  • Home
  • Myanmar
  • Yangon
ထိုင်းနိုင်ငံမှ မြတ်ဆွမ်းအုပ် ဆေး မှာချင်သူများMyanmar to Thai ရပါပြီ။1kg = 6000 ks (Ygn to Thai)1kg = 7000 ks (Mdy to T...
15/12/2022
ထိုင်းနိုင်ငံမှ မြတ်ဆွမ်းအုပ် ဆေး မှာချင်သူများ
Myanmar to Thai ရပါပြီ။
1kg = 6000 ks (Ygn to Thai)
1kg = 7000 ks (Mdy to Thai)
3kg ကစပြီး ပို့ပေးပါတယ်။
3kg မပြည့်ရင် 3kg သတ်မှတ်မှာပါဗျ။
ရန်ကုန်/မန်းလေးမြို့တွင်း Thaiနိုင်ငံ ပို့မယ့် ပစ္စည်း တွေကို pick up လိုက်ယူပြီး တစ်ခါထဲရုံးရောက်ရင် kg ချိန်ပြီး ငွေရှင်းရပါမယ်။ pick up ယူပြီး နှစ်ရက်အတွင်း ပို့ပေးပါမယ်။
ကြာချိန်ကတော့ တစ်ပတ်ဝန်းကျင်ပါခင်ဗျာ။
မဂ်လာ ရှိသောပျော်ရွှင်ဖွယ် ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း၊ အေးချမ်းသာယာ ပျောင်ရွှင်ကြပ...
08/10/2022
မဂ်လာ ရှိသော
ပျော်ရွှင်ဖွယ် ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း၊ အေးချမ်းသာယာ ပျောင်ရွှင်ကြပါစေကြောင်း မြတ်ဆွမ်းအုပ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ph ဆက်ပီးဝမ်းသာစရာ သတင်းပြောလာတာလေးကို post လေးတင်လိုက်တော့ မအေးရဲ့စကားလုံးလေးတွေကိုအမှတ်တရဖြစ်အောင်လိုင်းပေါ်တင်ပေးတဲ့အ...
21/05/2022
ph ဆက်ပီးဝမ်းသာစရာ သတင်းပြောလာတာလေးကို post လေးတင်လိုက်တော့
မအေးရဲ့စကားလုံးလေးတွေကိုအမှတ်တရဖြစ်အောင်လိုင်းပေါ်တင်ပေးတဲ့အတွက်မြတ်ဆွမ်းအုပ်ကိုကျေးဇူးတင်ပါတယ်
တွံတေးမအေးကတကယ်ရောဂါ
ပျောက်သွားတာပါ မအေးအမျိုးသားပါ
ဇနီးမောင်နှံ နှစ်ယောက် ဒီလို စိတ်ကြည်နူးစရာလေး လာမန့်ကြတယ်
✅မိသားစုတိုင်း ကျန်းမာရွှင်လန်းနေရတဲ့ လျှို့ဝှက်ချက်က မြတ်ဆွမ်းအုပ်ကျန်းမာရေးထုတ်ကုန်တွေကြောင့်ပဲပေါ့👨‍👩‍👧‍👦✅မြတ်ဆွမ်းအု...
19/05/2022
✅မိသားစုတိုင်း ကျန်းမာရွှင်လန်းနေရတဲ့ လျှို့ဝှက်ချက်က မြတ်ဆွမ်းအုပ်ကျန်းမာရေးထုတ်ကုန်တွေကြောင့်ပဲပေါ့👨‍👩‍👧‍👦
✅မြတ်ဆွမ်းအုပ်ရဲ့ ပျား၊ရှောက်၊ချင်း၊ကြက်သွန်ဖြူဆေးလေးကဖိုးဖိုးဖွားဖွားဖေဖေမေမေတို့ ကျန်းမာနေရခြင်းရဲ့ ဆေးစွမ်းကောင်းလေးပါပဲ 👵🧔
🔰အသည်းအဆီဖုံးခြင်း၊ နှလုံးအဆီဖုံးခြင်း
🔰နှလုံးသွေးကြောကျဉ်းခြင်း
🔰သွေးကြောပိတ်ခြင်း
🔰သွေးတိုး
🔰သွေးပျစ်ခြင်း
🔰သွေးတွင်းအဆီမြင့်တက်ခြင်း
🔰အဝလွန်ရောဂါ
🔰လေငန်းရောဂါ တို့ကိုသက်သာပျောက်ကင်းစေတဲ့အတွက် တစ်အိမ်လုံးဆောင်ထားပြီး အမြဲသုံးဆောင်နေကြတာပေါ့
ပါဝင်ပစ္စည်းများ
-----------------------
ယခုကာလအတွက် စားသုံးရန် လိုအပ်တဲ့
👉ကြက်သွန်ဖြူ
👉ချင်း
👉ရှောက်သီး
👉ပန်းသီးရှာလကာရည် (Made in USA)
👉ပျားရည်စစ်စစ် တို့ဖြင့်ထုတ်လုပ်ထားပါတယ်
✅ကျန်းမာရေးဓါတ်စာဖြစ်သည့်အတွက်ချက်ချင်းပျောက်ကင်းသွားမယ့်ဆေးမျိုးတော့မဟုတ်ပါဘူး။ ရေရှည်ပုံမှန်သုံးစွဲသွားမယ်ဆိုရင် အကျိုးထူးလာပါလိမ့်မယ် ။
သုံးစွဲပုံအညွှန်း
---------------
✔️အိမ်ရာနိုးနိုးခြင်းရေမသောက်တော့ပဲ မြတ်ဆွမ်းအုပ်ပျားရှောက်ချင်းကြက်သွန်ဖြူကို ထမင်းစားဇွန်းတစ်ဇွန်းသောက်ပါ
✔️ဆယ်မိနစ်ကြာမှ ရေသောက်ပါ။
✔️ရေသောက်ပြီးမှ မနက်စာစားပါ။
✔️တစ်နေ့တစ်ကြိမ်သောက်ရုံဖြင့် လုံလောက်ပါတယ်
✅အကယ်၍ ရလဒ်မြန်မြန်ထွက်ချင်တယ်ဆိုရင်တော့ အထက်ပါနည်းအတိုင်း ညနေဘက်တစ်ကြီမ်သောက်သုံးနိုင်ပါတယ်။
✅သဘာဝကုန်ကြမ်းများနဲ့သာထုတ်လုပ်ထားပြီး ကြာရှည်ခံဆေးတွေသုံးမထားတဲ့အတွက် ဘေးထွက်ဆိုးကျိုး ((လုံးဝ)) မရှိကြောင်း အာမခံပါတယ်။
✅ဖန်ဗူးလေးနဲ့ထုတ်လုပ်ထားတဲ့အတွက် ဆေးရဲ့အကောင်းဆုံးအရည်အသွေးကိုရရှိနိုင်တဲ့အပြင် တစ်ခြားဘေးထွက်ဆိုးကျိုးတွေလည်းလုံးဝမရနိုင်ပါဘူး။
✅လူကြီးတွေအတွက်ပဲလားဆိုတော့မဟုတ်ပါဘူးနော်။ ပျိုပျိုမေလေးတွေအတွက်လည်း တစ်နေ့တစ်ကြိမ်စားပေးရုံနဲ့ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးပြီး ကျစ်လစ်လှပစေပါတယ်..
(ပိန်ဆေးလုံးဝမဟုတ်ပါဘူးနော်)
Price List (လက်လီဈေး)
✔️15 ရက်စာ (250ml) -6,000Ks
✔️17ရက်စာ(275ml)-8,000Ks
✔️တစ်လစာဗူးကြီး (500ml) - 12,500Ks
(((ဆိုင်တွင်ပြန်လည်ရောင်းချလိုသူများနှင့် လက္ကားသမားများအတွက် သီးသန့်ဈေးနှုန်းရှိပါသည်။ )))
✅ဆေးစွမ်းထက်မြတ်ပြီး လူကြီးလူငယ်အားလုံး လူမျိုး၊ဘာသာမရွေးသုံးစွဲနိုင်တဲ့ မြတ်ဆွမ်းအုပ်ကျန်းမာရေး ထုတ်ကုန်တွေကို အိမ်တိုင်းမှာဆောင်ထားပြီး ကျန်းမာရွှင်လန်းတဲ့ မိသားစုဘဝလေးတွေကို ဖန်တီးနိုင်ကြပါပြီ..
ထုတ်ကုန်တူတွေထဲကမှမြတ်ဆွမ်းအုပ်ကို ဘာလို့ရွေးချယ်နေကြတာလဲ။
✅ Quality ကုန်ကြမ်းတွေသာ သုံးထားပြီး အကောင်းဆုံးအရည်အသွေးရှိခြင်း
✅ တိုင်းရင်းဆေးမှတ်ပုံတင် ရရှိထားခြင်း
✅အသေးစား၊အလတ်စား စက်မှု၊လက်မှု ဌာနတွင် မှတ်ပုံတင် ထားရှိခြင်း။
✅အာဆီယံ (ABINet Project) တွင်ရွေးချယ်ခံရပြီး
အာဆီယံအသိအမှတ်ပြုလက်မှတ် ရယူထားခြင်း
✅ စားသောက်ကုန်ပညာရှင်ထံမှ နည်းပညာရယူပြီး နည်းပညာ အဆင့်မြှင့်ထုတ်လုပ်ထားခြင်း
✅ထုတ်ကုန်ပထမဆုရရှိထားခြင်း
✅တာဝန်ခံမှု၊တာဝန်ယူမှု ရှိသဖြင့် Shopping Center ကြီးများတွင် ရရှိနိုင်ခြင်း။
✅GMP စနစ်နဲ့ အညီ ထုတ်လုပ်ထားခြင်း တို့ကြောင့် ဖြစ်ပါတယ်
✅မြတ်ဆွမ်းအုပ်အမှတ်တံဆိပ် ကျန်းမာရေးထုတ်ကုန်များကို - အမြို့မြို့အနယ်နယ်ရှိဆေးဆိုင်များနှင့် ရန်ကုန် ၊မန္တလေး၊နေပြည်တော်ရှိ Oceam, Marketplace, City Care ဆိုင်များ၊ စိန်ဂေဟာ၊ဂမုန်းပွင့်ကုန်တိုက်၊ Super One၊ Sein Daung Super Store တို့မှာလည်း ဝယ်ယူရရှိနိုင်ပါတယ် ...
✅ပင်ရင်းမှ တိုက်ရိုက္မှာယူလိုပါက -
Order to - Page Messenger (Or) 09763666269 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
✔️မြို့နယ်အလိုက်ပို့ဆောင်ခများရှိပါတယ်
✔️နယ်မြို့များ ငွေလွှဲဝင်တာနဲ့ ကားဂိတ်တင်ပေးပါတယ်။
ဂျပန်နိုင်ငံ၊Tokyo Ogikubo 080 6757 8470https://www.facebook.com/hkawn.ra.165မှာမြတ်ဆွမ်းအုပ် အမှတ်တံဆိပ် ပန်းသီးရှာလကာရ...
16/05/2022
ဂျပန်နိုင်ငံ၊
Tokyo
Ogikubo
080 6757 8470
https://www.facebook.com/hkawn.ra.165
မှာ
မြတ်ဆွမ်းအုပ် အမှတ်တံဆိပ်
ပန်းသီးရှာလကာရည် ပါဝင်သော
✅ပျါးရှောက်ချင်းကြက်သွန်ဖြူ
✅နနွင်းနက်သောက်ဆေး
✅နနွင်းနက် အရိုးအကြောလိမ်းဆေးတို့
ဝယ်ယူရရှိနိုင်ပါပြီရှင်
Cervicsl spondylosis (လည်ပင်းကျီးပေါင်းတက်ခြင်း) • အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးသော လူကြီးပိုင်းများတွင် အလွန...
14/05/2022
Cervicsl spondylosis (လည်ပင်းကျီးပေါင်းတက်ခြင်း)
• အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးသော လူကြီးပိုင်းများတွင် အလွန်အဖြစ်များသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါလက္ခဏာ ပိုဆိုးတတ်သည်။ အသက် ၆၀ ကျော် အမျိုးသား၊ အမျိုးသမီးများ၏ ၈၅ ရာခိုင်နှုန်းတွင် ဤလည်ပင်းကျီးပေါင်းတက်ခြင်းရောဂါရှိနေသည်။
• တချို့သော လူများတွင် ရောဂါရှိနေသော်လည်း မည်သည့်လက္ခဏာမှမခံစားရချေ။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါကလည်း ခွဲစိတ်စရာမလိုသော နည်းလမ်းများဖြင့်လည်း ထိထိရောက်ရောက် ကုသနိုင်သည်။
ရောဂါလက္ခဏာများ
• ရောဂါလက္ခဏာများမှာ နာကျင်ခြင်းနှင့် ဇက်ကြောတက်ခြင်းများပင်ဖြစ်သည်။ တစ်ခါတစ်ရံ လည်ပင်းရိုးနှစ်ခုကြားရှိ ဆက်ထားသော နေရာလွတ်ကျဉ်းမြောင်းလာခြင်းနှင့်အတူ ထိုနေရာရှိ အာရုံကြောများကို ဖိမိသည်။ ထိုသို့အာရုံကြောများ ဖိမိပါက
• လက်၊ လက်ဖျံ၊ ခြေထောက်နဲ့ ခြေဖဝါးများ ထုံကျဉ်ခြင်း၊ စူးရှရှခံစားချက်မျိုးရရှိခြင်း
• လမ်းလျှောက်ရာတွင် အခက်အခဲရှိခြင်း
• ဆီးသွားရာ အခက်အခဲရှိခြင်း၊ ဝမ်းသွားရာတွင် ဝမ်းမနိုင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းများ ဖြစ်နိုင်သည်။
• ထို့ကြောင့် အရိုးကျီးပေါင်းရှိသူများ အနေနှင့် အထက်ပါရောဂါလက္ခဏာများ ရုတ်တရက်ခံစားလာရပါက ဆရာဝန်နှင့်အမြန်ဆုံး ပြသ၍ကုသရမည်။
ဖြစ်ပွားရသောအကြောင်းအရင်းများ
• အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကိုယ်ခနွာရှိ အရိုးများ သည်လည်း ပျက်စီးလာသည်။ ပျက်စီးရသော အကြောင်းအရင်းများ
• အရိုးနုများခြောက်သွေ့လာခြင်း။ အရိုးနုများသည် အရိုးနှစ်ခုကြား ကူရှင်းလုပ်ပေးသော ပစ္စည်းဖြစ်သည်။ အသက် ၄၀ ခန့်ရောက်လာသောအခါ ထိုအရိုနုများသည် ခြောက်သွေ့ပျက်စီးလာသည်။
• အရိုးနုကျွံခြင်း၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးနု၏ အပြင်မျက်နှာပြင်သည် ကွဲအက်ခြင်းများ ဖြစ်လာကာ အရိုးကျွံခြင်းများ ဖြစ်လာသည်။
• အရိုးအတက်ထွက်ခြင်း၊ အရိုးပျက်စီးလာခြင်းအား ခနွာကိုယ်မှ အလိုအလျောက် ဖာထေးသော လုပ်ငန်းစဉ်ဖြင့် ပြန်လည်ဖာထေးသည်။ ထိုလုပ်ငန်းစဉ်ကြောင့် အရိုး၏ မျက်နှာပြင်ပေါ်တွင် မလိုအပ်သော အတက်အလက်များ ပေါ်ထွက်လာသည်။ ထိုအရိုးအတက်များသည် ကျောရိုးအာရုံကြောမကြီးနှင့် အာရုံကြောငယ်များကို ဖိမိစေကာ အာရုံကြောလက္ခဏာများ ပေါ်ပေါက်လာစေသည်။
• အရွတ်များလာခြင်း၊ အရွှတ်ဆိုသည်မှာ အရိုးနှစ်ခုအား ဆက်ပေးသောကြွက်သား၏ အစိတ်အပိုင်းဖြစ်သည်။ ထိုအရွှတ်များသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ မာလာနိုင်သည်။ ထိုကြောင့် လည်ပင်းလှုပ်ရှားနိုင်မှုများ လျှော့ကြလာကာ လည်ပင်းတောင့်တင်း (ဇက်ကြောတက်သော) ဝေဒနာများခံစားလာရသည်။
ဖြစ်နိုင်ခြေများသူများ
• အသက်အရွယ်ကြီးသူများ
• ကွန်ပျူတာ အသုံးပြုသူများ၊ စာဖတ်သူများတွင် လည်ပင်းပုံစံမမှန်ဘဲ ဖတ်ပါက လည်ပင်းတွင် ဒဏ်ဖြစ်ကာ ကျီးပေါင်းဖြစ်နိုင်သည်။
• လည်ပင်းတွင်ထိခိုက်ဒဏ်ရာရသူများ
• မျိုးရိုးထဲတွင် ကျီးပေါင်းဖြစ်သောမိဘ၊ ဆွေမျိုးများရှိခြင်း
• ဆေးလိပ်အလွန်မကျွံသောက်သုံးများ
နောက်ဆက်တွဲပြဿနာများ
• အာရုံကျောမကြီး (သို့) အာရုံကြောများကို ဆိုးရွားစွာ ဖိမိပါက အာရုံကြောပျက်စီးနိုင်သည်။
စစ်ဆေးမှုများ
• ဆရာဝန်မှ သင်၏လည်ပင်းအား စစ်ဆေးခြင်း
• ဓာတ်မှန်ရိုက်ခြင်း
• CT စကင်ရိုက်ခြင်း
• MRI စကင်ရိုက်ခြင်း
• အာရုံကြောလုပ်ငန်းများစစ်ဆေးခြင်း
ရောဂါကုသခြင်း (ဆေးဝါးများဖြင့်)
• အကိုက်အခဲပေါက်ဆေးများ
• ကြွက်သားပျော့ပျောင်းဆေးများ
• စတီးရွိုက်များ
• စိတ်ဓာတ်ကျရာတွင် အသုံးပြုသောဆေးဝါးများ
လေ့ကျင့်ခန်းများပြုလုပ်ခြင်း
• လေ့ကျင့်ခန်းဆရာများမှ သင့်အား လည်ပင်းမှကြွက်သားများ ကျန်းမာအောင် ပြုလုပ်ပေးသော လေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးနိုင်သည်။
အပ်စိုက်ကုသခြင်း
• သင်၏ဆရာဝန်မှ နာကျင်မှုသက်သာစေရန် အပ်စိုက်ကုသမှုခံယူခိုင်းနိုင်ပါသည်။ ထိုဆရာဝန်မှ ကျွမ်းကျင်သော အပ်စိုက်ကုပညာရှင်ကို လွှဲပေးမည်။
ခွဲစိတ်ကုသခြင်း
• အရိုးအကြောခွဲစိပ်ကုဆရာဝန်မှ သင်၏ ကျောရိုးကိုခွဲစိပ်ပေးနိုင်သည်။
ကာကွယ်ကုသခြင်း
• လမ်းလျှောက်ပေးပါ။
• လည်ပင်းလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။
• ကွန်ပျူတာအသုံးများ/ စာဖတ်ပါက မကြာခဏ ခေါင်းနှင့်ကိုယ်လက် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
သွေးတွင်းအဆီအန္တရာယ်​သွေးတွင်းအဆီဆိုရင် အများစုက ​သွေးတွင်းကိုလက်စထ​ရောကိုဘဲ မြင်မိတတ်ကြပါတယ်။ တကယ်​တော့ ​သွေးတွင်းအဆီလိ...
