အေးမေတ္တာဆေးဆိုင်

အေးမေတ္တာဆေးဆိုင် ကျန်းမာပျော်ရွှင်သော ဘဝဆီသို့

Drip Set လေးတွေလည်း ရပါတယ်ရှင့်Quality ကောင်းတာလေး ဖြစ်ပါတယ်Needle 21G ပါ320/pcs ပါအများစျေးလေးလည်း ရှိတာမို့Please cont...
09/01/2023

Drip Set လေးတွေလည်း ရပါတယ်ရှင့်
Quality ကောင်းတာလေး ဖြစ်ပါတယ်
Needle 21G ပါ
320/pcs ပါ
အများစျေးလေးလည်း ရှိတာမို့
Please contact 09799999284

AM Brand1cc syringes3 cc syringes5cc syringes10cc syringes20cc syringesမြန်မာFDA ထောက်ခံချက်ရရှိပြီးISO CE certificate S...
02/09/2022

AM Brand
1cc syringes
3 cc syringes
5cc syringes
10cc syringes
20cc syringes
မြန်မာFDA ထောက်ခံချက်ရရှိပြီး
ISO CE certificate Standard များနှင့်အညီ ထုတ်လုပ်ထားသော ဆေးထိုးအပ်များ မကြာမီ တင်သွင်းဖြန့်ဖြူးတော့မည် ဖြစ်ပါသည်

ဆက်သွယ်ရန်
AM Myanmar Co.ltd . Yangon
Ph -09799999184,
09799999284
09883343440
09883343445
09883343450

သွေးစစ်တဲ့အခါ.....➡သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်......
25/05/2022

သွေးစစ်တဲ့အခါ.....

➡သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....

👍 ....CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ

👍 .....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်

👍 .....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ

👍 .......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ

👍 ........Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....

👍 ........FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ

👍 ........HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ

👍 .......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ

👍 ........AFP က အသည်းကင်ဆာစစ်တာမျိုးပါ

👍 ........Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ

👍 ........VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ

👍 .........ECG က​ေတာ့ နှလုံးစစ်ဆေးတာ (နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ

👍 ..........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ

👍 ......... Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ

👍 ...........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )

👍 .........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်​​ေဆးမှူမျိုးများ)

👍 .......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ

👍 ..........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ

👍 ..........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ

👍 ...........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ

👍 .........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ

👍 ........HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ

👍 ........Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ

👍 .........Anti HCVကတော့ C ပိုးစစ်တာပါ

👍 ...........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ

👍 ..........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ

👍 .........USG (Ultrasound)ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ

👍 ..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ

👍 .........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ

👍 .....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ

👍 .....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ

👍 ......RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ

👍 ... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ

👍 .......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ

👍 ......PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ

👍 ......CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ

👍 .........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ

👍 ........CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ

မျောက်ကျောက်ရောဂါ သတိပြုစရာ လက္ခဏာများ**********************************ဖျားပြီး (၁) ရက်မှ (၃) ရက်အတွင်း........- အရေပြာ...
25/05/2022

မျောက်ကျောက်ရောဂါ သတိပြုစရာ လက္ခဏာများ
**********************************

ဖျားပြီး (၁) ရက်မှ (၃) ရက်အတွင်း........
- အရေပြားပေါ်မှာ အနီကွက်အဖုများစတင်ပေါ်ပေါက်လာခြင်း။
- အနီကွက်အဖုများသည် မျက်နှာနှင့်ခြေလက်များပေါ်တွင်
ပို၍ပေါ်ပေါက်ခြင်း။
- အနီကွက်အဖုများတွင် အရည်ကြည်များ၊ ပြည်များပါဝင်နေခြင်း။
- အနာအဖုများ တခုနှင့်တခု ပေါင်းစပ်ပြီးနောက် အရေပြားကွာကျ
လာခြင်း။
- အနီအဖုများ ထောင်ပေါင်းများစွာ ပေါ်ပေါက်လာခြင်း။

ပထမဆုံး (၅) ရက်အတွင်း........
- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း။
- ပြန်ရည်ကျိတ် (Lymph Nodes) များ ရောင်ရမ်းခြင်း။
- ခါးနာခြင်း၊ ကြွက်သားများ နာကျင်ခြင်း။
- အားအင် လျော့နည်းလာခြင်း။
- အခြားသော ရေကျောက်၊ ဝက်သက် ရောဂါများနှင့် ဆင်တူခြင်း။

လူအချင်းချင်း ကူးစက်မှုများ လျော့ချစေရန်....
- ရောဂါပိုးရှိသူနှင့် အနီးကပ်မနေစေရန်။
- ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးပြီးသူများသာ ပြုစုပေးရန်။

တိရစ္ဆာန်များမှတဆင့် လူကိုကူးစက်မှု လျော့ချစေရန်......
- တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မပါပဲ ထိတွေ့ခြင်းကို
ရှောင်ကြည်ကြရန်။
- ဖျားနာပြီး သေဆုံးသွားသည့် တိရစ္ဆာန်များ၏ အသား၊ သွေးနှင့်
ထိတွေ့ကိုင်တွယ်ခြင်းအား ရှောင်ကြည်ကြရန်။
- အသားများအား မကျက်တကျက်ချက်၍ စားသောက်ခြင်းအား
ရှောင်ကြည်ကြရန်။

နောက်ဆက်တွဲ ဆိုးကျိုးများ........
- အဆုပ်ရောင် ရောဂါဖြစ်ခြင်း။
- ဦးနှောက်ရောင် ရောဂါဖြစ်ခြင်း။
- မျက်ကြည်လွှာ ပိုးဝင်ခြင်း။

ဤ မျောက်ကျောက်ရောဂါသည် ဥရောပနိုင်ငံများတွင် ကူးစက်
ပြန့်ပွားနေသည့်အတွက် မြန်မာနိုင်ငံတွင်လည်း သတိထား၍
စောင့်ကြည့်ကြရမည် ဖြစ်ပေသည်။

မျောက်ကျောက်ရောဂါသည် ကိုဗစ် - ၁၉ ရောဂါလောက် ကူးစက်မှု
မပြင်းထန်ပေ။

ကျန်းမာရေး စေတမန် Facebook

အိုမီခရွန် နောက်ဆုံးကုသချက်များ 💉💊----------------အစက သိပ်မရေးချင်ပင်မယ့်(မရေးချင်ဘူးဆိုတာက panic buying ဖြစ်မှာစိုးလို့...
07/02/2022

အိုမီခရွန် နောက်ဆုံးကုသချက်များ 💉💊
----------------
အစက သိပ်မရေးချင်ပင်မယ့်
(မရေးချင်ဘူးဆိုတာက panic buying ဖြစ်မှာစိုးလို့ပါ)

နောက်ပိုင်း (+) တွေ ခပ်စိတ်စိတ်တွေ့လာရပြီး အကုန်လုံးနီးပါးကလည်း အိုမီခရွန်လက္ခဏာတွေဖြစ်တဲ့ လည်ပင်းနာတာ၊ နှာမွှန်တာတွေ နဲ့ ဆိုတော့
သူ့ရဲ့ နောက်ဆုံးကုသချက်တွေကို သိရှိထားဖို့တော့ လိုမယ်ထင်ပြီး ရေးလိုက်ပါတယ်

ဆေးပညာမှာကလည်း ဒီနေ့ ဒီဆေးကောင်းတယ်ဆိုပင်မယ့် အသစ်အသစ်တွေ့ရှိချက်တွေကြောင့် ဒီနေ့ ကောင်းပါတယ်ဆိုတဲ့ ဆေးဟာ နောက်နေ့ မှာ ဆေးမစွမ်းဘူး၊ ဆေးမတိုးဘူး၊ ဆိုတဲ့ အဖြေလည်း ထွက်တတ်ပါသေးတယ် 😰

အခုဖော်ပြပေးတဲ့ ဆေးတွေကတော့ လက်ရှိချိန်ထိ အိုမီခရွန် (ကိုးဗစ်) မှာပေးရင် ထိရောက်တယ်ဆိုပြီး လတ်တလော လက်ခံထားတဲ့ အရာတွေပါ
နားလည်လွယ်အောင် အတိုချုံးရေးပေးလိုက်ပါမယ်

