com.mm web page မှ တစ်ဆင့် လွယ်လင့်တကူ ဘိုကင် ရယူနိုင်ပါသည်။

1. အထွေထွေရောဂါ အထူးကုဆရာ၀န်ကြီးများ
2. အထွေထွေရောဂါကု ဆရာ၀န်များ
3. ခွဲစိတ် အထူးကုဆရာ၀န်ကြီးများ
4. သားဖွားနှင့်မီးယပ် အထူးကုဆရာ၀န်ကြီးများ
5. ကလေးရောဂါ အထူးကုဆရာ၀န်ကြီးများ
6. အဆုတ် နှင့် ရင်ခေါင်း အထူးကုဆရာ၀န်ကြီးများ
7. စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာ၀န်ကြီးများ
8. နှလုံးရောဂါ အထူးကုဆရာ၀န်ကြီးများ
9. အရိုးအကြောခွဲစိတ် အထူးကုဆရာ၀န်ကြီးများ
10. နား၊နှာခေါင်း နှင့် လည်ချောင်း အထူးကုဆရာ၀န်ကြီးများ
11. ဆီးနှင့်ကျောက်ကပ် အထူးကုဆရာ၀န်ကြီးများ
12. အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာ၀န်ကြီးများ
13. ဦးနှောက် နှင့် အာရုံကြော အထူးကုဆရာ၀န်ကြီးများ
14. အရေပြားရောဂါကု အထူးကုဆရာ၀န်ကြီးများ
15. အသည်းရောဂါကု အထူးကုဆရာ၀န်ကြီးများ
16. အဏုမြူရောင်ခြည် အထူးကုဆရာ၀န်ကြီးများ
17. လေးဖက်နာရောဂါဆိုင်ရာ အထူးကုဆရာ၀န်ကြီးများ
18. ဟော်မုန်းနှင့်ဆီးချိုဆိုင်ရာ အထူးကုဆရာ၀န်ကြီးများ
19. ကင်ဆာရောဂါကု အထူးကုဆရာ၀န်ကြီးများ
20. အာဟာရ နှင့် ကျန်းမာရေးဆိုင်ရာ အထူးကုဆရာ၀န်ကြီးများ
21. သွားနှင့်ခံတွင်း အထူးကုဆရာ၀န်ကြီးများ
22. မျက်စိရောဂါ အထူးကုဆရာ၀န်ကြီးများ

အစရှိသည့် အထူးကုဆရာ၀န်ကြီးများ နှင့် ဘိုကင်ရယူ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်၊၊

Website features:

၁။ လင်းရောင်ခြည် အထူးကုဆေးခန်း ရှိ ဆရာ၀န်များ အား ဖော်ပြထားပြီး online မှ တစ်ဆင့် booking ရယူနိုင်ခြင်း၊၊

၂၊၊ ဆေးခန်း ၀န်ဆောင်မှု များ အား ကြည့်ရှု လေ့လာနိုင်ခြင်း။

၃။ လင်းရောင်ခြည် အထူးကုဆေးခန်းတွင် ကာကွယ်ဆေး ထိုးပြီး မိမိ ၏ ကိုယ်ပိုင် အကောင့်ဖြင့် ကာကွယ်ဆေးထိုး မှတ်တမ်းများအား online မှ တစ်ဆင့် အချိန်မရွေး ကြည့်ရှု ရယူနိုင်ခြင်း။

Online မှ တစ်ဆင့် ဘိုကင် ရယူရန်

၁။ www.linyaungchi.com.mm ကို ၀င်ရောက်ပါ၊၊ (မိမိ computer သို့မဟုတ် ဖုန်း internet browser မှ ၀င်ရောက်နိုင်ပါသည်၊၊)
၂။ မိမိ ၏ ဖုန်းနံပါတ် နှင့် အမည် ကို အသုံးပြု၍ မိမိကိုယ်ပိုင် account ကို ဖွင့်လှစ်ရပါမည်၊၊
၃။ ထို့နောက် မိမိ ဆွေးနွေးပြသလိုသော ဆရာ၀န် ၏ နေ့ရက် နှင့် အချိန် ကို ရွေးချယ်၍ online မှ တစ်ဆင့် booking ရယူနိုင်ပါသည်၊၊

