Htun Pharmacy - Your Health Partner

Htun Pharmacy - Your Health Partner HTUN Pharmacy - YOUR HEALTH PARTNER

Opened at Ahlone Township

Reliable pharmacy for your prescrip

- လူတိုင်း ဖျားနာ၊ ကိုက်ခဲ ဖြစ်ဖူးကြမှာပါ။ ကိုက်ခဲမယ် Biogesic, Lensen တစ်ခုခုသောက်အုံးမှ။ အအေးမိ၊ ဖျားနာမယ် Procold, Mixagrip, Fluza, Decolgen,..etc.. တစ်ခုခုသွားဝယ်သောက်မယ်။ အစာမကြေဖြစ်မယ် Enzyplex, Air X တစ်ခုခုပေါ့။ အားနည်းမယ် enervon C, Oramin G, F, Revicon .... အိုး အစုံပဲ။ အဲ့ဒီဆေးလေးတွေ အတွက် ဘယ်မှာရနိုင်မလဲ။ ဟုတ်ကဲ့။ နေရာတကာ မှာ ရနိုင်ပါတယ်။ ယုတ်စွအဆုံး ကွမ်းယာဆိုင်လိုနေရာမှာတောင် ရနိုင်ပါတယ်။ အဲ့လိုဆေးမျိုးတွေအတွက် အချိန်ကုန်ခံပြီး ဆေးဆိုင်ကြီးကြီးတွေထိသွားဝယ်စရာမလိုပါဘူး။

- အဲ..... သင် ဒါမှမဟုတ်၊ သင့်မိသားစုတစ်ယောက်ယောက် (ဖွဟဲ့ လွဲပါစေ၊ ပယ်ပါစေ) လိုအပ်ချက်တစ်ခုခုကြောင့်၊ လနဲ့ချီပြီး ဆရာဝန်ညွှန်ကြားချက် ဆေးဝါးတွေ သောက်ရတော့မယ် ဆိုပါစို့။ (ဆိုပါစို့ပါ။ တကယ်မဟုတ်ပါ။)
- အစောပိုင်းပြောခဲ့တဲ့ဆေးတွေဝယ်သလို သင်ကြုံသလို ဝယ်သောက်မှာလား။ လနဲ့ချီပြီးသောက်ရမှာ ဖြစ်တဲ့အတွက် ကိုယ်ဝယ်ချင်တဲ့ ဆေးအားလုံးကို တစ်နေရာတည်းမှာ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ရဖို့ အင်မတန်လိုအပ်လာပါပြီ။

သင်လည်းကျွနိုပ်တို့ ထွန်းဆေးဆိုင် နဲ့ နီးမယ်ဆိုရင် သင့် Prescription ကို ကျွနိုပ်တို့ တာဝန်ယူပါရစေ။

သင့် Prescription အတွက်လိုအပ်လ ျှင် ဖုန်းလေးသာဆက်လိုက်ပါ။

Just make a call for your prescription....
HTUN PHARMACY... YOUR HEALTH PARTNER

အသေးစိတ်သိလိုပါက ဆက်သွယ်ရန်....
အလုံ ထွန်းဆေးဆိုင် = 018225233, 09 79 842 3266

ချစ်ခင်လေးစားရပါသော Customerများခင်ဗျာ...  ၂၁.၃.၂၀၂၄ (ကြာသပတေးနေ့)မှ စတင်၍  ကျောင်းလမ်းရှိ ထွန်းဆေးဆိုင် အမှတ်(၂)ကို ပိတ...
19/03/2024

ချစ်ခင်လေးစားရပါသော Customerများခင်ဗျာ...

၂၁.၃.၂၀၂၄ (ကြာသပတေးနေ့)မှ စတင်၍
ကျောင်းလမ်းရှိ ထွန်းဆေးဆိုင် အမှတ်(၂)ကို
ပိတ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ထွန်းဆေးဆိုင်ရဲ့ မူရင်းဆိုင်ဖြစ်တဲ့
ငုဝါလမ်းပေါ်ရှိ ထွန်းဆေးဆိုင် အမှတ်(၁)မှာလည်း
ဆက်လက်အားပေးနိုင်သလို
ဖုန်းလေးဆက်ပြီး မှာယူလိုက်ရုံနဲ့
အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ပေးနိုင်ဖို့
အစဥ်အမြဲကြိုးစားသွားမှာမို့
ဆက်လက်အားပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ယနေ့အချိန်အထိ အစဥ်အမြဲအားပေးလာကြတဲ့
မိတ်ဟောင်းမိတ်သစ် Customerများကိုလည်း
လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266



ဝါလကင်းလွတ် သီတင်းကျွတ် နေ့ထူးနေ့မြတ်အခါမှာ ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းပါစေကြောင်း Htun Pharmacyမိသားစုမှ ဆုမွန်ကေ...
29/10/2023

ဝါလကင်းလွတ် သီတင်းကျွတ် နေ့ထူးနေ့မြတ်အခါမှာ
ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်းပါစေကြောင်း
Htun Pharmacyမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။


၂၉.၁၀.၂၀၂၃ (တနင်္ဂနွေနေ့) သီတင်းကျွတ်လပြည့်နေမှာ ဆိုင်တစ်ရက်ပိတ်မည်ဖြစ်ပါသဖြင့်ဆိုင်နှင့် Pageဝန်ဆောင်မှုများ ရပ်နားထားမ...
28/10/2023

၂၉.၁၀.၂၀၂၃ (တနင်္ဂနွေနေ့)
သီတင်းကျွတ်လပြည့်နေမှာ ဆိုင်တစ်ရက်ပိတ်မည်ဖြစ်ပါသဖြင့်
ဆိုင်နှင့် Pageဝန်ဆောင်မှုများ ရပ်နားထားမည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည်။
ဝန်ဆောင်မှုများအားလုံးကို
၃၀.၁၀.၂၀၂၃တွင် ပြန်လည်ရရှိသွားမည်ဖြစ်ပါသည်။

သီတင်းကျွတ်လပြည့်အခါသမယမှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏🙏


ဖောလစ်အက်ဆစ် ချို့တဲ့နေရင် ဒါတွေ ခံစားရနိုင်ပါတယ်😅😅  ဗီတာမင်ဘီအုပ်စုတွေက လူအများ ရံဖန်ရံခါ သောက်လေ့ရှိတဲ့ အားဆေးလို့ခေါ်...
06/10/2023

ဖောလစ်အက်ဆစ် ချို့တဲ့နေရင် ဒါတွေ ခံစားရနိုင်ပါတယ်😅😅

ဗီတာမင်ဘီအုပ်စုတွေက လူအများ ရံဖန်ရံခါ သောက်လေ့ရှိတဲ့ အားဆေးလို့ခေါ်တဲ့ multivitamin & mineral supplements တွေ ထဲမှာ ပါလေ့ရှိပါတယ်။ ဒါပေမဲ့ B1, B2, B3, B6 နဲ့ B12 တွေသာ အပါများပြီး B7 လို့ခေါ်တဲ့ ဘိုင်အိုတင် နဲ့ B9 လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တို့ ပုံမှန် ပါလေ့မရှိပါဘူး။

ဖောလစ်အက်ဆစ်ဆိုရင် ကိုယ်ဝန်ဆောင်တွေပဲ သောက်ရတယ်လို့ ထင်တတ်ကြပါတယ်။ နေ့စဉ်အစာအာဟာရတွေထဲမှာ ဖောလစ်အက်ဆစ်က မရှားလို့ ချို့တဲ့တဲ့ပြဿနာ အရမ်းမတွေ့ရပေမဲ့ တချို့လူတွေမှာ ရှိနေနိုင်ပါတယ်။

ဖောလစ်အက်ဆစ် ချို့တဲ့ရင် -

❗️ သွေးအားနည်းရောဂါတစ်မျိုး ဖြစ်ဖို့ အားပေးပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ရာသီကနေ သံဓာတ်ဆုံးရှုံးမှုရှိပါတယ်။ မြန်မာပြည်ဟာ အသားစားနည်းတဲ့ တိုင်းပြည်၊ တချို့အသားတွေ ရှောင်တတ်ကြတဲ့ တိုင်းပြည်ဖြစ်ပြီး သံဓာတ်အားဖြည့်ဆေး မှီဝဲကြတဲ့ အလေ့အထ မရှိကြတော့ သွေးအားနည်းတဲ့ ပြဿနာဟာ မြန်မာအမျိုးသမီးတွေရဲ့ % တစ်ခုမှာ သေချာရှိပါတယ်။ ဒီကြားထဲမှာ ဖောလစ်အက်ဆစ်ပါ ထပ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ပိုဆိုးစေပါတယ်။

❗️ သတိမေ့တတ်ဖို့နဲ့ စိတ်ဆတ်ဖို့ အားပေးပါတယ်။

❗️ တချို့သော ဝမ်းလျှောလွယ်မှု၊ အစာအိမ်အူလမ်းကြောင်း မအီမသာဖြစ်မှုတွေဟာ ဖောလစ်အက်ဆစ် ချို့တဲ့မှုနဲ့ ဆက်စပ်ပါတယ်။

❗️ ပါးစပ်ထဲမှာ အနာခဏခဏဖြစ်ဖို့ အားပေးပါတယ်။ (Stress Ulcer ခဏခဏ ရရင် ဆရာဝန်ခွင့်ပြုချက်မလိုဘဲ ဝယ်လို့ရတဲ့ B အုပ်စုတွေ သောက်ပေးဖို့ အကြံပေးချင်ပါတယ်)

❗️ ကလေးငယ်တွေ၊ လူငယ်တွေ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်မှာ မထွားလာတာမျိုး ဖြစ်တတ်ပါတယ်။

‼️ အဆိုးဆုံးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင်တွေမှာ ဖောလစ်အက်ဆစ် ချို့တဲ့ရင် ရင်သွေးမှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေပါလာနိုင်တာပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ စတင်စီစဉ်ချိန်ကတည်းက မိခင်လောင်းဟာ ဖောလစ်အက်ဆစ် စတင်မှီဝဲသင့်ပါတယ်။ ဖခင်လောင်းပါ မှီဝဲရင် သုက်ပိုးတွေရဲ့ အရေအတွက်နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလို့ သားသမီးအရ ပိုလွယ်စေပါတယ်။

ဖောလစ်အက်ဆစ် မချို့တဲ့ရလေအောင် ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ရှောက်သံပရာအနွယ်ဝင် အသီးမျိုးစုံ (လိမ္မော်၊ ရှောက်ချို၊ ကျွဲကော စသည်)၊ ကညွှတ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲပင်ပေါက်၊ မြေပဲပင်ပေါက်ကဲ့သို့ အပင်ပေါက်များ၊ သင်္ဘောသီး၊ နေကြာစေ့၊ အသည်း စတာတွေကို စုံလင်အောင် စားသုံးပေးပြီး ဆရာဝန်ညွှန်ကြားချက်နဲ့ အတူ လိုအပ်ရင် ဖောလစ်အက်ဆစ် အားဆေး သောက်သုံးပေးသင့်ပါတယ်။

အသည်းရောဂါရှိတဲ့သူတွေဆိုရင် ပုံမှန် မကြာမကြာ သောက်ပေးဖို့ကို လိုအပ်ပါတယ်။



(မူရင်း Postကို လွတ်လပ်စွာ Shareနိုင်ပါသည်။
HTUN Pharmacy - Your Health Partner၏ မူပိုင် Contentများကို Creditပေး၍သော်လည်းကောင်း Creditမပေး၍သော်လည်းကောင်း ကူးယူဖော်ပြခြင်းများ ခွင့်မပြုပါ။)

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266



အမှတ်(၁၅/B)၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 79 314 1530



အမျိုးသမီးတွေအတွက် “ဖြည့်စွက်စာကောင်း” လို့ လူသိများလှတဲ့ Evening Primrose Oil (EPO) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို က...
05/10/2023

အမျိုးသမီးတွေအတွက် “ဖြည့်စွက်စာကောင်း” လို့ လူသိများလှတဲ့ Evening Primrose Oil (EPO) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြားဖူးပြီး ဖြစ်ပါလိမ့်မယ်။ 💁
ဒါပေမယ့် ဒီအကျိုးကျေးဇူးတွေက တစ်ကမ္ဘာလုံး လက်ခံယုံကြည်ထားကြတာတော့ မဟုတ်သေးပါဘူး။🙅🙅

အခုပြောပြသွားမှာကတော့ Evening Primrose Oil ရဲ့ သိပ္ပံနည်းကျ တွေ့ရှိလက်ခံထားတဲ့ အချက်တွေဖြစ်လို့ စိတ်ချလက်ချယုံကြည်လိုက်လို့ ရပါပြီ။

✅နှင်းခူနာ
🌻EPO ရဲ့ အစွမ်းသတ္တိဟာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ နှင်းခူနာ ကို သက်သာစေနိုင်ပါတယ်။ ပုံမှန်မှီဝဲပေးရင် နှင်းခူကြောင့်ယားယံတာ၊ ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။

✅သွေးဆုံးကိုင်ဝေဒနာ
🌻အမျိုးသမီးတိုင်း တွေ့ကြုံခံစားရလေ့ရှိတဲ့ သွေးဆုံးခါနီးဖြစ်တတ်တဲ့ ဝေဒနာများကို EPO နဲ့ ထိန်းညှိနိုင်ပါတယ်။ ရင်သားနာကျင်တာ၊ စိတ်အတက်အကျမြန်တာတွေအပါအဝင် တခြားသော လက္ခဏာများကို သက်သာပျောက်ကင်းစေပါတယ်။

✅အရိုးအဆစ်နာ
🌻EPO ရဲ့ ဂုဏ်သတ္တိက အရိုးအဆစ်နဲ့ပတ်သက်တဲ့ နာကျင်တောင့်တင်းမှုတွေကို ပြေလျော့စေပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာ၊ နာကျင်တာတွေအတွက် EPO သောက်သုံးနိုင်ပါတယ်။

✅အာရုံကြောရောင်ရမ်းနာ
🌻ဆီးချိုရောဂါရှိသူတွေအပါအဝင် အာရုံကြောနဲ့ပတ်သက်ပြီး ရောင်ရမ်းနာကျင်ခြင်း၊ အားနည်းခြင်းများအတွက် EPO က ကူညီပေးနိုင်ပါတယ်။

✅နှလုံးကျန်းမာရေး
🌻EPO ဟာ ကိုလက်စထရောလို့ခေါ်တဲ့ သွေးတွင်းအဆီဓာတ်ကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်တယ်လို့လည်းဆိုပါတယ်။

✅အသားအရေဝင်းလက်မှု
🌻ကျန်းမာတဲ့ အသားအရေ၊ ဆံပင်၊ လက်သည်းတို့ ပိုင်ဆိုင်နိုင်ဖို့ရာ omega- 6 ပါဝင်တဲ့ EPO ကို သောက်သုံးနိုင်ပါတယ်။

ဒီကျန်းမာရေးအကျိုးကျေးဇူးတွေက ဆေးပညာအရအတည်ပြုထားပေးတာဖြစ်ပေမယ့် သုံးစွဲသူတစ်ဦးနဲ့တစ်ဦးအပေါ်မူတည်ပြီး ကွဲပြားချက်အနည်းငယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဖြည့်စွက်အာဟာရဓာတ်ကိုမဆို စတင်မမှီဝဲခင် ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သေချာစွာ သောက်သုံးကြဖို့အကြံပြုလိုက်ပါရစေ။ 😍😍

(မူရင်း Postကို လွတ်လပ်စွာ Shareနိုင်ပါသည်။
HTUN Pharmacy - Your Health Partner၏ မူပိုင် Contentများကို Creditပေး၍သော်လည်းကောင်း Creditမပေး၍သော်လည်းကောင်း ကူးယူဖော်ပြခြင်းများ ခွင့်မပြုပါ။)

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266



အမှတ်(၁၅/B)၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 79 314 1530



အရေပြားဓာတ်မတည့်မှုဖြစ်လွယ်သူတစ်ယောက်လား။ ❓❓ ဒီအချက်လေးတွေက skin allergy ဖြစ်လေ့ရှိတဲ့ သင့်အတွက် အကျိုးရှိရှိကာကွယ်ပေးနိ...
28/08/2023

အရေပြားဓာတ်မတည့်မှုဖြစ်လွယ်သူတစ်ယောက်လား။ ❓❓
ဒီအချက်လေးတွေက skin allergy ဖြစ်လေ့ရှိတဲ့ သင့်အတွက် အကျိုးရှိရှိကာကွယ်ပေးနိုင်မှာပါ။

ဘာကြောင့်ဖြစ်ရလဲ ဆိုတာ ဆန်းစစ်ပါ။
skin allergy ဖြစ်တဲ့ ရက်၊ အရေပြားနေရာတွေကို မှတ်စုလေးနဲ့မှတ်ထားရင် ဘာကြောင့် skin allergy ဖြစ်ရတယ်ဆိုတာအလွယ်တကူ ကောက်ချက်ချလို့ရပါတယ်။


1. ဓာတ်မတည့်တာတွေကိုရှောင်ပါ။
✅မတည့်တဲ့ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နဲ့ ဆပ်ပြာအပါအဝင်တိရစ္ဆာန်နဲ့အပင်တွေကိုပါ မထိတွေ့မိအောင်ရှောင်ရှားပါ။

2. Hypoallergenic Products တွေကိုရွေးချယ်ပါ။
✅Skin allergy ဖြစ်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေက စိတ်အချရဆုံးဖြစ်ပါတယ်။

3. စမ်းသပ်ပြီးမှ သုံးစွဲပါ။
✅ဘာပစ္စည်း၊ ဘယ်လိုထုတ်ကုန်ပဲဖြစ်ဖြစ် အရေပြားပေါ်မှာအနည်းငယ်စမ်းသပ်ပြီးမှ စတင်သုံးစွဲဖို့အကြံပေးချင်ပါတယ်။

4. အနံ့မပါတာတွေ ရွေးသုံးပါ။
✅အမွှေးနံ့ပြင်းတဲ့ပစ္စည်းတွေက အရေပြားဓာတ်မတည့်သူတွေအတွက် မသင့်တော်တာဖြစ်လို့ အနံ့မပါတဲ့ပစ္စည်းတွေကိုရွေးချယ်သုံးစွဲသင့်ပါတယ်။

5. အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။
✅အချို့သော ပိတ်စအသား၊ ချည်ဆိုးဆေးတို့နဲ့ ဓာတ်မတည့်တာမျိုးဖြစ်တတ်ရင် အရေပြားနဲ့ထိတွေ့မှု တတ်နိုင်သမျှနည်းအောင် အရေပြားကိုကာကွယ်ဖုံးအုပ်ဖို့လိုပါတယ်။

6. ဆပ်ပြာအပျော့စားကိုသုံးပါ။
✅ဓာတုဆေးများတဲ့ ဆပ်ပြာ၊ ချေးချွတ်ဆေးတွေက အရေပြားဓာတ်မတည့်မှုကိုအားပေးလို့ ဆပ်ပြာအပျော့စားလေးတွေ ရွေးချယ်ရပါမယ်။

7. အစိုဓာတ်ထိန်းသိမ်းပါ။
✅အရေပြားအစိုဓာတ်ကိုထိန်းသိမ်းထားတာက ဓာတ်မတည့်မှုဖြစ်စေတဲ့အလားအလာတွေကို လျှော့ချပေးနိုင်ပါတယ်။

8. ရေအေးအေးလေးနဲ့ ရေချိုးပါ။
✅ရေပူတွေက အရေပြားပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပေးပြီး ဓာတ်မတည့်မှုဖြစ်ပေါ်ဖို့ ပိုမိုအားပေးတဲ့အတွက်ပါ။

9. ရေဓာတ်ပြည့်ဝအောင်နေပါ။
✅ရေများများသောက်ခြင်းကလည်း အသားအရေအတွင်းအပြင်ကို စိုပြည်စေတာကြောင့်ဓာတ်မတည့်မှုဖြစ်ပေါ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

10. ဆေးသောက်ပါ။
✅ဆေးသောက်ခြင်းဖြင့်လည်း အရေပြားဓာတ်မတည့်မှုကိုသက်သာစေပါတယ်။

11. အရေပြားအထူးကုဆရာဝန်နဲ့ ပြသပါ။
✅အရေပြားဓာတ်မတည့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်လာပါက နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်ပြသဖို့အရေးကြီးပါတယ်။

12. အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ပါ။
✅ဟစ်စတမင်းဆန့်ကျင်ဆေး (anti-histamine) အရည်အသွေးကောင်းတာတစ်ခုခု ဆောင်ထားသင့်ပါတယ်။ ဓာတ်မတည့်ရင် လေပြွန်ပါ ကျဉ်းသွားတတ်တဲ့ ပန်းနာရင်ကျပ်ရှိသူတွေဆို လေပြွန်ပြန်ကျယ်ဆေး (bronchodilator) တွေပါ ဆရာဝန်/ဆေးဝါးပညာရှင်လမ်းညွှန်ချက်နဲ့ ဆောင်ထားသင့်ပါတယ်။

အရေပြားဓာတ်မတည့်မှုဟာ လူတိုင်းမှာဖြစ်နိုင်ပေမယ့် ဖြစ်ပွါးလေ့ရှိတဲ့အခြေအနေတွေကတော့ တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ဒါကြောင့် သက်ဆိုင်ရာအရေပြားကျွမ်းကျင်ဆရာဝန်နဲ့ပြသပြီးမိမိအရေပြားအတွက် ကိုက်ညီတဲ့ကုသမှုမျိုးကို ကြိုတင်စီစဉ်ထားသင့်ပါတယ်။

(မူရင်း Postကို လွတ်လပ်စွာ Shareနိုင်ပါသည်။
HTUN Pharmacy - Your Health Partner၏ မူပိုင် Contentများကို Creditပေး၍သော်လည်းကောင်း Creditမပေး၍သော်လည်းကောင်း ကူးယူဖော်ပြခြင်းများ ခွင့်မပြုပါ။)

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266



အမှတ်(၁၅/B)၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 79 314 1530



CoQ10 ကိုကျူတန်းဆိုတာဘာလဲ ဘာတွေကောင်းတာလဲ  နှလုံးအားကောင်းစေတယ်လို့ လူသိများတဲ့ Coenzyme Q10 (CoQ10) က သဘာဝဓာတ်တိုးဆန့်က...
09/08/2023

CoQ10 ကိုကျူတန်းဆိုတာဘာလဲ
ဘာတွေကောင်းတာလဲ

နှလုံးအားကောင်းစေတယ်လို့ လူသိများတဲ့ Coenzyme Q10 (CoQ10) က သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ဖြစ်ပြီး ဆဲလ်တွင်းစွမ်းအင်ထုတ်လုပ်ရာမှာ အရေးပါလှပါတယ်။ CoQ10 တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ တည်ရှိပြီး အထူးသဖြင့် နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တို့မှာ ပိုတွေ့ရတတ်ပါတယ်။ လေသင်တုန်းဖြတ်ခြင်း၊ နှလုံးသွေးလွှတ်ကြောနဲ့ပတ်သက်တဲ့ အောက်ပါ ရောဂါအခြေအနေတွေအတွက် CoQ10 က အစွမ်းထက်တယ်လို့လည်း အထောက်အထားတွေ တွေ့ရှိရပါတယ်။

နှလုံးသွေးကြော ကျန်းမာရေး
CoQ10 က နှလုံးအားကောင်းစေတယ်လို့ ဆေးပညာစစ်ဆေးချက်တွေ အရ သိရှိထားပြီးဖြစ်ပါတယ်။ နှလုံးဆဲလ်များကို တိုးပွားစေခြင်း၊ နှလုံးသွေးကြောလုပ်ဆောင်မှုများကို ပံ့ပိုးပေးခြင်း၊ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊ နှလုံးသွေးကြောအဆီဖုံးခြင်းစတဲ့ ဝေဒနာများအတွက် antioxidant အဖြစ် ကာကွယ်စွမ်းဆောင်ပေးပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ရောင်ရမ်းနာကျင်မှုများ လျော့ကျစေခြင်း၊ သွေးဖိအားပုံမှန်ဖြစ်ရန် ထိန်းညှိပေးခြင်းနဲ့ နှလုံးသွေးညှစ်ထုတ်နိုင်မှုကို ပံ့ပိုးပေးခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ဖို့ဆိုရင် CoQ10 က သက်စောင့်ဆေးဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရဲ့ ကနဦးလက္ခဏာဖြစ်တဲ့ နှလုံးအောင့်ခြင်းအတွက် ဖြည့်စွက်စာအဖြစ်လည်း CoQ10 ကို သောက်သုံးနိုင်ပါတယ်။

လေသင်တုန်းဖြတ်ခြင်း
ဆေးသိပ္ပံလေ့လာတွေ့ရှိမှုတွေအရ CoQ10 က လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါတယ်။ ဦးနှောက်ဆဲလ်စွမ်းအင်ကို တိုးမြှင့်ပေးတဲ့အတွက် အာရုံကြောတစ်ရှူးတွေရဲ့ ကျန်းမာရေးနဲ့ စွမ်းဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီး ရောင်ရမ်းမှုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိကြောင့် လေသင်တုန်းဖြတ်ခြင်းနဲ့ နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားခြင်းတို့ကို ကြိုတင်ကာကွယ်ပေးပါတယ်။

သွေးဖိအားထိန်းညှိခြင်း
သွေးတိုးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းတို့ရဲ့ ကနဦးလက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ CoQ10 ကို ဖြည့်စွက်စာအနေနဲ့ မှီဝဲပေးထားမယ်ဆိုရင် သွေးဖိအားကို ထိန်းညှိထားပြီး သွေးကြောတွင်းလုပ်ဆောင်မှုများကို မြှင့်တင်ပေးကာ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။


ရောင်ရမ်းနာလျော့ကျခြင်း
နှလုံးသွေးကြောအပါအဝင် ခန္ဓာကိုယ်အနှံ့ကသွေးကြောတွေနဲ့ ဦးနှောက်သွေးကြောတွေ ရောင်ရမ်းနာကျင်ခြင်းမှ ကင်းဝေးစေပြီး သွေးကြောပေါက်ခြင်း၊ပျက်စီးခြင်းတို့မှ ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိလည်း CoQ10 မှာ ပါဝင်နေပါတယ်။

ရုတ်တရက် နှလုံးထဖောက်ခြင်းမှ ပြန်လည်ကျန်းမာခြင်း
ရုတ်တရက် နှလုံးထဖောက်ခြင်း (heart attack) ဖြစ်ပြီးနောက်မှာ နှလုံးကျန်းမာရေး ပြန်လည်ကောင်းမွန်စေဖို့ CoQ10 က ကူညီပေးပါတယ်။ နှလုံးဆဲလ်တွေ နောက်တစ်ကြိမ် မပျက်စီးအောင် ကာကွယ်ပေးပြီး ပျက်စီးသွားတဲ့ ဆဲလ်တွေကိုလည်း ပြန်လည်ပြုပြင်ပေးဖို့နဲ့ အသစ်ထပ်မံတိုးပွားစေဖို့ ကူညီပေးလို့ နှလုံးကျန်းမာရေးအတွက် ဘက်စုံထောင့်စုံကနေ တိုးတက်ကောင်းမွန်စေပါတယ်။

CoQ10 က နှလုံးကျန်းမာရေးအတွက် ဖြည့်စွက်စာပဲ ဖြစ်တာကြောင့် နှလုံးကုသမှုအတွက် လိုအပ်တဲ့ဆေးဝါးတွေနေရာမှာ ရာနှုန်းပြည့်အစားထိုးလို့ မရတာကိုတော့ သတိပြုရပါမယ်။ သင့်အနေနဲ့ ကျန်းမာရေးချို့ယွင်းမှုများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေသင်တုန်းဖြတ်ခြင်းတို့ ဖြစ်နိုင်တဲ့ အလားအလာ ရှိနေပါက သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

(မူရင်း Postကို လွတ်လပ်စွာ Shareနိုင်ပါသည်။
HTUN Pharmacy - Your Health Partner၏ မူပိုင် Contentများကို Creditပေး၍သော်လည်းကောင်း Creditမပေး၍သော်လည်းကောင်း ကူးယူဖော်ပြခြင်းများ ခွင့်မပြုပါ။)

HTUN Pharmacy - Your Health Partner

မြန်မာနိုင်ငံအနှံ့ (ပို့ဆောင်ပေးရန် အခက်အခဲ မရှိသည့်ဒေသများသို့) ပို့ဆောင်ပေးပါသည်။



Viber = 09798423266



အမှတ်(၉၈/B)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 018 225233, 09 79 842 3266



အမှတ်(၁၅/B)၊ ကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 79 314 1530



ကျန်းမာရေးအယူအဆ အလွဲလေးများ(၁) တစ်နေ့ကို ရေ ၈ ဖန်ခွက် မဖြစ်မနေ သောက်ရမယ်။ ❌သင်ရေဆာလာတဲ့အချိန်ဟာ ရေသောက်ဖို့လိုအပ်တဲ့အချိ...
26/07/2023

ကျန်းမာရေးအယူအဆ အလွဲလေးများ

(၁) တစ်နေ့ကို ရေ ၈ ဖန်ခွက် မဖြစ်မနေ သောက်ရမယ်။ ❌

သင်ရေဆာလာတဲ့အချိန်ဟာ ရေသောက်ဖို့လိုအပ်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ၈ ဖန်ခွက်စာ အတိအကျသောက်ဖို့မလိုပါဘူး။

(၂) ကြက်ဥက နှလုံးကျန်းမာရေးအတွက်မကောင်းဘူး။ ❌

ကြက်ဥအနှစ်မှာ ကိုလက်စထရောပါတာ ဟုတ်ပါတယ်။ ဒါပေမယ့် ပါဝင်မှု ပမာဏနည်းတဲ့အတွက် စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

(၃) ချိုင်းချွေးနံ့ပျောက်ဆေးတွေက ရင်သားကင်ဆာဖြစ်စေတယ်။ ❌

ချိုင်းချွေးနံ့ပျောက်ဆေးတွေရဲ့ chemical တွေကို ချိုင်းသားအရေပြားကနေ စုပ်ယူပြီး ရင်သားတစ်ရှူးတွေဆီမှာ စုသွားတဲ့အတွက် ကင်ဆာဖြစ်တယ်လို့ ပြောကြပေမယ့် National Cancer Institute ကတော့ ဒီအတွက် ဘယ်လို သက်သေအထောက်အထားမှမရှိဘူးလို့ ပြန်လည်ချေပထားပါတယ်။

(၄) ရာသီဥတုအေးရင် အအေးမိမယ်။ ❌

သင်သာကျန်းမာရေးကောင်းနေရင် ဘယ်လိုရာသီဥတုဖြစ်ဖြစ် ခံနိုင်ရည်ရှိပါတယ်။ ကိုယ်ခံအားနည်းနေရင်တောင် အိမ်ထဲမှာပဲနေရင်တောင် ဖျားနိုင်ပါတယ်။

(၅) မနက်စာစားရင် ဝိတ်ကျတယ်။ ❌

မနက်စာစားထားတဲ့အခါ တခြားအာသီသရှိတာတွေကို ဝင်ချည်ထွက်ချည်မစားဖြစ်တော့တာကြောင့် ဝိတ်ကျသလို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် မနက်စာမစားဖြစ်ရင်လည်း ဝိတ်မတက်လာပါဘူး လို့ Cornell University ရဲ့ စစ်ဆေးချက်တစ်ရပ်က သက်သေပြထားပါတယ်တဲ့။

ပဋိဇီဝဆေး/ ပိုးသတ်ဆေးယဉ်ပါးလာခြင်းပြဿနာကို ဘယ်လို ရှောင်ရှားမလဲပဋိဇီဝဆေး ယဉ်ပါးခြင်းဟာ သာမန်ပြဿနာမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိ...
20/07/2023

ပဋိဇီဝဆေး/ ပိုးသတ်ဆေးယဉ်ပါးလာခြင်းပြဿနာကို ဘယ်လို ရှောင်ရှားမလဲ

ပဋိဇီဝဆေး ယဉ်ပါးခြင်းဟာ သာမန်ပြဿနာမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ အစားအသောက်ဘေးကင်းမှု နဲ့ ခေတ်အခြေအနေဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဒုက္ခပေးနိုင်တဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေထဲက တစ်ခုဆိုတဲ့ အနေအထား ဖြစ်လာနေပါတယ်။

ကမ္ဘာအရပ်ရပ်က လူမျိုးမရွေး၊ အသက်အရွယ်မရွေး ပဋိဇီဝဆေး ယဉ်ပါးခြင်းဖြစ်စဉ်ကို ခံစားရနိုင်ပါတယ်။

ပဋိဇီဝဆေး ယဉ်ပါးခြင်းက သဘာဝအလျောက်ဖြစ်ပွါးတာလည်းရှိပေမယ့် လူနဲ့ တိရစ္ဆာန်တို့က ပဋိဇီဝဆေးကို အလွန်အကျွံသုံးစွဲမိရာကနေလည်း ဆေးယဉ်ပါးခြင်းကို မြင့်တက်လာစေပါတယ်။

ကူးစက်မြန်တတ်တဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ တီဘီအဆုတ်နာ၊ ဆီးပူညောင်းကျရောဂါနဲ့ အစာအဆိပ်သင့်ခြင်းတို့လို ရောဂါတွေအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေဆိုရင် လူတွေက ပိုမိုယဉ်ပါးလာပြီး ဆေးအာနိသင်လျော့လာတဲ့အတွက် ဒီရောဂါတွေကို ကုသဖို့ ပိုပြီး ခက်ခဲလာပါတယ်။

ဆေးယဉ်ပါးလာတာနဲ့အမျှ ရောဂါအရှင်းပျောက်ကင်းဖို့ ဆေးရုံရက်ရှည်တက်ရတာ၊ ဆေးကုသစရိတ်ပိုမိုကုန်ကျတာနဲ့ အဆိုးဆုံးအခြေအနေမှာဆိုရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့်

📌 ပဋိဇီဝဆေးတွေကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆေးပညာရှင်တို့ရဲ့ ခွင့်ပြုချက်မပါဘဲ မသောက်သုံးဖို့

📌 မလိုအပ်ဘဲ မသောက်သုံးဖို့ အရေးကြီးပါတယ်။

📌 ပဋိဇီဝဆေး သောက်သုံးရန် လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ရက်ပြည့်အောင်၊ ပမာဏပြည့်အောင် တိတိကျကျ လိုက်နာပြီး သောက်သုံးရပါမယ်။

📌 သောက်လက်စ သို့မဟုတ် အပိုကျန်နေတဲ့ ပဋိဇီဝဆေးတွေကို သူများအတွက် မျှဝေပေးခြင်းမျိုး မလုပ်မိဖို့ သတိပြုရပါမယ်။

📌 လက်ကိုပုံမှန်ဆေးကြောခြင်း၊ အစားအသောက်များကို ကျန်းမာရေးနဲ့ညီညွတ်စွာ ပြင်ဆင်ခြင်း၊ လူမမာများနဲ့ နီးနီးကပ်ကပ်မနေခြင်း၊ စိတ်ချရတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးခြင်းနဲ့ ကာကွယ်ဆေးပုံမှန်ထိုးနှံခြင်းတို့ ပြုလုပ်ပြီး ရောဂါပိုးကူးစက်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

အစားအသောက်သန့်ရှင်းစေဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အစားအသောက်ဘေးကင်းရေး သော့ချက် ၅ ချက်နဲ့အညီ အစားအသောက်များကို ပြင်ဆင်နိုင်ပါတယ်။

- အစားအသောက်များကို သန့်ရှင်းစင်ကြယ်စွာ သိမ်းဆည်းထားသိုပါ။
- မချက်ရသေးတဲ့အစားအစာတွေနဲ့ ချက်ပြီးသားအစားအစာတွေကို သီးခြားစီ ခွဲထုတ်ထားပါ။
- အစားအစာများကို ကျက်အောင် ချက်ပြုတ်ပါ။
- အစားအသောက်များကို သင့်တော်တဲ့အပူချိန်များမှာ ထိန်းသိမ်းထားပါ။
- သန့်ရှင်းတဲ့ရေနဲ့ အစားအစာကုန်ကြမ်းများကိုသာ အသုံးပြုပါ။

ပိုးသတ်ဆေးနဲ့ ဓာတုဆေးကင်းလွတ်တဲ့ အသား၊ ငါး အသီးအရွက်များကို ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။

အာဇာနည်နေ့တိုင်း (၁)နှစ်ပြည့်တဲ့ ဆေးဆိုင်လုပ်ငန်းက ဒီနေ့နဲ့ဆို (၁၁)နှစ်ပြည့်သွားပြန်ပါပြီ။လုပ်ငန်း တိုးတက် အောင် ကြိုးစာ...
19/07/2023

အာဇာနည်နေ့တိုင်း (၁)နှစ်ပြည့်တဲ့ ဆေးဆိုင်လုပ်ငန်းက ဒီနေ့နဲ့ဆို (၁၁)နှစ်ပြည့်သွားပြန်ပါပြီ။

လုပ်ငန်း တိုးတက် အောင် ကြိုးစား ပေးကြတဲ့ ဝန်ထမ်း တစ်ယောက်စီ တိုင်းကိုလည်း ကျေးဇူး တင်ပါတယ်။ မိတ်ဖက် companyမှ ဝန်ထမ်းများ၊ မင်္ဂလာစျေး လက်ကားဒိုင်များ ကိုလည်း ကျေးဇူးတင်ပါတယ်။ ၁၁နှစ်တိုင် အားပေးကြတဲ့ customer တစ်ယောက်စီတိုင်းကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။

လုပ်ငန်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဓနအင်အား၊ စိတ်ဓာတ်ခွန်အား တွေ ပေးခဲ့ကြတဲ့ မိသားစုဝင် တွေ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။

သိထားသင့်တဲ့ Vitamin C ရဲ့ အကောင်းအဆိုးအချို့VIitamin C ဗိုက်တာမင်စီဟာ ဆေးဝါးဈေးကွက်ထဲမှာ အတွင်ကျယ်ဆုံး ဖြည့်စွက်အာဟာရတစ...
04/07/2023

သိထားသင့်တဲ့ Vitamin C ရဲ့ အကောင်းအဆိုးအချို့

VIitamin C ဗိုက်တာမင်စီဟာ ဆေးဝါးဈေးကွက်ထဲမှာ အတွင်ကျယ်ဆုံး ဖြည့်စွက်အာဟာရတစ်ခု ဖြစ်ပါတယ်။

အအေးမိနှာစေး၊ လည်ချောင်းယား၊ ဓာတ်မတည့်တဲ့ ဝေဒနာတွေကို သက်သာစေသလို ကိုယ်ခံအားတက်ဖို့ အထောက်အပံ့ပေးလို့ ဆရာဝန်တွေကလည်း ညွှန်ကြားသလို အကြားအမြင်ဗဟုသုတများတဲ့ ခေတ်မလို့ ကိုယ့်ဟာကိုယ်လည်း သောက်ကြပါတယ်။

စိတ်ကိုလည်း နာရီတချို့လောက် ကြည်လင်လန်းဆန်းစေပါတယ်။ အထူးသဖြင့် ဗိုက်တာမင်ဘီအုပ်စုနဲ့ တွဲသောက်ရင်ပေါ့နော်။ B နဲ့ C တွဲထားတဲ့ ဆေးတွေက စိတ်ဖိစီးမှုကို ယာယီလျှော့ချပေးနိုင်တာ ဒါကြောင့်ပါ။

ဓာတ်တိုးပစ္စည်း (free radical) တွေကို ကာကွယ်ပေးသလို အရေပြားကို တင်းရင်းစိုပြည်စေတဲ့ သဘာဝ ကိုလာဂျင်တစ်သျှူးတွေ တိုးပွားမှုကို အားပေးလို့ အရွယ်တင်နုပျိုမှုကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ပေးပါတယ်။ သံဓာတ်နဲ့ အခြားအရေးပါတဲ့ သတ္တုဓာတ်တွေကို အူလမ်းကြောင်းက စုပ်ယူမှုအဆင်ပြေစေပါတယ်။

ဒီလို ကောင်းကျိုးတွေ အများကြီးရှိလို့ လိမ်းတဲ့ထုတ်ကုန်တွေပါ တီထွင်လာကြပါတယ်။ သူ့ရဲ့ လိမ်းရင်ရတဲ့ အာနိသင်တွေကို ပုံလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။

ဗိုက်တာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင်အမျိုးအစား ဖြစ်လို့ များများသောက်မိလည်း မြင်သာတဲ့ အန္တရာယ် မရှိပေမဲ့ ပမာဏများများကို ကာလကြာရှည် သောက်မယ်ဆိုရင်တော့ ဆီးကျောက်တည်နိုင်တဲ့ အခွင့်အလမ်း တက်လာစေပါတယ်။

နောက်ထပ် သတိထားသင့်တဲ့ အချက်တစ်ချက်က အစာချေရည်အက်ဆစ်ဓာတ်များတဲ့သူတွေ အစာနည်းချိန် ဗိုက်တာမင်စီကို သောက်ချလိုက်ရင် အက်ဆစ်ဓာတ်တွေ ပိုများလာစေပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါရှိသူတွေ ဗိုက်တာမင်စီစားရင် အစာရှိသင့်သလို အက်ဆစ်ဓာတ်နည်းတဲ့ non-acidic vitamin C အမှတ်တံဆိပ်တွေကို ရွေးချယ်သင့်ပါတယ်။

ပရိုဘိုင်အောတစ်အကြောင်း လိုတိုရှင်းပရိုဘိုင်အောတစ် (Probiotics) ဆိုတာ အဏုဇီဝ ဘက်တီးရီးယား ပိုးမွှားလေးတွေ ဖြစ်ပါတယ်။ လူ့...
28/06/2023

ပရိုဘိုင်အောတစ်အကြောင်း လိုတိုရှင်း

ပရိုဘိုင်အောတစ် (Probiotics) ဆိုတာ အဏုဇီဝ ဘက်တီးရီးယား ပိုးမွှားလေးတွေ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ သဘာဝအတိုင်း တွေ့ရလေ့ရှိပါတယ်။ လူသားအတွက် အန္တရာယ်မပေးဘဲ ကောင်းကျိုးတွေ ပေးသလို ၎င်းတို့နည်းသွားရင်လည်း ဆိုးကျိုးတွေ ရှိလာနိုင်လို့ ဖြည့်စွက်အာဟာရအနေနဲ့ မှီဝဲခြင်းဟာ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ ကမ္ဘာတဝှမ်း ခေတ်စားလာပါတယ်။

တကယ်တော့ ပရိုဘိုင်အောတစ်တွေကို ဒိန်ချဉ်၊ ချိစ်၊ ချဉ်ဖတ်ကဲ့သို့ စားစရာများ၊ ပဲပိစပ်၊ နောက်ပိုင်းခေတ်စားလာတဲ့ ကီဖာ စတဲ့ စားစရာမျိုးစုံကို စားရုံနဲ့ ရရှိနိုင်ပါတယ်။ အထူးလိုအပ်တဲ့ အခြေအနေတွေမှာတော့ အလျင်မီအောင် supplement အနေနဲ့ သောက်သင့်ပါတယ်။ ဥပမာ ဝမ်းလျှော/ဝမ်းကိုက်ခြင်း၊ အသက်ရှူလမ်းကြောင်း ကူးစက်ခံရပြီး အအေးမိနှာစေးဖြစ်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဖြည့်စွက်စာအနေနဲ့ အခါအားလျော်စွာ မှီဝဲပေးရင်လည်း ကောင်းပါတယ်။

ပရိုဘိုင်အောတစ် ပြည့်ဝသူတွေမှာ အအေးမိဖျားနာတဲ့ အကြိမ်အရေအတွက် သိသိသာသာနည်းတာ တွေ့ရှိအတည်ပြုထားပါတယ်။

ပရိုဘိုင်အောတစ် အကျိုးပြုပိုးမွှားလေးတွေဟာ အဓိကအားဖြင့် ခံတွင်းနဲ့ အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းတွေလို ပြင်ပလေထု၊ ပြင်ပအရာနဲ့ ထိစပ်ရတဲ့ နေရာတွေမှာ ပုံမှန်အားဖြင့် ရှင်သန်ပေါက်ပွားကြပါတယ်။

၎င်းတို့ရှိသင့်တဲ့ ပမာဏရှိရင် ရောဂါတွေပေးနိုင်တဲ့ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်တွေ ဝင်နေရာလု မပေါက်ပွားနိုင်အောင် အလိုလိုတားဆီးပြီးသား ဖြစ်သလို ဆေးသိပ္ပံလေ့လာချက်တွေအရ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို အထောက်အပံ့ ဖြစ်စေခြင်း၊ အချို့သော ကင်ဆာများကို ကာကွယ်နိုင်ခြင်း၊ အူလမ်းကြောင်း ပြဿနာများစွာကို တိုးတက်ကောင်းမွန်စေခြင်း၊ ပန်းနာရင်ကျပ်၊ နှင်းခူနှင့် အခြားဓာတ်မတည့်ရောဂါရှိသူများအတွက် ကောင်းကျိုးများခြင်း၊ သွေးတွင်း ကိုလက်စထရောအဆီဓာတ် မတက်အောင် အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ အအေးမိနဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုတွေ ဖြစ်နိုင်စွမ်းကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို အကျိုးပြုခြင်း၊ မွေးရာပါ အူလမ်းကြောင်းပြဿနာရှိသူများ၊ နို့နှင့် ဓာတ်မတည့်သူများအတွက် သက်သာစေခြင်း စတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

ဒါတောင် လူသိများတဲ့ အချက်တွေ ရေးပြတာ ဖြစ်ပြီး ပိုမိုအသေးစိတ်တဲ့ ကောင်းကျိုးတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် ပရိုဘိုင်အိုးတစ်ကို သဘာဝအစားအစာတွေကဖြစ်စေ၊ ဖြည့်စွက်စာတွေကနေ ဖြစ်စေ ရယူမှီဝဲခြင်းဟာ အကျိုးများပါကြောင်း တင်ပြလိုက်ရပါတယ်။

(ကိုယ်ခံအား အလွန်အမင်း ကျဆင်းနေသူတွေ၊ ဆေးကုသရေးလိုအပ်ချက် တစ်ခုခုကြောင့် ကိုယ်ခံအားကို ဆေးနဲ့ တမင်ချထားရသူတွေကတော့ ဆရာဝန်ရဲ့ သီးသန့်ညွှန်ကြားချက် လိုပါလိမ့်မယ်)

အားလုံးနှစ်သက်ကြတဲ့ ကဖိန်းဓာတ်နဲ့ ပတ်သက်တဲ့ အယူအဆအမှား (၈) ခုကဖိန်းဓာတ်ဟာ အများသိတဲ့အတိုင်း ကော်ဖီ၊ လက်ဖက်ရည်တို့အပြင် အ...
15/06/2023

အားလုံးနှစ်သက်ကြတဲ့ ကဖိန်းဓာတ်နဲ့ ပတ်သက်တဲ့ အယူအဆအမှား (၈) ခု

ကဖိန်းဓာတ်ဟာ အများသိတဲ့အတိုင်း ကော်ဖီ၊ လက်ဖက်ရည်တို့အပြင် အမြှုပ်ထတဲ့အချိုရည်တွေ၊ ချောကလက်၊ အားဖြည့်အချိုရည်တွေ၊ အချို့သော ဆေးဝါးတွေထဲမှာ ပါတတ်တဲ့ လူကို ယာယီ လန်းဆန်းသလို ခံစားမှုပေးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။

ကဖိန်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆ (၈) ခုကို တင်ပြပေးသွားချင်ပါတယ်။

(၁) ကဖိန်းဟာ စွဲလမ်းစေတယ် - မှား

ကဖိန်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးလို့ ၎င်းကပေးတဲ့ လန်းဆန်းမှုကို စွဲလမ်းမှု အထိုက်အလျောက်ရှိပေမဲ့ စွဲတယ်လို့ ပြောလို့ရတဲ့အထိ ဘယ်တော့မှ မဖြစ်ပါဘူး။ ကော်ဖီဆိုင်ခဏခဏ သွားထိုင်ချင်တာမျိုးကတော့ တခြားအကြောင်းတွေရှိပါလိမ့်မယ်။

(၂) ကဖိန်းကြောင့် အိပ်မပျော်ဖြစ်စေတယ် - မှား

ကဖိန်းဟာ သွေးထဲမှာ အကြာကြီး မနေပါဘူး။ ဒါကြောင့် နေ့ရဲ့ ပထမပိုင်းမှာ စားသောက်မိတဲ့ ကဖိန်းဟာ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေခဲပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူလို့ လူနည်းစုမှာတော့ အိပ်ချိန်မတိုင်ခင် ၆ နာရီအတွင်း သောက်မိရင်တော့ ဒီပြဿနာရှိတတ်ပါတယ်။

(၃) ကဖိန်းက အရိုးပွရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တယ် - မှား

တစ်နေ့ကို ကော်ဖီ ၃ ခွက်အထိ သောက်တဲ့သူတွေမှာတောင် ဒီလိုသက်ရောက်မှုတွေ လုံးဝမတွေ့ရပါဘူး။ ကဖိန်းကို အလွန်အမင်းသောက်ရင် ဆီးထဲမှာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်တွေ အနည်းငယ်ပါသွားစေတတ်ပေမဲ့ အရိုးပွတဲ့အထိတော့ မဖြစ်ဘူး ဆိုနိုင်ပါတယ်။ စိတ်ပူတတ်ရင် ကော်ဖီစွဲနေသူတွေဟာ နို့ထည့်သောက်တာ၊ နို့ထွက်ပစ္စည်းတွေ စားပေးတာတွေ လုပ်သင့်ပါတယ်။

ပြီးတော့ ကဖိန်းကြောင့် နှလုံးခုန်မြန်တာမျိုးရှိတတ်ပေမဲ့ နှလုံးခုန်နှုန်း အစိပ်အကျဲမမှန်တာကဲ့သို့ ဥပါဒ်တွေ မပေးဘူးလို့ ဆိုပါတယ်။ သွေးပေါင်အရမ်းတက်တတ်သူတွေကတော့ နေ့စဉ်ကဖိန်းပမာဏကို ချိန်ဆတွက်ချက်သင့်ပါတယ်။ ဒါ့အပြင် ကဖိန်းသက်သက်က ကိုလက်စထရောလည်း မတက်စေပေမဲ့ သူနဲ့ တွဲစားသောက်သမျှမှာ သကြား၊ သကြားအတု၊ ခရင်မာ၊ ဟင်းရွက်ဆီတွေ ပါတတ်လို့ သတိပြုသင့်ပါတယ်။

လူပေါင်း ၂ သိန်းကျော်အထိ ပါဝင်တဲ့ သုတေသနတွေအရလည်း ကဖိန်းဟာ ကင်ဆာမဖြစ်စေနိုင်သလို အချို့သော ကင်ဆာတွေကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) ကဖိန်းဟာ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိလို့ မသောက်သင့်ဘူး - မှား

ယေဘုယျအားဖြင့် မဟုတ်ပါဘူး။ သာမန်ကဖိန်းပမာဏလောက် နေ့စဉ်ကိုယ်ထဲ ရောက်ရင်ရုံနဲ့ ကိုယ်ဝန်ရဖို့ခက်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ကလေးမှာ ချို့ယွင်းချက်တွေ ပါလာခြင်း၊ လမစေ့ဘဲ မွေးခြင်း၊ မွေးဖွားချိန် ကလေးကိုယ်အလေးချိန်မပြည့်ခြင်း စတဲ့ ပြဿနာတွေနဲ့ လုံးဝ ဆက်စပ်မှု မရှိကြောင်း တွေ့ရှိထားပါတယ်။ ဒါပေမဲ့ နေ့စဉ် အရမ်းလွန်ကဲတဲ့ ကဖိန်းပမာဏလောက် စားသုံးမိရင်တော့ ကလေးပျက်ကျနိုင်ခြေကို တိုးပွားစေကြောင်းတော့ တွေ့ရှိထားပါတယ်။

(၅) ကဖိန်းက ကိုယ်တွင်းရေဓာတ်လျော့ပါးစေတယ် - မှား

ကဖိန်းကြောင့် ဆီးရွှင်စေတတ်ပေမဲ့ ရေဓာတ်လျော့ပါးတဲ့အထိတော့ မဖြစ်စေပါဘူး။

(၆) ကဖိန်းဟာ ကလေးတွေနဲ့ မတည့်ပါဘူး - မှား

တော်ရုံသင့်ရုံပမာဏဆိုရင် အန္တရာယ်မရှိပါဘူး။ တစ်ခုသတိပြုရမှာက ကဖိန်းပါတဲ့ စားသောက်ဖွယ်ရာတွေဟာ များသောအားဖြင့် အချိုများလို့ ကလေးတွေ အဝမလွန်ဖို့တော့ ဂရုပြုပေးသင့်ပါတယ်။ ပြီးတော့ အန္တရာယ်မရှိဘူးဆိုတိုင်း ကဖိန်းဖြည့်ထားတဲ့ စားသောက်ဖွယ်ရာတွေကို စိတ်ကြိုက်စားသောက်စေတာကိုတော့ ထိန်းသိမ်းသင့်ပါတယ်။ ဒါ့အပြင် တချို့သော ကလေးငယ်တွေမှာ ကဖိန်းရသွားရင် ဂနာမငြိမ်တာတွေ ဖြစ်တတ်လို့ သတိထားကြည့်သင့်ပါတယ်။

(၇) ကဖိန်းက အရက်အမူးပြေစေတယ် - မှား

အရက်သောက်ထားရင် ခေါင်းပြန်ကြည်အောင်၊ လန်းသွားအောင် ကဖိန်းပါတာတစ်ခုခု သောက်ချမယ်ဆိုရင် မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အရေးပေါ်အခြေအနေမှာ တုံ့ပြန်မှုတွေ၊ ဆုံးဖြတ်ချက်ချနိုင်မှုတွေကို နှေးကွေးသွားစေလို့ပါ။ အဲလို အရက်သေစာရော ကဖိန်းရော ပြိုင်သောက်ထားသူတွေမှာ ယာဉ်မတော်တဆ ဖြစ်နိုင်မှုတွေ တက်လာတယ်လို့ ကိန်းဂဏန်းများအရ သိရပါတယ်။

(၈) ကဖိန်းဟာ ထွေထွေထူးထူး ကျန်းမာရေးကောင်းကျိုး မရှိပါဘူး - မှား

ပြင်သစ်ပညာရှင်များရဲ့ တွေ့ရှိချက်တစ်ခုမှာ ကဖိန်းပုံမှန်မှီဝဲခြင်းဟာ အမျိုးသမီးတွေမှာ အရွယ်ကြောင့် ဦးနှောက်စွမ်းရည်ကျတာကို သက်သာစေကြောင်း တွေ့ရှိထားပါတယ်။ ခေါင်းကိုင်တတ်သူတွေ၊ ပန်းနာရင်ကျပ်သမားတွေအတွက်လည်း ကောင်းကျိုးတွေရှိတယ် ဆိုပါတယ်။ ဒါ့အပြင် ပါကင်ဆန်ရောဂါနဲ့ အခြားသက်ကြီးသတိမေ့ရောဂါများ၊ အသည်းရောဂါ၊ အူမကြီးကင်ဆာ၊ ဆီးချိုအမျိုးအစား ၂ တို့ကိုလည်း ကာကွယ်တားဆီးပေးနိုင်တဲ့ အာနိသင်တွေရှိနေတယ်လို့ ဆိုပါတယ်။

Address

Shop 1. . . No. 98, Nguwah Street, Ahlone Township
Rangoon Ahlone

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

09798423266

Alerts

Be the first to know and let us send you an email when Htun Pharmacy - Your Health Partner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Htun Pharmacy - Your Health Partner:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram