Aye Yeik San Specialist Clinic Pazundaung

Aye Yeik San Specialist Clinic Pazundaung Specialist Clinic

Aye Yeik San is a specialist clinic in Yangon open 24 hours.
- General Practitioner Counselling
- Specialist OPD
-Echocardiogram
-Ultrasound
-X-Ray
-Laboratory Service
-Pharmacy
-Home Health Care
-Dental Health Care

❄️ **ပခုံးနာလို့ လက်မမြှောက်နိုင်တော့ဘူးလား?ညဘက် နာလို့ အိပ်မပျော်ဘူးလား?** ❄️ဒါဆို Frozen Shoulder (ပခုံးကပ်) ခြင်းဖြစ်...
09/01/2026

❄️ **ပခုံးနာလို့ လက်မမြှောက်နိုင်တော့ဘူးလား?

ညဘက် နာလို့ အိပ်မပျော်ဘူးလား?** ❄️

ဒါဆို Frozen Shoulder (ပခုံးကပ်) ခြင်းဖြစ်နိုင်ပါတယ်။



🔴 Frozen Shoulder ဖြစ်လာရင် ဘာတွေဖြစ်မလဲ?

✔️ လက်ကို ခေါင်းပေါ် မမြှောက်နိုင်တော့ဘူး
✔️ နောက်ဘက်ကို လက်မလှည့်နိုင်တော့ဘူး
✔️ အဝတ်အစား ဝတ်ရခက်လာတယ်
✔️ ညဘက် ပခုံးနာလို့ အိပ်မပျော်ဘူး
✔️ နေ့စဉ်အလုပ်တွေ မအဆင်မပြေဖြစ်လာတယ်

အစပိုင်းမှာ နာတာပဲရှိပြီး
နောက်ပိုင်းမှာ ပခုံးကို လုံးဝမလှုပ်နိုင်တော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။



🔍 Frozen Shoulder ဆိုတာဘာလဲ?

Frozen Shoulder ဆိုတာ
ပခုံးအဆစ်အတွင်းရှိ အကြော၊ အရွတ်တွေ တင်းကျပ်လာခြင်း ကြောင့်
နာကျင်မှုနဲ့ လှုပ်ရှားမှု ကန့်သတ်သွားတဲ့ ရောဂါတစ်မျိုးပါ။

👉 အထူးသဖြင့်
• ဆီးချိုရှိသူများ
• အသက် 40 နှစ်အထက်
• ပခုံးဒဏ်ရာ၊ လက်ခွဲစိတ်ပြီး အကြာကြီး မလှုပ်ခဲ့ရသူများ
မှာ အများဆုံးတွေ့ရပါတယ်။



⚠️ မကုသဘဲထားရင် ဘာဖြစ်နိုင်လဲ?

❌ နာတာ ပိုဆိုးလာနိုင်တယ်
❌ ပခုံးလှုပ်ရှားမှု ပိုပြီး ကန့်သတ်သွားမယ်
❌ ကုသချိန် ကြာသွားမယ်
❌ နေ့စဉ်ဘဝ အရမ်းအခက်အခဲဖြစ်လာမယ်

👉 စောစီးစွာ ကုသခြင်းက အရေးအကြီးဆုံးပါ



💡 Frozen Shoulder ကို ဘယ်လိုကုသမလဲ?

လူနာအခြေအနေအလိုက်
✔️ ဆေးကုသမှု
✔️ Physiotherapy (ပခုံးလေ့ကျင့်ခန်းများ)
✔️ Injection (လိုအပ်ပါက)
တို့ဖြင့် ခွဲစိတ်မလုပ်ဘဲ သက်သာအောင် ကုသနိုင်ပါတယ်။

📌 အရေးကြီးတာက
👉 ကိုယ့်ဘာသာ အတင်းလှုပ်ခြင်း
👉 မမှန်ကန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
တွေက ပိုဆိုးစေနိုင်ပါတယ်။



🏥 ကျွန်ုပ်တို့၏ ဆေးခန်းတွင်

✅ အတွေ့အကြုံရှိ အရိုးအထူးကု ဆရာဝန်ဖြင့် စစ်ဆေးပေးပါသည်
✅ X-ray / လိုအပ်သလို စစ်ဆေးမှုများ ပြုလုပ်ပေးပါသည်
✅ လူနာအခြေအနေအလိုက် သင့်တော်သော ကုသမှုရွေးချယ်ပေးပါသည်
✅ အိမ်မှာ ဆက်လုပ်နိုင်မယ့် လေ့ကျင့်ခန်းများကိုလည်း အသေးစိတ်ညွှန်ကြားပေးပါသည်



📞 ပခုံးနာလို့ စိတ်ပူနေပါသလား?

စောစီးစွာ စစ်ဆေးကုသခြင်းဖြင့်
👉 ပခုံးလှုပ်ရှားမှု ပြန်ရနိုင်ပါတယ်။

အေးရိပ်စံအထူးကုဆေးခန်း
09965000596

၂၀၂၆ - Your Year of Transformation! 💪Weight ကျဖို့ပဲ မစဉ်းစားပါနဲ့၊ ကျန်းမာဖို့ကိုပါ ထည့်တွက်ပါ။ ၂၀၂၆ မှာ ခန္ဓာကိုယ်က အဆ...
08/01/2026

၂၀၂၆ - Your Year of Transformation! 💪
Weight ကျဖို့ပဲ မစဉ်းစားပါနဲ့၊ ကျန်းမာဖို့ကိုပါ ထည့်တွက်ပါ။
၂၀၂၆ မှာ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားပြီး ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းသစ်တွေ စတင်ရအောင်။

✨ အေးရိပ်စံအထူးကုဆေးခန်း မှာ ဘာဝန်ဆောင်မှုတွေ ရရှိမလဲ?

• စနစ်တကျ ဝိတ်ချနည်းလမ်းများ
• အဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံ
• ကျွမ်းကျင်သူတွေရဲ့ အနီးကပ် လမ်းညွှန်မှု

ဒီနှစ်မှာတော့ "ဝ" တဲ့ ဒုက္ခကနေ အပြီးတိုင် နှုတ်ဆက်ကြစို့။ 👋

🎉 နှစ်သစ်မင်္ဂလာပါ 🎉အေးရိပ်စံအထူးကုဆေးခန်း မှ လူနာများနှင့် မိသားစုဝင်များအားလုံးကိုကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း၊ ပျော...
01/01/2026

🎉 နှစ်သစ်မင်္ဂလာပါ 🎉
အေးရိပ်စံအထူးကုဆေးခန်း မှ လူနာများနှင့် မိသားစုဝင်များအားလုံးကို
ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံသော
နှစ်သစ်ကောင်းမွန်တစ်နှစ် ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💙

နှစ်သစ်တွင်လည်း ယုံကြည်စိတ်ချရသော
အထူးကုကျန်းမာရေးဝန်ဆောင်မှုများဖြင့်
ဆက်လက်ပြုစုစောင့်ရှောက်ပေးသွားမည် ဖြစ်ပါသည်။ 🙏

✨ အေးရိပ်စံအထူးကုဆေးခန်း ✨
#နှစ်သစ်မင်္ဂလာပါ

"မိသားစုကျန်းမာရေး" အတွက် သန်ချခြင်း (Deworming) ဟာ အထူးအရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ကလေးတွေတင်မကဘဲ လူကြီးတွေပ...
28/12/2025

"မိသားစုကျန်းမာရေး" အတွက် သန်ချခြင်း (Deworming) ဟာ အထူးအရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ကလေးတွေတင်မကဘဲ လူကြီးတွေပါ ပုံမှန်သန်ချပေးခြင်းက အာဟာရစုပ်ယူမှု အားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။
"မိသားစုအလိုက် သန်ချခြင်း"နဲ့ ပတ်သက်ပြီး သိထားသင့်တာကတော့

၁။ ဘာကြောင့် သန်ချသင့်သလဲ? (အကျိုးကျေးဇူးများ)
သန်ကောင်တွေဟာ ခန္ဓာကိုယ်ထဲက အာဟာရဓာတ်တွေကို စုပ်ယူစားသုံးကြတဲ့အတွက် အောက်ပါဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ် -
• အာဟာရချို့တဲ့ခြင်း: အစားဘယ်လောက်စားစား လူမဝခြင်း၊ သံဓာတ်အားနည်းပြီး သွေးအားနည်းရောဂါ ဖြစ်ခြင်း။
• ကြီးထွားမှုနှေးကွေးခြင်း: ကလေးငယ်များတွင် ဉာဏ်ရည်နှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု ထိခိုက်ခြင်း။
• ကိုယ်ခံအားကျဆင်းခြင်း: မကြာခဏ ဖျားနာခြင်းနှင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်း။
• အလုပ်အကိုင်နှင့် ပညာရေး: လူကြီးများတွင် နုံးချိပြီး အလုပ်မလုပ်နိုင်ခြင်း၊ ကလေးများတွင် ကျောင်းတက်မှန်မှုကို ထိခိုက်ခြင်း။
၂။ ဘယ်အချိန်မှာ သန်ချရမလဲ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကျန်းမာရေးပညာရှင်များ၏ အကြံပြုချက်အရ -
• အကြိမ်ရေ: ပုံမှန်အားဖြင့် ၆ လတစ်ကြိမ် (သို့မဟုတ်) အနည်းဆုံး တစ်နှစ်တစ်ကြိမ် သန်ချသင့်ပါတယ်။
• မိသားစုလိုက် သန်ချပါ: သန်ကောင်ဟာ တစ်ဦးမှတစ်ဦးသို့ ကူးစက်လွယ်တဲ့အတွက် မိသားစုဝင်အားလုံး တစ်ရက်တည်း၊ တစ်ချိန်တည်း အတူတူသန်ချတာ အထိရောက်ဆုံး ဖြစ်ပါတယ်။
၃။ အသုံးများသော သန်ချဆေး

အသုံးများတဲ့ဆေးတွေကတော့ Albendazole နဲ့ Mebendazole တို့ ဖြစ်ပါတယ်။
လူကြီးများအတွက် တကြိမ်သောက်ဆေးဖြစ်ပါတယ်။

သတိပြုရန်: ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ပြင်းထန်သော နာတာရှည်ရောဂါရှိသူများအနေဖြင့် ဆေးမသောက်မီ ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။

၄။ ကာကွယ်ရန် နည်းလမ်းကောင်းများ
ဆေးသောက်ရုံတင်မကဘဲ နောက်ထပ် သန်မတွယ်အောင် အောက်ပါတို့ကို ဆင်ခြင်ပါ -
• အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးပါ။
• လက်သည်း၊ ခြေသည်းများကို တိုတိုနှင့် သန့်သန့်ထားပါ။
• အပြင်ထွက်လျှင် ဖိနပ်အမြဲစီးပါ။
• ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စင်ကြယ်အောင် ဆေးကြောစားသုံးပါ။
• အသားများကို ကျက်အောင် ချက်စားပါ။

#၆လတကြိမ်သံချပါ #ဗိုက်နာခြင်း

28/12/2025

နှလုံးသွေးကြောပိတ်ခြင်း နှင့် လေဖြတ်ခြင်းတို့ကဲ့သို့ အရေးပေါ်အခြေအနေများတွင် "ရွှေရောင်မိနစ်များ" (Golden Minutes) သည် အလွန်အရေးကြီးပါသည်။ လူနာကို ဆေးရုံမရောက်ခင် အသက်အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် နောက်ဆက်တွဲ မသန်စွမ်းမှု လျော့နည်းစေရန် အောက်ပါအဆင့်များကို လိုက်နာဆောင်ရွက်ရန်။
🚨 အရေးပေါ်အသက်ကယ်လမ်းညွှန် (Emergency Step-by-Step Guide)
အကယ်၍ လူနာသည် ရင်ဘတ်အောင့်ခြင်း (သို့မဟုတ်) ကိုယ်တစ်ခြမ်းသေသည့်လက္ခဏာများ ပြလာပါက -
၁။ နှလုံးသွေးကြောပိတ်သည့်လက္ခဏာပြလျှင် (Chest Pain/Heart Attack)
ရင်ဘတ်တင်းကြပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ချွေးစေးထွက်ခြင်းများ ဖြစ်လာပါက:
• လူနာကို အနားပေးပါ: လှုပ်ရှားမှု လုံးဝမပြုလုပ်ခိုင်းပါနဲ့။ ထိုင်ခိုင်းထားပါ (သို့မဟုတ်) ခေါင်းကို မြှင့်ပြီး အသာအယာ မှီထားခိုင်းပါ။
• အဝတ်အစားများ ဖြေလျော့ပါ: လည်ပင်း၊ ခါးပတ်နှင့် တင်းကြပ်သောအဝတ်အစားများကို ဖြေပေးပါ။ လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။
• ဆေးဝါး (ရှိလျှင်): မှတ်တမ်းစာအုပ်နှင့်ဆေးဝါး များ တပါတည်းယူဆောင်ပါ။
• ဆေးရုံအမြန်ပို့ပါ: နှလုံးအထူးကုရှိသော ဆေးရုံ (သို့မဟုတ်) အနီးဆုံး အရေးပေါ်ဌာနသို့ ချက်ချင်း ပို့ဆောင်ပါ။
၂။ လေဖြတ်သည့်လက္ခဏာပြလျှင် (Stroke)
စကားဗလုံးဗထွေးဖြစ်ခြင်း၊ မျက်နှာရွဲခြင်း၊ ခြေလက်မမြှောက်နိုင်ခြင်းများ ဖြစ်လာပါက:
