09/10/2023
#တောကြက်ဟင်းခါးသီး
▫️ကြက်ဟင်းခါးသီးကို Asian and African herbal medicine (ဟာဘယ်)ဆေး အဖြစ် အသုံးပြု ခဲ့ကြသည်။
▫️တူရကီ တွင် Turkey, ailments, particularly stomach complaints ( အထူးသဖြင့် အစာ အိမ်ပြသနာများ ) ရောဂါများကုသဖို့ သုံးခဲ့ကြသည်။
▫️India ရိုးရာဆေးတွင် အပင်၏ အစိတ် အပိုင်းများကို ဆီးချိုရောဂါ (diabetes : particularly Polypeptide-p, an insulin analogue) ကုသ ရာတွင် သုံးခဲ့ ကြသည်။
ထို့အပြင်
အစာအိမ် stomachic,
၀မ်းပြော့ဆေး laxative, antibilious,
မအန်ဆေး emetic, anthelmintic agent, ချောင်းဆိုးခြင်း cough,
လေပြွန်ဆိုင်ရာ ရောဂါများ respiratory diseases,
အရေပြား ရောဂါများ skin diseases,
ထိခိုက် ဒါဏ်ရာ ရမှုများ wounds,
ulcer,
ဂေါက် ရောဂါ gout,
အဆစ် အမြစ် ယောင်သော ရောဂါ rheumatism ရောဂါများကုသ ရာတွင်လည်း သုံးခဲ့ ကြသည်။ အဖျားကို ကျစေပြီး ဓမ္မတာ လာခြင်း ကိစ္စများ အတွက်လည်း အသုံးပြုနိုင်သည်။
ဒါတွင်မက
ကင်ဆာ ကာကွယ်ဆေး၊
ဆီးချိုရောဂါကုသခြင်း၊
အဖျားရောဂါ၊
HIV and AIDS နှင့်
ကူးစက်ရောဂါများ အတွက်လည်း သုံးကြသည်။
👉၂၀၁၄ ခုနှစ် သုတေသန အထောက် အထား များအရ အသီး သတ္ထုရည်ကို စားသုံးခဲ့ပါက သွေးထဲရှိ သကြား ပမာဏ ကို သိသိသာသာ လျော့ကျစေသည် ကို တွေ့ခဲ့ရသည်။
သို့သော်လည်း ကြက်ဟင်းခါး နှင့် ဆီးချိုရောဂါ ဆက်နွယ်မှု များကို ပြည့်ပြည့် စုံစုံ သုတေသနပြုဖို့ လိုအပ်နေပါသေးသည်။ အချိုံသော ဆေး ပညာ အဖွဲ့အစည်းများ ကမူ ထောက်ခံထားမှု မရှိသေးပါ။
#ရှင်နာဂသိမ် ပုံပြ အဘိဓါန် ဆေးကျမ်းထဲတွင်
#အရသာ နှင့် #အကျိုးသွား
▫️ပဉ္စငါးပါးကိူ အသုံးပြုရ၏ ၊
ခါး၏ ၊ စပ်ရှားရှား ရှိ၏၊ အေး၏၊ ဝိပါက စပ်၏၊
#ဂုဏ်နှင့်စွမ်းရည်
လေတို့ကို ဖြိုခွဲတတ်၏၊ ကြေကျက်လွယ်၏၊ အနည်းငယ် လေကိုဖြစ်စေ၏၊
၀မ်းကိုသက်စေ၏၊
ပိုးကို နိုင်၏၊
ဆာလောင်ခြင်းကို ဖြစ်စေ၏၊
သည်းခြေ သလိပ်ကို နိုင်၏၊
မျက်စေ့ရောဂါ ၀စ်စမဂျ နာကျင်ခြင်း၊
ယောနိတွင်ဖြစ်သော ရောဂါများ၊
ပိုးရောဂါ ၊
သွေးဖောက်ပြန် ခြင်း၊
သွေးအား နည်းခြင်း၊
ဆီးနှင့် စပ်သော ရောဂါများ၊
ပန်းနာ၊
အနာပေါက်၊
လေပြွန်တန်တွင် ပူသော ရောဂါတို့ကို
ပျောက်ကင်းစေ၏။
#ကျောက်တည်ရောဂါ
အရွက်စိမ်း သတ္ထုရည်ကို ၂ိ ၄ ပဲသား ဒိန်ရည် ၁ိ ၈ ပဲကို ရောသောက်လျှင် ကျောက်တည်ရောဂါ ပျောက်ကင်း၏။
၄င်းနောက် ဆန်ပုန်းရည် ၃ိ သားမျှ ဆက်သောက်ပါ၊ ၃ ရက်ဆက် မှီဝဲပြီး နောက် ၃ ရက်နားနေပါ၊ နောက် ၄ ရက် ဆက်သောက်ပါ၊ ၄ ရက်နားနေပါ၊ နောက် ၅ ရက်သောက် ၅ ရက်နား ၊
၆ ရက် သောက် ၆ ရက်နား ၊
၇ ရက် ဆက် သောက်သော် ကျောက်တည်ရောဂါ စင်ကြယ်စွာ ပျောက်ကင်းစေသည်။
#ပိုးရောဂါ
. အူ အတွင်းရှိသော ပိုးများ ၄င်း သတ္ထုရည်သောက် လျှင် ပျောက်ကင်းသည်။
#ပါးစပ် ကွဲလောင်ခြင်း
၄င်းသတ္ထုရည်ကို မြေဖြူ မှုန့် နှင့် ရော ပွတ် ပေးလျှင် ပျောက်သည်။
#ယားနာ
အပင်၏ ပဉ္စငါးပါးကို သစ်ကြပိုးခေါက် ပိတ်ချင်း၊ ဆန်၊ ဗာဒံစေ့၊ ရောပြီး လူးပေးပါက ယားနာလို အရေပြားရောဂါ ပျောက်၏။
#ကိုယ်ရေဝါရောဂါ
. အရွက် သတ္ထုရည် နှင့် ဖန်ခါးသီးသွေးသောက်သော် ပျောက်ကင်းစေ၏။
#အဆစ်ယောင်
.အသီးနုများ၏ သတ္ထုရည်ကို မီးပေါ်မှာ နွှေးပြီး လိမ်းသော် အဆစ်ယောင်ရောဂါ ပျောက် ကင်းစေ၏။
#သရက်ရွက် ကြီးသောရောဂါ
. အသီးသတ္ထုရည်ကို မုန်ညှင်းစေ့ ထည့်ထောင်း ရောသောက်လျှင် ပျောက်စေသည်။
#ရေဖျဉ်းရောဂါ
အသီး သတ္ထုရည် ၁ိ ၈ ပဲသား တွင် ပျား ရည် အနည်းငယ် ထည့်သောက်ပါက ၀မျးသကျပွီး ရေဖျဉ်းရောဂါ ပျောက်ကင်း၏
#ကာလ၀မ်းရောဂါ
. အသီး သတ္ထု ရည်ကို ဆီ နှင့် ရော သောက်က ပျောက်ကင်း၏
လည်ချောင်းနာ.. အသီးခြောက်ကို သွေးပြီး လူးသော် လည်ခြောင်း ရောင် သော ရောဂါ ပျောက်စေ၏။
********************
#ဆေးဖက်၀င်လှသော အသီး
တိုင်းရင်းဆေးသမားတော် ဆရာကြီး ကြည်လွင်မြင့် ( မုဒြာ ) ၏ ကြက်ဟင်းခါးသီး အကြောင်း ရေးထားတာ လေးကလည်း အလွန်မှ ဗဟုသုတ ရလို့ ကူးယူ ဖေါ်ပြ ပေးလိုက်ပါတယ်.။
ကြက်ဟင်းခါးသီး၏ အခါးအရသာကို နှစ်သက်သူ များစွာရှိသည်။ ချက်၍၊ ကြော်၍ စားကြသည်။ ကြက်ဟင်းခါးသီး နှစ်မျိုးရှိသည်။ အကြီးမျိုးနှင့် အသေး မျိုး ဟူ၍ ရှိသည်။ ကြက်ဟင်းခါးသီး အသေးလေးများ ကို တောကြက်ဟင်းခါး သီးဟု ခေါ်ကြသည်။
တစ်ကယ်ပင် တောက ထွက်လာသည် လား၊ စိုက်ပျိုး၍ ရသည် လား သေချာတော့ မသိပါ။
