22/04/2026
ဒီနေ့ classroom မှာ သားသား မီးမီးလေးတွေ က အရမ်းချစ်ဖို့ကောင်းတဲ့ activity လေးတစ်ခုကို ပြုလုပ်နေကြတာ ဖြစ်ပါတယ် ရှင်💛
“Pom Pom Color Matching with Tongs” activity လေးဖြစ်ပြီး ကလေးတွေ စိတ်ဝင်စားပြီး တစ်ယောက်ချင်းစီ သေချာအာရုံစိုက်ပြီး လုပ်နေကြတာကို မြင်ရ ပါတယ်ရှင် 🌈
ခြင်းတောင်းထဲက pom pom အရောင်လေးတွေကို ဘေးမှာရှိတဲ့ပုံအတိုင်း အရောင်တူတူလေးတွေကို ရွေးချယ်ပြီး ကလစ်လေးနဲ့ ညှပ်ကာ တစ်ခုချင်းစီကို သေချာနေရာချထားပေးရတဲ့ activity လေးဖြစ်တဲ့ အတွက်ကြောင့်မလို့ ကလေးတွေက ကစားနေရင်းနဲ့ပဲ အရောင်တွေကို မှတ်မိလာပြီး “ဒီအရောင်က ဘယ်မှာထားရမလဲ” ဆိုတာကို ကိုယ်တိုင်စဉ်းစားပြီး လုပ်တတ်လာကြမှာပဲ ဖြစ်ပါတယ်ရှင် ✨
လက်ချောင်းလေးတွေကို သေချာထိန်းချုပ်ပြီး ညှပ်ရတာကြောင့် ကလေးတွေရဲ့ fine motor skills လည်း တိုးတက်လာပြီး သေးငယ်ပေမယ့် အရေးကြီးတဲ့ အခြေခံစွမ်းရည်တွေကို တဖြည်းဖြည်းတည်ဆောက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်ရှင် 💕
ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားရင်း သင်ယူနိုင်တဲ့အချိန်တွေကို မြင်ရတာဟာ မိဘတွေအတွက်လည်း အတော်လေးစိတ်ချမ်းသာစရာဖြစ်မယ်လို့ ယုံကြည်ပါတယ် ရှင့် 💖
🌟 ဒီ activity မှာ ရရှိနိုင်တဲ့ skills လေးတွေကိုလည်း တစ်ခါထည်း ပြောပြပေးလိုက်ပါတယ်ရှင် 🤍
🔸 Fine Motor Skills
🔸 Hand-Eye Coordination
🔸 Color Recognition & Matching
🔸 Concentration & Attention
🔸 Problem Solving Skills
🔸 Bilateral Coordination
စသည့် skill လေးတွေကို ရရှိနိုင်စေပါတယ်ရှင် 😍
ကလေးတွေအတွက် “Learning through play” ဆိုတဲ့အတိုင်း ကစားရင်းနဲ့ သဘာဝကျကျ သင်ယူနိုင်တဲ့ အတွေ့အကြုံလေးတွေကို ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပြီး မေမေဖေဖေတို့အတွက် အမြဲ မျှဝေပေးနေမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့် 💛
သင်ကြားရေးအပိုင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက -
ဖုန်း - 09422493759, 09963193676
လိပ်စာ - No.(S-8, S-9) ,Pan Hlaing St, Sanchaung Tsp, Yangon,Myanmar.
Tiktok - greenlifephysiocare1
https://www.tiktok.com/?_t=ZS-8xgzHfgCPeT&_r=1
Instagram - https://www.instagram.com/green_life_ttc?igsh=MTBuZDEzZHZqYzZyOA%3D%3D&utm_source=qr
Gmail: greenlifephysiocare@gmail.com
Viber : 09422493759 , 09963193676
Disclaimer: No copyright infringement intended, music belong to the rightful owners.