ကျန်းမာသုခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ကျန်းမာသုခ အထူးကုဆေးခန်း

ကျန်းမာသုခ အထူးကုဆေးခန်း အထွေထွေ နှင့် အကြောအဆစ် အထူးကုဆေးခန?

ကျွန်မတို့ ကျန်းမာသုခဆေးခန်းအတွက် နှစ်သစ်ကူးလက်ဆောင် လာရောက်ပေးပို့ပေးတဲ့ BTL Medical Myanmar ကို အထူးပင်ကျေးဇူးတင်ရှိပါ...
09/04/2026

ကျွန်မတို့ ကျန်းမာသုခဆေးခန်းအတွက် နှစ်သစ်ကူးလက်ဆောင် လာရောက်ပေးပို့ပေးတဲ့ BTL Medical Myanmar ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဒီထက်မက အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းစုကြီးအဖြစ် ရေရှည်ရပ်တည်နိုင်ပါစေကြောင်း ကျန်းမာသုခဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ ✨🙏

04/04/2026

သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျန်းမာသုခ အထွေထွေနှင့်အကြောအဆစ် အထူးကုဆေးခန်းတွင် လုပ်ကိုင်ရန် Pharmacist တစ်ဦး အလိုရှိသည်။
-တစ်ပတ် (၁)ရက် နားရက် ရပါမည်။
-လစာနှင့် အကျိုးခံစားခွင့်များကို လူတွေ့စစ်ဆေးစဉ် ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။

👉လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Page Messenger သို့မဟုတ် Viber - 09-444144417 မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

03/04/2026

📢 Nurse Aide တစ်ဦးအမြန်အလိုရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ "ကျန်းမာသုခ အထွေထွေနှင့် အကြောအဆစ် အထူးကုဆေးခန်း" တွင် တာဝန်ထမ်းဆောင်ရန် Nurse Aide တစ်ဦး အလိုရှိသည်။

သတ်မှတ်ချက်များ
-ပညာအရည်အချင်း အနည်းဆုံး (၁၀) တန်းအထိ တက်ရောက်ဖူးသူဖြစ်ရမည်။
-Nurse Aide သင်တန်းဆင်းဖြစ်ရမည်။
-အသက် (၂၀) နှစ်မှ (၃၀) နှစ်အတွင်းရှိသူများကို ပိုမိုဦးစားပေးပါမည်။
-လူနာများအပေါ် စိတ်ရှည်သည်းခံနိုင်ပြီး အလုပ်အပေါ် တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။

ခံစားခွင့်များ
-တစ်ပတ်လျှင် (၁) ရက် နားရက် ရပါမည်။
-လစာနှင့် အကျိုးခံစားခွင့်များကို လူတွေ့စစ်ဆေးစဉ် ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။

👉လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို Page Messenger သို့မဟုတ် Viber - 09-444144417 မှတဆင့် ပေးပို့လျှောက် ထားနိုင်ပါသည်။

ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

🦴အရိုးအဆစ်များသန်မာဖို့ အောက်ပါအစားအစာများကို နေ့စဉ်မှီဝဲ စားသုံးပေးသင့်ပါတယ် ။နွားနို့ (Milk) - နွားနို့ဟာ ကယ်လ်စီယမ်ဓာ...
26/03/2026

🦴အရိုးအဆစ်များသန်မာဖို့ အောက်ပါအစားအစာများကို နေ့စဉ်မှီဝဲ စားသုံးပေးသင့်ပါတယ် ။

နွားနို့ (Milk) - နွားနို့ဟာ ကယ်လ်စီယမ်ဓာတ် အကြွယ်ဝဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးတည်ဆောက်ဖို့အတွက် အခြေခံအကျဆုံး သတ္တုဓာတ် ဖြစ်ပါတယ်။ နွားနို့ကို ပုံမှန်သောက်သုံးခြင်းဖြင့် အရိုးသိပ်သည်းဆကို မြှင့်တင်ပေးနိုင်ပြီး အသက်ကြီးလာတဲ့အခါ အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

နှမ်း (Sesame) - နှမ်းဟာ ကယ်လ်စီယမ်ဓာတ် ပါဝင်မှု အလွန်မြင့်မားတဲ့ အပင်ထွက် အစားအစာ ဖြစ်ပါတယ်။ ဒါ့အပြင် အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ မဂ္ဂနီစီယမ်၊ ဖော့စဖရပ်နှင့် ပရိုတင်းဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ နှမ်းနက်ဟာ နှမ်းဖြူထက် အာဟာရဓာတ် ပိုမို ကြွယ်ဝတတ်ပါတယ်။

ကြက်ဥ / ဘဲဥ (Eggs) - ဥတွေမှာ ဗီတာမင် D ပါဝင်မှုဟာ အရိုးကျန်းမာရေးအတွက် အဓိက အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ဗီတာမင် D ဟာ ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို ထိရောက်စွာ စုပ်ယူနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် အရည်အသွေးမြင့် ပရိုတင်းဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အရိုးနှင့် ကြွက်သား တစ်သျှူးများ ပြုပြင်တည်ဆောက်ဖို့အတွက် အထောက်အကူ ပြုပါတယ်။

တို့ဟူး (Tofu) - တို့ဟူးဟာ ပဲပိစပ်ကနေ ပြုလုပ်တာဖြစ်တဲ့အတွက် အရိုးတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အပင်ထွက် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ တို့ဟူးပြုလုပ်ရာမှာ ကယ်လ်စီယမ်ဆားကို အသုံးပြုပါက ကယ်လ်စီယမ်ဓာတ် ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။

ပဲပိစပ် (Soyabeans) - ပဲပိစပ်ဟာ အရည်အသွေးမြင့် အပင်ထွက် ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဖော့စဖရပ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဲပိစပ်မှာပါဝင်တဲ့ 'Phytoestrogens' ဟာ အထူးသဖြင့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပါးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

အစေ့အဆန်များ - အခွံမာသီး (Nuts) - ဗာဒံစေ့၊ သစ်ကြားသီး စတဲ့ အခွံမာသီးတွေမှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရပ်နှင့် ဗီတာမင် E စတဲ့ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်ပေါင်းစုံ ပါဝင်ပါတယ်။ ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးသိပ်သည်းဆကို တိုးတက်စေနိုင်ပါတယ်။

ဂေါ်ဖီထုပ် (Cabbage) - ဂေါ်ဖီထုပ်မှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် K ဟာ အရိုးဆဲလ်များကို အားဖြည့်ပေးပြီး ကယ်လ်စီယမ်ကို အရိုးထဲမှာ ထိထိရောက်ရောက် တည်ဆောက်နိုင်ဖို့အတွက် အရေးပါပါတယ်။

ပဲမျိုးစုံ (Legumes) - ကုလားပဲ၊ ပဲစိမ်း စတဲ့ ပဲမျိုးစုံဟာ အမျှင်ဓာတ်၊ သံဓာတ်၊ ပရိုတင်းနှင့် သတ္တုဓာတ်ပေါင်းစုံ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပဲမျိုးစုံကို ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပြီး နာတာရှည် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်ခြောက် (Raisins) - စပျစ်ခြောက်ဟာ အရိုးတည်ဆောက်ပုံကို ခိုင်ခံ့စေတဲ့ 'Boron' သတ္တုဓာတ်နှင့် 'Potassium' ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်ထဲက ကယ်လ်စီယမ် ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။

အရိုးသန်မာစေရန် မျှတတဲ့ အာဟာရဓာတ် စားသုံးခြင်းနဲ့အတူ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့ဟာ အရိုးကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအတွက် ကယ်လ်စီယမ်နှင့် ဗီတာမင် D ပါဝင်တဲ့ အစားအစာများကို ပိုမိုအလေးပေး စားသုံးပေးသင့်ပါတယ်။................

ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

🚨ခါးနာခြင်းကို မပေါ့ဆပါနှင့်🚨😩 ခါးနာတာဟာ လူအတော်များများ ဖြစ်လေ့ရှိတဲ့ ဝေဒနာဆိုပေမဲ့ "ခါးနာတာပဲ၊ ခဏနေ ပျောက်သွားမှာပါ" ဆ...
22/03/2026

🚨ခါးနာခြင်းကို မပေါ့ဆပါနှင့်🚨

😩 ခါးနာတာဟာ လူအတော်များများ ဖြစ်လေ့ရှိတဲ့ ဝေဒနာဆိုပေမဲ့ "ခါးနာတာပဲ၊ ခဏနေ ပျောက်သွားမှာပါ" ဆိုပြီး ပေါ့ဆလို့ မရပါဘူး။ တချို့သော ခါးနာဝေဒနာတွေက ခန္ဓာကိုယ်ရဲ့ တစ်ခုခု မှားယွင်းနေပြီဆိုတဲ့ သတိပေးချက် (Warning Signs) တွေ ဖြစ်နေတတ်လို့ပါ။
ခါးနာတဲ့အခါ ဘယ်လိုအချက်တွေရှိရင် အထူးဂရုစိုက်ရမလဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

🚨ဘယ်လိုအခြေအနေမျိုးမှာ ပေါ့ဆလို့မရသလဲ? (Red Flags)
အောက်ပါ လက္ခဏာတွေတွဲပြီး ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ် -
🔸ခါးနာရုံတင်မကဘဲ ခြေထောက်တွေ ထုံကျဉ်လာတာ၊ အားမရှိသလို ခံစားရတာ။
🔸ဆီး/ဝမ်း မထိန်းနိုင်ခြင်း: ဒါဟာ အာရုံကြောမကြီးကို ပြင်းထန်စွာ ဖိမိနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
🔸အဖျားတက်ခြင်း: ခါးနာတာနဲ့အတူ ဖျားတာ၊ ချမ်းတုန်တာတွေရှိရင် ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။
🔸ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း: အကြောင်းရင်းမရှိဘဲ ပိန်သွားပြီး ခါးအရမ်းနာတာမျိုး။
🔸ထိခိုက်ဒဏ်ရာရပြီးမှ နာကျင်ခြင်း: ချော်လဲတာ ဒါမှမဟုတ် တစ်ခုခုနဲ့ ဆောင့်မိပြီးနောက်ပိုင်း နာကျင်လာတာ။

ခါးနာရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိနိုင်ပါတယ် -
🔸 အလေးအပင် မ တာ၊ ကိုယ်နေဟန်ထား မမှန်တာကြောင့်ကြွက်သားဒဏ်ဖြစ်ခြင်း။
🔸ခါးရိုးဆစ်ကြားအောက်ခံပြား (Disc) ကျွံခြင်းကြောင့် အာရုံကြောကို ဖိမိပြီး ခြေထောက်အထိ နာကျင်တာ။
🔸အသက်အရွယ်ကြောင့် အရိုးပွခြင်း‌ကြောင့်
အရိုးတွေ အားနည်းလာပြီး ခါးနာတာ။
🔸ကျောက်ကပ်ဝေဒနာ: တချို့ ကျောက်ကပ်ရောဂါတွေက ခါးနောက်ပိုင်း နာကျင်တာနဲ့ စတတ်ပါတယ်။

👉ခါးနာဝေဒနာ သက်သာစေဖို့ အကြံပြုချက်အချို့
🔸ကိုယ်နေဟန်ထား ဂရုစိုက်ပါ။ ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ ခါးကို မတ်မတ်ထားပါ။
🔸အလေးအပင် မ တာ ရှောင်ကြဉ်ပါ။ မဖြစ််မနေ မ ရပါက ဒူးကိုညွှတ်ပြီးမှ ခါးကို မတ်မတ်ထားကာ မ ပါ။
🔸အနားယူပါ။ နာကျင်မှု ပြင်းထန်နေချိန်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ခဏနားထားပါ။
🔸ရေနွေးအိတ် ကပ်ပေးပါ။ ကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေပါတယ်။

👉မိမိဘာသာ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသောက်ခြင်းကိုရှောင်ပါ။ အကိုက်ခဲပျောက်ဆေးသည် အစာအိမ်နဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သင့်ပါတယ်။...............
ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

👉 ဖြေကြည့်ကြပါဦး။အဖြေလေးတွေ comment မှာ ရေးခဲ့ပါဦးနော်။
20/03/2026

👉 ဖြေကြည့်ကြပါဦး။
အဖြေလေးတွေ comment မှာ ရေးခဲ့ပါဦးနော်။

🦶 ဖနောင့်နာဝေဒနာသက်သာစေမည့်အိမ်တွင်းလေ့ကျင့်ခန်း (၄)သွယ်
17/03/2026

🦶 ဖနောင့်နာဝေဒနာသက်သာစေမည့်အိမ်တွင်းလေ့ကျင့်ခန်း (၄)သွယ်

👉ဇက်ကျီးပေါင်းဝေဒနာရှင်များ သတိပြုရမည့် လက္ခဏာများဇက်ကျီးပေါင်း ဝေဒနာရှင်များအနေနဲ့ ရိုးရိုးဇက်ကြောတက်တာထက် ပိုမိုပြင်းထ...
15/03/2026

👉ဇက်ကျီးပေါင်းဝေဒနာရှင်များ သတိပြုရမည့် လက္ခဏာများ

ဇက်ကျီးပေါင်း ဝေဒနာရှင်များအနေနဲ့ ရိုးရိုးဇက်ကြောတက်တာထက် ပိုမိုပြင်းထန်တဲ့ အာရုံကြောဆိုင်ရာ ထိခိုက်မှုတွေရှိမရှိ သိရှိနိုင်ဖို့ အောက်ပါ သတိပြုရမည့်လက္ခဏာများ ကို အထူးဂရုစိုက်ကြည့်ရှုရပါမယ်။

အကယ်၍ သင့်မှာ ဒီလက္ခဏာတွေထဲက တစ်ခုခုရှိနေရင် အိမ်တွင်းကုသမှုနဲ့တင် မလုံလောက်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

🔸လက်မောင်းနှင့် လက်ချောင်းများ ထုံကျင်ခြင်း: လက်တစ်ဖက်လုံး (သို့မဟုတ်) လက်ချောင်းလေးတွေမှာ ထုံကျဉ်တာ၊ ကျဉ်စိမ့်စိမ့်ဖြစ်တာ၊ အပ်နဲ့ထိုးသလို ခံစားရတာ။

🔸ကြွက်သားများ အားနည်းလာခြင်း: လက်ထဲက ပစ္စည်းများ ခဏခဏ လွတ်ကျခြင်း၊ အင်္ကျီကြယ်သီးတပ်ရ ခက်ခဲလာခြင်း သို့မဟုတ် လက်မောင်းကို အပေါ်သို့ မြှောက်ရန် အားမရှိခြင်း။

🔸ဟန်ချက်မထိန်းနိုင်ခြင်း: လမ်းလျှောက်တဲ့အခါ ယိုင်သွားခြင်း၊ မူးဝေခြင်း သို့မဟုတ် ခြေလှမ်းများ ပုံမှန်မဟုတ်ဘဲ ဖြစ်နေခြင်း။

🔸ဆီးနှင့် ဝမ်း ပြဿနာများ: ဆီးသွား၊ ဝမ်းသွားခြင်းကို မိမိစိတ်ကြိုက် မထိန်းချုပ်နိုင်တော့ခြင်း (ဒါဟာ အာရုံကြောမကြီးကို ဖိမိနေတဲ့ လက္ခဏာဖြစ်လို့ အလွန်အရေးကြီးပါတယ်)။

🔸အလွန်းအမင်း နုံးခွေခြင်း ၊ မှိန်းခြင်း: ဇက်နာတာနဲ့အတူ ခေါင်းမူး၊ ခေါင်းနောက်ပြီး အားအင်ကုန်ခမ်းသလို ခံစားရခြင်း။

🔸အိပ်မရလောက်အောင် နာကျင်ခြင်း: ညဘက်မှာ နာကျင်မှုကြောင့် အိပ်ရခက်ခြင်း သို့မဟုတ် နာကျင်မှုက လက်မောင်းကနေ လက်ဖျားအထိ လျှပ်စစ်စီးသလိုမျိုး ဆင်းသွားခြင်း။

ဒီလက္ခဏာတွေဟာ အရိုးကျီးပေါင်းကနေ အာရုံကြောမကြီး (Spinal Cord) သို့မဟုတ် အာရုံကြောမြစ် (Nerve Root) တွေကို ဖိမိနေတဲ့ သဘောဖြစ်နိုင်ပါတယ်။ အချိန်ဆွဲမနေဘဲ နားလည်တတ်ကျွမ်းသော ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။.......…............

ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

ဝမ်းချုပ်တတ်သောကလေးများအတွက်အစားအသောက်များ
13/03/2026

ဝမ်းချုပ်တတ်သောကလေးများအတွက်အစားအသောက်များ

☀️နွေရာသီအပူဒဏ်ဘေးမှ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန်လမ်းညွှန်နွေရာသီရဲ့ ပြင်းထန်တဲ့အပူဒဏ်ဟာ လူကြီးတွေထက် ကလေးငယ်တွေ...
10/03/2026

☀️နွေရာသီအပူဒဏ်ဘေးမှ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန်လမ်းညွှန်

နွေရာသီရဲ့ ပြင်းထန်တဲ့အပူဒဏ်ဟာ လူကြီးတွေထက် ကလေးငယ်တွေအပေါ် ပိုပြီးသက်ရောက်မှုရှိနိုင်ပါတယ်။ ကလေးတွေဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိတဲ့စနစ် အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အပူဒဏ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို ပိုခံစားရလေ့ရှိပါတယ်။
​ကလေးငယ်များ အပူဒဏ်ဘေးမှ ကင်းဝေးစေရန် အောက်ပါအချက်များကို အထူးဂရုပြုပေးသင့်ပါတယ် -
​၁။ ရေဓာတ်ပြည့်ဝနေပါစေ
• ​မိခင်နို့စို့ကလေးငယ်ဖြစ်ပါက မိခင်နို့ကို ပုံမှန်ထက် ပိုတိုက်ပေးပါ။
• ​ဖြည့်စွက်စာစားနေသော ကလေးငယ်များကို ရေခဏခဏ တိုက်ပေးပါ။
• ​အချိုရည်များထက် ရေကိုသာ ဦးစားပေးတိုက်ပါ။
​၂။ အဝတ်အစား ရွေးချယ်မှု
• ​ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား (Cotton) အင်္ကျီအပါးလေးတွေကိုပဲ ဝတ်ပေးပါ။
• ​အရောင်ရင့်ရင့်တွေထက် အလင်းပြန်စေတဲ့ အရောင်ဖျော့ဖျော့လေးတွေကို ရွေးချယ်ပါ။
​၃။ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ
• ​နေအပူဆုံးအချိန်ဖြစ်တဲ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ကလေးကို အပြင်မထုတ်ပါနဲ့။
• ​မဖြစ်မနေ ထွက်ရပါက ထီး၊ ဦးထုပ် သို့မဟုတ် အကာအကွယ်တစ်ခုခု အသုံးပြုပါ။
​၄။ အပူဒဏ်ကြောင့်ဖြစ်သော လက္ခဏာများကို စောင့်ကြည့်ပါ
​အကယ်၍ ကလေးက အောက်ပါအတိုင်း ဖြစ်လာပါက သတိထားရပါမယ် -
• ​အလွန်အမင်း နုံးခွေခြင်း၊ မှိုင်ခြင်း။
• ​ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးအရောင် အလွန်ရင့်နေခြင်း။
• ​အသားအရေ ပူစပ်ပူလောင်ဖြစ်ပြီး နီမြန်းလာခြင်း။
• ​အော့အန်ခြင်း သို့မဟုတ် အစားမဝင်ခြင်း။
​၅။ ပတ်ဝန်းကျင်ကို အေးမြအောင်ထားပါ
• ​ကလေးရှိတဲ့အခန်းကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ ဖွင့်ထားပေးပါ။
• ​ပန်ကာ သို့မဟုတ် အဲယားကွန်း အသုံးပြုပါက ကလေးကို လေတိုက်ရိုက်မထိအောင် ဂရုစိုက်ပါ။
• ​ရေပတ်တိုက်ပေးခြင်း သို့မဟုတ် ရေချိုးပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပါ။

🚨​ကလေးငယ်မှာ အပူဒဏ်ကြောင့် အဖျားတက်ခြင်း ဒါမှမဟုတ် သတိလစ်ခြင်းမျိုး ဖြစ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။....................
ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

🚶‍♂️​လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ​လူအများစုဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ငွေကုန်ကြေ...
08/03/2026

🚶‍♂️​လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

​လူအများစုဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ငွေကုန်ကြေးကျများတဲ့ အားကစားရုံ (Gym) တွေသွားဖို့ ဒါမှမဟုတ် ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ကျွန်ုပ်တို့နေ့စဉ်လုပ်ဆောင်နိုင်တဲ့ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံး အားကစားတစ်ခုရှိပါတယ်။ အဲဒါကတော့ "လမ်းလျှောက်ခြင်း" ပါပဲ။
​ပုံမှန် လမ်းလျှောက်ပေးခြင်းဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အံ့ဩစရာကောင်းတဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။

​၁။ နှလုံးနှင့် သွေးကြောကျန်းမာရေး
​လမ်းလျှောက်ခြင်းဟာ သင့်နှလုံးကို သန်မာစေတဲ့ အကောင်းဆုံး အေရိုးဗစ် (Aerobic) လေ့ကျင့်ခန်းတစ်ခုပါ။ ပုံမှန် လမ်းလျှောက်ပေးခြင်းဖြင့် -
• ​သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
• ​သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။
• ​လေဖြတ်ခြင်း (Stroke) ဖြစ်နိုင်ခြေကို သိသိသာသာ လျော့နည်းစေပါတယ်။

​၂။ ကိုယ်အလေးချိန် ထိန်းညှိခြင်း
​သင်ဟာ ဝိတ်ချချင်သူပဲဖြစ်ဖြစ်၊ ရှိရင်းစွဲကိုယ်အလေးချိန်ကို ထိန်းထားချင်သူပဲဖြစ်ဖြစ် လမ်းလျှောက်ခြင်းက ကူညီပေးနိုင်ပါတယ်။
• ​လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ ကယ်လိုရီ (Calories) တွေကို လောင်ကျွမ်းစေပါတယ်။
• ​နေ့စဉ် အမြဲမပြတ် လမ်းလျှောက်ပေးခြင်းက ကိုယ်အလေးချိန် လျော့ကျစေဖို့နဲ့ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ပေးပါတယ်။

​၃။ စိတ်ကျန်းမာရေးနှင့် စိတ်ဖိစီးမှု လျှော့ချခြင်း
​လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အတွက်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ ဆေးတစ်ခွက်ပါပဲ။
• ​လမ်းလျှောက်နေစဉ်အတွင်း ခန္ဓာကိုယ်ကနေ စိတ်ကျေနပ်ပျော်ရွှင်စေတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။
• ​တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတဲ့ စိတ်ဖိစီးမှု (Stress) တွေကို လျှော့ချပေးပြီး စိတ်အပန်းပြေစေပါတယ်။
• ​စိတ်လက်ပေါ့ပါး လန်းဆန်းစေလို့ စိတ်ဓာတ်ကျခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

​၄။ အရိုးနှင့် ကြွက်သား သန်မာခြင်း
​အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးနဲ့ အဆစ်အမြစ်ပြဿနာတွေဟာ အဖြစ်များပါတယ်။ လမ်းလျှောက်ခြင်းက ဒါကို ကာကွယ်ပေးနိုင်ပါတယ်။
• ​ခြေထောက်ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို သန်မာစေပါတယ်။
• ​အရိုးပွရောဂါ (Osteoporosis) မဖြစ်အောင် ကာကွယ်ပေးပြီး အဆစ်အမြစ် ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။

​ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ငွေကုန်ကြေးကျမရှိဘဲ ဘယ်အချိန်မဆို လုပ်ဆောင်နိုင်တဲ့ လမ်းလျှောက်ခြင်း အလေ့အကျင့်ကောင်းကို ဒီနေ့ပဲ စတင်လိုက်ပါ။
​"နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ပြီး ကျန်းမာပျော်ရွှင်သော ဘဝကို တည်ဆောက်ပါ။"............................
ကျန်းမာသုခ အထူးကုဆေးခန်း
အမှတ်(၆၈)၊လေးထောင့်ကန်လမ်းမကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဘ၀မြင့်မှတ်တိုင်အနီး)
Ph : 09-444144417

Address

Yangon
11071

Telephone

+959444144417

Website

Alerts

Be the first to know and let us send you an email when ကျန်းမာသုခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share