13/02/2026
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် 𝐋𝐮𝐤𝐚𝐬 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မှ ကြီးမှူးကျင်းပခဲ့သော အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်း 𝐅𝐨𝐫𝐭𝐢𝐬 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 က အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ဟောပြောပေးခဲ့သည့် ကျန်းမာရေးဟောပြောပွဲကြီး 🎉 🎉 🎉
"အိန္ဒိယအထိ သွားစရာမလိုဘဲ ရန်ကုန်မှာတင် နိုင်ငံတကာအဆင့်မီ ဆေးပညာဗဟုသုတတွေ ရယူနိုင်ခဲ့တဲ့ အခိုက်အတန့်" လို့ တင်စားရလောက်မယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့က Novotel Yangon Max မှာ ကျင်းပခဲ့တဲ့ 𝐅𝐨𝐫𝐭𝐢𝐬 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ရဲ့ ကျန်းမာရေးဟောပြောပွဲကြီးဟာ တက်ရောက်လာကြတဲ့ လူနာများနှင့် မိဘပြည်သူအများအပြားရဲ့ စိတ်ဝင်စားမှု၊ ယုံကြည်မှုတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းအထူးကုဆရာဝန်ကြီး (၃) ဦးကိုယ်တိုင် ကျန်းမာရေးဗဟုသုတတွေကို ဝေမျှခဲ့တဲ့ ဒီပွဲလေးကနေ တက်ရောက်လာသူတွေ အနေနဲ့လည်း
✅ ကင်ဆာ၊ ကလေးနှလုံးနဲ့ ကျောက်ကပ်ဆိုင်ရာ နောက်ဆုံးပေါ် ခေတ်မီကုသမှု နည်းပညာသစ်တွေကို သိရှိလေ့လာခွင့်ရရှိခဲ့ပါတယ်။
✅ အိန္ဒိယနိုင်ငံအထိ သွားရောက်စရာမလိုဘဲ ရန်ကုန်မှာတင် ဆရာဝန်ကြီးတွေနဲ့ တစ်ဦးချင်းတွေ့ဆုံပြီး သိလိုသမျှကို ဆွေးနွေးမေးမြန်းနိုင်ခဲ့ပါတယ်။
✅ အိန္ဒိယသို့ ဆေးကုသွားရန် ပြင်ဆင်ချင်တဲ့ သူတွေအနေနဲ့လည်း ခရီးသွားလာရေးနဲ့ ဆေးကုသမှုအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို တစ်နေရာတည်းမှာ မေးမြန်းခွင့်ရခဲ့ကြပါတယ်။
အထူးကျေးဇူးတင်ရှိလွှာ 🙏
𝐋𝐮𝐤𝐚𝐬 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 အနေနဲ့လည်း ဟောပြောပွဲအခမ်းအနားကို ယုံကြည်စွာနဲ့ စာရင်းပေးတက်ရောက်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဒီတစ်ခေါက် အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့သူတွေအတွက်လည်း စိတ်မကောင်းမဖြစ်ပါနဲ့နော်...
နိုင်ငံရပ်ခြားမှာ သွားရောက်ပြီး ဆေးကုသလိုသူတိုင်းအတွက် 𝐋𝐮𝐤𝐚𝐬 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 အနေနဲ့ အခုထက်ပိုကောင်းတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ နိုင်ငံတကာဆေးရုံကြီးတွေနဲ့ ချိတ်ဆက်မယ့် အစီအစဉ်ကောင်းတွေများစွာကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ See First လုပ်ထားဖို့ တိုက်တွန်းပါရစေ..
#ကျန်းမာရေးဟောပြောပွဲ
#ကျေးဇူးတင်လွှာ
#အခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးခြင်း