Evergreen Dental Care Myanmar

Evergreen Dental Care Myanmar Evergreen Dental Care is Yangon, Myanmar's premier state-of-the-art dental healthcare facility, providing a wide range of services in Lanmadaw Township.

A state-of-the-art facility with world-class services. Evergreen Dental Care is Yangon's premier dental facility, equipped with the advanced tools and capacity to meet the dental needs of the whole family. Through our tailor-made treatment approach, we aim to improve each patient's individual well-being through personalized care. Our skilled and experienced staff are dedicated to service, ensuring

that you and your loved ones receive the best dental care available in Yangon. Our office features:
• nine operating rooms with Sirona ergonomic patient chairs
• the latest in instrument sterilization technology
• paperless patient filing and charting system
• Cerec crown and bridge milling system
• Galileos 3D digital X-Ray
• digital prosthetics lab on premises


Services Available at Evergreen Dental Care:

Zoom! Tooth Whitening
Veneers
Tooth-Colored Fillings
Crown & Bridge
Extraction
Impacted Wisdom Tooth Operation
Orthodontics (Fastbraces & Invisalign)
Dentures, Partial and Full
Root Canal Treatment
Dental Implants
Deep Cleaning
Gum Treatment

Meet our founding doctors:

Dr. Tun Hla, BDS, DDS

• BDS, University of Dental Medicine, Yangon (1982)
• Licensed DDS, USA (1991)
• Member: American Dental Association (2004)
• Opened Evergreen Dental Care in San Leandro, California in 1995 and second Evergreen Dental Care in Pleasanton, California in 2006
• 25 years of dental care experience in USA


Love your smile!

02/04/2026

Our doctors are on a mission to find every tiny imperfection 🤝🦷

နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေတဲ့ သွားကိုက်ခြင်း၊ သွားကျဉ်ခြင်းနဲ့ တခြားသော ခံတွင်းဆိုင်ရာ ဝေဒနာတွေကို လျစ်လျူရှုထားမယ်...
01/04/2026

နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေတဲ့ သွားကိုက်ခြင်း၊ သွားကျဉ်ခြင်းနဲ့ တခြားသော ခံတွင်းဆိုင်ရာ ဝေဒနာတွေကို လျစ်လျူရှုထားမယ်ဆိုရင် နောက်ပိုင်းမှာ ပိုမိုဆိုးရွားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အပြုံးတွေကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရယူနိုင်ဖို့ Evergreen Dental Care က အကောင်းဆုံး ကူညီစောင့်ရှောက်ပေးဖို့ အသင့်ရှိနေပါပြီ။ ☀️

Evergreen မှာတော့သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးပေးခြင်း၊ သွားကျောက်ခြစ်ခြင်း၊သွားဖာခြင်း၊ သွားအကြောသတ်ကုသခြင်း၊ သွားအစွပ်စွပ်ခြင်း၊ သွားနှုတ်ခြင်း၊ သွားစိုက်ခြင်း၊ သွားညှိကုသခြင်း စတဲ့ဝန်ဆောင်မှုတွေကို နာကျင်မှုအနည်းဆုံးနဲ့ ကျွမ်းကျင်ဆရာဝန်များက စေတနာအပြည့်ဖြင့် ဆွေးနွေးကုသပေးနေပါတယ်။ 💚✨ဒီလို April လအစမှာ သင့်ရဲ့ သွားကျန်းမာရေးအတွက် အချိန်လေးပေးပြီး လိုအပ်တဲ့ ကုသမှုတွေကို Evergreen မှာ စိတ်ချလက်ချ ရယူလိုက်ပါ။ 💚✨

သင့်ရဲ့ ကျန်းမာလှပတဲ့ အပြုံးတွေအတွက် ယခုပဲ Booking တင်လိုက်ပါ။

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


#သွားကျန်းမာရေး

31/03/2026

When the dentist says "Open Up" and you accidentally start unloading all your life problems instead of just your mouth. 😬

29/03/2026

She said: Doctor, do as you please.
Me: 😂

လာမည့် မတ်လ (၂၇) ရက်နေ့ (သောကြာနေ့) ဟာ အများပြည်သူ ပိတ်ရက်ဖြစ်တာကြောင့် Evergreen ဆေးခန်းကို (၁) ရက် တိတိ ပိတ်မည်ဖြစ်ကြေ...
26/03/2026

လာမည့် မတ်လ (၂၇) ရက်နေ့ (သောကြာနေ့) ဟာ အများပြည်သူ ပိတ်ရက်ဖြစ်တာကြောင့် Evergreen ဆေးခန်းကို (၁) ရက် တိတိ ပိတ်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါသည်။ 📢

✅ မတ်လ (၂၈) ရက်နေ့မှစ၍ ဆေးခန်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး သွားနှင့်ခံတွင်း ကျန်းမာရေး ဝန်ဆောင်မှုများကို အကောင်းဆုံး ပြန်လည်ပေးသွားမှာ ဖြစ်ပါသည်။


သွားဆေးခန်းဆိုတာနဲ့ စက်သံကျယ်ကျယ်တွေ၊ ဆေးနံ့တွေနဲ့ နာကျင်ရမယ့် ကုသမှုတွေကို ပြေးမြင်ပြီး စိုးရိမ်နေတတ်တာဟာ လူတိုင်းလိုလိ...
25/03/2026

သွားဆေးခန်းဆိုတာနဲ့ စက်သံကျယ်ကျယ်တွေ၊ ဆေးနံ့တွေနဲ့ နာကျင်ရမယ့် ကုသမှုတွေကို ပြေးမြင်ပြီး စိုးရိမ်နေတတ်တာဟာ လူတိုင်းလိုလိုပါပဲ။ ဒါပေမဲ့ ဒီလိုကြောက်ရွံ့မှုလေးတစ်ခုကြောင့် သင့်ရဲ့ လှပတဲ့ အပြုံးတွေနဲ့ သွားကျန်းမာရေးကို ထိခိုက်မခံလိုက်ပါနဲ့။ ‼️

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 မှာဆိုရင်တော့ သမားရိုးကျဆေးခန်းတွေလိုမဟုတ်ဘဲ သန့်ရှင်းသပ်ရပ်ပြီး စိတ်အေးချမ်းစရာကောင်းတဲ့ အပြင်အဆင်တွေက သင့်ရဲ့ စိုးရိမ်စိတ်တွေကို ချက်ချင်း ပြေလျော့သွားစေမှာ အသေအချာပါပဲ။ ဒီလို အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ အနားယူရင်း ကုသမှုခံယူဖို့ အသင့်ဖြစ်နေပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ဆရာဝန်တွေက သင့်ကို စောင့်ကြိုနေပါတယ်။

သူတို့က လူနာတစ်ယောက်ချင်းစီရဲ့ စိုးရိမ်ပူပန်မှုတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး အကောင်းဆုံးဖြစ်မယ့် ကုသမှုနည်းလမ်းတွေကို နွေးထွေးပျူငှာစွာ တိုင်ပင်ဆွေးနွေးပေးပါတယ်။ ✨

အထူးသဖြင့် "နာကျင်မှုကင်းပြီး သက်တောင့်သက်သာရှိတဲ့ ကုသမှု" ကို အဓိကထား ဝန်ဆောင်မှုပေးနေတာမို့ သွားဆေးခန်းလာရမှာကို ထပ်ပြီး ကြောက်နေစရာ မလိုတော့ပါဘူး။

စိတ်အေးချမ်းရတဲ့ ပတ်ဝန်းကျင်၊ နွေးထွေးတဲ့ ဆရာဝန်တွေနဲ့ နာကျင်မှုကင်းတဲ့ ကုသမှုတွေ ပေါင်းစပ်ထားတဲ့ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 မှာ သင့်ရဲ့ အဖိုးတန်လှတဲ့ အပြုံးတွေကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည်တည်ဆောက်လိုက်ပါ။ 💚🌟

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿
Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


သွားတိုက်ဆေး အများကြီးသုံးလေ သွားရဲ့ အညစ်အကြေးတွေ ပိုပြောင်လေ ဆိုတာ တကယ် အမှန်ပဲလား 🤔❓တီဗီကြော်ငြာတွေမှာ သွားပွတ်တံအပြည့...
24/03/2026

သွားတိုက်ဆေး အများကြီးသုံးလေ သွားရဲ့ အညစ်အကြေးတွေ ပိုပြောင်လေ ဆိုတာ တကယ် အမှန်ပဲလား 🤔❓

တီဗီကြော်ငြာတွေမှာ သွားပွတ်တံအပြည့် သွားတိုက်ဆေးတွေ အများကြီးညှစ်ချပြီး တိုက်ပြလေ့ရှိတော့ လူအများစုက သွားတိုက်ဆေး အများကြီးသုံးမှ သွားပိုဖြူမယ်၊ ပိုသန့်စင်မယ်လို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ အမြှုပ်တွေ အများကြီးထွက်လာမှပဲ သွားချေးတွေ အကုန်ပြောင်စင်သွားသလို ခံစားရတတ်တာ သဘာဝပါပဲ။

တကယ်တော့ လူကြီးတစ်ယောက်အတွက် သွားတိုက်ဆေးကို "ပဲစေ့အရွယ်အစား" လောက် သုံးပေးရင်ကို လုံလောက်နေပါပြီ။ လိုတာထက်ပိုပြီး အများကြီးညှစ်သုံးတာက သွားတိုက်ဆေး ကုန်မြန်တာပဲ အဖတ်တင်ပြီး တစ်ခါတလေမှာ မမျှော်လင့်ဘဲ မျိုချမိတာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။ 🪥🦷

ဒါကြောင့် မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သင့်တော်တဲ့ ပမာဏကိုသုံးဖို့ Evergreen Dental Care Myanmar ကနေ အကြံပြုတိုက်တွန်းချင်ပါတယ်။ ✅

ကဲ... ဒါဆိုရင် Evergreen ရဲ့ မိတ်ဆွေတွေရော မနက်မိုးလင်းလို့ သွားတိုက်တဲ့အခါ သွားပွတ်တံပေါ်မှာ သွားတိုက်ဆေးကို ဘယ်လောက် ပမာဏလောက် ညှစ်ပြီး သုံးလေ့ရှိလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါပြီ။ 👇

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395



20/03/2026

Why is scaling essential? 🦷 🩺 Listen as our doctor explains how this simple treatment prevents gum disease and keeps your smile healthy.

နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားမှန်မှန်တိုက်နေတာဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးဆုံး အလေ့အကျင့်တ...
15/03/2026

နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားမှန်မှန်တိုက်နေတာဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးဆုံး အလေ့အကျင့်တစ်ခုပါ။

ဒါပေမဲ့ ကိုယ်တိုင် ဘယ်လောက်ပဲ စနစ်တကျ သွားတိုက်နေပါစေ၊ အချိန်ကြာလာတာနဲ့အမျှ သွားကြားတွေနဲ့ သွားဖုံးအစပ်တွေမှာ ကျန်နေတတ်တဲ့ သွားကျောက် တွေကိုတော့ သွားတိုက်တံနဲ့ ဖယ်ရှားပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒီလို ဖယ်ရှားလို့မရတဲ့ သွားကျောက်တွေကနေတစ်ဆင့် သွားဖုံးရောင်တာ၊ သွားကိုက်တာနဲ့ ခံတွင်းနံ့ဆိုးတာတွေအထိ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ❗

ဒါကြောင့် နေ့စဉ် သွားတိုက်နေရုံနဲ့ မလုံလောက်တော့ဘဲ၊ ပုံမှန် လုပ်နေကျ အလေ့အကျင့်လေးအပြင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ သွားကျောက်ခြစ်ဖို့ပါ လိုအပ်လာတာပါ။ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 မှာဆိုရင်တော့ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်နဲ့အတူ ခေတ်မီစက်ကိရိယာတွေကို အသုံးပြုပြီး နာကျင်မှုမရှိဘဲ သွားကျောက်တွေကို သေချာ သန့်စင်ဖယ်ရှားပေးနေပါတယ်။

လှပတဲ့ အပြုံးတွေနဲ့ ယုံကြည်မှုရှိတဲ့ ခံတွင်းကျန်းမာရေးကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် အနည်းဆုံး (၆) လ တစ်ကြိမ် 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ လာရောက်ပြီး သွားနဲ့ခံတွင်း စစ်ဆေးမှုတွေ ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်။

သင်ရဲ့ တောက်ပတဲ့ အပြုံးတွေအတွက် အခုပဲ လိုအပ်တဲ့ ကုသမှုလေးတွေ စတင်လိုက်ပါ။

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞
𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


13/03/2026

သွားမညီတာ၊ သွားထပ်နေတာတွေဆိုတာ ပြုံးလိုက်တိုင်း အလှပျက်စေတာတင် မဟုတ်ပါဘူး။ အစားစားတဲ့အခါ ကောင်းကောင်းမဝါးနိုင်တာ၊ သွားကိုက်ခဲတာတွေထိပါ ဖြစ်စေနိုင်ပါတယ်။

ဒီဘက်ခေတ်မှာ အရမ်းကို Trend ဖြစ်လာတဲ့ Braces တပ်ဖို့ရော စိတ်ဝင်စားဖူးလား ❓

ဒီနေ့မှာတော့ Braces တပ်ခြင်းရဲ့ အားသာချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
✅ သူက ရှုပ်ထွေးတဲ့ သွားညှိ၊ သွားထပ် ပြဿနာတွေ (Complex cases) အတွက် အရမ်းထိရောက်ပါတယ်။ ✅ နောက်ပြီး သွားခေါတာတင်မက Overbite, Underbite စတဲ့ မေးရိုးပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်သလို။ ✅ ဖြုတ်တပ်လုပ်စရာမလိုဘဲ အမြဲတပ်ထားရတော့ မေ့ကျန်ခဲ့မှာ ပူစရာမလိုတော့ပါဘူး။

ဒါပေမဲ့ သူက တစ်လတစ်ခါတော့ ဆရာဝန်နဲ့ ပြန်ပြပြီး ကြိုးပြန်တင်းတာ၊ ချိန်ညှိတာ လုပ်ဖို့လိုသလို၊ သွားတိုက်ရင်လည်း သေချာဂရုစိုက်ဖို့တော့ လိုမယ်နော်။ 😁

ကိုယ့်သွားအနေအထားက ဘယ်လိုပုံစံလဲ ?
ဘယ်နည်းလမ်းနဲ့ ကုသရင် အထိရောက်ဆုံးဖြစ်မလဲဆိုတာ Evergreen Dental Care Myanmar မှာ ဆွေးနွေးတိုင်ပင်လို့ ရပါပြီ။ ✨💚

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


12/03/2026

Which one of these describes you? Tell us in the comments! 👇

11/03/2026

ကလေးလေးတွေ ငယ်သွားလဲပြီး လူကြီးသွား စထွက်လာတဲ့အချိန်ဟာ သူတို့ရဲ့ မျက်နှာသွင်ပြင်နဲ့ သွားပုံစံအတွက် အရမ်းအရေးကြီးတဲ့ အချိန်ပါပဲ။

လူကြီးသွား က စောင်းထွက်တာ၊ သွားထပ်တာမျိုးတွေ မဖြစ်အောင် မိဘတွေအနေနဲ့ ဒါလေးတွေကို သတိထားကြည့်ပေးဖို့ လိုပါတယ်။

✅ ပုံမှန်စစ်ဆေးပါ။ ငယ်သွားလေးတွေ လှုပ်နေပြီလား ? လူကြီးသွားက သွားဖုံးနောက်မှာ ကြိုပေါ်နေပြီလား ? ဆိုတာ တစ်ပတ်တစ်ခါလောက် စစ်ဆေးပေးဖို့လိုအပ်ပါတယ်။
✅ ငယ်သွား မကျွတ်သေးခင် လူကြီးသွားပေါ်လာရင် ဒါကို "Shark Teeth" လို့ ခေါ်ပါတယ်။ ငယ်သွားက အရမ်းခိုင်နေပြီး လူကြီးသွားက နေရာလုထွက်နေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
✅ စောစောပြသခြင်းက အကောင်းဆုံးပါ။ ဘာလို့လဲဆိုရင် သွားတွေ ထပ်သွားမှ ညှိရတာထက်၊ မထပ်ခင် ကြိုတင်ကာကွယ်တာက ကလေးအတွက်ရော မိဘအတွက်ပါ ပိုအဆင်ပြေစေပါလိမ့်မယ်။

"ကလေးရဲ့ အပြုံးလေးတွေ လှပနေဖို့ 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 နဲ့အတူ အခုပဲ သွားလေးတွေကို သေချာ ဂရုစိုက်ကြည့်ပေးလိုက်ရအောင်။"

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today

🌐 Website: evergreendentalmm.com/appointment
📬 Mail: hello@evergreendentalmm.com
📞 Call Us: 09 799 395 395


Address

No. 6 Corner Of Pyay Road And Min Yae Kyaw Swar Rd, Lanmadaw Township
Yangon
0000

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959799395395

Alerts

Be the first to know and let us send you an email when Evergreen Dental Care Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Evergreen Dental Care Myanmar:

Share

Category