TZ & TZ Lottery

TZ & TZ Lottery Health/Beauty Wholesaler

ဇော ခုနစ်ချက်  အကျိုးကြီးမားပုံ=======================တစ်နေ့မှာ တစ်နာရီလေးပဲ တရားအားထုတ်ပါ။ဝိပဿနာ  တရား ကို အားမထုတ်ဖူးသ...
05/05/2022

ဇော ခုနစ်ချက် အကျိုးကြီးမားပုံ
=======================
တစ်နေ့မှာ တစ်နာရီလေးပဲ တရားအားထုတ်ပါ။

ဝိပဿနာ တရား ကို အားမထုတ်ဖူးသေးသော
သူများ အတွက် အထူးသိစေချင်လွန်းလို့ရေး
လိုက်ရတာဖြစ်ပါသည်။

တစ်ကယ်ချမ်းသာခြင်သလားမေးရင် အားလုံးကဖြေကြမှာပါ ဘယ်နဲ့ပြောပါလိမ့် ချမ်းသာခြင်တာပေါ့လို့ပြောကြမှာပါ။

ဟုတ်ပြီ တစ်ကယ်ချမ်းသာခြင်ကြသူများ

ဝိပဿနာ တရားကို အားထုတ်ပါ။

တရားပဲအားထုတ်ပါ။
အာရုံပြုစိတ်သည် ဇောခုနစ်ချက် ဖြစ်ရပါသည်။

အကုသိုလ်ပြုလဲပဲ ဇောက ခုနစ်ကြိမ် ခံစားပါတယ်။
ကုသိုလ်ပြုလဲ ဇောက ခုနစ်ကြိမ် ခံစားပါတယ်။
တရား ရှုသူလဲ ဇောဟာ ခုနစ်ကြိမ် ခံစားပါတယ်။

ဒီတော့ အကုသိုလ်ဇောတော့ အားလုံး
အထိုက်လျောက်သိနေကြပါမယ်။

ဝိပဿနာ ဇောခုနစ်ချက် ဖြစ်တဲ့ အကျိုးကို
ရှင်းပြပါမယ်။

ဇော ဆိုတာ မြန်မာလိုပြောရင် အာရုံကိုစွဲယူ
ခံစားသည့်အားကြီးသော အရှိန်အဟုန်ပါ။

အဲဒီဇော ခုနစ်ချက်ထဲက ပထမ ဖြစ်သောဇောသည်
ခုနစ်ရက်အတွင်းအကျိုးပေးရင်ပေးမယ်။
ခုနစ်ရက်အတွင်းအကျိုးမပေးသေရင် ခုနစ်လအတွင်းမှာအကျိုးပေးမယ်။
ခုနစ်လမပေးသေးရင် ခုနစ်နစ်အတွင်းအကျိုးကို
ပေးမယ်တဲ့ ဒါဖြင့် ဒီပထမဇောက ယခုဘဝမှာ
အကျိုးပေးမှာ ဘယ်လိုများအကျိုးပေးမလဲမေးစရာရှိတယ်။

တရားအားထုတ်တော့ စိတ်ထားတွေနူးညံ့သိမ်မွေ့
လာတယ်။
အကုသိုလ်တွေနည်းပါးပြီး သောကတွေကင်း
လာတယ်။
စိတ်ထားတွေ ဖြူစင်လာတယ် မတရားမှုတွေ
ပါးလာတယ်။

အဲဒါကြောင့် ချက်ခြင်းပဲ စိတ်အေးချမ်းလာသလို
မကောင်းမှုတွေ မပြုကျင့်လို့ မိမိစီးပွားဟာ
မဆုပ်ယုတ်တော့ဘူး သမာအာဇီဝဖြစ်လာလို့
စီးပွားဟာတိုးတက်လာစေတယ်။
မကောင်းမှုတွေရှောင်လာလို့ မိမိပတ်ဝန်းကျင်
ကပါ ကြည်ညိုရိုသေလေးစားလာမယ်။
ပတ်ဝန်းကျင်ကပါ သူတော်ကောင်းအရိပ်ကို
ခိုလှုံရလာတာ ဒါပထမဇော လက်ငင်းခံစားရသည့်ကောင်းကျိုးပါပဲ။

နောက်ဆုံးဖြစ်တဲ့ သတ္တမမြောက် ဇောက
ဒုတိယဘဝက စပြီးအကျိုးကိုပေးမယ်။

မစွန့်မအ မကျိုး မကန်း မနူ မဝဲ အမျိုးမြတ်မှာ
သာဖြစ်ရမယ်။ ဒါ သတ္တမမြောက် ဇောအကျိုး
အဲတော့ အားလုံးဟာ ဒီဘဝကသေရင် ဒုတိယ
ဘဝဆိုတာလာမှာပဲ ရကြမှာ အဲတော့ ဝိပဿနာ
အားထုတ်ထားသူမှာဒုတိယဘဝ ဒီအကျိုးထူးတွေ
ရရှိမယ်။

ဒုတိယ တတိယ စတုတ္တ ပဉ္စမ ဆဋ္ဌမ ဒီအလယ်ဇောငါးချက်ကတော့
တတိယဘဝကနေ နိဗ္ဗာန်အထိ အကျိုးပေးမည်
ဆိုတော့
တရားလေမှ အားမထုတ်ဖြစ်ဖူးဆိုရင် နောက်ဘဝ ဘာမှစိတ်မချရဘူး။

ဒါကြောင့် တရားကို အားထုတ်ဖြစ်အောင်
အားထုတ်ကြပါ။

အလုပ်မအားတာ အကြောင်းပြပြီး
မလုပ်အားတာနဲ့
အိုသွား နာသွား သေသွားမည်ဆိုရင်ဖြင့်
ဘုရားပွင့်တော်မူတာ ကိုယ်နှင့်လားလားမှ
မဆိုင်ဖြစ်တော့မယ်။

သေမင်းကတော့ မအားလဲ မထားဘူးနော်
မအားတဲ့ ကြားက ကို သေနေတာပဲ။

ဒါကြောင့် ယခုလဲချမ်းသာ နောင်လဲချမ်းသာ
ချင်သူများကြိုးစားပြီး မအားသည့်ကြားက
တရားအားထုတ်ကြပါ။

ငါတို့ဖြစ်ရ ဤလောက ခဏအသက်ရှည်
မည်သူကြိုက်ကြိုက် မကြိုက်ကြိက်
ဘုရားအကြိုက်နေ
ဘုရားကြိုက်မှ လူဘဝ မုချအရတော်ပေ
နေကောင်း သေကောင်း နောင်လဲကောင်း
အကောင်းဆင့်ကာဝေ။

ဘုရားရှင်လေးသင်္ချေ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ကျင့်တော်မူခဲ့ခြင်းသည်
သစ္စာလေးပါးကို သိဖို့အတွက်သာ
ဖြစ်ပါသည်။

*သစ္စာလေးပါးကို သိအောင် အားထုတ်ပါ။
Credit
ပြန်လည်မျှဝေပူဇော်ပါသည်…Tin Aung Win{တင်အောင်ဝင်း}
🙏🙏🙏

အားလုံံးကိုကျေးဇူးတင်ပါတယ်။တွေးကြည့်ရင် တလောကလုံးက ကျေးဇူးတင်စရာတွေချည်းပါပဲ။ကိုယ်ပြုခဲ့တဲ့ အတိတ်ကကုသိုလ်ကောင်းမှုတွေ ပြ...
04/05/2022

အားလုံံးကိုကျေးဇူးတင်ပါတယ်။

တွေးကြည့်ရင်
တလောကလုံးက ကျေးဇူးတင်စရာတွေချည်းပါပဲ။
ကိုယ်ပြုခဲ့တဲ့ အတိတ်ကကုသိုလ်ကောင်းမှုတွေ
ပြန်တွေးကြည့်ပြီးတော့
အဲဒီအတိတ်က ငါဘဲဆိုပါတော့နော်။
ဘယ်သူလည်းမသိဘူး နံမည်လည်းမသိဘူး။
အဲဒါတွေးပြီးတော့ သူ့ကိုလည်းကျေးဇူးတင်တယ်။
သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကို
ငါခံစားရတာပါနော်။

သူနဲ့ငါ ကတော့
အကြောင်းအကျိုးဆက်စပ်မှုကတော့ ရှိမယ်။
တယောက်တည်းလားဆိုတော့
တယောက်တည်းတော့မဟုတ်ဘူး။
လုံးဝ တခြားသူလားဆိုတော့
တခြားသူလည်းမဟုတ်ဘူး။
ဒါကြောင့် ဘုန်းကြီးကတော့
ဒီဘဝလည်း ကုသိုလ်ကောင်းမှုတွေလုပ်တယ်။
အဲဒီကုသိုလ်ကောင်းမှုတွေကြောင့်
နောင်ဘဝဖြစ်ရမဲ့ သူ့အတွက် ဖြစ်ပါစေ။
ဘယ်သူဘဲ ဖြစ်ဖြစ်ပေါ့။
သူ့အတွက် ကောင်းတာဖြစ်ပါစေ။
အဲဒီလို မတွေးမိဘူးလား။

နောင်ဘဝဘယ်လိုလူဖြစ်နေမယ် ဆိုတာကို
အခုကတည်းကစဉ်းစားတယ်။
စဉ်းစားပြီးတော့နောင်ဘဝအဲဒီလူဖြစ်လာဖို့အတွက်
ဘာတွေ ကြိုတင်လုပ်ထားမလဲဆိုတာ
စဉ်းစားပြီးတော့ အခုကတည်းက
ကုသိုလ်တော်တော်များများလုပ်တယ်။
နောင်ဘဝဖြစ်ရမဲ့လူဟာ
အခုဘဝငါ့ထက်ပိုကောင်းတဲ့လူဖြစ်ရမယ်။
နိမ့်ကျတဲ့လူတော့မဖြစ်ရဘူး။
အဲဒီလိုတွေးတော့ စိတ်ထဲမှာဘယ်လိုခံစားရမလဲ။
စိတ်ထဲမှာသိပ်အဓိပ္ပာယ်ရှိနေတယ်။
စိတ်ကျေနပ်မှု ရတယ်။

ဒါကြောင့် ကိုယ့်ဘဝကို အဓိပ္ပါယ်ရှိရှိ
ကျေကျေနပ်နပ်လေးနေချင်တယ်ဆိုရင်
ဒီလိုလေးလေးနက်နက်တွေးပြီး
ခံစားတတ်ဖို့လိုတယ်။
တကယ်လုပ်ဖို့လိုတယ်နော်။
တလောကလုံးကကျေးဇူးတင်စရာတွေချည်းပါဘဲ။
ကိုယ့်ကိုဒုက္ခပေးတဲ့လူတောင်မှ
တနည်းအားဖြင့်တွေးကြည့်မယ်ဆိုရင်
ကျေးဇူးတင်ဖို့ကောင်းတာပဲ။
သူဒုက္ခပေးလို့ပဲ
သည်းခံနိုင်တဲ့အလေ့အကျင့်လေးတွေ
ရသွားတာနော်။

အဲဒီတော့
ခန္ဓီပါရမီဖြည့်တယ်လို့ သဘောထားလိုက်ပါ။
ခန္ဓီပါရမီဖြည့်တာ ဘယ်လောက်ကြာပြီလဲ။
တသက်လုံးနီးပါးလောက်ပဲ ဆိုပါတော့။
အဲဒီတော့လည်း မထူးပါဘူး။
ဆက်ပြီးတော့ပဲ ဖြည့်လိုက်ကြတာပေါ့။
ခန္ဓီပါရမီကတော့ အရှုံးမရှိပါဘူး၊၊
ရုပ်ရှင်မှာ အခန်းကဏ္ဍတွေအမျိုးမျိုးရှိတဲ့အနက်
ဘယ်သူကလူကြီးနေရာ ဘယ်သူကလူငယ်နေရာ၊
လူမိုက်နေရာ သနားစရာကောင်းတဲ့ ဇာတ်ကောင်ရဲ့နေရာ စသည်ဖြင့် နေရာယူပြီး
ဇာတ်လမ်းတခုကိုစရတယ်။
အဲဒီဇာတ်ရုပ်ကို Role လို့ခေါ်တယ်။
ရာထူးဆိုတာလည်း Role တမျိုးပါဘဲ။

အကယ်၍ငါသရုပ်ဆောင်နေတာပါလား လို့မသိရင် သူတော်တော်ခံစားနေတော့မယ်။
အားလုံးဟာ သရုပ်ဆောင်နေကြတာပါ၊၊
ငါတို့ဟာ ဘဝပေးအခြေအနေအရ
အလုပ်တခုကိုလုပ်နေရတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ကို
အကောင်းဆုံးဖြစ်အောင်လုပ်မယ်။
အများအကျိုးရှိအောင်လုပ်မယ်။
ဒီအလုပ်ဟာ ငါ လို့ သတ်မှတ်မထားဘူး။
အဲဒီလိုဖြစ်သွားရင်
လွတ်လပ်တဲ့စိတ်နဲ့ အများအကျိုးကို
ပိုပြီးထိထိရောက်ရောက်လုပ်လို့ ဖြစ်သွားပြီ။
အဲဒီလို ပိုပြီးလွတ်လပ်တဲ့သူ ပိုပြီးအေးချမ်းတဲ့သူ၊
ငြိမ်းချမ်းတဲ့သူ ပျော်ရွှင်တဲ့သူ၊
အများအကျိုးကို ထိထိရောက်ရောက်
စွမ်းဆောင်နိင်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)။

01/05/2022
💗💗💗မင်္ဂလာရှိသော နှစ်သစ်မင်္ဂလာအချိန်အခါသမယမှစ၍ ......ကျွန်ုပ်တို့၏ မိတ်ဟောင်း/မိတ်သစ် Customers များအားလုံး ကိုယ်စိတ်နှ...
17/04/2022

💗💗💗မင်္ဂလာရှိသော နှစ်သစ်မင်္ဂလာအချိန်အခါသမယမှစ၍ ......
ကျွန်ုပ်တို့၏ မိတ်ဟောင်း/မိတ်သစ် Customers များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝပါစေကြောင်း .........

TZ & TZ Lottery မှနှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏

💪💪💪
07/04/2022

💪💪💪

05/04/2022

ယုံကြည်ချက်ကြောင့် ကျောင်းမတက်၊ တက္ကသိုလ် မတက်ဘူး။
နိုင်ငံခြားလည်း သွားမတက်နိုင်ဘူး။

ဒီလိုဖြစ်လို့ စိတ်ဓာတ်ကျ နေဖို့ မလိုပါဘူး။
ဘွဲ့ဒီဂရီမရှိပေမယ့်လည်း ဘဝမှာ အောင်မြင်တဲ့သူ ဖြစ်နိုင်ပါတယ်။ သက်မွေးပညာတစ်ခုခုကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်ထားဖို့ လိုပါလိမ့်မယ်။

အောက်မှာဖော်ပြထားတာတွေက ဘွဲ့ဒီဂရီ မလိုတဲ့ သက်မွေးပညာရပ်တွေပါ။

၁။ ဘာသာစကား

အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား တစ်ခုခုကို တတ်ထားရင် စာသင်ကြားခြင်း၊ ဘာသာပြန်၊ စကားပြန် အလုပ်တွေနဲ့ အသက်မွေးလို့ရပါတယ်။

၂။ စာဖိုမှူ း

အစားအသောက်တစ်မျို းမျိူ းကို ကျွမ်းကျွမ်းကျင်ကျင် ချက်ပြု တ်ရောင်းချ တတ်ရင်ကို အဆင်ပြေနေပါပြီ။ ကြားဖူးမှာပေါ့။ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီကို လမ်းဘေးမှာ ရောင်းရာကနေ ဘောစိ ဖြစ်သွားတဲ့ ဇာတ်လမ်းတွေကို။ ဒါမှမဟုတ်လည်း ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ စားဖိုမှူ းအနေနဲ့ ဝင်လုပ်လို့ရပါတယ်။

၃။ bakery

ကိတ်မုန့် ပေါင်မုန့် တွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ရင်လည်း အဆင်ပြေနိုင်ပါတယ်။

၄။ ပွဲစားလုပ်ငန်း

လျှာဖျားလေးနဲ့ လုပ်တယ်ဆိုပြီး အထင်မသေးပါနဲ့။ အိမ်ခြံမြေပွဲစား။ ကားပွဲစားဘောစိတွေ အများကြီးပါ။ ဂျင်းထည့်ရင် နာမည်ပျက်မှာကို မမေ့ပါနဲ့။

၅။ အရောင်းအဝယ်အလုပ်

ဟိုဘက်က နှစ်ထောင်နဲ့ ဝယ်။ ဒီဘက် ငါးထောင်နဲ့ ပြန်ရောင်း။ သုံးထောင် မြတ်ပြီ။ ဒီလို လွယ်လွယ်ဆိုရင် လူတိုင်း သူဌေးဖြစ်ကုန်မှာပေါ့။ နိုင်ငံခြားဘွဲ့ရပြီး ကုမ္ပဏီကောင်းကောင်းမှာ လုပ်နေတဲ့ သူထက် ဘေထုပ်သည်က ဝင်ငွေပိုကောင်းနေတတ်တာ အမှန်တရားပါ။

၆။ IT ပညာရှင်

နည်းပညာအခြေခံပေမယ့် ဘွဲ့ဒီဂရီ မလိုတာ အားသာချက်ပါ။ skill ပြနိုင်ရင် အဆင်ပြေပြီလို့ သိရပါတယ်။ မီးပျက်နေတော့ သိပ်တော့ အဆင်မပြေပါ။

၇။ စက်မှုလုပ်မှုလုပ်ငန်း

ဒီအပိုင်းကတော့ အများကြီးကျယ်ပြန့်ပါတယ်။ ပရိဘောဂလုပ်ငန်း။ တွင်ခုံလုပ်ငန်း။ ပိုက်ပြင်။ ပန်းရံ အမျို းစုံပါ။ ရန်ကုန်မှာတောင် အိမ်ဆောက်ရင် အင်ဂျင်နီယာမသုံးပဲ ပန်းရန်ဆရာတွေပဲ သုံးလို့ လက်ဖျားငွေသီးနေကြပါတယ်။ မကျွမ်းကျင်ပဲ သွားဆောက်လို့ အိမ်ပြို ရင်တော့ ပြဿ နာ တက်ပါလိမ့်မယ်။

၈။ ဘိုးဘွားစောင့်ရှောက်လုပ်ငန်း

အသိအမှတ်ပြု လက်မှတ်တော့ လိုပါလိမ့်မယ်။ ဂျပန်နှင့် အနောက်နိုင်ငံတွေမှာ အင်မတန် လူလိုတဲ့ အလုပ်ပါ။ စိတ်ရှည်ဖို့နဲ့ မရွံတတ်ဖို့တော့ လိုပါမယ်။

၉။ ကားစက်ပြင်

ဒီအလုပ်လည်း ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် ကိုယ်ပိုင်ဝပ်ရှော့ပိုင်တဲ့အထိ တက်လှမ်းနိုင်ပါတယ်။

၁၀။ အဲကွန်း

ဒီနောက်ပိုင်း အိမ်တိုင်းနီးပါး အဲကွန်း တပ်လာကြတော့ ဒီလုပ်ငန်းလည်း တော်တော်လေး အလုပ်ဖြစ်ပါတယ်။

၁၁။ ဓာတ်ပုံဆရာ

အလှဓာတ်ပုံဆရာလုပ်ဖို့ ဘာဘွဲ့လိုတယ် ကြားဖူးလို့လဲ။ ကျွမ်းကျင်ဖို့ပဲ လိုပါတယ်။

၁၂။ ပုံဆွဲ

graphic designer ကနေ comics ဆွဲတာတွေ။ NFT မှာ ပုံတွေ ဖန်တီးတာအထိ အမျိူ းမျိူ းပါ။

၁၃။ မိတ်ကပ်ပညာရှင်

နာမည်ကြီးရင် ကြီးသလောက် ဝင်ငွေသောက်သောက်လဲရမယ့် အလုပ်ပါ။

၁၄။ အွန်လိုင်းအခြေပြု အလုပ်များ

Digital Marketing, Content Writer, Blogger, Youtuber, Streamer ဒါတွေကတော့ စိမ်းနေမယ် မထင်ပါဘူး။

၁၅။ Trader

နိုင်ငံတကာမှာတော့ စတော့၊ crypto currency၊ ရွှေ၊ ရေနံ ဒါတွေကို အွန်လိုင်းမှာ အရောင်းအဝယ်လုပ်ပြီး ကြီးပွားနေသူတွေ ရှိပါတယ်။ မြန်မာမှာလည်း အချို့ ရှိပါတယ်။ မကျွမ်းကျင်ရင်တော့ အရင်းပြု တ်သွားနိုင်တာကို မမေ့သင့်ပါ။

၁၆။ Hotel Housekeeping

ရှစ်တန်းအောင်ရုံနဲ့ လုပ်လို့ရပြီလို့ သိရပါတယ်။ skill ရှိရင် ရှိသလောက် ပြည်တွင်းပြည်ပ ဟိုတယ်ကြီးတွေမှာ အလုပ်ရနိုင်ပါတယ်။

အခြားရှိသေးရင် အကြံဥာဏ်ပေးလို့ရပါတယ်။

ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ ကြုံနေကြုံနေ...ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား ချ...
26/03/2022

ဘယ်လို အဆင်မပြေတာတွေနဲ့ပဲ
ကြုံနေကြုံနေ...ဒါတွေကို ပြန်ပြန် ငုံ့ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား
ချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုပဲ မော်ကြည့်ပြီး
ပြောချင်တာကတော့...အပေါ်ကိုပဲ ကြည့်ပြီး
သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို
ဆက်လုပ်ဖို့လိုမှာပါပဲ။

#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

26/03/2022

လောကဓံ ✅
လိုချင်တာ တစ်ခါရဖို့
မလိုချင်တာ အခါတစ်ရာလောက်လက်ခံရတာပဲ
#အောင်သင်း

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ၁- English (ကမ္ဘာသုံးစကား)၂- Ho...
20/03/2022

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ

၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့
ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
၁၅- *****ကိုယ်ကျင့်တရားကောင်းဖို့*****
၁၆- ဘာသာရေး အသိ( do and don’t) လေးတွေ သိဖို့( တချို့ ကလေးတည်းက အရမ်းလိမ်တတ်တာလေးတွေက်ု မရှိအောင်)

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။
Group တခုမှ ကူယူပီး တချို့ လိုတာလေးတွေ ထပ်ပေါင်းထားပါတယ်❤️

😍😍😍
12/03/2022

😍😍😍

မီးတွေ ၂၄ နာရီ ပျက်မယ် ဆိုပြီး အသံလွှင့် လိုက်တော့ လူတွေ ပူညံ ပူညံ ဖြစ်ကုန်တယ်။ ပြီးတော့မှ တကယ် မပျက်ပါဘူး၊ အချိန်ပိုင်း...
11/03/2022

မီးတွေ ၂၄ နာရီ ပျက်မယ် ဆိုပြီး အသံလွှင့် လိုက်တော့ လူတွေ ပူညံ ပူညံ ဖြစ်ကုန်တယ်။ ပြီးတော့မှ တကယ် မပျက်ပါဘူး၊ အချိန်ပိုင်း လောက်ပဲ ဖြတ်မှာပါ ဆိုတော့ တော်ပါသေးရဲ့ ဆိုပြီး စိတ်သက်သာ သွားကြတယ်။ အဲဒီမှာ အရင်ကလို ၂၄ နာရီ မီးလင်းခဲ့တဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံနိုင် သွားကြတယ်။

ညဘက်တွေ ၈ နာရီကနေ မနက် ၆ နာရီ အထိ အပြင်ထွက်ခွင့် ပိတ်ထားတုန်းက လူတွေ အဆင်မပြေ ဖြစ်ကြတယ်။ နောက်ပိုင်းမှာ ၁၀ နာရီ ကနေ ၄ နာရီ ဆိုပြီး ပြန်လျှော့ ပေးလိုက်တဲ့ နည်းနည်း လှုပ်သာ လှည့်သာ ရှိသွားတယ်။ အဲဒီမှာ အရင်ကလို စိတ်ကြိုက် သွားလာလို့ ရတဲ့ အခြေအနေ ပြန်မရောက် တာကို လက်ခံ သွားကြတယ်။

ဆီစျေးတွေ ၂ ထောင်ကျော် အထိ တက်သွားတော့ သွားရေး လာရေး တော်တော် ခက်ခဲ ကြတယ်။ တကယ်လို့များ ၁၀၀-၂၀၀ လောက် ပြန်ကျပြီး ၁၈၀၀-၁၉၀၀ ဝန်းကျင်လောက် ပြန်ဖြစ်ရင် တော်သေးတယ်လို့ တွေးကြမှာပဲ။ အရင်လို တစ်ထောင်ဝန်းကျင်နဲ့ ရတဲ့ အခြေအနေ ပြန်မရောက်တာကို လက်ခံသွားကြ လိမ့်မယ်။

အဲဒါ အာဏာရှင်တွေ လုပ်နေကြ အကွက်တွေကို ဥပမာ ပြောပြတာ။ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ သက်သာ ချောင်ချိမှု တွေကို အတင်း အဓမ္မ သိမ်းယူပြီးမှ သူတို့ မထိခိုက်ရုံ မစို့မပို့လေး ပြန်ပေးတာ။
အဲဒီ မစို့မပို့နဲ့ အသားကျ သွားရင် တစ်သက်လုံး မစို့မပို့ပဲ နေရတော့မှာ။
အခွင့်သာခိုက်မှာ ရုန်းမထွက်ကြရင် တစ်သက်လုံး မစင်တွင်း ထဲမှာပဲ ပျော်ပိုက်နေ ရလိမ့်မယ်။

Zin Thaw Naing ရေးသားသည်။

Photo: Crd

🎀ဒီမှာ   သူငယ်ချင်း.....ဖိနပ်မရှိတိုင်းသာ ငိုနေရမယ်ဆိုရင်ခြေထောက်မပါတဲ့သူတွေကို သတိရပါ🎀အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင်ထ...
09/03/2022

🎀ဒီမှာ သူငယ်ချင်း.....
ဖိနပ်မရှိတိုင်းသာ ငိုနေရမယ်ဆိုရင်
ခြေထောက်မပါတဲ့သူတွေကို သတိရပါ

🎀အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင်
ထမင်းငတ်နေသူတွေကို သတိရပါ

🎀လင်မယားနှစ်ယောက်ကြား
စကားများရန်ဖြစ်မိရင် အထီးကျန်
နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ

🎀လောကမှာ ငါပဲကံဆိုးနေတာလားလို့
တွေးမိရင် ကမ္ဘာပေါ်ကဒုက္ခမျိုးစုံရောက်
နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ

🎀ချစ်သူကစွန့်ပစ်သွားလို့အသည်းကွဲမိရင်
အစွန့်ပစ်ခံခဲ့ရသော မိဘမဲ့ကလေးများရဲ့
ဝေဒနာကို ခံစားကြည့်ပါ

🎀အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေမိရင်
နေရာတိုင်းမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့
သူတွေကို သတိရလိုက်ပါ

🎀စက်ဘီးစီးနေရတဲ့ဘဝကို စိတ်ဓါတ်ကျမိရင်
လမ်းလျှောက်သွားနေရသူတွေကို
သတိရလိုက်ပါ

🎀လိုအပ်ချက်တွေနဲ့ချည်း ပြည့်နေတဲ့ဘဝမှာ
ရောင့်ရဲနိုင်တတ်တဲ့စိတ်ထားကို
အမြဲမွေးမြူပါ သူငယ်ချင်း.....

 #2020 #2022
07/03/2022

#2020
#2022

07/03/2022

တနိုင်ငံလုံး မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိလျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု ကြေညာ😱😱😱

😅😅😅
06/03/2022

😅😅😅

ဆန်တစ်ပြည် 3000 ပဲဆီ ၁ ပိသာ 10000 ကြက်သားက 12000ဝက်သားက 11000အမဲသားဆို 16000ငါးက 10000ကြက်ဥက 150 ပုစွန်က 15000အသားငါးတွေ...
05/03/2022

ဆန်တစ်ပြည် 3000
ပဲဆီ ၁ ပိသာ 10000
ကြက်သားက 12000
ဝက်သားက 11000
အမဲသားဆို 16000
ငါးက 10000
ကြက်ဥက 150
ပုစွန်က 15000

အသားငါးတွေ စျေးကြီးပါတယ် အသီးရွက်လေးစားမယ်ဟဲ့ဆို ...
ခရမ်းသီးက တစ်လုံး 300
အာလူးသီးက (8)လုံးကို 2000
ဂေါ်ဖီထုပ်ဆို တစ်ထုပ် 2500
ပဲသီးက (7) တောင့်ကို 500
ကဲ.....ဒါဆို ရေသောက် ဗိုက်မှောက်နေမယ်ဟဲ့ဆိုတော့

ရေသန့်တစ်ဘူးက 500
ရွှေစျေးကလည်း 18သိန်း19သိန်းကျော်လို့ အရောင်းဝယ်ကပါးပြန်တယ်
ကလေးမုန့်ဖိုးတောင် လျှော့ကျွေးနေရတယ် ဒါတောင် ကျန်းမာရေး ဘာညာစရိတ်နဲ့
ဖုန်းဘေ ကလည်း ဓါးမြတိုက်သလို ထည့်တိုင်းကုန်မြန်နေတော့ ....

စီးမယ့်ရေလည်း ရေစီးကြောင်းသန်ဖို့ မလွယ်သလို .....
ဆည်မယ့် ကန်သင်းကလည်း မကျိုးရုံတမယ်ပဲ ရှိပါတော့တယ်လို့ 😅
Crd❤️

အဖြစ်တူနေလို့သဘောကျလို့ ကော်ပီယူလာတာပါ
ဘာတွေတောင်လုပ်စားရမလဲ ကို မသိတော့ဘူး😓

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TZ & TZ Lottery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram