အရေပြားရောဂါ သိကောင်းစရာ

  • Home
  • Myanmar
  • Yangon
  • အရေပြားရောဂါ သိကောင်းစရာ

အရေပြားရောဂါ သိကောင်းစရာ Dermatology Diseases and Problem solution.

29/07/2024

ရေကြီးရေလျှံချိန်ဘာ‌တွေ ဂရုစိုက်ရမလဲ

👍ရေကြီးရေလျှံ မိုးများချိန် သဘာဝဘေးအန္တရာယ်ကိုဂရုစိုက်ပြီး ရေလွတ်ရာ မြေပြိုတဲ့ဘေးလွတ်ရာ ရွှေ့ပြောင်း‌ေနကြရမှာဖြစ်သလို
👍ရေစီးထဲမျောပါလာတဲ့ သံချွန်သစ်စဝါးစတွေထိုးမိတဲ့ အန္တရာယ်
👍ရေထဲပါလာတဲ့ အဆိပ်ရှိသတ္တဝါအန္တရာယ်တွေကိုလည်းသတိပြုကြရပါမယ်

💊🌡️ကျန်းမာရေးရှုထောင့်အနေနဲ့ တတ်နိုင်သမျှ နွေးနွေးထွေးထွေးဝတ်ပါ

🙏🙏တစ်ဦးကိုတစ်ဦးဖေးမ ကူညီပါ

🥛🥃ရေသန့်မရနိုင်တဲ့နေရာတွေမှာ ရေကိုကြိုချက်သောက်ပါ။ သို့မဟုတ် chlorine ရေသန့်ဆေးခတ်ထားသောရေကိုသာ သောက်ပါ။

🍟🍔🥟အစားအစာများကို ယင်ကောင်စသော ပိုးမွှားအန္တရာယ်မှ ကင်းဝေးအောင်ဖုံးအုပ် သိမ်းဆည်းပါ။ ဖြစ်နိုင်လျင်ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ။

💊💊💊မိမိသောက်လက်စ ဆေးဝါးများကို ရေလုံအိတ်များဖြင့် စနစ်တကျ ထုတ်ပိုးထားပါ

ရေကြီးရေလျှံပြီး ဘာရောဂါတွေအဖြစ်များတတ်သလဲ။

ရေမှတဆင့် ကူးစက်တတ်သော
❇️ဝမ်းပျက်ဝမ်းလျှောရောဂါ
❇️တိုက်ဖွိုက်
❇️အသည်းရောင်အသားဝါရောဂါတွေ ဖြစ်တတ်ပါတယ်
❇️Vector born diseases တွေဖြစ်တဲ့ ငှက်ဖျား တုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါများ
❇️အရေပြားရောဂါများ
ပွေး ။ အရေပြားမှိုစွဲရောဂါ
ဝဲနှင့် ဓာတ်မတဲ့ နှင်းခူများ
❇️ထိခိုက်မိသောဒဏ်ရာများမှ ဘက်တီးရီးယားနှင့် မေးခိုင်ပိုးဝင်ခြင်း
❇️လူမှုရေး စီးပွားရေး ဆုံးရှုံးမှုကြောင့်စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာနိုင်ပါတယ်

👍ရေကြီးရေလျှံခြင်းနောက်ဆက်တွဲ ရောဂါတွေမဖြစ်အောင်ဘယ်လို ကာကွယ်နေထိုင်ရမလဲ။
1. တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
လက် မကြာခဏဆေးပါ
2.သန့်ရှင်းသော သောက်သုံးရေကို သောက်ပါ
ရေသန့်မရနိုင်ပါက ရေကို ကြိုချက်သောက်ပါ
ရေကြိုသောက်ဖို့ အဆင်မပြေပါက chlorine ရေသန့်ဆေးခပ်သောက်ပါ။
မည်သည့်ရေကိုမဆို အမှုန်အမွှားစစ်ပြီး တညခန့် အနည်ထိုင်စေပါ။ တညထားဖို့မဖြစ်နိုင်ရင်လဲ စစ်ပြီး တခါတည်း chlorine ခပ်နိုင်ပါတယ်။ ရေတလီတာကို chlorine မှုန့် 1-10mg ( လက်ဘက်စားဇွန်းတဇွန်း) ထိ ခပ်ပြီး မိနစ် 20‌ထိထားပါ။
မိနစ်၂၀ထားပြီးနောက်သောက်သုံးနိုင်ပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေကို ရေသန့်ဘူးတွေ ထောက်ပံ့ကူညီတာထက် ရေသန့်ဆေးထောက်ပံ့ကူညီတာက ပိုပြီး အကူအညီ ဖြစ်စေပါတယ်။

3.ဒဏ်ရာ အနာတရတခုခုရပြီ ဆိုတာနဲ့ ချက်ချင်း သန့်စင်အောင်ဆေးကြောပြီး သွေးထွက်နေပါက သွေးတိတ်စေရန် သန့်ရှင်းသော ပတ်တီး သို့ အဝတ်စဖြင့် စည်းနှောင်ပါ။ ဒဏ်ရာ အနည်းအများ ပေါ်မူတည်ပြီး လိုအပ်ပါက အနီးဆုံးကျန်းမာရေးဌာနသို့သွားပါ။
ဆက်ရန်

Dr.အိဇာနည်ထွန်း
M.B;B.S(Ygn)
M.Med,SC(Dermatology)

💕💕💕💕💕💕💕💕

လေးစားရပါသော အရေပြားလူနာနှင့် လူနာရှင်များရှင်

ဟိန်းအရေပြား အထူးကုဆေးခန်း ၁ လေးကို
⬛N3/02
လေးထောင့်ကန်လမ်းမကြီး
တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။

⏰နေ့စဥ် ညနေ ၃ နာရီမှ ၅နာရီထိ
စနေနေ့ မနက်၉း၃၀မှ ၁၁နာရီထိဖွင့်ပါတယ်ရှင်။

🚐ရောက်တဲ့ ဘတ်စ်အမှတ်တွေက
🚗 3 ' 🚕7 ' 🚙13' 🚌 62'
🚎111' 🏎112' 🚓 113'
တာမွေသံလမ်းမှတ်တိုင်မှာ ဆင်းရပါမယ်နော်
ကျိုက်က္ကစံ superone အနီး
တာမွေ ILBC အရှေ့မျက်စောင်းထိုးနားမှာရှိပါတယ်ရှင်

☎09960792942 ကိုဆက်သွယ်bookingယူနိုင်ပါတယ်။

ဟိန်းအရေပြားအထူးကုဆေးခန်း(၂)
၁၁၂၊ နတ်မော်လမ်း
ပန်းဘဲတန်းရပ်ကွက်
ဟင်္သာတမြို့
Mo Mo food box ဘေး
မှာ ဖွင့်လှစ်ထားပါတယ်။
☎09797196435ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

😁လူအများကြီးစောင့်စရာ မလို
လူအများကြီးနဲ့ ထိတွေ့စရာ မလိုအောင် စီစဥ်ထားတာမို့ ဖုန်းလေးဆက်ပြီး အချိန်လေးညှိပြီးလာရင် မင်မင်တို့က ကျေးဇူးအများကြီးတင်မှာပါရှင်🙏🙏🙏
တတ်နိုင်သမျှ ချိန်းထားတဲ့ အချိန်လေး အရောက်လာဖို့ မေတ္တာရပ်ခံပါတယ်နော်

မြန်မာတပြည်လုံး သဘာဝဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ကပ်ကြီး၃ပါး ကျော်လွှားနိုင်ကြပါစေ။

Address

Lay Dauk Kan Road
Yangon
11211

Opening Hours

Monday 15:30 - 17:30
Tuesday 16:00 - 18:00
Wednesday 15:30 - 17:30
Thursday 15:30 - 17:30
Friday 15:00 - 16:30
Saturday 09:30 - 11:00
15:00 - 17:00
Sunday 14:00 - 17:00

Telephone

+959960792942

Website

Alerts

Be the first to know and let us send you an email when အရေပြားရောဂါ သိကောင်းစရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category