09/12/2025
🧬အူမကြီးကင်ဆာနဲ့ ပတ်သက်ပြီး လူအများသိချင်နေတဲ့ မေးခွန်း (၄) ခု
❓ဘယ်သူတွေက ဖြစ်နိုင်ချေ အများဆုံးလဲ?
❖ အသင့်စားအစားအစာ အစားများသူ၊ အသီးအရွက်၊ အမျှင်ဓါတ်အစားနည်းသူ
❖ အရက်၊ ဆေးလိပ်သောက်သုံးသူ၊ အဝလွန်သူ
❖ မိသားစုမျိုးရိုးမှာ ကင်ဆာဖြစ်ဖူးသူ
❖ အူလမ်းကြောင်း အသားပိုဖြစ်ဖူးသူတွေနဲ့
❖ အူရောင်ရမ်းတဲ့ရောဂါရှိသူတွေဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
❓ဘယ်လိုလက္ခဏာတွေ ခံစားရရင် သတိထားသင့်လဲ?
❖ ဝမ်းထဲမှာ သွေးပါခြင်း၊ သွေးဝမ်းသွားခြင်း
❖ မကြာခဏ ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျောခြင်း
❖ ဗိုက်အောင့်ခြင်း
❖ ဝမ်းသွားမဝခြင်း
❖ အကြောင်းအရင်းမရှိဘဲ သိသိသာသာ ကိုယ်အလေးချိန်ကျနေပြီဆိုရင် စစ်ဆေးကြည့်သင့်ပါတယ်။
❓ဘယ်လိုစစ်ဆေးမှုတွေ စစ်ဆေးသင့်သလဲ?
🩺 သွေးမှတစ်ဆင့် အူမကြီးကင်ဆာညွှန်းကိန်းစစ်ဆေးခြင်း
🩺 ဝမ်းစစ်ဆေးခြင်း
🩺 ဝမ်းဗိုက် Ultrasound၊ ကွန်ပျူတာဓါတ်မှန် စစ်ဆေးခြင်း
🩺 အူမကြီးမှန်ပြောင်းကြည့်ခြင်းမှတစ်ဆင့် လိုအပ်လျှင် အသားစယူစစ်ဆေးခြင်းများဖြင့် အူမကြီးကင်ဆာရှိမရှိ စစ်ဆေးနိုင်ပါတယ်။
❓ဘယ်အချိန်မှာ စတင်စစ်ဆေးသင့်လဲ?
အူမကြီးကင်ဆာဟာ အူမကြီး အသားပိုအဖြစ်နဲ့ စတင်တတ်ကြပြီး အချိန်ကြာလာတဲ့အခါမှ ကင်ဆာအဖြစ်ပြောင်းသွားလေ့ရှိတာပါ။ ဒါကြောင့် စောစီးစွာ စစ်ဆေးခြင်းဟာ ကင်ဆာမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်သလို သိခဲ့ရင်လဲ အစောပိုင်းအဆင့်မှာပင် ကုသနိုင်မှာဖြစ်ပါတယ်။
✨ယေဘုယျအားဖြင့် အသက် ၄၅- ၅၀ ဝန်းကျင်ကစပြီး အစာအိမ်၊ အူလမ်းကြောင်းမှန်ပြောင်း စစ်ဆေးမှုတွေကို ပုံမှန်စစ်ဆေးသင့်ပြီး မိသားစုမျိုးရိုးရှိသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုမိုစောစီးစွာ စတင်စစ်ဆေးသင့်ပါတယ်။
👨🏻⚕️အူမကြီးကင်ဆာရောဂါ လက္ခဏာနဲ့ ကုသမှုများနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါကလည်း ဒေါက်တာဇွန် ကျန်းမာရေးဝန်ဆောင်မှုမှာ ဆရာဝန်များနှင့် အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
💁♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺
#ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးကု #အိန္ဒိယဆေးရုံ #ဘန်ကောက်ဆေးရုံ #ကင်ဆာရောဂါ #အူမကြီးကင်ဆာ