မိန်ဟွေး -Mei Hway

မိန်ဟွေး -Mei Hway Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မိန်ဟွေး -Mei Hway, Mental Health Service, ဒဂုံလမ်း, Yangon.

Counselling Service : စိတ်ကျန်းမာ​ရေးကောင်းချင်သူများ၊ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေချင်သူများ၊ကိုယ့်ကိုယ်ကိုပိုသိချင်သူများ၊ကိုယ့်ကိုယ်ကိုပျောက်ဆုံးပြီး ဘဝမှာဘာဆက်လုပ်ရမယ်မသိအောင် လမ်းပျောက်နေသူများအတွက် စိတ်ပိုင်းဆိုင်ရာ အ​ထောက်အကူပေးနိုင်ရန် ရည်ရွယ်ပါသည်။

စိတ်နေမကောင်းဖြစ်တာဟာ ရှက်စရာမဟုတ်ပါဘူး ။ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ရယူခြင်းဟာလည်း ရှက်စရာ မဟုတ်ပါဘူးနော်။
24/11/2025

စိတ်နေမကောင်းဖြစ်တာဟာ ရှက်စရာမဟုတ်ပါဘူး ။ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ရယူခြင်းဟာလည်း ရှက်စရာ မဟုတ်ပါဘူးနော်။

Counselor မိန်ဟွေး ( Mei Hway)at မိန်ဟွေး- Mei Hway Counselling Centre, Myeik.
22/11/2025

Counselor မိန်ဟွေး ( Mei Hway)

at မိန်ဟွေး- Mei Hway Counselling Centre, Myeik.

20/11/2025

ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးနေရချိန်တွေမှာ လွမ်းတဲ့စိတ် ၊သတိရတဲ့စိတ်တွေကြောင့်ဖြစ်တဲ့ စိတ်ပင်ပန်းမှုတွေကို ဘယ်လို ဖြေဖျောက်လို့ရနိုင်မလဲ/ အဆင်​ပြေအောင် ဘယ်လို ကိုင်တွယ်လို့ရနိုင်မလဲ ??? ဆိုတဲ့မေးခွန်းအပေါ် Counselor Ko Aung Thu Ko ရဲ့ ဖြေကြားမှု 📨📨။

နေရာ။ ။
မိန်ဟွေး- Mei Hway Counselling Centre, Myeik.

Mei Hway (20.11.25) 4:10pm

💝 သင့်ရဲ့ စိတ်သောက ဖိစီးမှုများကို ဖြေလျော့အောင် ကူညီပေးနိုင်ဖို့သာ ကျွန်ုပ်ရဲ့ ဦးစားပေးအရာပါ။ 💝Counselling Service (ရင...
28/10/2025

💝 သင့်ရဲ့ စိတ်သောက ဖိစီးမှုများကို ဖြေလျော့အောင် ကူညီပေးနိုင်ဖို့သာ ကျွန်ုပ်ရဲ့ ဦးစားပေးအရာပါ။ 💝

Counselling Service (ရင်ဖွင့် ဆွေးနွေးခြင်းဝန်ဆောင်မှု) ရယူချင်သူများ (ပထမဆုံးအကြိမ်)အတွက် ဝန်ဆောင်ခ Free (အခမဲ့) ဆွေးနွေးနိုင်မဲ့အစီအစဥ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💖 အပတ်စဥ် ေသာကြာနေ့တိုင်း - ဝန်ဆောင်ခ အခမဲ့ဖြင့် Counselling ရယူနိုင်ပါပြီ။

အခမဲ့အစီအစဥ်ကိုဖြစ်စေ၊ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဖြစ်စေ အသေးစိတ်သိချင်သူများအနေဖြင့်

☎ 09 792 766 602 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

Viber နဲ့ Messenger မှလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။

မိန်ဟွေး - Mei Hway (28.10.25) 1:13 pm

18/10/2025

မိန်ဟွေး- Mei Hway Counselling Centre (ရင်ဖွင့်တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှု) တွင် Counselling နဲ့ ပတ်သက်တဲ့ ဗဟုသုတမျှဝေတဲ့မိတ်ဆက်ပွဲလေးကို 21.9.25 မှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီမိတ်ဆက်ပွဲမှာ Counselor (ကောင်ဆယ်လာ) မိန်ဟွေးနှင့်အတူ Counselor Aung Thu Ko, Counselor Nick, Counselor Thant Sin, Counselor Jace တို့က Online မှတဆင့် ပူးပေါင်းပါဝင်ပြီး ဆွေးနွေးပေးခဲ့ပါတယ်။

Counselor Nick ရဲ့ Counselling ဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို မြင်သာအောင် မျှဝေဆွေးနွေးပေးခဲ့တဲ့ Short Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။ 🥰🥰

မိန်ဟွေး- Mei Hway (18.10.25) 4:40pm

*Self-awareness ရှိမရှိ စစ်ဆေးခြင်း*(ကိုယ့်ကိုကိုယ် အသိသတိရှိမှု စစ်ဆေးခြင်း)❓ ကိုယ်ဘာဖြစ်နေလဲ ⚫ ငါ ဒေါသထွက်နေလား⚫ စိတ်တ...
17/10/2025

*Self-awareness ရှိမရှိ စစ်ဆေးခြင်း*
(ကိုယ့်ကိုကိုယ် အသိသတိရှိမှု စစ်ဆေးခြင်း)

❓ ကိုယ်ဘာဖြစ်နေလဲ
⚫ ငါ ဒေါသထွက်နေလား
⚫ စိတ်တိုနေလား
⚫ မကျေနပ်ဖြစ်နေလား
⚫ ငိုချင်နေလား
⚫ စိတ်မကြည်မလင်ဖြစ်နေလား

❓ ကိုယ့်စိတ်/ ကိုယ့်ရင်ထဲမှာဘာခံစားနေရလဲ
⚫ ငါ ဝမ်းနည်းနေလား
⚫ အားငယ်နေလား
⚫ အထီးကျန်နေလား
⚫ စိတ်ဓာတ်ကျနေလား

❓ ကိုယ်ဘာတွေးနေလဲ
⚫ လက်တုံ့ပြန်ဖို့ တွေးနေလား
⚫ စိတ်ပျော်အောင် ဘယ်လိုထွက်ပေါက်ရှာမလဲ တွေးနေလား
⚫ အားလုံးကို အရှုံးပေးလိုက်ရင် နားအေးသွားမယ်လို့ တွေးနေလား

❓ အခုကိုယ်ဘာလုပ်မိ​နေလဲ
⚫ စိတ်ညစ်နေတာပျောက်အောင် အရက်သောက်မယ်
⚫ Shopping ထွက်ပြီး တွေ့သမျှ အကုန်ဝယ်မယ်
⚫ တွေ့သမျှ စားမယ်

*ခံစားချက် ➡ အတွေး ➡ လုပ်ဆောင်မှု (အပြုအမူ)*

ကိုယ့်ခံစားချက်ကြောင့် မလုပ်သင့်တဲ့အပြုအမူတွေ လုပ်မိနေတာတွေဆီကနေ ရုန်းထွက်ချင်ရင် အရင်ဆုံး ကိုယ့်ရင်ထဲမှာ ဘာတွေခံစားနေရလဲဆိုတာ သတိထားမိအောင်လုပ်ဖို့ လိုပါတယ်။

ဒီလိုကိုယ့်စိတ်လေးဘာဖြစ်နေလဲသိပြီဆိုရင် ကိုယ့်စိတ်ခံစားချက်ကြောင့် လုပ်​မိနေတဲ့ အပြုအမူတွေဆီကနေ ပိုကောင်းတဲ့ရွေးချယ်မှုဆီကို ပြောင်းလဲနိုင်ပါပြီ။

ကိုယ့်စိတ်ကျန်းမာရေး အမြဲတမ်းအဆင်ပြေနေစေဖို့ ဒီမေးခွန်းလေးတွေနဲ့ ကိုယ့်ကိုကိုယ် မကြာခဏ ဆန်းစစ်ကြည့်ပါ။

ကိုယ့်စိတ်လေးရဲ့ အသံကို နားထောင်ကြည့်ရအောင်။

မိန်ဟွေး- Mei Hway Counselling Centre
(17-10-25) 8:30am

11/10/2025
မိန်ဟွေး- Mei Hway Counselling Centre (ရင်ဖွင့်တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှု) ကို မြိတ်မြို့တွင် ဖွင့်လှစ်ထားပြီး လူ...
11/10/2025

မိန်ဟွေး- Mei Hway Counselling Centre (ရင်ဖွင့်တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှု) ကို မြိတ်မြို့တွင် ဖွင့်လှစ်ထားပြီး လူတွေ့ / Online ဖြင့် Counselling Service များ ရယူနိုင်ရန် ဆောင်ရွက်ပေးနေပါသည်။

အမှတ် (၁၀)၊ ဒဂုံလမ်း၊ မြို့သစ် (၃)ရပ်ကွက်၊ မြိတ်မြို့။
( ခွန်း ဆက် ချို အလှပြင်ဆိုင် အပေါ်ထပ်၊ မြို့သစ် စာသင်ကျောင်း အရှေ့လမ်း။)

Contact Phone/ Viber - 09 792 766 602 နှင့်

Facebook - Messenger မှတဆင့်လည်း ရင်ဖွင့်ဆွေးနွေးခြင်း ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Service Hours (ဝန်ဆောင်မှု ရယူနိုင်ချိန်များ)
💛💛💛💛💛
Monday
Tuesday
Thursday
Friday
Saturday
(မနက် ၁၀ နာရီ မှ ညနေ ၅နာရီ ထိ)
_________________________

💔💔 Wednesday , Sunday ပိတ်သည်။

မြိတ်မှာ Counselor နဲ့ လူတွေ့ / online ဆွေးနွေးလို့ ရပါပြီ ၊ ဖုန်း ဒါမှမဟုတ် Viber 09792766602 ကို ဆက်သွယ်မေးမြန်းပြီး ရ...
04/09/2025

မြိတ်မှာ Counselor နဲ့ လူတွေ့ / online ဆွေးနွေးလို့ ရပါပြီ ၊ ဖုန်း ဒါမှမဟုတ် Viber 09792766602 ကို ဆက်သွယ်မေးမြန်းပြီး ရက်ချိန်းယူနိုင်ပါပြီ။

ယခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာရှိနေပြီးဖြစ်တဲ့ စိတ်မိတ်ဆွေနဲ့လက်တွဲထားသော Mental Health Centre တွေကို မြေပုံပေါ်မှာကြည့်နိုင်ပါပြီ။

သင့်ရဲ့စိတ်ခံစားချက်တွေကိုပြောပြဖို့ လိုအပ်နေပြီဆိုရင် မြန်မာနိုင်ငံရဲ့ ဘယ်နေရာကမဆို စိတ်မိတ်ဆွေကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်နော်။

သင့်တည်နေရာနဲ့အနီးစပ်ဆုံးစင်တာက Counsellors တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပေးသွားမှာဖြစ်လို့ အခါကြီးပိတ်ရက်များမှအပ နေ့စဥ် မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အတွင်း 09 8810 63030 ကိုခေါ်ဆိုပြီး စိတ်မိတ်ဆွေ မှာ ဆက်သွယ်စုံစမ်းအကူညီရယူနိုင်ပါပြီနော်။

📞09 - 8810 630 30
Viber, Telegram message (or)
Seit Mate Swe page Messenger

#စိတ်မိတ်ဆွေ


Grief ( ပူဆွေးခြင်း )Grief ဆိုတာ ကိုယ်ဆုံးရှုံးသွားတဲ့အရာအတွက် ပူဆွေးသောကရောက်ခြင်းဖြစ်တယ်၊ ပူဆွေးမှုကို သနားကြင်နာစာနာမ...
02/09/2025

Grief ( ပူဆွေးခြင်း )

Grief ဆိုတာ ကိုယ်ဆုံးရှုံးသွားတဲ့အရာအတွက် ပူဆွေးသောကရောက်ခြင်းဖြစ်တယ်၊ ပူဆွေးမှုကို သနားကြင်နာစာနာမှုဖြင့် ထိတွေ့လိုက်တဲ့အခါ ပူဆွေးမှုဟာ ရုတ်တရက် ဝမ်းနည်းကြေကွဲခြင်းအဖြစ်သို့ ပြောင်းလဲခံစားရတတ်တယ်၊ ဒီဟာကို မြင်သာအောင် လက်သီးဆုပ်ဥပမာနဲ့ ပြနိုင်တယ်၊
ဥပမာ..ပူဆွေးမှုကို တစ်ယောက်ထဲ ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေသူဟာ ကျစ်နေအောင်တင်းတင်းဆုပ်ထားတဲ့လက်သီးလိုပဲ၊ ပူဆွေးနေပေမဲ့ ဆက်လက်ရှင်သန်နေထိုင်ဖို့အတွက် သန်မာနေရတယ်၊ တချိန်ချိန်မှာ တစ်ယောက်ယောက်က ဒီလက်သီးဆုပ်လေးကို နွေးထွေးကြင်နာစွာ အုပ်မိုးဆုပ်ကိုင်ပေးလိုက်တဲ့အချိန်မှာ သန်မာပြနေရတဲ့ လက်သီးဆုပ်လေးဟာ သူ့မှာ ဒီလက်သီးဆုပ်ကို ဖြေချလို့ရသားပဲဆိုတဲ့ စိတ်ဖြေသာမှုလေးကို ရှာတွေ့လိုက်တဲ့အချိန်မှာတော့ ပူဆွေးမှုဟာ (တချိန်လုံး တင်းခံနေခဲ့တဲ့ ပူဆွေးမှု) ဆို့နင့်နေတဲ့ ဝမ်းနည်းကြေကွဲခြင်းကို ပြောင်းလဲသွားခဲ့တယ်၊

ွကိုယ်တွေဘဝတွေမှာ ဆုံးရှုံးမှုတွေကို တချိန်မဟုတ် တချိန်တော့ လူတိုင်းကြုံရဆုံရတယ်၊
- ချစ်ခင်နှစ်သက်သူတွေကို ဆုံးရှုံးမှု ( မိသားစု/ သူငယ်ချင်း၊မိတ်ဆွေ စသည်)
- ကိုယ့်ယုံကြည်ရာ ကိုးကွယ်ရာတွေနဲ့ပတ်သက်တဲ့ အရာတွေကို ဆုံးရှုံးမှု၊
- ကိုယ့်ဘဝ တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးဆုံးရှုံးမှု၊
- ကိုယ့်ရဲ့ ရတနာတွေဖြစ်တဲ့ သားသမီး/ ကိုယ်ဝန် ကို ဆုံးရှုံးမှု၊
- ငွေကြေးဆုံးရှုံးမှု/ တန်ဖိုးထားရတဲ့အရာတွေ ဆုံးရှုံးမှု စတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ရင်ဆိုင်ကြုံတွေ့ရသလို နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေမှုတွေလည်း အများကြီး ကိုယ်တွေဘဝတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်၊

တခါတ​ေလမှာ ကိုယ်ချစ်ရတဲ့မိသားစုထဲက တစ်ယောက်ယောက်က နာမကျန်းဖြစ်နေချိန်တွေဟာ ကြာမြင့်လာပြီး မျှော်လင့်ချက်နည်းလာချိန်တွေမှာ ဒီနာမကျန်းဖြစ်နေတဲ့သူအတွက် ပူဆွေးမှု (grief) ကို ကြိုတင်လက်ခံပြီးခံစားတတ်သူတွေလည်း ရှိတတ်ကြတယ်၊ ဒီလိုမျိုး grief ကို ကြိုတင်ခံစားထားပြီးတဲ့သူတွေဟာ တကယ်ဆုံးရှုံးမှုကို ရင်ဆိုင်ရတဲ့အခါမှာ သူဟာ ဝမ်းနည်းစွာ ငိုကြွေးပူဆွေးနေတာမျိုး ရှိမှာမဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ သူက ကြိုတင်ပြီး ပူဆွေးမှု ကို လက်ခံထားပြီးပြီမို့ပါ၊

တချို့ ပူဆွေးမှုတွေဟာ ကာလကြာရှည် နေတတ်တယ်၊ ပူဆွေးမှုဖြစ်စဉ်မှာ အဆင့် ၅ဆင့် ရှိတယ် ၊ ဒီအဆင့်တွေက အစဉ်လိုက်ဖြစ်တာမျိုးမရှိသလို ဒီ ၅ဆင့်လုံး ဖြစ်ကိုဖြစ်ရမယ်လို့လည်း တရားသေ သတ်မှတ်ထားတာမဟုတ်ပါဘူး၊

- Denial ( ဆုံးရှုံးမှုကို လက်မခံနိုင်ခြင်း/ ငြင်းဆန်ခြင်း)
- Anger (ဆုံးရှုံးခဲ့ရမှုအပေါ် / ဆုံးရှုံးမှုကိုဖြစ်စေတဲ့အရာတွေအပေါ် ဒေါသဖြစ်ခြင်း)
- Bargaining (ဟိုလိုလုပ်ခဲ့ရင် / ဒီလိုကြိုးစားခဲ့ရင် စတဲ့ ဆုံးရှုံးမှုကို ပြောင်းလဲမြင်နိုင်ဖို့ ကြိုးစားခြင်း)
- Depression (ဆုံးရှုံးမှုကြောင့် လုံးဝစိတ်ဓာတ်ကျသွားခြင်း/ ဘဝအဓိပ္ပါယ်မဲ့သွားခြင်း)
- Acceptance (ဆုံးရှုံးမှုကို လက်ခံလိုက်ခြင်း)

ဒီအဆင့် ၅ ဆင့်လုံးကို တစ်ဆင့်ပြီးတစ်ဆင့်ခံစားရင်း ပူဆွေးမှုကိုကျော်လွှားနိုင်ကြတဲ့သူတွေရှိသလို တချို့ကျတော့ အဆင့်တစ်ခုထဲမှာ အကြာကြီးရှိနေတတ်ကြတာမျိုးလည်းရှိတယ်၊ လက်ခံခြင်းအဆင့်ကို မရောက်သရွေ့ နောက်ဆုတ်လိုက် ကျော်သွားလိုက်နဲ့ ရှေ့က အဆင့်တွေထဲ ပိတ်မိနေတတ်ကြသူတွေလည်း ရှိတတ်ကြသလို တချို့ကျတော့ လွယ်လွယ်နဲ့ လက်ခံခြင်းအဆင့်ကို အချိန်တိုတိုနဲ့ ဖြတ်ကျော်နိုင်သွားတာတွေလည်းရှိတတ်ကြတယ်၊

ပူဆွေးမှုကို မဖြစ်မနေ အဆုံးသတ်ရမယ်ဆိုတာမျိုး မရှိပါဘူး၊ ကိုယ့်ရဲ့ဆုံးရှုံးမှုကို နားလည်လက်ခံပြီး ဒီ ခံစားချက်လေးနဲ့ အမြဲ နေထိုင်သွားလို့လည်း ရပါတယ်၊ အနာကျက်သွားသည့်တိုင် အမာရွတ်လေးကတော့ ရှိနေမှာပဲလေ၊

သင့်ရဲ့ပူဆွေးမှုဟာ အဲ့ဒီအရာအပေါ် သင်ဘယ်လောက်ချစ်လဲဆိုတာကို ပြသခြင်းတစ်မျိုးပါပဲ၊

မိန်ဟွေး- Mei Hway ( 2.9.25) 11:39pm

တခါတလေမှာ လူတွေဟာ ကိုယ့်အကျိုးကို ကာကွယ်ဖို့အတွက် အခြားသူတစ်ဦးတစ်ယောက်ရဲ့အကျိုးကို တိုက်ခိုက်လိုက်ရတာတွေရှိတယ်။ ကိုယ့်အ...
02/08/2025

တခါတလေမှာ လူတွေဟာ ကိုယ့်အကျိုးကို ကာကွယ်ဖို့အတွက် အခြားသူတစ်ဦးတစ်ယောက်ရဲ့အကျိုးကို တိုက်ခိုက်လိုက်ရတာတွေရှိတယ်။ ကိုယ့်အကျိုးစီးပွားနဲ့ ထိပ်တိုက်ရင်ဆိုင်လာရဖွယ်ရှိနေတဲ့ အလားအလာတွေမှာ တစ်ဖက်သူကို ကိုယ့်လမ်းကြောင်းပေါ် လာမရပ်နိုင်အောင် ၊ ကိုယ်နဲ့ထိပ်တိုက်တွေ့လာမဲ့အခြေအနေတွေကနေ သူ့ကို တိုက်ခိုက်ဖယ်ထုတ်လိုက်ရတာတွေ ရှိတတ်တယ်။

ဒီနေရာမှာ ဒီလို တစ်ဖက်လူကို ကိုယ်ကတိုက်ခိုက်ဖယ်ထုတ်လိုက်ရာမှာ ကွဲပြားတဲ့ စိတ်ထား ၂ မျိုးရှိတယ်။ အဲ့စိတ်ထား ၂ မျိုးအပေါ်မူတည်ပြီး ဒီလူရဲ့ စိတ်နေစိတ်ထား ကိုယ်ကျင့်တရားကို သိရှိနိုင်တယ်။

ပထမတစ်မျိုး- ကိုယ့်အကျိုးစီးပွားထိခိုက်လာမှာကို စိုးရိမ်ပူပန်စိတ်နဲ့ တစ်ဖက်သူကို ကိုယ်နဲ့ထိပ်တိုက်တွေ့လာရနိုင်တဲ့အခြေအနေကနေ ရှောင်ထွက်သွားအောင် တိုက်ခိုက်ဖယ်ထုတ်လိုက်နိုင်တယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုရော အခြားသူတွေကိုပါ ဘာကြောင့် ကိုယ်ဒီလိုလုပ်လိုက်ရတယ်ဆိုတာကို အကြိမ်ကြိမ်အခါခါရှင်းပြနေမိတယ်။ ကိုယ့်စိတ်ထဲမှာ ဒီအဖြစ်အပျက်ကို အချိန်ကာလတစ်ခုအထိ ဖယ်ထုတ်လို့မရဘူး။ စိတ်မသက်မသာဖြစ်တယ်၊ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရတယ်။

နောက်တစ်မျိုး- တစ်ဖက်လူရဲ့ အခြေအနေအရပ်ရပ်ကို သေချာစုံစမ်းစစ်ဆေးပြီး သူ့ရဲ့အားနည်းချက်ကိုရှာမယ်။ အဲ့အားနည်းချက်ကို ဆုပ်ကိုင်ပြီး တစ်ဖက်လူကို ကိုယ်နဲ့ထိပ်တိုက်တွေ့နိုင်မဲ့လမ်းကြောင်းကနေ လုံးဝ လွင့်စဥ်ထွက်သွားအောင် တိုက်ခိုက်လိုက်နိုင်တယ်။ ကိုယ်လုပ်လိုက်နိုင်တဲ့အဖြစ်အပျက်ကိုလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ အခြားသူတွေကို ပြောပြတယ်။ အဲ့ဒီအတွက် ပျော်ရွှင်မှုကို ခံစားရတယ်။ နောက်နေ့ရောက်တာနဲ့ အဲ့အဖြစ်အပျက်ကို စိတ်ထဲမရှိတော့ဘူး။

ဒီလူ ၂ မျိုးမှာ သင်က ဘယ်လိုလူမျိုးလဲ။ ကွဲပြားတဲ့ လုပ်ဆောင်မှုအလိုက် သူတို့ရဲ့ စိတ်နေစိတ်ထား ကိုယ်ကျင့်တရားက ဘာတွေကို ပြနေတယ်လို့ ထင်လဲ။

ပထမတစ်မျိုးထဲကလို
အချိန်တစ်ခုကြာတဲ့အထိ ဒီအဖြစ်အပျက်က ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်နေ​​ေစပြီလား။ ဒီလိုခံစားနေရတယ်ဆိုရင် ဘာကြောင့်လဲ ဆိုတဲ့အဖြေကို ဆွေးနွေးပြီး ကိုယ့်စိတ်ထဲက ဒီအဖြစ်အပျက်ကို move on လုပ်နိုင်ဖို့ ကြိုးစားကြည့်ပါ။

မိန်ဟွေး-Mei Hway (3/8/25) 6:19am

Address

ဒဂုံလမ်း
Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00

Website

Alerts

Be the first to know and let us send you an email when မိန်ဟွေး -Mei Hway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram