02/03/2026
ကိုယ်ကလူကောင်းမဟုတ်တော့ ည ၇:၀၀ဆို ဖုန်းပိတ်ထားနေကြပါ။
ဘာလို့လည်းဆိုတော့ ညအိပ်ယာဝင်ခါနီးဖုန်းပြောတာမျိုး စိတ်လူပ်ရှားစရာ ရှိတာမျိုးနဲ့ကြုံရင် တညလုံးအိပ်မပျော်တတ်လို့ပါ။
ကိုယ့် Shape ကိုလည်းထိန်းသိမ်းချင်တော့ ဝ.မှာကြောက်လို့ ည၁၀:၀၀ဆို အိပ်ပျော်နေရမှဆိုတဲ့အထဲကိုယ်ကရှေ့ဆုံးကပါပါတယ်။
တခါတလေ ည ၈:၀၀လောက်ကတည်းက အိပ်တတ်ပါတယ်။
တနေ့က တညတလေလေး ဖုန်းမပိတ်မိတဲ့ညမှာမှ ည ၉:၀၀နာရီကျော်မှာ ဖုန်း Call လေးတခု ဝင်လာပါတယ်။
သာမာန်လူတွေအတွက် ၉:၀၀နာရီဟာ နောက်ကျတယ်လို့မဆိုသာပါဘူး။ကျမကတော့ ကျန်းမာမနေတဲ့သူမို့ ပါ။
ကျမ ညဘက် ဖုန်းမကိုင်ရင် စိတ်မရှိကြပါနဲ့လို့ ကြိုတင်တောင်းပန်ထားပါရစေနော်။
ကျန်းမာရေးမကောင်းဘူးလို့ ပြောလိုက်ရင်
ကျမကို ကျန်းမာရေးမကောင်းသူလို့ လူတွေက မထင်ကြဘူး၊
ကိုယ့်ကိုကြည့်ရင် တလွှားလွှားနဲ့မို့ လူမမာ လို့ သတ်မှတ်ပေးဖို့ မေ့မေ့နေတတ်ကြပါတယ်။
ဘာလို့လည်းဆိုတော့ လူတွေအမြင်မှာက အကောင်းကြီး၊
အလန်းကြီးပဲလို့ထင်ကြတာကိုး။
တကယ်က ကျမဟာကျန်းမာချင်ယောင် ဆောင်နေကျ လူန,ာတစ်ယောက်ပါ။
ဆေးပြင်းကြီးတွေကုထား၊ ခွဲ. စိတ် မူတွေ လုပ်ထားရတဲ့သူတွေမှာ
ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး (၂)ခုစလုံးကအရေးကြီးပါတယ်။
ကိုယ် ကျန်းမာရေးထိခို,က်ရင် စိတ်ကျန်းမာရေးပါ ထိခို,က်လာတတ်ကြပါတယ်။
လွန်ခဲ့တဲ့ ၇လ/၈လ လောက်က ကျမကျန်းမာရေးအခြေအနေ အတော်မကောင်းခဲ့ပါဘူး။
ကြည့်လိုက်ရင်တော့သာမန်လူလိုပါပဲ။
အဲ့ဒီတုန်းက အစမို့ ကိုယ့်ကိုယ်ကို ဘယ်လိုစောင့်ရှောက်ရကောင်းမှန်းမသိသေးဘူး၊
ကိုယ်တိုင်ကလည်း ဒါမျိုးကို မကြုံဘူးသေးတော့ စမ်းတဝါးဝါးပေါ့နော်။
ကိုယ်ပဲလူနာ
ကိုယ်ပဲလူနာရှင်လေ။
ပြောရတာ ကိုယ့်ကိုယ်ကိုသနားရကောင်းမှန်းတောင် ခုမှသတိရမိပါတယ်။
ကိုယ့်မှာကိုယ်ပဲရှိတယ်ဆိုတာ ကျမလိုလူမျိုးအတွက် ထားကြတဲ့ စကားထင်ပါရဲ့။
အရမ်းသန်မာနေကြလူမို့
ဘယ်သူမှလည်း နှစ်သိမ့်မပေးကြပါဘူး။
အဲ့ဒီတုန်းက ကျမ နေ့စဉ်အလုပ်တောင်မှ မလုပ်နိုင်ဘူး၊ သားကြီးပဲ ကျောင်းတဘက်နဲ့ အလုပ်ကို ဦးဆောင် လုပ်ပေးရှာပါတယ်။ဒင်းကလေးကိုလည်း ကျေးဇူးတင်ရပါတယ်။
ဒီနေရာမှာ တကယ် ကျေးဇူးတင်စရာကောင်းတာက အဲ့အချိန်တုန်းက ဝိုင်းစောင့်ရှောက်ဖေးကူပေးတဲ့ သူငယ်ချင်း တွေပါ။
အဲ့ဒီအချိန်မှာ တကယ့်ကို အနီးကပ် စာနာစွာ ဖေးကူခဲ့ပါတယ်။
ကျမကို နှစ်သိမ့်ပေးခဲ့ကြပါတယ်။
ကျမအတွက် ဘာမှမရေရာတဲ့ ဟိုစပ်စပ် ဒီစပ်စပ် အပူတွေကူမျှယူပေးကြပါတယ်၊
အခုထိလည်း တွေးမိလိုက်တိုင်း သူတို့ကိုကျမကျေးဇူးတင်ရပါတယ်။
နောက်တော့ ကျမ ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်ယူပါတယ်။
ဘဝမှာ တခုခုဖြစ်တိုင်း ခံနိုင်ရည်ရှိအောင်ကျော်ဖြ.တ်တာနဲ့ ပြန်တည်ဆောက်ယူရတာကျမအတွက်တော့ ထူးပြီးမဆန်းတော့ပါဘူးလေ။
ကိုယ်ပဲလူနာရှင်မို့ ငါဘာလုပ်ရရင်ကောင်းမလည်းပေါ့နော်။
ကျမ လုပ်ရမှာတွေကို ဆုံးဖြတ်ချက်ပြ၊တ်သားစွာနဲ့ ကုသမူခံယူပါတယ်။
ညကို ၈:၀၀ဆိုအိပ်ယာထဲရောက်ပြီ။
တရားစထိုင်တယ်။
အတူလာအိပ်ပြီးတရားလာထိုင်ပေးတဲ့ သူငယ်ချင်းလည်းရှိပါတယ် သူ့ကိုလည်းကျေးဇူးတင်ပါတယ်။
ငိုချင်ရင် ဖုန်းဆက်ပြီးငိုခွင့်ပေးတဲ့ BFFကိုလည်းကျေးဇူးတင်ရပြန်ပါတယ်။
နောက်ပြီး ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို ဘုရားကုလည်း ကုတယ်ပေါ့နော်။
ဒါနသီလ ဘာဝနာ မပြတ်ပါဘူး။
စိတ်ပြေလက်ပျောက်ဗေဒင်မေးပေမယ့် လူတွေရဲ့ထုံးစံအတိုင်း ယတြာက ချေချင်မှချေပြန်ပါတယ်။
ပရိတ်၊ပဌာန်းတွေ မှန်မှန်ရွတ်တယ်ဆိုပြီး ဘုရားအားကိုးနဲ့ ဂေါ်မိတာပေါ့နော်။
Physically နဲ့ Mentally fit ပြန်ဖြစ်ဖို့ကို အသေအချာ မိမိကိုယ်ကို ပိုးမွေးသလိုမွေး ပါတယ်။
အလုပ်တွေ မိုးလင်းမိုးချုပ်ရှူပ်နေလိုက်၊ ဆေးရုံပြေးလိုက်နဲ့ နေတာ
ဘယ်သူမှ ကျမကို ဒီလိုဖြစ်နေတယ်လို့မထင်ကြဘူးပေါ့။
မထင်ဆို ကျမကိုယ့်ဘာသာ သေချာဂရုစိုက်နေချိန်မှာလည်း
ဘယ်သူ့ကိုမှ ကျမဘာဖြစ်တယ်ဆိုတာ သနားစရာကောင်းအောင် မချွဲတတ် ပြောမပြတတ်လို့ပါပဲ။
မိတ်ဆွေတချို့က ဟွန်းသူ အဆင်ပြေနေရင် ငါ့တို့ကိုတောင် မနုတ်ဆက်ဘူး၊စကားလာမပြောဘူး၊ ဖုန်းမဆက်ဘူး၊ လာမတွေ့ဘူး အို စုံစိနေအောင် ရန်လုပ်ခံရတာပေါ့။
ကိုယ်ခံစားနေရတဲ့ ဝေဒနာအရပ်ရပ်ကို ကျမရယ်၊ဆရာဝန်ရယ်ကလွဲပြီး အနီးကပ်နေတဲ့ သားသမီးနဲ့ဝန်ထမ်းတွေတောင် အလုံးစုံမပြောဖြစ်ဘူး။
မညည်းပြတတ်တာပေါ့နော်။ကြိ,တ်ခံတတ်တယ်။
နေလို့မကောင်းပါဘူးဆိုမှ တကယ့်ကိုနေမကောင်းတာကြီးကို သည်းခံနေရတာဟာ အင်မတန်စိတ်အနှောက်အယှက်ဖြစ်နေရတာ ကျမတို့ လူနာတွေပါ။
ဒါ့ကြောင့်အခြားဝန်ပို စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ နောက်ထပ် ထပ်ပြီး သေးသေးလေးမှထပ်အဝင်မခံနိုင်တော့လို့
ကိုယ့်စိတ်ကိုသေးသေးလေးကအစ စိတ်အနှောက်အယှက်ပေးတဲ့သူတွေ၊ အကြောင်းအရာတွေ၊ ခေါင်းစဉ်တွေ၊ ရုပ်ရှင်တွေကိုဆို ဂရုတစိုက်စရှောင်တတ်လာပါတယ်။
ဒါဟာ လူနာတစ်ယောက် ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းပါ။
ညအိပ်မပျော်မှာတွေရှောင်ပါတယ်။
ဒါ့ကြောင့် ဖုန်းကိုညဘက်ဆိုပိတ်ပါတယ်။
ခါတိုင်းပုံမှန်ကျန်းမာနေကြ လူက၊ အခုဆို ဆေးတွေသောက်မှ နေလို့ထိုင်လို့ရရတဲ့အခြေအနေကြီး။
ဖြစ်ပျက်နေတာက တစ်ရက်တလေ မဟုတ်ရင်
ကြာလာတော့ စိတ်ကို ထိခိုက်လာတတ်တာကို ကျန်းမာနေတဲ့လူတွေကတော့ မသိနိုင်ကြပါဘူး၊
ကျန်းမာနေတာကိုး။
ဒီနေရာမှာ ကျမတို့လူနာတွေကိုပြောချင်တာက စိတ်မာမာထားစေချင်တာပါ။ လူတွေကိုအားနာပြီး အောင့်အီးလိုက်လျောတာ၊ အပစ်တင်ခံရမှာစိုးလို့ လိုက်လျောပေးတာမျိုးတွေမလုပ်ပါနဲ့။
ကိုယ့်ကျန်းမာရေးကလွဲပြီး ဘယ်သူဘာထင်ထင် အရေးမကြီးပါဘူး။
ရင့်ကျက်တဲ့သူကဖြည့်တွေးပေးလိမ့်မယ်၊ ကျန်းမာရေးကNo.1 ပါ။
စိတ်ထဲမှာ တနေ့မှာငါဟာ Fit ဖြစ်နေတဲ့ လူပြန်ဖြစ်ရမယ်၊
အခုခန ဆေးတွေ အကူအညီယူဦးမယ်။
အရင်ကထက် ကျန်းမာလာပြီ၊ ရှေ့ဆက် ပျော်ပျော်ကြီးနေမယ် စိတ်ချမ်းသာအောင်နေမယ်ပေါ့။
ကျမ သူငယ်ချင်းလေးက ကျမကို "အကြောတင်း" တယ်လို့ ချစ်စနိုးပြောဖူးတယ်။ သူကချစ်လို့ယဉ်ယဉ်ကျေးကျေးပြောတာပါ။
တကယ်က ဂရုမစိုက်တတ်တဲ့ပညာကို တတ်တာပါ။
ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။
ကိုယ်လုပ်ရမယ့်အလုပ်ကိုယ်ဆက်လုပ်သွားမယ်။
စိတ်သာမာတာ နှလုံးသားလေးကတော့ ဝမ်းနည်းတတ်တယ်နော်လို့။
အဲ့ဒါလာပြောပြတာပါ။