OSC Hospital

OSC Hospital This is the official page of OSC Hospital. OSC Hospital has been in the healthcare industry since 2009.

👨‍🌾🌾 တောင်သူလယ်သမားနေ့ 👨‍🌾🌾"ကျန်းမာခြင်း၏ အစ၊ အာဟာရမှ" ဆိုသကဲ့သို့ ပြည်သူတွေ ကျန်းမာဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ စားနပ...
02/03/2026

👨‍🌾🌾 တောင်သူလယ်သမားနေ့ 👨‍🌾🌾
"ကျန်းမာခြင်း၏ အစ၊ အာဟာရမှ" ဆိုသကဲ့သို့ ပြည်သူတွေ ကျန်းမာဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ စားနပ်ရိက္ခာတွေကို ပံ့ပိုးပေးနေကြတဲ့ တောင်သူဦးကြီးများဟာ ကျွန်မတို့နိုင်ငံရဲ့ တကယ့်သူရဲကောင်းများပဲ ဖြစ်ပါတယ်။ 👩‍🌾👨‍🌾✨

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သည့် “တောင်သူလယ်သမားနေ့” ကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ တောင်သူလယ်သမားဦးကြီးများနှင့်အတူ OSC ဆေးရုံမိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်။ 🏥💚🌾

#တောင်သူလယ်သမားနေ့
' Day
' Day

🌕 တပေါင်းလပြည့် ပြည်တော်ပြန်နေ့... ✨မြန်မာ့ဆယ့်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်သလို၊ ရာသီဥတုကလည်း အေးတလှည့် ပူတလှည့်နဲ့ သာယာလ...
02/03/2026

🌕 တပေါင်းလပြည့် ပြည်တော်ပြန်နေ့... ✨
မြန်မာ့ဆယ့်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်သလို၊ ရာသီဥတုကလည်း အေးတလှည့် ပူတလှည့်နဲ့ သာယာလွန်းတဲ့ "တပေါင်းလပြည့်နေ့" လေး ရောက်ရှိလို့လာပါပြီ။ 🌸🍃

ဒီကနေ့ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုအရရော၊ ဘာသာရေးအရပါ တကယ့်ကို ထူးခြားတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ 🙏☀️

မြတ်စွာဘုရားရှင် မိမိရဲ့ ခမည်းတော်ရှိရာ ကပိလဝတ်ပြည်ကို ပထမဆုံးအကြိမ် ပြန်လည်ကြွချီခဲ့တဲ့ "ပြည်တော်ပြန်နေ့" လို့လည်း လူသိများပါတယ်။ ✨🧘‍♂️✨

ဒဏ္ဍာရီအဆိုအရ ဘုရင်ဥက္ကာလာပဟာ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ရှစ်ဆူကို ဌာပနာထည့်ပြီး ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်မှု ပြီးစီးခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ 🏰🙏

နောက်ထပ်ထူးခြားမှုတစ်ခုကတော့ တပေါင်းလရဲ့ ထင်ရှားတဲ့ ရိုးရာတစ်ခုဖြစ်တဲ့ သဲပုံစေတီပွဲ ပဲ ဖြစ်ပါတယ်။ မြစ်သောင်ပြင်တွေမှာ သဲပုံစေတီလေးတွေ တည်ထားပူဇော်ကြတဲ့ ချစ်စရာကောင်းတဲ့ ပွဲတော်လေးပဲ ဖြစ်ပါတယ်... 🏖️🕯️

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတော့မယ့် ဒီလိုသာယာတဲ့ အချိန်အခါသမယမှာ... စိတ်ထဲက အညစ်အကြေးတွေ အားလုံးကင်းစင်ပြီး လန်းဆန်းတက်ကြွတဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ကြပါစေ။ 😇✨

တပေါင်းလရဲ့ အလှတရားနဲ့အတူ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း OSC ဆေးရုံမိသားစု က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🏥❤️🙏


Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်)-----------------------------------------------------Echocardiogram သည် Ult...
28/02/2026

Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်)
-----------------------------------------------------
Echocardiogram သည် Ultrasound နှင့် အလားတူသည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖော်သည့်စနစ်ဖြစ်သည်။ နှလုံးတစ်ခုလုံးအား အသေးစိတ် စစ်ဆေးကြည့်ရှူမြင်နိုင်သည်။ လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း မရှိပါ။ ဘေးထွက်ဆိုးကျိုး လုံးဝ မဖြစ်ပါ။

OSCဆေးရုံတွင် Echocardiogramကို နှလုံးရောဂါကု သမားတော်ကြီးများက ကိုယ်တိုင်ကြည့်ပေးပြီး
၁။ မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး သိနိုင်သည်။ Echo သည် နှလုံးတွင်း သွေးစီးဆင်းနေမှုကို ကြည့်၍ အဆို့ရှင် မလုံပါက သွေးများ ယိုထွက်နေခြင်းကိုပါ တိကျစွာ မြင်နိုင်သည်။ အဆို့ရှင်တွင် အနာရှိမရှိကို တိကျစွာ သိရှိနိုင်သည်။

၂။ နှလုံးခုန်စည်းချက်နှုန်း မှန်မမှန် ကို စစ်ပေးသည်။
၃။ နှလုံးကြွက်သားများ နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်သည်။ နှလုံးသွေးကြောကျဉ်းနေခြင်းကြောင့် ကြွက်သားနံရံအား ညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။

၄။ သွေးကြောပိတ်ကာ လေဖြတ်စေနိုင်သော သွေးခဲများရှိမရှိ သိနိုင်သည်။
၆။ မည်သည့်ခွဲစိတ်မှုများအတွက်မဆို လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) အတွက် နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်နိုင်သည်။

သို ့ပါ၍ ရုတ်တရက် သေဆုံးနိုင်သော နှလုံးသွေးကြောခြင်းနှင့် နှလုံးရောဂါများကို စောလင်စွာ သိခြင်းဖြင့် ကာကွယ်ပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် များစွာ ထိရောက်ပေသည်။ Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးခြင်းသည် ထိရောက်၏။ နှလုံးသွေးကြောကျဉ်းခြင်းနှင့် နှလုံးရောပါများကြောင့် အချိန်မတိုင်မီ ရုတ်တရက် သေဆုံးခြင်များ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
-------------------------------------------------------------
☎️☎️အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
Call Center Phone :01-4706622,09-43208326 သို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။
===============================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️



www.oschospitalmm.com

OSC Diabetes Clinicℹသင်သိပါသလား??ကမ္ဘာပေါ်တွင် စက္ကန့် (၃၀) တိုင်းတွင် ဆီးချို သွေးချို၏ နောက်ဆက်တွဲရောဂါဆိုးကျိုးများကြ...
27/02/2026

OSC Diabetes Clinic

ℹသင်သိပါသလား??
ကမ္ဘာပေါ်တွင် စက္ကန့် (၃၀) တိုင်းတွင် ဆီးချို သွေးချို၏ နောက်ဆက်တွဲရောဂါဆိုးကျိုးများကြောင့် ခြေတစ်ဖက် ဆုံးရှုံးနေရသည်ကို သင်သိပါရဲ့လား...

ခြေထောက်ဆုံးရှုံးခဲ့ရသည့် လူနာအများစုသည်
သေးငယ်သော အရာမှ စတင်ခဲ့ပါသည်။ ထိုကဲ့သို့
သေးငယ်သော အနာမဖြစ်ရလေအောင် မိမိ၏ သွေးချိုဓာတ်ပမာဏကို သေချာစွာ ထိန်းသိမ်းရန် လိုအပ်ပါသည်။

ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲရောဂါများတွင် အာရုံကြောများ ထိခိုက်ပျက်စီးခြင်းသည် ယနေ့ခေတ်ကာလတွင် လူနာများအကြား မကြာခဏ ခံစားရလေ့ရှိသော ဝေဒနာတစ်ခု ဖြစ်ပါသည်။

ဆီးချိုရောဂါကြောင့် ထိုနာကျင်မှုများကို ခံစားရနိုင်တာကြောင့် ဆီးချိုရောဂါရှင်များအနေဖြင့် မိမိတို့၏ ခြေချောင်းများကို နေ့စဉ် စစ်ဆေးကြည့်ဖို့က အရေးကြီးပါတယ်။

ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပြီး ကုသမှုခံယူနေသည့် ဆီးချိုရောဂါဝေဒနာရှင်များမှာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း စသည့် အန္တရာယ်များ ဖြစ်နိုင်ချေ လျှော့ကျသွားပါလိမ့်မယ်။

ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သင့်ခြေထောက် ဆုံးရှုံးမှုများ မဖြစ်ရလေအောင် OSC ဆေးရုံကြီးတွင် နောက်ဆုံးပေါ် ခေတ်မီ စက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးမှုရယူပြီး အချိန်မီ ကာကွယ်ကုသလိုက်ကြရအောင်။

#စစ်ဆေးမှု ပြုလုပ်နိုင်သည့် ဝန်ဆောင်မှုများမှာ -
1. အာရုံကြောထုံကျဉ်ခြင်းကို စစ်ဆေးခြင်း
(Vibrasens)

2. ခြေထောက်သွေးကြောပိတ်ခြင်းကို
စစ်ဆေးခြင်း (Vascular Doppler:ABI)

3. ခြေထောက်ထုံကျဉ်ခြင်းကို စစ်ဆေးခြင်း
(Monofilament Test)တို့ဖြစ်ပါတယ်။

လူနာများအနေဖြင့် မိမိတို့၏ အဖိုးတန်လှသော ခြေလှမ်းများကို မဖြစ်ခင် ကြိုတင်ကာကွယ်ကြဟူသော ဆောင်ပုဒ်နှင့် အညီ မိမိ၌ ဆီးချို၊ သွေးချို ရောဂါစတင် ခံစားနေရသည်ဟု သိရှိပါက နောက်ဆက်တွဲ ရောဂါတစ်ခုဖြစ်သည့် အာရုံကြောပြဿနာကို ကြိုတင်စစ်ဆေးသင့်ပါသည်။

Diabetes Clinic တွင် သက်ဆိုင်ရာ တာဝန်ကျဆရာဝန်မှ ရောဂါနှင့် ပတ်သက်သည့် သိလိုသည့်အရာများကို ရှင်းလင်းပြောပြပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အသိပညာပေးခြင်း၊ ခြေထောက်နှီးနွယ် ပြဿနာများ ရှိပါကလည်း သက်ဆိုင်ရာ အထူးကုသမားတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ရန် လမ်းညွှန်မှုပေးခြင်း စသည့် ဝန်ဆောင်မှုများကို တနင်္လာ မှ သောကြာ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်....
--------------------------------------------------------
Diabetes Clinic နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
Hot Line:09 - 974143694 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
--------------------------------------------------------
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။
==================================


www.oschospitalmm.com

❤️ နှလုံးရောဂါလား? အစာမကြေတာလား? 🤢နှလုံးရောဂါလက္ခဏာတွေဟာ တခါတရံမှာ အစာမကြေတာ၊ ရင်ပူတာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် ဘ...
26/02/2026

❤️ နှလုံးရောဂါလား? အစာမကြေတာလား? 🤢

နှလုံးရောဂါလက္ခဏာတွေဟာ တခါတရံမှာ အစာမကြေတာ၊ ရင်ပူတာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုခွဲခြားမလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ 💡

၁။ နှလုံးရုတ်တရက်ဖောက်ပြန်ခြင်း၏ လက္ခဏာများ ⚠️

ရင်ဘတ်အောင့်ခြင်း/တင်းကြပ်ခြင်း: ရင်ဘတ်အလယ်မှာ ဖိထားသလိုမျိုး၊ ညှစ်ထားသလိုမျိုး သို့မဟုတ် ပြည့်အောင့်နေသလိုမျိုး ခံစားရခြင်း။ 😫

ခန္ဓာကိုယ်အပေါ်ပိုင်း နာကျင်ခြင်း: လက်မောင်း (အထူးသဖြင့် ဘယ်ဘက်)၊ ကျောကုန်း၊ လည်ပင်း၊ မေးရိုး သို့မဟုတ် ဗိုက်အပေါ်ပိုင်းသို့ နာကျင်မှုများ ပျံ့နှံ့သွားခြင်း။ ⚡

အသက်ရှူမဝခြင်း: ရင်ဘတ်အောင့်ခြင်းနှင့်အတူ (သို့မဟုတ်) အောင့်ခြင်းမရှိဘဲ အသက်ရှူရခက်ခဲခြင်း။ 🌬️

တခြားလက္ခဏာများ: ချွေးစေးများထွက်ခြင်း၊ ပျို့အန်ချင်ခြင်း၊ မူးဝေခြင်း။ 🤢💦

၂။ အမျိုးသမီးများတွင် တွေ့ရတတ်သော ထူးခြားသည့်လက္ခဏာများ 👩‍⚕️
အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ အောက်ပါလက္ခဏာတွေ ပိုတွေ့ရတတ်ပါတယ် -

ပုံမှန်မဟုတ်ဘဲ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း။ 😴

မူးဝေခြင်း။ 😵‍💫

အစာမကြေခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း။ 😖

ဘာကြောင့် နှလုံးရောဂါဖြစ်ရသလဲ? 🤔
နှလုံးဆီကို သွေးပို့ပေးတဲ့ သွေးလွှတ်ကြောတွေထဲမှာ အဆီခဲတွေကြောင့် ပိတ်ဆို့သွားတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင် လုံလုံလောက်လောက် မရောက်တော့ဘဲ နှလုံးကြွက်သားတွေ စတင်ပျက်စီးလာခြင်းကို ဆိုလိုပါတယ်။ 💔

အရေးပေါ်အခြေအနေတွင် ဘာလုပ်ရမလဲ? 🚨
၁။ ချက်ချင်း ၁၉၉ (သို့မဟုတ် ပြည်တွင်းအရေးပေါ်ဖုန်းနံပါတ်) ကို ခေါ်ပါ။ 📞
၂။ ကိုယ်တိုင် ကားမောင်းပြီး ဆေးရုံမသွားပါနဲ့။ အရေးပေါ်လူနာတင်ကားကို ခေါ်တာက အကောင်းဆုံးပါ။ 🚑 (လူနာတင်ကားပေါ်မှာတင် အသက်ကယ် ကုသမှုတွေကို စတင်နိုင်လို့ ဖြစ်ပါတယ်။)
၃။ အက်စပရင် (Aspirin) ဆေးပြားကို ဝါးစားပါ။ 💊

ကြိုတင်ကာကွယ်ရန် အချက်များ ✨

ကျန်းမာရေးနှင့် ညီညွတ်အောင် စားပါ: သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပိုစားပါ။ 🍎🥦

ကိုယ်လက်လှုပ်ရှားပါ: တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းလုပ်ပါ။ 🏃‍♂️🏃‍♀️

ဆေးလိပ်ဖြတ်ပါ: ဆေးလိပ်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို အဆမတန် မြင့်မားစေပါတယ်။ 🚭

ပုံမှန်စစ်ဆေးပါ: သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော (Cholesterol) ကို ပုံမှန်တိုင်းတာပါ။ 🩺🩹

အကယ်၍ သင့်မှာ အထက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင် "အစာမကြေတာပဲ" ဆိုပြီး လျစ်လျူမရှုပါနဲ့။ အသက်ကိုကယ်ဖို့အတွက် မိနစ်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ⏳💖

.org




https://www.peacehealth.org/

Bronchoscopy ဆိုတာဘာလဲ??Bronchoscopy ဆိုတာ အဆုတ်ထဲရှိ လေပြွန်များထဲသို့ မှန်ပြောင်းဖြင့် ထုံဆေး (သို့မဟုတ်) မေ့ဆေးသုံးပြ...
25/02/2026

Bronchoscopy ဆိုတာဘာလဲ??
Bronchoscopy ဆိုတာ အဆုတ်ထဲရှိ လေပြွန်များထဲသို့ မှန်ပြောင်းဖြင့် ထုံဆေး (သို့မဟုတ်) မေ့ဆေးသုံးပြီး ရောဂါရှာဖွေခြင်း ဖြစ်ပါတယ်။

အမြဲတစေ ချောင်းဆိုးနေသူများ၊ ရောဂါပိုးဝင်နေသူများ၊ ရင်ဘတ် ဓာတ်မှန် (သို့မဟုတ်) အခြားသော စစ်ဆေးမှုများ ပြုလုပ်ကြည့်ရုံဖြင့် မမြင်ရသည့် ရောဂါများကို Bronchoscopy ဖြင့် ရှာဖွေဖော်ထုတ်နိုင်ပါတယ်။

အဆုတ်နှင့် ပတ်သက်သည့် ရောဂါများကို ကုသရာတွင်လည်း Bronchoscopy ကို အသုံးပြုပြီး ကုသနိုင်ပါတယ်။

Bronchoscopy နဲ့ ဘယ်လိုအရာတွေကို လုပ်ဆောင်နိုင်မလဲ???

✅ အဆုတ်နှင့် ပတ်သက်သည့် ရောဂါများကို ရှာဖွေဖော်ထုတ်ခြင်း

✅ အဆုတ်ပိုးဝင်ခြင်းကို ရှာဖွေသိရှိနိုင်ခြင်း

✅ အဆုတ်မှ တစ်ရှူးအသားစ ယူ၍ စစ်ဆေးနိုင်ခြင်း

✅ အဆုတ် (သို့မဟုတ်) လေလမ်းကြောင်းတွင် ပိတ်ဆို့နေသည့်
အကျိတ် များကို ဖယ်ရှားပေးနိုင်ခြင်း

✅ လေလမ်းကြောင်းကို ပွင့်စေရန် ပြွန်ငယ်လေး ထားရှိပေးခြင်း

✅ လမ်းကြောင်းကျဉ်းမြောင်းခြင်း၊ အဆုတ်သွေးယိုစီးခြင်း၊ ရင်ခေါင်းအတွင်း
လေခိုခြင်း စသည့်ပြဿနာများကို ကုသပေးနိုင်ခြင်း

OSC ဆေးရုံကြီးတွင် Bronchoscopy နည်းပညာကို အသုံးပြုပြီး ကျွမ်းကျင်သော အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်ဆွေးနွေးရန်ရောဂါရှာဖွေဖော်ထုတ်မှုများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

မှန်ပြောင်းကြည့်သည့်အခါတွင်လည်း နာကျင်မှုနှင့် ကြောက်ရွံ့မှုမရှိအောင် မေ့ဆေးဆရာဝန်ကြီး၏ အကူအညီဖြင့် ကြည့်ရှုနိုင်ပါတယ်.....
===============================
အသေးစိတ်သိရှိလိုပါက
01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================


www.oschospitalmm.com

လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးထိခိုက်မှုများ........................................................
24/02/2026

လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော
ကျန်းမာရေးထိခိုက်မှုများ.......................................................................................
လေထုညစ်ညမ်းမှုများက လူတွေအပေါ်မှာ ဆိုးဝါးသည့် ကျန်းမာရေးသက်ရောက်မှုများ အများကြီး ဖြစ်စေပါသည်။ ကောက်ပဲသီးနှံများ၊ သောက်သုံးရေ၊ သားရဲတိရိစ္ဆာန်များနှင့် ရာသီဥတုအပေါ် ပြင်းထန်ဆိုးရွားသည့် သက်ရောက်မှုများစွာ ရှိနေပါသည်။ လေထုညစ်ညမ်းမှုများကြောင့် ဖြစ်လာရသည့် ကျန်းမာရေးပြဿနာတစ်ချို့သည် အဆုတ်နဲ့ နှလုံးတို့ဖြင့် ဆက်စပ်နေကြပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖော်ပြချက်အရ လေထုညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အကြီးမားဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါသည်။

▶️ညစ်ညမ်းသောလေကို ရှူရှိုက်မိခြင်းကြောင့် အောက်ဖော်ပြပါရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားစေပါသည် -
• လေဖြတ်ခြင်း
• နှလုံးရောဂါ
• အဆုတ်ကင်ဆာ
• နာတာရှည် အဆုတ်နာရောဂါ
• အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ- အထူးသဖြင့် ကလေးငယ်များတွင် နမိုးနီးယား (အဆုတ်ရောင်) ရောဂါ ပိုမိုဖြစ်ပွားစေပါသည်။

လေထုညစ်ညမ်းမှုသည် အဓိကအားဖြင့် စက်ရုံများ၊ မော်တော်ယာဉ်များနှင့် စွမ်းအင်ထုတ်လုပ်မှုတို့မှ ထွက်လာသော မီးခိုးငွေ့များကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။ ထိုအချက်များအပြင် ထင်း၊ မီးသွေး၊ ရေနံဆီနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို သုံး၍ ချက်ပြုတ်ခြင်း၊ အပူပေးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးငွေ့များကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

▶️လေထုညစ်ညမ်းသည့်ဒဏ်ကို အများဆုံး ခံရနိုင်သူများမှာ -
• ကလေးငယ်များ: အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေနိုင်ပါသည်။

• သက်ကြီးရွယ်အိုများ: နဂိုရှိရင်းစွဲ နှလုံးနှင့် အဆုတ်ရောဂါများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

• အမျိုးသမီးများ: အိမ်တွင်း၌ ထင်း၊ မီးသွေးဖြင့် ချက်ပြုတ်သူများသည် မီးခိုးငွေ့ဒဏ်ကို တိုက်ရိုက်ခံရလေ့ရှိတတ်ကြသည်။

လေထုညစ်ညမ်းမှု မြင့်မားနေသည့်အချိန်မှာ မိမိနှင့် မိသားစု၏ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။

• နှာခေါင်းစည်း (Mask) တပ်ပါ: အပြင်ထွက်ရပါက အမှုန်အမွှားများကို ကာကွယ်နိုင်သည့် နှာခေါင်းစည်း (mask) များကို စနစ်တကျ တပ်ဆင်ပါ။

• အိမ်တံခါးများ ပိတ်ထားပါ: လေထုညစ်ညမ်းမှု များနေချိန်တွင် အပြင်က ဖုန်မှုန့်နှင့် မီးခိုးများ အိမ်ထဲမဝင်စေရန် ပြတင်းပေါက်နှင့် တံခါးများကို လုံခြုံအောင် ပိတ်ထားပါ။

• လေသန့်စင်စက် (Air Purifier) သုံးပါ: အိမ်တွင်းမှာ HEPA filter ပါသည့် လေသန့်စင်စက်ရှိလျှင် ဖွင့်ထားပါ။

• ရေများများသောက်ပါ: ရေဓာတ်ပြည့်ဝနေခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

• အာဟာရရှိတာကို စားပါ: ဗီတာမင် C နဲ့ E ကြွယ်ဝတဲ့ အသီးအနှံတွေ (ဥပမာ- လိမ္မော်သီး၊ ဟင်းနုနွယ်) က အဆုတ်ကို ခုခံအားကောင်းစေပါတယ်။

အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အဆက်မပြတ်ချောင်းဆိုးခြင်း သို့မဟုတ် မျက်လုံးစပ်ခြင်းများ ပြင်းထန်လာပါက နီးစပ်ရာ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။




Laser treatment for urinary tract stoneလေဆာစက်ဖြင့်ဆီးလမ်းကြောင်းရှိကျောက်များကိုကုသခြင်း===============================...
23/02/2026

Laser treatment for urinary tract stone
လေဆာစက်ဖြင့်ဆီးလမ်းကြောင်းရှိကျောက်များကိုကုသခြင်း
===================================
ဆီးကျောက်တည်ခြင်းသည် ဆီးလမ်းကြောင်းအစဖြစ်သည့် ဆီးပြွန်, ဆီးလမ်းကြောင်း၊ ဆီးအိမ် နှင့် ကျောက်ကပ်နှစ်ဘက်စလုံးတွင် ဖြစ်နိုင်ပါသည်။

ဆီးကျောက်အရွယ်အစားသေးလျှင် ‌ရေများများသောက်သုံး ခြင်းဖြင့် ကြေသွားနိုင်သော်လဲ အရွယ်အစားကြီးပါက ခွဲစိတ်ကုသမှသာ ပျောက်ကင်းနိုင်ပါသည်။ လေဆာစက်ဖြင့် ဆီးလမ်းကြောင်းရှိ ကျောက်များကို ကုသခြင်းအားဖြင့် ခွဲစိတ်ဒဏ်ရာအသေးဆုံးဖြင့် ဆီးကျောက် ၈၀ ရာခိုင်နှုန်းကို ကုသပျောက်ကင်းစေနိုင်ပါသည်။

လေဆာဖြင့်ကျောက်ခြေခြင်းဆိုသည်မှာဆီးလမ်းကြောင်းတွင် တည်ရှိနေသော ဆီးကျောက်ကို ဆီးလမ်းကြောင်းမှတဆင့် ပျော့ပြောင်းသေးသွယ်သော မှန်ပြောင်းမှတဆင့် လေဆာစက်ကိုထည့်ကာ ကြေစေအောင်ပြုလုပ်သော ဖြစ်စဉ်တခုဖြစ်ပါသည်။ ထို့နောက်ကြေသွားသော ကျောက်အပိုင်းအစများကို ခွဲစိတ်နေစဉ်တွင်လည်း အရေပြားမှတဆင့်ပိုက်အသေးလေးထည့်ကာ ကျောက်များဖယ်ရှားသလို သေးငယ်သော ကျောက်အမှုန်အမွှားများကိုလည်း ဆီးမှတဆင့် ပါသွားစေကာ ကျောက်များကို ဖယ်ရှားခြင်းဖြင့် ဆီးကျောက်များကို ပျောက်ကင်းစေပါသည်။

လေဆာစက်ဖြင့် ကျောက်ခြေခြင်း၏ ကောင်းကျိုးကျေးဇူးများမှာ
1. အကြီးစားခွဲစိတ်မှု မဟုတ်သဖြင့် ဆေးရုံရက်ရှည် တတ်စရာမလိုခြင်း
2. အသံလှိုင်းဖြင့် ကျောက်ခြေခြင်းထက် ပိုထိရောက်ခြင်း
3. အောင်မြင်နှုန်းမြင့်မားခြင်း, ကျောက်ကင်းစင်မှုရာခိုင်နှုန်းများခြင်း
4. များပြားလှသောကျောက်များကိုလဲ ဖယ်ရှားနိုင်ခြင်း
5. ဆီးလမ်းကြောင်းများ ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ခြင်း
6. ကိုယ်၀န်ဆောင်မိခင်များတွင်လည်း ပြုလုပ်နိုင်ခြင်း
လေဆာစက်ဖြင့် ကျောက်ခြေခြင်း၏ ဆိုးကျိုးများမှာ ရံဖန်ရံခါ နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း နှင့် ဆီးသွားစဉ်သွေးပါခြင်း စသည်တို့ရံဖန်ရံခါ ဖြစ်တတ်သော်လဲ ထိုလက္ခဏာများမှာ သောက်ဆေး၊ စားဆေးများဖြင့် ထိန်းနိုင်ပါသည်။

ထိုသို့ လေဆာစက်ဖြင့် ကျောက်ခြေခြင်း ကို OSC ဆေးရုံတွင် ကျွမ်းကျင်သော ဆီးနဲ့ ကျောက်ကပ်ခွဲစိတ် ဆရာ၀န်များမှ အပြည့်အ၀ တာ၀န်ယူကာ ခွဲစိတ် ကုသပေးနေပြီ ဖြစ်ကြောင်း မိဘပြည်သူများကို လေးစားစွာ သတင်းကောင်းပေးအပ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
☎️☎️အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
Call Center Phone : 01-4706622 , 09-43208326 သို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။
===============================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️



www.oschospitalmm.com

ခါးရိုးဆစ်ပြဿနာများကို နားလည်ပြီး ကျောရိုးကျန်းမာရေးကို ကာကွယ်စောင့်ရှောက်စို့လူတော်တော်များများဟာ နေ့စဉ်ဘဝမှာ ခါးနာတဲ့ဝ...
21/02/2026

ခါးရိုးဆစ်ပြဿနာများကို နားလည်ပြီး ကျောရိုးကျန်းမာရေးကို
ကာကွယ်စောင့်ရှောက်စို့

လူတော်တော်များများဟာ နေ့စဉ်ဘဝမှာ ခါးနာတဲ့ဝေဒနာကို ခံစားရလေ့ရှိကြပါတယ်။ အထူးသဖြင့် ကျောရိုးဆစ်ပြား အာရုံကြောဖိမိခြင်း (Herniated/Slipped Disc) ဟာ သေချာဂရုမစိုက်ရင် ရေရှည်ဒုက္ခပေးနိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

၁။ ခါးရိုးဆစ်ပြဿနာ ဘာကြောင့်ဖြစ်ရသလဲ?
ကျောရိုးဆစ်ပြဿနာတွေဟာ အောက်ပါအကြောင်းရင်းတွေကြောင့် အဓိကဖြစ်ပွားတတ်ပါတယ် -
• မမှန်ကန်သော ကိုယ်နေဟန်ထား: ထိုင်တဲ့အခါ ဒါမှမဟုတ် ရပ်တဲ့အခါ ခါးကို မတ်မတ်မထားခြင်း။
• လေးလံသောအရာများကို မခြင်း: ခါးကိုအားပြုပြီး အလေးအပင်များ မခြင်း။
• မတော်တဆမှုများ: ပြုတ်ကျခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း။
• အချိန်ကြာမြင့်စွာ ထိုင်ခြင်း: ကျောမှီမပါဘဲ သို့မဟုတ် ကိုယ်နေဟန်ထားမမှန်ဘဲ အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ခြင်း။

၂။ ကျောရိုးကို ဘယ်လိုကာကွယ်မလဲ?
ကျောရိုးကျန်းမာရေးကို ထိန်းသိမ်းဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ် -
• ထိုင်ခုံထိုင်သည့်ပုံစံ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ: အထူးသဖြင့် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ခါးကို ထောက်ကူပေးမယ့် ကျောမှီပါတဲ့ ထိုင်ခုံမျိုးကို အသုံးပြုပြီး မတ်မတ်ထိုင်ပါ။
• ရှောင်ကြဉ်ရမည့် အပြုအမူ: ခန္ဓာကိုယ်ကို ရုတ်တရက် ရှေ့သို့ ကုန်းလိုက်ခြင်း သို့မဟုတ် အလေးအပင်များကို ပုံစံမမှန်ဘဲ မခြင်းကို ရှောင်ကြဉ်ပါ။ ယင်းက ကျောရိုးဆစ်ပြားများပေါ်သို့ ဖိအားအလွန်အကျွံ သက်ရောက်စေနိုင်လို့ ဖြစ်ပါတယ်။
• လေ့ကျင့်ခန်းလုပ်ပါ: ကျွမ်းကျင်သူလမ်းညွှန်ချက်နဲ့အညီ ကျောကုန်းနဲ့ ခန္ဓာကိုယ်အလယ်ပိုင်း ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းက ကျောရိုးကို ထောက်ကူပေးနိုင်ပါတယ်။

၃။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
အောက်ပါလက္ခဏာတွေ ခံစားရရင် အရိုးအကြောအထူးကုဆရာဝန် နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ် -
• နာကျင်မှုဟာ ခြေထောက်တွေအထိ ပြန့်နှံ့သွားခြင်း။
• ခြေထောက်များ ထုံကျင်လာခြင်း။
• နာကျင်မှုဝေဒနာ ဆိုးရွားလာခြင်း။
သင့်မှာ ပြင်းထန်တဲ့ ခါးနာဝေဒနာ ရှိနေပါက ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပါ။

+


4D Ultrasoundလေးဘက်မြင်ရုပ်လုံးကြွ ပုံရိပ်ဖော်စနစ်ဖြင့်ရင်သွေးလေးတွေရဲ့ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာပုံဖော်ပေးနိုင်သော ...
20/02/2026

4D Ultrasound
လေးဘက်မြင်ရုပ်လုံးကြွ ပုံရိပ်ဖော်စနစ်ဖြင့်
ရင်သွေးလေးတွေရဲ့ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ
ပုံဖော်ပေးနိုင်သော ဝန်ဆောင်မှု
==========================
မင်္ဂလာပါရှင်။
OSC ဆေးရုံကြီးတွင် မိဘပြည်သူများ အဆင်ပြေချောမွေ့
စေရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ယခုအခါတွင်လည်း အနာဂတ်သူရဲကောင်း ရင်သွေး
ငယ်လေးများမွေးဖွားလာမည့် မေမေတို့အတွက်
US FDA စံချိန်စံညွှန်းများနှင့်အညီ GE Healthcare
(USA) မှ ထုတ်လုပ်ထားသော 4D Ultrasound
စက်နှင့် မွေးဖွားလာမည့်မိမိတို့ ရင်သွေးငယ်၏
ချစ်စဖွယ်လှုပ်ရှားမှု ပုံရိပ်များနှင့် အနီးစပ်ဆုံး
ရုပ်သွင်ပြင်ကို ကိုယ်ဝန်ဆောင် နေစဉ်ကာလကပင်
ရှပ်ရှင်/ဗီဒီယိုကြည့်ရသကဲ့သို့ ကြိုတင်မြင်တွေ့ခံစား
နိုင်မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

လေးဘက်မြင်ရုပ်လုံးကြွ အာထရာဆောင်း
(4D Ultrasound)
🌸 နောက်ဆုံးပေါ် 4D Ultrasound နည်းပညာဖြစ်
ပါသည်။

🌸 လှုပ်ရှားနေသော ရင်သွေးငယ်၏ ပုံရိပ်ကို ရုပ်ရှင်/ဗီဒီယို
ကြည့်ရသကဲ့သို့ မြင်တွေ့ခံစားနိုင်ပါသည်။

🌸 သန္ဓေသား၏ မျက်နှာ၊နှာခေါင်း၊နှုတ်ခမ်းတို့၏ သဏ္ဍန်
စသည်တို့ မှန်/မမှန်ကိုပါ ပုံရိပ်စစ်အတိုင်း ပြသပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
လေးဘက်မြင်ရုပ်လုံးကြွ အာထရာဆောင်းပြုလုပ်ခြင်း၏
အကျိုးကျေးဇူးများ
================================
✅ မွေးဖွားလာမည့် ရင်သွေးငယ်၏ အနီးစပ်ဆုံးရုပ်သွင်ကို
မြင်တွေ့နိုင်ပါသည်။

✅ရင်သွေးငယ်၏ ချစ်စဖွယ်လှုပ်ရှားမှုများ (ပြုံးခြင်း ၊
သမ်းဝေခြင်း ၊လက်ချောင်း / ခြေချောင်းများ လှုပ်ရှား
ခြင်း) ကိုကြိုတင်ကြည့်ရှုခံစားနိုင်ပါသည်။

✅ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း
♦️ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သော အခြားပုံ
မမှန်မှုများ

♦️ရင်သွေးငယ်၏ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်အစိတ်
အပိုင်းများ နှင့်အခြားမူမမှန်သော ချိုယွင်းချက်များ
များကိုပါစစ်ဆေးတွေ့ရှိနိုင်ပါသည်။

" ရင်သွေးရောမိခင်အတွက်ပါ ဓါတ်ရောင်ခြည်သင့်မှု
အန္တရာယ် မရှိပါ။"
-------------------------------------------------
☎️☎️ 09-765652218 သို့ဆက်သွယ်မေးမြန်း၍ ဘိုကင်တင်နိုင်ပါသည်။
======================================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️



www.oschospitalmm.com

အဆုတ်နှင့် ရင်ခေါင်းအတွင်းပိုင်းဆိုင်ရာ ရောဂါများကို မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (𝐕𝐀𝐓𝐒)𝐕𝐢𝐝𝐞𝐨-𝐀𝐬𝐬𝐢𝐬𝐭𝐞𝐝 𝐓𝐡𝐨𝐫𝐚𝐜𝐨𝐬𝐜𝐨𝐩𝐢𝐜...
18/02/2026

အဆုတ်နှင့် ရင်ခေါင်းအတွင်းပိုင်းဆိုင်ရာ ရောဂါများကို မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (𝐕𝐀𝐓𝐒)
𝐕𝐢𝐝𝐞𝐨-𝐀𝐬𝐬𝐢𝐬𝐭𝐞𝐝 𝐓𝐡𝐨𝐫𝐚𝐜𝐨𝐬𝐜𝐨𝐩𝐢𝐜 𝐒𝐮𝐫𝐠𝐞𝐫𝐲 (𝐕𝐀𝐓𝐒) ဆိုသည်မှာ ရင်ခေါင်းအတွင်းပိုင်းကို အကြီးစားခွဲစိတ်ရန်မလိုဘဲ သေးငယ်သော အပေါက်လေးမှတစ်ဆင့် ခေတ်မီမှန်ပြောင်း (𝐓𝐡𝐨𝐫𝐚𝐜𝐨𝐬𝐜𝐨𝐩𝐞) ကို အသုံးပြု၍ ရောဂါရှာဖွေခြင်းနှင့် ခွဲစိတ်ကုသခြင်း နည်းပညာဖြစ်ပါသည်။

မှန်ပြောင်းဖြင့် ခွဲစိတ်ကုသနိုင်သော ရောဂါများ
• အဆုတ်ကင်ဆာ အမျိုးမျိုး။
• ရင်ခေါင်းနှင့် အဆုတ်အတွင်းရှိ အလုံးအကျိတ်များ။
• အဆုတ်အတွင်း လေခိုခြင်း သို့မဟုတ် ရေဝင်ခြင်း။
• အခြားသော ရင်ခေါင်းတွင်း ရောဂါရှာဖွေစစ်ဆေးမှုများ။
မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (VATS) ၏ အကျိုးကျေးဇူးများ
• ခွဲစိတ်ဒဏ်ရာ သေးငယ်သောကြောင့် နာကျင်မှုဒဏ်ကို သိသိသာသာ လျော့နည်းစေပါသည်။
• သွေးထွက်နည်းခြင်းနှင့် ဒဏ်ရာပိုးဝင်နိုင်ခြေ အလွန်နည်းပါးခြင်း။
• အပေါက်ငယ်လေးသာ ဖောက်ရသဖြင့် ခွဲစိတ်ရာ အမာရွတ် ကြီးကြီးမားမား မကျန်ရစ်ပါ။
• အနာကျက်မြန်သောကြောင့် ဆေးရုံတက်ရက် တိုတောင်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများကို စောစီးစွာ ပြန်လည်လုပ်ကိုင်နိုင်ပါသည်။
• ခေတ်မီမှန်ပြောင်းဖြင့် ကြည့်ရှုရသဖြင့် ခွဲစိတ်မှုအပိုင်းတွင် ပိုမိုတိကျသေချာစေပါသည်။
• ဆေးရုံတက်ရက် တိုတောင်းသဖြင့် ဆေးရုံစရိတ်နှင့် နောက်ဆက်တွဲ ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပါသည်။

OSC ဆေးရုံကြီးတွင် ကျွမ်းကျင်သော ရင်ခေါင်းခွဲစိတ်အထူးကုဆရာ၀န်များဖြင့် ပြသနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
==================================
အသေးစိတ်သိရှိလိုပါက
01-4706622, 09-880441013, 09-43208326
သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================
#𝐕𝐀𝐓𝐒


www.oschospitalmm.com

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 ....   🏮🪭🎎𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🏮✨၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့သည် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး တရုတ်...
16/02/2026

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 .... 🏮🪭🎎
𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🏮✨

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့သည် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး တရုတ်ရိုးရာပြက္ခဒိန်အရ မြင်းနှစ်အဖြစ် သတ်မှတ်ထားပါတယ်။

ယနေ့ ကျရောက်သည့်မြင်းနှစ်ရဲ့ တရုတ်နှစ်သစ်ကူး ရက်မြတ်မှစ၍မိဘပြည်သူအပေါင်း စီးပွားလာဘ်လာဘများတိုးပွားကြပြီး ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစေကြောင်း 𝐎𝐒𝐂 ဆေးရုံမိသားစုမှ တရုတ်နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်….🏮🎎🏮




Address

No. 137/D, Thudhamma Road, North Okkalapa Township
Yangon
11031

Alerts

Be the first to know and let us send you an email when OSC Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OSC Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

OSC (Okkala Specialist Center) Hospital is a private hospital providing multidisciplinary medical care services with international healthcare standards and a subsidiary of AMPS (Aung Myin Pyae Sone Co.ltd) Company limited. The location of the hospital is No.137(D), Thudamma Main Road, North Okkalapa Township, Yangon, near to Mel Lamu Pagoda. The 6 storied 100-bedded hospital is built on large area of compound with adequate space for car parking, and it is just a few minute drive from Yangon International Airport and Tooth Relic Pagoda. International Standard of Organization (ISO 9001:2015) certification for OSC hospital was achieved in 2018 and it is also a member of UN Global Compact organization. The tertiary care center deliver high quality healthcare services with advanced medical technology.

OSC (Okkala Specialist Center) သည် AMPS (Aung Myin Pyae Sone Coltd.) လက်အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်ပါသည်။OSC ဆေးရုံသည် အမှတ် (၁၃၇) သုဓမ္မာလမ်းမကြီး ၊ မယ်လမုဘုရားအနီး ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ တွင်တည်ရှိသော အထွေထွေရောဂါကု ပုဂ္ဂလိကဆေးရုံကြီး ဖြစ်ပါသည်။ ကားရပ်နားရန် နေရာအလုံအလောက်ရှိသော ကျယ်ဝန်းသော မြေနေရာတွင် ခုတင် (၁၀၀)ဆန့် ၆ ထပ် ဆေးရုံကြီးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် စွယ်တော်မြတ် စေတီတော် တို့ဖြင့် နီးကပ်လျက်ရှိပါသည်။ International standard of organization (ISO 9001:2015) ရရှိထားပြီး UN Global Compact အဖွဲ့အစည်းဝင်ဖြစ်ပြီး အထူးကုဆရာဝန်ကြီးများ ၊ ကျွမ်းကျင်ဆရာဝန်ကြီးများမှ ခေတ်မီ စက်ကိရိယာများဖြင့် ၂၄ နာရီ ၀န်ဆောင်မှုပေးနေသော နိုင်ငံတကာအဆင့်မီ ဆေးရုံကြိးဖြစ်ပါသည်။