အချို့က တောထဲမှ အလေ့ကျ ပေါက်သည်ကို
ခူး၍ ရောင်းသည် ဟုလည်း သိရ သည်။
ပို၍ခါးသဖြင့် အချို့က တောကြက်ဟင်းခါးသီးကို ပုစွန်ခြောက်နိုင်နိုင်ဖြင့် ချက်စားရသည်ကို ပိုကြိုက် ကြသည်။
လူတို့၏ သဘာဝ အချိုကို ကြိုက်ကြ သည်။
အခါးကို ကြိုက်သူမရှိဟု ထင်ကြ သော်လည်း
တစ်ကယ် တမ်းတွင် အခါးအရသာကို နှစ်သက်စွဲလမ်းသူ များစွာရှိသည်။ အခါးသည် လေပိုဖွပေး သဖြင့် အစားများများ စားနိုင်သည်။ ရင်ချောင်သည်ဟု ယူဆကြသည်။
ကြက်ဟင်းခါးသီးကို ပါးပါးလှီးပြီး နေလှန်းကာ အကြွပ်ကြော်စား သူများ လည်း ရှိသည်။ တစ်လော က မိတ်ဆွေ တစ်ဦးက လက်ဆောင်ပေးသဖြင့် ကြက်ဟင်းခါးသီးသနပ် ဟူ၍ စားရသည်။
သရက်သီးသနပ် ကိုသာ တွေ့ဖူးသည်။
ယခု ကြက်ဟင်းခါးသီး သနပ်မှာလည်း ထိုနည်းတူပင် မဆလာ နိုင်နိုင်ဖြင့် ချက်ပြီး သ နပ်ပြုလုပ်ကာ ကြာရှည် အထားခံအောင် ပြုလုပ် ထားသည်။
ထိုကြက်ဟင်းခါးသီး သနပ်ပြုလုပ်သူ မိတ်ဆွေ သည် စျေးသည် မဟုတ်ပါ။ ပညာတက် အငြိမ်းစား အရာရှိကြီးတစ်ဦး ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက် ပညာသင်ကြားနေသူ သမီးကို စားစေ ချင်၍ နိုင်ငံခြားသား မိတ်ဆွေများပါ အကြိုက်တွေ့ပြီး မှာကြားသဖြင့် တစ်ဖြည်းဖြည်း ရောင်းချရသည်အထိ ဖြစ်လာသည်ဟု ဆိုသည်။
စင်ကာပူနိုင်ငံသား အတော်များများသည် မြန်မာပြည်မှ ပို့သော ကြက်ဟင်းခါးသီး သနပ်ကို ကြိုက်ကြသည်ဟု သိရသည်။ အခါးသည် အစာကို ကြေ စေသည်ဟု ယူဆကြသည်။
#ယောအတွင်းဝန်ဦးဘိုးလှိုင်၏
#ဥတုဘောဇနသင်္ဂဟကျမ်းတွင်.
ကြက်ဟင်းခါးသီးသည် (အသီးကြီး သော ကြက်ဟင်းခါးနှင့် အသီးငယ်သော ကြက်ဟင်းခါး) နှစ်မျိုးလုံးပင်ခါး၏။ ခါးသော်လည်း လေကို မပျက် စေတတ်။ အေး၏။ သလိပ်၊ သည်းခြေကို နိုင်၏။ အဖျားနာ၊ ပဏ္ဍုနာ(အသားဝါ)၊ မေဟနာ(ဆီးချို)၊ ပိုးနာတို့ ကို နိုင်၏။ ကြက်ဟင်းခါးသီး အငယ်သည် အကြီးထက် ကြေလွယ်၏။ ဝမ်းမီးကို တောက်စတတ်၏ဟု အ ကောင်းဘက်သို့ များစွာညွှန်း၍ ရေးသားထားသည်ကို တွေ့ရပေသည်။
စာညွှန်း (ဥတုဘောဇနသင်္ဂဟ ကျမ်း၊ တေရသမ အကြိမ်၊ စာ-၂၆၂)
ထို့ကြောင့် ကြက်ဟင်းခါးသီးသည် လေစာဖြစ်သော်လည်း ဆေးဖက် ဝင်အောင် စားသုံးတတ်လျှင် အဖျား၊ အသားဝါ၊ ဆီးချို၊ ပိုးနာတို့ကို နိုင်သော အသီးဖြစ်သည်။ ချင့်ချိန် စားသုံးတတ်ဖို့ လိုသည်။ ဝက်သား စသော အခြား လေစာ များနှင့် တစ်နေ့တည်း နှစ်မျိုး တွဲမစားရန်သာ သတိရှိရမည်ဖြစ်သည်။
အကြောင်းမညီညွတ်၍ ကြက်ဟင်းခါး သီး စားပြီး ခေါင်းမူးလျှင် ရှောက်ရည်နှင့် ပျားရည် (ရှောက် ကြီးအရည် ကြွေဇွန်းကြီး သုံးဇွန်းနှင့် ပျားရည် တစ်ဇွန်း) စပ်သောက်လျှင် သက်သာ စေနိုင်ပါသည်။
လည် ပင်းအရိုးအဆစ် ကျီးပေါင်းရှိသူများ မူးလျှင်လည်း ဤဆေးနည်းဖြင့်ပင် သက်သာသဖြင့် ရှောက်သီးနှင့် ပျားရည်မှာ အိမ်တိုင်း တွင် ဆောင်ထားသင့်သော တိုင်းရင်းဆေး ဖြစ်သည်
( ကိုးကား : ကြည်လွင်မြင့် ( မုဒြာ )
#ဘယ်လိုချက်စားမလည်း
#ကြက်ဟင်းခါးသီးချက်ပုံ..
ကြက်ဟင်းခါးသီးသည် ခါး၏ ၊ အခါးဓါတ် ပျောက်စေဖို့ အသီး အစိမ်း ကို အလောတော်လှီးထားပြီး ဆားနဲ့ နယ်ရသည် ၊ ထို့နောက် မိနစ် ၂၀ လောက်နှပ်ထားရသည် ၊ ပြီးလျှင်တော့ ကြက်ဟင်းခါးသီး အတုံးတွေကို ရေဆေးချရပါသည်။ ထိုအခါ အခါးဓါတ်နဲသွားပါလိမ့်မယ် ၊
▫️ပထမဆုံး ကြက်သွန်နီဖြူ ဆီသပ် ပါ ၊ အရောင်လှဖို့ နနွင်းမှုံ့ထည့် ပါ၊ အရောင်တင် မှုန့် ထည့် ပါ၊
▫️အခါးဓါတ်လေးဖုံးသွားစေဖို့ ထောင်းပြီးသား မြေပဲ အနည်းငယ်ထည့် ပေးပါ။
▫️ပြီးမှ ရေအနည်းငယ် ထည့်၊ နူးသွားအောင် အဖုံး အုပ်ထား ၊ နဲနဲ နူးလာရင် ဆားထည့်ပါ၊
▫️ဟင်းရွက်မှုန့် ဒါမှ မဟုတ် ပုဇွန်ခြောက် ထောင်းပြီးသား ထည့်၊ အသီးနွမ်းလာရင်တော့ special ကြက်ဟင်းခါးချက်ကို စားလို့ရပြီ၊
ငယ်ငယ် ကတော့ အတောကို မကြိုက်သည့် ဟင်း တခွက်ပါ၊ ဆိုင်တွေမှာစားရင် အရောင်တင်ဆီ ရဲရဲ ၊ ဆီမသန့်တာမို့ အိမ်မှာ အလွယ်တကူဘဲ ချက်စားဖြစ်သော ဟင်းတခွက်ပါ။ ကြက်သား ၀က်သားလို
ဟင်းတွေနဲ့ တွဲဖက်စားရသော အရံ ဟင်းဖြစ်ပေ
မည့် ရလာသော ကျမ်းမာရေး အကျိုး ကျေးဇူးက များလှပါတယ်။ ရာသီ အရ စားရတာမိုံ အစာလည်းဆေး ဆေးလည်းအစာပါ။ ကဲ ဘယ်လိုလည်း ကြက်ဟင်းခါးသီးချက်စားရအောင် .......
credit သက်နိုင်ဦး(မုံရွာတက္ကသိုလ်)
ကိုးကား
အရှင်နာဂသိမ် ပုံပြ ဆေး အဘိဓာန်
ကြည်လွင်မြင့် မုဒြာ
===LYP=======
Shangyimm