13/05/2022
သွေးတွင်းအဆီအန္တရာယ်
​သွေးတွင်းအဆီဆိုရင် အများစုက ​သွေးတွင်းကိုလက်စထ​ရောကိုဘဲ မြင်မိတတ်ကြပါတယ်။ တကယ်​တော့ ​သွေးတွင်းအဆီလို့ဆိုရာမှာ LDL, HDL, TAG နဲ့ total cholesterol ဆိုပြီး ၄မျိုးကို စစ်​ဆေး​ကြရ​​လေ့ရှိပါတယ်။ HDL ဆိုတာက​တော့ ကျန်းမာ​ရေးအတွက် ​ကောင်း​စေတဲ့ အဆီအမျိုးအစားဖြစ်ပြီး ကျန်၃မျိုးက​တော့ မ​ကောင်းတဲ့အဆီ​တွေဖြစ်ပြီး ကျန်းမာ​ရေးအတွက်အန္တရာယ်ရှိ​စေနိုင်ပါတယ်။ ဒါ​ကြောင့် ​သွေးတွင်းအဆီစစ်​ဆေးကြည့်တဲ့အခါ LDL နဲ့ TAG ပမာဏမြင့်တက်​နေမယ်ဆိုရင် ​နေ့စဥ်​နေထိုင်မှုပုံစံကို ​ပြောင်းလဲပြုပြင်ဖို့ လိုအပ်ပါတယ်။
ဘာ​ကြောင့် ​သွေးတွင်းအဆီများရသလဲ?
​အဆီများတဲ့အစားအစာ​တွေစားလွန်းတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အသက်အရွယ်ကြီးမြင့်လာတာ၊ အဝလွန်တာ၊ ​ဆေးလိပ်​သောက်တာ၊ အရက်အလွန်အကျွံ​သောက်တာ စတဲ့အချက်​​တွေဟာ ​သွေးတွင်းအဆီများခြင်းကို ဖြစ်​ပေါ်​စေနိုင်ပါတယ်။
သွေးတွင်းအဆီဓါတ်များ​နေရင် ဘာလက္ခဏာ​တွေပြတတ်လဲ?
​သွေးတွင်းအဆီဓါတ်များခြင်းဟာ လက္ခဏာပြ​လေ့မရှိပါဘူး။ ဒါ​ကြောင့် LDL, HDL, TAG နဲ့ total cholesterol level တို့ကို ​သွေး​ဖောက်ပြီး စစ်​ဆေးမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။
သွေးတွင်းအဆီများ​နေရင် ဘယ်လို့​လျော့ချနိုင်မလဲ?
​သွေးတွင်းအဆီဓါတ်ကို ​လျှော့ချနိုင်ဖို့ဆိုရင် ​နေ့စဥ်စား​သောက်​နေထိုင်မှုပုံစံကို ​ပြောင်းလဲပြုပြင်ဖို့လိုပါတယ်။ အဆီများလွန်းတဲ့ အစားအစာ​တွေကို ​ရှောင်ကြဥ်တာ၊ ​နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်တာ၊ အရက်​ဆေးလိပ်ဖြတ်တာ၊ ​ရေများများ​​သောက်တာ၊ စိတ်ဖိစီးမှု​တွေ​လျှော့ချတာ စသဖြင့် ကျန်းမာတဲ့​နေထိုင်မှုပုံစံကို လိုက်နာ​နေထိုင်ကြရပါမယ်။
သွေးတွင်းအဆီဓါတ်များခြင်းရဲ့ ​နောက်ဆက်တွဲပြဿနာ​တွေက ဘာ​တွေလဲ?
​သွေးတွင်းအဆီဓါတ်များတဲ့အခါ ​ခန္ဓါကိုယ် အနှံ့အပြားက သွေး​ကြောနံရံ​တွေမှာ အဆီ​တွေစုပုံလာတာ​ကြောင့် ဆိုးကျိုးပြသာနာ​တွေဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ ​သွေးတွင်းအဆီများခြင်း​ကြောင့် ဖြစ်​ပေါ်လာနိုင်တဲ့ ​နောက်ဆက်တွဲပြဿနာ​တွေက​တော့
(၁) နှလုံး​သွေး​ကြောကျဥ်းခြင်း
​သွေးတွင်းအဆီ​တွေဟာ နှလုံး​သွေး​ကြောနံရံ​တွေ​ပေါ် စုပုံလာတဲ့အခါ နှလုံး​သွေး​ကြောကျဥ်းခြင်း ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ နှလုံး​သွေး​ကြော​တွေကျဥ်းသွားတဲ့အခါ ​သွေးစီးဆင်းမှုနည်းသွားတာ​ကြောင့် ရင်ဘတ်​အောင့်ခြင်းနဲ့ heart attack တို့ ခံစားရနိုင်​ခြေ ပိုမိုများပြားလာပါတယ်။
(၂) ​လေဖြတ်ခြင်း
​သွေးတွင်းအဆီ​တွေဟာ ဦး​နှောက် နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ ​သွေး​ကြောနံရံ​တွေမှာလည်း စုပုံလာနိုင်ပါတယ်။ အဆီများလွန်းတာ​ကြောင့် ​ဦး​နှောက်​သွေး​ကြောပိတ်သွားတဲ့အခါ ​လေဖြတ်ခြင်းဖြစ်​ပေါ်လာနိုင်ပါတယ်။
(၃) ​သွေးတိုးခြင်း
​​ သွေးတွင်းအဆီဓါတ်များ​နေတဲ့အခါ ​​ခန္ဓါကိုယ်အနှံ့အပြားက သွေး​ကြော​တွေမှာ အဆီခဲ​တွေပုံ​လာတဲ့အခါ ​သွေး​ကြောကျဥ်းလာပြီး ​​သွေး​တွေဟာ ပုံမှန်အတိုင်းမစီးဆင်းနိုင်​တော့တဲ့အတွက် သွေး​ပေါင်ချိန်တက်လာပါ​တော့တယ်။ ဒါ​ကြောင့် ​သွေးတွင်းအဆီဓါတ်များလာရင် ​သွေးတိုး​ရောဂါပါ ခံစားလာရမှာဖြစ်ပါတယ်။
(၄) ​ခြေ၊ လက် ကြွက်တက်တတ်ခြင်း
​သွေးတွင်းအဆီခဲ​တွေဟာ နှလုံး၊ ဦး​နှောက်တို့မှာရှိတဲ့ အ​ရေးကြီးတဲ့​သွေး​ကြော​တွေကို ပိတ်ဆို့​စေရုံသာမက ​ခြေလက်​သွေး​ကြော​တွေကိုပါ ပိတ်ဆို့ပြီး ကြွက်တက်ကာ နာကျင်လာ​စေနိုင်ပါတယ်။
သွေးတွင်းအဆီများခြင်းကို ဘယ်လိုကုသရမလဲ?
​သွေးတွင်းအဆီများ​နေပြီဆိုရင် atorvastatin, simvastatin ကဲ့သို့​သော အဆီကျ​ဆေး​တွေကို ​ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ​သောက်သုံးရမှာဖြစ်ပါတယ်။ ဒါ့အပြင် omega 3 ​ခေါ် ငါးကြီးဆီ​ပါဝင်တဲ့ ​ဆေးနဲ့အစားအစာ​တွေဟာ ​သွေးတွင်းအဆီဓါတ်​ကို ​လျော့ကျ​စေနိုင်တာ​ကြောင့် များများစားသုံး​ပေးသင့်ပါတယ်။
Author : Dr.Aye Myat Mon
ဆီးချိုရောဂါကာကွယ်ဖို့ နည်းလမ်း (၅) သွယ်==============================ဆီးချိုရောဂါ (သွေးချိုဟုလည်းအများသိကြသည်) သည် ကမ္ဘ...
12/05/2022
ဆီးချိုရောဂါကာကွယ်ဖို့ နည်းလမ်း (၅) သွယ်
==============================
ဆီးချိုရောဂါ (သွေးချိုဟုလည်းအများသိကြသည်) သည် ကမ္ဘ ာတစ်ဝှမ်း အဖြစ်အများဆုံး နာတာရှည်ရောဂါတစ်ခု ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်။ ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်ပြီး အချိန်တစ်ခုတွင် အရေးကြီးအင်္ဂါများဖြစ်သော ဦးနှောက်၊ နှလုံး၊ ခြေလက်တို့ရှိအာရုံကြောများ၊ မျက်လုံးနှင့်ကျောက်ကပ်တို့ကို ထိခိုက်လာနိုင်သည်။ သေချာကုသမှုမယူသူများတွင် မျက်စိကွယ်ခြင်းအပါအဝင် ဆိုးရွားသော ကိုယ်ခန္ဓာမသန်စွမ်းမှုများ ဖြစ်စေကာ တစ်နှစ်လျှင် ဆီးချိုကြောင့်သေဆုံးရသူ ၃.၄ သန်းခန့်ရှိသည်။ ကောင်းသတင်းမှာ ဆီးချိုကို ဆေးသောက်ပြီး နေထိုင်စားသောက်မှုပုံစံ ထိန်းသိမ်းမည်ဆိုပါက သာမန်ကျန်းမာသော လူကောင်းအတိုင်း သက်ရှည်စွာနေနိုင်မည်ဖြစ်သည်။
ဆီးချိုအမျိုးအစား (၂) မျိုးရှိပါသည်။ အမျိုးအစား (၁) ဆီးချိုတွင် ခန္ဓာကိုယ်မှ အင်ဆူလင် (သကြားဓါတ်ကို ခန္ဓာကိုယ်အား အသုံးပြုစေသောဟော်မုန်း) မထွက်တော့ပေ။ ဆီးချိုအမျိုးအစား (၂) သည် ထွက်သောအင်ဆူလင်ကို ခန္ဓာကိုယ်မှကောင်းစွာ မတုန့်ပြန်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် အမျိုးအစား (၂) သည် ပိုအဖြစ်များပြီး ဆီးချိုဝေဒနာရှင်များ၏ ၉၀-၉၅% ခန့်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ လူပေါင်းသန်း ၄၂၂ ကျော်တွင် ဆီးချိုပုံစံတစ်မျိုးမျိုးရှိနေကြသည်။
ထိုကြောင့် ဆီးချိုးကိုကာကွယ်နိုင်သော နည်းလမ်း (၅) သွယ်ကို မျှဝေလိုပါသည်။
☑လေ့ကျင့်ခန်း☑
=============
ပုံမှန်ကိုယ်လက်လှုပ်ရှားလုပ်ခြင်းသည် ဆီးချိုထိန်းရန် သို့မဟုတ် ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ လေ့ကျင့်ခန်းမလုပ်ပဲ ကြာရှည်စွာမလှုပ်မရှားနေခြင်းသည် ရောဂါကို အားပေးသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက ကြွက်သားများ၏ အင်ဆူလင်အသုံးပြုခြင်းနှင့် သကြားဓါတ်စုပ်ယူခြင်းစွမ်းရည်ကို တိုးတက်စေသည်။ လေ့ကျင့်ခန်းသည် အင်ဆူလင်ထုတ်သောဆဲလ်များ ဝန်ပိခြင်းကိုလည်း သက်သာစေသည်။ လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးနောက်တစ်ခုမှာ ကိုယ်အလေးချိန်ကျစေခြင်း ဖြစ်သည်။ တစ်ပတ် ၅ ရက်၊ ၁ ရက် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်နိုင်ပါက သွေးပေါင်ချိန်ကောင်းစေပြီး ကိုလက်စထရောအဆီအတွက်လည်း ကောင်းသည်။ လေ့ကျင့်ခန်းသည် ဆီးချိုတိုက်ဖျက်ရန် ပထမဆုံးနှင့်အကောင်းဆုံးနည်းဖြစ်သည်။
☑ကျန်းမာသောအစားအစာ☑
====================
ကျန်းမာသောအစားအစာသည်လည်း ဆီးချိုကာကွယ်၊ ထိန်းသိမ်းရန် အရေးကြီးသည်။ အချိုရည်များကိုရှောင်ပြီး ရေ သို့မဟုတ် မချိုသောလက်ဖက်ရည်၊ ကော်ဖီသောက်ပါ။ အချိုရည်သောက်လေ့ရှိသော ကလေး၊ လူကြီးများသည် အဝလွန်ခြင်း ဖြစ်နိုင်ချေများသည်။ ထို့အပြင် အချိုရည်များသည် အင်ဆူလင်ယဉ်ပါးမှုကို ပိုဖြစ်စေနိုင်သည်။
“မကောင်းသောအဆီများ” ကိုရှောင်ပြီး “ကောင်းသောအဆီများ” ကိုစားသုံးပါ။ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆံများမှရသည့် ကောင်းသောအဆီများသည် ကြွက်သားများထဲရှိ အင်ဆူလင်လက်ခံဆဲလ်များမှ သကြားဓါတ်အားလက်ခံမှုကို တိုးပွားစေခြင်းအားဖြင့် အမျိုးအစား (၂) ဆီချိုကာကွယ်ရေးတွင် ကူညီနိုင်သည်။
အဆင့်ဆင့်ပြင်ဆင်ထားသော ကစီဓါတ်ကြွယ်ဝသည့်အစားအစားများဖြစ်သည့် ပေါင်မုန့်အနု၊ ဖွေးနေသောဆန်စသည်တို့ကို အကန့်အသတ်နှင့်စားပါ။ ၎င်းတို့သည် သွေးတွင်းသကြားဓါတ်နှင့် အင်ဆူလင်ပမာဏကို မြင့်တက်စေသည်။ နီမြန်းသောအသားများစားသုံးခြင်းကို ကန့်သတ်ပြီး ကြက်ဘဲ သို့မဟုတ် ငါးတို့မှရသော ကျန်းမာသည့်ပရိုတင်းအသားဓါတ်ကို များများစားပါ။
☑ကျန်းမာသော ကိုယ်အလေးချိန်☑
==========================
အဝလွန်ခြင်းသည် ဆီးချိုအမျိုးအစား (၂) ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ အဝလွန်ခြင်းကြောင့် ဆီးချိုဖြစ်နိုင်ချေသည် သာမန်အလေးချိန်ရှိသောသူနှင့်စာလျှင် အဆ ၂၀ မှ ၄၀ ခန့်ပိုများသည်။ မျှတသော အာဟာရပါသည့် ကျန်းမာသောအစားအစာ စားသုံးခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ဆီးချိုကိုလုံးဝထိန်းချုပ်ရုံမက ကာကွယ်ရန်ပင် ဖြစ်နိုင်ချေရှိသည်။ ဆီးချိုကာကွယ်ရေးအစီအစဉ်မှပြုလုပ်သော သုတေသနတစ်ခုတွင် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်းကြောင့် ၃ နှစ်အကျော်တွင် ဆီးချိုဖြစ်နှုန်း ၅၈% ကျဆင်းသွားသည်ကို အခြားမပြုလုပ်သောအုပ်စုနှင့်ယှဉ်ပြီးတွေ့ရသည်။ နောက်တွေ့ရှိချက်တစ်ခုမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျော့တိုင်း ဆီးချိုဖြစ်နှုန်းအန္တရာယ် ၁၆% လျော့နည်းခြင်းဖြစ်သည်။ ဤအချက်သည် ကျန်းမာသော ကိုယ်အလေးချိန်ရှိနေစေဖို့ စိတ်တွန်းအားတစ်ခုဖြစ်သည်။
☑ဆေးလိပ်ရှောင်ခြင်း☑
=================
ရောဂါထိန်းချုပ်ခြင်းနှင့်ကာကွယ်ရေးစင်တာ (CDC) ၏အဆိုအရ ဆေးလိပ်သောက်ခြင်းကြောင့် ဆီးချိုဖြစ်နှုန်း ၃၀-၄၀% တိုးစေသည်။ ဆီးချိုရှိပြီးသောသူများ ဆေးလိပ်သောက်ပါက အဖြစ်များသောနောက်ဆက်တွဲဆိုးကျိုးများ ပိုမိုကြီးမားမည်ဖြစ်သည်။ နှလုံးနှင့်ကျောက်ကပ်ရောဂါ၊ ခြေထောက်နှင့်ခြေချောင်းများတွင် သွေးလျှောက်နည်းခြင်း၊ ဆီးချိုကြောင့် မျက်စိမှုန်ခြင်း၊ ခြေလက်ထုံကျင်ခြင်းတို့သည် ဆီးချိုသမားဆေးလိပ်သောက်သောကြောင့် ဖြစ်သည်။ ဆေးလိပ်မသောက်သူများ အစလုပ်ပြီးမသောက်ပါနှင့်။ ဆေးလိပ်နှင့်ဆီးချိုသည် တိုက်ရိုက်ဆက်သွယ်မှုရှိပြီး အခြားမကောင်းသော ကျန်းမာရေးအခြေအနေများလည်း ကြုံရနိုင်သည်။
☑ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း☑
=======================
မိမိတွင် ဆီးချိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖြစ်နိုင်ချေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း/ ဆီးချိုစစ်ဆေးခြင်းသည် သင့်၏လက်ရှိကျန်းမာရေးအခြေအနေနှင့် အနာဂတ်ကျန်းမာရေးအခြေအနေအတွက် အရေးပါသောအချက်အလက်များပေးနိုင်ပါသည်။ ဆီးချိုစစ်ဆေးရာတွင် သွေးတွင်း (၃) လပျမ်းမျှသကြား (Hb A1C) နှင့် ဆီးထဲရှိ အယ်လ်ဗျူမင်ပမာဏကိုတိုင်းတာသည်။ ပုံမှန်ထက်များနေပါက ဆီးချိုဖြစ်နိုင်ချေရှိသည် သို့မဟုတ် ဖြစ်နေပြီးလည်းဖြစ်နိုင်သည်။
အသည်းအဆီဖုံးရောဂါအကြောင်း..* အသည်းအဆီဖုံးခြင်း ဆိုသည်မှာ..- အရက် ဘီယာကြောင့် ဖြစ်စေ..- အရက်ဘီယာမသောက်သော်လည်း.. အဝလွန်ခြ...
12/05/2022
အသည်းအဆီဖုံးရောဂါအကြောင်း..
* အသည်းအဆီဖုံးခြင်း ဆိုသည်မှာ..
- အရက် ဘီယာကြောင့် ဖြစ်စေ..
- အရက်ဘီယာမသောက်သော်လည်း.. အဝလွန်ခြင်း.. ဆီးချို.. ရှိနေခြင်းတို့မှ.. အသည်း၏ လုပ်ငန်း ဆောင်တာများ.. သွေဖယ်ကာ.. အသည်း ဆဲလ်များအတွင်း.. အဆီများ.. အထူးသဖြင့် triglyceride.. များ ဝင်ရောက် နေရာယူခြင်းဖြင့်.. အသည်းအဆီဖုံးခြင်း.. ဖြစ်လာရပါသည်..
************************************************
* အသည်း အဆီဖုံးခြင်းကို အဓိက ခွဲခြားထား သည်မှာ..
(1) အရက်ကြောင့် အသည်း အဆီဖုံးခြင်း.. (Alcoholic fatty liver..)
(2) အရက်ကြောင့် မဟုတ်သော အသည်း အဆီဖုံးခြင်း.. (Non-alcoholic fatty liver..)
- အများစုမှာ ခန္ဓာကိုယ် ဝသည့်သူများတွင်.. အဖြစ် များပါသည်..
- ပုံမှန် BMI ထက် > 10 % ကျော်သည့် သူများတွင်.. 75 % လောက် အသည်းအဆီဖုံး နိုင်ပါသည်..
- အရမ်း အဝလွန်သည့် သူများတွင်.. 90 - 95 % အထိ အသည်း အဆီဖုံးပါသည်..
- ယောကျ်ား နှင့် မိန်းမ.. အသည်းအဆီဖုံးနိုင်ခြေ အတူတူပင် ဖြစ်ပါသည်..
- အချို.. အစိမ့်.. အဆီ.. အချိုရည်များစွာ စားသုံးသူများ.. နှင့်
- ကိုယ်လက် လှုပ်ရှား.. အားးကစား.. မပြုလုပ် သူများ (အထိုင်များသူများ) တွင်.. ပို၍ အဖြစ်များပါသည်..
- ထိုသူများသည်.. အသည်းအဆီဖုံး၍ ဆီးချိုရောဂါ ဖြစ်လာရန် အလားအလာ အလွန် များပါသည်.. (insulin resistance..)
- ဆီးချိုရောဂါ.. တွဲလျက် ရှိနေပြီးသားလည်း ဖြစ်နေ နိုင်ပါသည်.. (diabetes mellitus..)
- သွေးစစ်ကြည့်ပါက.. ကိုယ်လက်စရောများ.. များနေနိုင်ပါသည်.. အထူးသဖြင့် (triglyceride) များ.. များနေနိုင်ပါသည်..
- ထိုသူများအတွက်.. နောက်ဆက်တွဲ နှလုံးရောဂါ များ.. သွေးကြောကျဥ်း ရောဂါများလည်း ဆက်၍ ဖြစ်လာနိုင်ခြေ အလွန် များပါသည်..
************************************************
* အသည်းအဆီဖုံးသည့် အဆင့်တွင်.. ရောဂါ လက္ခဏာ ထွေထွေထူးထူး.. မပြတတ်ပါ..
* တစ်ခါတစ်ရံ.. ညာဘက်နံရိုးအောက်.. အသည်း ရှိသည့် နေရာတွင်.. နာခြင်း.. တင်းခြင်း.. တို့ ခံစား ရနိုင်ပါသည်..
* အကြောင်း အမျိုးမျိုးကြောင့်သာ.. ဝမ်းဗိုက်ကို အာထရာဆောင်း ရိုက်ကြည့်မှသာ.. အသည်း အဆီးဖုံး နေကြောင်း သိရှိရပါသည်..
********************************************
* ကုသမှု အနေဖြင့်..
(1) အရက်သောက်သုံးသူများ..
- အရက်ဖြတ်ပါ..
- 100 % ပုံမှန် အသည်းကို ပြန်လည်ရောက်ရှိ နိုင်ပါသည်..
(2) အရက် မသောက်သုံးသူများ.. အတွက်..
- ခန္ဓာကိုယ် အလေးချိန် ပုံမှန် BMI အောက် ရောက်အောင်.. ဖြည်းဖြည်းချင်း ဝိတ်လျော့ပါ..
- တစ်နေ့.. မိနစ် ၃၀ ခန့် လမ်းလျောက်ပါ.. ကိုယ်လက် လှုပ်ရှား.. အားကစား တစ်ခုခု ပြုလုပ်ပေးပါ..
- အချို.. အစိမ့်.. အဆီ.. အချိုရည်များ လွန်ကျုးစွာ စားသုံးမှု လျော့ပေးပါ..
- ဆရာဝန်နှင့် ပြသ၍.. ဆီးချို.. နှလုံးရောဂါ.. တွဲလျက် ရှိ / မရှိ.. သွေးအတွင်း.. ကိုယ်လက်စရော များနေခြင်း ရှိ / မရှိ.. စစ်ဆေး၍.. လိုအပ်ပါက ကုသမှု ခံယူရပါမည်..
********************************************
* အသည်း အဆီဖုံးခြင်း.. အဆင့်တွင် စိုးရိမ်စရာ မရှိသော်လည်း.. ထိုအဆင့်မှ လွန်ကာ.. အသည်း ရောင်လာပါက..
* အသည်းခြောက်.. အသည်းကင်ဆာ.. အဆင့်ထိ ဆက်၍ ဖြစ်သွွား နိုင်ပါသည်..
* အရက် ဆက်၍ သောက်သုံးသူများတွင်.. အသည်း အရမ်းရောင်၍.. အသက်သေဆုံး နိုင်သည်အထိ.. အန္တရာယ် ရှိပါသည်..
Crd
Dr. Min Aung Shan
************************************************
နှလုံးသွေးကြောကျဥ်းရောဂါကြောင့်နှလုံးကြွက်သားသွေးမရောက်တဲ့နေရာတွေနာကျင်ပြီးကြွက်သားတွေပျက်စီးတာရောညနေဘက်ဆိုခြေထောက်တွေလေ...
08/05/2022
နှလုံးသွေးကြောကျဥ်းရောဂါကြောင့်နှလုံးကြွက်သားသွေးမရောက်တဲ့နေရာတွေနာကျင်ပြီးကြွက်သားတွေပျက်စီးတာရောညနေဘက်ဆိုခြေထောက်တွေလေးကျလာပြီးလှမ်းလို့မကောင်းတာရောမြတ်ဆွမ်းအုပ်ပျားရှောက်ချင်းကြက်သွန်ဖြူဆေးနဲ့သက်သာပျောက်ကင်းလာလို့ပတ်ဝန်းကျင်ကလူတွေကိုဆေးအကြောင်းညွှန်းပေးနေပါတယ်ရှင့် ဆိုတဲ့ honest review လေးပါ
နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း ပြည့်ပြည့်စုံစုံ👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀နှလုံးသွေးကြောကျဉ်းရောဂါ သည် လူအများ သိရှိသည့်အတိုင်း ...
08/05/2022
နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း ပြည့်ပြည့်စုံစုံ
👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀👀
နှလုံးသွေးကြောကျဉ်းရောဂါ သည် လူအများ သိရှိသည့်အတိုင်း နှလုံးသွေးကြောတွင် အဆီများစုပုံပြီး နှလုံးကြွက်သားများအား အောက်ဆီဂျင်ပို့ဆောင်သော သွေးကြောများကျဉ်းပြီး နှလုံးသွေးလုံလောက်စွာ မရသောရောဂါ ဖြစ်ပါသည်။
လှုပ်ရှားသည့်အခါတွင် ရင်ဘတ်အောင့်ပြီး နားလိုက်လျှင် အနည်းငယ်သက်သာခြင်း သည် နှလုံးသွေးကြော ကျဉ်းနေသော ရောဂါ လက္ခဏာဖြစ်ပါသည်။
နှလုံးသွေးကြောကျဉ်းနေသည့်အခါတွင် နားလိုက်သည့်အခါတွင် ရောဂါ လက္ခဏာ သက်သာသွားသော်လည်း ရုတ်တရက် နှလုံးသွေးကြောပိတ်သည့်အခါတွင် Heart Attack ရရှိပြီး အသက်ဆုံးရှူံးသည် အထိ ဖြစ်ပေါ်စေတတ်ပါသည်။
နှလုံးသွေးကြောကျဉ်းဖြစ်ရန် အလားအလာရှိသော သတိထားရန် လိုအပ်သော လူနာများမှာ
၁။သွေးတိုးရှိသော သူများ
၂။သွေးတွင်း အဆီဓာတ်များသော သူများ
၃။ဆေးလိပ်သောက်သော သူများ
၄။ဆီးချို၊ သွေးချို ရှိသော သူများ
၅။ကိုယ်အလေးချိန်များသော ၊ ဝသော သူများ
၆။အထိုင်များသော သူများ၊ လှုပ်ရှားမှုနည်းသော သူများ
၇။မိသားစုတွင် နှလုံးရောဂါဖြစ်သော သူများရှိသူများ
၈။ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆိပ်တက်ပြီး သွေးပေါင်တတ်ခဲ့ဖူးသော မိခင်များ
၉။အသက် ၅၅ ကျော်သော သူများ
အထက်ဖော်ပြပါ မိဘပြည်သူများသည် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ပွားရန် အလားအလာများသော သူများဖြစ်ပြီး နှလုံးသွေးကြောပိတ် မဖြစ်ခင်တည်းက နှလုံးအထူးကု ဆရာဝန်နှင့် ပြသခြင်း၊ လိုအပ်သော ဆေးစစ်ဆေးခြင်းများ ပြုလုပ်သင့်ပါသည်။
ဘယ်လိုအချိန်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေပြီလဲဆိုတာ သံသယ ရှိသင့် သလဲ။
အထက်တွင်ဖော်ပြထားသော သတိထားရန် အချက် ၉ ချက်တွင် ပါဝင်သော မိဘပြည်သူများသည် နှလုံးသွေးကြောကျဉ်း အစပျိုးနေသော လူနာများဖြစ်ပြီး နှလုံးသွေးကြောသည် ၇၀ ရာခိုင်နှုန်းထက်ကျဉ်းမှ ရောဂါလက္ခဏာ စတင်ပြပါသည်။
ရင်ဘတ်အောင့်ခြင်းသည် နှလုံးသွေးကြောကျဉ်း၏ အဓိက ရောဂါလက္ခဏာ ဖြစ်ပါသည်။ ထို့ကြောင့် ရင်ဘတ်စအောင့်ပြီ ဆိုလျှင် သွေးကြောမှာ ၇၀ ရာခိုင်နှုန်းနှင့် အထက်ပိတ်နေပြီဖြစ်ပါသည်။ ရင်ဘတ်အောင့်ခြင်းသည် များသော အားဖြင့် စိတ်လှုပ်ရှားသောအခါ၊ လှုပ်လှုပ်ရှားရှားလုပ်ရ သောအခါ၊ စိတ်ဖိစီးသောအခါတွင် ပို၍ အဖြစ်များပါသည်။ ရင်ဘတ်အောင့်သည့်အခါတွင် ဘယ်ဘက်ရင်ဘတ်တစ်ခုလုံးသည် တင်းကြပ်လာပြီး ဆွဲညှစ်ထားသလို ဖိထားသလို ဖြစ်နေတတ်ပါသည်။
ရင်ဘတ်အောင့်ခြင်းနှင့် အတူ မောခြင်းလည်းဖြစ်ပေါ်တတ်ပါသည်။ နားလိုက်လျှင် ရင်ဘတ်အောင့်ခြင်းသည် ပြန်လည်သက်သာသွားပါသည်။ နှလုံးသွေးကြောအလွန်ကျဉ်းပြီး ရောဂါဆိုးသော လူနာများတွင် နားလိုက်သော်လည်း ရင်ဘတ်အောင့်ခြင်းသည် ချက်ခြင်းမသက်သာပဲ အချိန်ကြာမှ သက်သာသွားခြင်း၊ လှုပ်လှုပ်ရှားရှားမလုပ်ပဲ ထိုင်နေရင်းနှင့် ရင်ဘတ်အောင့်ခြင်းများ ဖြစ်ပေါ်ပါက နှလုံးသွေးကြောပိတ်ခြင်း ဖြစ်ပေါ်လုဆဲဆဲဖြစ်ပြီး နှလုံးအထူးကုဆရာဝန်နှင့် သေချာပြသကာ ကုသမှုခံယူသင့်ပါသည်။
ရင်ဘတ်အောင့်ခြင်းအပြင် အခြားသော ခံစားရနိုင်သော နှလုံးရောဂါ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ရင်ဘတ်အောင့်ခြင်း (နှလုံးရောဂါတွင် အဖြစ်အများဆုံးသော ရောဂါလက္ခဏာဖြစ်ပါသည်)။
၂။မောခြင်း၊ အသက်ရှူမဝခြင်း
၃။ရင်တုန်ခြင်း
၄။လှုပ်လှုပ်ရှားရှား လုပ်လျှင် မလုပ်နိုင်ပဲမောခြင်း၊ ရင်ဘတ်အောင့်ခြင်း (နားလိုက်လျှင် အနည်းငယ် သက်သာသွားခြင်း)
၅။စိတ်လှုပ်ရှားလျှင် နှလုံးခုန်အလွန်မြန်ပြီး မောခြင်း၊ ရင်ဘတ်အောင့်ခြင်း
၆။နှလုံးခုန် စည်းချက်မမှန်ခြင်း (တချက်ချက် ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသလို ခံစားရခြင်း)
၇။မူးဝေခြင်း၊ မူးမေ့ခြင်း
၈။ရင်ဘတ်အောင့်သည့်အခါတွင် ချွေးစီးများပြန်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း
၉။ဘယ်ဘက်လက်မောင်း၊ လည်ပင်း၊ အောင့်ခြင်း
၁၀။ခြေထောက်များ၊ မျက်နှာများ ဖောရောင်ခြင်း
မှတ်ချက်။ ။သွေးတိုးရောဂါရှိသော သူများ၊ ဆီးချိုသွေးချိုရောဂါ ရှိသောသူများ၊ ဆေးလိပ်သောက်သော သူများသည် ရောဂါလက္ခဏာများ မပြသော်လည်း နှလုံးရောဂါ အဖြစ်များ၍ အထူးဂရုပြုသင့်သော လူနာများဖြစ်ပါသည်။
များသောအားဖြင့် ရင်ဘတ်အောင့်ရင် နှလုံးရောဂါ ဟု လူသိများပြီး ထို ရင်ဘတ်အောင့်ခြင်းသည် နှလုံးသွေးကြောကျဉ်းဟုသာ လူသိများပါသည်။
နှလုံးသွေးကြောကျဉ်းခြင်း တစ်ခုတည်းကြောင့် ရင်ဘတ်အောင့်ခြင်း မဟုတ်ပဲ အခြားသော နှလုံးရောဂါများကြောင့် ဖြစ်လျှင်လည်း ရင်ဘတ်အောင့်ပါသည်။ အခြားသော နှလုံးရောဂါများ အကြောင်းအား လည်း ကျန်းမာရေး ဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ရပါတယ်။
အဖြစ်များ နှလုံးရောဂါများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
၁။နှလုံးခုန် အလွန်မြန်ခြင်း။
၂။နှလုံး စည်းချက်မမှန်ခြင်း။
၃။နှလုံးသွေးကြောကျဉ်းခြင်း။
၄။နှလုံးအဆို့ရှင် မလုံခြင်း။
၅။နှလုံးအဆို့ရှင် မလုံခြင်းကြောင့် နောက်ဆက်တွဲ အဆို့ရှင်တွင် ရောဂါပိုးဝင်ပြီး အနာဖြစ်ခြင်း။
၆။နှလုံးကြီးခြင်း။
၇။နှလုံးကြွက်သား ရောင်ရမ်းခြင်း။
၈။နှလုံး အမြေးပါးရောင်ခြင်း။
၉။မွေးရာပါ နှလုံးရောဂါဖြစ်ခြင်း။
၁၀။အထက်ဖြော်ပပါ နှလုံးရောဂါများကြောင့် နှလုံး ညှစ်အား အားနည်းခြင်း၊ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Heart Failure)။
ထိုအထက်တွင်ဖော်ပြထားသော နှလုံးရောဂါများသည် အဖြစ်များသော နှလုံးရောဂါများဖြစ်ပါသည်။
နှလုံးခုန်အလွန်မြန်ခြင်း
အချို့သော လူများတွင် သာမန်လူများထက် မွေးရာပါ နှလုံးလျှပ်စီးကြောင်း အပိုပါလာခြင်းမျိုး ရှိပါသည်။ ထို့ကြောင့် ထိုလူများသည် သာမန်လူများထက် နှလုံးခုန်ပိုမိုမြန်ပါသည်။ အခန့်မသင့်သည့်အခါတွင် နှလုံးခုန် အရမ်းမြန်ပြီး ရင်အရမ်းတုန်ခြင်း၊ ရင်ထဲတွင် ဟာခနဲ လှစ်ဟာသွားခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ချွေးစီးထွက်လာခြင်း၊ ခေါင်းရိပ်တိတ်တိတ် ဖြစ်ပြီး သတိလစ်ခြင်း များ ဖြစ်တတ်ပါသည်။ ထိုရောဂါသည် ကြိုတင်သိရှိပါက မွေးရာပါ အပိုပါလာသော နှလုံးလျှပ်စီးကြောင်း အား ဖြတ်တောက်ပြီး ကုသနိုင်ပါသည်။
နှလုံးစည်းချက်မမှန်ခြင်း
နှလုံးစည်းချက်မမှန်ခြင်းသည် များသောအားခြင့် နှလုံးရောဂါ တစ်ခုခု ဖြစ်ပြီး ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ရောဂါ ဖြစ်ပါသည်။ နှလုံးစည်းချက်မမှန် ခြင်းဖြစ်ပေါ် စေသော အကြောင်းအရင်းများမှာ
၁။နှလုံးသွေးကြော ပိတ်ခြင်း
၂။သွေးပေါင်ချိန်အလွန်အမင်း တက်ခြင်း
၃။နှလုံးကြွက်သားရောင်ရမ်းခြင်း
၄။နှလုံးအဆို့ရှင်များ မလုံခြင်း။
၅။Heart Attack ဖြစ်ပေါ်ပြီး နှလုံးကြွက်သား ပုပ်သွားခြင်း
၆။နှလုံးကြွက်သားများ ကြီးခြင်း။
နှလုံးစည်းချက်မမှန်ခြင်းဖြစ်ပေါ် ပါက အလွန်အရေးကြီးပါသည်။ အချို့သော လူနာများအနေဖြင့် မိမိကိုယ်ကို နှလုံးစည်းချက်မမှန်ခြင်းအား ခံစားသိရှိနိုင်ပါသည်။ နှလုံးအထူးကု ဆရာဝန်၏ ကုသမှု အား ထိရောက်စွာခံယူရန် အရေးကြီးပါသည်။ နှလုံးစည်းချက် မမှန်သဖြင့် နှလုံးညှစ်အား နည်းနေတတ်ပါသည်။ ထို့အပြင် နှလုံး အတွင်း သွေးခဲများ ဖြစ်ပေါ်၍ ထိုသွေးခဲကြောင့် ဦးနှောက်သွေးကြော ပိတ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။
နှလုံးအဆို့ရှင်မလုံခြင်း
နှလုံးတွင် အခန်း ၄ ခန်းရှိပြီး ထို အခန်းလေးခန်းအား အဆို့ရှင်များဖြင့် ပိုင်းခြားထားပါသည်။ အဆို့ရှင် မလုံသော အခါတွင် နှလုံးညှစ်အား သည် ပုံမှန်မဖြစ်ပဲ ပို၍ အလုပ်လုပ်ကာ နှလုံးကြွက်သား များ ကြီးလာပါသည်။ နှလုံးသည် အမြဲတမ်း ပိုမို ညှစ်ပြီး အလုပ်လုပ်ရသည့်အခါတွင် နောက်ဆုံးတွင် နှလုံး ကြွက်သား ခြေကုန်လက်ပမ်းကျပြီး မညှစ်နိုင်သည့် အခြေအနေ (Heart Failure) ဖြစ်တတ်ပြီး အသက်ပင် သေဆုံးတတ်ပါသည်။
နှလုံးအဆို့ရှင် မလုံခြင်း ဖြစ်တတ်စေသော အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။မွေးရာပါ နှလုံး အဆို့ရှင်မလုံခြင်း။
၂။လေးဘက်နာဖြစ်ပြီး နှလုံးအဆို့ရှင်မလုံခြင်း။
၃။နှလုံးတွင်း ပိုးဝင်ပြီး ရောင်ရမ်းသည့်အတွက် နှလုံးအဆို့ရှင်မလုံခြင်း။
၄။Heart Attack ဖြစ်ပြီး နှလုံးကြွက်သား ပုပ်သည့်အတွက် နှလုံး အဆို့ရှင်မလုံခြင်း။
၅။အသက်အရွယ် ကြီးလာသော ကြောင့် နှလုံးအဆို့ရှင် မလုံခြင်း။
များသောအားခြင့် မွေးရာပါ နှလုံး အဆို့ရှင် မလုံခြင်းသည် ရောဂါ လက္ခဏာမပြ မခြင်း မိမိကိုယ်တိုင်ပင် အဆို့ရှင် မလုံကြောင်း မသိရှိပေ။ Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်) ရိုက်ကူးခြင်းဖြင့် နှလုံး အဆို့ရှင် လုံမလုံ၊ နှလုံး ညှစ်အား ကောင်းမကောင်း၊ နှလုံး ကြီးမကြီး အစရှိသည် တို့အား အသေးစိတ် သိရှိနိုင်ပါသည်။
နှလုံးအဆို့ရှင် မလုံခြင်းကြောင့် နောက်ဆက်တွဲ အဆို့ရှင်တွင် ရောဂါပိုးဝင်ပြီး အနာဖြစ်ခြင်း
အထက်တွင် ဖော်ပြထားသော နှလုံး အဆို့ရှင် မလုံသော ကြောင့် သွေးတွင်း ရှိ ရောဂါပိုးသည် ထို မလုံသော အဆို့ရှင်တွင် ကပ်ပြီး ရောဂါပိုးဖြစ်ပြီး အနာဖြစ်စေတတ်ပါသည်။ ထိုအနာဖြစ်သော အခါတွင် လူနာမှာ အကြောင်းအရင်းရှာ မရပဲ အဖျားတက်ခြင်း၊ ထို အနာမှ အစိုင်အခဲများပြုတ်ထွက် ပြီး အခြားသွေးကြောများ တွင် သွားပိတ်ခြင်း (ဥပမာ ဦးနှောက်သွေးကြောတွင် ပိတ်ပြီး လေဖြတ်ခြင်းများ) ဖြစ်ပေါ်စေတတ်ပါသည်။
နှလုံးကြီးခြင်း
ကြွက်သားများ၏ သဘာဝသည် အလုပ်ပို လုပ်ရသည့်အခါတွင် ကြီးလာစမြဲဖြစ်သည့်အတွက် နှလုံး အား ဒဏ်ဖြစ်စေသော ရောဂါများတွင် နှလုံးကြီးခြင်း ဖြစ်ပေါ်စေတတ်ပါသည်။
၁။သွေးတိုးရှိခြင်း။
၂။နှလုံးအဆို့ရှင်မလုံခြင်း။
၃။လေးဘက်နာရောဂါကြောင့် နှလုံး အဆို့ရှင်ထိခိုက်ခြင်း။
၄။မွေးရာပါ နှလုံးကြွက်သားရောဂါ ဖြစ်ခြင်း။
၅။အဆုတ်သွေးကြောများ ကျဉ်းခြင်း။
တို့ကြောင့် နှလုံး ကြီး ခြင်း ဖြစ်ပေါ်စေတတ်ပါသည်။
နှလုံးကြွက်သား ရောင်ရမ်းခြင်း နှင့် နှလုံး အမြေးပါးရောင်ခြင်း သည် များသော အားဖြင့် နှလုံးတွင်းသို့ ပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်စေတတ်ပါသည်။ လေးဘက်နာပိုးကြောင့်လည်း ဖြစ်ပေါ်စေတတ်ပါသည်။
မွေးရာပါနှလုံးရောဂါဖြစ်ခြင်း
မွေးရာပါ နှလုံးရောဂါ တွင် မွေးရာပါ အဆို့ရှင် မလုံခြင်း၊ မွေးရာပါ နှလုံး ကြွက်သား မကောင်းခြင်း၊ မွေးရာပါ နှလုံး ကြီးခြင်းတို့ပါဝင်ပါသည်။ အထက်တွင်ဖြော်ပထားသည့်အတိုင်း ရောဂါလက္ခဏာမပြခင် ကြိုတင်သိနိုင်ရန် အတွက် Echocardiogram ရိုက်ကူးခြင်းဖြင့် ကြိုတင်သိရှိနိုင်ပါသည်။
နှလုံးရောဂါတော်တော်များများ၏ အချုပ်သည် နှလုံးကောင်းစွာမညှစ်နိုင်ခြင်း၊ နှလုံး ညှစ်အား အားနည်းခြင်းနှင့် နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Heart Failure) တွင် အဆုံးသတ်ပါသည်။ နှလုံးညှစ်အား ဟုခေါ်သော Ejection Fraction သည် ပုံမှန် လူတစ်ယောက်တွင် ၆၀ ရာခိုင်နှုန်းကျော် ရမည်ဖြစ်ပြီး Heart Failure ဖြစ်နေသော နှလုံးကောင်းမွန်စွာ အလုပ်မလုပ်နိုင်သော လူနာတွင် ၅၀ ရာခိုင်နှုန်း အောက်သာ ရှိနေမည်ဖြစ်ပါသည်။ ထို နှလုံးညှစ်အား Ejection Fraction အား Echocardiogram နှလုံးတယ်လီဗေးရှင်း ဓာတ်မှန် ရိုက်ကူးခြင်းဖြင့် သိရှိနိုင်ပါသည်။
ရောဂါလက္ခဏာ စတင်ခံစားရမှ နှလုံးရောဂါစဖြစ်တာလား။
မဟုတ်ပါ။ နှလုံးရောဂါသည် နှစ်ရှည်လများ အစပျိုးဖြစ်နေပြီး ထိုကဲ့သို့ စတင်ဖြစ်ပွားနေချိန်တွင် ရောဂါလက္ခဏာ မပြပဲ အကောင်းပကတိ အတိုင်းရှိနေပါသည်။
အထက်တွင်ဖော်ပြထားသည့် အတိုင်း နှလုံးသွေးကြောပိတ်ခြင်းမှာ ရောဂါလက္ခဏာမပြပဲ ဖြစ်ပေါ်နေပြီး သွေးကြောသည် ၇၀ ရာခိုင်နှုန်းနှင့် အထက် ပိတ်နေမှ ရောဂါလက္ခဏာပြခြင်းဖြစ်ပါသည်။ ထို့အပြင် အခြား ဥပမာအနေဖြင့် သွေးတိုးရောဂါရှိနေသော လူနာတစ်ယောက်သည် သွေးတိုးနေသည်ဆိုပါစို့။ ထိုလူနာသည် သွေးပေါင်မချိန်မိမချင်း မည်သည့်ရောဂါ လက္ခဏာမျှ မခံစားရပေ။ သို့သော်လည်း သွေးတိုးနေသည့်အတွက် နှလုံးမှာ ပုံမှန်ထက်ပိုမိုအလုပ်လုပ် နေရ ပါသည်။ နှလုံးမှာ သွေးတိုးနေသောကြောင့် ပုံမှန်ထက်ပိုညှစ်ရပြီး တဖြည်းဖြည်း နှလုံးမှာ ပိုကြီးလာပါသည်။ သွေးပေါင်ချိန် ချိန်သည့် အချိန်မှသော်လည်းကောင်း၊ ရင်ဘတ်အောင့်သည့်အခါမှသော်လည်းကောင်း Echo ရိုက်ပြီး စစ်ဆေးကြည့်သောအခါတွင်မှ နှလုံးသည် အလွန်ကြီးနေသည် ဖြစ်ကြောင်းသိရှိရပါသည်။ ထို့ကြောင့် နှလုံးရောဂါများသည် အခြားရောဂါများနှင့် မတူပဲ အသိနောက်ကျတတ်ပြီး ရောဂါလက္ခဏာ ခံစားရသော အခါတွင် နှလုံးမှာ အတော်အတန် ပျက်စီးနေပြီဖြစ်ပါသည်။
နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်အောင် ဘယ်လို Checkup လုပ်မလဲ။
မည်သည့် နှလုံးရောဂါမဆို စောလျှင်အောင်သိရှိပြီး ကြိုတင်၍ ဆေးသောက်ပြီး ကုသမှုခံယူထား ပါက နှလုံးရုတ်တရက် ရပ်ပြီးသေဆုံးခြင်း (Heart Attack) နှင့် အခြားသော ဘေးထွက်ဆိုးကျိုးများဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်မည်ဖြစ်ပါသည်။ တကယ်တော့ နှလုံးရောဂါအား ကြိုတင်သိရှိနိုင်အောင် စစ်ဆေးခြင်းသည် သွေးစစ်ခြင်း မဟုတ်ပါ။ နှလုံး အထူးကုဆရာဝန် ကိုယ်တိုင် Echocardiogram (နှလုံး တယ်လီဗေးရှင်း) ရိုက်ပြီး နှလုံး အထူးကုဆရာဝန်ကိုယ်တိုင် စမ်းသပ်ကုသခြင်းသည် အထက်တွင် ဖော်ပြထားသော နှလုံး ရောဂါများ ဖြစ်နေ မဖြစ်နေအား တိတိကျကျသိနိုင်သည့်အပြင် Echo ကြောင့် နှလုံးပျက်စီးမှု အနေအထားအား တိတိကျကျသိနေသည့်အတွက် နှလုံးအတွက် ကုသမှုဆေးပေးရာတွင် လည်း စမ်းတဝါးဝါးဖြင့် ပေးရခြင်းမဟုတ်ပဲ တိတိကျကျ ထိထိရောက်ရောက် ကုသမှုပေးနိုင်ပါသည်။
Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်)
Echocardiogram သည် Ultrasound နှင့် အလားတူပင်ဖြစ်ပါသည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖော်သည့်အတွက် X-ray ကဲ့သို့ လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း မျိုးလုံးဝမဖြစ်ပဲ လူနာအား ဘေးထွက်ဆိုးကျိုးလုံးဝ မပေးနိုင်ပါ။ Echo ရိုက်ခြင်းသည် Ultrasound ရိုက်ခြင်းထက် များစွာ ရှုပ်ထွေးသော်လည်း အခြား အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ ကျောက်ကပ်၊ အသည်းများ) အား Ultrasound ရိုက်ခြင်းနှင့် သဘောတရားခြင်း ဆင်တူပါသည်။ ပို၍ ရှင်းလင်းအောင် ပြောရလျှင် နှလုံးတစ်ခုလုံးအား ခန္ဓာကိုယ်မှ အပြင်ကိုထုတ်ပြီး မျက်လုံးဖြင့် ကြည့်ခြင်းဖြစ်ပါသည်။
Echo ရိုက်ခြင်း အကျိုးကျေးဇူးများ
၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။
၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။
၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။
၄။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် အထက်တွင်ဖော်ပြထားသော ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။
၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။
၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။
၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။
အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။
Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။
Via ဦးဖေအောင်
Address
No. 1D+E, Mingalar 1 Street, Shwehninsi, Between Pyay Road And No. 3 High Way Road, Near Waryarlat Market, Palaya Quarter, Mingaladon Township
Yangon
SUPYAEHTE
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Telephone
09453528992
Website
Alerts
Be the first to know and let us send you an email when မြတ်ဆွမ်းအုပ် ကျန်းမာရေး စားသောက်ကုန်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to မြတ်ဆွမ်းအုပ် ကျန်းမာရေး စားသောက်ကုန်များ:
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram