Cosmic Tarot and Healing by Pearl Thorn Chel

Cosmic Tarot and Healing by Pearl Thorn Chel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cosmic Tarot and Healing by Pearl Thorn Chel, Astrologist & Psychic, Yangon.

12/03/2026

🌿 Cosmic Tarot and Healing by Pearl Thorn Chel 🌿

အတွင်းစိတ်ရဲ့ အလင်းစွမ်းအင်ကို အတူတူ ခံစားကြည့်ကြရအောင် ✨

သင့်ရဲ့ စိတ်ဝိညာဉ်ခရီးလမ်းအတွက် Tarot ရဲ့ လမ်းညွှန်မှုနဲ့ Reiki စွမ်းအင်ရဲ့ ကုထုံးတွေကို Pearl က ပေါင်းစပ်ဖန်တီးပေးနေပါတယ်။
ဘဝရဲ့ ချစ်ခြင်းမေတ္တာ၊ စိတ်အေးချမ်းမှုနဲ့ ဟန်ချက်ညီတဲ့ ရှင်သန်ခြင်းတွေကို အတူတူ ရှာဖွေဖော်ထုတ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ 💫

📩 မိမိအတွက် သီးသန့် အနာဂတ်လမ်းညွှန်မှု (Personal Reading) ရယူလိုပါက Message ကနေ တစ်ဆင့် ဆက်သွယ်နိုင်ပါပြီ။

🌙 March မတ်လမှာ သင်သိထားသင့်တဲ့ Message က ဘာဖြစ်မလဲ? 🔮✨​ပုံထဲက Pile 1 (ဘယ်)၊ Pile 2 (လယ်)၊ Pile 3 (ညာ) ထဲက သင်အနှစ်သက်ဆု...
09/03/2026

🌙 March မတ်လမှာ သင်သိထားသင့်တဲ့ Message က ဘာဖြစ်မလဲ? 🔮✨

​ပုံထဲက Pile 1 (ဘယ်)၊ Pile 2 (လယ်)၊ Pile 3 (ညာ) ထဲက သင်အနှစ်သက်ဆုံး တစ်ခုကို ရွေးချယ်ပြီး မတ်လအတွက် လမ်းညွှန်ချက်တွေကို Tarot Cards ပုံ‌တွေအောက်မှာ ဖတ်ကြည့်လိုက်ပါနော်။

အားလုံးပဲ မတ်လမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင်။🙏

March လအတွက် Personal Reading လိုချင်ရင်—
Messenger မှာ “MARCH” လို့ ပို့နိုင်ပါတယ် 💌
Limited Energy Slots Only ✨



TC

🌊 လှိုင်းတွေကြားက တည်ငြိမ်မှု 🌊ဘဝဆိုတာ တစ်ခါတလေ ကိုယ်မထိန်းချုပ်နိုင်တဲ့ လှိုင်းတံပိုးတွေ တရစပ် ရိုက်ခတ်တတ်ပါတယ်။ 🌊💨 ဆီတ...
06/03/2026

🌊 လှိုင်းတွေကြားက တည်ငြိမ်မှု 🌊

ဘဝဆိုတာ တစ်ခါတလေ ကိုယ်မထိန်းချုပ်နိုင်တဲ့ လှိုင်းတံပိုးတွေ တရစပ် ရိုက်ခတ်တတ်ပါတယ်။ 🌊

💨 ဆီတိုင်ကီထဲက လက်ကျန်၊ လမ်းပေါ်က ကန့်သတ်ချက်၊ လိုင်းပေါ်က အတားအဆီးတွေက ကျမတို့ရဲ့ "စိတ်လွတ်လပ်ခွင့်" ကိုတော့ ပိတ်လှောင်ထားလို့ မရပါဘူး။ 🕊️✨

✅ အရှိတရားကို လက်ခံပါ:
မပြေလည်မှုတွေကို ပြောင်းလဲလို့မရတဲ့အခါ အဲဒီအခြေအနေပေါ် ထားရှိတဲ့ ကျမတို့ရဲ့ "တုံ့ပြန်မှု" ကို ပြောင်းလဲကြည့်ကြပါစို့။ 🧘‍♂️💫

🌿 သေးငယ်သော ပျော်ရွှင်မှု:
ဖုန်းသုံးရတာ ခက်ခဲနေချိန်မှာ နံဘေးကလူကို ပိုကြည့်ဖြစ်မယ်၊ စာအုပ်တစ်အုပ်ကို ပိုဖတ်ဖြစ်မယ်။ 📖☕ ကားမောင်းလို့မရတဲ့ရက်မှာ အိမ်မှာ အေးအေးဆေးဆေး နားနားနေနေ နေဖြစ်မယ်။ 🏠💤

⚓ ယုံကြည်ချက်ကို ဆုပ်ကိုင်ပါ: အရာအားလုံးက "ခေတ္တ" ပါပဲ။ ဒီနေ့ ကြုံနေရတဲ့ အခက်အခဲက မနက်ဖြန်မှာ ပြောစရာ ပုံပြင်တစ်ပုဒ် ဖြစ်သွားပါလိမ့်မယ်။ 🌅⏳
"အခြေအနေတွေက ကိုယ့်ကို ပုံဖော်တာမဟုတ်ဘူး၊ အခြေအနေတွေအပေါ် ကိုယ်ထားတဲ့ စိတ်ထားကသာ ကိုယ့်ရဲ့ တန်ဖိုးကို ပုံဖော်တာပါ။" 💎⭐
အသက်ပြင်းပြင်းရှူလိုက်ပါ... 🌬️
မုန်တိုင်းဆိုတာ ခဏပါ၊ မုန်တိုင်းပြီးရင်တော့ ကောင်းကင်က ပြန်ကြည်လင်စမြဲမို့။ 🤍🌤️
TC

🌕🩸 တပေါင်းလပြည့် & Blood Moon Portal 2026​​မတ်လ ၂ ရက် — တပေါင်းလပြည့်ည နဲ့ မတ်လ ၃ ရက် မနက်အစောပိုင်း — Blood Moon 🔴🟡🌏🌞​ ...
02/03/2026

🌕🩸 တပေါင်းလပြည့် & Blood Moon Portal 2026
​
​မတ်လ ၂ ရက် — တပေါင်းလပြည့်ည နဲ့ မတ်လ ၃ ရက် မနက်အစောပိုင်း — Blood Moon 🔴

🟡🌏🌞​ လ၊ ကမ္ဘာ၊ နေ တစ်တန်းတည်း ကျရောက်တဲ့အခါ ကမ္ဘာ့အရိပ်က လပေါ်ကို ကျရောက်ပြီး လဟာ ထူးခြားတဲ့ အနီရောင် (သွေးရောင်) သန်းသွားပါတယ်။
သိပ္ပံနည်းကျတော့ ဒါဟာ Total Lunar Eclipse လို့ ခေါ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

​ဒါပေမဲ့ Spiritual အမြင်နဲ့တော့ —
ဒါဟာ Release & Rebirth Portal (အဟောင်းကိုစွန့်၊ အသစ်ကိုဖန်တီးတဲ့ တံခါးပေါက်) တစ်ခု ဖြစ်ပါတယ်။ ✨

​🔮 Eclipse Energy Message
​🩸 Blood Moon ဟာ -
​အဟောင်းတွေကို အပြီးတိုင် ဖြတ်တောက်ဖို့ ​Emotional baggage (စိတ်ပိုင်းဆိုင်ရာ အလေးအပင်များ) ကို လွှတ်ချဖို့ ​Karma cycle (ကံကြမ္မာသံသရာ) တစ်ခုကို အဆုံးသတ်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။
​🌕 Full Moon Energy က သင့်အတွင်းစိတ်ကို ဖော်ထုတ်ပေးပြီး
🌑 Eclipse Energy က သင့်အတွက် မလိုအပ်တော့တဲ့ အရာတွေကို ဖျက်သိမ်းပေးပါလိမ့်မယ်။

​✨🎴 Tarot Alignment for This Night

​ဒီညအတွက် Energy Card ကတော့ — 🃏🟡 The Moon
(Intuition. Hidden Truths. Shadow Work)

Red Moon ​လနီညဟာ အပြင်ဘက်မှာ အလင်းနည်းပါးနေသလောက်
သင့်အတွင်းစိတ်ထဲက အလင်းရောင်ကို ပိုမိုရှင်းလင်းစွာ မြင်နိုင်တဲ့အချိန်ပါ။
🧘‍♂️🧘‍♀️​Meditation လုပ်ပါ (တရားထိုင်ပါ)
📝​Journaling လုပ်ပါ (ခံစားချက်များကို ချရေးပါ)
🌿 ​Release Intention ချမှတ်ပါ (ဘာတွေကို စွန့်လွှတ်မလဲ ဆုံးဖြတ်ပါ)

​🙏 Spiritual Practice Suggestion

​💎 Crystal – ခရမ်းစွဲကျောက် Amethyst (တည်ငြိမ်မှု) သို့မဟုတ် Labradorite ကျောက် (အပြောင်းအလဲ၊ အသစ်ပြန်လည် မွေးဖွားခြင်း)
🕯 Candle – အဖြူရောင် သို့မဟုတ် အနီရောင်ရင့်ရင့်
🧘‍♀️ Mantra – “ငါ့အတွက် မလိုအပ်တော့တဲ့ အရာအားလုံးကို ငါအေးချမ်းစွာ စွန့်လွှတ်လိုက်ပြီ။”

​မှတ်ချက်: မြန်မာနိုင်ငံမှာတော့ မတ်လ ၃ ရက် မနက်အစောပိုင်း လနိမ့်ဆင်းချိန်ဖြစ်လို့ လအနီကို အပြည့်အဝမြင်တွေ့ဖို့ ခက်ခဲနိုင်ပါတယ်။
သို့သော် — Energy Portal ဆိုတာ မြင်ရရုံနဲ့တင် မဟုတ်ဘဲ စကြာဝဠာရဲ့ စွမ်းအင်စီးဆင်းမှုဖြစ်လို့ အချိန်နဲ့ နေရာ ကန့်သတ်ချက်မရှိပါဘူး။ ✨
​ဒီလနီညမှာ သင့်ရဲ့ Shadow (အရိပ်) ကို နားလည်ချစ်ခင်ပေးဖို့နဲ့
သင့်ရဲ့ စိတ်ဝိညာဉ်ကို လွတ်လပ်စေဖို့ Cosmic Energy နဲ့အတူ လျှောက်လှမ်းလိုက်ပါရှင်။ 🌕✨
​— Cosmic Tarot and Healing ✦ by Pearl TC
#တပေါင်းလပြည့် Pearl TC

🌙 February ရဲ့ အမှောင်ထုမှသည် March ရဲ့ အလင်းတန်းဆီသို့.... Energy Portal ကို အတူတူ ဖြတ်ကျော်ကြပါစို့ 🔥​မနက်ဖြန်ဆိုရင် က...
28/02/2026

🌙 February ရဲ့ အမှောင်ထုမှသည် March ရဲ့ အလင်းတန်းဆီသို့.... Energy Portal ကို အတူတူ ဖြတ်ကျော်ကြပါစို့ 🔥

​မနက်ဖြန်ဆိုရင် ကျွန်မတို့အားလုံး ဖေဖော်ဝါရီကို နှုတ်ဆက်ပြီး မတ်လသစ်ထဲ ခြေစုံပစ်ဝင်ကြတော့မယ်နော်။ March မတ်လဟာ မြန်မာ့ရာသီခွင်ရဲ့ နောက်ဆုံးလ 'တပေါင်းလ' ဖြစ်သလို၊ ဗေဒင်ပညာအရလည်း ရာသီခွင်အဟောင်းကနေ အသစ်ကို ကူးပြောင်းမယ့် အချိုးအကွေ့ကာလဖြစ်ပါတယ်။

🌌 ​ဒီကူးပြောင်းမှုမှာ Universe က ကျွန်မတို့အတွက် အရေးကြီးတဲ့ Message (၃) ခု ပေးထားပါတယ် -

​🌑 The Moon (Past Energy):
February ဖေဖော်ဝါရီလမှာ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ၊ အကြောက်တရားတွေနဲ့ Shadow Work တွေ လုပ်ခဲ့ရသလား?
စိတ်မပူပါနဲ့တော့... အခုဆိုရင် သင် အဲဒီအမှောင်ထုကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ✨"You survived the confusion."

​🌊 The High Priestess (Transition Energy):
♓ အခုအချိန်က Pisces (မိန်ရာသီ) ရဲ့ လွှမ်းမိုးမှုရှိနေဆဲမို့လို့ အပြင်လူတွေထက် ကိုယ့်ရဲ့ Intuition (အတွင်းစိတ်) ကို အယုံကြည်ဆုံး ဖြစ်ရမယ့်အချိန်ပါ။
မမြင်ရသေးခင်မှာ အရင်ဆုံး ခံစားကြည့်ပါ၊ အဖြေတွေက သင့်ရင်ထဲမှာ ရှိနေပြီးသားပါ။ ✨ “Trust what you feel before you see.”

​👑 The Emperor (March Power):
♈ မတ်လနှောင်းပိုင်း Aries Season ရောက်တဲ့အခါမှာတော့ The Emperor ကတ်လိုမျိုး ရဲရင့်တဲ့ အစပြုခြင်းတွေ၊ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ဦးဆောင်ပြီး Action ယူရမယ့် Personal Power Activation တွေ စတင်လာပါလိမ့်မယ်။ ✨ “It’s time to lead your own destiny.”

​✨ Special Ritual (ဒီ‌‌ညအတွက်):
၁။ စာရွက်တစ်ရွက်မှာ ဖေဖော်ဝါရီက လက်ကျန်အညစ်အကြေးတွေကို ချရေးပြီး စွန့်ထုတ်ပစ်လိုက်ပါ။
၂။ “I trust my inner wisdom” လို့ (၃) ကြိမ် ရွတ်ဆိုပါ။
၃။ မတ်လအတွက် တိကျသေချာတဲ့ ရည်မှန်းချက် (၁) ခု ချမှတ်ပါ။

​🌕 Special Date Note:
မတ်လ ၂ ရက်နေ့မှာ ကျရောက်မယ့် 'တပေါင်းလပြည့်နေ့' ဟာ စိတ်ကို ဆေးကြောသန့်စင်ပြီး ဆန္ဒပြုဖို့ အစွမ်းထက်ဆုံးနေ့တစ်နေ့ ဖြစ်တာမို့ မမေ့ကြနဲ့ဦးနော်။

​Affirmation for Today:
“ကျွန်ုပ်သည် ကြောက်ရွံ့မှုများကို စွန့်လွှတ်သည်။ ကျွန်ုပ်၏ အလိုလိုသိစိတ်ကို ယုံကြည်သည်။ ကျွန်ုပ်၏ စွမ်းအားများကို ယုံကြည်မှုရှိရှိ အသုံးချမည်။”

​မတ်လသစ်မှာ သင်တို့ဆီ ရောက်လာမယ့် Message တွေကို သိရအောင် 'Pick a Card' လေးလည်း မကြာခင် တင်ပေးပါမယ်ရှင်။

​With Love,
Pearl Thorn Chel (Cosmic Tarot and Healing)



✦

ကောင်းကင်ဘုံရဲ့ အရှင်သခင် Yu Di (Jade Emperor) မွေးနေ့နှင့် စကြဝဠာစွမ်းအင်များ 🐉✨​ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် (...
25/02/2026

ကောင်းကင်ဘုံရဲ့ အရှင်သခင် Yu Di (Jade Emperor) မွေးနေ့နှင့် စကြဝဠာစွမ်းအင်များ 🐉✨

​ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် (တရုတ်ပြက္ခဒိန် ပထမလ ၉ ရက်နေ့) ဟာ ကောင်းကင်ဘုံရဲ့ အရှင်သခင်၊ စကြဝဠာကြီးတစ်ခုလုံးကို အုပ်ချုပ်စိုးစံတော်မူတဲ့ Jade Emperor ခေါ် Yu Di (玉帝) ရဲ့ မွေးနေ့ဖြစ်ပါတယ်။

​မြန်မာတို့အယူအဆအရ သိကြားမင်းနဲ့ အလားသဏ္ဌာန်တူတဲ့ Yu Di ဟာ ကမ္ဘာလောကနဲ့ နတ်ဗြဟ္မာအားလုံးကို စောင့်ရှောက်သူလို့ ယုံကြည်ကြပါတယ်။
⛩️ ဒီနေ့ဟာ "ကောင်းကင်တံခါး ပွင့်တဲ့နေ့" ဖြစ်တာကြောင့် ဝိညာဉ်ရေးရာ ကျင့်ကြံသူတွေနဲ့ Healing လုပ်ငန်းလုပ်ကိုင်သူတွေအတွက် အလွန်ထူးခြားတဲ့နေ့တစ်နေ့ပါ။

​ဒီနေ့မှာ ဘာတွေထူးခြားသလဲ?
​Nantianmen (Southern Heavenly Gate): ဒီနေ့မှာ ကောင်းကင်ဘုံရဲ့ တံခါးမကြီး ပွင့်ဟနေပြီး လူသားတွေရဲ့ ဆုတောင်းသံတွေကို နားညောင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။

🟥🟨​ Red & Gold Energy: အနီရောင်နဲ့ ရွှေရောင် စွမ်းအင်တွေ လွှမ်းမိုးတဲ့နေ့ဖြစ်လို့ ကံကောင်းခြင်း၊ အကာအကွယ်ရခြင်းနဲ့ ဉာဏ်ပညာပွင့်လင်းခြင်းတွေကို ပေးစွမ်းပါတယ်။

​Meditation & Healing:
ဒီနေ့မှာ တရားထိုင်ခြင်းဟာ စကြဝဠာရဲ့ အမြင့်ဆုံးစွမ်းအင် (Universal Energy) နဲ့ ချိတ်ဆက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။🧘‍♂️🧘‍♀️

​ကျွန်မ Cosmic Tarot and Healing အနေနဲ့ ဒီနေ့မှာ တရားမှတ်ရင်း ထူးခြားတဲ့ အနီရောင်တံခါးနဲ့ အနီရောင်ဝတ်စုံဆင်မြန်းထားတဲ့ Yu Di မင်းကြီး ကြွဆင်းလာတဲ့ အာရုံတွေကို ခံစားရရှိခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့အားလုံးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ လာတော့မယ့် နိမိတ်ပါပဲ။🙌

​အားလုံးပဲ ဒီနေ့မှာ ကောင်းကင်ဘုံရဲ့ ကောင်းချီးတွေ ခံစားရရှိပြီး ဘေးဥပဒ်ကင်းဝေးကာ အေးချမ်းကြပါစေ။ 🙏✨
​

🌟222 Portal Day: စကြဝဠာကပေးတဲ့ အခွင့်အလမ်းနဲ့ ကုစားခြင်း (Healing) ✨​ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ Numerology အရရော၊ Energy အရ...
21/02/2026

🌟222 Portal Day: စကြဝဠာကပေးတဲ့ အခွင့်အလမ်းနဲ့ ကုစားခြင်း (Healing) ✨

​ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ Numerology အရရော၊ Energy အရပါ အလွန်ထူးခြားတဲ့ 222 Portal Day တစ်ရက် ဖြစ်ပါတယ်။ ဒီနေ့မှာ စကြဝဠာရဲ့ တံခါးပေါက်တွေ ပွင့်နေသလို ခံစားရတတ်ပြီး ကျွန်တော်တို့ရဲ့ ဘဝကို ပြန်လည်ညှိယူဖို့ (Realignment) အကောင်းဆုံး အချိန်ပါပဲ။

​🌟 222 Portal ဆိုတာ ဘာလဲ?
​နံပါတ် “2” ဟာ Numerology မှာ မျှခြေ (Balance)၊ သဟဇာတဖြစ်မှု (Harmony)၊ ဆက်ဆံရေး (Relationships) နဲ့ ယုံကြည်မှု (Trust) ကို ကိုယ်စားပြုပါတယ်။ 222 အဖြစ် ပေါင်းစပ်လိုက်တဲ့အခါ ဒီစွမ်းအင်တွေဟာ အဆပေါင်းများစွာ ပိုမိုပြင်းထန်လာပါတယ်။ ဒါဟာ "မင်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီ၊ ဆက်ပြီး ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းပါ" ဆိုတဲ့ Angel Message တစ်ခုလည်း ဖြစ်ပါတယ်။

​🌿 ဘာတွေ ကုစား (Heal) လို့ရသလဲ?
​ဒီ Portal ကာလမှာ အဓိကအားဖြင့် အောက်ပါအချက်တွေကို Healing လုပ်လို့ အကောင်းဆုံးပါပဲ-
1. ​နှလုံးသားဒဏ်ရာများ: အတိတ်က နာကျင်မှုတွေ၊ ဆက်ဆံရေး ပျက်ပြားမှုတွေကို ခွင့်လွှတ်ခြင်းနဲ့ ကုစားနိုင်တဲ့ အချိန်ပါ။
2. ​စိတ်ဖိစီးမှု: ဘဝရဲ့ လိုအပ်ချက်တွေကြားမှာ ပင်ပန်းနေတဲ့ စိတ်ကို မျှခြေပြန်ညှိဖို့ (Inner Peace) အထောက်အကူပြုပါတယ်။
3. ​ယုံကြည်မှု ကင်းမဲ့ခြင်း: မိမိကိုယ်ကိုယ် ယုံကြည်မှု (Self-trust) ပြန်လည် တည်ဆောက်နိုင်ပါတယ်။

​👥 ဘယ်သူတွေအတွက်လဲ?
• ​ဘဝမှာ တစ်ခုခုကို ဆုံးဖြတ်ရခက်ပြီး လမ်းပျောက်နေသလို ခံစားရသူများ။
• ​ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရေး (Soulmate/Twin Flame) ကိစ္စတွေမှာ အဆင်မပြေမှု ကြုံနေရသူများ။
• ​စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု (Spiritual Growth) ကို ရှာဖွေနေသူများ။
• ​မိမိရဲ့ ဆန္ဒတွေကို လက်တွေ့အကောင်အထည်ဖော်ချင်သူများ (Manifestation)။

​🧘‍♀️ 222 Portal မှာ ဘာတွေ လုပ်ဆောင်သင့်လဲ?
​ဒီနေ့ရဲ့ ထူးခြားတဲ့ စွမ်းအင်ကို အသုံးချဖို့အတွက် -
• ​Meditation လုပ်ပါ: အနည်းဆုံး ၂၂ မိနစ်ခန့် ငြိမ်သက်စွာ ထိုင်ပြီး မိမိရဲ့ စိတ်ကို အနားပေးပါ။
• ​Manifestation: သင် တကယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို စာရွက်ပေါ်မှာ (လက်ရှိဖြစ်နေသကဲ့သို့) ၂၂ ကြိမ် ရေးသားပါ။
• ​Balance: ဒီနေ့မှာ အလုပ်နဲ့ အနားယူခြင်းကို မျှတအောင် ဂရုစိုက်ပါ။ ရေများများသောက်ပြီး သဘာဝတရားနဲ့ ထိတွေ့ပေးပါ။

​"Everything is working out exactly as it's supposed to."
(အရာအားလုံးဟာ ဖြစ်သင့်တဲ့အတိုင်း အကောင်းဆုံး ဖြစ်ပျက်နေပါတယ်) လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပေးလိုက်ပါ။

​ဒီ 222 Portal Day မှာ အားလုံးပဲ ကောင်းမွန်တဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ပြီး စိတ်ချမ်းမြေ့စရာ အပြောင်းအလဲတွေ ကြုံတွေ့ရပါစေ။ ✨🙏
Pearl Thorn Chel⭐
Cosmic Tarot and Healing

​ TC

14/02/2026

🌹Valentine's Day Special: အချစ်ဆိုတာ ကတိသစ္စာနဲ့ တည်ဆောက်တဲ့ နန်းတော် ✨

​ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် Valentine's Day ဟာ ရိုးရိုးအချစ်နေ့ထက် ပိုထူးခြားနေပါတယ်။ ဘာလို့လဲဆိုတော့...

​🪐 Saturn in Aries (Long-term Energy):
ဒီနေ့မှာ စနေဂြိုဟ်ဟာ မိဿရာသီထဲကို စတင်ဝင်ရောက်လာပါပြီ။ ဒါဟာ တစ်ရက်တည်းစာ Daily Energy မဟုတ်ဘဲ လာမယ့် ၂ နှစ်ခွဲ (၂၀၂၈ ထိ) ကျွန်မတို့ရဲ့ အချစ်ရေးနဲ့ ဆက်ဆံရေးတွေမှာ ပိုပြီး တည်ကြည်ခိုင်မြဲတဲ့ ကတိကဝတ်တွေ၊ တာဝန်ယူမှုတွေ တည်ဆောက်ရမယ့် ကာလသစ်တစ်ခုရဲ့ အစပဲ ဖြစ်ပါတယ်။ 🏛️✨

​🃏 Today's Tarot Energy: The Emperor & The Lovers

ဒီနေ့ရဲ့ အဓိကလမ်းညွှန်ချက်ကတော့ "အချစ်ဆိုတာ ခံစားချက်သက်သက်မဟုတ်ဘဲ အတူတူတည်ဆောက်ရတဲ့ တာဝန်ယူမှုတစ်ခုဖြစ်တယ်" ဆိုတာပါပဲ။ ကိုယ့်ရဲ့ ဆက်ဆံရေးတွေကို အနာဂတ်အတွက် ဘယ်လောက်ထိ ခိုင်မာအောင် တည်ဆောက်ထားလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ 💖

​🔮 ရာသီခွင်အလိုက် Daily Energy:
🔥 မီးဓာတ် (Aries, Leo, Sag) - Four of Wands: တည်ငြိမ်ပျော်ရွှင်မှုတွေ ရောက်ရှိနေပြီ။
🌍 မြေဓာတ် (Ta**us, Virgo, Cap) - Three of Pentacles: အနာဂတ်ကို အတူတူ ပူးပေါင်းတည်ဆောက်ပါ။
🌬️ လေဓာတ် (Gemini, Libra, Aqua) - The Lovers: မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ရိုးသားမှုရှိပါ။
💧 ရေဓာတ် (Cancer, Scorpio, Pisces) - The Star: မျှော်လင့်ချက်အသစ်နဲ့ ယုံကြည်မှုအပြည့်ထားပါ။

​💖 Healing Tip:
ဒီနေ့မှာ Rose Quartz လေးကို ကိုင်ပြီး "ငါ့ရဲ့ အချစ်ရေးနဲ့ ဘဝဟာ တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိတယ်" လို့ Affirmation လုပ်ပေးပါ။ 🧘‍♀️✨

​ဒီ Valentine's Day မှာ အချစ်စစ်တွေနဲ့ ပြည့်စုံကြပါစေလို့ Cosmic Tarot and Healing ကနေ ဆုတောင်းပေးလိုက်ပါတယ်! 🌹
​

🌙 Cosmic Tarot and Healing - Healing Message for World Cancer Day🎗️​"ဒီနေ့ဟာ World Cancer Day (ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက...
04/02/2026

🌙 Cosmic Tarot and Healing - Healing Message for World Cancer Day
🎗️​"ဒီနေ့ဟာ World Cancer Day (ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့) ဖြစ်ပါတယ်။
​ကျွန်မတို့ Cosmic Tarot and Healing မှ စကြဝဠာရဲ့ ကုသခြင်းစွမ်းအင်တွေနဲ့အတူ ဝေဒနာခံစားနေရသူအားလုံးအတွက် အထူးဆုတောင်းပေးလိုက်ပါတယ်။
​🃏 The Star Card ရဲ့ စွမ်းအင်လိုပဲ မျှော်လင့်ချက်အလင်းရောင်တွေ အမြဲတောက်ပနေပါစေ။ စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တိုင်းဟာလည်း ကုသခြင်း (Healing) အလင်းတန်းတွေနဲ့အတူ ပြန်လည်လန်းဆန်း ကျန်းမာလာပါစေ။
​ဒီနေ့မှာ တစ်ကမ္ဘာလုံးက ပို့သလိုက်တဲ့ မေတ္တာလှိုင်းတွေဟာ ဝေဒနာရှင်တွေရဲ့ နှလုံးသားထဲမှာ အေးချမ်းမှုနဲ့ ခွန်အားတွေ ဖြစ်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ ✨🙏
​

🌹ဖေဖော်ဝါရီ ၁ ရက်၊ Snow Moon မှာ စိတ်ဝိညာဉ်သန့်စင်ပြီး ဆန္ဒတွေ အကောင်အထည်ဖော်ကြစို့ ✨​ဒီညဟာ တပို့တွဲလပြည့် "Snow Moon" ဖ...
01/02/2026

🌹ဖေဖော်ဝါရီ ၁ ရက်၊ Snow Moon မှာ စိတ်ဝိညာဉ်သန့်စင်ပြီး ဆန္ဒတွေ အကောင်အထည်ဖော်ကြစို့ ✨

​ဒီညဟာ တပို့တွဲလပြည့် "Snow Moon" ဖြစ်ပါတယ်။ အေးမြတဲ့ ဆောင်းအကုန်မှာ ကျရောက်တဲ့ ဒီလပြည့်ညဟာ "Purification & Growth" (သန့်စင်ခြင်းနှင့် ရှင်သန်ခြင်း) ကို ကိုယ်စားပြုပါတယ်။ ပြီးခဲ့တဲ့ အမှားတွေ၊ အညစ်အကြေးတွေကို ဆေးကြောပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းအတွက် စွမ်းအင်သစ်ယူဖို့ အကောင်းဆုံးအချိန်ပါပဲ။

​ပြုလုပ်ရန် Ritual အဆင့်ဆင့် -

🌕🍶​ လရောင်အောက်မှာ သန့်စင်ပါ (Moon Water): ဖန်ခွက်ထဲ (သို့မဟုတ်) ရေခယား ထဲသို့ ရေသန့်ထည့်ပြီး လရောင်မိတဲ့နေရာမှာ ထားပါ။
မနက်ဖြန်မှာ ဒီရေကို သောက်သုံးခြင်း (သို့) မျက်နှာသစ်ခြင်းဖြင့် စိတ်စွမ်းအင်ကို မြှင့်တင်‌ပေးနိုင်ပါတယ်။

✍️​ဆန္ဒပြုစာလွှာ (Release & Manifest): မလိုအပ်တော့တဲ့ အဆိုးမြင်စိတ်တွေကို စာရွက်ပေါ်မှာချရေးပြီး မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ပြီးရင် မိမိဖြစ်ချင်တဲ့ ဆန္ဒ (၃) ခုကို အသစ်ပြန်ရေးပြီး ခေါင်းအုံးအောက်မှာ ထားအိပ်ပါ။

🕯️​အဖြူရောင်ဖယောင်းတိုင် ထွန်းညှိပါ: အေးချမ်းခြင်းနဲ့ သန့်ရှင်းခြင်းအတွက် အဖြူရောင်ဖယောင်းတိုင်လေး ထွန်းပြီး (၅) မိနစ်ခန့် တရားမှတ်ခြင်း /Dhyana (ဈာန်)ဝင်ပါ။
🧘‍♂️🧘‍♀️Dhyana ဆိုတာ စိတ်ကို အရာတစ်ခုတည်းပေါ်မှာ အစွမ်းကုန် စုစည်းလိုက်တဲ့ "နက်ရှိုင်းတဲ့ တရားမှတ်ခြင်း" ပါ။
ဖယောင်းတိုင်အလင်းကို စိုက်ကြည့်ရင်း စိတ်ထဲက အညစ်အကြေးတွေ အားလုံး လောင်ကျွမ်းသွားပြီလို့ ပုံဖော်ပါ။
အေးမြတဲ့ လရောင်စွမ်းအင်တွေ ခန္ဓာကိုယ်ထဲ စီးဝင်လာတာကို ခံစားရင်း (၅) မိနစ်ခန့် ငြိမ်သက်စွာ နေပေးပါ။
ဒီလိုလုပ်ခြင်းက သင့်ရဲ့ ဆန္ဒပြုချက် (Manifestation) ကို ပိုမို အားကောင်းစေပါတယ်။
​"တကယ်လို့ သင်ဟာ Reiki ဝါသနာရှင်တစ်ဦး (သို့မဟုတ်) Practitioner တစ်ဦးဆိုရင်တော့ ဒီည Ritual မှာ Cho Ku Rei (Power Symbol) ကို အသုံးပြုပြီး စွမ်းအင်တွေကို အားဖြည့်ပေးဖို့ မမေ့ပါနဲ့ဦးနော်။"

​ဒီညရဲ့ အေးမြတဲ့ လရောင်နဲ့အတူ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။ 💛🧡
✨ Trust the Moon
✨ Trust your healing journey
— by Cosmic Tarot and Healing
Pearl TC ✦

​ Moon

04/01/2026

လွတ်လပ်ရေးနေ့၊ စွမ်းအင်သစ်နဲ့ စတင်ခြင်း ✨🌕
🕊️ ဒီနေ့ ဇန်နဝါရီ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သလို၊ မနေ့က လပြည့်ညမှာ Moon Water လုပ်ပြီး စွမ်းအင်တွေ ဖြည့်တင်းထားတဲ့ ကျွန်မတို့အတွက်လည်း တကယ့်ကို အားသစ်လောင်းတဲ့ နေ့တစ်နေ့ပါ။

ဒီနေ့အတွက် ကျွန်မဆွဲလိုက်တဲ့ Card လေးက "The Magician" ဖြစ်ပါတယ်။
သူက "မင်းမှာ လိုအပ်တဲ့ လက်နက်ကိရိယာတွေ၊ စွမ်းရည်တွေ အားလုံးရှိနေပြီ။ စိုးရိမ်မနေဘဲ အခုပဲ စတင်လိုက်တော့" လို့ တိုက်တွန်းနေပါတယ်။

ဒါကြောင့် Reiki Principle (Day 2) ကျင့်စဉ်အရ -
✨ "Just for today, I will not worry." ✨
(ဒီနေ့တစ်ရက်တော့... ကျွန်မ ဘာကိုမှ မစိုးရိမ်ပါဘူး။)

စိုးရိမ်ပူပန်မှုတွေက ကျွန်မတို့ရဲ့ ဖန်တီးနိုင်စွမ်းကို ပိတ်ပင်တတ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ ကိုယ့်ရဲ့ စိတ်ကိုလည်း စိုးရိမ်မှုတွေကနေ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဒီနေ့ကို အကောင်းဆုံး ဖန်တီးဖြတ်သန်းကြရအောင်ရှင်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cosmic Tarot and Healing by Pearl Thorn Chel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share