မိမိ ဖုန်းနံပါတ် နှင့် ကိုယ်ပိုင် account ဖွင့်လှစ်ထားသည့် အတွက် ဆရာ၀န် နှင့် ဘိုကင်ရယူပြီးသည့် အခါ မိမိ profile ကို ၀င်၍ ဘိုကင်နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ပြန်လည် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ
အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ အနောက်ပိုင်းဆေးရုံ အနီး၊ ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်၊၊
ဆက်သွယ်ရန် ဖုန်း၊၊ ၀၉ ၄၄၄၄၄ ၅၂ ၁၁၊ ၀၉ ၄၄၄၄၄ ၅၂ ၇၇၊ ၀၉ ၃၃၈၈ ၆၉၇၅

လင်းရောင်ခြည် အထူးကုဆေးခန်း အား ၂၁ ရက်နေ့ ဧပြီလ ၂၀၂၅ မှ စ၍ ယခင် ပုံမှန် အတိုင်း မနက် (၇) နာရီ မှ ည (၇) နာရီ အထိ ပြန်လည် ...
21/04/2025

လင်းရောင်ခြည် အထူးကုဆေးခန်း အား ၂၁ ရက်နေ့ ဧပြီလ ၂၀၂၅ မှ စ၍ ယခင် ပုံမှန် အတိုင်း မနက် (၇) နာရီ မှ ည (၇) နာရီ အထိ ပြန်လည် ဖွင့်လှစ်ထားပါပြီ။

ဆရာဝန်ကြီးများ နှင့် ဆွေးနွေးပြသမည့် လူနာများ အနေဖြင့် ဖုန်း ၀၉ ၄၄၄၄၄ ၅၂၁၁၊ ၀၉ ၄၄၄၄၄ ၅၂၇၇၊ ၀၉ ၃၃၈၈ ၆၉၇၅ သို့ ဆက်သွယ်၍ ကြိုတင် ဘိုကင် ရယူနိုင်ပါပြီ။

အမှတ် (၅၂၂) အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်။ (ဟုမ်းလမ်း မှတ်တိုင်အနီး)

💦✨ဆေးခန်းပိတ်ရက် ကြေငြာခြင်း💦✨ မြန်မာနှစ်သစ်သင်္ကြန်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ နှင့် ပြည်စုံပါစေ ကြ...
10/04/2025

💦✨ဆေးခန်းပိတ်ရက် ကြေငြာခြင်း💦✨

မြန်မာနှစ်သစ်သင်္ကြန်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ နှင့် ပြည်စုံပါစေ ကြောင်း လင်းရောင်ခြည် အထူးကုဆေးခန်း မိသားစု မှ ဆုမွန်​ကောင်း တောင်းအပ်ပါတယ်။🙏🏻

လင်းရောင်ခြည် အထူးကုဆေးခန်း ကိုလည်း April 12 ရက်နေ့ မှ April 20 ရက်နေ့ အထိ ပိတ်ထားမည် ဖြစ်ပြီး April 21 ရက်နေ့ 2025 မှာ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။📣📣

🏠 Address - No.522, Lower Kyi Myin Dine Road, Kyi Myin Dine Township, Yangon, Myanmar.

📞 Phone - 09 44444 5211, 09 44444 52 77

🕰 Opening hours - 7:00AM to 7:00PM

02/04/2025
လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ မှ အောက်ပါ ရာထူး များ အတွက် လုပ်ကိုင်လိုသူများ ခေါ်ယူလျက် ရှိပြီး ...
17/03/2025

လင်းရောင်ခြည် အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ မှ အောက်ပါ ရာထူး များ အတွက် လုပ်ကိုင်လိုသူများ ခေါ်ယူလျက် ရှိပြီး စိတ်ပါ၀င်စားသူများ အနေ ဖြင့် ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါသည်။

(1) Receptionist (2 Posts - Female)
(2) Nurse Aide (5 Posts - Female)
(3) Admin Assistant (1 Post - Female)

Receptionist (2 Posts - Female)

Job Descriptions
၁။ ဖုန်းဘိုကင်များလက်ခံယူခြင်း။Online bookingစနစ်ကိုအသုံးပြု၍bookingများကိုစီစစ်လက်ခံ
ပေးရမည်။
၂။ လူနာများအား ချိုသာနွေးထွေးစွာ ကြိုဆိုပေးခြင်း။
၃။ လက်ခံယူထားသောဘိုကင်များအား ဆရာဝန်များသို့ ချိတ်ဆက်အချိန် ချိန်းပေးခြင်း။
၄။ ဆရာဝန်များနှင့်ချိန်းဆိုထားမှုများကို လူနာများအား ကြိုတင်အကြောင်းကြားပေးခြင်း။
၅။ လိုအပ်သော စာရွက်စာတမ်းများ ဖြည့်စွက်ပေးခြင်း။
၆။ ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်မည့် လူနာများအား စိတ်ရှည် နားလည်စွာ ရှင်းပြခြင်း။

Requirements
၁။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ ဆေးရုံဆေးခန်းတွင် လုပ်ကိုင်ဖူးသည့်အတွေ့အကြုံရှိရပါမည်။
၃။ ကွန်ပျူတာ အသုံးပြုတတ်သူ ဖြစ်ရမည်။အခြေခံ အင်္ဂလိပ်စာ တတ်ကျွမ်းသူဖြစ်ရမည်။
၄။ လူမှုဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။
၅။ မိမိ၏ တာဝန်များ အား တိကျ မှန်ကန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်

Nurse Aide – (5 Posts - Female)
Job Descriptions
၁။ လူနာများအား နွေးထွေးစွာ ကြိုဆို လမ်းညွှန်ပေးခြင်း နှင့် Vital Signs ယူခြင်း
၂။ OPD အခန်းဝင်ခြင်း နှင့် ဆရာဝန်မရောက်မီ OPD အခန်းလိုအပ်ချက်များအား ကြိုတင်ပြင်ဆင်ခြင်း၊
၃။ ဆရာဝန်များအား ကူညီပေးခြင်း၊အစရှိ
သည် နှင့် သက်ဆိုင်ရာ အလုပ်တာ၀န်များ

Requirements

၁။ သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိရပါမည်။ သွေးဖောက် ကျွမ်းကျင်ရမည်။
၂။ လုပ်သက်အနည်းဆုံး ၁ နှစ်ရှိရပါမည်။
၃။ လူမှုဆက်ဆံရေးကောင်းမွန်ရပါမည်။
၄။ သွက်လက်ဖျက်လက်မှု ရှိရမည်။ ရိုးသားကြိုးစားမှု ရှိရမည်။
၅။ အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်တတ်ပြီး ရေရှည်လုပ်ကိုင်နိုင်ရပါမည်။

Admin Assistant - (1 Post - Female)
Job Descriptions
၁။ ရုံးပိုင်းဆိုင်ရာ သတင်းအချက်အလက်များ မှတ်တမ်းတင် သိမ်းဆည်းခြင်း။
၂။ ရုံးသုံးပစ္စည်းဝယ်ယူခြင်း,လက်ကျန်stock များ control လုပ်ခြင်းလုပ်ဆောင်ရမည်။
၃။ကုမ္ပဏီပိုင်ပစ္စည်းစာရင်းထိန်းသိမ်းခြင်းများလုပ်ဆောင်နိုင်ရမည်။
၄။အထက်မှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရမည်။

Requirements

၁။အသက် ၂၅ မှ ၃၅ အတွင်းဖြစ်ရမည်။ ဘွဲ့ရဖြစ်ရပါမည်။
၂။သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိသူဖြစ်ရမည် ။
၃။အသင်းအဖွဲ့နှင့် ပူးပေါင်းအလုပ်လုပ်ကိုင်နိုင်ပြီး Communication & Interpersonal Skills ကောင်းမွန်သူ ဖြစ်ရမည်။
၄။Computer Microsoft Word, Excel ကျွမ်းကျင်ပြီး Email & Internet အသုံးပြုနိုင်ရမည်။

(ရာထူး နှင့် လိုက်ဖက် ကိုက်ညီမည်ဟု ယူဆရွေးချယ်ခံထားရသော CV Form များ ကို သာ interview အတွက် ခေါ်မည်ဖြစ်ပါသည်၊၊)

စိတ်ပါဝင်စားလိုသူများအနေဖြင့်
Viber - 09897732733
Email - hr.linyaungchi@gmail.com သို့ CV Form ပေးပို့၍အမြန်ဆုံးလျှောက်ထားနိုင်ပါသည်ရှင့်
လိပ်စာ - အမှတ် (၅၂၂)၊ အောက်ကြည့်မြင်တိုင်လမ်း၊ (အနောက်ပိုင်းဆေးရုံအနီး) ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့ ။

Address

Rangoon Ahlone

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959444445211

Alerts

Be the first to know and let us send you an email when Lin Yaung Chi Specialist Clinic လင်းရောင်ခြည် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lin Yaung Chi Specialist Clinic လင်းရောင်ခြည် အထူးကုဆေးခန်း:

Share

Category