• အချိန်ကို မှတ်သားပါ: လက္ခဏာ စတင်ဖြစ်ပေါ်သည့် အချိန်ကို သေချာမှတ်ထားပါ။ (ဆရာဝန်အတွက် ဆေးပေးရန် အလွန်အရေးကြီးပါသည်)။
• အစာနှင့် ရေ လုံးဝမတိုက်ပါနှင့်: လေဖြတ်နေစဉ် အစာမျိုချသည့်ကြွက်သားများ အလုပ်မလုပ်တော့သဖြင့် အစာသီးပြီး အဆုတ်ထဲရောက်ကာ အသက်ရှူကြပ်၍ သေဆုံးနိုင်ပါသည်။
• စောင်းအိပ်ပေးပါ: လူနာ သတိလစ်သွားပါက (သို့မဟုတ်) အန်ပါက ဘေးစောင်းအနေအထား (Recovery Position) ထားပေးပါ။ သလိပ်/အန်ဖတ်များ အသက်ရှူလမ်းကြောင်း မပိတ်စေရန် ဖြစ်သည်။
• သွေးကျဆေး ဇွတ်မတိုက်ပါနှင့်: သွေးတိုးလို့ လေဖြတ်တာဆိုပြီး သွေးကျဆေး ချက်ချင်းတိုက်ခြင်းက ဦးနှောက်ဆီ သွေးရောက်တာကို ပိုနည်းသွားစေပြီး အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။
❌ လုံးဝ (လုံးဝ) မပြုလုပ်ရမည့်အချက်များ (Common Mistakes)
• ❌ အပ်ဖြင့် ထိုးခြင်း: လက်ချောင်းထိပ်များကို အပ်ဖြင့်ထိုး၍ သွေးထုတ်ခြင်းသည် လေဖြတ်ခြင်းကို မပျောက်ကင်းစေသည့်အပြင် ပိုးဝင်ခြင်းနှင့် အဖိုးတန်လှသော ကုသချိန်များကို ဖြုန်းတီးရာရောက်ပါသည်။
• ❌ ရေအေးဖြင့် ပက်ခြင်း: လူနာကို လန့်သွားစေပြီး သွေးပေါင်ချိန် ပိုတက်စေနိုင်ပါသည်။
• ❌ ကိုယ့်ဘာသာ စောင့်ကြည့်ခြင်း: "ခဏနေရင် ပျောက်သွားမှာပါ" ဆိုပြီး အိမ်မှာ စောင့်မနေပါနဲ့။ ဦးနှောက်ဆဲလ်များနှင့် နှလုံးကြွက်သားများသည် မိနစ်တိုင်းမှာ ပျက်စီးနေခြင်းကြောင့် ဖြစ်သည်။
🧭 Golden Hour (ရွှေရောင်အချိန်)
လေဖြတ်ပြီး (၃) နာရီမှ (၄ နာရီခွဲ) အတွင်း ဆေးရုံရောက်ရင် သွေးခဲပျော်ဆေး (Thrombolysis) ပေးပြီး ကုသနိုင်ခြေရှိပါတယ်။ အချိန်မီရင် လေဖြတ်တာကို လုံးဝပြန်ကောင်းအောင် ကုသနိုင်ပါတယ်။
📞 အရေးပေါ်ဖုန်းနံပါတ်များ (မိမိဖုန်းထဲတွင် မှတ်ထားပါ)
• မိသားစုဆရာဝန် နှင် နီးစပ်ရာ လူမှုကူညီရေးအသင်း (Ambulance Service)
• အနီးဆုံး အထူးကုဆေးရုံကြီးများ၏ အရေးပေါ်ဌာန ဖုန်းနံပါတ်များ။
နိဂုံးချုပ်အမှာစကား:
အရေးပေါ်အခြေအနေမှာ "မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့" က အရေးကြီးပြီး အသက်ကို ကယ်တင်နိုင်ပါတယ်။
ဒီဗဟုသုတကို မိသားစုဝင်တွေအားလုံး သိထားအောင် မျှဝေပေးပါ။

🎄 Merry Christmas & Happy New Year 🎄ခရစ်စမတ် အခါသမယမှစ၍အေးရိပ်စံ အထူးကုဆေးခန်းမိသားစုမှလူကြီးမင်းနှင့် မိသားစုဝင်များအား...
25/12/2025

🎄 Merry Christmas & Happy New Year 🎄

ခရစ်စမတ် အခါသမယမှစ၍
အေးရိပ်စံ အထူးကုဆေးခန်းမိသားစုမှ
လူကြီးမင်းနှင့် မိသားစုဝင်များအားလုံး
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း
စိတ်ရင်းမှန်ဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ခရစ်စမတ်၏ အေးမြသော ချစ်ခြင်း၊ မေတ္တာနှင့် မျှော်လင့်ချက်များသည်
လူကြီးမင်းတို့၏ နေ့ရက်တိုင်းကို အလင်းရောင်ဖြည့်ပေးနိုင်ပါစေ။
လာမည့် နှစ်သစ်တွင်လည်း
ပျော်ရွှင်မှု၊ အောင်မြင်မှုများ ပြည့်စုံပါစေကြောင်း
အေးရိပ်စံ အထူးကုဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#အေးရိပ်စံအထူးကုဆေးခန်း မိသားစု
🎅🎁🎄

🔹 Professional Weight Loss, Diabetes Care & Pan Shot Program 🔹ကိုယ်အလေးချိန်လျှော့ချ လိုသူများ၊ ဆီးချိုရောဂါရှိသူများ အတ...
24/12/2025

🔹 Professional Weight Loss, Diabetes Care & Pan Shot Program 🔹

ကိုယ်အလေးချိန်လျှော့ချ လိုသူများ၊ ဆီးချိုရောဂါရှိသူများ အတွက်
အထူးကုသမားတော်များ နှင့် နှလုံးအထူးကု ဆရာဝန် တို့မှ ကျန်းမာရေး အခြေအနေကို စနစ်တကျ စစ်ဆေးပြီး လူနာတစ်ဦးချင်းစီအတွက်သင့်လျော်သော Weight Loss & Diabetes Management Program များဖြင့် ကုသပေးလျက်ရှိပါသည်။

✔️ ကျန်းမာရေးအန္တရာယ်မဖြစ်စေသော ကိုယ်အလေးချိန် လျော့ချမှု
✔️ ဆီးချိုရောဂါ ထိန်းချုပ်မှုအတွက် ဆရာဝန်ညွှန်ကြားချက်များ
✔️ Pan Shot (ဆရာဝန်ညွှန်ကြားချက်ဖြင့်ဆောင်ရွက်ပါသည်)
✔️ အစားအသောက်နှင့် နေထိုင်မှုပုံစံ အကြံပေးခြင်း
✔️ နှလုံးကျန်းမာရေးကို အထူးအလေးထား စစ်ဆေးခြင်း
✔️ အထူးကုဆရာဝန်ကြီး များ၏ လမ်းညွှန်မှုဖြင့် စနစ်တကျ ကုသမှု

ကိုယ်အလေးချိန်များခြင်းကြောင့် သွေးတိုး/ဆီးချိုရောဂါနှင့် နှလုံးကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစွာ ထိန်းချုပ်လိုပါက ယုံကြည်စိတ်ချရသောအထူးကုဆရာဝန်များနှင့်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

📍 Clinic Location – Aye Yeik San Specialist Clinic Pazontaung
📞 Contact – 09965000596

Your Health. Our Priority

COVERAM 5mg / 5mg Perindopril arginine 5mg + Amlodipine 5mg ပေါင်းစပ်ထားတဲ့ ဆေးဖြစ်ပြီး သွေးတိုးရောဂါ (Hypertension) အတွ...
24/12/2025

COVERAM 5mg / 5mg
Perindopril arginine 5mg + Amlodipine 5mg ပေါင်းစပ်ထားတဲ့ ဆေးဖြစ်ပြီး သွေးတိုးရောဂါ (Hypertension) အတွက်ဆေးပါဖြစ်ပါတယ်။



💊 ဆေးအကြောင်းအကျဉ်း
• Perindopril – ACE inhibitor အုပ်စုဝင်ဆေး
👉 သွေးကြောများကို လျော့ပေါ့စေပြီး သွေးပေါင်ချိန် လျှော့ချပေးတယ်
• Amlodipine – Calcium channel blocker
👉 သွေးကြောများကို ဖြန့်ချဲ့ပေးပြီး နှလုံးအပေါ် ဖိအားကို လျော့စေတယ်

ဒီနှစ်မျိုးကို ပေါင်းစပ်ထားလို့ သွေးပေါင်ချိန်ကို ထိရောက်စွာ ထိန်းနိုင်ပါတယ်။



✅ အသုံးပြုရတဲ့ ရည်ရွယ်ချက်
• သွေးပေါင်ချိန်မြင့်ရောဂါကို ထိန်းချုပ်ရန်
• နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ အန္တရာယ်ကို လျော့ချရန်



⚠️ ဖြစ်နိုင်သော ဘေးထွက်လက္ခဏာများ
• မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း
• ခြေဖဝါးဖောင်းခြင်း (Amlodipine ကြောင့် ဖြစ်နိုင်)
• ချောင်းဆိုးခြင်း (Perindopril ကြောင့် ဖြစ်နိုင်)
• သွေးပေါင်ချိန် လွန်ကဲစွာကျခြင်း

လက္ခဏာပြင်းထန်ရင် ဆရာဝန်ကို ချက်ချင်းတွေ့ပါ။



❗ သတိပြုရန်
• ကိုယ်ဝန်ရှိသူ၊ ကိုယ်ဝန်ယူရန် စီစဉ်ထားသူ မသုံးသင့်
• ဆေးကို ကိုယ်တိုင် ရပ်တန့်မလုပ်ပါနဲ့
• နေ့စဉ် ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်ပါ



🕒 သောက်သုံးပုံ (အထွေထွေ)
ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရသောဆေးဖြစ်ပ့သည်။

• ပုံမှန်အားဖြင့် တစ်နေ့တစ်ကြိမ်
• မနက်အချိန်မှာ သောက်လေ့ရှိပါတယ်
• နေ့စဉ်သောက်ရသောဆေးဖြစ်ပါတယ်

အေးရိပ်စံအထူးကုဆေးခန်း 09965000596

Trigger Finger (လက်ချောင်းကပ်ခြင်းရောဂါ) ( လက်ချောင်းတွင်း အရွတ် Tendon နှင့် အရွတ်ကို အုပ်ထားသော Sheath ယောင်ရမ်းခြင်း)...
17/12/2025

Trigger Finger (လက်ချောင်းကပ်ခြင်းရောဂါ) ( လက်ချောင်းတွင်း အရွတ် Tendon နှင့် အရွတ်ကို အုပ်ထားသော Sheath ယောင်ရမ်းခြင်း) အကြောင်း။

Trigger Finger ဆိုတာဘာလဲ?
Trigger Finger (ဆေးဘက်အမည် – Stenosing Tenosynovitis) ဟာ လက်ချောင်းကို ကွေးလိုက်၊ ဖြောင့်လိုက်လုပ်တဲ့အခါ ကပ်သွားခြင်း၊ ကွေးနေရာမှာပိတ်မိနေခြင်း ဖြစ်ပေါ်စေတဲ့ရောဂါပါ။ တစ်ခါတလေ လက်ချောင်းက “ကလစ်” သံထွက်သလိုဖြစ်ပြီး နာကျင်မှုပါ တွဲတတ်ပါတယ်။



ဖြစ်ပွားရတဲ့အကြောင်းရင်း
• လက်ချောင်းအတွင်းရှိ အရွတ် (Tendon) နဲ့ အရွတ်လမ်းကြောင်း (Tendon sheath) တွင် ရောင်ရမ်းခြင်း
• အရွတ်လမ်းကြောင်း ပတ်လည်က ပုံမှန်ထက် ကျဉ်းသွားခြင်း
• လက်ကို ထပ်ခါထပ်ခါ အသုံးများသူများ (အလုပ်သမား၊ စက်ပစ္စည်းကိုင်တွယ်သူများ)
• ဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းရောဂါရှိသူများ



အလက္ခဏာများ
• မနက်အိပ်ရာထပြီးချိန် လက်ချောင်းတင်းတိမ်ခြင်း
• လက်ချောင်းကွေး/ဖြောင့်လုပ်တဲ့အခါ ကပ်သွားခြင်း
• လက်ချောင်းအောက်ခြေမှာ နာကျင်မှု၊ ထိမိရင်နာခြင်း
• ပြင်းထန်လာရင် လက်ချောင်း မဖြောင့်နိုင်တော့ခြင်း



အများဆုံး ထိခိုက်တတ်တဲ့ လက်ချောင်းများ
• လက်မ (Thumb)
• လက်ညှိုး၊ လက်လယ်၊ လက်သူကြွယ်



ကုသနည်းများ

(၁) ကုသမှု
• လက်ကို အနားပေးခြင်း
• အပူ/အအေးထိုးခြင်း
• လက်ချောင်းလေ့ကျင့်ခန်းများ
• Splint (လက်ချောင်းတံဆိပ်) အသုံးပြုခြင်း
• နာကျင်မှုလျော့စေတဲ့ ဆေးများ
• Steroid injection (ဆရာဝန်ညွှန်ကြားချက်ဖြင့်)

(၂) ခွဲစိတ်ကုသမှု
• အလွန်ပြင်းထန်လာပါက အရွတ်လမ်းကြောင်း ချဲ့ပေးတဲ့ ခွဲစိတ်မှု လုပ်နိုင်ပါတယ်။



ကာကွယ်နည်းများ
• လက်ကို အလုပ်များတဲ့အချိန် အနားပေးခြင်း
• လက်ချောင်းလေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်း
• တစ်ခါတလေ လက်ကို အပူပေးခြင်း
• ဆီးချိုရှိသူများအနေနဲ့ သွေးချိုကို ထိန်းချုပ်ထားခြင်း



ဘယ်အချိန် ဆရာဝန်ကို တွေ့သင့်လဲ?
• နာကျင်မှု များလာခြင်း
• လက်ချောင်း မဖြောင့်နိုင်တော့ခြင်း
• အချိန်ကြာကြာ မသက်သာလာခြင်း

-Trigger Finger ကို စောစီးစွာသိရှိပြီး ကုသနိုင်ရင် ပြန်လည်ကောင်းမွန်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။

အေးရိပ်စံအထူးကုဆေးခန်းတွင် ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောဆရာဝန် ဖြင့် ပြသတိုင်ပင်လိုပါက 09965000596 ကို ဆက်သွယ်နိုင်ပါသည်။

14/12/2025

သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) သည် မြန်မာအမျိုးသမီးများအကြား အဖြစ်များပြီး အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်းရှိ အမျိုးသမီးများအတွက် ကင်ဆာရောဂါများတွင် နံပါတ် ၁ နေရာတွင် ရှိနေသောကြောင့် အထူးအလေးထား စောင့်ရှောက်ရန် လိုအပ်ပါသည်။
၎င်းသည် ကာကွယ်နိုင်သော (Preventable) ကင်ဆာရောဂါတစ်မျိုးဖြစ်ပါသည်။
🩺 သားအိမ်ခေါင်းကင်ဆာ ပညာပေး အချက်အလက်များ
၁။ အဓိက ဖြစ်ပွားစေသော အကြောင်းရင်း (HPV)
သားအိမ်ခေါင်းကင်ဆာ၏ ၉၉ ရာခိုင်နှုန်းကျော် ကို ဗိုင်းရပ်စ် (Human Papillomavirus - HPV) ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
• ကူးစက်ပုံ: HPV ဗိုင်းရပ်စ်သည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အဓိက ကူးစက်တတ်ပါသည်။
• များသောအားဖြင့်: ခန္ဓာကိုယ်၏ ခုခံအားစနစ် (Immune System) သည် ဗိုင်းရပ်စ်ပိုးကို အလိုအလျောက် တိုက်ထုတ်ဖယ်ရှားနိုင်သော်လည်း၊ ဗိုင်းရပ်စ်ပိုးကို မဖယ်ရှားနိုင်သူများတွင် ဗိုင်းရပ်စ်ပိုးက ဆဲလ်များအား ပြောင်းလဲမှုများ ဖြစ်စေကာ နှစ်ရှည်လများအကြာတွင် ကင်ဆာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားစေပါသည်။
၂။ အဓိက ကာကွယ်ခြင်း နည်းလမ်းများ (Primary Prevention)
သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်သော အထိရောက်ဆုံး နည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်း ဖြစ်သည်။
ကာကွယ်ဆေး (HPV Vaccine)
• ထိုးသင့်သူများ: အသက် (၉) နှစ် မှ (၄၅) နှစ် အတွင်း အမျိုးသမီးများ ထိုးနှံနိုင်ပါသည်။ အကောင်းဆုံးမှာ လိင်မှုဘဝ မစတင်မီ (အများအားဖြင့် အသက် ၉ နှစ်မှ ၁၄ နှစ်ကြား) ထိုးနှံခြင်း ဖြစ်သည်။
• ထိရောက်မှု: ကင်ဆာဖြစ်စေနိုင်သော HPV ပိုးအမျိုးအစားများကို ကာကွယ်ပေးနိုင်ပြီး ကာကွယ်ဆေးကို စောစောထိုးထားပါက ကာကွယ်မှုအားသည် အမြင့်ဆုံး ရရှိစေသည်။
၃။ စောစီးစွာ ရှာဖွေခြင်း နည်းလမ်းများ (Secondary Prevention)
ကင်ဆာမဖြစ်ခင် သားအိမ်ခေါင်းဆဲလ်များ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေမှုကို စောစီးစွာ ရှာဖွေကုသခြင်းဖြင့် ကင်ဆာဖြစ်ခြင်းကို ၉၀ ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါသည်။

ကင်ဆာစစ်ဆေးခြင်း (Cervical Screening)
-Pap Smear Test ( သို့ ) LBC
-HPV Test
-VIA

• အရေးကြီးသောအချက်: ရောဂါလက္ခဏာ မပြသော်လည်း ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
၄။ ရောဂါလက္ခဏာများ
သားအိမ်ခေါင်းကင်ဆာသည် အစောပိုင်းအဆင့်များတွင် မည်သည့်လက္ခဏာမျှ မပြသခြင်း သည် အန္တရာယ်အရှိဆုံးဖြစ်သည်။ ကင်ဆာဖြစ်လာပြီးမှသာ အောက်ပါလက္ခဏာများ ပြသတတ်သည်-
• လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း (Post-coital bleeding)
• ပုံမှန်မဟုတ်သော မီးယပ်သွေးဆင်းခြင်း (ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း)
• သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း
• မီးယပ်ဖြူ (အနံ့ဆိုးပါသော သို့မဟုတ် သွေးပါသော) များ အလွန်အကျွံ ဆင်းခြင်း
• တင်ပါးဆုံနေရာ သို့မဟုတ် ဆီးသွားစဉ် နာကျင်ခြင်း (နောက်ကျအဆင့်)
၅။ အသိပညာပေး နိဂုံးချုပ်
သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်ဆေး၊ စောစီးစွာစစ်ဆေးခြင်းနှင့် အချိန်မီကုသခြင်းများဖြင့် တားဆီးနိုင်သော ကင်ဆာ ဖြစ်ပါသည်။ အမျိုးသမီးတိုင်း မိမိကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။

👉စစ်ဆေးမှုများ သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှုများနှင့် ပတ်သက်၍ သိလိုပါက 09965000596 သို့ မေးမြန်းနိုင်ပါသည်။

We have no promotion! 🥰ဘာလို့လဲဆိုတော့ Promotion ချစရာကို မလိုတဲ့ဈေးနူန်း‌တွေနဲ့  Orthodontistတွေ ကိုယ်တိုင်ဦးစီးပြီး ကု...
23/11/2025

We have no promotion! 🥰
ဘာလို့လဲဆိုတော့ Promotion ချစရာကို မလိုတဲ့ဈေးနူန်း‌တွေနဲ့ Orthodontistတွေ ကိုယ်တိုင်ဦးစီးပြီး ကုသမှုပေးလို့ပါ။

သွားညှိချင်ရက်နဲ့ချိန်ဆနေရတဲ့သူတွေလက်လှမ်းမှီအောင်ရော၊ Qualityအကောင်းဆုံးမှသုံးချင်သူတွေအတွက်ပါ အဆင်ပြေအောင် Braces အမျိုးမျိုးထားရှိပါတယ်။

မိမိရဲ့သွားအနေအထားအရ လွယ်တာခက်တာပေါ်မူတည်ပြီးလဲ Flexibleဖြစ်တဲ့ ဈေးနူန်းအစားစားရှိပါတယ်။

For Appointment- Chat box or 09973359702, 09777220474

Dr. Pearl (ဗိုလ်တထောင်)
အမှတ်(007,008)၊ ဗိုလ်တထောင်ဘုရားလမ်းအထက်ဘလောက် အ‌နော်ရထာလမ်းနှင့်ဗိုလ်ချုပ်လမ်းအကြား၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09784027877, 09777220474

https://maps.app.goo.gl/EEqNiedaLjEkzcHB8

Dr.Pearl (လှိုင်)
အခန်း (203)၊ တိုက် (C2)၊ ၊ 1Stop Mart အပေါ်ပထမထပ်၊ ရွှေကောင်း‌ကြွယ်လက်ဖက်ရည်ဆိုင်မျက်စောင်းထိုး၊ ၂ရပ်ကွက်၊လှိုင်ဘူတာရုံလမ်းမကြီး၊ လှိုင်မြို့နယ်။
09973359702, 09777220474

https://maps.app.goo.gl/zGMGX5xpyRyg5Z3Q9

Address

တိုက်(၂) ၊အခန်း(၀၀၇/၀၀၈)၊အနော်ရထာအိမ်ယာ၊ဗိုလ်တထောင်ဘုရားလမ်း၊ပုစွန်တောင်မြို့နယ်
Yangon
11171

Telephone

+959950444470

Website

Alerts

Be the first to know and let us send you an email when Aye Yeik San Specialist Clinic Pazundaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Yeik San Specialist Clinic Pazundaung:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

အေးရိပ်စံဆေးခန်း

အေးရိပ်စံဆေးခန်းသည် (၂၄) နာရီ ဝန်ဆောင်မှုပေးသော အထွေထွေအထူးကုဆေးခန်းကြီးဖြစ်ပြီး ကျွမ်းကျင်ဆရာဝန်များနှင့် အထူးဝန်ဆောင်မှုဖြင့် စျေးနှုန်းသက်သက်သာဖြင့်ဖြင့် ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းလည်းဖြစ်ပါသည်။