Paxlovid 💊💊
-------
ဆေးက ၂ မျိုးပါမှာဖြစ်ပြီး
Nirmatrelvir 300 မီလီဂရမ် နဲ့ Ritonavir 100 မီလီဂရမ် ကို မနက်တစ်ကြိမ် ညတစ်ကြိမ်
၅ ရက်တိတိသောက်ရမှာပါ
*** ရောဂါလက္ခဏာ စ ပြပြီး (၅) ရက်အတွင်းသောက်သင့်ပါတယ်

ဆေးရုံတက်ဖို့ မလိုတဲ့သူတွေအတွက်ပဲ အဆင်ပြေတယ်။
ဘာဆေးမှ မသောက်ထား၊ ဘာရောဂါအခံမှ မရှိရင် အဆင်ပြေတယ်။
အခြားရောဂါကြောင့် ဆေးတစ်ခုခု သောက်ထားရင်တော့ ဆေးအချင်းချင်း ဓါတ်ပြုနိုင်လို့ အခြား ကိုးဗစ်ကုသဆေးကို ပြောင်း သုံးဖို့တိုက်တွန်းတယ်။

ရွေးချယ်စရာမရှိရင်တော့ သေချာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်တယ်။ ⚠️
ကျောက်ကပ်အားနည်းသူတွေက ဆေး ပမာဏ ညှိုနှိုင်းဖို့လိုကောင်းလိုမယ်
အသဲပျက်ဆီးမှု တအားဆိုးတဲ့သူတွေမှာ ပေးလို့မရဘူး
၅ ရက်ထက် ပိုမပေးသလို၊ ဘာမှမဖြစ်သေးတဲ့သူတွေမှာ ကာကွယ်ဖို့ဆိုပြီး ဆေးကြိုသောက်တာ အား မပေးဘူး။

ဘေးထွက်ဆိုးကျိုး အနေနဲ့က - အရသာပျက်တာ၊ ဝမ်းသွားတာ၊ သွေးတိုးတာ၊ ကြွက်သားနာကျင်တာတွေ ရှိပါတယ်။

ဒါလေးပဲ ဖြစ်တယ်လို့ ပြောတာမဟုတ်ဘဲ၊ ဆေးကသုံးတာ မကြာသေးတော့ အချို့ဟာတွေ သိပ်မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။
ဆေးတိုင်းက မတည့်တာ ရှိတတ်လို့ မနက်ပိုင်း စ သောက်တာ အကောင်းဆုံးပါ။
ဒါမှ တစ်ခုခုဖြစ်ရင် ဆေးရုံ ဆေးခန်း သွားလို့ အဆင်ပြေပါလိမ့်မယ်
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ၁၂ နှစ်အောက် ကလေးတွေကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပါ။

Sotrovimab 500 mg 💉💉💉
-----------
ထိုးဆေးဖြစ်ပြီး တစ်ကြိမ်ပဲ ထိုးရတယ်
ဆေးက ဈေးကြီးသလို တော်တော်လေးလဲ ရှားတယ်
လက္ခဏာစပြပြီး ၁၀ ရက်အတွင်းထိုးလို့ရတယ်
အသက် ၁၂ နှစ်အထက်ဆိုရင် အဆင်ပြေတယ်
ဆေးရုံတက်ရတဲ့ အခြေအနေနဲ့ အောက်ဆီဂျင်လိုအပ်တဲ့ အခြေအနေတွေဆိုရင် အဆင်မပြေဘူး
အခြေအနေမဆိုးခင် ထိုးထားရင်တော့ ဆေးရုံတက်ရမယ့် အခြေအနေတွေကို အထိုက်အလျောက်ကာကွယ်တယ်

အခြားရောဂါအခံရှိသူတွေနဲ့၊ အခြားကုသဆေးတွေ သောက်နေရတဲ့သူတွေမှာ အဆင်ပြေတယ်
တစ်ခုရှိတာက ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းရှိပြီး ဆေးကုသမှုပေးနိုင်တဲ့ နေရာမှာပဲ ဆေးသွင်းရမယ် ⚠️
‌ဘေးထွက်ဆိုးကျိုးတွေကတော့ စောင့်ကြည့်နေဆဲကာလပဲ ရှိသေးတယ်

Remdesivir 💉💉
-------------
ထိုးဆေးဖြစ်ပြီး ၂၀၀ မီလီဂရမ်ကို ပထမဆုံးနေ့မှာ သွင်းရတယ်
ဒုတိယနေ့နဲ့ တတိယနေ့မှာတော့ ၁၀၀ မီလီဂရမ် တစ်ကြိမ်စီ သွင်းရပါတယ်
ရောဂါဖြစ်ပြီး ၇ ရက်အတွင်းဆို အဆင်ပြေတယ်

သူကတော့ အရင် ကိုးဗစ်တွေကတည်းက နာမည်ကြီးလို့ သိပ်အထွေအထူးတော့ ပြောစရာမလိုတော့ဘူးထင်တယ်
အသက် ၁၂ နှစ် အထက်‌တော့ ဖြစ်ရမယ်
ထိုးဆေးဖြစ်တဲ့ အတွက် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနဲ့ အခြားကုသမှုတွေပါ ပေးနိုင်တဲ့ နေရာရှိမှ အဆင်ပြေမယ်

အခြေအနေဆိုးတဲ့ လူနာတွေမှာလည်း ပေးနိုင်ပြီး လူနာအခြေအနေပေါ် မူတည်ကာ ၃ ရက်ကနေ ၁၀ ရက်အထိလည်း ပေးတတ်တယ်

ကျောက်ကပ်တအားဆိုးနေရင် အဆင်မပြေဘူး

သွေးအားနည်း၊ ဆီးချိုတက်၊ ပျို့အန်တာနဲ့ အရေပြားအကွက်ထွက်တာတော့ ဖြစ်တတ်တယ် ⚠️
ဆေးမတည့်တာလည်း သတိထားရမယ်

Molnupiravir 💊💊
--------------
လက်ရှိမှာ နာမည်ကြီးနေတဲ့ဆေးပေါ့နော်
အမှန်တော့ အပေါ်က ၃ မျိုး အဆင်မပြေရင် ဒီဆေး သောက်နိုင်တယ်လို့ ပြောထားတာပါ

မနက် ၈၀၀ မီလီဂရမ်၊ ည ၈၀၀ မီလီဂရမ် နဲ့ ၅ ရက်တိတိသောက်ရပါမယ်
စဖြစ်ပြီး ၅ ရက်အတွင်း သောက်ရင် ကောင်းတယ်
အသက် ၁၈ နှစ်အထက်မှ အဆင်ပြေမယ်

ကိုယ်ဝန်ဆောင်မှာ မသုံးဘူး၊ ဒါပေမယ့် လုံးဝ မပေးတာမျိုး မဟုတ်ဘဲ ဆရာဝန်က လိုအပ်ရင်တော့ ညွှန်းပါတယ်၊ ကောင်းကျိုး ဆိုးကျိုးကတော့ ချင့်ချိန်ရမယ်

ဝမ်းလျှော၊ ပျို့အန်၊ မူးဝေတာတော့ ဖြစ်တတ်တယ်
ဆေးမတည့်တာလည်း ဖြစ်တတ်လို့ ဂရုစိုက်ရမယ်

*** အထက်ဖော်ပြပါဆေး အားလုံးသည် မိမိသဘောနှင့်မဟုတ်ဘဲ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သင့်ပါသည်
ကိုးဗစ်ဖြစ်တဲ့သူတိုင်းအတွက် မဟုတ်ဘဲ ရောဂါလက္ခဏာ အခြေအနေဆိုးနိုင်တဲ့ အနေအထားရှိမှသာ ညွှန်းလေ့ရှိပါတယ်

Ref: WHO, Medscape

Dr. Kevin
MBBS, MRCP (UK)

အမျိုးသမီးလေးတို့ရေ သတိထားမိရဲ့လား
05/02/2022

အမျိုးသမီးလေးတို့ရေ သတိထားမိရဲ့လား

“ အုန်းရည် “——————အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ချိုသော အရသာ ရှိပါတယ်။ အုန်းရည...
16/01/2022

“ အုန်းရည် “
——————

အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ချိုသော အရသာ ရှိပါတယ်။

အုန်းရည် သောက်ခြင်းဖြင့် ရေဓာတ် ပြန်လည် ပြည့်ဝစေတယ်။

အုန်းရည်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အဆီ နှင့် ကိုယ်လက်စထရောလည်း မပါဝင်ဘူး လို့ ဆိုပါတယ်။

အုန်းရည် 8 Ounces (240 ml မှာ ကယ်လိုရီ 40-60 ပဲ ပါဝင်ပါတယ်။

ဒါကြောင့် ကယ်လိုရီ နည်းတဲ့ အချိုရည်လို့ မှတ်ယူလို့ ရပါတယ်။

အုန်းရည် 94% က ရေ ဖြစ်ပြီး အဆီလည်း မပါဝင်ပါ။

ဒါကြောင့် အတော်လေး ကောင်းတဲ့ အားဖြည့် အချိုရည် ဖြစ်ပါတယ်။

ရေဓာတ် ဖြည့်တင်းဖို့အတွက် ရေ က အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမည့် အုန်းရည်မှာ ဆိုဒီယမ် ကြွယ်ဝစွာ ပါဝင်ပြီး လေ့ကျင့်ခန်း အကြာကြီး ပြုလုပ်ပြီးနောက် သောက်သုံးဖို့ သင့်တော်ပါတယ်။

အုန်းရည်မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး သွေး အတွင်းက ပိုလျှံနေတဲ့ ဆိုဒီယမ် တွေကို ဖယ်ထုတ်နိုင်ပါတယ်။

ဒါကြောင့် အုန်းရည် သောက်ခြင်းဖြင့် သွေးတိုး ကျစေပါတယ်။

ဒါပြင် ဆီးကျောက်တည်ခြင်း ကိုလည်း တားနိုင်တယ် ရေးပါတယ်။

အုန်းရည်က ဘယ်အချိန် သောက်သောက် အဆင်ပြေတဲ့ စားစရာ တစ်ခု ဖြစ်ပါတယ်။

အခြား ဖျော်ရည် တစ်ခုခုအတွင်း အုန်းရည် ထည့်ပြီး သောက်လို့ ရပါတယ်။

အုန်းရည်ကို သကြား မထည့်ဘဲ သောက်သုံးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

လေ့ကျင့်ခန်း လုပ်ပြီး အုန်းရည် သောက်လျှင် ရေဓာတ် ပြန်လည် ပြည့်ဝစေပါတယ်။

ဝမ်းသွားခြင်းကြောင့် ရေဓာတ် ဆုံးရှုံး ထားလျှင်လည်း အုန်းရည် သောက်လို့ ရပါတယ်။

ဆီးချို ရောဂါသည်တွေလည်း အုန်းရည် သောက်လို့ရတယ်။

ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ် ဆေးရမည့် လူနာများ မသောက်သင့်ပါ။

ခွဲစိတ်မှု မပြုလုပ်ခင် ၂ ပတ်လောက် ကြိုတင်ပြီး အုန်းရည် သောက်ခြင်း ရပ်နားထားဖို့ လိုပါမည်။

- ဒေါက်တာ ဖြိုးမောင်မောင်။

ပန်ကရိယ (မုန့်ချိုအိတ်) ကျန်းမာရေးကောင်းစေသော အစားအစာများ==================================== #ဒေါက်တာခင်မိုးမိုးမုန့်ချ...
16/01/2022

ပန်ကရိယ (မုန့်ချိုအိတ်) ကျန်းမာရေးကောင်းစေသော အစားအစာများ
====================================
#ဒေါက်တာခင်မိုးမိုး

မုန့်ချိုအိတ်ဆိုတာက ၀မ်းဗိုက်အတွင်း အစာအိမ်အနောက်ဘက်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သူက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့အတွက် အင်ဆူလင်ထုတ်လုပ်ပေးတာနဲ့ အဆီနဲ့ ပရိုတင်းတွေကို ချေဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်လုပ်ပေးတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာကို ထိထိရောက်ရောက်ချေဖျက်ပေးပြီး ထွက်လာတဲ့အာဟာရတွေကို စုပ်ယူဖို့ ကူညီပေးပါတယ်။ မုန့်ချိုအိတ်ကသာ သူ့လုပ်ငန်းဆောင်တာတွေကို သေချာမပြုလုပ် နိုင်ဘူးဆိုရင် ဆီးချိုရောဂါ၊ မုန့်ချိုအိတ် ရောင်ရမ်းတာနဲ့ မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကျန်းမာရေးပြဿနာအများအပြား ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် မုန့်ချိုအိတ်ရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုလို့ မရပါဘူး။

မုန့်ချိုအိတ်ကျန်းမာရေးချို့ယွင်းရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် သင်ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ သင်စားတဲ့အစားအစာတွေက မုန့်ချိုအိတ်ရဲ့ ကျန်းမာရေးကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ မုန့်ချိုအိတ်ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေပါ။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ အလက်စင်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုလျော့စေတဲ့ ပစ္စည်းဖြစ်သလို မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်စွမ်းလည်း ရှိပါတယ်။ သူ့မှာ ပါ၀င်တဲ့ ဆာလဖာ၊ အာဂျနင်း၊ အော်လီဂိုစခရိုက်၊ ဖလေဗိုနွိုက်နဲ့ ဆီလီနီယမ်လိုမျိုး အာဟာရဓာတ်တွေက မုန့်ချိုအိတ်တစ်သျှူးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ကြက်သွန်ဖြူက ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ဆီးချိုရောဂါကို ကုသရာမှာလည်း အလွန်အသုံး၀င်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိနဲ့ အဆီကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိလည်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ကြက်သွန်ဖြူကို ဆေးဝါးအဖြစ် မှီဝဲသူတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်း အစာမစားခင်မှာ ကြက်သွန်ဖြူ နှစ်တက်သုံးတက်ကို ပုံမှန်စားပေးသင့်ပါတယ်။

၂။ ဒိန်ချဉ်

လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါ၀င်တဲ့ ဒိန်ချဉ်ဟာ အစာခြေစနစ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာတာက မုန့်ချိုအိတ်ကျန်းမာဖို့လည်း အလွန်အရေးကြီးပါတယ်။ ၂၀၁၄ ခုနှစ်က လေ့လာမှုအရ ဒိန်ချဉ်ကို များများစားသုံးသူတွေက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဒိန်ချဉ်ကို နေ့စဉ် သုံးခွက် စားသုံးပေးပါက မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ပျက်စီးမှုရှိနေတဲ့ မုန့်ချိုအိတ်တစ်သျှူးတွေကိုလည်း ပြန်လည်ပြုပြင်နိုင်တယ်လို့ သိရပါတယ်။

၃။ ဟင်းနုနယ်

ဟင်းနုနယ်မှာ မုန့်ချိုအိတ်လုပ်ငန်း ဆောင်တာအတွက် လိုအပ်တဲ့ သံဓာတ်နဲ့ ဗီတာမင် ဘီ တွေ များစွာ ပါ၀င်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် ဘီ နဲ့ သံဓာတ်ကို လုံလောက်တဲ့ပမာဏ ရရှိပါက မုန့်ချိုအိတ်ရောင်ရမ်းနိုင်ခြေ အလွန်နည်းသွားပါတယ်။ မုန့်ချိုအိတ်ရောင်ရမ်းတာက မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန် များပါတယ်။ ဟင်းနုနယ်မှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ မိုနိုဂလက်တိုဆိုင်ဒစ်စီ ဂလိုက်စထရောလည်း ပါ၀င်တဲ့အတွက် ကင်ဆာဆဲလ်တွေ ကြီးထွားနှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် သူက သွေးတွင်းသကြားဓာတ်မြင့်မားမှုကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

၄။ နနွင်း

နနွင်းမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့အတွက် မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကင်ဆာအများစု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ ကာကူမင် ဒြပ်ပေါင်းတွေက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ နနွင်းဟာ အစွမ်းထက် ရောင်ရမ်းမှုဆန့်ကျင်တဲ့ပစ်္စည်းလည်း ဖြစ်တဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းမှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မမြင့်အောင် ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဘလူးဘယ်ရီ

ဘယ်ရီသီးအားလုံးက မုန့်ချိုအိတ် ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် ဘယ်ရီသီးထဲမှာ ဘလူးဘယ်ရီကတော့ အကောင်းဆုံးလို့ ဆိုပါတယ်။ ဘလူးဘယ်ရီမှာ ပါ၀င်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မုန့်ချိုအိတ်ကို ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ တီလိုစတေဘင်းဒြပ်ပေါင်းက အဆုတ်၊ အစာအိမ်၊ မုန့်ချိုအိတ်နဲ့ သားမြတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေနဲ့လည်း အထူးသင့်တော်ပါတယ်။

၆။ ဘရိုကိုလီ

ခရူဆီဖီးရပ်စ်အမျိုးအစား၀င် ဖြစ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီ ခေါ် ဘရိုကိုလီက မုန့်ချိုအိတ်ကျန်းမာရေးအတွက် အလွန်အသုံး၀င်ပါတယ်။ သူ့မှာ ပါ၀င်တဲ့ များစွာသော ဆာလဖာဒြပ်ပေါင်းတွေက မုန့်ချိုအိတ်အပါအ၀င် ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဘရိုကိုလီက သွေးတွင်း ကိုလက်စထရောအဆင့်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကုသရာမှာလည်း အသုံး၀င်ပါတယ်။

၇။ စပ်စ်သီး

မုန့်ချိုအိတ်ကျန်းမာရေးအတွက် အသုံး၀င်တဲ့ သစ်သီးတစ်မျိုးကတော့ အနီရောင်စပျစ်သီးပါ။ အနီရောင်စပျစ်သီးမှာ ရီဗက်စထရောခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဒြပ်ပေါင်းတွေ များစွာ ပါ၀င်ပါတယ်။ သူက မုန့်ချိုအိတ်ရောင်ရမ်းတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကာဗိုဟိုက်ဒရိတ် ဇီ၀ရုပ်ဖြစ်စဉ်နဲ့ ဆဲလ်အတွင်း ဂလူးကို့စ်ရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာမှုအရ ရီဗက်စထရောဟာ ဆီးချိုရောဂါနဲ့ သူရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကုသဖို့ အသုံး၀င်တယ်လို့ သိရပါတယ်။

၈။ ကန်စွန်းဥ

ကန်စွန်းဥမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဘီတာကယ်ရိုတင်းတွေ များစွာ ပါ၀င်တဲ့အတွက် မုန့်ချိုအိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကန်စွန်းဥ ပုံမှန်စားသုံးသူတွေက အင်ဆူလင်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မုန့်ချိုအိတ်ဆဲလ်တွေကို ကျန်းမာစေဖို့ ကူညီပေးပါတယ်။ သွေးထဲကို သကြားဓာတ် ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင်လည်း ကူညီနိုင်ပါတယ်။

၉။ ယီရှီးမှို

ဒီမှိုမှာ ရောင်ရမ်းမှု လျော့ကျနိုင်တဲ့ အစွမ်းထက်ဒြပ်ပေါင်းတွေ များစွာပါ၀င်တဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သူ့မှာ ဘီတာဂလူကန်ပေါ်လီစခရိုက်နဲ့ ထရစ်ပ်တာပင်းလိုမျိုး အပင်ဒြပ်ပေါင်းတွေလည်း များစွာ ပါ၀င်ပါတယ်။ ဒီဒြပ်ပေါင်းတွေက အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့အတွက် မုန့်ချိုအိတ်ကင်ဆာအပါအ၀င် ကင်ဆာအများစုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယီရှီးမှိုကို အခြောက်ခံပြီးမှသာ ကျန်းမာရေးအ တွက် အသုံးပြုသင့်ပါတယ်။

၁၀။ နွယ်ချို

ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် မုန့်ချိုအိတ်ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးပါတယ်။ သူက အစာတွေကို ခြေနိုင်ဖို့အတွက် သည်းခြေရည်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ နွယ်ချိုဟာ ဆီးချိုကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ နွယ်ချိုမြစ်မှာ ပါ၀င်တဲ့ အမောက်ဖရူတင်ဒြပ်ပေါင်းက သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးနိုင်ခြေကိုလည်း လျှော့ချပေးပြီး အင်ဆူလင် ခံနိုင်ရည်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က လေ့ လာမှုအရ နွယ်ချိုမှာ ပါ၀င်တဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိနဲ့ သွေးတွင်း သကြားဓာတ်မြင့်မားမှုကို လျှော့ချနိုင်တဲ့ ဂုဏ်သတ်္တိကြောင့် ဆီးချိုရောဂါကို ကုသရာမှာ အကျိုးရှိတယ်လို့ သိရပါတယ်။

#ဒေါက်တာခင်မိုးမိုး
(Good Health Journal 613)

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး💁‍♀️အက်စထရိုဂျင်(Estrogen)ဟော်မုန်းအမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်​ပ...
12/01/2022

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

💁‍♀️အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်​ပေးတယ်။
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။
ဒီဟော်မုန်းလျော့ရင်ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲပိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

💁‍♀️Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊
အဆီပိုတွေဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊
side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

💁‍♀️DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ
သူလျော့နည်းသွားလို့ပါ၊
အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊
fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

💁‍♀️Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

💁‍♀️Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊
စိတ်အေးချမ်းအောင်တွေးပါ၊
သီချင်းနားထောင်ပါ၊stress လျော့ပါ၊

💁‍♀️Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း
အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊
ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

🤷‍♀️ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊ 💖🤗📣📣📣
Credit

Vacancy Announcementဝန်ထမ်းအလိုရှိသည်AM Myanmar Co.ltd သည် ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချရန် အောက်ပါ ...
12/12/2021

Vacancy Announcement

ဝန်ထမ်းအလိုရှိသည်

AM Myanmar Co.ltd သည် ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချရန် အောက်ပါ ဝန်ထမ်းများ အလိုရှိသည်

1. Marketing Manager (1) post - Yangon
-အမျိုးသား
- အသက် ၃၅ နှစ်နှင့်အထက်
- Sales and Markeing in Medical Field တွင် လုပ်ငန်းအတွေ့အကြုံ ၅ နှစ်အထက် ရှိရမည်

2. Senior Accountant (1)post
- ဘွဲ့ရ, LCCI level 3, B. Com
- Senior Accountant ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ 3 နှစ် ရှိရမည်
- AP AR, Cashflow, Costing, Inventory, ပိုင်းများကို နားလည် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်
- လချုပ် နှစ်ချုပ် ဆွဲနိုင်ရမည်
- Microsoft Ward, Excel, ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်

3. အရောင်းဝန်ထမ်း (2)post Yangon
- ပညာအရည်အချင်း အနည်းဆုံး ၁၀ တန်းအောင်မြင်သူ ဖြစ်ရမည်
ရုပ်ရည်ပြေပြစ်သူ ဖြစ်ရမည်
- Customer များနှင့် ကောင်းမွန်စွာ ပြောဆို ဆက်ဆံနိုင်သူ ဖြစ်ရမည်

Sale Representative Bago-1pst
Taunggyi-1 post
Myitkyina-1 post
Magwe-1 post
-ဘွဲ့ရ ဖြစ်ရမည်
- ဆေးကုမ္ပဏီတွင် အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ရမည်
- အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိတာဝန်ကို သေသပ်ကောင်းမွန်စွာ ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်

စိတ်ပါဝင်စားသူများသည် ဓာတ်ပုံပါသော CV Form များကို အောက်ပါ mail.ammyanmar@gmail.com သို့ 24.12.2021 နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်
Ph no. 09799999284 သို့ ဆက်သွယ် မေးမြန်နိုင်ပါသည်
ရုံးချိန် အတွင်းသာ

အိပ်စက်ခြင်းက လူတစ်ယောက်အတွက် အလွန်အရေးပါပါတယ်.....
23/10/2021

အိပ်စက်ခြင်းက လူတစ်ယောက်အတွက် အလွန်အရေးပါပါတယ်.....

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ    (၁) နံနက်စာ မစားခြင်း။   (၂) ဆား စားသုံးမှု များနေခြင်း။   (၃) ဆေးလိပ်သောက်ခြင...
15/10/2021

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံသောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရေတြကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ္က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတေလ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝြဖည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

Crd

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံသောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရေတြကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ္က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတေလ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝြဖည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

Crd

Address

Yangon

Telephone

+959799999284

Website

Alerts

Be the first to know and let us send you an email when အေးမေတ္တာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram