Dr. Knock Door

Dr. Knock Door Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Knock Door, Medical and health, Yangon.

မောင့် ပန်းမသေရဘူး 🥀မောင့် ပန်းမသေရဘူးနော် 🥀အမျိုးသားတို့ နေ့စဉ်ဘဝမှာ ပျော်ရွှင်နေဖို့ဆိုတာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်...
12/07/2025

မောင့် ပန်းမသေရဘူး 🥀
မောင့် ပန်းမသေရဘူးနော် 🥀

အမျိုးသားတို့ နေ့စဉ်ဘဝမှာ ပျော်ရွှင်နေဖို့ဆိုတာ

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် စိတ်ကျေနပ်မှုတို့ကလဲ အရေးကြီးပါတယ်

လူမှုဘဝမှာလဲ အောင်မြင်ဖို့လိုသလို လိင်မှုဘဝမှာလဲ အောင်မြင်နေတာ မဟုတ်ရင်တောင် အဆင်ပြေနေဖို့
လိုပါတယ်

အမျိုးသားတို့ လိင်မှုဘဝ အဆင်ပြေနေရင်
ဦးဏှောက်က အဖိုးတန် Dopamine လေးတွေ
ထုတ်ပေးတာမို့ လောကကြီးက Colors စုံနဲ့ သာယာလှပ
ကျေနပ်စရာကောင်းနေမှာ အမှန်ပါဘဲ

ကျွန်တော်တို့ ကျန်းမာရေးတိုင်ပင်ဆွေးနွေး ကုသမှု ခံယူလို့ရတဲ့ page ရဲ့ CB(messenger) မှာ တော့ဖြင့်

အမျိုးသားတို့ရဲ့

1 ပန်းသေ ပန်းညှိုးဖြစ်ခြင်း

2 လိုအပ်တဲ့ အချိန်မှာ Flight mood မ on ခြင်း

3 မာမား ခေါက်ဆွဲပြုတ် ဖြစ်နေခြင်း (ဆေးနဲ့ကတော့ ၁၀ မိနစ် ကနေ ၁၅ မိနစ် အထိဘဲ ဆွဲဆန့်လို့ ရပါမယ် အဲ့ထပ်ပိုကြာချင်ရင် အနေအထိုင် အစားအသောက် လေ့ကျင့်ခန်းတွေပါ လုပ်ရပါ့မယ်)

4 လိင်တံမှာ ဆက်ဆံ နေချိန်အတွင်း
မမဆောင်းဖြစ်နေခြင်း (မာလိုက် ပျော့လိုက်ဖြစ်နေခြင်း)

5 ဆက်ဆံနေချိန် အတွင်း အကုန်အဆင်ပြေနေသော်လည်း သုတ်ထွက်ခါနီးချိန်နှင့် သုတ်ထွက်ပြီး အမျိုးသားအဂါနှင့် ဝှေးစေ့တို့မှ ကျင်ခြင်းအောင့်ခြင်း

အစရှိတဲ့ ပြဿနာတွေကို #အခမဲ့ တိုင်ပေဆွေးနွေးနိုင်ပြီး
အကြံဉာဏ်များရယူနိုင်သည့် အပြင်

အသက် ၃၅ နှစ်မှ အသက် ၆၀ ထိ အမျိုးသားများကို
လိုအပ်သော #ဟော်မုန်းဆေးများ ထိုးနှံ့ပေးခြင်း
သောက်ဆေးများ ညွှန်းပေးခြင်းတို့ကိုလဲ လုပ်ဆောင်ပေးပါသည်
ဟော်မုန်းဆေးသည် တပွဲတိုးဆေး မဟုတ်သည့် အတွက်
နှလုံးရောဂါ သွေးတိုးရောဂါ ရှိသူများပါ
အန္တရာယ် ကင်းစွာ အသူံးပြုနိုင်ပါသည်

မှတ်ချက် အဝလွန်နေသူများ
လေဖြတ် လေဖြန်း ဖြစ်ခဲ့ဘူးတဲ့သူများ
ကျောက်ကပ်ရောဂါ ရှိသူများ ကိုတော့ ကူညီ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ ခင်ဗျာ

တိုင်ပင်ဆွေးနွေးခြင်းကို ဆောင်ရွက်ပေးမည့်သူများမှာ
#မြန်မာနိုင်ငံတော်ဆေးကောင်စီ မှ
တရားဝင် အသိမှတ်ပြု #ဆရာဝန်များ ဖြစ်သည့်အတွက်
ဆရာဝန်များ ကျမ်းကြိမ်သစ္စာဆိုခဲ့ရသော မိမိလူနာ၏ အတွင်းရေးကို ထုတ်ဖော်ပြောဆိုခြင်းမပြုပါ ဟုသည့် ဂုဏ်ပုဒ်နှင့် ပြည့်စုံကြသူများ ဖြစ်သောကြောင့် စိတ်ချလုဲခြုံစွာဖြင့် #အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည် ခင်ဗျာ

Online ကနေ ဆေးကုသမှု ခံယူတဲ့ အခါလဲ ရောဂါရဲ့ ဖြစ်ရိုးဖြစ်စဥ်ကို သေချာမေးပြီး ကုသမှုပေးပါတယ် မှတ်ချက် ဆေးတန်းမပေးတာ နောက်တ...
12/03/2024

Online ကနေ ဆေးကုသမှု ခံယူတဲ့ အခါလဲ ရောဂါရဲ့ ဖြစ်ရိုးဖြစ်စဥ်ကို သေချာမေးပြီး ကုသမှုပေးပါတယ်
မှတ်ချက် ဆေးတန်းမပေးတာ နောက်တခါ ထပ်လာပြပြီး follow up လုပ်တဲ့အချိန် ကျန်းမာရေးဝန်ဆောင်ခ ထပ်ယူဖို့ မဟုတ်ပါ
တခါဝန်ဆောင်ခယူထားရင် တာဝန်ယူပြီး follow up သေချာလိုက်ပေးပါတယ် ခင်ဗျာ

အကူညီလေးတောင်းချင်ပါတယ် ဆရာ

မိန်းမကိုယ် ကအလွန်ပင်ယားယံနေလို့ပါ
ယားလွန်းလို့မနေနိုင်လို့ ရေဆေးလိုက် ပွက်လိုက်နဲ့
ပူစပ်ပီးနေရထိုင်ရတာအလွန်ပင်ဆိုးလွန်းလို့ပါ

ယားတာ တခုဘဲ လား
အဖြူဆင်းသေးလား ?
ဆီးပူတာတွေ ဆီးအောင့်တာတွေ ဆီးကျင်တာတွေ ဖြစ်သေးလား?

အဖြူတော့ မဆင်းပါဘူး
အနံအသက်တော့ မကောင်းဘူး
ယားတာကတော့တော်တော်ဆိုးတယ်

ဘာဆေးသောက်သင့်တယ် ဘယ်လိုဆေးမျိုး
လိမ်းသင့်တယ်ဆိုတာသိချင်လို့ပါ

ဆေးခန်းပြရမှာလဲ မဝံ့မရဲ ဖြစ်လို့
အကြံတောင်းတာပါ

ဟုတ်ကဲ့ဆောင်ရန်ရှောင်ရန်လေးတွေလိုက်လုပ်ပေးပါ

သုံးရက်နေရင် ပြန်လာ hi ပြီး follow up လိုက်ပေးပါ့မယ်

ပထမဦးဆုံး မိန်းမကိုယ်ကို ဆေးတဲ့နေရာသုံးတဲ့ အမွှေးနံပါတဲ့ ဆပ်ပြာတွေ မသုံးပါနဲ့ ရွှေဝါသုံးပါ

အတွင်းခံကို ချွေးစုပ်အားကောင်းတဲ့ အသားသုံးပါ သေချာလျှော်ပါ နေသေချာပြပေးပါ

အမျိုးသားနဲ့ နေခါနီးရင် အမျိုးသားကို သန့်ရှင်းရေးသေချာလုပ်ခိုင်းပါ
ဖြစ်နိုင်ရင်တော့ တပတ်လောက်ရှောင်တာ ကောင်းပါတယ်


online health care service

နာမည်ဖျက်ရောဂါ ဟုတ်ပါတယ် ဆရာဝန် တယောက်ရဲ့ နာမည်ကို အလွယ်တကူ ဖျက်နိုင်တဲ့ရောဂါပါ ဆရာဝန်တယောက် နာမည် ရခြင်း မရခြင်းဆိုတာ ရ...
23/01/2024

နာမည်ဖျက်ရောဂါ

ဟုတ်ပါတယ် ဆရာဝန် တယောက်ရဲ့ နာမည်ကို အလွယ်တကူ ဖျက်နိုင်တဲ့ရောဂါပါ

ဆရာဝန်တယောက် နာမည် ရခြင်း မရခြင်းဆိုတာ
ရောဂါပျောက်ခြင်း မပျောက်ခြင်းပေါ်မှာ ၉၅% မူတည်
မီခိုပါတယ်
ကျန်တဲ့ ၅% ကတော့ social skill ပေါဗျာ
ဒဲ့ပြောရရင် လေကောင်းကောင်း လွှတ်တတ်တာပေါ့

တခြား ဆရာများ အတွက် ဘယ်ရောဂါက
နာမည်ဖျက်သလဲတော့ မသိပေမယ့်
ကျွန်တော့် အတွက်ကတော့ ချောင်းဆိုးတဲ့ ရောဂါပါ

တိတိကျကျ ပြောရရင်
ကိုယ်လဲ မပူဘူး
သလိပ်လဲ မထွက်ဘူး
ဆေးလိပ်လဲ မသောက်တတ်ဘူး

ဒါပေမယ့် ချောင်းခြောက်ကြီးဆိုးနေတာ
အတော်ကြာပြီ တခါတခါ ချောင်းဆိုးရတာလဲ
ရင်ဘတ်တွေပါအောင့်လို့ဆို

ကျွန်တော် သိပ်ကြောက်ပါတယ်

အသက်ရှူလမ်းကြောင်းကို ရောဂါပိုးဝင်တာလဲ မဟုတ်

အဆုတ်လဲ မယောင်

အအေးလေးပတ်ပြီး ဖျားတာကတော့ ၂ ရက် ၃ ရက်ဘဲ

အဲ့ချောင်းကြီးကျန်နေတာ လူလဲ ချောင်းဆိုးရတာ
မောလှပြီဆို သေအောင်ကြောက်ပါတယ်

အဲ့လို လူနာလာရင် ထွက်ပါ ပြေးချင်တာ

ပိုဆိုးတာတခုက ချောင်းဆိုးပျောက်ဆေး အပြင်မှာ ဝယ်သောက်ခဲ့မှာ အသေအချာဘဲ လုံးလုံး မသက်သာမှ ရောက်လာကြတဲ့ သူများပါတယ်

အဲ့လို လူနာတွေက ဆေးနဲ့ ကုတာဆိုတာထပ် အနေအထိုင် အစားအသောက် နဲ့ အဓိက ကုရတာပါ

ပထမဆုံး အသက်ရှူလမ်းကြောင်းကို အနှောင့်အယှက်ပေးတဲ့ ဖုန် အမှုန့် အမွှား အနံ အစားအစာ(ပင်လယ်စာက အဓိကအားဖြင့်ပေါ့) ဒါတွေရှောင်ရမယ်

ရေအေးအေးသောက်တာ ရှောင်ရမယ်
တတ်နိုင်သမျှ ရေနွေးနွေးသောက်တာ ပိုကောင်းတယ်

ဆေးလိပ်သောက်တတ်ရင် ဖြတ်ရမယ် မဖြတ်နိုင်ရင်တော့ ၃ ပတ်လောက်နားပေါ့

အခိုးအငွေ့တွေ တတ်နိုင်သမျှ ရှောင်ရမယ်
မီးခိုးငွေ့ အမွှေးတိုင် အစရှိသဖြင့်ပေါ့

ရင်ဘတ်ကို နွေးနွေးထွေးထွေးထားရမယ်

ဆေးခန်းလာတဲ့ လူနာကို အပေါ်က စကားတွေ
ရှည်လျားထွေပြားစွာ သွားပြောကြည့်
ဟုတ်ဟုတ်နဲ့ ခေါင်းတွေ ငြိမ့်ပြီး အပြန်ကျ
အပြင်ဆေးဆိုင်က
ချောင်းဆိုးပျောက်ဆေး သွားဝယ်သောက်တာ
ချောင်းဆိုးပျောက်ဆေး ရောင်းပေးလိုက်ရင်က
တော်သေး မဟုတ်က ဟုတ်က ပိုးသတ်ဆေးတွေ
azithro လိုဆေးတွေကို ချောင်းဆိုးပျောက်ဆေးပါလို့ ရောင်းလွှတ်လိုက်ရင် သေရာ

တုတ်ပြီး ဓားပြီးတော့ ဘယ်ကစလဲ မသိပေမယ့်
ဆေးပြီး ဆေးမတိုးကတော့ အဲ့က စတာဘဲ

အဲ့တော့က မိတ်ဆွေ ချောင်းခြောက်ကြီးဆိုးနေတာ
ဆိုရင် အပေါ်က အချက်တွေကို လိုက်နာပါ

ဆေးဆိုင်က chericof ကို ငုံဆေးလောက်လေး ဝယ်ငုံပါ ၃ ရက် မကြာပါဘူး သက်သာပါတယ်
(ရောဂါ အခံ မရှိသူ ၊ ရောဂါပိုးဝင်တာမဟုတ်တဲ့သူ ၊ အသက်လတ်ပိုင်းတွေကိုပြောတာပါ) အသက်ငယ်တဲ့သူတွေနဲ့ အသက်ကြီးတဲ့ သူတွေကတော့ နီးစပ်ရာဆေးခန်းမှာ လိုအပ်တဲ့ စမ်းသပ်မှူနဲ့ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်

ဘယ်လို လူနာတွေ ချောင်းဆိုးရက်ကြာရင် ဘာတွေဖြစ်တတ်တယ် ဘာဂရုစိုက်ရမလဲ မနက်ဖြန် ထပ်တင်ပေးပါ့မယ်


#ကျန်းမာရေးဝန်ဆောင်မှု
#၈၀၀၀ကျပ်

photo. Crd

မှတ်မှတ်ရရလူနာများမှတ်မှတ်ရရလူနာများ ၂ တခါရေးခဲ့ဘူးတဲ့ ရွာဆေးခန်းလေးပါဘဲ ညနေခင်းဆေးခန်းဖွင့်တိုင်း စံပယ်ပန်းလေးဖြူဖြူ စံ...
22/01/2024

မှတ်မှတ်ရရလူနာများမှတ်မှတ်ရရလူနာများ ၂

တခါရေးခဲ့ဘူးတဲ့ ရွာဆေးခန်းလေးပါဘဲ
ညနေခင်းဆေးခန်းဖွင့်တိုင်း စံပယ်ပန်းလေးဖြူဖြူ စံပယ်ပန်းလေးရယ်မွှေး ဆိုတဲ့ သီချင်းကို တအိမ် ၂ ခါနှုန်းနဲ့ ရွာရှိ အိမ်စေ့မှ နားကြတဲ့ အချိန်ကပေါ့

ရွာလေးက စပါးစိုက်ကြတယ်
သရက်ခြံတွေလဲ အများကြီးဘဲ
ပန်းခင်းတွေလဲ ပေါတယ်ဗျ

ရွာတခုလုံး တောသူတောင်သား အလုပ်တွေလုပ်ကြတာများသပေါ့ဗျာ

ရွာလူကြီးတွေနဲ့ ခင်လာလို့ ပြောကြဆိူကြတော့မှ
ရွာက လယ်အလုပ်ခြံအလုပ် စိတ်မဝင်စားကြတဲ့
သူတွေ အသက် ၂၀ ကျော် ယောကျားလေးတွေကလွဲပြီး ကျန်တဲ့သူတွေက လယ်အလုပ် ခြံအလုပ်ဘဲ လုပ်ကြတာဘဲ

သူတို့ကတော့ မန်းလေးတက်ပြီး စိတ်ဝင်စားတဲ့ အသက်မွေးဝမ်းကြောင်းသင်ကြလုပ်ကြပေါ့ဗျာ လက်သမားအလုပ် ကားဝပ်ရှော့ ဆိုင်ကယ်ပြင်ဆိုင်
ကားကြီးနောက်လိုက် စုံလို့ပေါ့

ထားပါ အဓိကတခုက အဲ့ တရွာလုံးက ဘယ်လိုဖြစ်ကြတယ် မသိဘူး အစာအိမ် ဝေသနာသည်
အတော်များသဗျာ

အစာအိမ်ယောင်တဲ့သူ အစာအိမ်အနာရှိတဲ့သူတွေ
ပေါမှပေါ

ဗိုက်လေးနာလိုက် ဆေးခန်းလေးလာလိုက်
ဗိုက်လေးမနာလိုက် စားချင်တာတွေ ပြန်စားလိုက်နေမှာ

ဆရာ သမီး ဗိုက်ထဲက အောင့်အောင့်နေတယ်ဆိုတာ အဲ့ရွာမှ အစစ်

အဲ့အခြေအနေမှာ ကျွန်တော့်ရဲ့ပညာရပ်ပိုင်းဆိုင်ရာ
အရတော့ ဆောင်ရန် ရှောင်ရန်တွေရော

ကုသမှုပိုင်းအရ လိုအပ်တာတွေရော လုပ်ပေးပေမယ့်

ဆေး ပုံမှန်သောက် အစားအသောက် အချိန်နဲ့စား
မတည့်တာတွေရှောင်ဆိုတဲ့ ရောဂါနဲ့ ဆေးခန်းလာ ဆေးတခါထိုး သက်သာမယ်ဆိုတဲ့ အတွေးရှိတဲ့ လူနာတွေကို အရှင်းပျောက်အောင် ကုမပေးနိုင်ခဲ့ဘူး

သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ဘဲ ဆိုပြီး အစာအိမ်မှန်ပြောင်းကြည့်ရတော့မှာနော်ဆိုပြီး ခြောက်လိုက် ဆေးလေးပုံမှန်သောက်ဖို့ ညွှန်းလိုက်နဲ့ အဆင်ပြေအောင်လုပ်ရတာဘဲ

လာပြတဲ့ အစာအိမ် ဝေသနာသည်တွေကို အခြေအနေရှင်းပြ အသက်အတော်ကြီးတဲ့လူနာဖြစ်ဖြစ် အစားမဝင်တော့တာ ကြာတဲ့ လူနာ ဖြစ်ဖြစ် ကျွန်တော်က လက်ကို အကြောဆေးထိုးရင်း တခါထဲ လိုတဲ့ အစာအိမ် acid ထုတ်တာကို တားတဲ့ ဆေး ၂ လုံးထိုးပေး ပြီးရင် သောက်ဆေးလေးပေးပေါ့

ဒီလိုနဲ့ အစာအိမ်လူနာတွေကြားမှာ ဒီဆရာလေးက သက်သာတယ်ဆိုပြီး နာမည်ရနေတုန်း တရက်ကြတော့ အရစ်ခံရပါလေးရောဗျာ

ရစ်တဲ့ လူနာရှင်နဲ့လူနာက ညားခါစ လင်မယားဗျ
အသက်က ၂၀ မပြည့်တပြည့်လေး
ကောင်မလေးက အဲ့ရွာ ဇာတိမဟုတ်ဘူး
ပဲခူးတိုင်း ညောင်လေးပင်ဘက်က
ဒီရွာသားနဲ့ ဖူးစာပါရမယ်ဆိုတော့ သူလဲ ရွာကလူတွေနဲ့ လိုက်လျောညီထွေ နေလို့ရအောင် အနည်းဆုံးတော့
အစာအိမ်ရောဂါလေးရှိမှ ရမယ်ဟဲ့ဆိုပြီးတွေးပုံရတယ်
အစာအိမ်ဝေသနာလေးတော့ ပါလာသဗျာ

အဲ့ကြင်စဦး လင်မယားတွဲက ဆေးခန်းလာပြတဲ့ အချိန် တခြားအစာအိမ် ရောဂါသည်တွေကို ကျွန်တော်ဆေးထိုးတဲ့ ပုံ မြင်ရတော့ သေချာမှတ်ထားတယ်နဲ့ တူပါတယ်

ဆေးခန်းကို ၃ ၊ ၄ ခါ လောက်လဲ လာပြီးရော
ကောင်လေးက ပြောပါလေရော

ဆရာ
ဆရာက တခြားလူနာတွေကတော့ ဆေးကို လက်ထိုးတယ်
ကျွန်တော့် မိန်းမကျ ဖင်ကို ထိုးတယ်
ဆရာက ပြီးတော့ ဆေးကို ချေတောင်ပေးလိုက်သေးတယ်တဲ့

တိန် သေပြီဘဲ

ဟုတ်လဲ ဟုတ်တယ်ဗျ
သူ့ မိန်းမက အသက်က ငယ်ငယ် ရတာကလဲ မကြာသေးတော့ သူ့မိန်းမကို နှမျောရှာမှာပေါ့
ကျွန်တော်လဲ အကျိုးသင့်အကြောင်းသင့်ပြန်ရှင်းပြရတာပေါ့

ငါ့ညီရာ မင်း မိန်းမက ငယ်သေးတယ်လေ

အင်းလေ ငယ်လို့ဘဲ ဆရာက ဖင်လှန် ဆေးထိုးတာ မဟုတ်လား

ဟာ နေပါအုန်းဟ ငါရှင်းပြပါရစေအုန်း

ဆရာနော် ကျွန်တော်က သိပ်ကြည်တော့တာ မဟုတ်ဘူး

အေးပါ ငါပြောတာလေးနားထောင်ပါအုန်းကွာ
မင်းမိန်းမက ငယ်လဲငယ်သေးတယ် ရောဂါဖြစ်တဲ့ အချိန်လဲ အစားစားနိုင်တယ်
အာ့တာကြောင့် တခြား ဆေးတွေထိုးစရာမလိုဘဲ အစာအိမ် အက်စစ်ထုတ်တာ တားတဲ့ဆေးဘဲ ထိုးရတာမို့ ငါက ဖင်ကိုဘဲ ဆေးထိုးတာပါကွာ

ဆေးထိုးတာတော့ ဟုတ်ပါပြီ ဘာလို့ ဖင်ကိုဆေးချေပေးတာတုန်း

ဟာ အာ့တာတော့ အကျင့်ပါနေလို့ပါကွာ

မရဘူးဆရာ ကျွန်တော့်မိန်းမကို ဆေးမချေပေးပါနဲ့တော့

အေးအေး ငါ မချေတော့ပါဘူးကွာ

အဲ့လိုနဲ့ သူ့မိန်းမ ဖင်ကို ဆေးထိုး ဆေးချေ တာကို မကြိုက်ကြောင်းပြောပြီး ဆေးခန်းက ထွက်သွားလေရဲ့

မကြာပါဘူး ၂ လ ခွဲလောက်နေတော့ ပြန်ရောက်လာတာပါဘဲ

ဟာ ညေးတို့ ညီမလေးတို့ပါလား
လာလာ ထိုင် ဘာဖြစ်ကြလို့လဲ

(ဒီစကားက ဝိနည်းနဲ့ မလွတ်ပါဘူး လူနာရှင်ပြောခဲ့တဲ့ စကားမို့သာ ထည့်ရေးတာပါ)

ဆရာရှိကို သူက ဖင်လှန်ဆေးထိုးလို့ ကြားထဲ အလာမခံဘူး ဆရာရေ
တခြားဆေးခန်းသွားတာလဲ မသက်သာလို့ အခု အတိုက်အခံ ပြောဆိုပြီးကို လာရတာ
အခုလဲ ဗိုက်ထဲက နာနေ အောင့်နေတာ ၅ ရက်ရှိပြီ

စိတ်ထဲတော့ အတော်ခေါင်းကြီးသွားတယ်
ဖင်လှန်ဆေးထိုးရင်တော့ ငါ့ ဒီတခါ စကားနဲ့တင် မဟုတ်ဘူး လက်ပါ ပါလောက်တယ်

ဆေးကို လက်ကို ထိုးပြန်ရင်လဲ သူ ပြောလို့ ထိုးပေးတယ် ဖြစ်ပြီး Diclo ထိုးရမယ့်လူနာတွေပါ လက်ကို ထိုးခိုင်းနေရင် ဒုက္ခ

မတတ်နိုင်ဘူး ကြံရဖန်ရမှာဘဲ

ဒီလိုနဲ့ စမ်းစရာရှိတာ စမ်း မေးစရာရှိတာ မေးပြီးနောက်မှာ ဆေးထိုးဖို့ ပြင်ပါလေရော

ကောင်လေးကလဲ တကြည့်ကြည့်နဲ့ ဖင်လှန်ရင်တော့
တွေ့ပြီပေါ့ဗျာ ဆိုတဲ့ အထာ

ဘာရမလဲ ညီမ ထမိန် မလျှော နဲ့တော့ ပြောပြီး
ထမိန်ပေါ်ကနေ အရက်ပျံ ရွှဲရွှဲသုတ် ထမိန်ပေါ်ကနေဘဲ ဆေးထိုးလိုက်သပေါ့ဗျာ

အဲ့ကျမှ ကောင်လေးကလဲ ဆေးက အဲ့လိုရော ထိုးရလားတဲ့

ရလို့ ထိုးတောင်ပြီးရောပေါ့ကွာ

ဒါများ ဆရာရယ် အစောကထဲ အဲ့လိုထိုးပါ့လားတဲ့

ဟ အဲ့လိုထိုးရအောင် ဆရာဝန်ကို ဖင်လှန်ဆေးထိုးလို့ စိတ်ဆိုးတဲ့ လူနာ ရှိမယ်လို့မှ မထင်တာပြောတော့

ပြုံးဖြီးဖြီးနဲ့ ဆေးဖိုး ၂၀၀၀ ပေးပြီး ပြန်သွားလေရဲ့

အဲ့ကထဲက စပြီး ဆေးခန်းမှာ ပေါလာလိုက်တဲ့ လူနာအပျိုပေါက်လေးတွေ

ဆရာ သမီး ဖင်မလှန်ဘူးနော် ထဘီပေါ်က ထိုးဆိုတာချည်းဘဲ

မှတ်ချက်. ထိုလူနာဖင် ဖြူသလား မဲသလား မမှတ်မိပါဘူးဗျာ ranitidine လေးဘဲ ထိုးတာပါ


#မှတ်မှတ်ရရလူနာများ
#ကျန်းမာရေးဝန်ဆောင်မှု

photo crd.

ကျန်းမာရေး နှင့် သူ၏ မြွေများ   #ကျန်းမာရေးဝန်ဆောင်မှုphoto crd
19/01/2024

ကျန်းမာရေး နှင့် သူ၏ မြွေများ


#ကျန်းမာရေးဝန်ဆောင်မှု

photo crd

 #ကျန်းမာရေးတိုင်ပင်ဆွေးနွေးကုသခြင်းဝန်ဆောင်မှု အသည်းအဆီဖုံးခြင်းအသည်းခြောက်ခြင်းအသည်းကင်ဆာ သွေးတွင်းအဆီဓာတ်များနှလုံးသွ...
18/01/2024

#ကျန်းမာရေးတိုင်ပင်ဆွေးနွေးကုသခြင်းဝန်ဆောင်မှု


အသည်းအဆီဖုံးခြင်း
အသည်းခြောက်ခြင်း
အသည်းကင်ဆာ

သွေးတွင်းအဆီဓာတ်များ
နှလုံးသွေးကြောကျဥ်းခြင်း
လေဖြတ်ခြင်း
ဦးဏှောက်သွေးကြောပြတ်ခြင်း
ရုတ်တရတ်နှလုံးဖောက်၍ အသက်ဆုံးရှုံးခြင်း

စိတ်ကျရောဂါ
စိတ်ဖောက်ပြန်ခြင်း

အခုအပေါ်ကရေးသွားတဲ့ရောဂါတွေက
အရက်ကို စွဲမြဲစွာ အလွန်အကျွံ(ပလပ်ကျွတ်မှအလွန်အကျွံမဟုတ်ပါဘူး တညနေမှ ဘီယာလေး ၃ ၄ ခွက်သောက်တာပါတို့ တညမှ အရက်လေး ၄ ပတ်သောက်တာပါတို့လဲ ပါပါတယ်) သောက်ခြင်းကြောင့် ဖြစ်စေနိုင်တဲ့ ဖြစ်နိုင်တဲ့ ရောဂါတွေပါ

ဒါတောင် ရေးရင်းရေးရင်း အသားတွေပါ
ဇတ်ဇတ်ဇတ်ဇတ် တုန်လာပြီး ဆက်မရေးနိုင် မတွေးနိုင်တော့လို့ ကျန်ခဲ့မှာ အများကြီးပါ (ကိုယ်တိုင်လဲ ကြိုက်သကိုး) ဇွတ်တွေးနေရင် ကိုယ်ဖြစ်မယ့်ရောဂါ ကိုယ်တွေးနေရလိုကြီး အဆင်သိပ်ပြေမနေဘူးရယ်

အနှစ်ချုပ်ပြောရရင်
အရက်ဘီယာကို ကြိုက်လို့သောက်တာကတပိုင်း
ကျန်းမာရေးကို ဂရုစိုက်ရမှာ တပိုင်းပါ

သူငယ်ချင်းတယောက်ပြောသလို
ရေရှည်သောက်မှာမို့ အရက်ကလွဲပြီး ခန္ဓာကိုယ်က
မကြိုက်တာ မတည့်တာတွေ ရှောင်ပါတယ်တဲ့

နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ
Cheer!!!!

သင့်ကျန်းမာရေးအတွက် တိုင်ပင်ဆွေးနွေးကုသမှုများကို ဝန်ဆောင်ခ ၈၀၀၀ ကျပ်ဖြင့် ရယူလိုက်ပါ

photo crd. ကာတွန်းနွေကို

fb မှာ တွေ့တဲ့ post လေးတခုကို SS လေးပြန်တင်ပါရစေ မနိုင်ဘူး မိန်းကလေး တယောက်ရဲ့ private part ကို ကြည့်ချင်တာနဲ့ ဥာဏ်စဥ်ချ...
16/01/2024

fb မှာ တွေ့တဲ့ post လေးတခုကို SS လေး
ပြန်တင်ပါရစေ

မနိုင်ဘူး မိန်းကလေး တယောက်ရဲ့ private part ကို
ကြည့်ချင်တာနဲ့ ဥာဏ်စဥ်ချက်ကတော့ မိုက်တယ်

သိချင်တာ Video call နဲ့ Ca. cervix ကို
ဘယ်လို စမ်းမလဲ ပေါ့
Ca. cervix စမ်းဖို့လဲ မဟုတ်နိုင်ပါဘူးလေ
ဒါ သက်သက် နှာထ တာဘဲ နေမှာ

ဟုတ်ကဲ့ ကျွန်တော့်ဆီမှာ တိုင်ပင်ဆွေးနွေးရင်
မလိုအပ်ဘဲ မည့်သည့် ဓာတ်ပုံ မည့်သည့် video
မျှမတောင်းပါ

private part ဆို ပိုဆိုးပါတယ်

လူနာကို မဖြစ်မနေ အခြေအနေတခုရှိလို့ ဘယ်နေရာကို ဘယ်လို ထင်ပေါ်အောင် ဓာတ်ပုံရိုက်ပြပြီး ပို့ပေးဖို့ လိုအပ်ကြောင်း အသိပေးသလို

အဲ့ပုံကို ပြဖို့ အတွက်လဲ ကျွန့်တော့် ဆမ အရင်ပြပါတယ်

ဒါကိုဘဲ လူနာဘက်က ပြဖို့ ငြင်းဆန်ရင်လဲ အပြင်မှာ ဆရာဝန်နဲ့ ပြသဖို့ ဘဲ ညွှန်ကြားပါတယ်

မှတ်ချက်. သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားဖို့ အကျွန်ုပ်တို့ ကျမ်းကျိမ်ထားပါသည်


#၈၀၀၀ကျပ်
#အထွေထွေကျန်းမာရေးဝန်ဆောင်မှု

page လေးကို စခဲ့တဲ့ post က လိပ်ခေါင်းရောဂါ post နဲ့ စခဲ့တာပါ ခွဲတာ စိတ်တာ ကြောက်တဲ့ သူတွေ အတွက် အများကြီး ကူညီပေးနိုင်ခဲ...
15/01/2024

page လေးကို စခဲ့တဲ့ post က လိပ်ခေါင်းရောဂါ post နဲ့ စခဲ့တာပါ

ခွဲတာ စိတ်တာ ကြောက်တဲ့ သူတွေ အတွက် အများကြီး ကူညီပေးနိုင်ခဲလို့ ပျော်ရွှင် ဝမ်းသာမိပါတယ်

ဆရာဝန် ဝိနည်းနဲ့ လိုက်နာရမယ့်
စည်းကမ်းတွေကြောင့်သာ
ကုသမှု ရယူပြီး အဆင်ပြေသွားတဲ့ လူနာတွေ အကြောင်းမတင်ဖြစ်တာပါ

သို့သော် တချို့ လူနာတွေကျလဲ မခွဲလို့ကို မရတဲ့
အခြေအနေမျိုးတွေ အတွက် စိတ်မကောင်းစွာနဲ့ဘဲ
ကုသမပေးနိုင်ခဲ့ပါဘူး

ဘယ်အချိန်မှာ လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသမှု မဖြစ်မနေခံယူသင့်လဲ ပြောပြပါ့မယ်

၁ လိပ်ခေါင်းက သွေးထွက်တာ အရမ်းများနေရင်
၂ လိပ်ခေါင်း ခဏ ခဏ လဲ ပြန်ဖြစ်တယ် အခုဖြစ်နေတာလဲ လိပ်ခေါင်းက ကြီးလဲ ကြီးတယ် နာလဲ အရမ်းနာတယ် သွေးလဲ ထွက်တယ် လက်နဲ့ ပြန်တွန်းကြည့်တာလဲ မဝင်တော့ဘူး
၃ ဆားစိမ်တာ ဆေးလိမ်းတာ ဆေးသောက်တာတွေ ဘယ်လောက်လုပ်လုပ် မသက်သာတော့ရင်

အဲ့ ၃ ချက်ဆို ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်

ကျန်းမာရေးကိစ္စ အဝဝကို online တခုထဲကဘဲ ကုမရနိုင်တဲ့ အတွက် ကျွန်တော့်ဆီလာရောက် တိုင်ပင်ဆွေးနွေးတဲ့ လူနာတွေကို ထိရောက်တဲ့ ကုသမှု online ကမပေးနိုင်ဘူးလို့ ယူဆရတဲ့ ရောဂါမျိုး အခြေအနေမျိုးဆို နီးစပ်ရာ ဆေးရုံ ဆေးခန်းသွားဖို့ အကြံပေးနေကျပါ

ကျန်းမာရေးတိုင်ပင်ဆွေးနွေးကုသမှုကို ဝန်ဆောင်ခ ၈၀၀၀ ကျပ်ဖြင့် page cb မှာ လုံခြုံစိတ်ချစွာ ရယူလိုက်ပါ

ဒီနှစ်ဆောင်းက အတော်အေးပါတယ် တော်ရုံ အနွေးထည်မလိုတဲ့ ရန်ကုန်ဆောင်းတောင်မနက်အစောနဲ့ ညဘက် အနွေးထည်ကပ်နေရတယ်ဒီလို အေးတဲ့ ရာသ...
11/01/2024

ဒီနှစ်ဆောင်းက အတော်အေးပါတယ်

တော်ရုံ အနွေးထည်မလိုတဲ့ ရန်ကုန်ဆောင်းတောင်
မနက်အစောနဲ့ ညဘက် အနွေးထည်ကပ်နေရတယ်

ဒီလို အေးတဲ့ ရာသီဥတုဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အကျိုးသက်ရောက်မှုရှိပါတယ်
ဒါကြောင့် ဒီလိုရာသီမှာ အဆုတ်ယောင်တဲ့ ရောဂါ ဖြစ်ပွားမှုက အခြားရာသီထပ်ပိုများပါတယ်

Virus , Bacteria, မှိုပိုးများကြောင့် အဆုတ်ယောင်နိုင်ပါတယ်

ဖျားလဲဖျားတယ်
အစားအသောက်လဲပျက်တယ်
အသက်ရှုရတာလဲ မဝသလိုလို
လူလဲနှုံး ကိုယ်လက်မအီမသာလဲ ဖြစ်
ဒါတွေနဲ့ ချောင်းဆိုး သလိပ်ပါ ရင်ဘတ်အောင့်
အဲ့ သုံးခု တွဲရင် မပေါ့ပါနဲ့

အာဟာရရှိတာစားမယ်
ထိရောက်တဲ့ ဆေးကုသမှု ယူမယ်ဆို
အလွယ်တကူသက်သာနိုင်ပါတယ်

အထူးဂရုစိုက်ရမယ့် သူတွေက

ကလေးငယ်များ အထက်ကပြောသွားတဲ့

ကိုယ်ပူ အစားမစား နို့မစို့
မှိန်းဘဲနေ (တအီအီနဲ့ခွေနေတတ်တယ်)

ညဘက် အိပ်ရင် အသက်ရှုသံ အပြင် ရွှီ ရွှီလဲမည်တယ် ဒါမှမဟုတ် အသက်ရှုသံကြီးက ပြင်းနေတယ်
အသက်ရှုတာ မြန်နေတယ် ဆို ဂရုစိုက်ပါ

၅ နှစ်အောက်ဆို ဆေးရုံသာသွားပါ ကျွန်တော်ဆီမလာပါနဲ့ ဒီလို ကိစ္စက online က ကုမရပါ

၅ နှစ်အထက် အထက်ပါပြောတဲ့ အချက်တွေ ရှိနေရင်
အမြန်ဆုံးထိရောက်တဲ့ ကုသမှု ယူပါ

ဆေးလိပ်အလွန်အကျွံသောက်တတ်သူများ

အသက်အရွယ်ကြီးသူများ

အဲ့သုံးမျိုးက အဆုတ်ယောင်တာကို အချိန်မီ မကုသရင် အပ်နဲ့ထွင်းတာကို ပေါက်ဆိန်နဲ့ပေါက်ရတာကို မဟုတ်ပါဘူး အသက်ပါ ဆုံးပါးနိုင်တဲ့ အထိ ရောဂါက ဒုက္ခ ပေးပါတယ်

အဆုတ်ယောင်တဲ့ ရောဂါဟာ အချိန်မီကုသရင် လွယ်ကူစွာ သက်သာပျောက်ကင်းနိုင်တဲ့ အတွက်

ဖျားလဲဖျား ချောင်းလဲဆိုး သလိပ်လဲပါ
စားချင်စိတ်လဲ ပျက်
အသက်ရှုရတာလဲ အားမရ
လူလဲ နှုန်းဆို အချိန်မဆွဲပါနဲ့

အချိန်စွဲနေရင် သင့် အဆုတ်ထဲ လိုအပ်တဲ့
ပိုးကောင်ရေ ရသွားတဲ့အခါ သင့်ကို အဆိုးဝါးဆုံး
ဒုက္ခ ပေးမှာပါ

ကျန်းမာရေးဝန်ဆောင်ခ ၈၀၀၀ ကျပ်ထဲဖြင့်
စိတ်ချ လုံခြုံစွာတိုင်ပင်ဆွေးနွေးနိုင်ဖို့
Dr.KnockDoor မှ ဖိတ်ခေါ်ပါတယ်

#အဆုတ်ယောင်


#တုတ်ကွေး

  #ညှင်းအဖြစ်များတဲ့ အရေပြားရောဂါ တမျိုးပါ သူက လူခန္ဓာကိုယ် အရေပြားပေါ်က ပုံမှန်ရှိနေကြ မှိုပိုးတွေကြောင့် ဖြစ်တာပါ ဆိုလ...
03/01/2024


#ညှင်း

အဖြစ်များတဲ့ အရေပြားရောဂါ တမျိုးပါ
သူက လူခန္ဓာကိုယ် အရေပြားပေါ်က ပုံမှန်ရှိနေကြ
မှိုပိုးတွေကြောင့် ဖြစ်တာပါ
ဆိုလိုတာ ပြင်ပက infection
(ပိုးတမျိုးမျိုးကြောင့်)မဟုတ်ပါဘူး အမျိုးအရင်းကြီးတွေ ဒုက္ခပေးတာပါ

အလွယ်ပြောရရင် အရေပြား အဖြူကွက်ပေါ့ဗျာ

ယားတော့ယားတယ် ပွေး ဝဲ လောက်တော့
မယားပြန်ဘူး

အရမ်းလဲ မယား ဖြစ်တဲ့နေရာတွေကလဲ အကျီချွတ်မှ မြင်ရတဲ့နေရာတွေမှာ ဖြစ်တာများတော့ ကိုယ့်ဟာကို ကျိတ်ရှင်းကြတာများတယ်

ဆေးဆိုင်သွားတယ် လိမ်းဆေးဝယ်တယ် လိမ်းတယ်
ပျောက်လား ပျောက်တယ်
ပြီး ပြန်ပြန်ဖြစ်ရော ပျောက်တာမှ ၂ လ မပြည့်သေးဘူး
လက်မောင်းလေးက စကွက်လာပြီ
နောက်တလလောက်လဲ နေရော ရင်ဘတ်လေးပါ ကွက်လာရော
အဲ့ အချိန် သန့်ရှင်းရေးသာ အားနည်းကြည့် လည်ပင်းတွေ ဂုတ်တွေ နောက်အဆိုးဆုံးပါးတွေ ထိပါရောက်လာရော

အဲ့တော့
သင်က
အဆီပြန်တဲ့ အသားအရည်လဲ ပိုင်ဆိုင်ထားတယ်
နေပူထဲလဲ ထွက်ရတယ်
ချွေးထွက်လဲများတယ်
အဲ အရေပြားပေါ်မယ် တကွက် နှစ်ကွက်လဲ
ပေါ်နေတယ်ဆို ပစ်မထားပါနဲ့ ပိုဆိုးလာနိုင်ပါတယ်

နောက်ပြီး
လူပျိုဖြစ်စ အပျိုဖော်ဝင်စအရွယ်တွေမှာလဲ ဟော်မုန်းအကူးအပြောင်းကြောင့် ဖြစ်ပါတယ် ဖြစ်တတ်ပါတယ် ဒါသာမာန်ပါဘဲ my friend တို့ ရှက်စရာ မဟုတ်ပါဘူး ရောဂါနုတုန်း ရှင်းထားကြပါ

သင်က ခဏ ခဏဖျားတတ်တယ်
ကိုယ်ခံအားမကောင်းဘူး ဆိုရင်လဲ အလွယ်တကူ
ဖြစ်နိုင်ပါတယ်

နောက်ဆုံး ကျွန်တော်တို့ နိုင်ငံရဲ့ ရာသီဥတုကိုက
ညှင်းဖြစ်ဖို့တွန်းအားပေးတဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတာပါ

အဆုံးသတ်ရရင် ညှင်းဖြစ်တာ ရှက်စရာ မဟုတ်ပါဘူးခင်ဗျာ
ကုသမှု စနစ်တကျ ရယူရင် အရှင်းပျောက်နိုင်တဲ့ရောဂါပါ
စိတ်ရှည်ရှည်နဲ့ တော့ ကုသမှု ခံယူရပါမယ်
နှစ်ရက် သုံးရက်နဲ့​တော့ အပျောက်မကုနိုင်ပါဘူး

ရေကူးကန်မှာ ယုံကြည်မှုရှိရှိ အကျီချွတ်နိုင်ဖို့ရာ
စိတ်ရှည်ရှည်နဲ့ ပျောက်ကင်းအောင်ကုသဖို့
အကြံပြုပါရစေ ခင်ဗျာ

ကျန်းမာရေးအတွက် စိတ်ချလုံခြုံစွာတိုင်ပင်ဆွေးနွေးမှုကို ဝန်ဆောင်ခ ၈၀၀၀ ကျပ်ထဲဖြင့် ရယူနိုင်ပါပြီ


#ညှင်း
#အရေပြား
#မှိုပိုး

 #အဖျားကျဖို့  ရာသီတုတ်ကွေးက စ လို့ ရောဂါကြီးတွေအထိ ရောဂါလက္ခဏာ တခုအနေနဲ့ အဖျားတက်ခြင်းဆိုတာ ဖြစ်တတ်ပါတယ် အခုခေါင်းစဥ်မှ...
31/12/2023

#အဖျားကျဖို့



ရာသီတုတ်ကွေးက စ လို့ ရောဂါကြီးတွေအထိ
ရောဂါလက္ခဏာ တခုအနေနဲ့ အဖျားတက်ခြင်းဆိုတာ ဖြစ်တတ်ပါတယ်

အခုခေါင်းစဥ်မှာ ရာသီအကူးအပြောင်း
တုတ်ကွေးသမားများ အတွက်သာ အဓိက
ရည်ရွယ်လိုပါတယ်

အဖျားကျစေဖို့

ကောင်းကောင်း အနားယူပါ
အစာကြေလွယ်ပြီး အာဟာရရှိတာတွေ စားပါ

ရေများများသောက်ပါ သေးခဏခဏပေါက်ပါ
ရေပတ်တိုက်ပါ ဂျိုင်း လည်ပင်း ပေါင်ခြံ
အဓိကထားတိုက်ပါ
ရေချိုးပါ

နွေးနွေးထွေးထွေးနေရမှာ မှန်ပင်မယ့်
စောင်တွေ အထပ်လိုက်ကြီး ခြုံတာ
အဝတ်အစားအထူကြီးတွေ ဝတ်တာရှောင်ပါ

အဖျားကျဆေးသောက်ဖို့ မမှာတော့ပါဘူး
ဘာလို့လဲဆို ကျွန်တော် တုပ်ကွေးမိလဲ
အထက်ကပြောတာတွေနဲ့ မပျောက်ရင်
Rum ၂ ပတ်လောက်ကိုင်ပြီး စွပ်ပြုတ်
သောက်အိပ်တာမို့ပါ 😁

Happy New Year All


ကျန်းမာရေးကိစ္စ အဝဝကို လုံခြုံစိတ်ချစွာ
တိုင်ပင်ဆွေးနွေးနိုင်ပါသည်
ကျန်းမာရေး ဝန်ဆောင်ခ ၈၀၀၀ ကျပ်

လည်ပင်းကျီးပေါင်းဖြစ်နေသူများအတွက် လေ့ကျင့်ခန်းလေး မျှဝေလိုက်ပါတယ် photo crd
31/12/2023

လည်ပင်းကျီးပေါင်းဖြစ်နေသူများအတွက် လေ့ကျင့်ခန်းလေး မျှဝေလိုက်ပါတယ်

photo crd

Address

Yangon
05011

Telephone

+959251789750

Website

Alerts

Be the first to know and let us send you an email when Dr. Knock Door posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram