Sayar Ka Taw

Sayar Ka Taw Sayar Ka Taw is dedicated to providing accurate, evidence based health information to the public.

12/02/2026

မနက်နေရောင်ခံခြင်း၏ အကျိုးကျေးဇူးများ ☀️ 👍

ခုလိုအေးမြတဲ့ ဆောင်းရာသီမှာမနက်ခင်းနေရောင်ခြည်ခံတာက နွေးထွေးတယ်၊ ပိုးသေတယ်ဆိုပြီး ပြောလေ့ရှိကြတာ ကြားဖူးမယ်ထင်ပါတယ်ရှင့်။🤗☀️

ဒါဆို မနက်နေရောင်ခံခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အခု video လေးမှာ တချက်ချင်းစီ ရှင်းပြပေးသွားပါမယ်ရှင့်။ 🤗☀️

ပိုပြီး ကျန်းမာ၊ နွေးထွေးစေဖို့ video လေးကို အဆုံးထိကြည့်လိုက်ရအောင်နော်။

အပိုင်း (၂)

11/02/2026

မနက်နေရောင်ခံခြင်း၏ အကျိုးကျေးဇူးများ 🌞☀️ ✅

ခုလိုအေးမြတဲ့ ဆောင်းရာသီမှာမနက်ခင်းနေရောင်ခြည်ခံတာက နွေးထွေးတယ်၊ ပိုးသေတယ်ဆိုပြီး ပြောလေ့ရှိကြတာ ကြားဖူးမယ်ထင်ပါတယ်ရှင့်။🤗☀️

ဒါဆို မနက်နေရောင်ခံခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အခု video လေးမှာ တချက်ချင်းစီ ရှင်းပြပေးသွားပါမယ်ရှင့်။ 🤗☀️

ပိုပြီး ကျန်းမာ၊ နွေးထွေးစေဖို့ video လေးကို အဆုံးထိကြည့်လိုက်ရအောင်နော်။

အပိုင်း (၁)

🌿 တစ်နေ့တာ အနားယူအပန်းဖြေခြင်း (ရိုးရှင်း၊ လွယ်ကူသော အချက်များ)✅ Wellness Day မှာ ဘာတွေလုပ်မလဲ• စောစောထပြီး မနက်ခင်း နေရ...
09/02/2026

🌿 တစ်နေ့တာ အနားယူအပန်းဖြေခြင်း (ရိုးရှင်း၊ လွယ်ကူသော အချက်များ)

✅ Wellness Day မှာ ဘာတွေလုပ်မလဲ

• စောစောထပြီး မနက်ခင်း နေရောင်ခြည်ခံယူပါ ☀️

• ရေများများသောက်ပါ (ကြိုက်နှစ်သက်ပါက သံပရာသီး စိတ်လေးထည့်သောက်နိုင်ပါတယ်) 💧

• ပေါ့ပေါ့ပါးပါးနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားပါ (သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်း) 🥗

• ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ (လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း သို့မဟုတ် ယောဂကျင့်ခြင်း) 🚶‍♀️

• ဖုန်းနဲ့ လူမှုကွန်ရက် (Social Media) သုံးခြင်းကို ခဏနားပါ 📵

• စိတ်ငြိမ်စေမယ့်အရာတစ်ခုခုလုပ်ပါ (အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဆုတောင်းခြင်း သို့မဟုတ် တရားထိုင်ခြင်း) 🧘‍♀️

• စောစောအိပ်ရာဝင်ပြီး ကောင်းကောင်းအနားယူပါ 😴

🔄 မလုပ်ခင်နဲ့ လုပ်ပြီးနောက် ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုများ

အရင်က (BEFORE) 😴
• နုံးချည့်နေပြီး အားအင်မရှိသလို ခံစားရခြင်း။
• စိတ်ဖိစီးမှုများပြီး အတွေးလွန်နေခြင်း။
• ဗိုက်ကယ်ခြင်းနှင့် ကိုယ်လက်လေးလံခြင်း။
• အိပ်ရေးမဝဘဲ အိပ်စက်မှုအရည်အသွေး ညံ့ဖျင်းခြင်း။

လုပ်ပြီးနောက် (AFTER) ✨
• စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွပြီး စိတ်ကြည်လင်လာခြင်း။
• စိတ်အေးချမ်းသွားပြီး စိတ်ဖိစီးမှုများ လျော့ကျသွားခြင်း။
• အစာခြေစနစ် ပိုမိုကောင်းမွန်ပြီး ပေါ့ပါးသွားခြင်း။
• နှစ်နှစ်ခြိုက်ခြိုက်နှင့် အေးချမ်းစွာ အိပ်ပျော်ခြင်း။

08/02/2026

၃ ရက်စာ အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံ (Meal Plan for next 3 days) 🍽️ 🥘

Day 4: ဦးနှောက်နဲ့ အာရုံကြိုစိုက်မှု ကောင်းစေဖို့
• မနက်စာ: ထောပတ်သီး (Avocado) နဲ့ ပေါင်မုန့်ညို။ (Healthy Fats က ဦးနှောက်စွမ်းအားကို တက်စေတယ်) 🥑
• နေ့လယ်စာ: ဆယ်လ်မွန်ငါး (သို့မဟုတ်) ငါးသလောက်ကင်နဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်။ (Omega-3 ကြွယ်ဝတယ်) 🐟
• ညစာ: ပဲပြုတ်နဲ့ အသီးအရွက်သုပ်။ (ညဘက်အတွက် ပေါ့ပေါ့ပါးပါးနဲ့ အာဟာရပြည့်စုံတယ်) 🥗
• Fact: အခွံမာသီး (ဥပမာ- သစ်ကြားသီး) စားပေးတာက မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။

Day 5: အသားအရေ ကြည်လင်တောက်ပစေဖို့
• မနက်စာ: သင်္ဘောသီး (သို့မဟုတ်) နာနတ်သီးနဲ့ ဒိန်ချဉ်။ (Vitamin C က ကော်လာဂျင် ထွက်ရှိမှုကို ကူညီပေးတယ်) 🍍
• နေ့လယ်စာ: ကြက်သားနဲ့ ဂေါ်ဖီထုပ်၊ မုန်လာဥနီ ကလောခြစ်ကြော်။ (Beta-carotene က အသားအရေကို ဝင်းပစေတယ်) 🥕
• ညစာ: တို့ဟူးနူးညံ့ချက်နဲ့ ဟင်းနုနွယ်ရွက်စွပ်ပြုတ်။ (Zinc ဓာတ်က ဝက်ခြံတွေကို သက်သာစေတယ်) 🍲
• Fact: ရေနွေးကြမ်း (Green Tea) သောက်ပေးတာက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။

Day 6: ကိုယ်ခံအားစနစ် (Immune System) မြှင့်တင်ဖို့
• မနက်စာ: ကြက်ဥအကာ (Egg Whites) နဲ့ အချိုမပါတဲ့ ကော်ဖီ/လက်ဖက်ရည်။ (Metabolism ကို မြှင့်တင်ပေးတယ်) ☕
• နေ့လယ်စာ: ပုစွန် (သို့မဟုတ်) အသားတစ်မျိုးမျိုးနဲ့ ငရုတ်ပွသီးကြော်။ (Vitamin C ကြွယ်ဝပြီး ကိုယ်ခံအားတက်စေတယ်) 🫑
• ညစာ: ရုံပတီသီးပြုတ်နဲ့ ငါးဖယ်ဟင်း။ (အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်ချပ်စေတယ်) 🍛
• Fact: ချင်း (Ginger) နဲ့ ကြက်သွန်ဖြူကို ဟင်းထဲထည့်စားတာက ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။

“ကျန်းမာအောင်နေတာက ကိုယ့်ကိုယ်ကို ချစ်တာပါပဲ”
ဒီ(၃) ရက်စာ Meal Plan လေးကို save ထားပြီး လိုက်စားကြည့်ကြပါဦးရှင့်။ 🥰🥰

02/02/2026

ကြို့ထိုးတာ ပျောက်နည်းများ 😇

ရုတ်တရက်ဆိုသလို ကြို့ထိုးလာရင် စိတ်ရှုပ်ရတတ်တယ်နော်! 😅
ဘာလို့ ကြို့ထိုးတာလည်း?
ပျောက်အောင် ဘလိုလုပ်ရမလည်း?

ကြို့ထိုးတာ ပျောက်နည်းများ ကို ဒီvideo လေးမှာ မျှဝေပေးမှာ ဖြစ်ပါတယ်ရှင့်။
အရှေ့အပိုင်း (၁) video မှာတော့ အချက်(၂)ချက်ကို မျှဝေခဲ့ပြီးဖြစ်လို့ ကျန်တဲ့အချက်လေးတွေကို အခု အပိုင်း(၂) video မှာ ထပ်ပြောပြထားတာလေးပါရှင့်။

အားလုံးကျန်းမာချမ်းသာကြပါစေရှင်။

အပိုင်း (၂)

#ကြို့ထိုး

18/01/2026

ပါးစပ်ထဲမှာ အဖြူရောင်အကွက်သေးသေးလေးတွေနဲ့ ခံတွင်းအပူနာလေးတွေ ဖြစ်ဖူးကြလားရှင့်? 🥵

ဒီလိုဖြစ်ပီဆိုရင်တော့ အစား စားသောက်ရမှာ နာကျင်ပြီး စိတ်ညစ်ရတတ်ပါတယ်ရှင့်။

ဘာကြောင့် ရုတ်တရက်ဒီလို ခံတွင်းအပူနာ ဖြစ်လာရတာလည်း?
ဘယ်လိုလုပ်ရင် သက်သာပျောက်ကင်းမလည်းဆိုတာတွေ သိရဖို့အတွက် ဒီ video လေးကိုအဆုံးထိ ကြည့်လိုက်ပါရှင့်။

#ခံတွင်းအပူနာ

17/01/2026

ကြို့ထိုးတာ ပျောက်နည်းများ 😇

ရုတ်တရက်ဆိုသလို ကြို့ထိုးလာရင် စိတ်ရှုပ်ရတတ်တယ်နော်! 😅
ဘာလို့ ကြို့ထိုးတာလည်း?
ပျောက်အောင် ဘလိုလုပ်ရမလည်း?

ကြို့ထိုးတာ ပျောက်နည်းများ ကို ဒီvideo လေးမှာ မျှဝေပေးမှာ ဖြစ်ပါတယ်ရှင့်။
အားလုံးကျန်းမာချမ်းသာကြပါစေရှင်။

အပိုင်း (၁)

#ကြို့ထိုး

15/01/2026

၃ ရက်စာ အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံ (Meal Plan)

📅 Day 1: ခန္ဓာကိုယ်ကို Detox လုပ်ပြီး စွမ်းအင်ဖြည့်မယ်
* မနက်စာ: အုတ်ဂျုံ (Oats) နဲ့ ငှက်ပျောသီး။ (အမျှင်ဓာတ်ကြွယ်ဝပြီး တစ်နေ့လုံး အားရှိစေတယ်) 🍌
* နေ့လယ်စာ: ကြက်ရင်ပုံသား ကင်နဲ့ အသီးအရွက်စုံသုပ်။ (Protein မြင့်လို့ ကြွက်သားအတွက်ကောင်းတယ်) 🥗
* ညစာ: ငါးကင်နဲ့ ကန်စွန်းရွက်ကြော်။ (အဆီနည်းပြီး အစာကြေလွယ်တယ်) 🐟
* Fact: ရေကို တစ်နေ့ ၃ လီတာပြည့်အောင် သောက်ပေးရင် အသားအရေ ကြည်လင်စေပါတယ်။

📅 Day 2: Metabolism (ဇီဝကမ္မဖြစ်စဉ်) မြှင့်တင်မယ်
* မနက်စာ: ကြက်ဥပြုတ် ၂ လုံးနဲ့ ပေါင်မုန့်ညို။ (ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေတယ်) 🥚
* နေ့လယ်စာ: ထမင်းအနည်းငယ်၊ ပဲဟင်းနဲ့ အသားတစ်မျိုးမျိုး။ (အပင်ကရတဲ့ Protein နဲ့ အသားဓာတ် ပေါင်းစပ်မှု) 🍛
* ညစာ: ဒိန်ချဉ် (Yogurt) နဲ့ အသီးအနှံအနည်းငယ်။ (အူလမ်းကြောင်းအတွက် အထူးကောင်းမွန်တယ်) 🍓
* Fact: အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ဝါးစားတာက ဗိုက်အောင့်ဗိုက်ပွခြင်းကို သက်သာစေပါတယ်။

📅 Day 3: အပန်းဖြေပြီး ကြွက်သားပြန်လည်ပြုပြင်မယ်
* မနက်စာ: အသီးဖျော်ရည် (Smoothie) နဲ့ မြေပဲဆားလှော် အနည်းငယ်။ (Antioxidants နဲ့ Healthy Fats ကြွယ်ဝတယ်) 🥑
* နေ့လယ်စာ: ခေါက်ဆွဲညို သို့မဟုတ် ကြာဆံဟင်းခါး (အသီးအရွက်များများပါဝင်ရမယ်)။ 🍜
* ညစာ: ပြောင်းဖူးပြုတ်နဲ့ အသီးအရွက်စွပ်ပြုတ်။ (ညဘက် အိပ်ပျော်ရလွယ်စေတယ်) 🌽
* Fact: ညအိပ်ခါနီး ၂ နာရီအလိုမှာ အစားဖြတ်တာက ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားရာမှာ ကူညီပေးပါတယ်။

"ကျန်းမာတဲ့ နေထိုင်မှုပုံစံက ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းရဲ့ အစပဲ။ ❤️ ဒီ ၃ ရက်စာ Routine လေးကို Save ထားပြီး လိုက်လုပ်ကြည့်ပါဦး!"

14/01/2026

ရိုးရှင်းစားဖွယ် ကျန်းမာဖို့ရယ် 🥢

My Healthy Snack Go-To 🥑🍎

1️⃣ Fresh fruits + nuts
→ Natural sugar, fiber & healthy fats keep me full longer

2️⃣ Greek yogurt + berries
→ High protein, good for gut & glowing skin

3️⃣ Boiled eggs
→ Protein-packed, boosts energy & controls cravings

4️⃣ Air-fried sweet potato 🍠
→ Fiber-rich, keeps blood sugar stable

5️⃣ Dark chocolate (70%+) 🍫
→ Antioxidants + mood booster (in moderation)

Why I choose healthy snacks?
✔ Less sugar spikes
✔ More energy
✔ Better digestion
✔ No guilt 😌

“Snack smart, feel better ✨”

13/01/2026

မျိုးရိုးဗီဇပြောင်း H3N2 တုပ်ကွေးရောဂါအကြောင်း🦠

အခုလတ်တလော လူတွေ အတော်များများ တုပ်ကွေးရောဂါဖြစ်လာတာကို တွေ့ရပါတယ်။ မျိုးရိုးဗီဇပြောင်း Influenza A (H3N2) တုပ်ကွေးရောဂါဖြစ်ပြီး ကူးစက်တာလျင်မြန်ပေမဲ့ လက်ရှိကာကွယ်ဆေး၊ ကုသဆေးတွေနဲ့ ကာကွယ်ကုသနိုင်တာမို့ အရမ်းစိုးရိမ်စရာ မလိုပါဘူး။

သို့သော် ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တဲ့အကြောင်းနဲ့ ဖြစ်လာခဲ့ရင်လည်း လုပ်ဆောင်နိုင်မဲ့ အကြောင်းလေးတွေကို အခု video လေးမှာ ရှင်းပြထားပါတယ်ရှင့်။

Video လေးကို အဆုံးထိကြည့်ပြီး အားလုံးပဲ ကျန်းမာလန်းဖြာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ရှင့်။


လှုပ်လှုပ်ရှားရှားနေပါမှ၊ သွက်လက်ကျန်းမာ တနေ့တာကဏ္ဍ 🏃‍♀️🚶‍♀️ Today’s Goal: Staying Active 💪✨1️⃣ Moving boosts energy—eve...
12/01/2026

လှုပ်လှုပ်ရှားရှားနေပါမှ၊ သွက်လက်ကျန်းမာ တနေ့တာကဏ္ဍ 🏃‍♀️🚶‍♀️

Today’s Goal: Staying Active 💪✨

1️⃣ Moving boosts energy—even 10 minutes counts
2️⃣ Activity improves mood & reduces stress
3️⃣ Staying active helps digestion & metabolism
4️⃣ Consistency > intensity: move a little, daily

#ကျန်းမာရေးဗဟုသုတ

11/01/2026

မနက်စာ = ကိုယ်ခန္ဓာစွမ်းအင် 💡

🔥 မနက်စာဟာ စွမ်းအင်အရင်းအမြစ် 🔥

🍳 ပရိုတင်းက ဗိုက်ပြည့်စေတယ်
🌾 အမျှင်ဓာတ်က စွမ်းအင်မြှင့်ပေးတယ်
🥑 အဆီကောင်းတွေက အာရုံစူးစိုက်မှုကောင်းစေတယ်
🍓 သကြားထက် အသီးအနှံကို ဦးစားပေးပါ
💧 မနက်စာကိုစားဖြစ်အောင်စားပါ (စွမ်းအင်တိုးဖို့)

🔥 Breakfast = Power Fuel 🔥

🍳 Protein keeps you full
🌾 Fiber = steady energy
🥑 Healthy fats boost focus
🍓 Fruits over sugar
🍲 Never skip breakfast

#ကျန်းမာရေးဗဟုသုတ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sayar Ka Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram