OSC Hospital

OSC Hospital This is the official page of OSC Hospital. OSC Hospital has been in the healthcare industry since 2009.

မင်္ဂလာပါOSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်ဆောင်ရွက်ပေးလျှက်ရှိပါသည်။===============================OSC ဆေး...
13/08/2025

မင်္ဂလာပါ
OSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်
ဆောင်ရွက်ပေးလျှက်ရှိပါသည်။
===============================
OSC ဆေးရုံကြီးတွင် ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး
ပါမောက္ခဌာနမှူးဒေါက်တာခင်သင်းမူ
M.B., B.S, M.Med.Sc (Medical Oncology), MRCP (UK), FRCP (Edin), Fellowship in ALAF
(Australian Leadership Award Fellow)
Fellowship in palliative care (Singapore) သည်
▶️ ဗုဒ္ဓဟူး ၊ သောကြာ - ညနေ (၄)နာရီ အချိန်တွင်
ပြင်ပလူနာဌာန၌ ဆွေးနွေးကုသပေးနေပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
==============================
အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားများမှာ အပြောင်းအလဲရှိနိုင်ပါသောကြောင့်
Hospital Hotline - 01-4706622,09-43208326
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
==============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။
==============================

.oschospitalmm.com

မင်္ဂလာပါOSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်ဆောင်ရွက်ပေးလျှက်ရှိပါသည်။===============================OSC ဆေး...
13/08/2025

မင်္ဂလာပါ
OSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်
ဆောင်ရွက်ပေးလျှက်ရှိပါသည်။
===============================
OSC ဆေးရုံကြီးတွင် သားဖွားမီးယပ်နှင့်မျိုးပွားမှုဆိုင်ရာ အထူးကုဆရာဝန်ကြီး
ဒေါက်တာမေသူစိုးဝင်း
M.B.,B.S, M. Med. Sc (OG), Dr. Med. Sc (RH) သည်
▶️ စနေ ၊ တနင်္ဂနွေ - ညနေ (၄)နာရီ အချိန်တွင်
ပြင်ပလူနာဌာန၌ ဆွေးနွေးကုသပေးနေပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
==============================
အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားများမှာ အပြောင်းအလဲရှိနိုင်ပါသောကြောင့်
Hospital Hotline - 01-4706622,09-43208326
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
==============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။
==============================

.oschospitalmm.com

ဆီးကျိတ်ကင်ဆာ 🎗🎗🎗ဆီးကျိတ်သည် သုတ်ရည်များထုတ်လုပ်ပေးသည့် အကျိတ်တစ်ခုဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင်ဖြစ်လေ့ရှ...
12/08/2025

ဆီးကျိတ်ကင်ဆာ 🎗🎗🎗

ဆီးကျိတ်သည် သုတ်ရည်များထုတ်လုပ်ပေးသည့် အကျိတ်တစ်ခုဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင်ဖြစ်လေ့ရှိသော ကင်ဆာရောဂါများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပြီး ယေဘူယျအားဖြင့် ကင်ဆာ ဆဲလ်များကြီးထွားမှုနှုန်းဟာ နှေးကွေးတတ်ပါတယ်။

သို့သော် တချို့ဆီးကျိတ်ကင်ဆာအမျိုးအစားများဟာ လျင်မြန်စွာပျံ့နှံ့နိုင်တာကြောင့် စောစီးစွာသိရှိပြီး ဆေးကုသမှုခံယူဖို့ အထူးလိုအပ်ပါတယ်။

ဆီးကျိတ်ကင်ဆာဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကွဲပြားတဲ့ လက္ခဏာတွေ ရှိတတ်ကြပါတယ်။ အမျိုးသားအများစုမှာ လက္ခဏာလုံးဝမပြကြတာမျိုးလည်း ရှိကြပါတယ်။

🎗အောက်ဖော်ပြပါလက္ခဏာများထဲမှ တစ်ခုခုသင့်မှာ ရှိနေလျှင် ဆရာဝန်ဖြင့် ချက်ချင်းပြသပါ။

• ဆီးသွားရခက်ခဲခြင်း
• ဆီးကြောင်းသေးခြင်း၊ အားနည်းခြင်း
• ညဘက်၌ မကြာခဏဆီးသွားခြင်း
• ဆီးကျန်ခြင်း/ဆီးအိမ်ထဲဆီးကုန်အောင် ဆီးမသွားနိုင်ခြင်း
• ဆီးသွားစဉ် နာကျင်ခြင်း/ပူလောင်ခြင်း
• ဆီးထဲတွင် သွေးပါခြင်း
• တင်ပါး၊ နောက်ကျော၊ တင်ပါးဆုံရိုးစသည်တို့တွင် နာကျင်နေခြင်း
• သုတ်လွှတ်စဉ် နာကျင်ခြင်း
အထက်ပါ လက္ခဏာများဟာ ဆီးကျိတ်ကင်ဆာမဟုတ်ဘဲ အခြားသောရောဂါ အခြေအနေများကြောင့်လည်း ဖြစ်တတ်ပါတယ်။

သင့်ကို စိုးရိမ်စေသည့် လက္ခဏာများရှိနေလျှင် ဆရာဝန်ဖြင့် ချက်ချင်းပြသကြည့်သင့်ပါတယ်။




Endoscopy Unit (အစာအိမ် နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းဌာန)-------------------------------------------🙏မင်္ဂလ...
09/08/2025

Endoscopy Unit (အစာအိမ် နှင့်
အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းဌာန)
-------------------------------------------
🙏မင်္ဂလာပါရှင့်🙏
OSC ဆေးရုံကြီး မှ မိဘပြည်သူများအား
အဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေးလျှက်
ရှိပါသည်။

ယခုအခါOSC ဆေးရုံကြီးတွင် ဂျပန်နိုင်ငံ
Olympus Company မှ ထုတ်လုပ်သော
Opera CV – 170 Model အဆင့်မြင့်
မှန်ပြောင်းကြီးဖြင့် အစာအိမ်ရောဂါများ၊
အူမကြီးလမ်းကြောင်းရောဂါများကို
မနာမကျင်ဘဲ ကြည့်ရှုစစ်ဆေးကုသနိုင်
ပါသည်။

မှန်ပြောင်းကြည့်ရှုခြင်းဆိုသည်မှာ
ခေတ်မီနည်းပညာတစ်ခု ဖြစ်သည့်
ပျော့ပြောင်းသော မှန်ပြောင်းကို
အသုံးပြုကာ အစာအိမ်နှင့်အူလမ်း
ကြောင်း တစ်လျောက်လုံး၏ အတွင်း
နံရံများကို မှန်ပြောင်းတွင် ပါဝင်သော
ကင်မရာမှတစ်ဆင့် စစ်ဆေးကြည့်ရှု
ခြင်းဖြစ်ပါသည်။
=========================
💢အစာအိမ်မှန်ပြောင်း (Gastroscopy)
ကြည့်ရှုသင့်သူများမှာ

✅ အသက် (၅၀) နှင့်အထက် နာတာရှည်
အစာမကြေခြင်း ခံစားနေရသူများ။

✅ ရောဂါအဖြေကို ရှာမတွေ့ဘဲ သွေးအားနည်း
ရောဂါ ခံစားနေရသူများ

✅ ရောဂါအဖြေကို ရှာမတွေ့ဘဲ ရုတ်တရက်
ကိုယ်အလေးချိန် ကျဆင်းသွားသူများ။

✅ အစာမျိုချရ ခက်ခဲသူများနှင့် အစာမျိုချလျှင်
နာကျင်မှုခံစားနေရသူများ။

✅ အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်မှု
ဖြစ်ပွားနေသူများ။

✅ အစာအိမ်၌ သွေးကြောပေါက်နေသူများ။

✅အစာအိမ်အနာပေါက်နေသူများ။

✅ နာတာရှည် အစာအိမ်ရောဂါ ခံစားနေရသူများ။

✅ အစာရေမျိုပြွန် ၊ အစာအိမ်နှင့် အူမကြီးကင်ဆာ
မျိုးရိုးရှိသူများ။

✅ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု
ဆရာဝန်ကြီးများမှအစာအိမ်မှန်ပြောင်း
ကြည့်ရှုရန် အကြံပြုခံထားရသူများ။

အစာအိမ်ရောဂါပိုးတွေ့ရှိပါက သေချာစွာကုသမှု
ခံယူမှသာအစာအိမ်ရောင်ရမ်းမှုနှင့် အစာအိမ်
ကင်ဆာတို့ကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
===============================
💢အူမကြီးလမ်းကြောင်းမှန်ပြောင်း
(Colonoscopy) ကြည့်ရှုသင့်သူများ
✅ အသက် ၅၀ နှစ်နှင့်အထက် အမျိုးသားကြီး
များနှင့် အမျိုးသမီးကြီးများ၊

✅ မျိုးရိုးထဲတွင် အူမကြီးကင်ဆာဖြစ်ပွားဖူးပါက
အသက် (၅၀) နှစ်အောက် ရှိသူဖြစ်စေစစ်ဆေး
သင့်ပါတယ်။

✅ပုံမမှန်တဲ့ လက္ခဏာများ။ ဥပမာ- ဝမ်းအမြဲချုပ်
နေခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း၊ ဝမ်းမကြာ
ခဏကိုက်ခြင်း၊ ဝမ်းသွားတာအားမရခြင်း၊
ဝမ်းပမာဏ ပုံမှန်မဟုတ်ခြင်း၊ အူမထဲမှာ
အနာဖြစ်ဖူးခြင်း၊ အူမထဲမှာ အသားပိုတွေ့ဖူးခြင်း

✅ ယခင်က အူမကြီးကင်ဆာ ဖြစ်ခဲ့လျှင်၊

✅ အူမကြီး ရောင်ရမ်းခဲ့ဖူးခြင်း၊ (အူမကြီး
နေရာ ဝမ်းဗိုက်အောက်ပိုင်း ဘေးတစ်
ဖက်တစ်ချက်အလွန်နာကျင်ပြီး လက်နှင့်
ထောက်မိမှာကိုပင် ကြောက်နေခြင်း)

✅ သံဓာတ် ချို ့တဲ့ခြင်းကြောင့် သွေးအားနည်းပြီး
ဖြူဖျော့နေတာ(၆)လအတွင်း ဖြစ်ပွားလာခြင်း၊

✅ မည်သည့်အကြောင်းမျှမရှိဘဲ (၁)နှစ်အတွင်း
ကိုယ်အလေးချိန် ၅ ကီလိုဂရမ် (၁၁)ပေါင်
အထိကျဆင်းလာခြင်း၊

ထိုသို့ ပုံမှန်မဟုတ်တဲ့ ဝေဒနာလက္ခဏာများ တွေ့ရှိ
ရပါလျှင် အူမကြီးအတွင်း မှန်ပြောင်းဖြင့် စစ်ဆေးမှု
အမြန်ပြုလုပ်သင့်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
အသေးစိတ်သိရှိလိုပါက
01-4706622, 09-43208326
သို့ ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
===============================
⚕️⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အ၀
တာ၀န်ယူပေးနေပါသည်။⚕️⚕️
==============================



www.oschospitalmm.com

4D Ultrasoundလေးဘက်မြင်ရုပ်လုံးကြွ ပုံရိပ်ဖော်စနစ်ဖြင့်ရင်သွေးလေးတွေရဲ့ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာပုံဖော်ပေးနိုင်သော ...
07/08/2025

4D Ultrasound
လေးဘက်မြင်ရုပ်လုံးကြွ ပုံရိပ်ဖော်စနစ်ဖြင့်
ရင်သွေးလေးတွေရဲ့ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ
ပုံဖော်ပေးနိုင်သော ဝန်ဆောင်မှု
==========================
အနာဂတ်သူရဲကောင်း ရင်သွေးငယ်လေးများမွေးဖွားလာမည့် မေမေတို့အတွက် US FDA စံချိန်စံညွှန်းများနှင့်အညီ GE Healthcare (USA) မှ ထုတ်လုပ်ထားသော 4D Ultrasound စက်နှင့် မွေးဖွားလာမည့်မိမိတို့ ရင်သွေးငယ်၏ ချစ်စဖွယ်လှုပ်ရှားမှု ပုံရိပ်များနှင့် အနီးစပ်ဆုံး ရုပ်သွင်ပြင်ကို ကိုယ်ဝန်ဆောင် နေစဉ်ကာလကပင် ရှပ်ရှင်/ဗီဒီယိုကြည့်ရသကဲ့သို့ ကြိုတင်မြင်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

လှုပ်ရှားနေသော ရင်သွေးငယ်၏ ပုံရိပ်ကို ရုပ်ရှင်/ဗီဒီယို ကြည့်ရသကဲ့သို့ မြင်တွေ့ခံစားချင်တဲ့ မေမေတို့အတွက် OSC ဆေးရုံကြီးတွင် ဆေးခန်းထိုင်ပေးလျှက်ရှိသော ဓာတ်မှန်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ အချိန်စာရင်းများအား လွယ်ကူစွာ သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်ရှင်။

☎️☎️ 09-765652218 သို့ဆက်သွယ်မေးမြန်း၍ ဘိုကင်တင်နိုင်ပါသည်။
======================================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️



www.oschospitalmm.com

Electroencephalogram (EEG)(ဦးနှောက်လျှပ်စီးလှိုင်း စမ်းသပ်စစ်ဆေးခြင်း)==========================OSC Hospital တွင် USA နိ...
06/08/2025

Electroencephalogram (EEG)
(ဦးနှောက်လျှပ်စီးလှိုင်း စမ်းသပ်စစ်ဆေးခြင်း)
==========================
OSC Hospital တွင် USA နိုင်ငံထုတ် "Cadwell Arc Essentia E3 EEG" စက်ဖြင့် EEG ရိုက်ကူးစစ်ဆေးမှုများကို ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။
EEG ဆိုတာ ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ (သို့မဟုတ်) လှိုင်းများ၏ မူမမှန်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေဖို့ လုပ်ဆောင်သည့် စစ်ဆေးမှု ဖြစ်ပါတယ်။ ဦးခေါင်းတွင် သေးငယ်သည့် သတ္တုလျှပ်ကူးပစ္စည်းကိရိယာလေးများ တပ်ဆင်ပြီး ဦးနှောက်အတွင်းရှိ လျှပ်စစ်လှိုင်း လှုပ်ရှားမှုများကို တိုင်းတာပေးသည့် စစ်ဆေးမှုမျိုး ဖြစ်ပါတယ်။
ဖြင့် မည်သည့်ရောဂါများကို စစ်ဆေး သိရှိနိုင်ပါသလဲ?
#အောက်ပါရောဂါအခြေအနေများကို EEG ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။
 အတက်ရောဂါများ
 ဦးခေါင်းထိခိုက်ဒဏ်ရာများ
 အိပ်စက်ခြင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းများ
 ဦးနှောက်အကျိတ်ရောဂါများ
 ဦးနှောက်ရောင်ရမ်းခြင်းများ
 ဦးနှောက်ထိခိုက်ပျက်စီးခြင်းများ
 ဦးနှောက်ကင်ဆာ
 ဦးနှောက်သေဆုံးခြင်းများ
 လေဖြတ်ခြင်း
 ကလေးများတွင် အသက်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာ နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်းနှင့် ၎င်း၏လက္ခဏာများဖြစ်သော သတိလစ်ခြင်း၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ နှင့် အပြုအမူများဖြစ်နေခြင်း
အစရှိသည့် ရောဂါများကို အဖြေရှာဖွေ ဖော်ထုတ်နိုင်ပါသည်။

Test မစစ်ဆေးမီ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဦးစွာဆွေးနွေးတိုင်ပင်ရပါမည်။

သက်ဆိုင်ရာ ဆရာဝန်ကြီးမှ EEG စစ်ဆေးရန် ညွှန်ကြားချက် ပါရှိမှသာ EEG ကို စစ်ဆေးနိုင်မည်။

စစ်ဆေးပြီးပါက သက်ဆိုင်ရာ ဦးနှောက်နှင့်အာရုံကြော ဆရာဝန်ကြီးမှ ဖတ်ရှုပေးပါမည်။

ဟာ လူနာအတွက် ဘေးကင်းစိတ်ချရမှု ရှိပါသလား?
သည် လူနာကို နာကျင်စေခြင်းမရှိဘဲ အန္တရာယ်မရှိတာကြောင့် စိတ်ချယုံကြည်စွာ ရိုက်ကူးနိုင်ပါတယ်။

ရိုက်လျှင် ကြာချိန်မှာ (၁) နာရီခန့် ဖြစ်ပါတယ်။

မဆွဲခင် ဘာတွေပြင်ဆင်လာရမလဲ?
- (၁) ရက်ကြိုတင်၍ ခေါင်းလျှော်ထားရမည် ဖြစ်ပါသည်။ ခေါင်းလျှော်ရည်မှလွဲ၍ အခြားသော ဆံပင်ပျော့ဆေး၊ ပေါင်းဆေး၊ ခေါင်းလိမ်းဆီ၊ ဂျယ် အစရှိသည်တို့ကို အသုံးမပြုရပါ။

- EEG ရိုက်နေစဉ်အတွင်း လူနာအိပ်စက်နေစေရန် ရည်ရွယ်၍ EEG ရိုက်မည့်နေ့ မတိုင်ခင် ညတွင် အိပ်စက်ချိန်အနည်းငယ်သာ အိပ်စက်ရပါမည်။

- ကော်ဖီ၊ လက်ဖက်ရည် အစရှိသည့် ကဖိန်းဓာတ်ပါဝင်သော အစားအသောက်များကို စမ်းသပ်မှု မပြုလုပ်ခင် (၁၂) နာရီအတွင်း မသုံးဆောင်ပါနှင့်။

- မိမိသောက်သုံးနေသော ဆေးဝါးများ ရှိနေလျှင် သက်ဆိုင်ရာ ဆရာဝန်ကြီးနှင့် အရင်ဆွေးနွေးတိုင်ပင်ရပါမည်။
#နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၅)နာရီထိ ၀န်ဆောင်မှု ပေးနေပါပြီ။
အသေးစိတ်သိရှိရန်နှင့် ဘိုကင်တင်ရန်အတွက်
☎️☎️09-785907477, 01-4706622
===================================
👩⚕️👨⚕️သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။👨⚕️👩⚕️


www.oschospitalmm.com

 ိုက်လျှင်_ဘာတွေပြင်ဆင်ထားရမလဲ??CT Scan ရိုက်ရန် စုံစမ်းမေးမြန်းသည့်အခါ ကြိုတင်ပြင်ဆင်မှု လိုအပ်သော အမျိုးအစားများအတွက် ...
05/08/2025

ိုက်လျှင်_ဘာတွေပြင်ဆင်ထားရမလဲ??
CT Scan ရိုက်ရန် စုံစမ်းမေးမြန်းသည့်အခါ ကြိုတင်ပြင်ဆင်မှု လိုအပ်သော အမျိုးအစားများအတွက် လိုအပ်သော ညွှန်ကြားမှုတို့ကို သက်ဆိုင်ရာမှ ညွှန်ကြားပေးသည်။ ဆေးထိုးရိုက်ရမည့် အမျိုးအစားတို့အတွက် အစာစားချိန်နှင့် CT ရိုက်ချိန် (၄) နာရီခြားရမည်။
ကျောက်ကပ်လုပ်ဆောင်ခြင်းစစ်ဆေးချက် Creatinine အဖြေပါရှိရမည်။
💁‍♂️Male …0.7 to 1.3 mg/dl
(61.9 to 114.9 mmol/L)
💁‍♀️Female ….0.6 to 1.1 mg/dl
(53 to 97.2 mmol/L)
CT ရိုက်ရန် ဌာသို့ ရောက်ရှိလာသည့်အခါ ရိုက်မည့်အစိတ်အပိုင်းအလိုက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ရသည်။ ဥပမာ လူနာဝတ်ဆင်ထားသော အဝတ်အစားကို ပြောင်းလည်းဝတ်ဆင်ခြင်း၊ ချွတ်ရန် လိုအပ်သော နားကပ်၊ ဆွဲကြိုး၊ ကလစ်၊ ဘော့ချိတ် အစရှိသော ရိုက်မည့်အစိတ်အပိုင်းတွင် ပုံရိပ်ကို အနှောက်အယှက်ဖြစ်စေနိုင်သော ပစ္စည်းများကို ဝတ်ဆင်၍ CT မရိုက်ရပါ။
❗❗❗အထူးသတိပြုရန်မှာ ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်နှင့် အခြေအနေတွင် ရှိသော လူနာအမျိုးသမီးများသည် ကိုယ်ဝန်ရှိနေလျှင်၊ ရှိနေသည်ဟု သံသယရှိလျှင် CT မရိုက်ခင် သက်ဆိုင်ရာ ဆရာဝန်ကို ကြိုတင်ပြောရမည်။
ℹ CT Scan ရိုက်ရာတွင် အသုံးပြုသော contrast
media (ဆေး) ဆိုသည်မှာ ဘာလဲ။
ကိုယ်ခန္ဓာတွင်းရှိ organ များ၊ တစ်ရှူးများကို ပိုမိုထင်ရှားစွာ ကွဲပါးသိမြင်နိုင်အောင် အသုံးပြုရသော ဆေးတစ်မျိုး ဖြစ်သည်။ အမျိုးအစားနှင့် မျိုးကွဲများစွာရှိပြီး လူနာတို့နှင့် အတတ်နိုင်ဆုံး အသင့်တော်ဆုံးဖြစ်အောင် ထုတ်လုပ်ထားသည်။
ℹ CT ရိုက်ရာတွင် တစ်ခါတရံ လူနာ၏ အခြေအနေအရ စိတ်တည်ငြိမ်စေရန် သုံးရသော ဆေးဝါးများလည်းရှိပြီး သက်ဆိုင်ရာ ဆရာဝန်များမှ လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ပေးသည်။
ℹ CT Scan ရိုက်ကူးရာတွင် ဆရာဝန်ညွန်ကြားချက်ဖြင့်သာပြုလုပ်နိုင်ပါသည်။ အသေးစိတ်ကို Ph – 01-4706622 သို့မဟုတ် 09-43208326 မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
======================================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။
======================================

.oschospitalmm.com

မင်္ဂလာပါOSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်ဆောင်ရွက်ပေးလျှက်ရှိပါသည်။===============================OSC ဆေး...
04/08/2025

မင်္ဂလာပါ
OSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်
ဆောင်ရွက်ပေးလျှက်ရှိပါသည်။
===============================
OSC ဆေးရုံကြီးတွင် အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး
ပါမောက္ခဒေါက်တာအေးမင်းစိုး
M.B.,B.S, M.Med.Sc (Int.Med) MRCP (UK), FRCP (Edin) Dr.Med.Sc (Gastroenterology) Clinical Fellow of National University Hospital (S'pore) သည်
▶️ တနင်္လာ- ဗုဒ္ဓဟူး - ကြာသပတေး - သောကြာ
နေ့လည် (၁၂)နာရီအချိန်တွင် ပြင်ပလူနာဌာန၌ ဆွေးနွေးကုသပေးနေပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
==============================
အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားများမှာ အပြောင်းအလဲရှိနိုင်ပါသောကြောင့်
Hospital Hotline - 01-4706622,09-43208326
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
==============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။
==============================

.oschospitalmm.com

အထူးကုဆရာဝန်ကြီးများ၏ဩဂုတ်လအတွက်အချိန်ဇယားများ….🩺🩺🩺=============================မင်္ဂလာပါရှင်OSC ဆေးရုံကြီးမှ မိဘပြည်သူမ...
02/08/2025

အထူးကုဆရာဝန်ကြီးများ၏ဩဂုတ်လအတွက်
အချိန်ဇယားများ….🩺🩺🩺
=============================
မင်္ဂလာပါရှင်
OSC ဆေးရုံကြီးမှ မိဘပြည်သူများ ပြင်ပလူနာအနေနှင့် ဆေးခန်းလာရောက်ပြသသည့်အခါ အဆင်ပြေလွယ်ကူချောမွေ့စေရန် ဆေးရုံတွင် ဆေးခန်းထိုင်ပေးလျှက်ရှိသော အထူးကုဆရာဝန်ကြီးများ၏ ဩဂုတ်လအတွက် အချိန်စာရင်းများအား လွယ်ကူစွာ သိရှိနိုင်ရန် တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ပါသည်။
==============================
အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားများမှာ အပြောင်းအလဲရှိနိုင်ပါသောကြောင့်
Hospital Hotline - 01-4706622,09-43208326
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
==============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။
==============================


.oschospitalmm.com

ကြိုတင်ကာကွယ် အဆုတ်ကင်ဆာရောဂါ အန္တရာယ်===================================ကြိုတင်ကာကွယ် အဆုတ်ကင်ဆာရောဂါ အန္တရာယ်World Lun...
01/08/2025

ကြိုတင်ကာကွယ် အဆုတ်ကင်ဆာရောဂါ အန္တရာယ်
===================================
ကြိုတင်ကာကွယ် အဆုတ်ကင်ဆာရောဂါ အန္တရာယ်
World Lung Cancer Day 2025
နှစ်စဉ်နှစ်တိုင်း ဩဂုတ် (၁) ရက်နေ့ကို Lung Cancer Day (အဆုတ်ကင်ဆာကာကွယ်ရေးနေ့) အဖြစ် သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “Stronger Together: United for Lung Cancer Awareness” ဖြစ်ပါတယ်။

အဆုတ်ကင်ဆာဆိုတာ မြန်မာနိုင်ငံမှာ အမျိုးသားများမှာ အဖြစ်များဆုံးကင်ဆာတစ်ခုဖြစ်ပြီး အမျိုးသမီးများမှာ တတိယအများဆုံးကင်ဆာတစ်ခု ဖြစ်ပါတယ်။
အဆုတ်ကင်ဆာဖြစ်ပွားမှု၏ (၈၅) ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူက မသောက်သူထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၂၅ ဆ ပိုများပြားပါတယ်။
#အဆုတ်ကင်ဆာဖြစ်ပွားရသည့်အကြောင်းအရင်းများမှာ
🔹 ဆေးလိပ်သောက်ခြင်း
🔹 အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ခြင်း၊
🔹ဓာတ်ပစ္စည်းများ၊ ဓာတ်သတ္ထုများဖြင့် ထိတွေ့ခြင်း
🔹 အခြားသူ၏ ဆေးလိပ်ငွေ့များ ရှူမိခြင်း
🔹 အဆုတ်တီဘီဖြစ်ဖူးသူများ စသည်တို့ ဖြစ်ပါတယ်။

#အဆုတ်ကင်ဆာရောဂါလက္ခဏာများမှာ
🔹 အဆက်မပြတ်ချောင်းဆိုးခြင်း
🔹 အသက်ရှူမဝခြင်း
🔹 သလိပ်ထဲတွင် သွေးစများပါခြင်း
🔹 ရင်ဘတ်အောင့်ခြင်း
🔹 မကြာခဏအဆုတ်အအေးမိခြင်း
🔹 ဖျားခြင်း
🔹 ကိုယ်အလေးချိန်ကျခြင်း

အဆုတ်ကင်ဆာကို စောစီးစွာ သိရှိလျှင် ကုသမှုများမှာ တိုးတက်မှုများ ရှိနိုင်စေတာကြောင့် အဆုတ်ကင်ဆာအကြောင်းကို သိရှိနားလည်ထားသင့်ပါတယ်။


Day Care Infusion/ Chemo Centerနေ့ချင်းပြီး ဆေးသွင်း/ကင်ဆာဆေးသွင်းဌာန==========================OSC အထွေထွေရောဂါကုဆေးရုံက...
31/07/2025

Day Care Infusion/ Chemo Center
နေ့ချင်းပြီး ဆေးသွင်း/ကင်ဆာဆေးသွင်းဌာန
==========================
OSC အထွေထွေရောဂါကုဆေးရုံကြီးတွင် နေ့ချင်းပြီး
ဆေးသွင်း/ကင်ဆာဆေးသွင်း (Day Care Ward) တွင်
ညအိပ်ရန်မလိုသော
၁။ သွေးသွင်းခြင်း
၂။ ကင်ဆာဆေးသွင်းခြင်း
၃။ ဝမ်းဗိုက်ရေဖျင်းဖောက်ထုတ်ခြင်း
၄။ သွေးပြန်ကြောသွေးဖောက်ထုတ်ခြင်း (Venesection)
၅။ ပုလင်းကြီး(အားဆေး) ချိတ်ခြင်းများကို အခန်းခဝန်ဆောင်ခနှုန်းထားများ သက်သာစွာဖြင့် ဝန်ဆောင်မှုပေးနေပါပြီ။
ထိုသို့ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သောကြောင့် လူနာနှင့် လူနာစောင့်မှာ အဆင်ပြေချောမွေ့ရုံသာမက ကုန်ကျစရိတ်လဲ သက်သာစေပါသည်ရှင်။

▶️အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို
ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင့် ...
📞09 973515077
📞09 795193867
📞 09 43208326


.oschospitalmm.com

မင်္ဂလာပါOSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်ဆောင်ရွက်ပေးလျှက်ရှိပါသည်။===============================OSC ဆေး...
28/07/2025

မင်္ဂလာပါ
OSC ဆေးရုံမှမိဘပြည်သူများအား အဆင်ပြေမှုရှိစေရန်
ဆောင်ရွက်ပေးလျှက်ရှိပါသည်။
===============================
OSC ဆေးရုံကြီးတွင် အရိုး၊အကြော၊အဆစ် အထူးကုဆရာဝန်ကြီး

ပါမောက္ခဒေါက်တာလဲ့လဲ့ဌေး
M.B., B.S, M. Med .Sc (Int.Med.), Dr. Med. Sc (Rheumatology), Dip.ME, DCME သည်

▶️ တနင်္လာ-ကြာသပတေး ညနေ (၄)နာရီ
အချိန်တွင် ပြင်ပလူနာဌာန၌ ဆွေးနွေးကုသပေးနေပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
==============================
အထူးကုဆရာဝန်ကြီးများ၏ အချိန်ဇယားများမှာ အပြောင်းအလဲရှိနိုင်ပါသောကြောင့်
Hospital Hotline - 01-4706622,09-43208326
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
==============================
သင်နှင့်သင့်မိသားစု ကျန်းမာရေးအား
OSC မှအပြည့်အဝ တာဝန်ယူပေးနေပါသည်။
==============================

.oschospitalmm.com

Address

No. 137/D, Thudhamma Road, North Okkalapa Township
Yangon
11031

Alerts

Be the first to know and let us send you an email when OSC Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OSC Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

OSC (Okkala Specialist Center) Hospital is a private hospital providing multidisciplinary medical care services with international healthcare standards and a subsidiary of AMPS (Aung Myin Pyae Sone Co.ltd) Company limited. The location of the hospital is No.137(D), Thudamma Main Road, North Okkalapa Township, Yangon, near to Mel Lamu Pagoda. The 6 storied 100-bedded hospital is built on large area of compound with adequate space for car parking, and it is just a few minute drive from Yangon International Airport and Tooth Relic Pagoda. International Standard of Organization (ISO 9001:2015) certification for OSC hospital was achieved in 2018 and it is also a member of UN Global Compact organization. The tertiary care center deliver high quality healthcare services with advanced medical technology.

OSC (Okkala Specialist Center) သည် AMPS (Aung Myin Pyae Sone Coltd.) လက်အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်ပါသည်။OSC ဆေးရုံသည် အမှတ် (၁၃၇) သုဓမ္မာလမ်းမကြီး ၊ မယ်လမုဘုရားအနီး ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ တွင်တည်ရှိသော အထွေထွေရောဂါကု ပုဂ္ဂလိကဆေးရုံကြီး ဖြစ်ပါသည်။ ကားရပ်နားရန် နေရာအလုံအလောက်ရှိသော ကျယ်ဝန်းသော မြေနေရာတွင် ခုတင် (၁၀၀)ဆန့် ၆ ထပ် ဆေးရုံကြီးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် စွယ်တော်မြတ် စေတီတော် တို့ဖြင့် နီးကပ်လျက်ရှိပါသည်။ International standard of organization (ISO 9001:2015) ရရှိထားပြီး UN Global Compact အဖွဲ့အစည်းဝင်ဖြစ်ပြီး အထူးကုဆရာဝန်ကြီးများ ၊ ကျွမ်းကျင်ဆရာဝန်ကြီးများမှ ခေတ်မီ စက်ကိရိယာများဖြင့် ၂၄ နာရီ ၀န်ဆောင်မှုပေးနေသော နိုင်ငံတကာအဆင့်မီ ဆေးရုံကြိးဖြစ်ပါသည်။