MAHAR NWE Clinic & Pharmacy - မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • Myanmar
  • Thingangyun
  • MAHAR NWE Clinic & Pharmacy - မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင်

MAHAR NWE Clinic & Pharmacy - မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင် Medical & Health

မဟာနွယ်ဆေးခန်းနှင့်ဆေးဆိုင်အား 11.4.2025 မှ 17.4.2025 ထိ ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်...
12/04/2025

မဟာနွယ်ဆေးခန်းနှင့်ဆေးဆိုင်အား 11.4.2025 မှ 17.4.2025 ထိ ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးရန်အပေါင်းမှကင်းဝေးပါစေ ဟု မဟာနွယ်မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ယ​နေ့ 13.3.2025 ( ကြာသပ​တေး​​) တ​ပေါင်းလပြည့်​နေ့အခါသမယ​တွင် ပြည်သူများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒမျ...
13/03/2025

ယ​နေ့ 13.3.2025 ( ကြာသပ​တေး​​) တ​ပေါင်းလပြည့်​နေ့အခါသမယ​တွင် ပြည်သူများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါ​စေလို့ မဟာနွယ်​ဆေးခန်းနှင့်​ဆေးဆိုင် မိသားစုမှ ဆုမွန်​ကောင်းတောင်း​ပေးလိုက်ပါတယ်..

Happy New Year🎆🎆🎆မိတ်​ဟောင်း  မိတ်သစ်များအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ  ကိုယ်ကျန်းမာပြီး  အန္တရာယ်မှန်သမျှ ​ကျော်လွှားန...
01/01/2025

Happy New Year🎆🎆🎆

မိတ်​ဟောင်း မိတ်သစ်များအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အန္တရာယ်မှန်သမျှ ​ကျော်လွှားနိုင်ပြီးရည်မှန်းချက်များပြည့်ဝပါ​စေ​ကြောင်း မဟာနွယ် ဆေးခန်းနှင့် ​ဆေးဆိုင် မိသားစုမှ ဆုမွန်​ကောင်း​တောင်းလိုက်ပါသည်။

-မဟာနွယ် ​ဆေးခန်းနှင့်​ဆေးဆိုင်ကို 9.4.23 မှ 17.4.23 ထိ ပိတ်ပါမည်။-18.4.23 တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်။
09/04/2023

-မဟာနွယ် ​ဆေးခန်းနှင့်​ဆေးဆိုင်ကို 9.4.23 မှ 17.4.23 ထိ ပိတ်ပါမည်။
-18.4.23 တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်။

မဟာနွယ်​ဆေးခန်းနှင့်​​ဆေးဆိုင်ကို ( 10.12.2021 ) သောကြာ​နေ့ တရက် ပိတ်မည်ဖြစ်ပါကြောင်း ​လေးစားစွာ အသိ​ပေးအပ်ပါသည်။🙂🙂🙂
08/12/2021

မဟာနွယ်​ဆေးခန်းနှင့်​​ဆေးဆိုင်ကို ( 10.12.2021 ) သောကြာ​နေ့ တရက် ပိတ်မည်ဖြစ်ပါကြောင်း ​လေးစားစွာ အသိ​ပေးအပ်ပါသည်။🙂🙂🙂

👉ယခုအချိန်တွင် Covid-19 ရောဂါခံစားခဲ့ရသူများ များပြားနေသည့်အတွက် post covid care အကြောင်းဝေမျှလိုက်ရပါသည်။“”Complication...
20/08/2021

👉ယခုအချိန်တွင် Covid-19 ရောဂါခံစားခဲ့ရသူများ များပြားနေသည့်အတွက် post covid care အကြောင်းဝေမျှလိုက်ရပါသည်။

“”Complications Of Covid -19 “”

Covid -19 ရောဂါခံစားရပြီးနောက်ပိုင်းတွင် တချို့လူနာများတွင် Covid ၏နောက်ဆက်တွဲလက္ခဏာများဖြစ်သော
1. အားမရှိသလိုခံစားရပြီး နုံးခြင်း၊ မလှုပ်ချင် မကိုင်ချင် ဖြစ်ခြင်း
2. အသက်ရှုရခက်ခဲခြင်း၊အနည်းငယ်လှုပ်ရှားတာနှင့် မောခြင်း
3. ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ သလိပ်ထွက်ခြင်း
4.အစားအသောက်ပျက်၍ ပျို့အန်ခြင်း
5. ခေါင်းကိုက်ခြင်း

6. စိတ်ဖိစီးမှုများ၍ အာရုံစူးစိုက်နိုင်မှု မရှိခြင်း
7. ည အိပ်မပျော်ခြင်း
8.နှလုံးခုန်နှုန်းမြန်ခြင်း ၊Blood Pressure အပြောင်းလဲရှိခြင်း
9.သွေးခဲခြင်း
10.ကျောက်ကပ်တွင် ပြသာနာရှိနေနိုင်ခြင်း နှင့် Immuneကျ ပြီး တခြား သောBacterial infection များ ၀င်နိုင်ခြင်း စသည် အချက်တွေကို ခံစားရနိုင်ပါတယ်။

ဒီအချက်တွေထဲက တစ်ခုခုကိုခံစားခဲ့ရရင် ဘယ်လိုနေထိုင်ကုသသင့်သလဲဆိုတော့

1.အားမရှိ၍ နှုံးနေခြင်း

- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)

2. အသက်ရှုရခက်ခဲခြင်း၊ မောလွယ်ခြင်း

- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

3. သလိပ်ထွက်ပါက

- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရနှေးငွေ့ရှုပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

4. ချောင်းခြောက်ဆိုးပါက

အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်
- ရေနွေးသောက်ပေးပါ
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ
ဆားရည်မသုံးချင်လျှင် Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။

5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်

- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ
- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။

အရေးတကြီးမှာလိုတာက
အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်

#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်

6. စိတ်ဖိစီးမှု များခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်မှု မရခြင်းအတွက်

-စိတ်အေးအေးထားပါ။
- အိပ်ရေး၀၀အိပ်ပါ
- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။
(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)

ဆီးချိုတက်နေခြင်း၊သွေးပေါင်တက်နေခြင်းများအပြင် အထက်ပါ အချက်များ မသက်သာပါက Medical Check Up ပြုလုပ်၍ သက်ဆိုင်ရာ ဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်ပါ။

( ဆရာမကြီး ဒေါ်သန်းသန်းအေး ရေးသားသော ဆောင်းပါးအားမှီငြမ်းပါသည်။)

- တောင်ဥက္ကလာပမြို့နယ် ( ၉ ) ရပ်ကွက် ကျော်သူလမ်း ( ၂၀ ) ထောင့်ရှိ “ မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင် ” တွင် အောက်ဖော်ပြပါ ဝန...
03/04/2021

- တောင်ဥက္ကလာပမြို့နယ် ( ၉ ) ရပ်ကွက် ကျော်သူလမ်း ( ၂၀ ) ထောင့်ရှိ “ မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင် ” တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို စျေးနှုန်းချိုသာစွာဖြင့် ကုသပေးနေပါသည်။

- လူကြီးမင်းတို့ ကျန်းမာရေးအတွက် အချိန်မရွေး လာရောက်ပြသနိုင်ရန် “ မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင် ” တွင် နံနက် ၉ နာရီမှ ည ၉ နာရီထိ အချိန်ပြည့် ဆရာဝန်ထားရှိပါသည်။

- မိမိတို့ကျန်းမာရေးအတွက် သိလိုသည်များကို သေချာစွာ အချိန်ယူဆွေးနွေးနိုင်ပါသည်။

- ECG ဆွဲခြင်း ဓာတ်ခွဲသွေးစစ်ခြင်းတို့ကိုလဲ ဆောင်ရွက်ပေးပါသည်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများအတွက် Medical Check-Up Packages များကိုလဲ စစ်ဆေးနိုင်ပါသည်။

- ဆီးချိုရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခြင်း၊ B ပိုး၊ C ပိုးရှိမရှိ စစ်ဆေးခြင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါသည်။

- မှတ်ပုံတင်ထားသော တိုင်းရင်းဆေး၊ နိုင်ငံခြားဆေးဝါးမျိုးစုံတို့ကို စျေးနှုန်းမှန်ကန်ချိုသာစွာဖြင့် ရရှိနိူင်ပါသည်။

“ မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင် ”

အမှတ် ၇၄၇ - ခ၊ မြေညီထပ်၊ ကျော်သူလမ်း ၂၀ ထောင့်၊ ၉ ရပ်ကွက်

မေတ္တာလမ်း နှင့် သစ္စာလမ်းကြား

တောင်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့။

နေ့စဉ် - နံနက် ၉ နာရီ မှ ည ၉နာရီ ထိ

( တနင်္ဂနွေ တစ်ရက် ပိတ်ပါသည် )

Ph : 09 7800 78 788 , 09 9700 78 788

📣 Announcement 📣မဟာနွယ် ​ဆေးခန်းနှင့်​ဆေးဆိုင်ကို ၂၄.၃.၂၀၂၁ တွင် တစ်ရက်ပိတ်မည် ဖြစ်ပါ​ကြောင်း အသိ​ပေး​အပ်ပါသည်❗️Closed o...
23/03/2021

📣 Announcement 📣

မဟာနွယ် ​ဆေးခန်းနှင့်​ဆေးဆိုင်ကို ၂၄.၃.၂၀၂၁ တွင် တစ်ရက်ပိတ်မည် ဖြစ်ပါ​ကြောင်း အသိ​ပေး​အပ်ပါသည်

❗️Closed on 24th March 2021❗️

21/02/2021

အသိ​ပေးခြင်း

မဟာနွယ် ​ဆေးခန်းနှင့် ​ဆေးဆိုင် ကို ၂၂.၂.၂၀၂၁ တစ်ရက် ပိတ်မည်ဖြစ်​ကြောင်း မိတ်​​​​​ဟောင်းမိတ်သစ်များအား အသိ​ပေးအပ်ပါသည်။

မဟာနွယ် ဆေးဆိုင် ကို အောင်တိုဘာလ ၈ ရက်နေ့မှစ၍ မနက် ၉ နာရီမှ ည ၇ နာရီအထိပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သတင်းပေးအပ်ပါသည်...
09/10/2020

မဟာနွယ် ဆေးဆိုင် ကို အောင်တိုဘာလ ၈ ရက်နေ့မှစ၍ မနက် ၉ နာရီမှ ည ၇ နာရီအထိပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သတင်းပေးအပ်ပါသည်။Delivery ဖြင့်လဲဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ယခု Covid ကာလအတွင်း ကျန်းမာရေး နှင့်ပတ်သက်၍ ဆွေးနွေးလိုပါက ဆေးခန်းချိန်အတွင်း ဖုန်း 09780078788/ 09970078788 သို့ ဆက်သွယ်၍လည်းကောင်း ၊ page messenger မှတဆင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မဟာနွယ်ဆေးခန်းနှင့်ဆေးဆိုင်

အမှတ်-၇၄၇/ခ မြေညီထပ်၊ကျော်သူလမ်း ၂၀ ထောင့်၊ ၉ ရပ်ကွက် တောင်ဥက္ကလာမြို့နယ်။

Ph-09 9700 78 788 / 09 7800 78 788

“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းက...
21/08/2020

“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီးအဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။

Credit- ဒေါက်တာ စိုင်းမြတ်သူ- ကလေး ကျန်းမာ သိကောင်းစရာ

မဟာနွယ်ဆေးခန်းနှင့်ဆေးဆိုင်

အမှတ် ၇၄၇-ခ၊မြေညီထပ် ၊ ကျော်သူလမ်း ၂၀၊ ၉ ရက်ကွက်၊တောင်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့။

Ph-09 7800 78 788/ 09 9700 78 788

73 နှစ်​မြောက် အာဇာနည်​နေ့   ကျဆုံး​​လေပြီး​သော ဗိုလ်ချုပ်​အောင်ဆန်းနှင့်တကွ အာဇာနည်​ခေါင်း​ဆောင်ကြီးများအား ​လေးမြတ်စွာ...
19/07/2020

73 နှစ်​မြောက် အာဇာနည်​နေ့

ကျဆုံး​​လေပြီး​သော ဗိုလ်ချုပ်​အောင်ဆန်းနှင့်တကွ အာဇာနည်​ခေါင်း​ဆောင်ကြီးများအား ​လေးမြတ်စွာဂါရဝ ပြုပါသည်။
Photo- credit

Address

No (747) Kyaw Thu Road, South Okkalapa
Thingangyun

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959780078788

Website

Alerts

Be the first to know and let us send you an email when MAHAR NWE Clinic & Pharmacy - မဟာနွယ် ဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category