MYA SEIN TAUNG

MYA SEIN TAUNG အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားပါ

 #ဂါရဝ_နိဝါရဝါမဝင်မှီ ပြည်ဇောတိက ဆရာတော်ဘုရားကြီးနှင့် တေဇစက္ကီ ဆရာတော်ဘုရားတို့အားမြစိမ်းတောင် ဆရာတော်ကြီးမှ ဂါရဝပြုခြင...
05/07/2024

#ဂါရဝ_နိဝါရ

ဝါမဝင်မှီ ပြည်ဇောတိက ဆရာတော်ဘုရားကြီး

နှင့် တေဇစက္ကီ ဆရာတော်ဘုရားတို့အား

မြစိမ်းတောင် ဆရာတော်ကြီးမှ ဂါရဝပြုခြင်း

#အားလုံးသတ္တဝါ_ဘေးရန်ကွာ_ကျန်းမာချမ်းသာကြပါစေ

 #မြစိမ်းတောင်တောရအမှတ်_၁၇ #နောင်တော်ကြီးစေတီနှင့်အတုလမုနိ_ဂုဏ်တော်အနန္တ_မြတ်ဗုဒ္ဓစေတီတော်ကြီး #ဌာပနာပစ္စည်းအစုစုထည့်သွင...
21/05/2024

#မြစိမ်းတောင်တောရအမှတ်_၁၇

#နောင်တော်ကြီးစေတီနှင့်အတုလမုနိ_ဂုဏ်တော်အနန္တ_မြတ်ဗုဒ္ဓစေတီတော်ကြီး

#ဌာပနာပစ္စည်းအစုစုထည့်သွင်းပူဇော်ခြင်း

သာသနာတော်နှစ် - ၂၅၆၈ နှစ်
ကောဇာသက္ကရာဇ် - ၁၃၈၆ ခုနှစ်
ကဆုန်လပြည့် -၁၅ ရက် (ဗုဒ္ဓနေ့)/ညောင်ရေသွန်းပွဲ
၂၂ - ၅ - ၂၀၂၄ နံနက် ၆ နာရီမှ ၈ နာရီအတွင်းတွင်
🙏🙏🙏

ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင် ၊ တိုက်ကြီးမြို့နယ် အတွင်းရှိ မြစိမ်းတောင်တောရ အမှတ် ၁၇ တွင် တည်ထားပူဇော်လျက်ရှိသော နောင်တော်ကြီးစေတီ နှင့် အတုလမုနိ ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓ စေတီတော်မြတ်တို့တွင် ဓါတ်တော် မွေတော် အစရှိသည်တို့ကို ဌာပနာထည့်သွင်း ပူဇော်ခြင်းမင်္ဂလာအခမ်းအနား ပြုလုပ်ကျင်းပမည်ဖြစ်ပါ၍ သတ်မှတ်ထားသည့်အချိန်ထက် နောက်မကျစေပဲ ကြွရောက်ပေးကြပါရန် ရပ်နီးရပ်ဝေးမှ အလှူရှင်များအား နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်းလိုက်ရပါသည် သူတော်ကောင်းအပေါင်းတို့ 🙏🙏🙏

#အားလုံးသတ္တဝါ_ဘေးရန်ကွာ_ကျန်းမာချမ်းသာကြပါစေ

#ဗုဒ္ဓသာသနံ_စိရံ_တိဋ္ဌတု

 #တိုက်ကြီးမြို့နယ်_ရှမ်းစုရပ်ကွက်   #ရှမ်းကျောင်းကြီးကျောင်းတိုက် #ညတရားပွဲ ကြိုတင်ပြင်ဆင်ဘေးရန်စင်တရားတော်https://t.me...
24/04/2024

#တိုက်ကြီးမြို့နယ်_ရှမ်းစုရပ်ကွက်

#ရှမ်းကျောင်းကြီးကျောင်းတိုက်

#ညတရားပွဲ


ကြိုတင်ပြင်ဆင်ဘေးရန်စင်တရားတော်
https://t.me/myaseintaung/40

#အားလုံးသတ္တဝါ_ဘေးရန်ကွာ_ကျန်းမာချမ်းသာကြပါစေ

 #တပေါင်းလပြည့် #ဥပုသ်နေ့ #မြစိမ်းတောင်ဆရာတော်ဘုရား လောကီ လောကုတ် နှစ်ဖြာသော အကျိုးစီးပွားတွေ တိုးတက်ပွားများကြစေဖို့ .....
24/03/2024

#တပေါင်းလပြည့်

#ဥပုသ်နေ့

#မြစိမ်းတောင်ဆရာတော်ဘုရား

လောကီ လောကုတ် နှစ်ဖြာသော အကျိုးစီးပွားတွေ တိုးတက်ပွားများကြစေဖို့ ...

ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ် ဒီထက်မကပဲဖြစ်ဖြစ် အင်မတန်ကိုမှ နာကြားသင့်လို့...

နာကြားဖူးခဲ့တဲ့ ဆရာတော်ဘုရားဟောထားခဲ့ဖူးတဲ့ တရားတော်တွေထဲမှာတော့ နဲနဲထူးခြားကွဲပြားနေတယ်ဆိုတာ နာယူဆန်းစစ်ကြည့်နိုင်ပါတယ်...

၂၃ - ၃ -၂၀၂၄ နေ့ ညတရားပွဲ ၊ တိုက်ကြီးမြို့နယ် ဂျိုးဖြူစံပြကျေးရွာအတွင်းရှိ ဘောလုံးကွင်းအတွင်း ပြုလုပ်ကျင်းပအပ်သော ညချမ်းဓမ္မသဘင် ‌နောက်ဆုံးနေ့တွင် ချီးမြှင့်ခဲ့သည်🙏🙏🙏

တရားနာယူရန်👇အောက်က လင့်ကိုနှိပ်ပါ
https://t.me/myaseintaung/39

#အားလုံးသတ္တဝါ_ဘေးရန်ကွာ_ကျန်းမာချမ်းသာကြပါစေ

#သတ္တဝါမှန်သရွေ့_တရားတွေ့_ချမ်းမြေ့သာယာရှိပါစေ

 #ဝေဒနာ_ခံစားမှုဝေဒနာ  ဆိုတာ ခံစားမှုလေးပါပဲ သူ့မှာ ခံစားမှုကောင်းတာ ခံစားမှုမကောင်းတာ ခံစားမှုကောင်းတာလဲမဟုတ်မကောင်းတာလ...
30/07/2023

#ဝေဒနာ_ခံစားမှု

ဝေဒနာ ဆိုတာ ခံစားမှုလေးပါပဲ သူ့မှာ ခံစားမှုကောင်းတာ ခံစားမှုမကောင်းတာ ခံစားမှုကောင်းတာလဲမဟုတ်မကောင်းတာလဲမဟုတ် ဆိုပြီးရှိတယ်ပေါ့

ခံစားမှုကောင်းတာလေးကျတော့ လူတိုင်းလိုလိုချင်ချင်ပဲ ခံစားမှုမကောင်းတာကျ ဘယ်သူမှလက်မခံချင်ကြဘူး ခံစားမှုကောင်းတာမကောင်းတာကျ သိပ်မသိသာတော့မပြောလိုကြဘူးပေါ့

အဲ့ဒီ့ ခံစားမှုဝေဒနာ တွေက အဆင်း၊အသံ၊ အနံ့၊အရသာ၊ထိတွေ့စရာ၊ကြံတွေးစရာတွေကလာတယ်လေ အဲ့ဒီ့ဝေဒနာတွေကို ဝိပဿနာယောဂီတွေအနေနဲ့ကတော့ ရှုမှတ်ပစ်ရတယ်ပေါ့ အပြင်လူတွေမှာတော့လအကုန်လိုက်ခံစားနေကြတယ်ပေါ့

အဲ့တော့ ခံစားမှုမကောင်းတာတွေကို မခံစားချင်ဘူးဆိုရင် ဝိပဿနာယောဂီတွေလို ရှုနည်းမှတ်နည်း သိအောင်လေ့လာသင်ယူပြီး ရှုမှတ်ပြီးပယ်ပေါ့

လွယ်သလားမေးရင် လွယ်တယ်ပေါ့ ခက်သလားဆိုရင်လဲခက်တယ်ပေါ့ ဘာလို့လဲဆိုတော့ မိမိအပေါ်မှာပဲမူတည်နေလို့လေ မှတ်နိုင်ခင်ကတော့ခက်ခဲတယ်ပေါ့ မှတ်နိုင်သွားတဲ့အခါကျတော့ ဘာမှမပြောပလောက်ပါလားဆိုတာ ကိုယ်တိုင်သိသွားမယ်လေ

အမှန်တကယ်ခက်ခဲတာက ခံစားမှုကောင်းတာကိုမှတ်ရတာမျိုး သူ့ထက်ခက်တာက ခံစားမှု ကောင်းတာလဲမဟုတ် မကောင်းတာလဲမဟုတ် ကိုမှတ်ရတာမျိုးတွေပေါ့

အခွင့်အခါသင့်တုန်း ကြိုတင်လေ့လာ သင်ယူပြီး ကျင့်သုံးကြည့်ကြပေါ့ဗျာ အကျိုးမယုတ်ပါဘူး လက်တွေ့ဘဝတွေမှာ အပြည့်အဝ အထောက်အကူပေးပါတယ်ဆိုတာ ကြိုးစား လုပ်ကြည့်ကြရင်း ကိုယ်တိုင် သိနိုင်ကြပါစေ

#သတ္တဝါမှန်သရွေ့_တရားတွေ့_ချမ်းမြေ့သာယာရှိပါစေ

Address

Mya Sein Taung Taw Ya 2
Yangon

Alerts

Be the first to know and let us send you an email when MYA SEIN TAUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MYA SEIN TAUNG:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram