Dr.Chit Kaung -OG

Dr.Chit Kaung -OG Obstetrician & Gynaecologist

(ကိုယ်၀န်ဆောင်နှင့်အမျိုးသမီးကျန်းမာရေး)

10/12/2023

မကုသခင် စစ်ဆေးပါ

ရောဂါဘယ မဖြစ်အောင် ကျန်းမာစွာနေထိုင်နိုင်ခြင်းဟာအကောင်းဆုံးပါပဲ၊ တစ်ဖက်ကနေလည်း မိမိကျန်းမာရေးကို အမြဲစောင့်ကြည့် စစ်ဆေးသင့်ပါတယ်။

ရောဂါ အသေးအမွှားလေးတွေကအစ ဂရုစိုက်ပြီး သေချာစစ်ဆေး ကုသမှုခံယူသင့်ပါတယ်။အခုခေတ်လို အလုပ်အကိုင်အချိန်ပေးပြီးမအားလပ်အောင် ကြိုးစားနေရတဲ့ ခေတ်မှာ သင့်ကျန်းမာရေးကို အလေးထားစစ်ဆေးဖို့အတွက်--
☑️ဝန်ဆောင်ခသက်သာခြင်း
☑️24 နာရီ အချိန်ပြည့်ဝန်ဆောင်မှုရှိခြင်း
☑️ရောဂါအမျိုးအစားစုံလင်စွာစစ်ဆေးပေးနိုင်ခြင်း
☑️ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများရှိခြင်းကျယ်ဝန်းပြီး သန့်ရှင်းသော အခန်းများ
☑️စိတ်ရှည်သည်းခံပြီး ဂရုစိုက်မှုအပြည့်ပေးသောဆေးရုံဝန်ထမ်းများရှိခြင်း
☑️သွားလာရလွယ်ကူသော တည်နေရာတွင် ရှိနေခြင်း
ဒီလို အကောင်းဆုံး ဝန်ဆောင်မှု တွေကို ချမ်းသာသုခ အထွေးထွေးရောဂါကုဆေးရုံကြီးက ပေးနေတာဖြစ်ပါတယ်။

အမှတ်(ဒ/၉၄)၊ ‌တပင်ရွှေထီးလမ်း[ထိပ်](သရက်ပင်ဘုန်း‌တော်ကြီးကျောင်းဘေး)အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့ ၊ရန်ကုန်။

ဆက်သွယ်ရန်ဖုန်း ---
09425803733 / 09425803734/ 09443977480 / 09443977415 / 09443977492



Check Up

Vacancy announcement!
08/10/2023

Vacancy announcement!

Vacancy

Jr Accountant (F) -- 1-Post
Receptionist/Cashier(F). --- 1Post
HR assistant --(F) -1Post

pls submit CV to--- (within one week)

chantharthukhahospital2020@gmail.com

လူနာများကမေးတယ်--------------------Q--- ဆရာ ဘယ်ကိုယ်၀န်ဆောင်အားဆေးကအကောင်းဆုံးလဲ? ဆရာဆိုဘယ်အားဆေးကိုညွှန်မှာလဲ?  တဲ့လေ--...
24/07/2023

လူနာများကမေးတယ်
--------------------

Q--- ဆရာ ဘယ်ကိုယ်၀န်ဆောင်အားဆေးကအကောင်းဆုံးလဲ? ဆရာဆိုဘယ်အားဆေးကိုညွှန်မှာလဲ? တဲ့လေ--

A---
ကိုယ်၀န်ဆောင် အားလုံးကအာနိသင်နဲ့ ပါ၀င်ပစ္စည်း (အများစု)အတူတူနီးပါးပါပဲ။

အချို့ဆေးများက Folic Acid ပိုထည့်ထားတယ်။ အချို့ က B12 B1 စတဲ့ အားဆေးတွေ အချိုး ချိန် ညှိထည့်ကြတယ်။ အချို့ က Omega 3 စတဲ့ ဆေးတွေ ထပ်တိုး ထည့်ကြတယ်။
အချို့ဆေးတွေက ကိုယ်၀န်ဆောင်ချိန်မှာ လျော့သောက်သင့်တဲ့ ဆေးတွေကို အချိုးကျလျော့ထည့်ကြတယ်။ (ကိုယ်၀န်ဆောင်အားဆေးရဲ့ သာမာန်အားဆေးများကနေ အဓိက အပြောင်းလဲကဒါပါပဲ)

သာမာန် လူတိုင်းသောက်သုံးသင့်တဲ့ အားဆေးတွေမှာ ပါ၀င်တဲ့ဆေးအချိုးပြန်ညှိထားတာဟာကိုယ်၀န်ဆောင်အားဆေးပါပဲ။

ဒါ့ကြောင့်လူတိုင်းသောက်နိုင်တဲ့သာမာန်အားဆေးကို ကိုယ်၀န်ဆောင်တိုင်းသောက်ရန်မသင့်တဲ့အတွက် ကိုယ်၀န်ဆောင်သီးသန့်သောက်ဖို့ ပါ၀င်တဲ့ ဆေးပစ္စည်းအချိုးပြန်ညှိ ထားတဲ့အားဆေးကို ကိုယ်၀န်ဆောင် အားဆေးအဖြစ် ထုတ်လုပ်ဖြန့်ချီလာကြတာဖြစ်ပါတယ်။

အချို့သောကိုယ်၀န်ဆောင်အားဆေးတွေမှာအပိုထည့်ထားတဲ့ဆေးရှိတတ်ပြီး ၄င်းဆေးဟာ မိမိလူနာအတွက် တကယ်လိုအပ်သောဆေးဖြစ်မဖြစ် ကို OG တယောက်အနေနဲ့ သုံးသပ်ပြီးပေးကြရလေ့ရှိပါတယ်။

(ဥပမာ ဖောလစ်အက်ဆစ် ပိုလိုအပ်မယ့်လူနာမျိုးကို ဖောလစ်အက်ဆစ် ပိုပါတဲ့ဆေးရွေးချယ်ပေးတာမျိုး)

ကျနော်တို့ ဆေးညွှန်တဲ့ အခါ---
*ပါ၀င်တဲ့ဆေးပစ္စည်း အချိုးအစား ပမာဏမှန်/မမှန်
*ဆေးပစ္စည်း ထုတ်လုပ်တဲ့ အရည်အသွေး ကောင်း/မကောင်းအာမခံချက်ပေးနိုင်တဲ့စိတ်ချရတဲ့ ထုတ်လုပ်သူ(Manufacturer)ဟုတ်မဟုတ်
*စျေးနှုန်းသင့်တော်မှုရှိမရှိ၊
*အလွယ်တကူရနိုင်/မရနိုင်၊စတာတွေကိုပဲအဓိကထားရွေးချယ် ကြရပါတယ်။

အားမနာတမ်းပြောရရင် ဆေးအများစုက
စျေးနဲ့ ထုပ်ပိုးမှု ကြော်ငြာအားပဲကွာကြတာပါ(ဥပမာ BPI ပါရာစီတမောနဲ့ နာမည်ကြီး Brandပါရာစီတမော တခု နဲ့ကွာသလိုမျိုးပါ)

သက်သက်သာသာနဲ့ အချိုးအစားမျှတတဲ့ ကိုယ်၀န်ဆောင် ဆေးဖြစ်ရင် ရပါပြီ။

ကျနော်ကတော့ Brand စွဲမ​ညွှန်လိုပါ။ ပါ၀င်ပစ္စည်းပဲအဓိကထားသုံးပါတယ်။ ပါ၀င်ပစ္စည်းချင်း နဲ့ Quality တူရင် စျေး သက်သာတာကိုပဲ ညွှန်ပါတယ်။

(Just for patients' information)

ကိုယ်၀န်ဆောင်နဲ့ ယုံမှတ်မှားမှုများ-၂

Dr.CK_OG@24/7/2023

လူနာတိုင်းကို ဆရာ၀န်တစ်ယောက်ရဲ့တာ၀န်ကျေအောင်မက ကြိုးစားလျက်ပါ🥰🥰🥰
04/07/2023

လူနာတိုင်းကို ဆရာ၀န်တစ်ယောက်ရဲ့တာ၀န်ကျေအောင်မက ကြိုးစားလျက်ပါ

🥰🥰🥰

🥇🥇🥇ချမ်းသာသုခဆေးရုံအတွက်အားဆေးလေးပါ🥇🥇🥇

ခုလို Review လေးကို အကြံပြုစာပုံးထဲကရရှိဖတ်ရှုရပြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်။

တကယ်တော့ လည်ပတ်တာမကြာသေးတဲ့ ဆေးရုံအသစ်ဖြစ်တာမို့ လုပ်ငန်း၀န်ဆောင်မှုပေးရာမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်🙏🙏🙏🙏

ဒါပေမယ့် လိုအပ်ချက်တွေကိုနေ့စဥ်ကြည့်ရှု သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက် လျက်ရှိတာကို လူနာနဲ့ မိဘပြည်သူများကိုအသိပေးလိုပါတယ်

***အဓိက လူနာကုသရေးမှာ အမှားအယွင်း မရှိစေရေး စံချိန် စံညွှန်းများနဲ့အညီ ထိရောက်သောဆေးကုသမှုရရှိနိုင်ရေး

***ကုသမှုအထောက်အကူပစ္စည်းများ၊ ဆေးနဲ့ ဆေးပစ္စည်းများ အလုံလောက် ရှိစေရေး

***ကျွမ်းကျင်သော တတ်သိပညာရှင်များ ၀န်ထမ်းများဖြင့်ကုသ​ပေးနိုင်ရေး

***လူနာများ ဆေးကုသမှုခံယူစဥ် အတတ်နိုင်ဆုံးစိတ်ချမ်းသာစွာ နေနိုင်ရေး

***ကုသစားရိတ် ၀န်ဆောင်စားရိတ်များသက်သာနိုင်သမျှ အသက်သာဆုံးဖြစ်စေရေး

***ကျန်းမာရေးစောက်ရှောက်မှုပေးနေကြသော ဆရာ၀န် ဆရာမ ၀န်ထမ်းများ လည်း အဆင်ပြေပြေ၀န်ဆောင်မှုပေးနိုင်ရေးအတွက်အဘက်ဘက်က ဟန်ချက်ညီအောင် မျော်မှန်း ကြိုးစားလျက် ရှိပါတယ်။

🗣🗣🗣လူနာတိုင်း မည့်သည့်အချိန်မဆို ဆေးကုသမှု ခံယူနိုင်အောင်၂၄နာရီ ၀န်ထမ်းအင်အားအပြည့် အစုံဖြင့်၀န်ဆောင်မှုပေးနေပါတယ်။🗣🗣🗣

အချို့သော စိတ်အနှောင့်အယှက် ဖြစ်ရမှုများ အဆင်မပြေမှုများ ရှိခဲ့ပါကလည်း ချမ်းသာသုခဆေးရုံအနေဖြင့်တောင်းပန်အပ်ပါကြောင်း ယခုထက်ပို၍ အဆင်ပြေသော၀န်ဆောင်မှုများ ပေးနိုင်အောင် အမြဲ ကြိုးစားနေမည်ဖြစ်ပါကြောင်းး----


#ချမ်းသာသုခဆေးရုံ_သန်လျင်
(ThanLyin)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr.Chit Kaung -OG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Chit Kaung -OG:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram